1. ေသ်ွာင္ေနာက္ဆံထံုးပါ
Zawgyi
ရြာလူႀကီးမင္းသည္ စိတ္ညစ္လ်က္ရွိသည္။
အေႀကာင္းမွာ ရြာအနီးတြင္ရွိေသာ ျမစ္တစ္သြယ္၏ ျမစ္ေစာင့္နတ္မင္းမွ သတို႔သမီးကညာ တစ္ဦး အလိုရွိေႀကာင္း၊ မဆက္သပါက ရြာကို ေရေဘးသင့္ေစမည္ျဖစ္ေႀကာင္း အိပ္မက္ေပး၍ ျဖစ္သည္။
သို႔ႏွင့္ ရြာသားမ်ားလည္း မဲ စနစ္ျဖင့္ သမီးကညာ တစ္ဦးကို ေရြးခ်ယ္ကာ ငိုေႀကြးေနေသာထိုမိန္းကေလးကို သတို႔သမီးသဖြယ္ ဆင္ယင္ေပး၍ ျမစ္ေစာင့္နတ္မင္း၏ ေက်ာင္းေတာ္ဆီသို႕ အိုးစည္ဗံုေမာင္းမ်ားႏွင့္ ပို႔ေဆာင္ႀကေတာ့သည္။
__________
သတို႕သမီးေလးသည္ ညိွဳးငယ္ေသာ အသြင္ျဖင့္ ေက်ာင္းေတာ္ထဲ တြင္ ေစာင့္ဆိုင္းေနေသာ္လည္း ေပၚလာသူမွာ တစ္ရြာတည္းသား လူငယ္တစ္ဦးသာ ျဖစ္ေနခဲ့သည္။
သူ႔နာမည္က လ်ိဳ႔ခ်ီ ..။ ငယ္စဥ္ကတည္းကပင္ သူသည္ မေကာင္းသူပယ္ ေကာင္းသူကယ္မည့္ လူစြမ္းေကာင္းသဖြယ္ ရွင္သန္ေနထိုင္လာခဲ့သည္။ ရြာထဲရွိ လွည္းယဥ္ ငွားရမ္းသူ လူႀကီးထံမွ အတိုက္အခိုက္မ်ားကို သင္ယူခဲ့သူျဖစ္ျပီး ရြာထဲတြင္ေတာ့ သူ႔ကို ဖက္ျပိဳင္ႏိုင္သည့္သူ မရွိေပ..။
လ်ိဳ႔ခ်ီသည္ သတို႔သမီးေလးကို အဝတ္အထည္တခ်ိဳ႔ႏွင့္ အစာေျခာက္တခ်ိဳ႔ကို ေပးလိုက္ျပီး ေက်ာက္တိုင္ တစ္ခုေနာက္တြင္ ပုန္းကြယ္ကာ အဝတ္လဲလွယ္ေစလိုက္သည္။ သို႔မွသာ အလ်ွင္အျမန္ထြက္ေျပးႏိုင္မည္ ျဖစ္သည္။
သတို႕သမီးေလးက ထြက္မေျပးရဲဘဲ ငိုယို၍ေျပာေလေတာ့သည္။
" ဒါေပမယ့္ ျမစ္ေစာင့္နတ္မင္းက သတို႔သမီး မရရင္ တစ္ရြာလံုးကို ေရလႊမ္းေအာင္ လုပ္မယ္လို႕ ေျပာထားတယ္ေလ.. "
လ်ိဳ႔ခ်ီသည္ လက္သီးကို တက်စ္က်စ္ အသံထြက္လာသည္အထိ ဆုပ္ကာ ေဒါသတႀကီးဆိုသည္။
" ျမစ္ေစာင့္နတ္မင္း ဆိုတာ ဘာေခြးခ်ီးတံုးလဲ ? ဒင္း အဲလို လုပ္ရဲရင္ လုပ္ႀကည့္ေလ.. ငါ အေသ ရိုက္သတ္ေပးမယ္.. "
_________
အဆံုးတြင္ေတာ့ သတို႕သမီးေလးက ထြက္ေျပးသြားသည္။ လ်ိဳ႕ခ်ီသည္ မဂၤလာဝတ္စံုကို ကိုယ္ေပၚတြင္ ျခံုထားလိုက္ရင္း လက္ထဲတြင္ မွိန္း တစ္ေခ်ာင္းကိုင္ကာ ျမစ္ေစာင့္နတ္မင္း အလာကို ေစာင့္ေနလိုက္သည္။
သိပ္မႀကာလိုက္.. ျမစ္ေရျပင္ က ဆူပြက္လာသည့္ႏွယ္ လႈပ္ရွားလာျပီးေနာက္ ေရတစ္စက္မွ မတင္သည့္ ျမစ္ေအာက္ႀကမ္းျပင္သည္ ျမစ္ေရျပင္ကို ႏွစ္ဖက္ကြဲသြားေစကာ ေပၚထြက္လာခဲ့သည္။ မဂၤလာ ဝတ္စံု ဆင္ျမန္းထားေသာ တင့္တယ္သည့္ သူတစ္ဦးက ျမစ္ေအာက္ႀကမ္းျပင္မွ ေပ်ာ္ရႊင္စြာပင္ ေလ်ွာက္ထြက္လာေလသည္။ ထိုသူ၏ ကိုယ္ေပၚတြင္ေတာ့ ေရတစ္စက္ပင္ မရွိေပ..။
" အဲဒီေတာ့ ခင္ဗ်ားက ျမစ္ေစာင့္နတ္မင္းလား.. ? "
ျမစ္ေစာင့္နတ္မင္းသည္ လက္ႏွစ္ဖက္ကို ေရွ႕တြင္ ဆုပ္ကာ ႏႈတ္ဆက္ေလသည္။
" ဒီ နတ္ငယ္ေလးရဲ႕ နာမည္က ပိုင္ခြ်မ္ ပါ.. "
" ကြ်န္ေတာ့နာမည္က လ်ိဳ႕ခ်ီ.. "
လ်ိဳ႔ခ်ီသည္ လက္ထဲရွိ မွိန္းကို ဆ ရင္း ျပန္ႏႈတ္ဆက္ေလသည္။
ျမစ္ေစာင့္နတ္သည္ လ်ိဳ႕ခ်ီ၏ ေနာက္ေက်ာဘက္ကို ေျခဖ်ားေထာက္ကာ ႀကည့္ေလသည္။ တစ္စံုတစ္ရာကို ေမ်ွာ္တလင့္လင့္ ျဖစ္ေနသည္မွာ သိသာလွသည္။
" အဟမ္း.. ကြ်န္ေတာ့္ရဲ႔ သတို႔သမီးေလးက ဘယ္မလဲ မသိဘူး.. ? "
လ်ိဳ႕ခ်ီသည္ သူ႕ကိုယ္သူ ခပ္တည္တည္ပင္ ညႊန္ျပကာ မိတ္ဆက္လိုက္သည္။
" ကြ်န္ေတာ္ပဲ .. "
ျမစ္ေစာင့္နတ္မင္းသည္ ျပန္လည္ စကားမဆိုခင္ သူ႔မ်က္လံုးသူ အူတိအူေႀကာင္ အမူအယာျဖင့္ ပြတ္သပ္လိုက္ေသးသည္။
" တစ္ေယာက္ေယာက္မ်ား ကန္းသြားတာလား ? မင္းက ေယာက်္ားေလးနဲ႔ တူပါတယ္.. "
" ေယာက်္ားေလးေတြက သတို႔သမီး မျဖစ္ရဘူးလို႕ ဥပေဒရွိလား ? "
ပိုင္ခြ်မ္သည္ က်မ္းစာလာ အဓိပၸါယ္တစ္ရပ္ကို ဖြင့္ဆိုေနသည့္ႏွယ္ ေလးနက္ေသာ အမူအယာ ျဖင့္ ေသခ်ာ ျပန္ေျပာေလေတာ့သည္။
" ေသခ်ာတာေပါ့.. သတို႕သမီးဆိုတာ မိန္းကေလးပဲ ျဖစ္ရမွာေလ.. အကယ္၍ ေယာက်ာ္းေလးသာဆိုရင္ အမ်ိဳးသား သတို႔သမီးလို႔ ေခၚမွာေပါ့.. "
" အမွန္ပဲ.. ကြ်န္ေတာ္က အမ်ိဳးသား သတို႔သမီး .. "
ပိုင္ခြ်မ္ : "……"
__________
ပိုင္ခြ်မ္သည္ မေပ်ာ္ရႊင္ေတာ့ဘဲ လ်ိဳ႕ခ်ီကို ဆူပူေလသည္။
" ငါ မင္းကို မလိုခ်င္ပါဘူး.. ငါ သတို႔သမီးပဲလိုခ်င္တာ.. "
လ်ိဳ႔ခ်ီသည္ စိတ္မရွည္ေတာ့..။
" ေျပာတဲ့အတိုင္းပဲေလ သတို႔သမီးက ငါ ပါ ဆိုေန.. "
ပိုင္ခြ်မ္သည္ ဆက္ေျပာမေနေတာ့ဘဲ က်ိန္စာရြတ္ရန္သာ ျပင္ဆင္လိုက္ေလသည္။
" ငါ မင္းတို႔ ရြာကို ေရႀကီးေအာင္ပဲ လုပ္ပစ္ေတာ့မယ္.. ဟမ့္.. "
လ်ိဳ႔ခ်ီသည္ မိွန္းျဖင့္ ျမစ္ေစာင့္နတ္မင္းကို တစ္ပြဲတစ္လမ္း ရိုက္ႏွက္ေလေတာ့သည္။
______
မ်က္ရည္မ်ားက ပိုင္ခြ်မ့္ပါးျပင္ေပၚတြင္ စီးက်ေနျပီး မဂၤလာဝတ္စံုျဖင့္သူ႕ကိုယ္လံုးေလးက ႀကမ္းျပင္ေပၚတြင္ ပိုးလို႕ပက္လက္.. ရိုက္ႏွက္ခံရျခင္းေႀကာင့္ နဖူးတြင္ ဘုသီးႀကီးႀကီး ထ ေနကာ သူ႔ႏွလံုးသားသည္လည္း ျပာက်မတတ္ ပူေဆြးေနရွာေလသည္။
လ်ိဳ႔ခ်ီသည္ ျမစ္ေစာင့္နတ္မင္း၏ လည္ပင္းကို မွိန္းျဖင့္ ေထာက္လိုက္ျပီး ျခိမ္းေျခာက္သည္။
" ငါ့ရြာကို က်ိန္စာတိုက္ရဲ တိုက္ႀကည့္.. အေသ ထိုးသတ္လိုက္မယ္.. "
ပိုင္ခြ်မ္သည္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္ကာ ငိုျပန္သည္။
" ငါ့မွာ လူသားေတြနဲ႕ အဆက္ျဖတ္ျပီး ႏွစ္ေတာ္ေတာ္ႀကာႀကာ က်င့္ႀကံေတာ့မွ ျမစ္ေစာင့္နတ္မင္းေလး ျဖစ္လာတာေလ.. ျပီးေတာ့ ငါက မိန္းမေလး တစ္ေယာက္ပဲ လိုခ်င္တာပါ.. ဝူးး.. ငါ လူသားေတြကို ဖမ္းစားေနတာလည္း မဟုတ္.. "
လ်ိဳ႕ခ်ီ ကြ်တ္ခနဲ လုပ္လိုက္သည္။
" ဘယ္ႏွစ္ခါ ေျပာရမလဲ.. ငါက မင္းမိန္းမ ပါဆိုေန.. ရြာကို ေရႀကီးေအာင္ လုပ္ရဲ လုပ္ႀကည့္လိုက္ေလ.. ေအး .. မလုပ္ရဲတာေသခ်ာရင္ ျငိမ္ျငိမ္ေလး လွဲေနလိုက္.. "
ပိုင္ခြ်မ္သည္ တဝူးဝူး ငို ကာ ေျပာေလေတာ့သည္။
" မင္းက ငါ့ကို အႏိုင္လာက်င့္ေနတာပဲ.. ငါ အသြင္ေျပာင္းပစ္မယ္.. "
လ်ိဳ႔ခ်ီက သူ႔ကို ေလွာင္ေျပာင္သည္။
" မင္းက အသြင္ေျပာင္းမယ္ေပါ့ ? အဲေလာက္စြမ္းတယ္ဆိုလည္း တစ္ခါတည္း ေကာင္းကင္ဘံု တက္သြားပါလား "
ေျပာလိုက္ျပီးခ်င္းမွာပင္ ပိုင္ခြ်မ္၏ ခႏၶာကိုယ္က ျပင္းထန္စြာတုန္ခါသြားျပီး ေတာက္ပေသာ အလင္းတန္းတစ္ခု အျဖစ္ အသြင္ေျပာင္းကာ ေကာင္းကင္သို႕ ထိုးတက္ေပ်ာက္ကြယ္သြားေတာ့သည္။
မႀကာမီ တိမ္တိုက္မ်ားက အေရာင္ေျပာင္းသြားျပီး မုန္တိုင္းဆန္ေသာ မိုးစက္မ်ားက က်ေရာက္လာခဲ့သည္။ မိုးသက္ေလျပင္းႏွင့္ ျမစ္ျပင္ကို ႀကီးစိုးသည့္ ဒဏၬာရီလာ ေဘာ္ေငြေရာင္ နဂါးျဖဴ တစ္ေကာင္ သည္ ေကာင္းကင္ယံတြင္ လူးလြန္႕လ်က္ရွိေႀကာင္း ေတြ႕လိုက္ရေတာ့သည္။
လ်ိဳ႕ခ်ီက အံ့အားသင့္စြာပင္ မွတ္ခ်က္ျပဳသည္။
" တကယ္ႀကီး ေျပာင္းသြားတာဟ .. "
သို႕ေသာ္ သူ ထိုစကား ေျပာျပီးျပီးခ်င္းမွာပင္ ပိုင္ခ်ြမ္က မူလလွဲေနေသာ ႀကမ္းေပၚတြင္ ျပန္ေပၚလာျပီး ေဟာဟဲ ဆိုက္ေနေတာ့သည္။
" ေမာလိုက္တာ.. ေမာလိုက္တာ.. "
လ်ိဳ႕ခ်ီ ေျပာစရာ စကားမရွိေတာ့..။
ပိုင္ခြ်မ္သည္ နဖူးမွ ေခြ်းမ်ားကို သုတ္ကာ ရိုးသားစြာပင္ ျပံဳး၍ ေျပာေလသည္။
" ငါက အခုမွ နဂါးအသြင္ေျပာင္းေအာင္ က်င့္ႀကံျပီးတာဆိုေတာ့ ႀကာႀကာမေျပာင္းႏိုင္ေသးတာ.. ခဏေလးပဲ ရေသးတယ္.. "
သို႕ႏွင့္ လ်ိဳခ်ီသည္ ျမစ္ေစာင့္နတ္မင္းကို မွိန္းျဖင့္ ေထာက္ကာ ႀကမ္းေပၚတြင္ ဖိထားျပန္ေတာ့သည္။
_____
ပိုင္ခ်ြမ္သည္ကား ဘာမွ လုပ္မရေတာ့ ..။ ထြက္ေျပး၍ မရသလို ျပန္တိုက္ရန္လည္း အားမရွိ..။ထို႕ျပင္ နတ္မိစာၦမ်ား၏ ရွင္းလင္းေသာ စိတ္သေဘာအရ တစ္ေယာက္မွ မရသည္ႏွင့္စာလ်င္ တစ္ေယာက္ လက္ထဲေရာက္လာသည္က ေတာ္ေပသည္။
ထို႕ေႀကာင့္ ပိုင္ခြ်မ္သည္ လ်ိဳ႔ခ်ီကို ေရေအာက္နန္းေတာ္သို႕ ေခၚသြားေတာ့သည္။ သူ႔အစြမ္းျဖင့္ စီရင္ေပးထားေသာေႀကာင့္ လ်ိဳ႔ခ်ီသည္ ေျမေပၚမွာကဲ့သို႕ပင္ ေရေအာက္တြင္ အခက္အခဲမရွိ အသက္ရႈႏိုင္ လမ္းေလ်ွာက္ႏိုင္ေလသည္။
ပိုင္ခြ်မ္သည္ ဝတ္ရံုကို ဆန္႔ဆန္႔ရန္႕ရန္႕ လုပ္လိုက္ျပီးေနာက္ ထိုင္ခံုတြင္ ထိုင္ကာ မဂၤလာႀသဝါဒေခြ်ေလသည္။
" မင္းက မိန္းကေလးမဟုတ္ေပမယ့္ ဂုဏ္ပုဒ္အရ ငါ့ဇနီးဆိုေတာ့ ေဟာဒီက ခင္ပြန္းေျပာတဲ့ စကားေတြကို ေသခ်ာနားေထာင္ရမယ္.. ဟုတ္ျပီလား.. "
လ်ိဳ႔ခ်ီသည္ ေရေအာက္ကမာၻကို ေလ်ွာက္ေငးေနရင္းမွ စိတ္မပါလက္မပါ အင္း ခနဲ လုပ္လိုက္သည္။ ေရေအာက္ျမင္ကြင္းမွာ လွပလြန္းသည္။ ေငြမ်ွင္ေလးမ်ား ေျမာပါေနသည့္ႏွယ္ ေတာက္ပသည့္ ျမစ္ေရက တသြင္သြင္စီးေနျပီး နန္းေတာ္၏ နံရံ အႀကည္မ်ားကို လာေရာက္ ရိုက္ခတ္ေနသည္။ ပင့္ကူမ်ွင္ကဲ့သို႔ ေငြေရာင္တန္းေလးမ်ား ယွက္သြယ္ေနေသာ ေရေအာက္ႀကမ္းျပင္သည္လည္း အလြန္ပင္ တင့္တယ္လွသည္။ ငါးငယ္ေလးမ်ားက ေလပူေဖာင္း ပလံုစီေလးမ်ားကို မႈတ္ထုတ္ရင္း အုပ္စုဖြဲ႕ ကူးခတ္သြားႀကသည္။ ျမစ္ႀကမ္းျပင္ရွိ ကမာေကာင္မ်ားကေတာ့ ၄င္းတို႕၏ အခြံကို ဟကာ အတြင္းရွိ ပုလဲသြယ္၏ ေႏြးေထြးလင္းလက္ေသာ အေရာင္ကို ဖြင့္ျပထားသည္။
ပိုင္ခြ်မ္ ေျခေဆာင့္လိုက္သည္။
" မင္း ငါေျပာတာေတြကို ႀကားလား ? "
လ်ိဳ႔ခ်ီသည္ ေခါင္းျပန္လွည့္ကာ ပိုင္ခြ်မ္ကို ႀကည့္သည္။ သို႔ေသာ္ အေမးကို မေျဖဘဲ ဗိုက္ကို ပြတ္၍ ေျပာေလသည္။
" ငါ ဗိုက္ဆာတယ္ "
ပိုင္ခြ်မ္မွာ စိတ္ဆိုးလြန္း၍ အံကို တဂြ်မ္းဂြ်မ္း ႀကိတ္မိ သြားသည္။ ထို႔ေနာက္ ေရခ်ိဳပုစြန္ႏွင့္ ဂဏန္းအခ်ိဳ႕ကို လက္ယက္ေခၚကာ လ်ိဳ႕ခ်ီအတြက္ အစားအစာ ျပင္ဆင္ေစသည္။
လ်ိဳ႔ခ်ီသည္ ငါးအစိမ္း အတံုးလိုက္တင္လာေသာ ပန္းကန္ကို ခါးသီးစြာ ႀကည့္လိုက္သည္။
" ဒါမ်ိဳးဟာေတြကို စားလို႔ ရမလား ? "
ပိုင္ခြ်မ္က မ်က္လံုးလွန္ကာ ခပ္ရြဲ႕ရြဲ႕ဆိုသည္။
" ငါ စားလာတာ ႏွစ္ေပါင္းရာခ်ီေနျပီ.. "
လ်ိဳ႕ခ်ီသည္ သနားစဖြယ္ မ်က္ႏွာငယ္သြားျပီး ေမးေလသည္။
" ငါဒီမွာ မီးေမႊးလို႔ရလား ? "
" ေသခ်ာေပါက္ မရဘူးေပါ့.."
ပိုင္ခြ်မ္က မ်က္ေမွာင္ႀကဳတ္ကာေျဖစဥ္တြင္ပင္ လ်ိဳ႕ခ်ီ၏ အစာအိမ္က က်ယ္ေလာင္စြာ အသံေပးေလေတာ့သည္။
" အဲလိုဆို ငါမေနႏိုင္ေတာ့ဘူး.. ျပန္မယ္.. "
ပိုင္ခြ်မ္က လြယ္လင့္တကူပင္ ခြင့္ျပဳလိုက္သည္။
" အင္း .. ျပန္ ျပန္.. ငါ ရြာလူႀကီးကို အိပ္မက္ေပးျပီး ေနာက္တစ္ေယာက္ပဲ ထပ္ေတာင္းလိုက္မယ္.. ကိစၥမရွိဘူး.. "
လ်ိဳ႕ခ်ီသည္ ျမစ္ေစာင့္နတ္မင္း၏ အက်ၤီလည္ပင္းကို ဆြဲလိုက္ျပီး အျပံဳးတစ္ခုျဖင့္ ေျပာေလသည္။
" ေဟာဒီက အလွေလး မင္းပါ လိုက္ခဲ့ရမွာေလ.. "
သနားစရာ နတ္မင္းမွာ အလန္႔တႀကားျဖစ္သြားျပီး ဟစ္ေအာ္ေတာ့သည္။
" လႊတ္စမ္း ! မင္းက အရမ္းႀကမ္းတာပဲ !! ငါမင္းနဲ႔ မလိုက္ဘူး !! "
လ်ိဳ႔ခ်ီသည္ နတ္မင္း၏ ေအာ္သံကို မႀကားခ်င္ေယာင္ေဆာင္၍ ေျပာေလသည္။
" စကားပံုေတာင္ရွိေသးတယ္ေလ.. ႀကက္နဲ႔ မဂၤလာေဆာင္ရင္ ႀကက္ေနာက္လိုက္ရမယ္.. ေခြးနဲ႔ အိမ္ေထာင္ျပဳရင္ ေခြးေနာက္ လိုက္ရမယ္ ဆိုတာ.. "
" ေနပါဦး.. အဲဒီ့ စကားပံုက အဲလို သံုးရတာ ဟုတ္လို႕လား ? "
ျမစ္ေစာင့္နတ္မင္းသည္ စကားပံု ၏ အသံုးကို အတည္ေပါက္ စိတ္ဝင္စားသြားခ်ိန္တြင္ လ်ိဳ႔ခ်ီက ေဟာက္လိုက္ေလသည္။
" ဘာမဟုတ္စရာရွိလဲ ? ဒီလိုပဲ သံုးရမွာ.. သတိထားဦးေနာ္ မဟုတ္ရင္ မင္းကိုငါ ထပ္ရိုက္ပစ္လိုက္မယ္.. "
လ်ိဳ႕ခ်ီစကားေႀကာင့္ ပိုင္ခြ်မ္မွာ အလြန္စိတ္ဆိုးျပီး ျပင္းထန္စြာ ေျခေဆာင့္ေလေတာ့သည္။
_______
လ်ိဳ႕ခ်ီသည္ ျမစ္ေစာင့္နတ္မင္းက လူအမ်ားကို ျခိမ္းေျခာက္ျခင္းမျပဳႏိုင္ရန္ ေစာင့္ႀကည့္မည့္ ရည္ရြယ္ခ်က္ျဖင့္ အိမ္ေခၚလာျခင္းျဖစ္သည္။
မည္မ်ွ ေဒါသထြက္ေစကာ မူ အသံုးမဝင္ဘဲ အိမ္ေခၚလာခံရသည့္ ျမစ္ေစာင့္နတ္မင္းမွာ မတရားျပဳက်င့္ခံရေသာ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ႏွယ္ ေအာ္ဟစ္ငိုယိုေနေတာ့သည္။
လ်ိဳ႕ခ်ီက လက္ခုပ္တီး၍ စကားဆိုသည္။
" ကဲ.. ဒီမွာ ေကာင္းေကာင္းေနခဲ့ ဟုတ္ျပီလား.. ငါ စားလို႕ ေကာင္းတာ တစ္ခုခု သြားလုပ္လိုက္ဦးမယ္.. "
" ဒီမွာ စားလို႕ေကာင္းတယ္ဆိုတာေရာ ရွိလို႔လား ? "
သိပ္မႀကာမီမွာပင္ လ်ိဳ႕ခ်ီက အိမ္ခ်က္ဟင္းမ်ားျဖင့္ ျပန္ေရာက္လာသည္။ ခရမ္းခ်ဥ္သီး ႀကက္ဥေမႊေႀကာ္၊ အသားကင္ အစိမ္းေႀကာ္၊ ငါးစြပ္ျပဳတ္တို႔ ျဖစ္သည္။
ပိုင္ခြ်မ္သည္ ႏွာေခါင္းတရံႈ႕ရံႈ႕ျဖင့္ အနံ႔ခံကာ လ်ိဳ႕ခ်ီ အေခၚကိုပင္ မေစာင့္ေတာ့ဘဲ စားပြဲတြင္ အက်အန ေနရာယူလိုက္သည္။ ငါးစြပ္ျပဳတ္ ပန္းကန္လံုးကို သူ႔နားသို႔ဆြဲကာ ခရမ္းခ်ဥ္သီးႀကက္ဥေမႊေႀကာ္ကို အတင္းသြပ္ထည့္ရင္း ထမင္း ႏွစ္ပန္းကန္ အေျပာင္ရွင္းလိုက္သည္။ ထို႔ေနာက္ အသားကင္ အစိမ္းေႀကာ္မ်ားကိုလည္း ပလုတ္ပေလာင္း ဝါးျပန္သည္။ အဆံုးတြင္ေတာ့ စားပြဲေပၚ ရွိသမ်ွ ပန္းကန္အားလံုး ေျပာင္လက္သြားေတာ့သည္။ သူ႔ ႏႈတ္ခမ္းသည္လည္း အဆီတဝင္းဝင္း..။ လ်ိဳ႔ခ်ီမွာမူ ထမင္းပန္ကန္လံုးေလးကိုင္ကာ က်က္သေရတင့္ေသာ ျမစ္ေစာင့္နတ္မင္းမွ အစာငတ္ေနေသာ သရဲတစ္ေကာင္ အျဖစ္သို႔ ေျပာင္းလဲသြားျခင္းကို ေႀကာင္အအ ျဖင့္သာ ႀကည့္ေနမိေတာ့သည္။
တစ္စားပြဲလံုးရွိ အစားအစာမ်ားအားလံုး ပိုင္ခြ်မ္ဗိုက္ထဲသို႕ ေရာက္သြားျခင္းကို ႀကည့္ကာ လ်ိဳ႕ခ်ီက ေမးလိုက္သည္။
" ေကာင္းလား ? "
ပိုင္ခြ်မ္သည္ ပါးစပ္ကို သုတ္၊ ဆန္႔ဆန္႔ရန္႔ရန္႔ ထိုင္ရင္း မ်က္ႏွာေျပာင္တိုက္စြာပင္ ေျဖေလသည္။
" အရမ္း အရမ္းေကာင္း.. "
" ေႀသာ္.. "
ပိုင္ခြ်မ္သည္ ႏႈတ္ခမ္းပါးနား သပ္၍ ေမ်ွာ္လင့္တႀကီး မ်က္လံုးေလးျဖင့္ လ်ိဳ႕ခ်ီကို ႀကည့္ကာ ႏူးညံ့စြာ ေမးေလသည္။
" ရွိေသးလား ? "
လ်ိဳ႕ခ်ီက ပ်င္းတိပ်င္းရြဲ ေျဖသည္။
" မဝေသးလို႕လား ? ငါမင္းကို ငါးအစိမ္းတစ္ေကာင္ေပးမယ္ေလ.. မင္းဟာမင္း ဝါးေနခ်ည္.. "
ျမစ္ေစာင့္နတ္မင္းသည္ လ်ိဳ႔ခ်ီ၏ သေဘာထားကို နားလည္သြားကာ ဂရုတစိုက္ ဂီ်တိုက္ေတာ့သည္။
" မင္းသြားလုပ္ေပးေလကြာ.. ဟင္.. ေနာ္လို႔.. "
လ်ိဳ႔ခ်ီမွာ မ်က္လံုးလွန္ရင္းသာ ညည္းတြားႏိုင္ေတာ့သည္။
" တအား ရင့္က်က္တဲ့ နတ္မင္းႀကီးပဲ.. "
________
လ်ိဳ႕ခ်ီမွာ မီးဖိုေခ်ာင္ထဲ ထပ္ဝင္ရျပီး ေခါက္ဆြဲ ႏွစ္ပြဲ ခ်က္ရျပန္သည္။ ေခါက္ဆြဲပူပူထဲတြင္ ႀကက္ဥ ႏွစ္လံုး ေဖာက္ထည့္၍ အေပၚတြင္ေတာ့ အမဲသားကင္ အလႊာ ႏွစ္ခုသံုးခုအုပ္လိုက္သည္။
ပိုင္ခြ်မ္သည္ တရႈးရႈးတရွဲရွဲျဖင့္ ေခါက္ဆြဲကို ကုန္ေအာင္စားကာ အရည္မ်ားကိုပါ တစ္စက္မက်န္ ေမာ့ေသာက္လိုက္သည္။ ထို႔ေနာက္ လ်ိဳ႔ခ်ီ ပန္းကန္ကိုပါ မ်က္ေစာင္းထိုးေတာ့သည္။
လ်ိဳ႔ခ်ီမွာ ေျပာစရာ စကားပင္ မရွိေတာ့.. ။
" မင္းက တရားလြန္ စားခ်င္ေသာက္ခ်င္ ေနတာမ်ားလား ? "
ျမစ္ေစာင့္နတ္မင္းက ရွက္ေသြးျဖာကာ ျပန္ေျဖသည္။
" ႏွစ္ေတြ အႀကာႀကီး ငါးအစိမ္းပဲ စားရတာေလ.. ဒါမ်ိဳးအသစ္အဆန္းေလးေတြ ေတြ႔ေတာ့ စိတ္မထိန္းႏိုင္ ျဖစ္မိတာေပါ့.. ျပီးေတာ့ ငါက နဂါးေလ.. စားခ်င္ေသာက္ခ်င္စိတ္မ်ားတာက ပံုမွန္ပဲ.. "
လ်ိဳ႕ခ်ီသည္ သက္ျပင္းႀကီးႀကီး ခ်မိေတာ့သည္။
" သြားျပီ.. ငါ မင္းကို မေကြ်းေမြးႏိုင္ေတာ့ဘူး.. "
လ်ိဳ႕ခ်ီ၏ ပံုစံေႀကာင့္ ပိုင္ခြ်မ္သည္ သူ႔ဝတ္ရံုလက္ထဲမွာ ညလင္းပုလဲသြယ္ တစ္လံုးထုတ္ကာ လ်ိဳ႔ခ်ီကို ျပေလသည္။
" ဒါ နည္းနည္းေတာ့ တန္ေႀကးရွိမယ္မလား ? '
လ်ိဳ႕ခ်ီ ဆြံ႕အသြားသည္။
ျမစ္ေစာင့္နတ္မင္းမွာ လ်ိဳ႕ခ်ီ၏ အမူအရာကို ႀကည့္ကာ နားလည္ သြားျပီး မာန္တက္သြားေလသည္။
" ငါ့မွာ ဒါမ်ိဳးစုေဆာင္းထားတာေတြအမ်ားႀကီး.. ျပီးေတာ့ မင္းလိုအပ္ရင္ ျမစ္ႀကမ္းျပင္ ျပန္ဆင္းျပီးလည္း သြားယူလို႕ရေသးတယ္.. အဲလိုဆို ေလာက္မွာပါ.. "
လ်ိဳ႕ခ်ီသည္ ပါးစပ္သုတ္ျပီးေနာက္ ပိုင္ခြ်မ့္ ပုခံုးကို ပုတ္လိုက္သည္။
" ခဏေစာင့္.. ငါ ႀကက္သြား သတ္လိုက္ဦးမယ္.. ငါတို႕ ႀကက္သံပံုးကင္ စားႀကတာေပါ့.. "
ပိုင္ခြ်မ္သည္ ေတာက္ပေနေသာ စိတ္အေျခအေနျဖင့္ စားပြဲခံုေပၚ ေခါင္းကို လွဲခ်လိုက္သည္။ သူ႔မ်က္လံုးေလးမ်ားတြင္ေတာ့ အစားအေသာက္အတြက္ ေမ်ွာ္လင့္ျခင္း အလင္းေရာင္မ်ား တဖ်တ္ဖ်တ္ လက္ေနေပေတာ့သည္။
__________
ဆက္ရန္
Unicode
1. သျှောင်နောက်ဆံထုံးပါ
ရွာလူကြီးမင်းသည် စိတ်ညစ်လျက်ရှိသည်။
အကြောင်းမှာ ရွာအနီးတွင်ရှိသော မြစ်တစ်သွယ်၏ မြစ်စောင့်နတ်မင်းမှ သတို့သမီးကညာ တစ်ဦး အလိုရှိကြောင်း၊ မဆက်သပါက ရွာကို ရေဘေးသင့်စေမည်ဖြစ်ကြောင်း အိပ်မက်ပေး၍ ဖြစ်သည်။
သို့နှင့် ရွာသားများလည်း မဲ စနစ်ဖြင့် သမီးကညာ တစ်ဦးကို ရွေးချယ်ကာ ငိုကြွေးနေသောထိုမိန်းကလေးကို သတို့သမီးသဖွယ် ဆင်ယင်ပေး၍ မြစ်စောင့်နတ်မင်း၏ ကျောင်းတော်ဆီသို့ အိုးစည်ဗုံမောင်းများနှင့် ပို့ဆောင်ကြတော့သည်။
__________
သတို့သမီးလေးသည် ညှိုးငယ်သော အသွင်ဖြင့် ကျောင်းတော်ထဲ တွင် စောင့်ဆိုင်းနေသော်လည်း ပေါ်လာသူမှာ တစ်ရွာတည်းသား လူငယ်တစ်ဦးသာ ဖြစ်နေခဲ့သည်။
သူ့နာမည်က လျို့ချီ ..။ ငယ်စဉ်ကတည်းကပင် သူသည် မကောင်းသူပယ် ကောင်းသူကယ်မည့် လူစွမ်းကောင်းသဖွယ် ရှင်သန်နေထိုင်လာခဲ့သည်။ ရွာထဲရှိ လှည်းယဉ် ငှားရမ်းသူ လူကြီးထံမှ အတိုက်အခိုက်များကို သင်ယူခဲ့သူဖြစ်ပြီး ရွာထဲတွင်တော့ သူ့ကို ဖက်ပြိုင်နိုင်သည့်သူ မရှိပေ..။
လျို့ချီသည် သတို့သမီးလေးကို အဝတ်အထည်တချို့နှင့် အစာခြောက်တချို့ကို ပေးလိုက်ပြီး ကျောက်တိုင် တစ်ခုနောက်တွင် ပုန်းကွယ်ကာ အဝတ်လဲလှယ်စေလိုက်သည်။ သို့မှသာ အလျှင်အမြန်ထွက်ပြေးနိုင်မည် ဖြစ်သည်။
သတို့သမီးလေးက ထွက်မပြေးရဲဘဲ ငိုယို၍ပြောလေတော့သည်။
" ဒါပေမယ့် မြစ်စောင့်နတ်မင်းက သတို့သမီး မရရင် တစ်ရွာလုံးကို ရေလွှမ်းအောင် လုပ်မယ်လို့ ပြောထားတယ်လေ.. "
လျို့ချီသည် လက်သီးကို တကျစ်ကျစ် အသံထွက်လာသည်အထိ ဆုပ်ကာ ဒေါသတကြီးဆိုသည်။
" မြစ်စောင့်နတ်မင်း ဆိုတာ ဘာခွေးချီးတုံးလဲ ? ဒင်း အဲလို လုပ်ရဲရင် လုပ်ကြည့်လေ.. ငါ အသေ ရိုက်သတ်ပေးမယ်.. "
_________
အဆုံးတွင်တော့ သတို့သမီးလေးက ထွက်ပြေးသွားသည်။ လျို့ချီသည် မင်္ဂလာဝတ်စုံကို ကိုယ်ပေါ်တွင် ခြုံထားလိုက်ရင်း လက်ထဲတွင် မှိန်း တစ်ချောင်းကိုင်ကာ မြစ်စောင့်နတ်မင်း အလာကို စောင့်နေလိုက်သည်။
သိပ်မကြာလိုက်.. မြစ်ရေပြင် က ဆူပွက်လာသည့်နှယ် လှုပ်ရှားလာပြီးနောက် ရေတစ်စက်မှ မတင်သည့် မြစ်အောက်ကြမ်းပြင်သည် မြစ်ရေပြင်ကို နှစ်ဖက်ကွဲသွားစေကာ ပေါ်ထွက်လာခဲ့သည်။ မင်္ဂလာ ဝတ်စုံ ဆင်မြန်းထားသော တင့်တယ်သည့် သူတစ်ဦးက မြစ်အောက်ကြမ်းပြင်မှ ပျော်ရွှင်စွာပင် လျှောက်ထွက်လာလေသည်။ ထိုသူ၏ ကိုယ်ပေါ်တွင်တော့ ရေတစ်စက်ပင် မရှိပေ..။
" အဲဒီတော့ ခင်ဗျားက မြစ်စောင့်နတ်မင်းလား.. ? "
မြစ်စောင့်နတ်မင်းသည် လက်နှစ်ဖက်ကို ရှေ့တွင် ဆုပ်ကာ နှုတ်ဆက်လေသည်။
" ဒီ နတ်ငယ်လေးရဲ့ နာမည်က ပိုင်ချွမ် ပါ.. "
" ကျွန်တော့နာမည်က လျို့ချီ.. "
လျို့ချီသည် လက်ထဲရှိ မှိန်းကို ဆ ရင်း ပြန်နှုတ်ဆက်လေသည်။
မြစ်စောင့်နတ်သည် လျို့ချီ၏ နောက်ကျောဘက်ကို ခြေဖျားထောက်ကာ ကြည့်လေသည်။ တစ်စုံတစ်ရာကို မျှော်တလင့်လင့် ဖြစ်နေသည်မှာ သိသာလှသည်။
" အဟမ်း.. ကျွန်တော့်ရဲ့ သတို့သမီးလေးက ဘယ်မလဲ မသိဘူး.. ? "
လျို့ချီသည် သူ့ကိုယ်သူ ခပ်တည်တည်ပင် ညွှန်ပြကာ မိတ်ဆက်လိုက်သည်။
" ကျွန်တော်ပဲ .. "
မြစ်စောင့်နတ်မင်းသည် ပြန်လည် စကားမဆိုခင် သူ့မျက်လုံးသူ အူတိအူကြောင် အမူအယာဖြင့် ပွတ်သပ်လိုက်သေးသည်။
" တစ်ယောက်ယောက်များ ကန်းသွားတာလား ? မင်းက ယောကျ်ားလေးနဲ့ တူပါတယ်.. "
" ယောကျ်ားလေးတွေက သတို့သမီး မဖြစ်ရဘူးလို့ ဥပဒေရှိလား ? "
ပိုင်ချွမ်သည် ကျမ်းစာလာ အဓိပ္ပါယ်တစ်ရပ်ကို ဖွင့်ဆိုနေသည့်နှယ် လေးနက်သော အမူအယာ ဖြင့် သေချာ ပြန်ပြောလေတော့သည်။
" သေချာတာပေါ့.. သတို့သမီးဆိုတာ မိန်းကလေးပဲ ဖြစ်ရမှာလေ.. အကယ်၍ ယောကျာ်းလေးသာဆိုရင် အမျိုးသား သတို့သမီးလို့ ခေါ်မှာပေါ့.. "
" အမှန်ပဲ.. ကျွန်တော်က အမျိုးသား သတို့သမီး .. "
ပိုင်ချွမ် : "……"
__________
ပိုင်ချွမ်သည် မပျော်ရွှင်တော့ဘဲ လျို့ချီကို ဆူပူလေသည်။
" ငါ မင်းကို မလိုချင်ပါဘူး.. ငါ သတို့သမီးပဲလိုချင်တာ.. "
လျို့ချီသည် စိတ်မရှည်တော့..။
" ပြောတဲ့အတိုင်းပဲလေ သတို့သမီးက ငါ ပါ ဆိုနေ.. "
ပိုင်ချွမ်သည် ဆက်ပြောမနေတော့ဘဲ ကျိန်စာရွတ်ရန်သာ ပြင်ဆင်လိုက်လေသည်။
" ငါ မင်းတို့ ရွာကို ရေကြီးအောင်ပဲ လုပ်ပစ်တော့မယ်.. ဟမ့်.. "
လျို့ချီသည် မှိန်းဖြင့် မြစ်စောင့်နတ်မင်းကို တစ်ပွဲတစ်လမ်း ရိုက်နှက်လေတော့သည်။
______
မျက်ရည်များက ပိုင်ချွမ့်ပါးပြင်ပေါ်တွင် စီးကျနေပြီး မင်္ဂလာဝတ်စုံဖြင့်သူ့ကိုယ်လုံးလေးက ကြမ်းပြင်ပေါ်တွင် ပိုးလို့ပက်လက်.. ရိုက်နှက်ခံရခြင်းကြောင့် နဖူးတွင် ဘုသီးကြီးကြီး ထ နေကာ သူ့နှလုံးသားသည်လည်း ပြာကျမတတ် ပူဆွေးနေရှာလေသည်။
လျို့ချီသည် မြစ်စောင့်နတ်မင်း၏ လည်ပင်းကို မှိန်းဖြင့် ထောက်လိုက်ပြီး ခြိမ်းခြောက်သည်။
" ငါ့ရွာကို ကျိန်စာတိုက်ရဲ တိုက်ကြည့်.. အသေ ထိုးသတ်လိုက်မယ်.. "
ပိုင်ချွမ်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ငိုပြန်သည်။
" ငါ့မှာ လူသားတွေနဲ့ အဆက်ဖြတ်ပြီး နှစ်တော်တော်ကြာကြာ ကျင့်ကြံတော့မှ မြစ်စောင့်နတ်မင်းလေး ဖြစ်လာတာလေ.. ပြီးတော့ ငါက မိန်းမလေး တစ်ယောက်ပဲ လိုချင်တာပါ.. ဝူးး.. ငါ လူသားတွေကို ဖမ်းစားနေတာလည်း မဟုတ်.. "
လျို့ချီ ကျွတ်ခနဲ လုပ်လိုက်သည်။
" ဘယ်နှစ်ခါ ပြောရမလဲ.. ငါက မင်းမိန်းမ ပါဆိုနေ.. ရွာကို ရေကြီးအောင် လုပ်ရဲ လုပ်ကြည့်လိုက်လေ.. အေး .. မလုပ်ရဲတာသေချာရင် ငြိမ်ငြိမ်လေး လှဲနေလိုက်.. "
ပိုင်ချွမ်သည် တဝူးဝူး ငို ကာ ပြောလေတော့သည်။
" မင်းက ငါ့ကို အနိုင်လာကျင့်နေတာပဲ.. ငါ အသွင်ပြောင်းပစ်မယ်.. "
လျို့ချီက သူ့ကို လှောင်ပြောင်သည်။
" မင်းက အသွင်ပြောင်းမယ်ပေါ့ ? အဲလောက်စွမ်းတယ်ဆိုလည်း တစ်ခါတည်း ကောင်းကင်ဘုံ တက်သွားပါလား "
ပြောလိုက်ပြီးချင်းမှာပင် ပိုင်ချွမ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွားပြီး တောက်ပသော အလင်းတန်းတစ်ခု အဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ ထိုးတက်ပျောက်ကွယ်သွားတော့သည်။
မကြာမီ တိမ်တိုက်များက အရောင်ပြောင်းသွားပြီး မုန်တိုင်းဆန်သော မိုးစက်များက ကျရောက်လာခဲ့သည်။ မိုးသက်လေပြင်းနှင့် မြစ်ပြင်ကို ကြီးစိုးသည့် ဒဏ္ဋာရီလာ ဘော်ငွေရောင် နဂါးဖြူ တစ်ကောင် သည် ကောင်းကင်ယံတွင် လူးလွန့်လျက်ရှိကြောင်း တွေ့လိုက်ရတော့သည်။
လျို့ချီက အံ့အားသင့်စွာပင် မှတ်ချက်ပြုသည်။
" တကယ်ကြီး ပြောင်းသွားတာဟ .. "
သို့သော် သူ ထိုစကား ပြောပြီးပြီးချင်းမှာပင် ပိုင်ချွမ်က မူလလှဲနေသော ကြမ်းပေါ်တွင် ပြန်ပေါ်လာပြီး ဟောဟဲ ဆိုက်နေတော့သည်။
" မောလိုက်တာ.. မောလိုက်တာ.. "
လျို့ချီ ပြောစရာ စကားမရှိတော့..။
ပိုင်ချွမ်သည် နဖူးမှ ချွေးများကို သုတ်ကာ ရိုးသားစွာပင် ပြုံး၍ ပြောလေသည်။
" ငါက အခုမှ နဂါးအသွင်ပြောင်းအောင် ကျင့်ကြံပြီးတာဆိုတော့ ကြာကြာမပြောင်းနိုင်သေးတာ.. ခဏလေးပဲ ရသေးတယ်.. "
သို့နှင့် လျိုချီသည် မြစ်စောင့်နတ်မင်းကို မှိန်းဖြင့် ထောက်ကာ ကြမ်းပေါ်တွင် ဖိထားပြန်တော့သည်။
_____
ပိုင်ချွမ်သည်ကား ဘာမှ လုပ်မရတော့ ..။ ထွက်ပြေး၍ မရသလို ပြန်တိုက်ရန်လည်း အားမရှိ..။ထို့ပြင် နတ်မိစ္ဆာများ၏ ရှင်းလင်းသော စိတ်သဘောအရ တစ်ယောက်မှ မရသည်နှင့်စာလျင် တစ်ယောက် လက်ထဲရောက်လာသည်က တော်ပေသည်။
ထို့ကြောင့် ပိုင်ချွမ်သည် လျို့ချီကို ရေအောက်နန်းတော်သို့ ခေါ်သွားတော့သည်။ သူ့အစွမ်းဖြင့် စီရင်ပေးထားသောကြောင့် လျို့ချီသည် မြေပေါ်မှာကဲ့သို့ပင် ရေအောက်တွင် အခက်အခဲမရှိ အသက်ရှုနိုင် လမ်းလျှောက်နိုင်လေသည်။
ပိုင်ချွမ်သည် ဝတ်ရုံကို ဆန့်ဆန့်ရန့်ရန့် လုပ်လိုက်ပြီးနောက် ထိုင်ခုံတွင် ထိုင်ကာ မင်္ဂလာသြဝါဒချွေလေသည်။
" မင်းက မိန်းကလေးမဟုတ်ပေမယ့် ဂုဏ်ပုဒ်အရ ငါ့ဇနီးဆိုတော့ ဟောဒီက ခင်ပွန်းပြောတဲ့ စကားတွေကို သေချာနားထောင်ရမယ်.. ဟုတ်ပြီလား.. "
လျို့ချီသည် ရေအောက်ကမ္ဘာကို လျှောက်ငေးနေရင်းမှ စိတ်မပါလက်မပါ အင်း ခနဲ လုပ်လိုက်သည်။ ရေအောက်မြင်ကွင်းမှာ လှပလွန်းသည်။ ငွေမျှင်လေးများ မြောပါနေသည့်နှယ် တောက်ပသည့် မြစ်ရေက တသွင်သွင်စီးနေပြီး နန်းတော်၏ နံရံ အကြည်များကို လာရောက် ရိုက်ခတ်နေသည်။ ပင့်ကူမျှင်ကဲ့သို့ ငွေရောင်တန်းလေးများ ယှက်သွယ်နေသော ရေအောက်ကြမ်းပြင်သည်လည်း အလွန်ပင် တင့်တယ်လှသည်။ ငါးငယ်လေးများက လေပူဖောင်း ပလုံစီလေးများကို မှုတ်ထုတ်ရင်း အုပ်စုဖွဲ့ ကူးခတ်သွားကြသည်။ မြစ်ကြမ်းပြင်ရှိ ကမာကောင်များကတော့ ၎င်းတို့၏ အခွံကို ဟကာ အတွင်းရှိ ပုလဲသွယ်၏ နွေးထွေးလင်းလက်သော အရောင်ကို ဖွင့်ပြထားသည်။
ပိုင်ချွမ် ခြေဆောင့်လိုက်သည်။
" မင်း ငါပြောတာတွေကို ကြားလား ? "
လျို့ချီသည် ခေါင်းပြန်လှည့်ကာ ပိုင်ချွမ်ကို ကြည့်သည်။ သို့သော် အမေးကို မဖြေဘဲ ဗိုက်ကို ပွတ်၍ ပြောလေသည်။
" ငါ ဗိုက်ဆာတယ် "
ပိုင်ချွမ်မှာ စိတ်ဆိုးလွန်း၍ အံကို တဂျွမ်းဂျွမ်း ကြိတ်မိ သွားသည်။ ထို့နောက် ရေချိုပုစွန်နှင့် ဂဏန်းအချို့ကို လက်ယက်ခေါ်ကာ လျို့ချီအတွက် အစားအစာ ပြင်ဆင်စေသည်။
လျို့ချီသည် ငါးအစိမ်း အတုံးလိုက်တင်လာသော ပန်းကန်ကို ခါးသီးစွာ ကြည့်လိုက်သည်။
" ဒါမျိုးဟာတွေကို စားလို့ ရမလား ? "
ပိုင်ချွမ်က မျက်လုံးလှန်ကာ ခပ်ရွဲ့ရွဲ့ဆိုသည်။
" ငါ စားလာတာ နှစ်ပေါင်းရာချီနေပြီ.. "
လျို့ချီသည် သနားစဖွယ် မျက်နှာငယ်သွားပြီး မေးလေသည်။
" ငါဒီမှာ မီးမွှေးလို့ရလား ? "
" သေချာပေါက် မရဘူးပေါ့.."
ပိုင်ချွမ်က မျက်မှောင်ကြုတ်ကာဖြေစဉ်တွင်ပင် လျို့ချီ၏ အစာအိမ်က ကျယ်လောင်စွာ အသံပေးလေတော့သည်။
" အဲလိုဆို ငါမနေနိုင်တော့ဘူး.. ပြန်မယ်.. "
ပိုင်ချွမ်က လွယ်လင့်တကူပင် ခွင့်ပြုလိုက်သည်။
" အင်း .. ပြန် ပြန်.. ငါ ရွာလူကြီးကို အိပ်မက်ပေးပြီး နောက်တစ်ယောက်ပဲ ထပ်တောင်းလိုက်မယ်.. ကိစ္စမရှိဘူး.. "
လျို့ချီသည် မြစ်စောင့်နတ်မင်း၏ အကျၤီလည်ပင်းကို ဆွဲလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။
" ဟောဒီက အလှလေး မင်းပါ လိုက်ခဲ့ရမှာလေ.. "
သနားစရာ နတ်မင်းမှာ အလန့်တကြားဖြစ်သွားပြီး ဟစ်အော်တော့သည်။
" လွှတ်စမ်း ! မင်းက အရမ်းကြမ်းတာပဲ !! ငါမင်းနဲ့ မလိုက်ဘူး !! "
လျို့ချီသည် နတ်မင်း၏ အော်သံကို မကြားချင်ယောင်ဆောင်၍ ပြောလေသည်။
" စကားပုံတောင်ရှိသေးတယ်လေ.. ကြက်နဲ့ မင်္ဂလာဆောင်ရင် ကြက်နောက်လိုက်ရမယ်.. ခွေးနဲ့ အိမ်ထောင်ပြုရင် ခွေးနောက် လိုက်ရမယ် ဆိုတာ.. "
" နေပါဦး.. အဲဒီ့ စကားပုံက အဲလို သုံးရတာ ဟုတ်လို့လား ? "
မြစ်စောင့်နတ်မင်းသည် စကားပုံ ၏ အသုံးကို အတည်ပေါက် စိတ်ဝင်စားသွားချိန်တွင် လျို့ချီက ဟောက်လိုက်လေသည်။
" ဘာမဟုတ်စရာရှိလဲ ? ဒီလိုပဲ သုံးရမှာ.. သတိထားဦးနော် မဟုတ်ရင် မင်းကိုငါ ထပ်ရိုက်ပစ်လိုက်မယ်.. "
လျို့ချီစကားကြောင့် ပိုင်ချွမ်မှာ အလွန်စိတ်ဆိုးပြီး ပြင်းထန်စွာ ခြေဆောင့်လေတော့သည်။
_______
လျို့ချီသည် မြစ်စောင့်နတ်မင်းက လူအများကို ခြိမ်းခြောက်ခြင်းမပြုနိုင်ရန် စောင့်ကြည့်မည့် ရည်ရွယ်ချက်ဖြင့် အိမ်ခေါ်လာခြင်းဖြစ်သည်။
မည်မျှ ဒေါသထွက်စေကာ မူ အသုံးမဝင်ဘဲ အိမ်ခေါ်လာခံရသည့် မြစ်စောင့်နတ်မင်းမှာ မတရားပြုကျင့်ခံရသော အမျိုးသမီးငယ်လေးတစ်ယောက်နှယ် အော်ဟစ်ငိုယိုနေတော့သည်။
လျို့ချီက လက်ခုပ်တီး၍ စကားဆိုသည်။
" ကဲ.. ဒီမှာ ကောင်းကောင်းနေခဲ့ ဟုတ်ပြီလား.. ငါ စားလို့ ကောင်းတာ တစ်ခုခု သွားလုပ်လိုက်ဦးမယ်.. "
" ဒီမှာ စားလို့ကောင်းတယ်ဆိုတာရော ရှိလို့လား ? "
သိပ်မကြာမီမှာပင် လျို့ချီက အိမ်ချက်ဟင်းများဖြင့် ပြန်ရောက်လာသည်။ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်၊ အသားကင် အစိမ်းကြော်၊ ငါးစွပ်ပြုတ်တို့ ဖြစ်သည်။
ပိုင်ချွမ်သည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံကာ လျို့ချီ အခေါ်ကိုပင် မစောင့်တော့ဘဲ စားပွဲတွင် အကျအန နေရာယူလိုက်သည်။ ငါးစွပ်ပြုတ် ပန်းကန်လုံးကို သူ့နားသို့ဆွဲကာ ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို အတင်းသွပ်ထည့်ရင်း ထမင်း နှစ်ပန်းကန် အပြောင်ရှင်းလိုက်သည်။ ထို့နောက် အသားကင် အစိမ်းကြော်များကိုလည်း ပလုတ်ပလောင်း ဝါးပြန်သည်။ အဆုံးတွင်တော့ စားပွဲပေါ် ရှိသမျှ ပန်းကန်အားလုံး ပြောင်လက်သွားတော့သည်။ သူ့ နှုတ်ခမ်းသည်လည်း အဆီတဝင်းဝင်း..။ လျို့ချီမှာမူ ထမင်းပန်ကန်လုံးလေးကိုင်ကာ ကျက်သရေတင့်သော မြစ်စောင့်နတ်မင်းမှ အစာငတ်နေသော သရဲတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခြင်းကို ကြောင်အအ ဖြင့်သာ ကြည့်နေမိတော့သည်။
တစ်စားပွဲလုံးရှိ အစားအစာများအားလုံး ပိုင်ချွမ်ဗိုက်ထဲသို့ ရောက်သွားခြင်းကို ကြည့်ကာ လျို့ချီက မေးလိုက်သည်။
" ကောင်းလား ? "
ပိုင်ချွမ်သည် ပါးစပ်ကို သုတ်၊ ဆန့်ဆန့်ရန့်ရန့် ထိုင်ရင်း မျက်နှာပြောင်တိုက်စွာပင် ဖြေလေသည်။
" အရမ်း အရမ်းကောင်း.. "
" သြော်.. "
ပိုင်ချွမ်သည် နှုတ်ခမ်းပါးနား သပ်၍ မျှော်လင့်တကြီး မျက်လုံးလေးဖြင့် လျို့ချီကို ကြည့်ကာ နူးညံ့စွာ မေးလေသည်။
" ရှိသေးလား ? "
လျို့ချီက ပျင်းတိပျင်းရွဲ ဖြေသည်။
" မဝသေးလို့လား ? ငါမင်းကို ငါးအစိမ်းတစ်ကောင်ပေးမယ်လေ.. မင်းဟာမင်း ဝါးနေချည်.. "
မြစ်စောင့်နတ်မင်းသည် လျို့ချီ၏ သဘောထားကို နားလည်သွားကာ ဂရုတစိုက် ဂျီတိုက်တော့သည်။
" မင်းသွားလုပ်ပေးလေကွာ.. ဟင်.. နော်လို့.. "
လျို့ချီမှာ မျက်လုံးလှန်ရင်းသာ ညည်းတွားနိုင်တော့သည်။
" တအား ရင့်ကျက်တဲ့ နတ်မင်းကြီးပဲ.. "
________
လျို့ချီမှာ မီးဖိုချောင်ထဲ ထပ်ဝင်ရပြီး ခေါက်ဆွဲ နှစ်ပွဲ ချက်ရပြန်သည်။ ခေါက်ဆွဲပူပူထဲတွင် ကြက်ဥ နှစ်လုံး ဖောက်ထည့်၍ အပေါ်တွင်တော့ အမဲသားကင် အလွှာ နှစ်ခုသုံးခုအုပ်လိုက်သည်။
ပိုင်ချွမ်သည် တရှုးရှုးတရှဲရှဲဖြင့် ခေါက်ဆွဲကို ကုန်အောင်စားကာ အရည်များကိုပါ တစ်စက်မကျန် မော့သောက်လိုက်သည်။ ထို့နောက် လျို့ချီ ပန်းကန်ကိုပါ မျက်စောင်းထိုးတော့သည်။
လျို့ချီမှာ ပြောစရာ စကားပင် မရှိတော့.. ။
" မင်းက တရားလွန် စားချင်သောက်ချင် နေတာများလား ? "
မြစ်စောင့်နတ်မင်းက ရှက်သွေးဖြာကာ ပြန်ဖြေသည်။
" နှစ်တွေ အကြာကြီး ငါးအစိမ်းပဲ စားရတာလေ.. ဒါမျိုးအသစ်အဆန်းလေးတွေ တွေ့တော့ စိတ်မထိန်းနိုင် ဖြစ်မိတာပေါ့.. ပြီးတော့ ငါက နဂါးလေ.. စားချင်သောက်ချင်စိတ်များတာက ပုံမှန်ပဲ.. "
လျို့ချီသည် သက်ပြင်းကြီးကြီး ချမိတော့သည်။
" သွားပြီ.. ငါ မင်းကို မကျွေးမွေးနိုင်တော့ဘူး.. "
လျို့ချီ၏ ပုံစံကြောင့် ပိုင်ချွမ်သည် သူ့ဝတ်ရုံလက်ထဲမှာ ညလင်းပုလဲသွယ် တစ်လုံးထုတ်ကာ လျို့ချီကို ပြလေသည်။
" ဒါ နည်းနည်းတော့ တန်ကြေးရှိမယ်မလား ? '
လျို့ချီ ဆွံ့အသွားသည်။
မြစ်စောင့်နတ်မင်းမှာ လျို့ချီ၏ အမူအရာကို ကြည့်ကာ နားလည် သွားပြီး မာန်တက်သွားလေသည်။
" ငါ့မှာ ဒါမျိုးစုဆောင်းထားတာတွေအများကြီး.. ပြီးတော့ မင်းလိုအပ်ရင် မြစ်ကြမ်းပြင် ပြန်ဆင်းပြီးလည်း သွားယူလို့ရသေးတယ်.. အဲလိုဆို လောက်မှာပါ.. "
လျို့ချီသည် ပါးစပ်သုတ်ပြီးနောက် ပိုင်ချွမ့် ပုခုံးကို ပုတ်လိုက်သည်။
" ခဏစောင့်.. ငါ ကြက်သွား သတ်လိုက်ဦးမယ်.. ငါတို့ ကြက်သံပုံးကင် စားကြတာပေါ့.. "
ပိုင်ချွမ်သည် တောက်ပနေသော စိတ်အခြေအနေဖြင့် စားပွဲခုံပေါ် ခေါင်းကို လှဲချလိုက်သည်။ သူ့မျက်လုံးလေးများတွင်တော့ အစားအသောက်အတွက် မျှော်လင့်ခြင်း အလင်းရောင်များ တဖျတ်ဖျတ် လက်နေပေတော့သည်။
__________
ဆက်ရန်
Can you put Unicode first? Not from Myanmar and no zawgyi. Have to scroll all the way down.
ok .. I'll put unicode first next time.. thanks for reading khap <3
😍
reply