မေမေ - ခြင်္သေ့က ခေါင်းအကြီးကြီးပဲနော် သမီလေး
သမီးလေး - ဟုတ်ဘူး ဆံပင်ထူတာမေမေ
😂
မေမေ - မေမေ့ခေါင်းမှာဆံပင်ဖြူတွေ့လို့ နှုတ်ပေးပါအုံး ဖေဖေရေ
ဖေဖေ - အေးအေး၊ ဆံပင်ဖြူကတော်တော်တိုတယ်မေမေရေ လက်နဲ့ နှုတ်လို့မရဘူး
မေမေ - အဲ့ဒါဆို ညှပ်နဲ့ဆွဲနှုတ်ပေး
အဲ့အချိန်မှာသမီးလေးကချက်ချင်းပြေးထွက်သွားပြီး ပုံထဲကဟာလေးယူလာပေးတယ် 😂😂
ဇာဂနာလို့မပြောမိတာကိုယ့်အမှားပါလေ 😂😂😂
မေမေ - သမီးလေးရေ မျက်လုံးကို Englishလို ဘယ်လိုခေါ်လဲ
သမီးလေး - အိုင်း
မေမေ - နှာခေါင်းကိုရော
သမီးလေး - ချိုချို
မေမေ - နဖူးကိုရော
သမီးလေး - ပိုးဟပ်
🙄😂
လမ်းလျှောက်ထွက်ရင်း
သမီးလေး - မေမေ ဟိုမှာ ကြက်လေးတစ်ကောင်
မေမေ - ဘယ်မှာလဲ သမီးရဲ့ကြက်မရှိပါဘူး
သမီးလေး - ဟိုမှာ ဟိုမှာ
မေမေ - ဘယ်မှာလဲ မေမေတော့ မတွေ့ဘူး ကြက်မရှိပါဘူးသမီးရဲ့
သမီးလေး - အဲ့ဒါကြက် ဟုတ်တယ် ဟင့်ဟင့်ဟင့်
မေမေ - သြော် အေးအေး ကြက်လေးပဲ (မဟုတ်ဘူးပြောရင် ငိုတော့မှာမို့ ကြက်လေးလို့ အလွယ်ဖြေလိုက်မိတယ်) ဆက်သွားရအောင်နော်
သမီးလေး - ကြက်ကိုပြောတာမဟုတ်ဘူး မောက် မောက်
မောက်ကိုပြောတာ
(ဝဆွဲသံမပီသေးတဲ့သမီးလေးတစ်ယောက်သနားပါတယ်)
😁😂
ညီမလေးရဲ့ဖိနပ်က မမတွေနဲ့မတော်ဘူးလို့ ပြောမိတာ မေမေ့အမှားပါကွယ် 😂
မေမေက ပန်းပုံလုပ်ကြမယ်ဆိုတာကို နိုး စပိုင်ဒါပုံပဲ လုပ်ကြမယ်တဲ့
အေးအေး ဒါဆို မေမေ မလုပ်တတ်လို့ ယူတု ကြည့်ကြည့်လိုက်ဦးမယ် ခဏနော်ဆိုတော့ ဘာပြောလဲဆို
ယူတုကြည့်မနေနဲ့ သမီးလုပ်တာပဲလိုက်ကြည့်တဲ့
🙄😂
အိမ့်ဖူးမှာလည်း laptopရှိတယ်တဲ့ 🙄 ကြည့်လိုက်တော့ထီလက်မှတ်အဟောင်းကြီး😄
မီးအိမ်ကပလပ်ကိုသွားယူပြီး ထီလက်မှတ်laptopမှာတောင်တပ်နေသေး😂
မေမေ မီးပူတိုက်နေတုန်း
သမီးလေး - မေမေရေ ကစားမယ် လာခဲ့ပါ
မေမေ - ခဏလေးနော် သမီးလေး မေမေပြီးတော့မယ်
သမီးလေး - ဟော... ခဏနေသွားပြီမေမေ ကစားလို့ရပြီ ရေး ရေး ရေး
🙄😂(ချက်ချင်းကိုခဏနေပလိုက်တာပါဆို)
မေမေနဲ့သမီးလေးဈေးရောင်းတမ်းဆော့ကြရာ
(မေမေကရောင်းသူ၊သမီးကဝယ်သူ)
မေမေ - ဒီပြောင်းဖူးလေးတွေဝယ်သွားပါအုံး
သမီးလေး - ဘယ်လောက်လဲ
မေမေ - ၃၀၀၀ ကျပါတယ်ရှင့်
သမီးလေး - ၃၀၀၀ ပေးပြီး ပြောင်းဖူးတွေကို ခြင်းထဲ ထည့်လိုက်တယ်
မေမေ - အားပေးတာ ကျေးဇူးတင်ပါတယ်နော်
သမီးလေး - သုံးထောင်ပြန်အမ်းပါအုံးတဲ့
😂
သမီးလေး - မေမေ
မေမေ - ဘာလဲ သမီး
သမီးလေး - သမီး stickerကပ်မလို့
မေမေ - ကပ်လေ သမီး
သမီးလေး - မေမေမခွာနဲ့နော်
မေမေ - မေမေကဘာလို့ခွာမှာလဲသမီးလေးကပ်ထားတာကို သမီးကြိုက်သလိုသာကပ်လို့ပြောရင်း YouTube ဆက်ကြည့်
သမီးလေး - ကပ်ပြီးပြီမေမေ
😂
ကြက်ဥကို ကြက်ဥလို့ခေါ်ပြီး ဘဲဥကို ကြက်ဥဆရာဝန်လို့ သူခေါ်တယ် 😂
မေမေ - သမီးရေ မေမေ ယုန်နဲ့လိပ် ပုံပြင်ပြောပြမယ်
(သူတစ်ခါမှနားမထောင်ရသေးတဲ့ပုံပြင်ဆိုတော့
ပျော်သွားတယ် )
မေမေ - ယုန်လေးကလေ ပြေးရင်အရမ်းမြန်တာ၊ လိပ်လေးက ကျောပေါ်မှာအခွံအလေးကြီးသယ်ထားရတော့အရမ်းနှေးတာ၊ ဒါပေမဲ့ တစ်နေ့မှာ သူတို့ ၂ယောက်က အပြေးပြိုင်ကြတယ်၊ ဘယ်သူနိုင်မယ်ထင်လဲသမီးလေး
သမီးလေး - ယုန်နဲ့လိပ် နိုင်သွားမယ်😂
မေမေ - မေမေ ပုံပြင်ဆက်ပြောပြမယ်နော် သူတို့၂ယောက် အတူတူစပြေးကြရော ယုန်ကရှေ့ကိုမြန်မြန်ရောက်သွားတယ်၊ လမ်းတစ်ဝက်ကြတော့ သူကမောလို့ခဏနားရင်း လိပ်ကနှေးတော့သူ့ကိုမှီမှာမဟုတ်ဘူးဆိုပြီးတော့ တစ်ရေးအိပ်လိုက်တယ်၊ အဲ့ချိန်မှာ လိပ်ကလုံးဝမနားဘဲ ဇွဲကောင်းကောင်းနဲ့ဖြေးဖြေးချင်းပြေးလာတာ အိပ်နေတဲ့ယုန်လေးကိုကျော်သွားတယ်၊ ယုန်လေးကနိုးလာတော့အမြန်ပြေးလိုက်တယ်၊ ဒါပေမဲ့လိပ်လေးကပန်းတိုင်ကိုအရင်ရောက်နှင့်နေပြီ၊
နောက်ဆုံးတော့ အပျင်းကြီးပြီးအိပ်လိုက်တဲ့ယုန်ကကျန်ခဲ့ပြီး ဇွဲကောင်းတဲ့လိပ်လေးက နှေးပေမဲ့နိုင်သွားတာသမီးရဲ့
(သမီးလေးက အရမ်းကိုစိတ်ဝင်တစားနားထောင်နေတော့ မေမေကပြောရင်းနဲ့ကျေနပ်နေတာပေါ့၊ ပုံပြင်လေးကနေ သမီးလေးသင်ခန်းစာလေးရမယ်ပေါ့)
သမီးလေး - မေမေ မေမေ ယုန်လေးက သမီးနဲ့တူတာ သမီးလိုပဲ အိပ်ပျော်သွားတာဆိုပြီး
သူနဲ့တူတဲ့ယုန်လေးကို သဘောကျနေလေရဲ့😂
မေမေအောင်မြင်တာပေါ့😁😂
မေမေ - ဟဲ့ ရေခဲသေတ္တာကိုဘာလို့တစ်ချိန်လုံးဖွင့်နေတာလဲ
သမီးလေး - မီးလင်းမလင်းကြည့်တာပါ
😂
မေမေ - မေမေ့ကလစ်ကိုဖြုတ်မယ်မကြံနဲ့နော် ဆံပင်တွေပွကုန်မယ်
သမီးလေး - လှလို့ကိုင်ကြည့်မလို့ပါ
😂
မေမေကတစ်ခုနဲ့တစ်ခုနဲ့ဆက်တိုင်းဆော့ဖို့ဝယ်ပေးထားတယ်၊ သမီးကသူ့ဝက်ကိုဖိနပ်စီးပေးတယ်
😂
မေမေ - လူရုပ်ဆေးရောင်ခြယ်ရင် မျက်နှာကိုမခြယ်နဲ့နော် အဝတ်အစားတွေ ဖိနပ်တွေကိုခြယ်
သမီးလေး - မျက်နှာကို အိုးမဲသုတ်ပေးမို့ပါ
😂
မေမေ - သမီးရေ ဆံပင်တွေ အရမ်းပွနေတယ်၊ ခေါင်ဖြီးအုံး၊ မေမေဖြီးပေးရမလား
သမီးလေး - ပွတာမဟုတ်ဘူး၊ ဆံပင်ကညောင်းနေတာ ညောင်းလို့လျှောက်သွားနေတာ
😂
ဒီပုံက သမီးလေးဖယောင်းတိုင်ထွန်းထားတာတဲ့ 😂
မေမေ - သမီးကို ဖေဖေမေမေဖိုးဖိုးဖွားဖွား အကုန်လုံးကချစ်ကြတယ် ဟုတ်တယ်နော်
သမီးလေး - အင်း
မေမေ - သမီးကရော မေမေတို့ကိုချစ်တယ်မို့လား
သမီးလေး - ချစ်တယ်
မေမေ - အဲ့ဒါဆို မေမေတို့ပြောစကားနားထောင်နော်
သမီးလေး - (ခဏစဥ်းစားပြီး) နားထောင်မယ်
မေမေ - တကယ်နော် လိမ္မာလိုက်တဲ့သမီးလေး မွမွ မေမေ့ကိုလည်း အာဘွားပေးပါအုံး😘
အာဘွားလည်းပေးပြီးရော
သမီးလေး - မေမေရေ မေမေ မလုပ်နဲ့ပြောတာတွေကို သမီးကလုပ်မယ်၊ မေမေကဆူ အဲ့လိုဆော့ကြမယ်
🙄😂
လိုလျှင်ကြံဆနည်းလမ်းရ 😂😃
(မေမေ့ဖိနပ်က သမီးနဲ့မတော်ဘူး မစီးနဲ့ဆိုတာကို ဇွတ်ပဲတော် အေးလေ သူ့နည်းသူ့ဟန်နဲ့စီးလို့ရနေတာကိုး)
😂
မေမေ - သမီးရေ ဒီမှာ မျက်နှာstickerလေးတွေဝယ်ထားတယ်၊ သမီးလေးချစ်တဲ့အကောင်လေးတွေမှာလိုက်ကပ်နော်
သမီးလေး - ကပ်ပြီးပြီမေမေ ကျန်တာကို မေမေ့မျက်နှာမှာကပ်မယ်
🙄😂
ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်လို့ဆိုပြီးရင် ခါးထောက်တာရယ် သေနတ်ရယ် ကျားလိုရယ် တစ်ခုခုလုပ်ရတယ်၊ ဘာကဘာကိုနိုင်တယ် ဆိုတာရှင်းပြပြီး စဆော့ကြရာ
ကိုယ်ကြိုက်တာကိုယ်လုပ်လည်းဆိုပြီးရော သူက ၃ခုလုံးကိုတစ်ပြိုင်တည်းလုပ်😂
သမီးလေး - ဖွားဖွား သမီးကြာဇံသုပ်စားလာတယ်
ဖွားဖွားကြီး - ကလေးကိုအပြင်စာကျွေးပြန်ပြီလား
မေမေ - အဲ့ကလေးက ပြောလို့မရဘူး အဖွားရေ
ဖွားဖွားကြီး - သမီးကလည်း မေမေပြောတာနားထောင်ရမယ်လေ ကြားလား
ဖိုးဖိုးထူး - ကဲ ရွှေပုစွန်သွားပြီး ရေခဲမုန့်သွားစားကြမယ်ဟေ့၊
စကားနားမထောင်တဲ့ကလေးလေးကိုအိမ်မှာထားခဲ့မယ်
သမီးလေး - ဟင့်ဟင့် မသွားနဲ့
ဖိုးဖိုးထူး - သွားမယ်ဟေ့ သွားကြမယ်ဟေ့ ကလေးလေးအိပ်မှသွားစားကြမယ်ဟေ့
သမီးလေး - ဖွားဖွားပြောထားတယ် အပြင်စာတွေမစားနဲ့တဲ့
😂
မေမေ - သမီးလေး ဒီမုန့်လေးစားနေနော် မေမေ ပန်းကန်တွေဆေးလိုက်အုံးမယ်
သမီးလေး - ဟင့် ဟင့် ဟင့် မေမေကျွေးပါ
မေမေ - သမီးနော် ကိုယ့်ကိုယ်စားတတ်အောင်စား မေမေပန်းကန်ဆေးရအုံးမယ်၊ ခုမဆေးရင် ပုရွက်ဆိတ်တွေလာတော့မယ်
သမီးလေး - သမီးကိုယ့်ကိုယ်စားမယ်
မေမေ - ဒါမှပေါ့ မေမေ့သမီးလေးလိမ္မာတာမေမေသိတာပေါ့ စားနော်
သမီးလေး - မေမေကခွံ့ပေး သမီးကကိုယ့်ကိုယ်စားမယ်
🙄😂
မေမေ - သမီးလေး ၄နှစ်ပြည့်ရင် ကိုကိုတို့ မမတို့လိုမျိုး ကျောင်းတက်ရမယ်နော်၊ ကျောင်းမှာ သူငယ်ချင်းတွေ ဆရာမတွေနဲ့ ပျော်စရာကြီး
သမီးလေး - သမီးရဲ့ Bear Bear လေးတွေကို ကျောင်းပို့ပေးမယ်၊ ခြင်းတောင်းထဲမှာလည်း ရေဗူး၊ထမင်းချိုင့်နဲ့မုန့်တွေထည့်ပေးလိုက်မယ်၊ သမီးက အိမ်မှာပဲဆော့ပြီးနေခဲ့မယ်
မေမေ - ကျောင်းတက်မှ သမီးစာဖတ်တတ်မှာပေါ့၊ နို့မို့ဆို စာအုပ်ထဲမှာဘာတွေရေးထားလဲ သမီးဘယ်သိတော့မလဲ
ရော့ဒီမှာ သမီးကြိုက်လို့ဝယ်လာတဲ့ ပုံပြင်စာအုပ်လေး ဘာတွေရေးထားလဲမေမေ့ကိုဖတ်ပြကြည့်ကြည့်
သမီးလေး - စာကြောင်းတွေကို သေချာကြည့်နေတယ်၊ ဒါပေမဲ့ ဘာအသံမှမထွက်လာ
မေမေ - မေမေပြောသားပဲ သမီးက ကျောင်းမတက်ရသေးတော့ ဘာမှမသိသေးဘူးမို့လား၊ ကျောင်းတက်ရင်းနဲ့မှ သမီးလေးဖတ်တတ်လာမှာသိလား
သမီးလေး - သမီးက စိတ်ထဲကနေဖတ်နေတာ မေမေရဲ့
🙄😂
အိမ်ရှေ့လမ်းလေးမှာလမ်းလျှောက်ရင်း
မေမေ - သမီးနော် ကားလမ်းမ ပေါ်ကမသွားပါနဲ့ဆိုသွားပြန်ပြီ
သမီးလေး - ကားလမ်းမပဲမဟုတ်ဘူ၊း စက်ဘီးလမ်းမလည်းဟုတ်တယ်၊ ဆိုက်ကားလမ်းမလည်းဟုတ်တယ်၊ လူလမ်းမလည်းဟုတ်တယ်၊ ခွေးလမ်းမလည်းဟုတ်တယ်
မေမေ - ဘာလို့တုန်း
သမီးလေး - အကုန်လုံး ဒီလမ်းမပေါ်ကသွားတယ်၊ မီးရထားတို့ လေယာဥ်ပျံတို့ပဲမသွားတာ
အဲ့နောက်ပိုင်း လမ်းဘေးကပ်လျှောက်နော်သမီးလေးလို့ပဲပြောတော့တယ်လေ😂
သမီးလေး - ဒီgasအိုးကို ဘာလို့ အမိုးမိုးထားတာလဲ မေမေ
မေမေ - နေပူမှာစိုးလို့ဖြစ်မယ်
သမီးလေး - နေပူရင် ဘာဖြစ်လို့လဲ
မေမေ - နေပူထဲထားရင် gasအိုးကြီး ပေါက်ကွဲတတ်တယ်သမီးရဲ့
သမီးလေး - ကြက်ဥလိုလား
😂
နောက်ထပ် ကြုံတာတွေကို ထပ်တင်ပေးပါဦးဗျို့
ဒါမျိုလေးတွေ နောက်ထပ် ၁၀၀ ပြည့်ရင် အီကိုလေးပြောတဲ့အမောပြေလေးများ ၂ ဆိုပြီး ထပ်ရေးပါဦးမယ်ရှင့် အားပေးတာကျေးဇူးအများကြီးတင်ပါတယ်နော်😊