နေ့စဥ်သမီးလေးပြောသမျှတွေကို အလေးထားနားထောင်ပေးရင်း ပြုံးပျော်ရယ်မောခဲ့ရတာလေးတွေကို မျှဝေပေးထားပါတယ်။ သမီးလေးစကားတတ်စအရွယ်ကနေ အသက် ၃ နှစ်အထိ သမီးလေးပြောသမျှထဲက စာဖတ်သူတွေ ရယ်မောရင်းအမောပြေစေမယ့် အကြောင်းအရာလေးတွေကို ဝေမျှပေးထားပါတယ်။ ကလေးထိန်းရင်းကုသိုလ်ယူတဲ့သဘောပါ။ ပြီးတော့ သမီးလေးအတွက် မေမေ့ရဲ့အမှတ်တရလက်ဆောင်အနေနဲ့ ရေးဖြစ်တဲ့ ပထမဆုံးစာအုပ်လေးပါရှင်။
ဒီစာအုပ်ထဲမှာ သမီးလေးရဲ့ခွန်းတုံ့လေးများ နဲ့ ဥာဏ်ကြီးရှင်သမီးလေးဆိုပြီး Chapter ၂ ခုခွဲပြီး ရေးဖြစ်ခဲ့ပါတယ်။ အကြောင်းအရာပေါင်း ၁၀၀ခု ပြည့်သွားလို့ စာအုပ်လေးတစ်အုပ်အဖြစ် အသက်သွင်းလိုက်ပါတယ်ရှင်။