အတွေးနဲ့ဝဲတက်လာတဲ့မျက်ရည်တွေကို...ဘုံ
မျက်တောင်များနှင့်ပုတ်ခတ်သိမ်းဆည်းလိုက်သည်။
"ဆုံးဖြတ်ပြီးပြီပဲ...ဘုံ...နောက်ပြန်မလှည့်နဲ့...."
ကိုယ့်ကိုကိုယ်အားပေးလိုက်ရင်း...ခေါင်းကအနာကို
သတိရသွားကာစည်းထားနဲ့ပါတ်တီးကိုလက်နှင့်
ဖွဖွထိကိုင်လိုက်သည်။
"ငါကတော့တစ်ကယ့်ကိုကံဆိုးမသွားရာ...မိုးလိုက်လို့
ရွာနေတာပါလား....."
ကိုယ့်အပူနဲ့ကိုယ်အိမ်ကထွက်လာပါတယ်ဆိုမှ...
သရဲနဲ့တွေ့ခဲ့ရရုံမက...ကားပင်အတိုက်ခံလိုက်ရသေးသည်။
"ညကဝိညာဉ်ရောဘယ်လိုဖြစ်သွားပါလိမ့်....
သူငါ့နောက်တော့မလိုက်လာလောက်ပါဘူး...."
"ဒုန္း...."
"အမလေး...."
အတွေးမဆုံးလိုက်...ဆေးရုံကုတင်ခေါင်းရင်းစားပွဲ
ပေါ်ကနေဒုန်းခနဲပြုတ်ကျသွားတဲ့..နတ်သမီးပုံ
သစ်သားအလှရုပ်ထုလေး.....
"ဒါ...ဒါက...."
"ဟင်း...ဟင်း...ဟင်း...."
ဘုံအထိတ်တလန့်ဖြစ်သွားစဉ်မှာပဲ...အနောက်ကနေ
ကြားလိုက်ရတဲ့ခပ်ညှင်းညှင်းရယ်သံကြီးကြောင့်
ဘုံတစ်ကိုယ်လုံးကြက်သီးမွေးညှင်းတွေထသွားရချိန်...
အေးစက်နေတဲ့လက်ကြီးတစ်ဖက်က...ဘုံ့ရဲ့ပခုံးထက်ကို
ထိတွေ့လာခဲ့ရင်း.....
"သူ့ကိုပြောပေး....."
ထပ်ပြီးကြားလိုက်ရတဲ့အေးစက်အသံကြီးကြောင့်
ဘုံဦးခေါင်းလေးအနောက်ကိုတဖြေးဖြေးလည်ကြည့်
လိုက်ချိန်....မြင်လိုက်ရတဲ့နီရဲနေတဲ့မျက်ဝန်းတွေနှင့်
ကြောက်စရာမျက်နှာကြီးတစ်ခု.....
"အား...."
ဘုံ...အသံကုန်အော်ဟစ်လိုက်မိရင်း...ချက်ချင်းပင်
ဆေးရုံကုတင်ပေါ်ကနေခုန်ဆင်းလိုက်သည်။
"သူ့ကိုပြောပေး...ထွက်သွားလို့ပြောပေး...."
"ဟင့်အင်း....မလာနဲ့...."
"ထွက်.သွား.လို့.ပြော.ပေး....."
"မလာပါနဲ့...ဘုံတောင်းပန်ပါတယ်...ထွက်သွားပါ..."
ဘုံလက်တခါခါနှင့်တောင်းပန်ရင်း...အနောက်ကို
တစ်လှမ်းချင်းဆုတ်နေမိသလို...ထိုဝိညာဉ်ကလဲ
ဘုံနားကိုတဖြေးဖြေးချင်းပိုပြီးတိုးကပ်လာခဲ့သည်။