book

Index 7

အပိုင်း(၇)

  • Author : Hazel Nhte
  • Genres : Comedy, Drama, Horror

❤My Strange Girl❤<ထူးဆန်းသောချစ်သူ>


        

        🌺🌺🌺


"ဘဏ်...မင်းရောက်နေတယ်...."


တံခါးဖွင့်ပြီးနားနေခန်းထဲကိုလှမ်းဝင်လိုက်တဲ့မိန့်

ဆိုဖာပေါ်မှာခပ်မတ်မတ်ထိုင်နေတဲ့ဘဏ့်ကို

မြင်တော့အံ့ဩသွားခဲ့ရသည်။


"အစောကြီးငါ့ဆီဘယ်လိုရောက်လာတာလဲဘဏ်..

ဖုန်းလဲမဆက်ဘူး...."


မိန့်...နားကြပ်ကိုဂျူတီကုတ်ထဲထိုးထည့်ရင်း

ဘဏ့်ရှေ့မှာဝင်ထိုင်ရင်းမေးလိုက်တော့

ရူတည်တည်မျက်နှာနှင့်ဘဏ်က....


"ငါမင်းဆီလာတာမဟုတ်ဘူး....."


"ဘာရယ်...မင်းကဆေးရုံလာပြီးငါ့ဆီလာတာ

မဟုတ်ဘူးဆိုတော့မင်းကဘယ်သူ့ဆီလာ..."


မိန့်ပြောလိုက်တဲ့စကားမဆုံးခင်တစ်ခုခုကို

သတိရသွားဟန်နှင့်ကျောပြင်ကြီးမတ်ခနဲ

ဖြစ်သွားရင်း....


"မဟုတ်မှလွဲရော...ဘဏ်...မင်း.....

ဘုံ့ဆီကိုလာတာများလား...."


မိန့်အမေးကိုဘဏ်ဖျပ်ခနဲခေါင်းငြိမ့်ပြလိုက်လို့မှ

မိန့်ခမျာအံ့ဩလို့မဆုံးလိုက်....


"မနေ့ညကအပန်းဖြေစခန်းရဲ့siteထဲမှာ

မတော်တဆမူ့တစ်ခုဖြစ်ခဲ့တယ်...."


"ဘာ..မနေ့ကအပန်းဖြေစခန်းရဲ့siteထဲမှာ

မတော်တဆဖြစ်ခဲ့တယ်ဟုတ်လား..ဘဏ်...."


"ငါအခုပဲဆေးရုံမှာသူ့ကိုသွားကြည့်လာတာ..မိန့်....

သူ့ကြည့်ရတာဒဏ်ရာထက်စိတ်အခြေအနေက

ပိုပြီးစိုးနေတယ်...သူ့ပုံစံကတော်တော်

ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုကို

ကြုံခဲ့ရတဲ့ပုံပဲ....."


"ဒီအတိုင်းဆိုဘုံပြောနေတာမှန်နေတာပဲမဟုတ်လား

ဘဏ်...သူပြောသလိုပဲအဲ့ဒီမြေမှာ

မကောင်းဆိုးဝါးရှိနေတာပဲ...."


ကိုယ့်ပေါင်ကိုလက်ဝါးနှင့်အားရပါးရရိုက်ရင်း

ပြောလိုက်တဲ့မိန့်ကိုဒီတစ်ခါတော့ဘဏ်က

ဘာမှပြန်မပြောပဲငြိမ်သက်နေခဲ့၏....


"ငါမင်းကိုမပြောဘူးလား...မင်းဘုံ့ကိုအလွန်အကျွံတွေ

ပြောထားတာအခုဘယ်လိုလုပ်မှာလဲ..."


"ငါကဘာလုပ်ရမှာလဲ...."


"ဟ...မင်းသူ့ကိုတောင်းပန်ရမှာပေါ့...မင်းအခု

သူ့ကိုတောင်းပန်ဖို့ရောက်လာတာမဟုတ်ဘူးလား....."


"မဟုတ်ပါဘူး...ငါကသူ့ကိုဘာလို့တောင်းပန်ရ

မှာလဲ......"


"က်စ္​..... "


ဘဏ့်စကားကြောင့်မိန့်ကစိတ်ရူပ်သွားသလို

ကျစ်ခနဲစုပ်သပ်ရင်း....


"ဒါဆို...မင်းကသူ့ဆီဘာလာလုပ်တာလဲ....."


"ငါသူ့ဆီအလုပ်အပ်မလို့ရောက်လာတာ...."


"ဘာ...."


ဘဏ့်စကားကြောင့်မိန့်`ဘာ´ခနဲဖြစ်သွားလျှင်

ဘဏ်ကမေးချိုင့်ရှည်လေးပေါ်အောင်လှစ်ခနဲ

ပြုံးလိုက်ပြီး........


~~~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ရှင်...သူဌေးကဘုံ့ကိုအလုပ်အပ်မလို့

ဟုတ်လား...."


ဘုံ့သူ့ရှေ့မှာခပ်ရို့ရို့လေးထိုင်နေရာမှ....

သူပြောလာတဲ့စကားကိုမယုံနိုင်သလိုလေး

မေးလိုက်မိရင်း...ဘေးမှာရပ်နေတဲ့ဒေါက်တာ

မိန့်ခွန်းကိုခေါင်းလေးမော့ကြည့်လိုက်သည်။


ဘုံမျက်မှန်လေးကိုတစ်ချက်ပင့်တင်လိုက်ရင်း...


"ဟို...ဘုံကလေစာရေးတဲ့အလုပ်အပြင်ဘာမှ

မလုပ်တတ်ပါဘူး...ပြီးတော့စီးပွားရေးအကြာင်း

တွေကိုလဲတလုံးမှနားမလည်ပါဘူး...."


"မင်းစီးပွားရေးအကြောင်းတွေကိုနားမလည်ပေမဲ့

ငါအပ်တဲ့အလုပ်ကိုမင်းနားလည်မှာပါ..."


သူ့စကားကြောင့်ဘုံ့သူ့ကိုမဝံ့မရဲလေးကြည့်လိုက်မိလျှင်

သူကမျက်နှာမသိမသာလွှဲသွားခဲ့ရင်း....


"မနေ့ညကငါ့ရဲ့အပန်းဖြေစခန်းSiteထဲမှာ

မတော်တဆမူ့တစ်ခုဖြစ်ခဲ့တယ်...."


"ရှင်...."


"ဒါကတိုက်ဆိုင်မူ့တစ်ခုမဟုတ်ခဲ့ရင်မင်းပြောသလိုပဲ

အဲ့ဒီ့မြေမှာမကောင်းဆိုးဝါးကငါ့ကိုစပြီး

အနှောင့်အယှက်ပေးနေတာပဲဖြစ်လိမ့်မယ်...

ဒါပေမဲ့ငါကအဲဒီ့နေရာမှာအရင်ကလုပ်ငန်းလုပ်ဖို့

ကြိုးစားခဲ့တဲ့တခြားကုမ္ပဏီတွေလိုမျိုး...

လာရာလမ်းအတိုင်းလှည့်ပြီးပြေးဖို့စိတ်ကူးမရှိဘူး

ဒီပရောဂျက်မှာငါ့ရဲ့ရင်းနှီးမြှပ်နှံမူ့တွေနဲ့...

ငါ့ရဲ့ဂုဏ်သိက္ခာကမူတည်နေတယ်....

အဲဒီ့အတွက်...ငါလုံးဝနောက်ဆုတ်မှာမဟုတ်ဘူး...."


"ဒါပေမဲ့...မင်းအဲ့ဒီ့နေရာမှာလုပ်ငန်းဆက်လုပ်နေရင်လဲ

ထပ်ပြီးထိတ်လန့်စရာထိခိုက်မူ့တွေကြုံလာမှာပဲလေ"


ဘေးနားကမိန့်ကမနေနိုင်ပဲဝင်ပြောလျှင်ဘဏ်က

လက်ကာပြလိုက်ပြီး...အရှေ့မှာငေးငေးလေးရှိနေတဲ့

သူမကိုကြည့်လိုက်ကာ...


"အဲဒါကြောင့်လဲ...ငါသူ့ဆီကိုအလုပ်အပ်ဖို့

ရောက်လာတာပေါ့...မိန့်....."


ထိုစကားကြောင့်ဘုံ...သူနဲ့ဒေါက်တာမိန့်ခွန်းကို

တစ်လှည့်စီကြည့်လိုက်ပြီး


"ဘုံကရှင့်အတွက်ဘာများလုပ်ပေးရမှာလဲမသိဘူး..."


ဘုံမေးလိုက်လျှင်ကိုယ်နေဟန်ထားကို

ပြင်မတ်လိုက်တဲ့သူကဘုံကိုစူးစိုက်ကြည့်နေခဲ့ပြီး...


"မင်း...အဲ့ဒီ့မြေမှာရှိနေတဲ့ဝိညာဉ်နဲ့ငါ့ကို

ဆက်သွယ်ပေးရလိမ့်မယ်......"


"ဘုံက...ရှင့်ကိုဝိညာဉ်နဲ့ဆက်သွယ်ပေးရမယ်

ဟုတ်လား...."


ဘယ်လိုမှထင်မှတ်မထားတဲ့ သူ့ရဲ့စကားကြောင့်

ဘုံပါးစပ်အဟောင်းသားလေးဖြစ်သွားရ၏...


"မင်းပြောခဲ့တယ်မဟုတ်လား...အဲ့ဒီ့ဝိညာဉ်က

မင်းကိုဆက်သွယ်လာခဲ့ပြီးသူပိုင်တဲ့နယ်မြေကနေ

ငါ့ရဲ့အလုပ်တွေအားလုံးကိုရပ်ဆိုင်းပြီး

ထွက်သွားခိုင်းခဲ့တယ်လို့လေ...."


ဘုံခေါင်းလေးငြိမ့်ပြလိုက်မိလျှင်သူက

နူတ်လမ်းလူပ်ရုံပြုံးရင်း...


"မင်းကငါနဲ့အဲ့ဒီ့ဝိညာဉ်ရဲ့ကြားမှာရှိတဲ့

ကြားခံနယ်တစ်ခုလိုပဲ.....သူကသူလိုချင်တဲ့အရာ

အတွက်မင်းကိုအသုံးချခဲ့သလိုမျိုး.....

ငါလဲထပ်တူညီတဲ့အခြေအနေတစ်ခုကိုဖန်တီးရ

လိမ့်မယ်....ငါဒီမြေကနေလုံးဝရွေ့ပေးမှာမဟုတ်ဘူး..

အဲ့ဒါကြောင့် သူဘာကိုတစ်ကယ်တမ်း

လိုအပ်နေတာလဲဆိုတာမင်းကနေတဆင့်ငါသိချင်

တယ်..."


"မင်းက...အဲ့ဒီ့မကောင်းဆိုးဝါးနဲ့အပေးအယူလုပ်ဖို့

ပြောနေတာလားဘဏ်...."


အံ့ဩတကြီးနှင့်ဝင်မေးလာတဲ့မိန့်ကိုဘဏ်က

ခေါင်းတစ်ချက်ဆတ်ပြ၏....


"ဟား...မင်းရူးနေပြီလားဘဏ်....ဘာလို့

ဒီလိုအန္တာရယ်များတဲ့အလုပ်ကိုလုပ်ချင်ရတာလဲ

ဒီပရောဂျက်မင်းရင်းနှီးထားတဲ့ငွေကြေးတွေက

ဘယ်လောက်တောင်များနေလို့လဲ.....

မင်းအတွက်အန္တာရယ်ကင်းဖို့ထက်ငွေကပိုပြီး

အရေးပါနေတာလား...ဟမ်"


ဂရုဏာဒေါသောနှင့်ပြောရင်းမိန့်ရဲ့အသံက

ကျယ်သွားခဲ့လျှင်ဘဏ်ကထိုင်နေရာကထပြီး

မိန့်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်၏...


"မင်းမသိတာလားမိန့်...ငါ့အတွက်အရာအားလုံးထက်ပိုပြီးအရေးပါတာကငါ့ရဲ့ဂုဏ်သိက္ခာပဲ..

အားလုံးဝိုင်းတားနေတဲ့ကြားကငါဘယ်လို

အတိုက်အခံတွေနဲ့ ဒီပရောဂျက်ကိုအကောင်

အထည်ဖော်ခဲ့တယ်ဆိုတာမင်းအသိဆုံးပါ...

ငါဒီနေရာမှာတခြားသူတွေလိုမျိုးအရူံးနဲ့

လှည့်ပြန်သွားမယ်ဆိုရင်....Deep.groupနဲ့ငါ့ရဲ့

ဂုဏ်သိက္ခာကဟိုးအောက်ဆုံးကိုရောက်သွား

ရလိမ့်မယ်...."


"မင်းကွာ...."


ဘဏ့်အကြောင်းကိုကောင်းကောင်းသိနေသူမို့

မိန့်ကဒေါသတွေကို`မင်းကွာ´တစ်လုံးနှင့်လျှောချ

သွားခဲ့သည်။


ဘုံ...မျက်လုံးဝိုင်းလေးနှင့်သူတို့နှစ်ယောက်ကို

တစ်လှည့်စီကြည့်နေရင်းမှသက်ပြင်းလေး

မသိမသာချလိုက်မိပြီး....


"ဟိုလေ....ဘုံရှင့်ကိုကူညီပေးပါ့မယ်..."


ဘုံ့အသံကြောင့်နှစ်ယောက်လုံးကဘုံ့ကို

ပြိုင်တူငဲ့ကြည့်လာကြ၏...ဘုံလဲထိုင်ရာကနေ

ထရပ်ပြီးသူတို့နားကိုလျှောက်သွားလိုက်သည်။


"ရှင်တို့ဆက်ပြီးရန်မဖြစ်ကြပါနဲ့တော့နော်...."


"ဘုံတစ်ကယ်ပဲဘဏ်ပြောတဲ့အလုပ်ကိုလက်ခံဖို့

ဆုံးဖြတ်လိုက်တာလား...."


ဒေါက်တာမိန့်ခွန်းထပ်မေးလာတာကိုဘုံခေါင်းငြိမ့်

ပြလိုက်ရင်းသူ့ကိုကြည့်လိုက်၏...


"ဒါပေမဲ့...သူဌေးကလဲဘုံ့ကိုတစ်ခုကတိပေးပါ..."


ဘုံ့စကားကြောင့်သူကမေးတစ်ချက်ဆတ်ပြရင်း...


"မင်းပြောပါ...."


"ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်...ဘုံပြောသမျှ

အရာတွေ၊ဘုံလုပ်သမျှအရာတွေအားလုံးကို

ရှင်ယုံကြည်ရလ်ိမ့်မယ်...."


~~~~~~~~~~~~~~~~❤❤❤


"ဘုံဝိညာဉ်တွေကိုမြင်နိုင်ခဲ့တာအနည်းဆုံး

၈နှစ်လောက်ရှိပြီ....ဒါပေမဲ့ဒီနေ့လိုမျိုးဝိညာဉ်နဲ့

ဆက်သွယ်ပေးဖို့ဘုံ့ကိုတောင်းဆိုလာတာတော့

သူဌေးကပထမဆုံးပဲ......"


နှစ်ယောက်သားဆေးရုံစင်္ကြန်လမ်းမှာယှဉ်လျက်

လျောက်လှမ်းလာနေရင်းဘုံပြောလိုက်တော့

ဒေါက်တာမိန့်ခွန်းကဘုံ့ကိုငဲ့ကြည့်လာ၏....


"ဘဏ်ကထူးဆန်းတယ်လို့ဘုံတွေးနေတယ်

မဟုတ်လား..."


"အဟင်း...နည်းနည်းပါ..."


ဘုံရယ်ပြီးပြောလိုက်မိတော့ဒေါက်တာမိန့်ခွန်းကလဲ

လိုက်ရယ်သည်။


"ဘဏ်ကအရမ်းကိုတဇွတ်ထိုးနိုင်တာ...

သူကသူလုပ်ချင်တဲ့အရာတစ်ခုကိုရှေ့မှာ

ဘာအဆီးအတားပဲရှိရှိဖြစ်အောင်လုပ်တတ်တဲ့

အကျင့်ရှိတယ်.....ဘဏ်ရဲ့ခေါင်းမာတတ်တဲ့

အဲ့ဒီ့အကျင့်ကိုဘဏ့်ရဲ့အဖိုးတောင်မနိုင်ဘူးလေ...

ဘာပဲပြောပြော...အဲ့လိုဆုံးဖြတ်ချက်ပြတ်သားပြီး

ဘယ်တော့မှနောက်မတွန့်တတ်တဲ့အကျင့်ကြောင့်

အသက်ငယ်ငယ်နဲ့ စီးပွားရေးလောကမှာ

အောင်မြင်မူ့တွေရနေခဲ့တာလို့ပဲပြောရမယ်ထင်တယ်..."


"ဒေါက်တာကသူဌေးအကြောင်းကို

တော်တော်သိတာပဲနော်...ဒေါက်တာတို့နှစ်ယောက်က

အရမ်းရင်းနှီးကြပုံပဲ...."


"ကျွန်တော်နဲ့ဘဏ်နဲ့ကငယ်ပေါင်းကြီးဖော်တွေလေ

မိသားစုချင်းလဲရင်းနှီးကြတယ်နှစ်ယောက်လုံးက

တစ်ဦးတည်းသောသားတွေချည်းပဲဆိုတော့

ညီအစ်ကိုတွေလိုပါပဲ....."


"ဒေါက်တာနဲ့သူဌေးကအရမ်းကံကောင်း

တာပဲနော်...ဒီလိုစိတ်တူကိုယ်တူသူငယ်ချင်းမျိူးကို

ပိုင်ဆိုင်ထားရတာနည်းတဲ့ကုသိုလ်ကံမဟုတ်ဘူး..."


"ဘုံမှာရောအဲ့လိုသူငယ်ချင်းမျိုးမရှိဘူးလား...."


မိန့်အမေးကြောင့်သူမခြေလှမ်းလေးတုံ့ခနဲ

ဖြစ်သွားခဲ့တော့မိန့်လဲလိုက်ရပ်မိသွားရသည်။


"ဘုံံ့မှာသူငယ်ချင်းမရှိဘူး....."


ခပ်တိုးတိုးပြောလိုက်တဲ့သူမရဲ့အသံထဲမှာ

အားငယ်ချင်းအရိပ်အငွေ့တွေပါဝင်နေခဲ့တော့

မိန့်စိတ်မကောင်းဖြစ်သွားရရင်းသူမပခုံးလေး

တစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့သူမကမိန့်ကို

ခေါင်းလေးမော့ကြည့်လာ၏...မိန့်သူမကို

အနွေးထွေးဆုံးပြုံးပြလိုက်ရင်း....


"ဒါဆိုကျွန်တော်တို့သူငယ်ချင်းလုပ်ကြမလား...."


"သူငယ်ချင်း...."


"အခုကစပြီးကျွန်တော်နဲ့ဘုံနဲ့သူငယ်ချင်းတွေ

ဖြစ်သွားကြပြီလေ..ဘယ်လိုလဲကျွန်တော်နဲ့

သူငယ်ချင်းတော်ချင်ရဲ့လား...


မိန့်စကားဆုံးတော့သူမကသွားတန်းလေးတွေပေါ်

အောင်ရယ်ပြီးခေါင်းငြိမ့်ပြ၏...


"ဒေါက်တာ့နာမည်ကမိန့်ခွန်းနှစ်လုံးထဲလားဟင်..."


သူမအမေးကိုမိန့်ကနှစ်လိုဖွယ်အပြုံးနှင့်

ခေါင်းယမ်းပြမိရင်း...


"မဟုတ်ဘူး...တစ်လုံးကျန်သေးတယ်

ကျွန်တော့်ရဲ့နာမည်အပြည့်အစုံကမိန့်ခွန်းဆက်တဲ့

နည်းနည်းခေါ်ရတာကသိကအောက်

ဖြစ်တယ်မဟုတ်လား..."


"အဟင်း...."


ဒီတစ်ခါနှစ်လိုဖွယ်အပြုံးလေးနှင့်ခေါင်းယမ်းပြ

လာတာကသူမ....


မိန့်ဝန်ခံပါတယ်...ဘုံကြိုးပြတ်ဆိုတဲ့ကောင်မလေးရဲ့

အပြုံးတွေကဖြူစင်ပြီးနွေးထွေးလွန်းတယ်

ဆိုတာကိုပေါ့...။


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဖျပ်...ဖျပ်...ချပ်..."


ဘုံဆေးရုံခန်းကရေချိုးခန်းထဲကနေအိပ်ခါနီးမျက်နှာ

သစ်ပြီးပြန်ထွက်လာတော့...ဆေးရုံးခန်းမျက်နှာ

ကြက်ရှိမီးချောင်းကရှော့ဖြစ်နေသလိုမျိုး

တဖျပ်ဖျပ်ဖြစ်နေ၏....


"ဘာလဲ...မီးချောင်းကကျွမ်းချင်နေတာလား...."


အတွေးနဲ့ဘုံမီးချောင်းကိုပိတ်ရန်မီးခလုတ်ရှိရာကို

လျှောက်လာစဉ်....


"ဒုန္​း...."


"အမလေး....."


ဘုံမပိတ်ခဲ့တဲ့ရေချိူးခန်းတံခါးကဒုန်းခနဲ

ပိတ်သွားခဲ့ခြင်းနဲ့အတူ...ပိတ်ထားတဲ့ပြတင်းတံခါးဆီက

ခန်းဆီးလိုက်ကာတို့ကအခန်းထဲမှာလေမတိုက်ပဲ

တလူလူ လွင့်နေခဲ့တာကိုမြင်လိုက်ရတဲ့အခါ

ဘုံရောက်တဲ့နေရာမှာခြေစုံရပ်လိုက်မိရင်း

ထိတ်လန့်ခြင်းအသွင်ကိုဆောင်သွားတဲ့မျက်ဝန်း

လေးတွေကမှီးတဖျပ်ဖျပ်ဖြစ်နေတဲ့ဆေးရုံခန်းထဲကို

ကျီးကန်းတောင်းမှောက်ရွေ့လျားသွားခဲ့ရင်း...


"ရှင်လား...??"


ထွက်ပေါ်လာတဲ့ဘုံ့အသံလေးကလဲထိတ်လန့်စိတ်နှင့်

တုန်ယင်နေခဲ့လျက်... 


"ရှင်ရောက်နေတယ်ဆိုတာကျွန်မသိတယ်....

ကျွန်မကိုခြောက်လှန့်ဖိ်ု့မကြိုးစားပဲထွက်လာခဲ့ပါ..."


"ဟင်း...ဟင်း...ဟင်း..."


ဘုံ့စကားဆုံးတာနှင့်ဆေးရုံခန်းထဲမှာထွက်ပေါ်လာတဲ့

ခပ်ညှင်းညှင်းရယ်သံကြီးနှင့်အခန်းထောင့်တစ်နေရာမှာ

ရုတ်တရပ်ပေါ်လာတဲ့အရိပ်ဖြူဖြူကြီးက

ဘုံ့အနားဆီသို့လွင့်မျောလာခဲ့ပြီး...အနားကို

အရောက်...မျက်နှာကိုဖုံးအုပ်နေတဲ့ဆံပင်ရှည်တို့က

ဝဲခနဲလွင့်သွားကြပြီးကြောက်စရာမျက်နှာကြီးကို

အနီးကပ်မြင်လိုက်ရတဲ့အခါ...ဘုံလန့်ပြီး

မအော်လိုက်မိသည့်တိုင်ခြေသုံးလှမ်းခန့်

အနောက်ကိုဆက်တိုက်ဆုတ်သွားခဲ့ရ၏....


ထိုဝိညာဉ်ကတော့ထိုနေရာမှာရပ်တန့်သွားပြီး

နီရဲနေတဲ့ မျက်ဝန်းကြီးတွေနှင့်ဘုံ့ကိုစိုက်ကြည့်နေပြီး

ဖြူလျော်လျော်မျက်နှာကြီးဆီမှမညီညာတဲ့

သွားမည်းမည်းကြီးတွေပေါ်အောင်ရယ်နေခဲ့တဲ့

အသံကခပ်ညှင်းညှင်းနှင့်ကြောက်စရာကောင်းလှကာ

ကြက်သီးမွှေးညှင်းများပင်ထောင်ထလာခဲ့ရ၏...


ဘုံမြောက်များလှစွာတဲ့ဝိညာဉ်တွေနဲ့နဖူးတွေ့ဒူးတွေ့

ရင်ဆိုင်ခဲ့ဖူးပေမဲ့ဒီတစ်ခါလောက်ဘယ်တုန်းကမှ

မကြောက်ရွံ့ခဲ့ဖူးတာကိုဝန်ခံပါသည်။


ဘုံလက်သီးနှစ်ဖက်ကိုတင်းကြပ်စွာဆုပ်လိုက်ရင်း

စိတ်ကိုတင်းကာထိုဝိညာဉ်ကိုပြန်လည်စိုက်ကြည့်

လိုက်ပြီး...


"ရှင်ကအငြိုးတရားတွေနဲ့လောင်မြိုက်ခံနေရတဲ့

ဝိညာဉ်တစ်ကောင်ပဲ...အဲဒါကြောင့်ရှင့်မှာ

လူသားတွေကိုထိခိုက်အောင်လုပ်နိုင်တဲ့အထိ

အစွမ်းတွေရှိနေခဲ့တာ....ရှင်ဘာလို့အဲ့ဒီ့နေရာမှာ

မကျွတ်မလွတ်နိုင်ပဲစွဲကပ်နေတာလဲ....?

ရှင်တစ်ကယ်တမ်းလိုချင်နေတာဘာလဲ....?....."


"ငါ...သူ.တို့.ကို.စောင့်.နေ.တာ..."


ခေါင်းကြီးကိုဘယ်ညာစောင်းလှည့်ပြီး

တစ်လုံးချင်းပြောချလိုက်တဲ့အသံကြီးက...

အေးစက်စက်နှင့်ကျောချမ်းစရာကောင်း၏....


"ဘယ်သူ့ကိုလဲ...."


"လူ.ယုတ်.မာ.တွေ...ငါနဲ့ငါ့မိသားစုကို

ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့လူယုတ်မာတွေ...

သူတို့ဒီလောကမှာအသက်ရှင်နေသေးသ၍....

ငါဘယ်တော့မှအဲ့ဒီနေရာကနေလွတ်မြောက်မှာ

မဟုတ်ဘူး....ဟား...ဟား...ဟား...."


"ဖောင်း...ခွမ်း...."


"အား...."


ကြောက်မက်ဖွယ်ရာရယ်သံနက်ကြီးအဆုံး

မျက်နှာကျက်ရှိမီးချောင်းကြီးကဖောင်းခနဲပေါက်ကွဲ

သွားတော့ဘုံနားနှစ်ဖက်ကိုလက်နှင့်တင်းတင်း

ပိတ်ရင်းကြမ်းပြင်ပေါ်ပုံလျက်သားလေး

ထိုင်ကျသွားခဲ့ရသည်။


"ခွမ်း..."


"ဒုန်း..."


"ခလွမ်း...."


ထို့နောက်ဆက်တိုက်ဆိုသလိုအခန်းထဲက

ပန်းအိုး၊ဖန်ခွက်၊ရေကရား၊အစရှိတဲ့ပစ္စည်းတွေက

နံရံကိုတစ်လှည့်၊ကြမ်းပြင်ကိုတစ်ခါအလိုလို

ထိမှန်၊ကျရောက်ကွဲကြေကုန်ခဲ့ပြီးအခန်းတစ်ခုလုံး

မှောင်အတိကျသွားတဲ့အခါ...


ဘုံနှင့်တစ်တစ်ကမ်းမှာရှိတဲ့ဝိညာဉ်ရဲ့ပုံရိပ်က

ရှည်မျောမျောသဏ္ဍာန်ရှိသည့်အငွေ့ဖြူဖြူများ

အသွင်သို့ပြောင်းလဲသွားပြီးဘုံကိုယ်ထဲသို့

ဝင်ရောက်လာတဲ့အခါဘုံ့အသိတစ်ခုလုံး

မှောင်အတိကျသွားခဲ့ပြီးနောက်....


~~~~~~~~~~~~~~❤❤❤


"ဘယ်လို...ဘုံကြိုးပြတ်ဆေးရုံမှာမရှိတော့ဘူး

ဟုတ်လား...."


မိန့်ဖုန်းကိုင်ပြီးစာကြည့်စားပွဲကနေ

ထရပ်လိုက်မိတာကဝရုန်းသုန်းကားနှင့်ဖြစ်သည်။


"ဟုတ်ပါတယ်...ဒေါက်တာလွန်ခဲ့တဲ့နာရီဝက်လောက်က

အဲ့ဒီ့အခန်းထဲကပစ္စည်းကျကွဲသံတွေကြားရတယ်ဆိုပြီး

ဘေးခန်းတွေကလှမ်းအကြောင်းကြားလို့....

ကျွန်မတို့တွေသွားကြည့်တော့အခန်းတစ်ခုလုံး

မှောင်မဲနေပြီးရစရာမရှိတော့ပါဘူး...ပြီးတော့

အခန်းထဲကလူနာကိုလဲမတွေ့တော့ဘူး...."


တဖက်ကပြောနေတဲ့သူနာပြုဆရာမရဲ့

အသံကထိတ်လန့်မူ့ကြောင့်တုန်ယင်နေခဲ့၏...


"ဘယ်လိုဖြစ်ပြီးဘုံကမရှိတော့တာလဲ....

မဟုတ်မှလွဲရော...."


မိန့်တစ်စုံတစ်ခုကိုတွေးမိသွားရကာသူမအတွက်

စိုးရိမ်စိတ်တွေကရင်ကိုအလုံးအရင်းနှင့်

ဝင်ဆောင့်၏....


"ဆေးရုံထဲကCCTVတွေကိုတစ်ချက်ပြန်စစ်ကြည့်

ပေးပါsister..ကျွန်တော်အခုချက်ချင်းဆေးရုံကို

လာခဲ့မယ်...."


မိန့်ဖုန်းကိုချပြီးတာနှင့်အဝတ်အစားပင်မလဲနိုင်

တော့ပဲအပေါ်ထပ်အင်္ကျီတစ်ထည်ကိုကောက်ဝတ်ကာ

ထွက်လာခဲ့တာက...သူမအတွက်ပူပန်နေတဲ့

စိတ်အစဉ်နှင့်ဖြစ်တော့သည်။


~~~~~~~~~~~~~~~❤❤❤


"ကျွီ...."


အပန်းဖြေစခန်းတည်ဆောက်နေတဲ့ဝင်းထဲက

မြေကွက်လပ်မှာကားကိုရပ်ပြီးတာနှင့်

ဘဏ်ကားပေါ်ကဆင်းလိုက်တာနှင့်....


"သူဌေး....."


ခေါ်သံနဲ့အတူအနားကိုကပျာကယာရောက်လာသည့်

Site တာဝန်ခံကိုရဲနိုင်....


"ဒီအချိန်ကြီးဘယ်လိုဖြစ်လို့siteထဲကို

ရောက်လာတာပါလဲ...."


"ကျွန်တော်...siteထဲကိုနည်းနည်းလောက်

လှည့်ပါတ်ကြည့်ချင်လို့...."


"ဗျာ...ဒီအချိန်ကြီးလား...."


၁၀နာရီကျော်ကိုညွှန်ပြနေသောလက်ကနာရီကို

ပင့်ကြည့်ပြီးကိုရဲနိုင်ကအံ့ဩတကြီးမေးသည်။


"အင်း...ဟုတ်တယ်...ခင်ဗျားလိုက်ခဲ့ဖို့မလိုဘူး...."


ဘဏ်ထိုမျှသာပြောပြီးမိုးဖွဲလေးတွေကျလာတာမို့

ကားတံခါးကိုပြန်ဖွင့်ပြီးထီးကိုယူလိုက်သည်။


"ကျွန်တော်ပြန်တော့မှခင်ဗျားရုံးခန်းထဲကို

ဝင်ခဲ့မယ်....."


ပြောရင်းဘဏ်ထီးကိုဖွင့်ကာနေရာကနေလှမ်းထွက်

လိုက်လျှင်...ကိုရဲနိုင်ကဘဏ့်ကိုအထူးအဆန်းလို

ကြည့်ကာနေရာမှာတင်ကျန်နေခဲ့တော့သည်။


>>>>>>>>


ညအချိန်မို့လုပ်ငန်းခွင်တွေကရပ်ဆိုင်းထားပေမဲ့

ဝင်းကြီးတစ်ခုလုံးမီးရောင်တွေဖြင့်လင်းထိန်နေခဲ့သည်

မိုးကခပ်ဖွဲဖွဲကျနေရာကနေအနည်းငယ်ပိုသဲလာပြီး

ကောင်းကင်ကြီးတစ်ခုလုံးနီမြန်းနေ၏....

ဝင်းကြီးတစ်ခုလုံးမှာအပန်ဖြေစခန်းရဲ့တာဝန်ခံတွေရော

လူပေါင်းများစွာရှိပေမဲ့တစ်ဦးတစ်ယောက်ရဲ့

အရိပ်အယောင်ကိုမှမမြင်ရပဲတိတ်ဆိတ်နေ၏...


"ကြည့်ရတာပြီးခဲ့တဲ့ကိစ္စကြောင့်အလုပ်သမားတွေ

ညဘက်အပြင်မထွက်ရဲကြတာနေမယ်...."


ဘဏ်...တီးတိုးမှတ်ချက်ချလိုက်ရင်း...

ဆက်ပြီးလျောက်လာခဲ့သည်အထိဘာထူးခြားမူ့

တစ်စုံတစ်ရာမှမတွေ့ခဲ့ရသေးပေ...


ထိုနောက်ဘဏ့်ရဲ့ခြေလှမ်းတွေက...ဝင်းရဲ့အနောက်

ဘက်ကတောအုပ်ငယ်လေးရဲ့နားထိရောက်လာ

ခဲ့ချိန်....


"ဟင်...."


ဖျပ်ခနဲပင်ဝင်းကြီးတစ်ခုလုံးမှောင်အတိကျသွားခဲ့၏


"မီးပျက်သွားတာပဲ...."


"ဂျိမ်း....ဂျလိန်း...."


ထိုအချိန်ခပ်ဖွဲဖွဲရွာနေတဲ့မိုးကလဲတဖြေးဖြေး

သည်းလာကာလေနည်းနည်းတိုက်လာ၏ထို့အတူ

မကြာခင်မှာသည်းကြီးမည်းကြီးရွာချတော့မည့်

အရိပ်အယောင်ကိုပြနေသည့်အလား...

မိုးခြိမ်းသံတွေနဲ့အတူလျှပ်စီးတဝင်းဝင်းဖြစ်လာသည်။


Ring>>>>Ring


ထိုအချိန်ကုတ်အင်္ကျီအိတ်ကပ်ထဲမှာရှိနေတဲ့

ဘဏ့်ရဲ့ဖုန်းကထမြည်လာတာကြောင့်..

ကြည့်လိုက်တော့မိန့်ထံကဖြစ်နေ၏...


"ဟဲလို...မိန့်...."


"ဘဏ်...မင်းအခုအိမ်မှာလား...."


"ငါလား....အိမ်မှာမဟုတ်ဘူး...."


တဖက်ကကြားလိုက်ရတဲ့မိန့်အသံကအလောတကြီး

နိုင်လွန်းလှတာကိုဘဏ်သိလိုက်သည်။


"ဘာဖြစ်လို့လဲ...မိန့်...."


ဘဏ်ပြန်မေးလိုက်လျှင်မိန့်ထံကအသံခဏတိတ်

သွားခဲ့ရင်း...


"ဘုံ...ဆေးရုံမှာမရှိတော့ဘူး...."


"ဘာ....ဟင်...."


မိန့်စကားကြောင့်...ဘဏ်`ဘာ´ခနဲဖြစ်သွားရသလို

နောက်ဆက်တွဲအာမေဋိတ်သံထွက်သွားရတာက

လျှပ်ရောင်တစ်ချက်အလက်၌...ဘဏ်နှင့်

ခြေ၁၀လှမ်းမျှပင်မကွာတဲ့ တောအုပ်အစပ်က

နေရာလေးမှ.ရပ်နေတဲ့သူမကိုထင်ထင်ရှားရှားကြီး

မြင်လိုက်ရတာကြောင့်ဖြစ်၏


"တီ...."


ထိုစဉ် `တီ´ခနဲမြည်သံနှင့်အတူ ဖုန်းလိုင်းက

ပြတ်တောက်သွားခဲ့ရင်းမိုးကဝေါခနဲရွာချလာ၏...


"က်စ္​...."


ထိုနေရာမှာကျောက်ရုပ်တစ်ရုပ်လိုမျက်တောင်

မခတ်စတမ်းရပ်နေခဲ့တဲ့သူမရဲ့အကာအကွယ်မရှိတဲ့

ခန္တာကိုယ်ကချက်ချင်းပင်ရွဲရွဲစိုသွားတာကိုကြည့်ပြီး

ဘဏ်...ကျစ်ခနဲစုပ်သပ်လိုက်မိကာ

သူမနားကိုလျှောက်သွားရင်း....


"မင်း...ဒီအချိန်ကြီးဒီနေရာမှာဘာလုပ်နေတာလဲ

ဘုံကြိုးပြတ်...မင်းဒီထဲကိုဘယ်လိုဝင်လာတာလဲ..."


သူမရှေ့မှာခြေစုံရပ်လိုက်ပြီးဘဏ်ထဲကထီးကို

သူမထံကိုမိုးပေးပြီးပခုံးဝန်းဝန်းလေးကို

ဆုပ်ကိုင်လိုက်တာနှင့်....


"အင့်...."


ခနဲအသံတစ်ချက်ထွက်လာပြီးကျောပြင်လေး

ကော့တက်သွားလျက်သူမကခွေခနဲကျသွားတာမို့

ဘဏ်သူမကိုယ်လေးကိုအလျင်အမြန်ပွေ့ဖက်

ထိန်းလိုက်လျှင်လက်ထဲကထီးကလွင့်ကျသွားခဲ့ရသည်။


"ဘုံကြိုးပြတ်....မင်းဘာဖြစ်တာလဲ..

သတိထားပါဦး....ဘုံ...."


ဘဏ်သူမကိုယ်လေးကိုအတင်းလူပ်ယမ်းပြီး

ခေါ်နေမိလျှင်ဖြူလျော်နေတဲ့သူမရဲ့မျက်နှာက

တဖြေးဖြေးသွေးရောင်လျှမ်းလာခဲ့ရင်း...


"သူ...ဒီနေရာမှာ.သူရှိနေတယ်....."


မောဟိုက်ပန်းလျမူ့များနှင့်အားယူဆိုလိုက်တဲ့

စကားသံလေးအဆုံးသူမကဘဏ့်ရင်ခွင်ထဲ၌

ပျော့ခွေကျသွားခဲ့တော့၏.....။


~~~~~~~~~~~~~~~~❤❤❤


ဆက်ရန်!!!!


Writer by

#Hazel


rate now: