Unicode
သို့သော် ထိုညတွင်ပင် မြစ်စောင့်နတ်မင်းခမျာ လျို့ချီ၏ အသေအကြေ ရိုက်နှက်ခြင်းကို ခံရပေသည်။
ဘာလို့များပါလိမ့် ? မြစ်စောင့်နတ်မင်းက လျို့ချီ၏ တင်ပါးလုံးလုံး ကို ထိကိုင်လိုက်သောကြောင့်ပင်..။ သူက ကိုယ့်သေတွင်းကိုယ် တူးသည့် အနေဖြင့် တင်ပါးလေးကို တစ်ချက်ပင် ပွတ်လိုက်သေးသည်။
လျို့ချီသည် မြစ်စောင့်နတ်မင်းကို ဂုတ်မှဆွဲ၍ ပေါင်ပေါ်တင်ကာ တင်ပါးကို တဖြန်းးဖြန်း ပြန်ရိုက်တော့သည်။ အသေအကြေ ရိုက်ပြီးသည့်တိုင် သူ့ဒေါသက မပြေသေးပေ..။
" နောက်တစ်ခါ ထိရဲသေးလား ?? ဟမ် !!! "
ပိုင်ချွမ်မှာ သည်းအူပြတ်မတတ် ငိုကြွေးပြန်တော့သည်။
" ငါတို့က လက်ထပ်ထားတာ မဟုတ်ဘူးလား !! ဘာလို့ မင်္ဂလာဦးညကို ကုန်ဆုံးလို့ မရပြန်တာတုန်း !! "
လျို့ချီ၏ မျက်နှာမှာ အနည်းငယ်ရဲသွားပြီး ဆောင့်ကြီးအောင့်ကြီး ပြောလေသည်။
" ငါ ယောကျ်ားလေး မကြိုက်ဘူး.. "
" ငါလည်း မကြိုက်ဘူးလေ.. "
" အဲဒါဆိုလည်း ဘာလို့ ငါ့ကို လာထိနေသေးတုန်း !!! "
ပိုင်ချွမ်မှာ မတရားခံရသော မျက်နှာဖြင့် ပြန်ပြောတော့သည်။
" ကြိုက်ကြိုက် မကြိုက်ကြိုက် မင်္ဂလာဦးညကို အနှေးနဲ့ အမြန်ကုန်ဆုံးရမှာပဲလေ.. ငါတစ်သက်လုံး ကိုယ့်ဘာသာကိုယ် ဖြေရှင်းသွားရမှာလားလို့.. ? "
" သေချာတာပေါ့.. ကိုယ့်ကိစ္စကိုယ်ရှင်း.. "
ပိုင်ချွမ်သည်ကား ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲနေလေတော့သည်။ သူ့ဘဝတွင် တွယ်တာစရာ မရှိတော့သကဲ့သို့၊ အသက်ရှင်ရန် အကြောင်းပြချက် မရှိတော့သကဲ့သို့.. မလှုပ်မယှက်..။
" ငါ အသက်မရှင်ချင်တော့ဘူး.. "
" သြော် ! "
လျို့ချီသည် ရေခဲတမျှ အေးစက်နေသော အသံဖြင့် အာမေဋိတ်ပြုသည်။
ပိုင်ချွမ်သည် တံတွေးမြိုချလိုက်ပြီးနောက် တစ်စုံတစ်ရာ စဉ်းစားမိသွားဟန်ဖြင့် ပြောတော့သည်။
" ဒါပေမယ့် မင်း ငါ့အတွက် အသားလေး နှစ်ပြားလောက် ကင်ပေးမယ်ဆိုရင်တော့ ငါနောက် နှစ်ရက် သုံးရက်လောက်ထိ အသက်ရှင်စိတ် ရှိချင်ရှိလာမှာ.."
လျို့ချီသည် စောင်ကို ခြုံလိုက်ပြီး အိပ်ရန် ပြင်ဆင်လိုက်သည်။
" မကင်ဘူး.. "
ပိုင်ချွမ်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လျို့ချီကိုယ်ပေါ်သို့ တက်ဖိလိုက်ကာ ဂျီတိုက်ပြန်သည်။
" အဲလိုဆိုရင်လည်း ကြက်ဥမကျက်တကျက်လေး လေးငါးလုံး ကြော်ပေးရင်ကို ငါနောက်နေ့ မနက်ထိ တောင့်ခံနိုင်မှာပါ.. "
လျို့ချီက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
" သွားသာ သေလိုက်.. "
ဗိုက်ဆာ၍ အချွဲပိုနေသော မြစ်စောင့်နတ် လူကြီးမင်းမှာ မီးဖိုချောင်သို့ သွားကာ မြင်သမျှကို လှန်လှော ရှာဖွေလေသည်။ ဆာလောင်နေသော မျက်လုံးတောက်တောက် လေးများက ကြောင်အိမ်အနှံ့ရှာဖွေပြီး အဆုံးတွင်တော့ အေးစက်နေသည့် မန်ထို အနည်းငယ်ကို ရှာတွေ့သွားခဲ့သည်။ ထို့နောက်မီးဖိုချောင်ထဲ ပတ်မွှေလိုက်သောအခါ ငရုတ်သီး အချဉ်ရည် တစ်အိုးကို တွေ့သွားခဲ့ပြီး မန်ထိုကို အချဉ်ရည်ထဲနှစ်ကာ ပျော်ရွှင်စားသုံးလေတော့သည်။
လျို့ချီ၏ ကိုယ်တိုင်လုပ် အချဉ်ရည်မှာ အရသာရှိလှသည်။ သူစတင် စားမိသည်နှင့် မရပ်တန့်နိုင်တော့..။
အသားပြားကင်လေး နည်းနည်းလောက်သာရှိရင် သေအောင်စားလို့ကောင်းမှာပဲ.. ။ မြစ်စောင့်နတ်မင်းသည် ခါးသီးစွာတွေးပြီးနောက် သေချာ ပလုတ်ကျင်းလိုက်သည်။သူ့၏ ဇနီးသစ်လေးက သူ့အပေါ် အမှန်ပင် မေတ္တာမရှိပေ..။
_______
နောက်တစ်ရက်မနက်ခင်းတွင် လျို့ချီမှာ သူသိမ်းထားသည့် ငရုတ်သီးအချဉ်ရည် တစ်အိုးလုံး မရှိတော့ကြောင်း အထိတ်တလန့် သိလိုက်ရသည်။
ထိုအချိန်တွင် ပိုင်ချွမ်မှာ နာကျင်နေရုပ်ကလေးဖြင့် ဗိုက်လေးကို ပွတ်ကာ အိမ်သာထဲမှ ထွက်လာတော့သည်။
" အဟင့်.. နာလိုက်တာ နာလိုက်တာ.. ဝင်သွားတုန်းကတော်တော်စပ်ပေမယ့် ပြန်ထွက်တော့ ပိုစပ်တယ်ဟ.. "
သူ့အခြေအနေကို မြင်ပြီးနောက် လျို့ချီသည် ငရုတ်သီးအချဉ်ရည်အိုးကို လက်ညှိုးညွှန်ကာ မေးလိုက်သည်။
" မင်း ခိုးစားလိုက်တာလား ? "
ပိုင်ချွမ်မှာတော့ သမာသမတ်ရှိသည့် နတ်မင်းအသွင်သို့ ချက်ချင်းပြောင်းလဲ သွားပြီး ရင်ကိုကော့ကာဖြေသည်။
" ငါက မြစ်စောင့်နတ်မင်းပဲ.. သာမန်အရပ်သားလေးရဲ့ စားစရာတွေကို ခိုးစားစရာ ဘာအကြောင်းရှိလဲ.. လာမစွပ်စွဲနဲ့.. "
လျို့ချီက အေးစက်စက်ပြောသည်။
" ဒါတွေက ငါသေချာလုပ်ပြီးသိမ်းထားရတဲ့ ဟာတွေ လို့ မပြောခဲ့မိဘူးလား.. "
ပိုင်ချွမ်သည် အပြစ်ရှိသည့်ခံစားချက်ကြောင့် တံခါးပေါက်ဘက်သို့ လုံးနေအောင် ထွက်ပြေးတော့သည်။
လျို့ချီက သူ့ကို ဂုတ်ရှိ ဝတ်ရုံစမှနေ၍ ဖမ်းဆွဲထားသည်။
" ပြေးချင်တယ်ပေါ့ ? "
ပိုင်ချွမ်သည် လေထဲတွင် ခြေကားယားလက်ကားယားဖြစ်နေလေသည်။
" မင်းက ငါ့ကို ရိုက်ချင်သေးတာလား !!! ဘယ်လိုပဲ ဖြစ်ဖြစ် ငါက နဂါးကွ.. မထီမဲ့မြင်ပြုရင် ငါကောင်းကင်ဘုံကို သွားတိုင်မယ် !! "
လျို့ချီ ရယ်ချင်သွားတော့သည်။
" သွားတိုင်မယ် ??? မင်း မျက်နှာပျက်ရမှာ မကြောက်ဘူးလား ?? "
ပိုင်ချွမ်သည် မျက်ရည်ဝေ့နေသော မျက်လုံးလေးများကို ကလည်ကလည်လုပ်လိုက်ပြီးမှ ပြန်ဖြေလေသည်။
" ကြောက်တယ်.. "
ထို့နောက်လျို့ချီသည် ပိုင်ချွမ်ကို ဂုတ်မှပင် ဆွဲလာပြီး အိပ်ရာပေါ်တင်လိုက်သည်။
" ကောင်းကောင်းလှဲနေ.. "
ပိုင်ချွမ်မှာ ကျေနပ်နေသည့် ရုပ်လေးဖြစ်သွားသည်။
" နေ့ခင်းကြောင်တောင်ကြီး မင်းက..ဟီးဟီး.. ဟုတ်ပါပြီ.. ငါ အပေါ်ကနေပေးမယ်နော်..မဟုတ်ရင် မင်းအပူလောင်လိမ့်မယ်.. "
လျို့ချီ ပြောစရာစကားပင် မရှိတော့..။ သူက မြစ်စောင့်နတ်မင်း၏ ခေါင်းကို အသာအယာ ခေါက်ချလိုက်ပြီး ဆူတော့သည်။
" ငါ့ဖင်ကြီးကိုပဲ အပေါ်မှာနေပါလား.. မင်းဗိုက်ကို ပွတ်ပေးမလို့ လုပ်နေတာ.. "
ပိုင်ချွမ်မှာ စိတ်ပျက်လက်ပျက်ဖြင့် သြော်ခနဲ ဖြစ်သွားသည်။
လျို့ချီ၏ လက်တို့က ပိုင်ချွမ်၏ ဝမ်းဗိုက်ကြွက်သားများကို အသာအယာ နှိပ်နယ်ပေးနေပြီး မကြာခင်မှာပင် ဗိုက်ထဲမှ ဂလုဂလု အသံများ ထွက်လာခဲ့သည်။ မြစ်စောင့်နတ်မင်း၏ မျက်နှာက ရဲခနဲ ဖြစ်သွားပြီး ထစ်ထစ်အအ ဖြင့် ဆိုသည်။
" ငါ အိမ်သာသွားဖို့လိုတယ်.. "
" အင်း.. ပါစရာရှိတာ ပါလိုက်.. ပြီးရင်ကောင်းသွားလိမ့်မယ်.. "
" ဘာ ပါစရာရှိတာလဲ !!!! ညစ်ပတ်လိုက်တာ !!! "
" ... သွားမှာသာ သွားပါ.. "
_______
နောက်ရက်များတွင်လည်း ပိုင်ချွမ်မှာ ငရုတ်သီးများကြောင့် ဗိုက်မကောင်းဖြစ်နေပြီး ဆန်ပြုတ်နှင့် ဟင်းအချိုလေးများသာ စားနိုင်ရှာသည်။
သူသည် တူအဖျားကို ကိုက်ထားရင်း လျို့ချီတစ်ယောက် ကြက်ပေါင်ကိုက်နေသည်ကို သွားရည် တမြားမြားဖြင့် ကြည့်နေသည်။ သွားရည်များသည် ဝတ်ရုံပေါ်သို့ ကျတော့မတတ်ပင် ဖြစ်နေလေသည်။
လျို့ချီသည် နတ်မင်းတစ်ပါး၏ ဂုဏ်သိက္ခာနှင့်မလျော်ညီသည့် ထိုမြစ်စောင့်နတ်ကို ကြည့်လိုက်ပြီး ချဉ်ချဉ်တူးတူး ပြောလိုက်သည်။
" မင်းကြည့်ရတာ ကလေးပေါက်စကျနေတာပဲ.. ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး.. "
ပိုင်ချွမ်မှာ ငှက်ပေါက်စလေးတစ်ကောင်၏ အသံကဲ့သို့ အိညောင်အိညောင်ဖြင့် ဂျီတိုက်တော့သည်။
" ငါ ဟင်းအချိုလေးတွေပဲ စားနေရတာ သုံးရက်ရှိနေပြီ ဆိုနေ.!! .. "
လျို့ချီသည် ကြက်တောင်ပံကို စိတ်မရှည်စွာ ဖဲ့လိုက်သည်။
" မင်းကို ဗိုက်မကောင်း ဖြစ်အောင် ဘယ်သူက လုပ်ထားလို့လဲ !! "
ပိုင်ချွမ်မှာ ဝမ်းနည်းမှုကို မမြိုသိပ်နိုင်ဖြစ်သွားပြီး အိမ်ထဲမှ ထွက်ကာ ကောင်းကင်ပေါ်သို့ တက်ပြေးသွားတော့သည်။
လျို့ချီသည် နဂါးလေးက ကောင်းကင်တွင် လူးလွန့်နေသည်ကို ခဏရပ်ကြည့်နေပြီးနောက် ထိုနဂါးလေးနောက်သို့ ပြေးလိုက်သွားတော့သည်။
__________
ပိုင်ချွမ်သည် နဂါးပုံစံကို ခဏလေးသာ ထိန်းထားနိုင်ပြီး သိပ်မကြာခင်မှာပင် အစွမ်းကုန်တော့မလို ဖြစ်လာလေသည်။ သူသည် သစ်ပင်ထူထပ်ပြီး လူရှင်းသော နေရာတွင် ဆင်းသက်ကာ လူအသွင် ပြန်ပြောင်းလိုက်သည်။
လျို့ချီသည် သူ့ကို လိုက်မမီခဲ့ပေ..။ ပိုင်ချွမ်မှာ သူဆောင်ထားသည့် ညလင်းပုလဲသွယ် အသေးလေးတစ်ခုကို တယုတယ ပွတ်လိုက်သည်။ သူ့အသွင်မှာ မူလတန်း ကျောင်းသားလေးတစ်ယောက် ကျောင်းပြေးပြီး ကြက်ကင်ဝယ်စားတော့မည့် အသွင်မျိုး ဖြစ်နေလေသည်။
ကြက်ကင်ရောင်းသည့် အဒေါ်ကြီးမှာ ပိုင်ချွမ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက်မေးလိုက်သည်။
" လူငယ်လေးက ဘာလိုချင်လို့လဲ ? "
ကြက်ကင်ဆိုင်ရှေ့တွင် သွားရည်တမြားမြားကျနေသော လူငယ်လေးက ပြန်ဖြေသည်။
" ကြက်ကင်!! ကြက်ကင်!! .. ပေါင်တုံးကြီးကြီး အဆီများများနဲ့ဟာကို နှစ်ခု ထုပ်ပေးနော်.. "
ပိုင်ချွမ်ပြောသည့်အတိုင်း ကြက်ကင်ကို ထုပ်ပေးနေရင်း အဒေါ်ကြီးကမေးလိုက်သည်။
" လူငယ်လေးကို ဒီရွာမှာ အရင်က မမြင်ဖူးဘူးနော်.. လာလည်တာလား.. "
ကြက်ကင်၍ မွေးပျံ့သော ရနံ့တွင် အာရုံ နစ်မြုပ်လျက်ရှိသော ပိုင်ချွမ်က မသိလိုက်မသိဘာသာ ပြန်ဖြေသည်။
" ကျွန်တော်က မြစ်စောင့်နတ်မင်းပါ... "
ကြက်ကင်ဆိုင်ရှင် အဒေါ်ကြီး : " ________ "
________
ပိုင်ချွမ်မှာ ကြက်ကင်ထုပ်ကို ဖွင့်လိုက်ပြီး အဆီအိနေသည့် အရေခွံကို အားရပါးရ ကိုက်မည်ဟန်ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူ့ ကြက်ကင်ထုပ်အားဆွဲလုသွားခြင်းကို ခံလိုက်ရသည်။
ဟောဟဲဆိုက်နေသော လျို့ချီက သူ့မျက်နှာရှေ့တွင်ပေါ်လာသည်။
" ငါ့မှာ မင်းနောက်လိုက်ရတာ မောနေတာပဲ.. အသက်ရှုရပ်တော့မယ်.. မင်း ဒါမစားရတော့ သေမှာမလို့လား.. "
ပိုင်ချွမ်မှာ ငိုချတော့မလိုမျက်နှာလေးဖြင့် သူ့နှုတ်ခမ်းပေါ်ရှိ အဆီလေးအနည်းငယ်ကို လျှာဖြင့် သပ်သည်။
" တအား မွှေးတာပဲ.. "
လျို့ချီ : "_____"
ထို့နောက် နှစ်ယောက်သား အိမ်ဘက်သို့ လမ်းလျှောက်ပြန်လာကြလေသည်။ ပိုင်ချွမ်၏ တစ်ကိုယ်လုံးကိုတော့ ဝမ်းနည်းခြင်းက သိသိသာသာ ဖုံးအုပ်ထားသည်။
လျို့ချီမှာ ကြည့်မနေနိုင်တော့ပေ..။ ကြက်ကင်ထုပ်ကို ပိုင်ချွမ်ဆီသို့ ထိုးပေးရင်း ပြောလိုက်သည်။
" စားလိုက်တော့.. "
ပိုင်ချွမ်သည် နှုတ်ခမ်ကို တင်းတင်းစေ့ကာ ငြင်းဆန်လေသည်။
" မစားဘူး.. ငါ မြစ်စောင့်နတ်မင်းမှာလည်း သိက္ခာတော့ ရှိသေးတယ်... "
လျို့ချီသည် လေကုန်မခံတော့ဘဲ ကြက်ပေါင်ကို ပိုင်ချွမ်၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။
လျှပ်တစ်ပြက် လက်ရန် မကြာလိုက်သော အချိန်အတွင်းမှာပင် မြစ်စောင့်နတ်မင်း၏ ခေါင်းက ငုံ့သွားပြီး ကြက်ရိုးတစ်ချောင်းက သူ့ပါးစပ်ထဲမှ ဖူးခနဲ ပြန်ထွက်လာသည်။
" အဲဒီတော့ သိက္ခာက ဘယ်မလဲ ? "
လျို့ချီက စ နောက်လေတော့သည်။
ပိုင်ချွမ်ကတော့ ပြန်မဖြေအားပေ..။ သူ့ပါးစပ်ထဲရှိ အသားတုံး ကြီးကြီးကို ဝါးရင်း အလုပ်ရှုပ်နေလေသည်။
လျို့ချီ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပိုင်ချွမ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
" မင်း မနက်ဖြန် ဗိုက်မနာတော့ရင် ငါမင်းကို ဟင်းတွေ စားပွဲအပြည့် ချက်ကျွေးမယ်.. ဟုတ်ပြီလား "
ပိုင်ချွမ်သည် ခေါင်းကို ချစ်စဖွယ်ညိတ်လိုက်ပြီး လျို့ချီပြောစကားကို သဘောတူလိုက်လေသည်။
______
နောက်နေ့မနက်တွင်တော့ ပိုင်ချွမ်မှာ အပြည့်အဝ ပွဲတော်တည် တော့သည်။
ဟင်းကောင်းထမင်းကောင်း မစားရသည်မှာ ရက်အနည်းငယ်ရှိနေပြီဖြစ်သောကြောင့် ပိုင်ချွမ်မှာ စားပွဲအပြည့် ဟင်းများကို အားရပါးရ စားနေသည်။ သူ့မျက်လုံးလေးများမှာ တလက်လက်တောက်ပနေပြီး ပါးကတော့ ပေါက်ထွက်မတတ်ဖောင်းနေသည်။ နှုတ်ခမ်းတွင်လည်း အဆီ က တဝေ့ဝေ့..
ထိုအချိန်တွင် အစောတည်းက စားပြီးသွားသော လျို့ချီမှာတော့ ပိုင်ချွမ်စားသည်ကို ထိုင်ကြည့်နေလေသည်။
" အရသာရှိလိုက်တာ.. စားလို့ကောင်း.. "
ပိုင်ချွမ်သည် လျို့ချီကို ကျေးဇူးတင်သော မျက်လုံးလေးများဖြင့် ကြည့်ကာ ပလုတ်ပလောင်း စားရင်းပြောသည်။ လျို့ချီက တူဖြင့် ဝက်နံရိုးတစ်ချောင်းကို ညှပ်လိုက်ပြီး ပိုင်ချွမ့် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
" ဒါစား.. ဒီမှာ အသားတွေအများကြီးပါတယ်.. "
" မင်းလို ဇနီးလေးက အကောင်းဆုံးပဲ.. "
ပိုင်ချွမ်သည် စိတ်ပါလက်ပါပင် ချီးကျူးလေသည်။
လျို့ချီသည် အတန်ကြာစိုက်ကြည့်နေပြီးမှ ဖူးခနဲရယ်လိုက်သည်။ ထို့နောက် ပိုင်ချွမ်၏ လုံးဖောင်းနေသော ပါးကို ဆွဲညှစ်လိုက်သည်။
" ကောင်းမှန်းသိရင် ပြီးတာပဲ.. "
" အင်း.. "
ပိုင်ချွမ်က လိမ်လိမ်မာမာ ခေါင်းညိတ်သည်။
သို့သော် လျို့ချီသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး မေးလေသည်။
" မင်း နောက်ထပ် သတို့သမီး တစ်ယောက် ယူဦးမှာလား ? "
" ဟင့်အင်း.. ငါ ဇနီးသည်နှစ်ယောက် ချက်ကျွေးတဲ့ ဟင်းဆိုရင် ကုန်အောင်မစားနိုင်လောက်ဘူး.. "
လျို့ချီ အူကြောင်ကြောင်ဖြစ်သွားပြီးမှ ရယ်လေသည်။
" မင်းက တကယ် စားဖို့ပဲ သိတာပဲ.. "
_________
ပိုင်ချွမ် စားပြီးသွားသောအခါ လျို့ချီသည် ပန်းကန်ခွက်ယောက်များကို ရေဇလုံထဲ စုထည့်လိုက်သည်။ ထို့နောက် ရေတွင်းဆီသို့ သယ်သွားပြီး ပိုင်ချွမ်ကို လက်ယက်ခေါ်လိုက်သည်။
" လာဆေး.. "
ပိုင်ချွမ်သည် ခေါင်းညိတ်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်မှ ရေစဉ်တစ်သွယ် ကျလာသည်။ ထိုနဂါးပုံစံ ရေစဉ်တန်းက ပန်းကန်ခွက်ယောက်များထည့်ထားသည့် ရေဇလုံထဲသို့ ဝင်ရောက်သွားပြီး ဆီများနှင့် ဟင်းကျန်များကို သန့်ရှင်းထုတ်လိုက်သည်။ ပိုင်ချွမ်က ဇလုံဘေးတွင်ရပ်ကာ ထို ရေစဉ်နဂါးကို လက်ဟန်ဖြင့် လမ်းညွှန်၍ ပန်းကန်များကို ဆေးကြောစေသည်။
လျို့ချီသည် သူ့ရှေ့ရှိ ထူးဆန်းသောမြင်ကွင်းကို ကြည့်နေမိသည်။ ထို့နောက်တွင်တော့ အိမ်ထဲမှ အဝတ်ဟောင်းတစ်ပုံကိုပါ သွားထုတ်လာတော့သည်။
" ဒါတွေလည်း လျှော်လိုက်.. "
ပိုင်ချွမ်သည် သက်ပြင်းချ၍ နောက်ထပ်ရေစဉ်နဂါးတစ်ကောင် ထပ်ဖန်တီးသည်။
" ကြမ်းပြင်တွေကိုလည်း သန့်အောင် တိုက်ထားလိုက်နော်.. "
လျို့ချီက ပြောပြီး တရေးတမောအိပ်ရန် ပြန်ဝင်သွားသည်။
" ဟုတ်ကဲ့ပါ ဇနီးလေး.. "
__________
ဆက်ရန်
ပါဝါတွေကို ပန်းကန်ဆေးအဝတ်လျှော်ဖို့ သုံးနေရတဲ့ မြစ်စောင့်နတ်မင်းလေးအတွက် မျက်ရည် တစ်စက် XD
Zawgyi
သို႕ေသာ္ ထိုညတြင္ပင္ ျမစ္ေစာင့္နတ္မင္းခမ်ာ လ်ိဳ႔ခ်ီ၏ အေသအေႀက ရိုက္ႏွက္ျခင္းကို ခံရေပသည္။
ဘာလို႔မ်ားပါလိမ့္ ? ျမစ္ေစာင့္နတ္မင္းက လ်ိဳ႔ခ်ီ၏ တင္ပါးလံုးလံုး ကို ထိကိုင္လိုက္ေသာေႀကာင့္ပင္..။ သူက ကိုယ့္ေသတြင္းကိုယ္ တူးသည့္ အေနျဖင့္ တင္ပါးေလးကို တစ္ခ်က္ပင္ ပြတ္လိုက္ေသးသည္။
လ်ိဳ႔ခ်ီသည္ ျမစ္ေစာင့္နတ္မင္းကို ဂုတ္မွဆြဲ၍ ေပါင္ေပၚတင္ကာ တင္ပါးကို တျဖန္းးျဖန္း ျပန္ရိုက္ေတာ့သည္။ အေသအေႀက ရိုက္ျပီးသည့္တိုင္ သူ႔ေဒါသက မေျပေသးေပ..။
" ေနာက္တစ္ခါ ထိရဲေသးလား ?? ဟမ္ !!! "
ပိုင္ခြ်မ္မွာ သည္းအူျပတ္မတတ္ ငိုေႀကြးျပန္ေတာ့သည္။
" ငါတို႔က လက္ထပ္ထားတာ မဟုတ္ဘူးလား !! ဘာလို႔ မဂၤလာဦးညကို ကုန္ဆံုးလို႔ မရျပန္တာတုန္း !! "
လ်ိဳ႔ခ်ီ၏ မ်က္ႏွာမွာ အနည္းငယ္ရဲသြားျပီး ေဆာင့္ႀကီးေအာင့္ႀကီး ေျပာေလသည္။
" ငါ ေယာက်္ားေလး မႀကိဳက္ဘူး.. "
" ငါလည္း မႀကိဳက္ဘူးေလ.. "
" အဲဒါဆိုလည္း ဘာလို႕ ငါ့ကို လာထိေနေသးတုန္း !!! "
ပိုင္ခြ်မ္မွာ မတရားခံရေသာ မ်က္ႏွာျဖင့္ ျပန္ေျပာေတာ့သည္။
" ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ မဂၤလာဦးညကို အေႏွးနဲ႔ အျမန္ကုန္ဆံုးရမွာပဲေလ.. ငါတစ္သက္လံုး ကိုယ့္ဘာသာကိုယ္ ေျဖရွင္းသြားရမွာလားလို႕.. ? "
" ေသခ်ာတာေပါ့.. ကိုယ့္ကိစၥကိုယ္ရွင္း.. "
ပိုင္ခြ်မ္သည္ကား ခုတင္ေပၚတြင္ ေျခပစ္လက္ပစ္ လွဲေနေလေတာ့သည္။ သူ႕ဘဝတြင္ တြယ္တာစရာ မရွိေတာ့သကဲ့သို႕၊ အသက္ရွင္ရန္ အေႀကာင္းျပခ်က္ မရွိေတာ့သကဲ့သို႕.. မလႈပ္မယွက္..။
" ငါ အသက္မရွင္ခ်င္ေတာ့ဘူး.. "
" ေႀသာ္ ! "
လ်ိဳ႔ခ်ီသည္ ေရခဲတမ်ွ ေအးစက္ေနေသာ အသံျဖင့္ အာေမဋိတ္ျပဳသည္။
ပိုင္ခြ်မ္သည္ တံေတြးျမိဳခ်လိုက္ျပီးေနာက္ တစ္စံုတစ္ရာ စဥ္းစားမိသြားဟန္ျဖင့္ ေျပာေတာ့သည္။
" ဒါေပမယ့္ မင္း ငါ့အတြက္ အသားေလး ႏွစ္ျပားေလာက္ ကင္ေပးမယ္ဆိုရင္ေတာ့ ငါေနာက္ ႏွစ္ရက္ သံုးရက္ေလာက္ထိ အသက္ရွင္စိတ္ ရွိခ်င္ရွိလာမွာ.."
လ်ိဳ႕ခ်ီသည္ ေစာင္ကို ျခံဳလိုက္ျပီး အိပ္ရန္ ျပင္ဆင္လိုက္သည္။
" မကင္ဘူး.. "
ပိုင္ခြ်မ္သည္ လႈပ္လႈပ္ရွားရွားျဖစ္သြားျပီး လ်ိဳ႕ခ်ီကိုယ္ေပၚသို႕ တက္ဖိလိုက္ကာ ဂီ်တိုက္ျပန္သည္။
" အဲလိုဆိုရင္လည္း ႀကက္ဥမက်က္တက်က္ေလး ေလးငါးလံုး ေႀကာ္ေပးရင္ကို ငါေနာက္ေန႔ မနက္ထိ ေတာင့္ခံႏိုင္မွာပါ.. "
လ်ိဳ႔ခ်ီက ရိုးရိုးရွင္းရွင္းပင္ ေျပာလိုက္သည္။
" သြားသာ ေသလိုက္.. "
ဗိုက္ဆာ၍ အခြ်ဲပိုေနေသာ ျမစ္ေစာင့္နတ္ လူႀကီးမင္းမွာ မီးဖိုေခ်ာင္သို႔ သြားကာ ျမင္သမ်ွကို လွန္ေလွာ ရွာေဖြေလသည္။ ဆာေလာင္ေနေသာ မ်က္လံုးေတာက္ေတာက္ ေလးမ်ားက ေႀကာင္အိမ္အႏွံ႕ရွာေဖြျပီး အဆံုးတြင္ေတာ့ ေအးစက္ေနသည့္ မန္ထို အနည္းငယ္ကို ရွာေတြ႔သြားခဲ့သည္။ ထို႕ေနာက္မီးဖိုေခ်ာင္ထဲ ပတ္ေမႊလိုက္ေသာအခါ ငရုတ္သီး အခ်ဥ္ရည္ တစ္အိုးကို ေတြ႔သြားခဲ့ျပီး မန္ထိုကို အခ်ဥ္ရည္ထဲႏွစ္ကာ ေပ်ာ္ရႊင္စားသံုးေလေတာ့သည္။
လ်ိဳ႕ခ်ီ၏ ကိုယ္တိုင္လုပ္ အခ်ဥ္ရည္မွာ အရသာရွိလွသည္။ သူစတင္ စားမိသည္ႏွင့္ မရပ္တန္႔ႏိုင္ေတာ့..။
အသားျပားကင္ေလး နည္းနည္းေလာက္သာရွိရင္ ေသေအာင္စားလို႔ေကာင္းမွာပဲ.. ။ ျမစ္ေစာင့္နတ္မင္းသည္ ခါးသီးစြာေတြးျပီးေနာက္ ေသခ်ာ ပလုတ္က်င္းလိုက္သည္။သူ႔၏ ဇနီးသစ္ေလးက သူ႔အေပၚ အမွန္ပင္ ေမတၱာမရွိေပ..။
_______
ေနာက္တစ္ရက္မနက္ခင္းတြင္ လ်ိဳ႕ခ်ီမွာ သူသိမ္းထားသည့္ ငရုတ္သီးအခ်ဥ္ရည္ တစ္အိုးလံုး မရွိေတာ့ေႀကာင္း အထိတ္တလန္႔ သိလိုက္ရသည္။
ထိုအခ်ိန္တြင္ ပိုင္ခြ်မ္မွာ နာက်င္ေနရုပ္ကေလးျဖင့္ ဗိုက္ေလးကို ပြတ္ကာ အိမ္သာထဲမွ ထြက္လာေတာ့သည္။
" အဟင့္.. နာလိုက္တာ နာလိုက္တာ.. ဝင္သြားတုန္းကေတာ္ေတာ္စပ္ေပမယ့္ ျပန္ထြက္ေတာ့ ပိုစပ္တယ္ဟ.. "
သူ႕အေျခအေနကို ျမင္ျပီးေနာက္ လ်ိဳ႔ခ်ီသည္ ငရုတ္သီးအခ်ဥ္ရည္အိုးကို လက္ညိွဳးညႊန္ကာ ေမးလိုက္သည္။
" မင္း ခိုးစားလိုက္တာလား ? "
ပိုင္ခ်ြမ္မွာေတာ့ သမာသမတ္ရွိသည့္ နတ္မင္းအသြင္သို႕ ခ်က္ခ်င္းေျပာင္းလဲ သြားျပီး ရင္ကိုေကာ့ကာေျဖသည္။
" ငါက ျမစ္ေစာင့္နတ္မင္းပဲ.. သာမန္အရပ္သားေလးရဲ႕ စားစရာေတြကို ခိုးစားစရာ ဘာအေႀကာင္းရွိလဲ.. လာမစြပ္စြဲနဲ႔.. "
လ်ိဳ႕ခ်ီက ေအးစက္စက္ေျပာသည္။
" ဒါေတြက ငါေသခ်ာလုပ္ျပီးသိမ္းထားရတဲ့ ဟာေတြ လို႕ မေျပာခဲ့မိဘူးလား.. "
ပိုင္ခြ်မ္သည္ အျပစ္ရွိသည့္ခံစားခ်က္ေႀကာင့္ တံခါးေပါက္ဘက္သို႕ လံုးေနေအာင္ ထြက္ေျပးေတာ့သည္။
လ်ိဳ႔ခ်ီက သူ႕ကို ဂုတ္ရွိ ဝတ္ရံုစမွေန၍ ဖမ္းဆြဲထားသည္။
" ေျပးခ်င္တယ္ေပါ့ ? "
ပိုင္ခြ်မ္သည္ ေလထဲတြင္ ေျခကားယားလက္ကားယားျဖစ္ေနေလသည္။
" မင္းက ငါ့ကို ရိုက္ခ်င္ေသးတာလား !!! ဘယ္လိုပဲ ျဖစ္ျဖစ္ ငါက နဂါးကြ.. မထီမဲ့ျမင္ျပဳရင္ ငါေကာင္းကင္ဘံုကို သြားတိုင္မယ္ !! "
လ်ိဳ႔ခ်ီ ရယ္ခ်င္သြားေတာ့သည္။
" သြားတိုင္မယ္ ??? မင္း မ်က္ႏွာပ်က္ရမွာ မေႀကာက္ဘူးလား ?? "
ပိုင္ခြ်မ္သည္ မ်က္ရည္ေဝ့ေနေသာ မ်က္လံုးေလးမ်ားကို ကလည္ကလည္လုပ္လိုက္ျပီးမွ ျပန္ေျဖေလသည္။
" ေႀကာက္တယ္.. "
ထို႕ေနာက္လ်ိဳ႕ခ်ီသည္ ပိုင္ခြ်မ္ကို ဂုတ္မွပင္ ဆြဲလာျပီး အိပ္ရာေပၚတင္လိုက္သည္။
" ေကာင္းေကာင္းလွဲေန.. "
ပိုင္ခြ်မ္မွာ ေက်နပ္ေနသည့္ ရုပ္ေလးျဖစ္သြားသည္။
" ေန႕ခင္းေႀကာင္ေတာင္ႀကီး မင္းက..ဟီးဟီး.. ဟုတ္ပါျပီ.. ငါ အေပၚကေနေပးမယ္ေနာ္..မဟုတ္ရင္ မင္းအပူေလာင္လိမ့္မယ္.. "
လ်ိဳ႔ခ်ီ ေျပာစရာစကားပင္ မရွိေတာ့..။ သူက ျမစ္ေစာင့္နတ္မင္း၏ ေခါင္းကို အသာအယာ ေခါက္ခ်လိုက္ျပီး ဆူေတာ့သည္။
" ငါ့ဖင္ႀကီးကိုပဲ အေပၚမွာေနပါလား.. မင္းဗိုက္ကို ပြတ္ေပးမလို႕ လုပ္ေနတာ.. "
ပိုင္ခြ်မ္မွာ စိတ္ပ်က္လက္ပ်က္ျဖင့္ ေႀသာ္ခနဲ ျဖစ္သြားသည္။
လ်ိဳ႕ခ်ီ၏ လက္တို႕က ပိုင္ခြ်မ္၏ ဝမ္းဗိုက္ႀကြက္သားမ်ားကို အသာအယာ ႏွိပ္နယ္ေပးေနျပီး မႀကာခင္မွာပင္ ဗိုက္ထဲမွ ဂလုဂလု အသံမ်ား ထြက္လာခဲ့သည္။ ျမစ္ေစာင့္နတ္မင္း၏ မ်က္ႏွာက ရဲခနဲ ျဖစ္သြားျပီး ထစ္ထစ္အအ ျဖင့္ ဆိုသည္။
" ငါ အိမ္သာသြားဖို႕လိုတယ္.. "
" အင္း.. ပါစရာရွိတာ ပါလိုက္.. ျပီးရင္ေကာင္းသြားလိမ့္မယ္.. "
" ဘာ ပါစရာရွိတာလဲ !!!! ညစ္ပတ္လိုက္တာ !!! "
" ... သြားမွာသာ သြားပါ.. "
_______
ေနာက္ရက္မ်ားတြင္လည္း ပိုင္ခြ်မ္မွာ ငရုတ္သီးမ်ားေႀကာင့္ ဗိုက္မေကာင္းျဖစ္ေနျပီး ဆန္ျပဳတ္ႏွင့္ ဟင္းအခ်ိဳေလးမ်ားသာ စားႏိုင္ရွာသည္။
သူသည္ တူအဖ်ားကို ကိုက္ထားရင္း လ်ိဳ႕ခ်ီတစ္ေယာက္ ႀကက္ေပါင္ကိုက္ေနသည္ကို သြားရည္ တျမားျမားျဖင့္ ႀကည့္ေနသည္။ သြားရည္မ်ားသည္ ဝတ္ရံုေပၚသို႔ က်ေတာ့မတတ္ပင္ ျဖစ္ေနေလသည္။
လ်ိဳ႔ခ်ီသည္ နတ္မင္းတစ္ပါး၏ ဂုဏ္သိကၡာႏွင့္မေလ်ာ္ညီသည့္ ထိုျမစ္ေစာင့္နတ္ကို ႀကည့္လိုက္ျပီး ခ်ဥ္ခ်ဥ္တူးတူး ေျပာလိုက္သည္။
" မင္းႀကည့္ရတာ ကေလးေပါက္စက်ေနတာပဲ.. ကိုယ့္ကိုယ္ကိုယ္လည္း ျပန္ႀကည့္ဦး.. "
ပိုင္ခြ်မ္မွာ ငွက္ေပါက္စေလးတစ္ေကာင္၏ အသံကဲ့သို႕ အိေညာင္အိေညာင္ျဖင့္ ဂီ်တိုက္ေတာ့သည္။
" ငါ ဟင္းအခ်ိဳေလးေတြပဲ စားေနရတာ သံုးရက္ရွိေနျပီ ဆိုေန.!! .. "
လ်ိဳ႔ခ်ီသည္ ႀကက္ေတာင္ပံကို စိတ္မရွည္စြာ ဖဲ့လိုက္သည္။
" မင္းကို ဗိုက္မေကာင္း ျဖစ္ေအာင္ ဘယ္သူက လုပ္ထားလို႕လဲ !! "
ပိုင္ခြ်မ္မွာ ဝမ္းနည္းမႈကို မျမိဳသိပ္ႏိုင္ျဖစ္သြားျပီး အိမ္ထဲမွ ထြက္ကာ ေကာင္းကင္ေပၚသို႔ တက္ေျပးသြားေတာ့သည္။
လ်ိဳ႕ခ်ီသည္ နဂါးေလးက ေကာင္းကင္တြင္ လူးလြန္႕ေနသည္ကို ခဏရပ္ႀကည့္ေနျပီးေနာက္ ထိုနဂါးေလးေနာက္သို႕ ေျပးလိုက္သြားေတာ့သည္။
__________
ပိုင္ခြ်မ္သည္ နဂါးပံုစံကို ခဏေလးသာ ထိန္းထားႏိုင္ျပီး သိပ္မႀကာခင္မွာပင္ အစြမ္းကုန္ေတာ့မလို ျဖစ္လာေလသည္။ သူသည္ သစ္ပင္ထူထပ္ျပီး လူရွင္းေသာ ေနရာတြင္ ဆင္းသက္ကာ လူအသြင္ ျပန္ေျပာင္းလိုက္သည္။
လ်ိဳ႔ခ်ီသည္ သူ႔ကို လိုက္မမီခဲ့ေပ..။ ပိုင္ခြ်မ္မွာ သူေဆာင္ထားသည့္ ညလင္းပုလဲသြယ္ အေသးေလးတစ္ခုကို တယုတယ ပြတ္လိုက္သည္။ သူ႔အသြင္မွာ မူလတန္း ေက်ာင္းသားေလးတစ္ေယာက္ ေက်ာင္းေျပးျပီး ႀကက္ကင္ဝယ္စားေတာ့မည့္ အသြင္မ်ိဳး ျဖစ္ေနေလသည္။
ႀကက္ကင္ေရာင္းသည့္ အေဒၚႀကီးမွာ ပိုင္ခြ်မ္ကို ေျခဆံုးေခါင္းဆံုး ႀကည့္ျပီးေနာက္ေမးလိုက္သည္။
" လူငယ္ေလးက ဘာလိုခ်င္လို႔လဲ ? "
ႀကက္ကင္ဆိုင္ေရွ႕တြင္ သြားရည္တျမားျမားက်ေနေသာ လူငယ္ေလးက ျပန္ေျဖသည္။
" ႀကက္ကင္!! ႀကက္ကင္!! .. ေပါင္တံုးႀကီးႀကီး အဆီမ်ားမ်ားနဲ႔ဟာကို ႏွစ္ခု ထုပ္ေပးေနာ္.. "
ပိုင္ခြ်မ္ေျပာသည့္အတိုင္း ႀကက္ကင္ကို ထုပ္ေပးေနရင္း အေဒၚႀကီးကေမးလိုက္သည္။
" လူငယ္ေလးကို ဒီရြာမွာ အရင္က မျမင္ဖူးဘူးေနာ္.. လာလည္တာလား.. "
ႀကက္ကင္၍ ေမြးပ်ံ႔ေသာ ရနံ႔တြင္ အာရံု နစ္ျမဳပ္လ်က္ရွိေသာ ပိုင္ခြ်မ္က မသိလိုက္မသိဘာသာ ျပန္ေျဖသည္။
" ကြ်န္ေတာ္က ျမစ္ေစာင့္နတ္မင္းပါ... "
ႀကက္ကင္ဆိုင္ရွင္ အေဒၚႀကီး : " ________ "
________
ပိုင္ခြ်မ္မွာ ႀကက္ကင္ထုပ္ကို ဖြင့္လိုက္ျပီး အဆီအိေနသည့္ အေရခံြကို အားရပါးရ ကိုက္မည္ဟန္ျပင္လိုက္စဥ္မွာပင္ လက္တစ္ဖက္က သူ႔ ႀကက္ကင္ထုပ္အားဆြဲလုသြားျခင္းကို ခံလိုက္ရသည္။
ေဟာဟဲဆိုက္ေနေသာ လ်ိဳ႔ခ်ီက သူ႔မ်က္ႏွာေရွ႕တြင္ေပၚလာသည္။
" ငါ့မွာ မင္းေနာက္လိုက္ရတာ ေမာေနတာပဲ.. အသက္ရႈရပ္ေတာ့မယ္.. မင္း ဒါမစားရေတာ့ ေသမွာမလို႕လား.. "
ပိုင္ခြ်မ္မွာ ငိုခ်ေတာ့မလိုမ်က္ႏွာေလးျဖင့္ သူ႔ႏႈတ္ခမ္းေပၚရွိ အဆီေလးအနည္းငယ္ကို လ်ွာျဖင့္ သပ္သည္။
" တအား ေမႊးတာပဲ.. "
လ်ိဳ႔ခ်ီ : "_____"
ထို႕ေနာက္ ႏွစ္ေယာက္သား အိမ္ဘက္သို႔ လမ္းေလ်ွာက္ျပန္လာႀကေလသည္။ ပိုင္ခြ်မ္၏ တစ္ကိုယ္လံုးကိုေတာ့ ဝမ္းနည္းျခင္းက သိသိသာသာ ဖုံးအုပ္ထားသည္။
လ်ိဳ႔ခ်ီမွာ ႀကည့္မေနႏိုင္ေတာ့ေပ..။ ႀကက္ကင္ထုပ္ကို ပိုင္ခြ်မ္ဆီသို႔ ထိုးေပးရင္း ေျပာလိုက္သည္။
" စားလိုက္ေတာ့.. "
ပိုင္ခြ်မ္သည္ ႏႈတ္ခမ္ကို တင္းတင္းေစ့ကာ ျငင္းဆန္ေလသည္။
" မစားဘူး.. ငါ ျမစ္ေစာင့္နတ္မင္းမွာလည္း သိကၡာေတာ့ ရွိေသးတယ္... "
လ်ိဳ႔ခ်ီသည္ ေလကုန္မခံေတာ့ဘဲ ႀကက္ေပါင္ကို ပိုင္ခြ်မ္၏ ပါးစပ္ထဲသို႔ တိုက္ရိုက္ ထိုးထည့္လိုက္သည္။
လ်ွပ္တစ္ျပက္ လက္ရန္ မႀကာလိုက္ေသာ အခ်ိန္အတြင္းမွာပင္ ျမစ္ေစာင့္နတ္မင္း၏ ေခါင္းက ငံု႔သြားျပီး ႀကက္ရိုးတစ္ေခ်ာင္းက သူ႔ပါးစပ္ထဲမွ ဖူးခနဲ ျပန္ထြက္လာသည္။
" အဲဒီေတာ့ သိကၡာက ဘယ္မလဲ ? "
လ်ိဳ႔ခ်ီက စ ေနာက္ေလေတာ့သည္။
ပိုင္ခြ်မ္ကေတာ့ ျပန္မေျဖအားေပ..။ သူ႔ပါးစပ္ထဲရွိ အသားတံုး ႀကီးႀကီးကို ဝါးရင္း အလုပ္ရႈပ္ေနေလသည္။
လ်ိဳ႔ခ်ီ အနည္းငယ္ စိတ္မေကာင္းျဖစ္သြားျပီး ပိုင္ခြ်မ္၏ ပုခံုးကို ပုတ္ကာ ေျပာလိုက္သည္။
" မင္း မနက္ျဖန္ ဗိုက္မနာေတာ့ရင္ ငါမင္းကို ဟင္းေတြ စားပြဲအျပည့္ ခ်က္ေကြ်းမယ္.. ဟုတ္ျပီလား "
ပိုင္ခြ်မ္သည္ ေခါင္းကို ခ်စ္စဖြယ္ညိတ္လိုက္ျပီး လ်ိဳ႕ခ်ိီေျပာစကားကို သေဘာတူလိုက္ေလသည္။
______
ေနာက္ေန႕မနက္တြင္ေတာ့ ပိုင္ခြ်မ္မွာ အျပည့္အဝ ပြဲေတာ္တည္ ေတာ့သည္။
ဟင္းေကာင္းထမင္းေကာင္း မစားရသည္မွာ ရက္အနည္းငယ္ရွိေနျပီျဖစ္ေသာေႀကာင့္ ပိုင္ခြ်မ္မွာ စားပြဲအျပည့္ ဟင္းမ်ားကို အားရပါးရ စားေနသည္။ သူ႔မ်က္လံုးေလးမ်ားမွာ တလက္လက္ေတာက္ပေနျပီး ပါးကေတာ့ ေပါက္ထြက္မတတ္ေဖာင္းေနသည္။ ႏႈတ္ခမ္းတြင္လည္း အဆီ က တေဝ့ေဝ့..
ထိုအခ်ိန္တြင္ အေစာတည္းက စားျပီးသြားေသာ လ်ိဳ႔ခ်ီမွာေတာ့ ပိုင္ခြ်မ္စားသည္ကို ထိုင္ႀကည့္ေနေလသည္။
" အရသာရွိလိုက္တာ.. စားလို႔ေကာင္း.. "
ပိုင္ခြ်မ္သည္ လ်ိဳ႕ခ်ီကို ေက်းဇူးတင္ေသာ မ်က္လံုးေလးမ်ားျဖင့္ ႀကည့္ကာ ပလုတ္ပေလာင္း စားရင္းေျပာသည္။ လ်ိဳ႔ခ်ီက တူျဖင့္ ဝက္နံရိုးတစ္ေခ်ာင္းကို ညွပ္လိုက္ျပီး ပိုင္ခြ်မ့္ ပန္းကန္ထဲသို႕ ထည့္ေပးလိုက္သည္။
" ဒါစား.. ဒီမွာ အသားေတြအမ်ားႀကီးပါတယ္.. "
" မင္းလို ဇနီးေလးက အေကာင္းဆံုးပဲ.. "
ပိုင္ခြ်မ္သည္ စိတ္ပါလက္ပါပင္ ခ်ီးက်ဴးေလသည္။
လ်ိဳ႔ခ်ီသည္ အတန္ႀကာစိုက္ႀကည့္ေနျပီးမွ ဖူးခနဲရယ္လိုက္သည္။ ထို႔ေနာက္ ပိုင္ခြ်မ္၏ လံုးေဖာင္းေနေသာ ပါးကို ဆြဲညွစ္လိုက္သည္။
" ေကာင္းမွန္းသိရင္ ျပီးတာပဲ.. "
" အင္း.. "
ပိုင္ခြ်မ္က လိမ္လိမ္မာမာ ေခါင္းညိတ္သည္။
သို႕ေသာ္ လ်ိဳ႔ခ်ီသည္ တစ္စံုတစ္ခုကို စဥ္းစားမိသြားျပီး ေမးေလသည္။
" မင္း ေနာက္ထပ္ သတို႔သမီး တစ္ေယာက္ ယူဦးမွာလား ? "
" ဟင့္အင္း.. ငါ ဇနီးသည္ႏွစ္ေယာက္ ခ်က္ေကြ်းတဲ့ ဟင္းဆိုရင္ ကုန္ေအာင္မစားႏိုင္ေလာက္ဘူး.. "
လ်ိဳ႔ခ်ီ အူေႀကာင္ေႀကာင္ျဖစ္သြားျပီးမွ ရယ္ေလသည္။
" မင္းက တကယ္ စားဖို႕ပဲ သိတာပဲ.. "
_________
ပိုင္ခြ်မ္ စားျပီးသြားေသာအခါ လ်ိဳ႔ခ်ီသည္ ပန္းကန္ခြက္ေယာက္မ်ားကို ေရဇလံုထဲ စုထည့္လိုက္သည္။ ထို႔ေနာက္ ေရတြင္းဆီသို႔ သယ္သြားျပီး ပိုင္ခြ်မ္ကို လက္ယက္ေခၚလိုက္သည္။
" လာေဆး.. "
ပိုင္ခြ်မ္သည္ ေခါင္းညိတ္ျပီးေနာက္ လက္ကို ေဝွ႔ယမ္းလိုက္ေသာအခါ ေကာင္းကင္မွ ေရစဥ္တစ္သြယ္ က်လာသည္။ ထိုနဂါးပံုစံ ေရစဥ္တန္းက ပန္းကန္ခြက္ေယာက္မ်ားထည့္ထားသည့္ ေရဇလံုထဲသို႕ ဝင္ေရာက္သြားျပီး ဆီမ်ားႏွင့္ ဟင္းက်န္မ်ားကို သန္႔ရွင္းထုတ္လိုက္သည္။ ပိုင္ခြ်မ္က ဇလံုေဘးတြင္ရပ္ကာ ထို ေရစဥ္နဂါးကို လက္ဟန္ျဖင့္ လမ္းညႊန္၍ ပန္းကန္မ်ားကို ေဆးေႀကာေစသည္။
လ်ိဳ႕ခ်ီသည္ သူ႔ေရွ႕ရွိ ထူးဆန္းေသာျမင္ကြင္းကို ႀကည့္ေနမိသည္။ ထို႔ေနာက္တြင္ေတာ့ အိမ္ထဲမွ အဝတ္ေဟာင္းတစ္ပံုကိုပါ သြားထုတ္လာေတာ့သည္။
" ဒါေတြလည္း ေလ်ွာ္လိုက္.. "
ပိုင္ခြ်မ္သည္ သက္ျပင္းခ်၍ ေနာက္ထပ္ေရစဥ္နဂါးတစ္ေကာင္ ထပ္ဖန္တီးသည္။
" ႀကမ္းျပင္ေတြကိုလည္း သန္႕ေအာင္ တိုက္ထားလိုက္ေနာ္.. "
လိ်ဳ႔ခ်ီက ေျပာျပီး တေရးတေမာအိပ္ရန္ ျပန္ဝင္သြားသည္။
" ဟုတ္ကဲ့ပါ ဇနီးေလး.. "
__________
ဆက္ရန္
ပါဝါေတြကို ပန္းကန္ေဆးအဝတ္ေလ်ွာ္ဖို႔ သံုးေနရတဲ့ ျမစ္ေစာင့္နတ္မင္းေလးအတြက္ မ်က္ရည္ တစ္စက္ XD