❤My Strange Girl❤<ထူးဆန်းသောချစ်သူ>
m ~~~~~~
"သူ...ဒီနေရာမှာသူရှိနေတယ်...."
မောဟိုက်ပန်းလျနေတဲ့စကားသံလေးအဆုံး
သူမကဘဏ့်ရင်ခွင်ထဲပျော့ခွေကျသွားခဲ့သည်။
"ဘုံ...သတိထားပါဦး...ဘုံကြိုးပြတ်....."
ဘဏ်မိုးရေတွေရွဲစိုနေတဲ့သူမရဲ့ခန္တာကိုယ်လေးကို
အတင်းအကြပ်ပွေ့ပိုက်ထားရင်း...
စိုးရိမ်တကြီးလူပ်နိုးနေမိပေမဲ့သူမကတော့
အသိကင်းမဲ့ငြိမ်သက်နေခဲ့ပြီဖြစ်၏...။
"ဟာ...."
ထိုအချိန်သူမရဲ့ကိုယ်ထဲမှရှည်မျောမျောသဏ္ဍာန်
ရှိသည့်အဖြူရောင်အငွေ့တွေက....
တဖြေးဖြေးထွက်လာပြီးလေထဲမှာဝေ့ဝဲသွားတာကို
ဘဏ်မျက်ဝါးထင်ထင်ရှင်းရှင်းလင်းလင်း
မြင်လိုက်ရတဲ့အခါ...ကိုယ့်မျက်လုံးပင်
ကိုယ်မယုံကြည်နိုင်လောက်အောင်
အံ့အားသင့်သွားခဲ့ရသည်။
ထိုအငွေ့ဖြူဖြူတို့ကတော့ဘဏ်နှင့်မလှမ်းမကမ်းထိ
လွင့်မျောသွားရင်းမိန်းမတစ်ယောက်၏သဏ္ဍာန်
ဖြစ်သွားခဲ့ကာလေထဲမှာမျောလွင့်နေခဲ့၏...။
"ဝေါ...ဝေါ...."
ထိုအချိန် မိုးသံလားလေသံလားမသဲကွဲတဲ့
အသံတို့ကပါတ်ဝန်းကျင်တစ်ခုလုံးမှာပိုပြီး
ကြီးစိုးလာခဲ့ရင်းမိုးကပိုပြီးသည်းမဲလာခဲ့သည်။
တဖန်...ထိုအရိပ်လိုသဏ္ဍာန်ကဘဏ်နှင့်သူမနားကို
ဝေါခနဲနီးကပ်လာခဲ့ပြန်တာနှင့်ဘဏ်ရင်ခွင်ထဲရှိ
သူမကိုယ်လေးကိုအပေါ်ကိုကပျာကယာ
အုပ်ကာလိုက်ချိန်..........။
"ဟင်..."
အချိန်ကိုက်လိုပင်ဝင်းကြီးတစ်ခုလုံး
မီးတွေဖျပ်ခနဲလင်းထိန်သွားတဲ့အခါထိုတဝေါဝေါ
အသံတွေကလဲရုတ်ချည်းပျောက်ကွယ်သွားခဲ့၏..
ထိုအခါမှဘဏ်သူမကိုအုပ်မိုးထားရာမှဖယ်ပြီး
ခေါင်းမော့ကြည့်လိုက်လျှင် ခုနကအရိပ်ဖြူဖြူုကြီးက
ရှိမနေခဲ့တော့...။
"သူဌေး....."
"သူဌေး ..."
ထိုစဉ်စိုးရိမ်တကြီးခေါ်သံတွေနှင့်
ဘဏ်တို့ရှိရာကိုပြေးလာနေတဲ့
ကိုရဲနိုင်တို့လူစု.....။
"ရုတ်တရပ်မီးပျက်သွားတော့ကျွန်တော်တို့...
သူဌေးကိုစိတ်ပူသွားတာ...သူဌေးဘာမှမဖြစ်ဘူး
မဟုတ်လား....ဟင်...ဒီမိန်းကလေးက....."
အနားကိုရောက်တာနှင့်.....
ဘဏ့်ကိုကြည့်ပြီးပူပန်စွာဆိုလိုက်တဲ့ကိုရဲနိုင်က
ဘဏ်ပွေ့ပိုက်ထားတဲ့သူမကိုမြင်တော့
အံ့ဩတကြီးဖြစ်သွားခဲ့သည်။သို့ပေမဲ့
ဘဏ်ရှင်းပြနေဖို့အချိန်မရှိပဲသူမကိုသာစိုးရိမ်တကြီး
ပွေ့ယူထရပ်လျက်နေရာကနေအပြေးတစ်ပိုင်းလှမ်း
ထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လေးလံကျိန်းစပ်လွန်းနေတဲ့မျက်ခွံတွေကိုဘုံ
အားယူပြီးဖွင့်ကြည့်လိုက်တဲ့အခါပထမဆုံး
မြင်လိုက်ရတာဆေးရုံရဲ့မျက်နှာကျက်ဖြူဖြူသာ
ဖြစ်သည်။
"ဘုံ...."
"မင်းသတိရလာပြီလား..."
ထိုအခါစိုးရိမ်ပူပန်နေတဲ့အသံတွေနှင့်အတူ
ဘုံရဲ့ကုတင်ဘေးကိုရောက်လာတာက
ဒေါက်တာမိန့်ခွန်းနဲ့သူဖြစ်နေ၏...။
"အား...ကျွတ်...ကျွတ်..."
ဘုံလူပ်ရှားချင်စိတ်မရှိအောင်နွမ်းနယ်နေလျက်
ခန္တာကိုယ်အနှံ့အပြားဆီကပေါ်ပေါက်နေတဲ့
နာကျင်မူ့တို့ကြောင့်ငြီးငြူသံလေးနှင့်အတူ
သူတို့ကိုကြည့်ပြီးခေါင်းကိုသာဖွဖွငြိမ့်ပြနိုင်၏။
"ဘုံ့ရဲ့မျက်မှန်..."
ဒေါက်တာမိန့်ခွန်းက...ဘုံ့ဘေးမှာအသာဝင်ထိုင်
လိုက်ပြီးဘုံ့လက်ထဲကိုမျက်မှန်လေး
ထည့်ပေးသည်။
"ဘယ်လိုနေသေးလဲဘုံ...ဘယ်နေရာကနေလို့
မကောင်းဘူးလဲ....."
"ဘုံတစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလိုပဲ
နာကျင်နေတယ်လူပ်ရှားဖို့တောင်အားမရှိတော့
သလိုပဲ....."
ဘုံ့စကားကြောင့်သူတို့နှစ်ယောက်တစ်ယောက်
မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး....။
"မင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာရောမှတ်မိရဲ့လား...."
ဘေးမှာရပ်နေတဲ့သူ့ရဲ့အမေးကိုဘုံခေါင်းလေး
ထပ်ပြီးငြိမ့်ပြလိုက်မိရင်း...။
"မနေ့ညကသူ.အဲ့.အဲ့ဒီ့ဝိညာဉ်ဘုံ့ဆီရောက်လာတာ...
သူကခါတိုင်းထက်ပိုပြီးကြောက်စရာကောင်းနေတယ်
အဲ့ဒီ့ဝိညာဉ်ဘုံ့ရဲ့ခန္တာကိုယ်ထဲကိုဝင်ပူးခဲ့တာ....
ပြီးတော့သူရှိနေတဲ့နေရာကိုဘုံ့ကိုခေါ်သွားတယ်...
အဲ့ဒီနေရာကသူဌေးရဲ့အပန်းဖြေစခန်း
Siteထဲမှာပဲ...အဲ့ဒီ့နောက်ပိုင်းအဖြစ်အပျက်တွေကို
တော့ဘုံမမှတ်မိတော့ဘူး...."
"သူကဘာဖြစ်လို့လူသားတစ်ယောက်ရဲ့ခန္တာကိုယ်ထဲကို
အလွယ်တကူ ဝင်ရောင်ပူးကပ်နိုင်တဲ့အထိ
အစွမ်းတွေရှိနေရတာလဲ....."
ဘဏ့်အမေးကြောင့်သူမကဘဏ့်ကိုလှမ်းကြည့်လာရင်း။
"ဘုံ..ဘုံလဲမသိဘူး....
သူကအရမ်းကြောက်စရာကောင်းတယ်
အဲ့ဒါတော့အမှန်ပဲ..."
ဂဏှာမငြိမ်တဲ့မျက်ဝန်းလေးတွေဖြင့်
သူမကအကြောက်ပြေသေးပုံမရပဲ
ထထိုင်ရန်ပြင်တော့မိန့်ကသူမကိုတွဲထူ၏...။
"ဘုံဒီကိုဘယ်လိုပြန်ရောက်လာတာလဲဟင်...."
"ဘုံကိုဘဏ်ကဆေးရုံကိုပြန်ခေါ်လာခဲ့တာ..."
မိန့်ဝင်ဖြေလိုက်တော့ သူမကဘဏ့်ကိုလှမ်းကြည့်လာ၏..
"သူဌေးကဘုံကိုပြန်ခေါ်လာတာလား...."
"ငါမနေ့ညကSiteထဲကိုရောက်တော့အထဲမှာ
လှည့်ပါတ်ကြည့်နေတုန်းတောအုပ်အစပ်နားမှာ
မင်းကိုတွေ့ခဲ့တာ..."
"ဘဏ်နဲ့ဆုံခဲ့လို့တော်သေးတာပေါ့ဘုံရယ်
မဟုတ်ရင်ဘုံတစ်ခုခုဖြစ်သွားနိုင်တယ်...."
မိန့်ကသူမကိုကြည့်ပြီးပူပန်စွာဆိုနေတော့
ဘဏ်မသိမသာမျက်နှာလွှဲမိသွားရသည်။
"ဘုံ...သူဌေးကိုကျေးဇူးတင်ပါတယ်နော်...
တစ်ခါမှဘုံဒီလောက်ထိထိတ်လန့်စရာတွေ
မကြုံခဲ့ရဖူးဘူး..."
"သူကမင်းကိုဘာရည်ရွယ်ချက်နဲ့သူရှိနေတဲ့နေရာကို
ခေါ်သွားခဲ့တာလဲ...."
ဘဏ့်အမေးကြောင့်သူမမျက်ဝန်းလေးတွေထဲမှာ
ထိတ်လန့်ခြင်းအရိပ်အငွေ့တွေဖြတ်သန်းသွားခဲ့ရင်း..။
"သူကဘုံ့ကိုတစ်ခုခုပြောပြချင်နေတာထင်ထယ်...
သူအဲ့ဒီ့နေရာမှာမကျွတ်မလွတ်ပဲ
စွဲကပ်နေရတဲ့အကြောင်းအရင်းအမှန်ကိုပေါ့...
သူကအရမ်းကြောက်စရာကောင်းတာပဲ..
ဘုံအဲ့ဒါကိုတော့.အ.အသေအချာသိနေတယ်..."
ပြောနေရင်းသူမအသံကမောဟိုက်မူ့တွေနဲ့
တုန်ရီလာခဲ့ရင်းစောင်ကိုဆုပ်ဆွဲထားတဲ့
လက်ချောင်းလေးတွေကလဲတဆတ်ဆတ်
တုန်ယင်နေခဲ့၏...။
ဒါကိုသတိထားမိတဲ့မိန့်နဲ့ဘဏ်ကတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြန်သည်။
သူမဘယ်လောက်ထိ..ထိတ်လန့်စရာအဖြစ်အပျက်တွေ
ကြုံခဲ့ရတာလဲ.....??
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"စိတ်မပူပါနဲ့ဦးလေးထူး..ကျွန်တော်ညကအလုပ်တွေ
အရမ်းများနေလို့ရုံးခန်းမှာပဲအိပ်ဖြစ်သွားတာ....."
"..........."
"အင်း...ဒီနေ့တော့ ပြန်လာမှာပါ..အဖိုးကိုလဲ
ဂရုစိုက်ပေးဦးနော်...."
"........."
"အင်း...ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်......"
ဘဏ်အိမ်ကိုလှမ်းဖုန်းဆက်ပြီးမျက်နှာချင်းဆိုင်မှာ
ထိုင်နေတဲ့မိန့်ကိုလှမ်းကြည့်လိုက်တော့
မိန့်မျက်နှာကခုနကအတိုင်းသုန်မူန်နေဆဲ....
"ဘာဖြစ်နေတာလဲ...မိန့်...."
"မင်းတစ်ကယ်မသိလို့မေးနေတာလားဘဏ်
ဘုံအခုလိုဖြစ်ရတာမင်းကြောင့်အများကြီးပါတယ်...
မင်းသာအဲ့ဒီ့ဝိညာဉ်နဲ့အပေးအယူလုပ်မယ်ဆိုတဲ့
ပေါက်ကရအတွေးမဝင်ခဲ့ရင်ဘုံလဲအခုလို
ထိခိုက်ရမှာမဟုတ်ဘူး....ညကသာမင်းနဲ့မတွေ့ခဲ့ရင်
ဘုံရဲ့အခြေအနေကဘယ်လောက်ထိဆိုးရွား
သွားနိုင်လဲဆိုတာတွေးရဲစရာတောင်မရှိဘူး...."
မိန့်ရဲ့စကားတွေကိုဘဏ်ကဘာမှမတုံ့ပြန်ပဲ
ငြိမ်သက်စွာခံယူနေလျက်ခေါင်းငုံ့သွား၏...။
"သူ့လိုမိန်းကလေးတစ်ယောက်အတွက်တခြားသူတွေနဲ့
မတူပဲထူးထူးခြားခြားဝိညာဉ်တွေကိုမြင်နေရတဲ့
အခြေကနေကကြောက်စရာအားနည်းချက်ကြီး
တစ်ခုလိုဖြစ်နေတာကို...ဘာလို့မင်းကသူ့ရဲ့
အားနည်းချက်ကိုအသုံးချချင်နေရတာလဲ...ဘဏ်..."
"မင်းကရောဘာလို့သူ့ဘက်ကနေဒီလောက်ထိ
ကာကွယ်ပေးချင်နေရတာလဲ...မဟုတ်မှလွဲရော
မင်းသူ့ကိုစိတ်ဝင်စားနေတာလား...မိန့်.."
ဘဏ့်စကားကြောင့်မိန့်ကကျစ်ခနဲစုပ်သပ်လိုက်ရင်း...။
"မဆိုင်တာတွေမပြောနဲ့ဘဏ်...ငါဘုံကိုကာကွယ်
ပေးနေတယ်ဆိုတာကသနားစရာကောင်းတဲ့
သူ့ရဲ့ဘဝအခြေအနေကိုနားလည်လို့ပဲ...."
မိန့်ကပြောရင်းသက်ပြင်းတစ်ချက်ချကာ
ဘဏ့်ကိုကြည့်သည်။
"ဘုံကသနားစရာကောင်းတဲ့မိန်းကလေး
တစ်ယောက်ပါဘဏ်...မင်းသူ့ကိုအသုံးမချပါနဲ့...."
မိန့်ကထိုတစ်ခွန်းကိုသာပြောရင်းဘဏ့်ရှေ့ကနေ
ထကာနားနေခန်းထဲကလှမ်းထွက်သွား၏..
ဘဏ်တစ်ယောက်ထဲဆိုဖာပေါ်မှာကျန်နေခဲ့ရင်း
စိတ်ရူပ်စွာနှင့်ဆံပင်တွေကို
ဆွဲဖွပစ်လိုက်သည်။
"ကျစ်...တစ်ကယ်ကို ဘာဆက်လုပ်ရမလဲ...."
~~~~~~~~~~~~~~~❤◦.¸¸
ဘုံမည်မျှကြာအောင်ထပ်ပြီးအိပ်ပျော်သွားခဲ့သည်
မသိ...မွေးပျံ့နေတဲ့နှင်းဆီရနံ့တွေကနှာသီးဝမှာ
တိုးဝှေ့ကျီစယ်နေတာကြောင့်လေးလံနေတဲ့
မျက်ခွံတွေကိုအားယူပြီးဖွင့်ကြည့်လိုက်တော့...
ဘုံ့ရဲ့မျက်နှာဘေးမှာရှိနေတာကအဖြူရောင်
နှင်းဆီပန်းစည်းကြီး...
"ပန်းတွေပါလား...လှလိုက်တာ..."
ဘုံသဘောကျစွာရေရွတ်လိုက်ရင်းလှဲနေရာကနေ
ခပ်ဖြည်းဖြည်းထထိုင်လိုက်ကာပန်းစည်းကြီးကို
ပွေ့ပိုက်လိုက်သည်။
"ဘယ်သူကပန်းစည်းလာထားသွားတာလဲ...."
ဘုံကလွဲရင်လူရိပ်လူယောင်မမြင်ရတဲ့ဆေးရုံခန်း
လေးထဲကိုမျက်လုံးလေးဝေ့ကြည့်ရင်း
ရေရွတ်လိုက်ကာဘုံနှင်းဆီပန်းစည်းကြီးကို
အားရပါးရ နမ်းရိူက်မွေးကြူလိုက်သည်။
မွေးအီလှတဲ့နှင်းဆီရနံ့ကြောင့်နောက်ကျိမူးဝေ
နေတဲ့ခေါင်းထဲပင်ကြည်လင်သွားရသလိုပင်...
"ဒီပန်းတွေကိုဒေါက်တာယူလာတာများလား...."
ဒီပန်းစည်းကိုဘယ်သူလာထားသွားမှန်းမသိပေမဲ့..
ဘုံ့အတွက်ပထမဆုံးအနေနဲ့ပန်းစည်း
လက်ဆောင်ရခဲ့တာမို့ဘုံစိတ်ထဲ
ပျော်သလိုလေးခံစားလိုက်ရသည်။
"............"
ထိုအချိန်ခပ်ဟဟဖွင့်ထားတဲ့တံခါးကနေ
အထဲကမြင်ကွင်းကိုငေးကြည့်နေခဲ့တဲ့ဘဏ်ကတော့
နှင်းဆီပန်းစည်းကြီးကိုရင်ခွင်ထဲပွေ့ပိုက်ထားပြီး
မျက်နှာလေးအပ်ကာခဏခဏနမ်းရိူက်နေတဲ့သူမကို
ကြည့်ပြီးပြုံးမိသွားရ၏...။
တစ်ကယ်တော့သူမနိုးလာတဲ့အခါ....
စိတ်တွေကြည်လင်ပြီးလန်းဆန်းသွားစေဖို့
ရည်ရွယ်ချက်နဲ့ဘဏ်ထိုပန်းစည်းကိုတကူးတကမှာပြီး
သူမအိပ်နေတုန်းအခန်းထဲမှာထား,ထားခဲ့ခြင်းပါ...။
မိန့်ပြောသလိုသူမအခုလိုထိခိုက်ခဲ့ရတာက
ဘဏ့်ရဲ့ပယောဂအပြည့်အဝပါနေခဲ့တာမို့
ဘဏ်တစ်ကယ်စိတ်မကောင်းမိတာကတော့
အမှန်ပဲဖြစ်သည်။
အရင်ကထိုကိစ္စနဲ့ပါတ်သတ်ပြီးသူမကိုရင့်ရင့်
သီးသီးတွေပြောခဲ့ပေမဲ့သူမကတော့အတေးအမှတ်
မထားပဲ...ဘဏ့်ကိုကူညီပေးဖို့လက်ခံခဲ့သည်။
ဒါပေမဲ့သူမမြင်ရတယ်ဆိုတဲ့ဝိညာဉ်ကသူမအပေါ်
ဤမျှလောက်အထိအန္တာရယ်ဖြစ်စေနိုင်မှန်း
ဘဏ်မတွေးခဲ့မိတာတော့အမှန်ပင်....
တစ်ကယ်လို့မနေ့ညကသာဘဏ်သူမကို
မတွေ့ခဲ့ဖူးဆိုရင်သူမဘယ်လောက်ထိ...
အန္တာရယ်ရှိခဲ့မယ်ဆိုတာမိန့်ပြောသလိုတွေးရဲစရာ
မရှိပေ....။
"ငါ့ကြောင့်နဲ့တော့မင်းကိုမထိခိုက်စေချင်ဘူးဘုံ
ဒါငါ့ရဲ့စိတ်ရင်းအမှန်ပါ..."
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
"ဟင်...သူဌေး...."
ဘုံဆေးချိတ်စင်လေးကိုတွန်းလျက်သန့်စင်ခန်းထဲကနေ
တစ်လှမ်းချင်း ပြန်ထွက်လာတော့ကုတင်ဘေးက
ထိုင်ခုံမှာထိုင်နေတဲ့သူ့ကိုမြင်လိုက်တာကြောင့်
အံ့ဩသွားခဲ့ရသည်။
သူကတော့ဘုံ့ကိုမြင်တာနှင့်ထိုင်ရာကနေထရပ်လာရင်း
အနားကိုလျောက်လာကာ ဘုံ့ရဲ့လက်မောင်းလေး
တစ်ဖက်ကိုဆုပ်ကိုင်တွဲယူလိုက်၏...
"မင်း...သက်သာရဲ့လား...."
"ဟုတ်...ဘုံ...ဘုံသက်သာပါတယ်..."
ဘုံအရင်ကနဲ့မတူတဲ့သူ့အပြုအမူကြောင့်
မျက်လုံးဝိုင်းလေးနှင့်စကားတွေပင်အထစ်ထစ်
အငေါ့ငေါ့ဖြစ်ကုန်ရပြီး...သူဆွဲခေါ်ရာနောက်ကို
အလိုက်သင့်လေး ပါလာခဲ့ရ၏....။
ကုတင်နားကိုရောက်တော့သူကဘုံ့ကို
ထိုင်စေကာဆေးချိတ်စင်ကိုနေရာပြန်ချပေးသည်။
ပြီးမှဘုံ့ရှေ့မှာဝင်ထိုင်လိုက်ရင်း....
"ငါမင်းကိုပြောခဲ့တဲ့ကိစ္စကိုမရှိခဲ့ဖူးလို့ပဲ
သဘောထားလိုက်ပါ....."
"ရှင်...သူဌေးဘာကိုဆိုလိုတာလဲမသိဘူး....."
အရင်းမရှိအဖျားမရှိပြောလာတဲ့သူ့စကားကို
ဘုံနားမလည်သလိုပြန်မေးလိုက်တော့သူကဘုံ့ကို
ကြည့်ရင်း
"ငါနဲ့အပန်းဖြေစခန်းရဲ့မြေနေရာမှာရှိနေတဲ့....
ဝိညာဉ်ရဲ့ကြားမင်းကိုဆက်သွယ်ခိုင်းခဲ့တဲ့
ကိစ္စကိုပြောတာပါ...."
".........."
"အမှန်တိုင်းပြောရရင်ငါမင်းကိုဒီလိုမျိုးထိခိုက်စေဖို
တကယ်မရည်ရွယ်ခဲ့ဘူး...ငါ့ကြောင့်
မင်းအခုလိုဖြစ်ခဲ့ရတာကိုလဲငါစိတ်မကောင်းပါဘူး
ဘုံ....."
သူ့ဆီကပထမဆုံးခေါ်သံကိုကြားတော့မျက်မှန်အောက်က
ဘုံ့ရဲ့မျက်ဝန်းနက်လေးတွေကသူ့ကိုငေးခနဲ
ကြည့်မိသွားရသည်။
"သူဌေး အခုဘုံပြောခဲ့တာတွေကို
အမှန်တွေပါလို့လက်ခံယုံကြည်ပြီပေါ့နော်.."
သူမအမေးကြောင့်ဘဏ်မျက်နှာမသိမသာ
လွှဲလိုက်မိသည်။
"မင်းပြောတာတွေကအမှန်ဟုတ်သည်ဖြစ်စေ
မဟုတ်ဘူးပဲဖြစ်စေ...အဲ့ဒီ့ဝိညာဉ်
တစ်ကယ်ရှိသည်ပဲဖြစ်စေ၊မရှိဘူးပဲဖြစ်စေ
ငါ့ကြောင့်ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာတော့
မင်းကိုမထိခိုက်စေချင်ဘူး..."
ဘုံမမြင်ဖူးခဲ့တဲ့စာနာနူးညံ့မူ့အရိပ်အယောင်တွေ
ထင်ဟပ်နေသလိုခံစားလိုက်ရသည့်
သူ့ရဲ့စကားအဆုံးဘုံ..မျက်လွှာလေး
အောက်ချလိုက်မိရင်း....။
"သူဌေးကဘုံ့ကိုနောက်ဆုတ်ဖိုပြောရင်တောင်
ခုချိန်မှတော့ဘုံ့အတွက်မဖြစ်နိုင်တော့ပါဘူး....."
ဘုံ့စကားကြောင့်သူကမျက်မှောင်ကြုတ်သွားခဲ့၏....
"ဘာဖြစ်လို့လဲ...."
"ခုချိန်မှာဘုံကရှင့်အလုပ်ကိုလက်မခံတော့ရင်တောင်
သူကဘုံ့နောက်ကိုတကောက်ကောက်လိုက်နေတော့
မှာလေ...သူ့ရဲ့ဆန္ဒတွေမပြည့်မချင်းသူဘုံ့ကို
အနှောင့်အယှက်ပေးနေဦးမှာပဲ...."
"သူ့ရဲ့ဆန္ဒကငါ့ရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းပြီး
သူပိုင်တဲ့နေရာကနေထွက်သွားစေချင်တာ
မဟုတ်လား...."
ဘဏ့်စကားကိုနားထောင်ပြီးသူမကခေါင်းလေး
ယမ်းသည်။
"အစကတော့သူ့ရဲ့ဆန္ဒကအဲ့ဒါဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမဲ့အခုသူလိုချင်တာတခြားတစ်ခု
ဖြစ်နေပြီလေ..."
"မင်းဘာကိုဆိုလိုတာလဲ..."
"တစ်ကယ်တော့ဘုံလဲအခုထိသေချာမသိ
သေးပါဘူး...သူတစ်ကယ်လိုချင်တာက
ဘာလဲဆိုတာကိုပေါ့...."
နားလည်ရခက်တဲ့သူမရဲ့စကားသံလေးအဆုံး
ဆေးရုံခန်းလေးထဲပြန်လည်တိတ်ဆိတ်
သွားခဲ့လေတော့၏...။
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒေါက်..ဒေါက်..."
ည၈နာရီကျော်မျှရှိတဲ့အချိန်မှာ
ဘုံရှိနေတဲ့ဆေးရုံခန်းလေးရဲ့တံခါးခေါက်သံကို
ကြားလိုက်ရပြီး...ဖျတ်ခနဲတံခါးပွင့်သွားခြင်းနဲ့အတူ
လှမ်းဝင်လာတဲ့ဒေါက်တာမိန့်ခွန်း....။
"ဒေါက်တာ..."
"သက်သာရဲ့လားဘုံ...ဘယ်လိုနေသေးလဲ..."
ဘုံမြင်နေကျဖော်ရွေနွေးထွေးတဲ့အပြုံးနှင့်
အနားကိုလျောက်လာပြီးမေးလိုက်တဲ့
ဒေါက်တာမိန့်ခွန်းကိုဘုံခေါင်းလေးယမ်းပြ
လိုက်မိရင်း...
"ဒေါက်တာ..နိုက်ဂျူတီကျတာလား..."
"ဘယ်..မဟုတ်ပါဘူး..ကျွန်တော်က
၆နာရီထဲကဂျူတီထွက်တာ..."
"ဒါဆို..ဒေါက်တာအိမ်မပြန်သေးဘူးလား..."
"ကျွန်တော်ဒီနေ့အိမ်မပြန်ဘူး....
ဘုံ့ကိုလူနာစောင့်ပေးမလို့..."
"ရှင်..."
ထိုစကားကြောင့်ဘုံမျက်လုံးဝိုင်းလေးနှင့်
ရှင်´ခနဲဖြစ်သွားခဲ့ရ၏...
"ဘုံ့ကိုလူနာစောင့်ပေးမလို့..."
သူ့စကားကိုသံယောင်လိုက်ပြီး
မယုံနိုင်သလိုလေးပြန်မေးလိုက်မိလျှင်
သူကဘုံ့ကိုကြည့်ပြီးပခုံးနှစ်ဖက်ကို
စုံတွန့်ပြလာတာကပေါ့ပေါ့ပါးပါးအပြုံးနှင့်
ဖြစ်တော့၏....
~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
" ဟို....ဒေါက်တာတစ်ကယ်
အိမ်မပြန်ဘူးလားဟင်..."
ဆေးရုံကုတင်ပေါ်မှာခေါင်းအုံးကို
ခပ်လျှောလျှောမှီလျက်ခြေစင်းထိုင်နေသော
ဘုံ့ရဲ့အမေးကို..ကုတင်ဘေးကခုံမှာ
ခြေချိတ်ထိုင်ပြီးဖုန်းကြည့်နေတဲ့မိန့်က
အသံတိတ်ခေါင်းငြိမ့်အဖြေပေး၏...
"ဘုံကဘာမှမဖြစ်ပါဘူး....
ဒါပေမဲ့ဒေါက်တာကတော့အနားယူ
သင့်တယ်လေ..မနက်ဖြန်ကျရင်လဲ
လူနာတွေကိုကြည့်ရမဲ့ဟာ..."
"ဘုံကလဲ..ကျွန်တော့်ရဲ့လူနာပဲလေ....
တစ်ကယ်လို့မနေ့ကလိုဘုံဆေးရုံကနေ
ရုတ်တရပ်ကြီးပျောက်သွားပြီးထိခိုက်မိပြန်ရင်
ဘယ်လိုလုပ်မလဲ...အဲ့ဒါကြောင့်ကျွန်တော်က
ဘုံကိုစောင့်ပေးနေတာ..ပြီးတော့ဘဏ်ကလဲ
ဘုံ့ကိုသေချာစောင့်ရှောက်ပေးဖို့မှာထားတယ်..."
သူ့နာမည်ကိုကြားလိုက်တာနှင့်
ဘုံ့နှလုံးသားလေးကတစ်ချက်ဆောင့်ခုန်သွား၏..
"သူဌေးကလား..."
"အင်း..."
ဘုံဘာမှထပ်မမေးတော့ပဲခေါင်းလေး
ငုံ့လိုက်မိသည်။
"ဘုံတစ်ကယ်အဆင်ပြေပါတယ်...
သက်သက်ဘုံ့ကြောင့်ဒေါက်တာမှာ
အလုပ်ပိုတော့မှာပဲ..."
"အင်းး...ကြားရတာတော့
သိပ်အဆင်ပြေမနေဘူး..."
"ရှင်..."
"ဪ..တစ်ချိန်လုံးဒေါက်တာလို့ခေါ်နေတာကို
ပြောတာပါ...ဒီအတိုင်းကျွန်တော့်နာမည်ကိုပဲ
ခေါ်ကြည့်ပါလား..."
"မဟုတ်တာ..ဘုံမခေါ်ရဲပါဘူး...
ဒေါက်တာကဒေါက်တာပဲပေါ့...."
ဘုံလက်လေးတကာကာနှင့်ငြင်းတော့
မိန့်ကရယ်သည်။
"ဘာမခေါ်ရဲစရာရှိလဲ...ကျွန်တော်တို့က
သူငယ်ချင်းတွေပဲကို..လုပ်ပါ မိန့်လို့ခေါ်ကြည့်
ဒါမှမဟုတ်ခွန်း အင်း..အဲ့ဒါမှမကြိုက်သေးရင်
ဆက်လို့ခေါ်..."
"ခစ်..."
မြင်လိုက်တာနှင့်အထက်တန်းလွှာ
အသိုင်းအဝိုင်းကမှန်းသိသာစေသာ
ပုံပန်းသဏ္ဍာန်နဲ့မလိုက်အောင်လွတ်လပ်ပေါ့ပါး
လွန်းနေသည့်မိန့်ကိုကြည့်ပြီးဘုံကခစ်ခနဲ
ရယ်သည်။
"မိန့်..."
မရဲတရဲလေးခေါ်ရင်းသွားတန်းလေးတွေ
ပေါ်အောင်ပြုံးလိုက်တာကိုကြည့်ပြီး
ငေးခနဲဖြစ်သွားရသူကမိန့်....
"ကျွန်တော်ဒီညဘုံ့ဘေးမှာပဲရှိနေပေးမယ်
အဲ့ဒါကြောင့်ဘာမှမပူပဲစိတ်ချလက်ချ
အိပ်လိုက်ပါ..."
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
တစ်ကယ်လဲသူမနားမှာတညလုံး
မအိပ်ပဲရှိနေပေးဖို့စဉ်းစားထားပေမဲ့
မနေ့ညကလဲတညလုံးမအိပ်ခဲ့ရတဲအပြင်
ဒီနေ့တနေ့လုံးလဲဂျူတီဝင်ထားရတာကြောင့်..
၂နာရီနောက်ပိုင်းမှာမိန့်ဘယ်လိုမှမဟန်နိုင်တော့ပဲ...
သူမရှိနေတဲ့ဆေးရုံကုတင်ပေါ်မှာပဲ
မျက်နှာမှောက်ရင်းအိပ်ပျော်သွားခဲ့တော့သည်။
"အဟင်း...."
ဘုံမျက်လုံးတွေဖွင့်လိုက်တာနှင့်မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့်ခပ်တိုးတိုးလေးရယ်လိုက်မိရင်း
ကုတင်ပေါ်ကနေအသာထထိုင်လိုက်၏..
လွန်ခဲ့တဲ့နာရီအနည်းငယ်လောက်ကတင်
အပြောကြီးခဲ့တဲ့သူကအခုကျတော့ဘုံ့ဘေးမှာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ်..ဘုံအပေါ်
ဂရုတစိုက်နဲ့နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့သူက
ဘုံ့ရဲ့အဖိုးပြီးရင်ရှင်ပထမဆုံးပါပဲ..."
မီးရောင်အောက်ကသူ့မျက်နှာကိုငေးကြည့်ကာ
ဘုံခပ်တိုးတိုးလေးရေရွတ်လိုက်ရင်း
ကိုယ်ပေါ်ကခြုံစောင်လေးကိုခွာကာ
သူ့အပေါ်လွှမ်းခြုံပေးရန်ပြင်လိုက်စဉ်..
"ဟင်..."
ရုတ်တရပ်ဘုံ့ရဲ့မျက်ဝန်းထောင့်မှာမြင်လိုက်ရတဲ့
အဖြူရောင်အရိပ်တစ်ခုကြောင့်..လူက
လန့်ဖျတ်သွားရရင်းချာခနဲလှည့်ကြည့်လိုက်မိစဉ်..
"အေမ့..."
ဘုံ့မျက်နှာနားကိုရောက်နေတဲ့ကြောက်စရာ
မျက်နှာကြီးတစ်ခုကြောင့်ဘုံ့ရဲ့အော်သံက
လန့်ဖျတ်ပြီးခပ်အုပ်အုပ်ထွက်သွားခဲ့ပေမဲ့
ထူးဆန်းစွာပဲဒေါက်တာမိန့်ခွန်းက
နိုးမလာခဲ့....
"ရှင်...ရှင်ရောက်လာပြန်ပြီလား...
ကျေးဇူးပြုပြီးကျွန်မကိုဒီလိုခြောက်လှန့်ဖို့
မစဉ်းစားပါနဲ့...ခပ်ဝေးဝေးကိုသွားပါ..."
ဘုံ...လည်ပင်းလေးလိမ်နေသည်အထိ
မျက်နှာကိုတဖက်သို့လွှဲထားပြီး
ပြောနေပေမဲ့လဲ..ထိုဝိညာဉ်ကနာခံချင်းအလျင်း
မရှိခဲ့....
" ရှင်. ရှင် ဘုံ့ကိုဒီလိုမခြောက်ပါနဲ့
ရှင်တစ်ကယ်ဘာလိုချင်လဲဆိုတာကိုသာ
ပြောပါ..."
"ရှာ ပေး...."
ပထမဆုံးကြားလိုက်ရတဲ့အေးစက်နေသော
အသံဩကြီး....
"သူ တို့ ကို တွေ့ အောင် ရှာ ပေး ...
အဲ့ ဒီ့ လူ ယုတ် မာ ကောင်
ငါ နဲ့ ငါ့ ရဲ့ မိ သား စု ကို ရက် ရက် စက် စက်
သတ် ခဲ့ တဲ့ အဲ့ ဒီ့ လူ ယုတ် မာ သူ
အ ပြစ် မ ခံ ရ မ ချင်း ငါ မ သွား နိုင် ဘူး ..."
"ဟင့်အင်း...ရှင်ဘာတွေပြောနေတာလဲ
သူတို့ကိုဘုံဘယ်လိုသိမှာလဲ...ဘုံမသိဘူး
ဘုံရှာနိုင်မှာမဟုတ်ဘူး..."
"မင်း သိ တယ် ..."
"ခြမ္း..."
"အား...."
မီးတောက်တစ်ခုလိုဟဲခနဲထွက်ပေါ်လာတဲ့
အသံနက်ကြီးအဆုံးစားပွဲပေါ်ရှိဖန်ခွက်တစ်ခုက
လွင့်စင်ကွဲကြေသွားလျှင်ဘုံနားနှစ်ဖက်ကို
ပိတ်ကာလန့်အော်ပြီးကုတင်ပေါ်ကနေ
ဆင်းပြေးကာနံရံဘက်ရောက်သွားရ၏...
ပိုပြီးထူးဆန်းနေတာကဘုံတစ်ယောက်ထဲ
ဒီလောက်ဝရုန်းသုန်းကားဖြစ်နေရတာတောင်
ဒေါက်တာမိန့်ခွန်းကနည်းနည်းလေးတောင်
လူပ်ရှားမူ့မရှိခဲ့...
သူ့ကိုကြည့်ရတာအိပ်မွေ့အချခံထားရတဲ့
လူတစ်ယောက်လိုဖြစ်နေသည်။
ထိုအချိန်ဘုံ့အနားကိုသစ်ရွက်တစ်ရွက်လို
မျှောလွင့်လာတဲ့ဝိညာဉ်...
"မင်းသာအဲ့ဒီ့လူယုတ်မာကောင်ကို
ရှာပေးမယ်လို့ကတိပေးရင် ငါလဲ သူ့ကို ထပ်ပြီး
မနှောင့်ယှက်ဖို့မင်းကိုကတိပေးမယ်..."
"ကျွန်...ကျွန်မ."
ဘုံအနီးကပ်မြင်နေရတဲ့ကြောက်စရာ
မျက်နှာကြီးကိုကြည့်ပြီးဘာစကားမှ
ဆက်ပြီးမထွက်နိုင်တော့ချိန်မှာပဲ
ထိူမျက်နှာကြီးဆီမှနီရဲနေတဲ့မျက်လုံးတို့ရဲ့
ညို့ငင်ရာနောက်အိပ်မွေ့ချခံလိုက်ရသူ
တစ်ယောက်ပမာဖြစ်သွားခဲ့ပြီးနောက်........
ဘုံတစ်ခါမှမရင်းနှီးတဲ့နေရာမှာ
ဘုံတစ်ခါမှအိပ်မက်မျှပင်မမက်ခဲ့ဖူးတဲ့
မြင်ကွင်းတို့သည်ဘုံ့မျက်လုံးထဲ
အစီအရီပေါ်ပေါက်လာခဲ့လေတော့၏....။
~~~~~~~~~~~~~~~❤◦.
ဆက်ရန်!!!!!
Writer by
#Hazel