💛My Strange Girl💛<ထူးဆန်းသောချစ်သူ>
~~~~~~~~~~
"သူ တို့ ကို တွေ့ အောင် ရှာ ပေး ...
အဲ့ ဒီ့ လူ ယုတ် မာ ကောင်
ငါ နဲ့ ငါ့ ရဲ့ မိ သား စု ကို ရက် ရက် စက် စက်
သတ် ခဲ့ တဲ့ အဲ့ ဒီ့ လူ ယုတ် မာ သူ
အ ပြစ် မ ခံ ရ မ ချင်း ငါ မ သွား နိုင် ဘူး ..."
"ဟင့်အင်း...ရှင်ဘာတွေပြောနေတာလဲ
သူတို့ကိုဘုံဘယ်လိုသိမှာလဲ...ဘုံမသိဘူး
ဘုံရှာနိုင်မှာမဟုတ်ဘူး..."
"မင်း သိ တယ် ..."
"ခြမ်း..."
"အား...."
မီးတောက်တစ်ခုလိုဟဲခနဲထွက်ပေါ်လာတဲ့
အသံနက်ကြီးအဆုံးစားပွဲပေါ်ရှိဖန်ခွက်တစ်ခုက
လွင့်စင်ကွဲကြေသွားလျှင်ဘုံနားနှစ်ဖက်ကို
ပိတ်ကာလန့်အော်ပြီးကုတင်ပေါ်ကနေ
ဆင်းပြေးကာနံရံဘက်ရောက်သွားရ၏...
ပိုပြီးထူးဆန်းနေတာကဘုံတစ်ယောက်ထဲ
ဒီလောက်ဝရုန်းသုန်းကားဖြစ်နေရတာတောင်
ဒေါက်တာမိန့်ခွန်းကနည်းနည်းလေးတောင်
လူပ်ရှားမူ့မရှိခဲ့...
သူ့ကိုကြည့်ရတာအိပ်မွေ့အချခံထားရတဲ့
လူတစ်ယောက်လိုဖြစ်နေသည်။
ထိုအချိန်ဘုံ့အနားကိုသစ်ရွက်တစ်ရွက်လို
မျှောလွင့်လာတဲ့ဝိညာဉ်...
"မင်းသာအဲ့ဒီ့လူယုတ်မာကောင်ကို
ရှာပေးမယ်လို့ကတိပေးရင် ငါလဲ သူ့ကို ထပ်ပြီး
မနှောင့်ယှက်ဖို့မင်းကိုကတိပေးမယ်..."
"ကျွန်...ကျွန်မ."
ဘုံအနီးကပ်မြင်နေရတဲ့ကြောက်စရာ
မျက်နှာကြီးကိုကြည့်ပြီးဘာစကားမှ
ဆက်ပြီးမထွက်နိုင်တော့ချိန်မှာပဲ
ထိူမျက်နှာကြီးဆီမှနီရဲနေတဲ့မျက်လုံးတို့ရဲ့
ညို့ငင်ရာနောက်အိပ်မွေ့ချခံလိုက်ရသူ
တစ်ယောက်ပမာဖြစ်သွားခဲ့ပြီးနောက်........
ဘုံတစ်ခါမှမရင်းနှီးတဲ့နေရာမှာ
ဘုံတစ်ခါမှအိပ်မက်မျှပင်မမက်ခဲ့ဖူးတဲ့
မြင်ကွင်းတို့သည်ဘုံ့မျက်လုံးထဲ
အစီအရီပေါ်ပေါက်လာခဲ့လေတော့၏....။
~~~~~~~~~~~~~~~❤◦.
"အပန်းဖြေစခန်းပရောဂျက်က
အခြေအနေဘယ်လိုရှိလဲ..မြေး..."
မြေးအဖိုးနှစ်ယောက်breakfast
အတူစားနေစဉ်မှာဆိုင်းမဆင့်ဘုံမဆင့်
မေးခွန်းထုတ်လာတဲ့အဖိုး...
"အားလုံးအဆင်ပြေပါတယ်အဖိုး....
စိတ်မပူပါနဲ့...."
အဖိုးကကျန်းမာရေးအခြေအနေကြောင့်
ကုမ္ပဏီအလုပ်တွေကနေလုံးဝအနားယူလိုက်ပြီး
ဘဏ့်ကိုလုပ်ပိုင်ခွင့်တွေအားလုံးလွှဲပေး
လိုက်ချိန်မှစ၍...ကုမ္ပဏီရဲ့ကိစ္စမှန်သမျှကို
ဘာတစ်ခုမှလှည့်မကြည့်ပဲနေနေခဲ့တာ
ကြာခဲ့ပြီဖြစ်သည်။
"စိတ်မပူပါဘူး...ငါ့မြေးကိုအဖိုးက
ယုံပြီးသားပါ...မြေးလဲအလုပ်ထဲမှာပဲ
ခေါင်းနစ်နေတာကိုလျော့ဦး...
ဒီတစ်ပါတ်ထဲမှာပဲအိမ်မပြန်လာတဲ့ရက်တွေ
ဘယ်လောက်များနေပြီလဲ..."
"ဟုတ်ကဲ့ပါ...ကျွန်တော်နောက်တစ်ခါ
ဘယ်လောက်ပဲအလုပ်ရူပ်ရူပ်
အိမ်ကိုပြန်လာပါ့မယ်..."
"၉၉ခေါက်မြောက်ပဲ..ငါ့မြေးဆီကဒီစကားကို
ကြားနေရတာ..."
အမြဲတမ်းစကားနည်းရန်စဲလုပ်တတ်သည့်
ဘဏ့်ရဲ့အကြောင်းကိုသိနေသော
အဖိုးရဲ့အပြောကြောင့်ဘဏ်ရယ်လိုက်မိ၏...
ထိုအချိန်ဦးလေးထူးကအဖိုးရဲ့နားကို
ကပ်လာပြီးဓာတ်ပုံတစ်ပုံကိုပေးသည်။
အဖိုးကဘဏ့်ကိုတစ်ချက်ကြည့်ပြီး
ထိုဓာတ်ပုံကိုဘဏ့်ရှေ့လှမ်းတင်လိုက်၏...
"ဘာလဲ..အဖိုး..."
"Diamondစိန်တိုက်ရဲ့အငယ်ဆုံး
သမီးပဲ...တစ်ခါလောက်တွေ့ကြည့်လိုက်..
ကောင်မလေးကစကာင်္ပူမှာဘွဲ့ယူပြီး
ပြန်လာတာမကြာသေးဘူး...မြေး
သဘောကျလောက်မှာပါ..."
ကြားနေကျဓာတ်ပြားဟောင်းတစ်ချက်ကို
စဖွင့်တော့မည့်အဖိုးကြောင့်
ဘဏ်စိတ်ညစ်သွားရရင်း..
"အသုံးမဝင်ပါဘူးဆိုအဖိုးရာ
အဲ့လိုတွေထိလိုက်လုပ်နေမှဖြစ်မှာလား...
ကျွန်တော်အိမ်ထောင်ပြုဖို့အဆင်သင့်
မဖြစ်သေးဘူး...ကျွန်တော့်မှာ
လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်..."
"မြေးအဆင်သင့်ဖြစ်တဲ့အချိန်ကိုစောင့်နေရင်လဲ
အဖိုးသေတာတောင်..မင်းရဲ့မင်္ဂလာပွဲကို
မြင်ရဖို့ရှိပါ့မလား..ဘဏ်..."
"ဟာ..အဖိုးကလဲဘာတွေလျောက်ပြော
နေတာလဲ..."
"မြေးအသက်ကလဲမငယ်တော့ဘူး...
အလုပ်ကြိုးစားတာကောင်းပေမဲ့...
ဒီလိုဘဝအတွက်အရေးပါတဲ့အရာတွေကို
မေ့မေ့လျော့လျော့လုပ်ထားတာတော့
အဆင်ပြေဘူး...တစ်ကယ်လို့များ
အဖိုးသာရုတ်တရပ်ကြီးခေါက်ခနဲသေသွားခဲ့ရင်
မြေးတစ်ယောက်ထဲဘယ်လောက်အထီးကျန်
လိုက်မလဲ..."
"ကျွန်တော်အထီးမကျန်ပါဘူး
ဦးလေးထူးတို့ရှိသေးတာပဲ..."
ဘဏ်ဘေးမှာရပ်နေတဲ့ဦးလေးထူးကို
ဆွဲထည့်လိုက်တော့ဦးလေးထူးက
မျက်လုံးပြူးခေါင်းယမ်းပြ၏...
အဖိုးအခုချိန်မှာစိတ်ဝင်တစားနဲ့
အင်တိုက်အားတိုက် အရှိဆုံးအလုပ်က
ဘဏ့်ကိုမိန်းမပေးစားဖို့ပင်ဖြစ်လိမ့်မည်
ထင်သည်။
သူသဘောတွေ့တဲ့မိန်းကလေးမျိုးတွေ့ပြီဆို
ဘဏ့်ကိုချော့ပြောမည်၊မရလျှင်
ခြောက်ပြောမည်၊အဲဒါမှမရရင်သူ့ရဲ့
နှလုံးရောဂါကိုလက်နက်သဖွယ်အသုံးချပြီး
ဘဏ့်ကိုအကြပ်ကိုင်တော့တာပဲ....
နောက်ဆုံးတော့တစ်ယောက်ထဲရှိတဲ့အဖိုးနဲ့
အတိုက်အခံမဖြစ်ချင်တာနဲ့ပဲ
ဘဏ်အဖိုးစီစဉ်ပေးတဲ့မိန်းကလေးတွေနဲ့
ကြင်ဖက်တွေ့တွေ့နေရတာလဲ
တစ်ခါနှစ်ခါမကတော့....
ဒါပေမဲ့လဲဘယ်တော့မှအဆင်မပြေတာကို
သိနေပါရဲ့နဲ့အဖိုးကအခုထိလက်မလျော့သေး...
အခုလဲအဖိုးအလိုကျစီစဉ်ပေးထားတဲ့
မိန်းကလေးနဲ့ဘဏ်ဝတ်ကျေတန်းကျေ
သွားတွေ့ကာ..အကြောင်းပြချက်
ကောင်းကောင်းရှာပြီးငြင်းချက်ထုတ်ရဦးမှာလဲ
အသေအချာပင်မဟုတ်ပါလား....
~~~~~~~~~~~~❤◦.¸¸. ◦✿
"မင်းညကဆေးရုံမှာပဲအိပ်တာလား...."
"ဟုတ်တယ်လေမင်းပဲငါ့ကိုမှာခဲ့တာ
မဟုတ်လား...ဘုံကိုသေချာစောင့်ကြည့်ပေးဖို့
အဲ့ဒါကြောင့်ငါလဲညကသူ့ရဲ့
လူနာစောင့်လုပ်လိုက်တာ.."
တစ်ဖက်ကကြားနေရတဲ့မိန့်ရဲ့အသံက
လိုအပ်တာထက်ပိုပြီးလန်းဆန်းတက်ကြွ
နေသလိုပါပဲ...
"အခုရော..သူဘယ်လိုနေသေးလဲ..."
"အင်း..ကောင်းပါတယ်လန်းလန်းဆန်းဆန်းနဲ့
ပုံမှန်ပါပဲ...ငါတို့အခုမနက်စာစားဖို့ပြင်နေတာ
မင်း..ဘုံနဲ့ဖုန်းပြောဦးမလား...."
`ငါတို့´ဆိုတဲမိန့်ရဲ့အသုံးအနူန်းကြောင့်
Laptopပေါ်ပြေးလွှားနေတဲ့ဘဏ့်ရဲ့
လက်ချောင်းသွယ်သွယ်တွေ
အကြောင်းပြချက်မရှိရပ်တန့်သွားခဲ့ရသည်။
"နေ..နေ..မပြောတော့ဘူးရတယ်...
သူအခြေအနေကောင်းရင်လဲပြီးတာပဲ.."
ခဏတာထူးဆန်းသွားတဲ့စိတ်ကို
ချက်ချင်းပြန်ထိန်းရင်းဘဏ်ဟန်မပျက်
ပြန်ဖြေလိုက်သည်။
"ဒါနဲ့...မင်းညနေဆေးရုံလာဦးမှာလား..."
"မလာတော့ဘူး..ညနေချိန်းထားတာရှိတယ်.."
"အလုပ်ကိစ္စနဲ့လား..."
"မဟုတ်ဘူး...ထုံးစံအတိုင်း
အဖိုးစီစဉ်ပေးတဲ့ကိစ္စ....."
ဘဏ်စိတ်သိပ်မရှည်တဲ့ပုံစံနှင့်
သုန်မူန်စွာပြောလိုက်တော့
အကြောင်းသိနေသောမိန့်ကဟက်ဟက်ပက်ပက်
ရယ်သည်။
"ကောင်မလေးနဲ့ပေါ့လေ...ငါ့ကောင်ကြီး
အဆင်ပြေပါစေကွာ..."
"ခွေးကောင်....."
မိန့်စလိုက်တာကိုပျစ်ပျစ်နှစ်နှစ်
တုံ့ပြန်ပြီးဘဏ်ကဖုန်းချသွား၏...
"ဟော..ကြည့်ဦး..ဒီကောင်ကတော့
ဒါလေးစလိုက်တာကို...ဟွန်း..ဟွန်း..."
ဘဏ့်ကိုစောစောစီးစီးဒေါသထွက်သွားအောင်
ကလိလိုက်နိုင်၍..ဖုန်းကိုကြည့်ပြီး
အူမြူးနေတဲ့မိန့်ကိုသူမက
မျက်လုံးဝိုင်းလေးဖြင့်ကြည့်နေတာကိုမြင်မှ
မိန့်ကိုယ်ရှိန်သတ်လိုက်ရင်း...
"အဟင်း...စားရအောင်လေဘုံ
ခေါက်ဆွဲတွေအေးကုန်တော့မယ်..."
ပြောရင်း...မိန့်ဆေးရုံခန်းထဲက
ဆိုဖာရှည်ကြီးပေါ်မှာထိုင်နေတဲ့သူမဘေးမှာ
ဝင်ထိုင်လိုက်သည်။
"ဒီနေ့ဘဏ်ဆေးရုံလာမှာမဟုတ်ဘူး
အဲ့ဒါကြောင့်ဘုံအေးအေးဆေးဆေး
နေလို့ရတယ်..."
"သူဌေးကအလုပ်တွေအရမ်းများတာပဲနော်.."
"ဟာ..ဒီကောင်ကအလုပ်သရဲပဲလေ...
အဲ့ဒါကြောင့်ရည်းစားတောင်မရှာနိုင်ဖို့
အဖိုးကသူ့အတွက်ကြင်ဖက်ရှာပေးနေတာ...
ရုပ်ကြည့်ပြီးတော့မဆုံးဖြတ်လိုက်နဲ့..
ဒီကောင်ကတစ်ကယ့်ဝါရင့်FAကြီး...
ဒီညနေတောင်သူအဖိုးစီစဉ်ပေးတဲ့
ကောင်မလေးနဲ့သွားတွေ့ရမှာလေ..
အဟင်း..."
"ဟုတ်လား..."
သူကတော့သဘောတကျနှင့်ရယ်ပြီး
ပြောနေပေမဲ့...ဘုံလိုက်မရယ်နိုင်ပဲ
ခေါက်ဆွဲပန်းကန်ကိုအကြောင်းမဲ့မွှေနှောက်ရင်း
ခေါင်းလေးငုံ့သွားရ၏....
"ကျွန်တော်စားပြီးရင်ဂျူတီဝင်ရတော့မှာ
ဘုံတစ်ခုခုလိုအပ်ရင်ကျွန်တော့်နားနေခန်းကိုသာ
လာခဲ့နော်..."
"ဟိုလေ...မိန့်..."
မိန့်စကားအဆုံးသူမက
တစ်ခုခုပြောချင်ပုံနှင့်မိန့်ကိုကြည့်လာခဲ့၏..
"ဘုံ..တစ်ခုလောက်အကူအညီတောင်းချင်လို့..."
"အကူအညီ...ပြောလေ..ဘုံဘာလုပ်ချင်လို့လဲ..."
"ဘုံဒီနေ့ဆေးရုံကနေခဏလောက်
ထွက်လို့ရနိုင်မလား....ခဏလေးပါ
ဘုံအရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုရှိနေလို့..."
သူမရဲ့တောင်းဆိုမူ့ကဆေးရုံကနေ
ခိုးထွက်ချင်တာဟုထင်မထား၍
မိန့်နည်းနည်းတော့အံ့ဩသွားခဲ့ရ၏...
"ဘုံကကောင်းကောင်းမှမသက်သာသေးတာ
ဆေးရုံကနေထွက်ပြီးဘယ်ကိုသွားမလို့လဲ.."
"အဲ့.အဲ့ဒါတော့ဘုံပြောပြလို့မရဘူး
ဒါပေမဲ့လဲဘုံ့ကိုကူညီပါနော်..ဘုံသက်သာနေပါပြီ
ပြီးတော့အကြာကြီးလဲမသွားပါဘူး
ခဏလေးပါပဲ...."
မျက်နှာငယ်လေးနှင့်အထပ်ထပ်တောင်းဆိုရင်း
သူမကမိန့်လက်ကိုအားကိုးတကြီး
ဆုပ်ကိုင်လိုက်တဲ့အခါ...မိန့်မှာ..ပြောဖို့
အရှိန်ယူလိုက်သည့်စကားလုံးများစွာသည်
လည်ချောင်းဝမှာတင်တစ်ဆို့ကုန်လျက်
အလိုလိုခေါင်းငြိမ့်လိုက်မိတာကတော့
ထူးဆန်းစွာဖြင့်.....
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
`Warm World´🏯
မြင်လိုက်တာနှင့်နွေးထွေးစေသော
အမည်နာမဖြင့်လိုက်ဖက်လှသည့်
မိဘမဲ့ဂေဟာလေးရဲ့ရှေ့မှာဘုံခြေစုံရပ်လိုက်သည်။
ကလေးတွေရဲ့ပျော်ရွှင်စွာဆော့ကစားသံ
ရယ်မောသံတွေက...အုတ်နံရံရဲ့တခြား
တစ်ဖက်မှာချစ်စရာကောင်းအောင်
ဆူညံနေကြ၏...
"ဒီနေရာလား...."
ဘုံခပ်တိုးတိုးရေရွတ်ရင်းခေါင်းလေးငဲ့ကာ
ဘုံ့ဘေးမှာပါလာတဲ့ဝိညာဉ်ရဲ့
ခဏခဏမြင်နေရတာတောင်အသားမကျ
နိုင်သေးသောကြောက်စရာမျက်နှာကြီးကို
ကြည့်လိုက်တော့...ထိုဝိညာဉ်က
ခေါင်းကိုလေးလံစွာငြိမ့်ပြ၏...
ဘုံချက်ချင်းပင်တစ်ဖက်ကို
ပြန်လှည့်လိုက်ရင်း...ခြံတံခါးဆီမှ
လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်လျှင်
ခဏအကြာတံခါးဝပွင့်သွားခဲ့ပြီး
အမျိုးသမီးတစ်ယောက်ထွက်လာ၏...
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်...."
"ဟုတ်ကဲ့...ဘုံ`Warm World´ရဲ့
ဂေဟာမှူးဒေါ်လီလီမော်နဲ့တွေ့ချင်လို့ပါ..."
"ဪ...ဆရာမကြီးရဲ့ဧည့်သည်လား
အထဲကိုကြွပါရှင်..."
ထိုအမျိူးသမီးကဖော်ရွေစွာဖြင့်ဘုံကို
အထဲသို့ခေါ်လာလျှင်..ထိုဝိညာဉ်က
အပြင်မှာကျန်နေခဲ့၏....
"ဆရာမကြီး...ဧည့်သည်ရောက်နေပါတယ်ရှင့်..."
ဂေဟာမှူးရုံးခန်းထဲကိုရောက်တော့
ဘုံမြင်လိုက်ရတာအသက်၅၀ကျော်ခန့်ရှိနေပြီ
ဖြစ်တဲ့အမျိုးသမီးကြီးတစ်ယောက်ပါပဲ...
"ဧည့်သည်လား...လာပါ..ကြွပါကွယ်...
နုသစ်..သမီးဧည့်သည်အတွက်
ကော်ဖီလေးလုပ်ခဲ့ပါဦး..."
"ဟုတ်ကဲ့..."
ဘုံကိုလိုက်ပို့တဲ့အမျိုးသမီးပြန်ထွက်သွားတော့
ထိုအမျိုးသမီးကြီးကဘုံ့နားကို
လျောက်လာခဲ့ပြီးထိုင်ခုံကိုညွှန်ပြ၏...
"ထိုင်လေ...သမီး..."
"ဟုတ်ကဲ့..."
ဘုံရုံးခန်းထဲကိုမျက်လုံးတစ်ချက်
ဝေ့ကြည့်လိုက်ပြီးထိုင်ခုံမှာဝင်ထိုင်လိုက်တော့
ဆရာမကြီးကဘုံနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။
"သမီးနာမည်က..."
"ဘုံ..ဘုံကြိုးပြတ်ပါရှင့်..."
"ဘုံကြိုးပြတ်တဲ့လား...ဒါနဲ့သမီး
ဆရာမကြီးကိုတွေ့ချင်တာဘာကိစ္စများ
ရှိလို့လဲကွယ်...."
ဆရာမကြီးကမေးလာပေမဲ့ဘုံချက်ချင်း
ပြန်မပြောနိုင်ပဲမျက်မှန်လေးကို
တစ်ချက်ပင့်တင်လိုက်ပြီးမှ...
"ဒီလိုပါရှင်...ဘုံဆရာမကြီးဆီက
သိချင်တာလေးတစ်ခုမေးဖို့အတွက်
ရောက်လာတာပါ..."
"သိချင်တာလား...အင်းး
ပြောကြည့်လေ..တစ်ကယ်လို့ဆရာမကြီး
ပြောနိုင်တာဆို...သမီးကိုကူညီပေးပါ့မယ်...."
ဖော်ရွေသဘောကောင်းပုံရသည့်
ဆရာမကြီးဒေါ်လီလီမော်ကိုကြည့်ပြီး
ဘုံနည်းနည်းတော့အားတက်
သြားခဲ့ရသလိုပါပဲ...
"ဟုတ်ကဲ့...ဘုံသိချင်တာဒီဂေဟာကို
ပထမဆုံးဆောက်လုပ်လှူဒါန်းခဲ့တဲ့
သုခရိပ်မြုံမိသားစုအကြောင်းပါ...
ဆရာမကြီး...."
"ဘယ်လို...သု.သုခရိပ်မြုံဟုတ်လား...."
သို့ပေမဲ့ဘုံ့နူတ်ကသုခရိပ်မြုံဆိုသည့်
အမည်ကိုထွက်သွားခဲ့သည်နှင့်
ဆရာမကြီးဒေါ်လီလီမော်ရဲ့မျက်နှာထားသည်
ဘုံထင်မထားလောက်အောင်
ပြောင်းလဲသွားခဲ့လေတော့၏....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"၂နာရီတောင်ထိုးတော့မယ်...သူဘာလို့
အခုထိပြန်မလာသေးတာလဲ..."
မိန့်လက်ကနာရီကိုကြည့်လိုက်
ဆေးရုံအပြင်ဘက်ကိုလှမ်းမျှော်ကြည့်လိုက်နှင့်
ကောင်တာနားမှာရပ်နေခဲ့တာ
ဘယ်လောက်ကြာပြီမှန်းမသိတော့...
မိန့်ကိုခဏလို့ခွင့်တောင်းပြီး
ဆေးရုံအပြင်ကိုမနက်ကထဲက
ခိုးထွက်သွားတဲ့သူမကခုထိပြန်မရောက်လာသေး..
"ဟား..တစ်ကယ်ပါပဲ မိန့်ခွန်းဆက်
မင်းဘာလို့ခေါင်းငြိမ့်လက်ခံလိုက်ရတာလဲ
သူအပြင်မှာတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ..."
ကိုယ့်ကိုကိုယ်မကျေမနပ်နှင့်ရေရွတ်ရင်း
မိန့်ဂျူတီကုတ်အိတ်ထဲကဖုန်းကိုထုတ်ယူလိုက်သည်။
"ကျစ်...မသွားခင်ဖုန်းနံပါတ်တောင်းထား
လိုက်ရမှာ..နေပါဦးဒီလိုနဲ့သူဆေးရုံက
ထွက်ပြေးသွားတာတော့မဟုတ်လောက်ပါဘူးနော်..."
မိန့်အဖြစ်ကအခုမှတစ်ကယ့်ကိုအရူးမီးဝိုင်းပါပဲ
တစ်ကယ်လို့ဘဏ်များအခုနေရောက်လာလို့
သူမမရှိမှန်းသိရင်...မိန့်ဘယ်လိုမှဖြေရှင်းချက်
ထုတ်လို့ပင်ရတော့မည်မဟုတ်...
အဲ့ဒါတွေထက်မိန့်ရင်ထဲမှာပိုပြီးပူပန်နေခဲ့တာက
သူမအတွက်သာ...
"မင်း...ဘယ်တွေသွားပြီးဘာတွေလုပ်နေပြန်
တာလဲ...ဘုံ...."
~~~~~~~~~~~~❤◦.¸¸. ◦✿
"ဟုတ်ပါတယ်...Warm World
မိဘမဲ့ဂေဟာကိုပထမဆုံးဆောက်လုပ်
လှူဒါန်းခဲ့တာ..ဦးအောင်မင်းထက်တို့မိသားစုလေ
အရင်ကသုခရိပ်မြုံရဲ့ပိုင်ရှင်တွေပေါ့...
ဒါပေမဲ့သူတို့မိသားစုကမီးလောင်မူ့နဲ့
ဆုံးသွားခဲ့တာ၁၀နှစ်လောက်ရှိနေပြီ...
ဆရာမကြီးတို့ဂေဟာရဲ့တစ်သက်ပဲ
ဆိုပါတော့..."
"မီးလောင်မူ့လား...."
"ဟုတ်တယ်..ဦးအောင်မင်းထက်တို့
ဇနီးမောင်နှံရောကလေး၃ယောက်ပါ
ပွဲချင်းပြီးဆုံးသွားကြတာလေ...
တစ်ကယ်တော့သူတို့ကရန်ကုန်ဇာတိမဟုတ်ကြဘူး
ပြင်ဦးလွင်မှာ...ကော်ဖီခြံတွေလိမ္မော်ခြံတွေကို
ပိုင်တဲ့သူဌေးတွေပါ...ရန်ကုန်မှာ
သုခရိပ်မြုံခြံကြီးကိုဝယ်ခဲ့တာကလဲ...
ဦးအောင်မင်းထက်ရဲ့သားအကြီးဆုံးလေးက
ရန်ကုန်မှာဆေးကျောင်းတက်ရမှာမို့
မိသားစုတွေခဏတဖြုတ်နေဖို့စီစဉ်ထားကြတဲ့ပုံပါပဲ...
ဆရာမကြီးတို့နဲ့တော့ဦးအောင်မင်းထက်တို့က
ပြင်ဦးလွင်မှာထဲကသိကြတာလေ..."
"..........."
"ရန်ကုန်မှာဆရာမကြီးဂေဟာဖွင့်ဖြစ်ဖို့ကိုလဲ
သူတို့လင်မယားပဲတိုက်တွန်းခဲ့တာ...
ဒါပေမဲ့အဲ့ဒီ့်နှစ်မှာပဲမီးမတော်တဆမူ့နဲ့
တစ်မိသားစုလုံးအဖြစ်ဆိုးခဲ့ရတယ်..."
ပြောရင်းဆရာမကြီးဒေါ်လီလီမော်ရဲ့
မျက်နှာကအလွန်တရာစိတ်ထိခိုက်သွားဟန်
ဖြင့်သက်ပြင်းဖွဖွချသည်။
"ဦးအောင်မင်းထက်တို့မရှိတော့ပေမဲ့
ဦးအောင်မင်းထက်ရဲ့ညီဦးနိုင်မင်းထက်ကပဲ
ဆရာမကြီးတို့ဂေဟာနဲ့ပါတ်သတ်သမျှကို
အစစအရာရာထောက်ပံ့နေခဲ့တာအခုထိပဲ
ဆိုပါတော့..."
"ဦးအောင်မင်းထက်မှာညီရှိသေးတယ်ပေါ့..."
"အင်း...ဟုတ်တယ်ဦးအောင်မင်းထက်တို့
မိသားစုဆုံးသွားတော့သူကပဲ
ကျန်ခဲ့တဲ့လုပ်ငန်းတွေကိုဦးစီးခဲ့ရတာလေ...
သူကလဲဦးအောင်မင်းထက်လိုပဲအင်မတန်
စိတ်သဘောပြည့်ဝတဲ့လူတစ်ယောက်ပါ.."
သဘောကောင်းသည့်ဂေဟာမှူး
ဆရာမကြီးကတော့ဘုံ့ကိုသံသယမဝင်ပဲ
စိတ်ရှည်လက်ရှည်ဖြေပေး၏...
"ဒါဆို..သုခရိပ်မြုံခြံကြီးကိုရောင်းခဲ့တဲ့လူက
သေဆုံးသွားတဲ့ဦးနိုင်မင်းထက်ရဲ့ညီပေါ့နော်..."
"အင်း...ဟုတ်တယ်ဆရာမကြီးလဲ
ခြံကိုရောင်းလိုက်တယ်လို့တော့ကြားတယ်..
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုဆိုလားပဲ
နှစ်တွေလဲကြာနေပြီဆိုတော့သေချာလဲ
မမှတ်မိတော့ပါဘူး..."
တစ်ချိန်ကသုခရိပ်မြုံဟုခေါ်တွင်ခဲ့ပြီးယခုအချိန်မှာ
မကောင်းဆိုးရွားနယ်မြေဟုနာမည်ကြီးနေသည့်
ထိုခြံကြီး၏နောက်ဆက်တွဲပြသာနာ
သတင်းများကို...ဆရာမကြီးဒေါ်လီလီမော်ကတော့
ကြားသိထားပုံမရပါချေ...
"ဒါနဲ့သမီးကသုခရိပ်မြုံကမိသားစုတွေ
အကြောင်းကိုဘာလို့သိချင်ရတာလဲ..."
"ဪ..ဟို...ဘုံ့ရဲ့မိဘတွေက
ဦးအောင်မင်းထက်ရဲ့မိတ်ဆွေတွေပါ..
ဘုံတို့ကထိုင်းမှာပဲအခြေချနေခဲ့တာကြာပါပြီ
အခု..ဘုံမြန်မာပြည်ကိုဘုရားဖူးလာတုန်း
အဖေကသူ့ရဲ့မိတ်ဆွေအကြောင်းကို
သိချင်တယ်....ပြောတာနဲ့
ဘုံလဲစုံစမ်းရင်းစုံစမ်းရင်းနဲ့ဒီဂေဟာကို
ရောက်လာခဲ့တာပါပဲ..."
ကြိုတင်တွတ်ဆထားပြီးသားမေးခွန်းအတွက်
ဘုံပြင်ဆင်ထားတဲ့အတိုင်းအစီအရီဖြေလိုက်တာကို
ဆရာမကြီးကတော့ယုံကြည်သွားပုံရသည်။
"ဒီလိုလား...အင်း..သမီးရဲ့မိဘတွေကလဲ
ဦးအောင်မင်းထက်တို့မိသားစုရဲ့
သတင်းဆိုးအကြောင်းကိုမကြားခဲ့ဖူးနဲ့
တူပါတယ်..."
"ဟုတ္ကဲ့..အဲ့.အဲ့လိုပါပဲ..."
"ဪ...ဆရာမကြီးတို့ဆီမှာ
ဦးအောင်မင်းထက်တို့မိသားစုဓာတ်ပုံတောင်
ရှိသေးတယ်...ဂေဟာဖွင့်ပွဲတုန်းက
ရိုက်ထားတာလေ..ခဏလေးနော်
ဆရာမကြီးသွားယူပေးမယ်..."
ပြောရင်းဆရာမကြီးဒေါ်လီလီမော်
ထိုင်ရာကနေကပျာကယာထသွားကာမှ
ဘုံရင်ဘတ်လေးဖိကာသက်ပြင်းချမိ၏...
"တော်သေးတာပေါ့..ငါ့ရဲ့လိမ်ဆင်တွေကို
ယုံလို့..."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
ထိုနေ့ကဘုံဂေဟာမှာတော်တော်ကြာကြာ
အချိန်ဖြုန်းလိုက်ရပြီး...မိဘတွေကို
ပြန်ပြဖို့အတွက်ဆိုတဲ့အကြောင်းပြချက်နှင့်
ဓာတ်ပုံကိုဖုန်းနဲ့ရိုက်ကူးယူပြီး
အောင်မြင်စွာပြန်ထွက်လာခဲ့လေသည်။
ဘုံအပြင်ကိုရောက်တော့လမ်းမထက်က
သစ်ပင်တစ်ပင်အောက်မှာတိုင်တစ်တိုင်လို
တောင့်တောင့်ကြီးရပ်နေသောဝိညာဉ်ကို
လှမ်းမြင်လိုက်ရသည်။
"အေမ့..."
ဘုံကလှမ်းကြည့်နေရုံရှိသေးလေ၏အလျင်နူန်းဖြင့်
အနားကိုရိပ်ခနဲရောက်လာတဲ့ဝိညာဉ်ကြောင့်
လန့်ဖျတ်အော်မိသွားရ၏...
ဘုံ..ဘေးဘီကိုတစ်ချက်ဝေ့ကြည့်ပြီး
အိတ်ထဲကဖုန်းလေးကိုကပျာကယာ
ထုတ်ယူပြီးနားမှာကပ်လိုက်သည်။
"ရှင့်ယောကျာင်္းနာမည်ကဦးအောင်မင်းထက်
မဟုတ်လား..."
ဘုံ့အမေးကိုဝိညာဉ်ကလေးတွဲ့စွာခေါင်းငြိမ့်ပြသည်။
"ရှင်တို့မိသားစုတွေကမီးလောင်မူ့ကြောင့်
သေသွားခဲ့တာလား..."
နောက်တစ်ကြိမ်ထပ်ပြီးခေါင်းငြိမ့်ပြလာပြန်၏...
"အခု..ဘုံရှင်ပြောတဲ့နေရာကိုလဲ
လာခဲ့ပြီးပြီ..ရှင်ခိုင်းတဲ့အတိုင်းရှင်တို့မိသားစု
ဓာတ်ပုံကိုလဲယူလာခဲ့ပြီးပြီ..အခုပြောပါ
ဘုံရှင့်ကိုဘာထပ်ပြီးလုပ်ပေးရဦးမှာလဲ..."
"မင်း မ ကြာ ခင် သိ လာ ရ လိမ့် မယ်.."
"ဟင်..."
ထိုစကားတစ်ခွန်းကိုသာပြောပြီး
ထိုဝိညာဉ်ကဖျတ်ခနဲဘုံ့ဘေးကနေ
ပျောက်ကွယ်သွားခဲ့တော့၏....
~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဟူး...ငါ့ဘဝကြီးကအမြဲတမ်းဒီလိုပုံစံနဲ့
ဖြတ်သန်းနေရတော့မှာလား..သရဲတွေခိုင်းတာလုပ်
သရဲပြောတဲ့အတိုင်းနာခံ...ဟား...ဘာလို့
လူအများကြီးကြားမှာငါတစ်ယောက်ထဲကွက်ပြီး
ကံဆိုးနေရတာလဲ...."
ဘုံ...ဂေဟာကနေကားဂိတ်ကိုလျောက်လာတဲ့
လမ်းတစ်လျောက်ကိုယ့်အဖြစ်ကိုမကျေမနပ်နှင့်
ပွစိပွစိရေရွတ်လာမိသည်။
လူကကောင်းကောင်းနေမကောင်းသေးတဲ့
အချိန်တနေကုန်၊စိတ်မောလူမောဖြစ်ခဲ့ရတာမို့
ဘုံbus-stopထဲမှာကားထိုင်စောင့်နေရင်းမှ
တိုင်ကိုခေါင်းမှီထားရင်းမျက်ဝန်းတွေခဏပိတ်
လိုက်စဉ်မှာပဲ..
ဘုံ့တစ်ကိုယ်လုံးအေးစိမ့်စိမ့်ဖြစ်သွားတဲ့
ခံစားချက်ကြောင့်ဖျတ်ခနဲမျက်လုံးပြန်ဖွင့်ကြည့်
လိုက်တော့ဘုံ့ရှေ့မှာငုတ်တုတ်လေးတွေ
ထိုင်နေတဲ့အမွှာကလေးသရဲလေးနှစ်ကောင်..
"ဟာ..လာပြန်ပြီ..."
ဘုံစိတ်ပျက်သလိုခပ်တိုးတိုးရေရွတ်ရင်း
ဘတ်စ်ကားဂိတ်ထဲကလူတွေကို
တစ်ချက်ဝေ့ကြည့်ကာဖုန်းကို
နားမှာကပ်လိုက်ရပြန်သည်။
"ဒီရက်ပိုင်းအရမ်းအရေးကြီးတဲ့ကိစ္စရှိလို့
ဘယ်သူ့ကိုမှဝန်ဆောင်မူ့မပေးနိုင်ဘူး...
သွားတော့...ငါ့ကိုထပ်မရှာကြနဲ့...."
ဘုံခပ်တည်တည်နဲ့ပြောလိုက်တာတောင်
ထိုကလေးသရဲနှစ်ကောင်ကဘုံ့ရှေ့မှာ
ငုတ်တုတ်ထိုင်ပြီးမော့မော့လေးကြည့်နေကြဆဲ...
"ကျစ်..ဒီကလေးတွေတစ်ကယ်ပြောရ
ခက်တာပဲ..."
ဘုံ..ကျစ်ခနဲစုပ်သပ်ရင်းဖုန်းကိုကပ်ထားလျက်
တခြားနေရာကိုထသွားရန်ပြင်လိုက်စဉ်...
"အမေနေမကောင်းလို့...ဘယ်သူမှမသိဘူး
သားတို့အမေသေတော့မယ်ထင်တယ်..."
ရုတ်တရပ်ကလေးတွေဆီကကြားလိုက်ရတဲ့
ခပ်ဩဩအသံကြောင့်ဘုံခေါင်းငဲ့ပြီး
ပြန်လှည့်ကြည့်လိုက်သည်။
ထိုအခါကလေးသရဲနှစ်ကောင်ကဘုံ့ဘေးကို
တစ်ဖက်တစ်ချက်ဆီရောက်လာခဲ့ပြီး
"အစ်မ..သားတို့အမေကိုလိုက်ကြည့်ပေးပါနော်..."
"အစ်မ...သားတို့ကိုမကူညီပေးရင်
သားတို့အမေသေတော့မှာ...."
"လျှောက်မပြောနဲ့..ငါနင်တို့လိုကလေးတွေကို
တွေ့ဖူးတာတစ်ခါနှစ်ခါမဟုတ်တော့ဘူး
နင်တို့ငါ့ကိုလိမ်ခေါ်ပြီးရင်ခြောက်လှန့်ဖို့ကြိုးစား
ကြဦးမှာမလား...ငါနင်တို့နဲ့မကစားနိုင်သေးဘူး...
သွားကြ..."
ကလေးသရဲတွေဒုက္ခပေးတာအကြိမ်ကြိမ်
ခံခဲ့ရဖူးပြီမို့...ဘုံမယုံမကြည်သလိုပြောလိုက်ရင်း
ကားဂိတ်ထဲကပြန်ထွက်လာလိုက်၏...
"အီး..ဟီး..ဟီး..."
ထိုအခါဘုံ့နောက်ကနေကပ်ပါလာတာက
ထိုကလေးသရဲလေးတွေရဲ့ဝမ်းပမ်းတနည်း
ငိုသံတွေ....
ဘုံနောက်လှည့်မကြည့်မိအောင်
အားတင်းထားပေမဲ့လဲနဂိုထဲက
အသဲမမာနိုင်တာကြောင့်ခြေဆယ်လှမ်း
မပြည့်ခင်မှာပဲနောက်ပြန်လှည့်ကြည့်
လိုက်မိ၏...
ထိုအခါဘုံမြင်လိုက်ရတဲ့မြင်ကွင်းက
ဘုံဆီသို့ဝမ်းသာအားရနဲ့ပြေးလာနေတဲ့
ကလေးတွေကိုပါပဲ...
"ဟူး...ငါကတော့တစ်ကယ်ပါပဲ..."
ဘုံ..ကိုယ့်ကိုကိုယ်အားမလိုအားမရ
ရေရွတ်လိုက်မိပြန်ရင်း....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"နင်တို့အမေက..ဒီနေရာမှာလား..."
ကလေးတွေကိုပြန်မေးရင်း...ဘုံဇက်လန်ကျိူးမတတ်
မော့ကြည့်လိုက်ရတဲ့အဆောက်အဦးကြီးက
Deep Hotel.....
"ဒါ..သူဌေးပိုင်တဲ့ဟိုတယ်လား..."
ဘုံခပ်တိုးတိုးရေရွတ်ရင်း
စိတ်ထဲတစ်မျိုးလေးဖြစ်သွားရ၏...
"သားတို့အမေကဒီဟိုတယ်ကြီးမှာ
သန့်ရှင်းရေးလုပ်တာ...အမေက
မနက်ထဲကနေမကောင်းတာကို
မနားပဲအလုပ်သွားတယ်..အခုအမေ
အရမ်းတွေနေမကောင်းဖြစ်ပြီးသန့်စင်ခန်းထဲမှာ
အိပ်ပျော်နေတယ်..."
"သန့်စင်ခန်းထဲမှာ..."
ဘုံအလန့်တကြားပြန်မေးလိုက်တာကို
ကလေးနှစ်ယောက်မျက်ရည်တွေဝိုင်းလျက်
ခေါင်းငြိမ့်သည်။
"အစ်မအထဲကိုအမြန်ဝင်သွားပြီးတခြားသူတွေကို
ပြောပေးပါနော်...သားတို့အမေကို
ဆေးရုံပို့ပေးပါ...အမေအိပ်နေတာအရမ်း
ကြာနေပြီ...."
ဘုံကိုပြောပြီးထိုကလေးတွေကအထဲကို
ပြေးဝင်သွားတဲ့အခါ...
"ဟဲ့..နေကြဦးလေ..."
ခပ်အုပ်အုပ်အော်သံနဲ့အတူဘုံသူတို့
နောက်ကနေပြေးလိုက်သွားရတာက
ဒရောသောပါးဖြင့်....
~~~~~~~~~~~~~~
ဘဏ်..အဖိုးစီစဉ်ပေးထားတဲ့
မိန်းကလေးနဲတွေ့ဖို့အတွက်
ကုမ္မဏီကနေစောစောပြန်လာခဲ့ပြီး
စိတ်မပါ၊လက်မပါနဲ့ဟိုတယ်ကို
ရောက်လာခဲ့ရသည်။
"သူရောက်နေပြီတဲ့လား..."
"ရောက်နေပြီလို့ပြောပါတယ်အစ်ကိုလေး..."
ကားပါကင်ကနေဓာတ်လှေကားနဲ့
တက်လာရင်းဘဏ်မေးလိုက်တော့
ဘေးမှာပါလာတဲ့လရောင်ကပြန်ဖြေသည်။
"အဖိုးကတော့တစ်ကယ်ပါပဲ..ဘယ်အချိန်ထိ
ငါ့ကိုအခက်တွေ့အောင်လုပ်နေဦးမှာလဲမသိဘူး..."
"အစ်ကိုလေးမိန်းမမယူမချင်းလို့တော့
ထင်ပါတယ်..အ..."
အလိုက်ကန်းဆိုးမသိထပ်ဖြေလာတဲ့
လရောင်ရဲ့ညိုသကျည်းက
ဘဏ့်ရဲ့ကန်ချက်နဲ့မိတ်ဆက်သည်။
"အဲ့လောက်လွယ်နေရင်မင်းယူလိုက်ပါလား..."
"အဟဲ..."
"ရယ်မနေနဲ့...စိတ်ကကြည်နေတာမဟုတ်ဘူး..."
မနိုင်နိုင်ရာလရောင်ကိုပါတ်ရမ်းလိုက်ရင်း
ဘဏ်သုန်မူန်နေတဲ့မျက်နှာနှင့်
ပွင့်သွားသောဓာတ်လှေကားကနေ
လှမ်းထွက်လာခဲ့ချိန်....
"ဟင်..."
လူတွေအများကြီးကြားထဲမှာမှ..မျက်လုံးထဲကို
တန်းဝင်လာတဲ့ပုံရိပ်လေးတစ်ခု...
"ဘုံကြိုးပြတ်..."
သူနာမည်ကိုခေါ်ရင်းဘဏ်ခြေလှမ်းတုံ့သွားတော့
လရောင်ကလဲယောင်နနနှင့်လိုက်ရပ်သည်။
"သူ..ဒီကိုဘယ်လိုရောက်နေတာလဲ..."
"ဘယ်သူလဲ...အစ်ကိုလေး..."
ဘဏ်လရောင်အမေးကိုပြန်မဖြေနိုင်ပဲ
လက်ကာပြလိုက်ချိန်...မျက်လုံးရှေ့မှာ
မြင်နေရတဲ့သူမကတော့ယောင်နနနှင့်
ဟိုကြည့်ဒီကြည့်လုပ်ရင်းကသုတ်ကရိုက်လေး
လှမ်းထွက်သွားလေတော့၏...
~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel