❤My Strange Girl❤<ထူးဆန်းသောချစ်သူ>
🌺🌺🌺
"သူ့ရဲ့ဦးခေါင်းကကြီးကြီးမားမားဘာမှ
မထိခိုက်ထားပါဘူး..သူဌေး...
အားလုံးပုံမှန်ပါပဲ...ဘာမှစိတ်ပူစရာမရှိပါဘူး....."
CTဓာတ်မှန်ခန်းကတာဝန်ခံဆရာဝန်ရှင်းပြလာတဲ့
စကားတွေကိုနားထောင်နေရင်းဘဏ့်ရဲ့
မျက်ဝန်းတွေက....ခပ်လှမ်းလှမ်းမှာရှိတဲ့
ဝှီးချဲလ်ပေါ်မှာငိုမဲ့မဲ့မျက်နှာလေးနှင့်
ရှိနေသည့်သူမဆီကိုဝေ့ခနဲရောက်သွားခဲ့ရ၏...
သူမရဲ့ဘေးမှာလက်ကိုခပ်လျော့လျော့ပိုက်လျက်
ရပ်နေတဲ့မိန့်ရဲ့မျက်နှာကလဲမကျေမနပ်နှင့်
သူန်မူန်နေလျက်...
"ကျေးဇူးပါပဲ...ဒေါက်တာလုပ်စရာရှိတာ
ဆက်လုပ်ပါ......"
ဘဏ့်ကိုနူတ်ဆက်ပြီးတာဝန်ခံဆရာဝန်
လှည့်ထွက်သွားတော့...ဘဏ်..သူမနဲ့မိန့်
ရှိနေတဲ့နားကိုလှမ်းလျောက်လာခဲ့၏....
"ဒေါက်တာကတော့ပြောတယ်...မင်းရဲ့
ဦးခေါင်းမှာဘာပြသာနာမှမရှိဘူးတဲ့...."
ဘဏ့်ရဲ့စကားကြောင့်သူမရဲ့မျက်နှာမဲ့မဲ့လေးက
မဝံ့မရဲလေးမော့လာခဲ့ရင်း....
"ဘုံအရူးမဟုတ်ပါဘူး...."
"မင်းရဲ့စိတ်ကပုံမှန်ဆိုရင်လဲ...ဒီလိုအခြေအမြစ်
မရှိတဲ့စိတ်ကူးယဉ်ဇာတ်လမ်းကိုမထွင်ခဲ့သင့်ဘူး..."
"ဘဏ်...."
ဘဏ့်စကားကိုဟန့်တားသလိုဝင်ခေါ်လိုက်သူက
မိန့်ဖြစ်ပြီး...သူမကတော့ခေါင်းလေးပြန်ငုံ့သွား၏....
ဘဏ်..မိန့်ကိုလက်ကာပြလိုက်ရင်း...
"ငါ..သူနဲ့စကားပြောလို့မပြီးသေးဘူးမိန့်..."
ဘဏ့်စကားကြောင့်မိန့်မျက်နှာလွှဲလျက်
ငြိမ်သက်သွား၏...ဘဏ်မျက်နှာလေးအောက်ငုံ့နေတဲ့
သူမကိုပြန်ကြည့်လိုက်ရင်း....
"ငါဒီပရောဂျက်ကိုအကောင်အထည်ဖော်ဖို့...
ငါ့ရဲ့အချိန်တွေ၊ငါ့ရဲ့ငွေတွေ၊ငါ့ရဲ့ဝန်ထမ်းတွေ
အားလုံးကိုငါရင်းနှီးပြီးဘယ်လောက်ထိ
အားစိုက်ထားရတယ်ဆိုတာ...မင်းကိုရှင်းပြလဲ
မင်းနားလည်မှာမဟုတ်ဘူး...ဘုံကြိုးပြတ်
ငါမင်းပြောတဲ့စကားတွေကိုမယုံဘူး....
တစ်ကယ်လို့မင်းပြောတာအမှန်တွေဖြစ်နေရင်လဲ
ငါဂရုမစိုက်ဘူး...."
ပြတ်သားစွာဆိုလာတဲ့သူ့ရဲ့စကားတွေဆုံးတော့
ဘုံခေါင်းလေးတဖြေးဖြေးမော့ရင်းသူ့ကို
ပြန်ကြည့်လိုက်မိသည်။
တည်တင်းနေသလောက်ပြတ်သားမည့်
အရိပ်အယောင်တွေထင်ဟပ်နေတဲ့
သူ့ရဲ့မျက်ဝန်း၊သူ့ရဲ့နူတ်ခမ်းတွေကြောင့်
ဘုံအသည်းထဲအေးခနဲပင်ဖြစ်သွားခဲ့ရသည်။
"ရှင်ကအရမ်းတော်ပြီးထက်မြတ်တဲ့သူ
တစ်ယောက်ဆိုတာဘုံသိပါတယ်...ဒါပေမဲ့
ရှင်အရင်ကရင်ဆိုင်ခဲ့ဖူးတဲ့ရန်သူတွေက
သာမာန်လူတွေပါ...ဒါပေမဲ့အခုရှင့်ကိုဒုက္ခ
ပေးချင်နေတဲ့သူက...ရှင်မမြင်နိုင်၊မကြားနိုင်တဲ့
ဝိညာဉ်တစ်ကောင်လေ...ရှင်ဘုံ့ကိုယုံသည်ဖြစ်စေ
မယုံကြည်ဘူးပဲဖြစ်စေ...ဘုံရှင့်ကိုကူညီပေးချင်တယ်"
ဘုံသူ့ကိုကြည့်ပြီးဒီစကားတွေပြောဖို့
ဘယ်လိုသတ္တိတွေရှိလာမှန်းမသိလိုက်ပဲ
ကိုယ့်ကိုကိုယ်ပင်အံ့ဩသွားခဲ့ရသည်။
ထိုအခါဘုံ့ကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေက
အလွန်တရာစိတ်ပျက်ခြင်းအသွင်သို့
ဆောင်သွားခဲ့ရင်းခါးကိုခပ်လျော့လျော့
ထောက်လိုက်ပြီးသက်ပြင်းချသည်။
"မင်းကတစ်ကယ်ကိုသဘောပေါက်မလွယ်တာပဲ..
ဒါပေမဲ့...မင်းသိလား..ငါမင်းလို
ယဉ်ယဉ်လေးနဲ့ရူးနေတဲ့မိန်းကလေးမျိုးကိုအခုမှ
ပထမဆုံးတွေ့ဖူးတာ...."
ထင်မထားတဲ့သူ့စကားတွေကြောင့်
ဘုံ့မျက်နှာလေးရဲခနဲဖြစ်သွားခဲ့ရ၏....
သူကတော့...တစ်ချက်လေးမှလျော့မသွားတဲ့
မျက်နှာတင်းတင်းနဲ့ပဲဘုံ့ကိုကြည့်နေပြီး....
"မင်းကဝိညာဉ်တွေကိုမြင်နိုင်တယ်တဲ့လား...
အလကားအခြေအမြစ်မရှိတဲ့ကောလဟာတွေ...
ငါမင်းကိုတစ်ခုအကြံပေးလိုက်မယ်...မင်းမှာ
တစ်ကယ်ပဲsixth senseရနေတယ်ဆိုရင်လဲ
ဗေဒင်ဟောစားလိုက်ပါ...အဲ့ဒါမင်းအတွက်
ပိုပြီးအကျိုးရှိတယ်...."
ခေါင်းမာပြတ်သားလွန်းတဲ့စကားတွေနဲ့...
သူကချာခနဲဘုံ့ကိုကျောခိုင်းထွက်သွား၏....
"ဘဏ်..ခဏနေဦး...."
ဒေါက်တာမိန့်ခွန်းကသူ့နောက်ကိုလှမ်းလိုက်
သွားရန်ပြင်ပြီးမှဘုံ့ကိုသတိရသွားဟန်နှင့်
ပခုံးလေးကိုခပ်ဖွဖွတစ်ချက်ပုတ်လိုက်ရင်း...
"ဘုံ...ခဏလေးနော်...ကျွန်တော်
ပြန်လာခဲ့မယ်...."
ပြောပြီးအပြေးတစ်ပိုင်းခြေလှမ်းတွေနှင့်
ဒေါက်တာမိန့်ခွန်းဘုံ့အနားကနေလှမ်းထွက်သွားမှ
ကြိုးစားထိန်းချုပ်ထားရတဲ့မျက်ရည်တွေက
ဘုံ့ရဲ့ပါးပြင်လေးပေါ်သို့အလုအယက်
ပြိုကျလာခဲ့၏....
ဒီလိုဖြစ်ရပ်မျိုးတွေကဘုံခဏခဏကြုံခဲ့ရဖူးပါတယ်..
ဝိညာဉ်တွေကြောင့်တစ်ချို့လူတွေကဘုံ့ကို
စိတ်မနှံ့တဲ့ရူးသွပ်နေသူလို့ထင်ခံရတာမျိုးက
ဘုံ့အတွက်အဆန်းမဟုတ်ပေမဲ့...
ဘာလို့သူ့ရဲ့စကားတွေကဘုံ့ကိုဒီလိုနာကျင်
စေရတာလဲဆိုတာဘုံမတွေးတတ်တော့ပဲ...
ဘုံလုပ်နိုင်တာတစ်ခုကရိူက်သံမထွက်အောင်
နူတ်ခမ်းလေးဖိကိုက်ထားရင်းမျက်ရည်တွေကို
ကြိတ်သုတ်နေခဲ့မိခြင်းသာဖြစ်တော့သည်။
>>>>>>>>>>>>>>>>❤❤❤
"မင်းအရမ်းလွန်တယ်ဘဏ်...ဘာလို့သူ့ကို
ဒီလောက်ထိပြင်းပြင်းထန်ထန်ပြောလိုက်ရတာလဲ
သူအရမ်းစိတ်ထိခိုက်သွားတာမင်းမြင်လား..."
နားနေခန်းထဲကိုပြန်ရောက်တာနှင့်မိန့်ကဘဏ့်ကို
မကျေမနပ်နှင့်ပြစ်တင်စကားဆိုလာခဲ့၏...
"တစ်ကယ်လို့သူပြောတာတွေကအမှန်မဟုတ်ဘူး
ဆိုရင်တောင်မင်းသူ့ကိုဒီလောက်ထိမပြောသင့်ဘူး
ခုတော့...ဘုံသနားပါတယ်ကွာ....
သူတော်တော်စိတ်ထိခိုက်သွားမှာ...."
ရင်းနှီးနေတဲ့အခေါ်အဝေါ်နှင့်သူမဘက်ကို
တွေးပူပေးနေတဲ့မိန့်ကိုကြည့်ပြီး.....
နဂိုမလျော့တဲ့ဘဏ့်မျက်နှာကပိုပြီးတည်တင်း
သွားခဲ့ရင်း....
"ဒါဆို...မင်းကတော့သူပြောတဲ့စကားတွေကို
ယုံတယ်ပေါ့...အဲ့လိုလားမိန့်...."
"ကျစ်...အဲ့လိုတော့လဲမဟုတ်ပေမဲ့...."
ပြောနေရင်းဆက်မရှင်းတတ်တော့သလို
မိန့်စိတ်ရူပ်စွာနှင့်ဆံပင်တွေထဲလက်ထိုးထည့်ကာ
ဖွလိုက်ရင်း....
"ဘာပဲဖြစ်ဖြစ်...မင်းလွန်တယ်....ဘဏ်..."
ဒီတစ်ခါတော့ဘဏ်ဘာမှထပ်မပြောပဲ
ထိုင်ရာကနေထရပ်သည်။
"ငါပြန်တော့မယ်...ကုမ္ပဏီမှာအလုပ်တွေမပြတ်သေးဘူး
သူ့ကိုသေချာစောင့်ကြည့်ထားလိုက်...."
စကားအဆုံးရုံးခန်းထဲကနေချာခနဲလှည့်ထွက်သွားတဲ့
ဘဏ်ကအနောက်ကိုတစ်ချက်မျှပင်
ပြန်လှည့်မကြည့်သွား....
"ဒီကောင်တော့ကွာ...."
မိန့်တစ်ယောက်ထဲမကျေမနပ်နှင့်
ကျန်နေခဲ့ရတော့၏....
ဘာပဲဖြစ်ဖြစ်သူဆုံးဖြတ်ပြီးတဲ့ကိစ္စတစ်ခုကို
သိကြားမင်းဆင်းတားရင်တောင်နောက်ဆုတ်မှာ
မဟုတ်တဲ့ဘဏ့်ရဲ့တဇွတ်ထိုးအကျင့်ကို
သိနေတာမို့...မိန့်ကိုယ်တိုင်လဲသက်ပြင်းချရုံမှ
တစ်ပါးတခြားမတတ်နိုင်တာမို့
သူမကိုနှစ်သိမ့်ရန်သာနားနေခန်းထဲက
ထွက်လာခဲ့တော့၏....
>>>>>>>>>>>>>>>>>>>>>❤❤❤❤
ဘုံဆေးရုံစင်္ကြန်လမ်းရဲ့ထိုင်ခုံလေးမှာ
တစ်ယောက်ထဲငေးငေးလေးထိုင်နေစဉ်...
အနားမှာလာရပ်တဲ့မြင့်မားတဲ့ပုံရိပ်တစ်ခုကြောင့်
လည်ပင်းလေးလိမ်ကာမော့ကြည့်လိုက်တော့...
ဝတ်ထားတဲ့ဂျူတီကုတ်နှင့်လိုက်ဖက်စွာ
ချိုသာတဲ့အပြုံးနှင့်ဘုံ့ကိုနှစ်သိမ့်သလိုကြည့်နေတဲ့
ဒေါက်တာမိန့်ခွန်းကိုမြင်လိုက်ရ၏....
"ဒေါက်တာ...."
"အရမ်းစိတ်မကောင်းဖြစ်နေလား....."
မိန့်..ငိုထားပုံရသည့်သူမရဲ့မျက်နှာလေးကို
ကြည့်ပြီးစိတ်မကောင်းစွာမေးလိုက်မိတော့
သူမကခေါင်းလေးယမ်းပြသည်။
မိန့်သူမနားမှာဝင်ထိုင်လိုက်ရင်း....
"ဘဏ်ကအဲ့လိုပဲတဇွတ်ထိုးအရမ်းဆန်တယ်...
စကားပြောတာမညင်သာပဲ....လူတစ်ဖက်သားကို
ဘယ်လိုကောင်းကောင်းမွန်မွန်ဆက်ဆံရမလဲဆိုတာ
မသိပေမဲ့...စိတ်ရင်းတော့ကောင်းပါတယ်..."
သူမကမိန့်စကားတွေကိုနားထောင်ပြီး
ခပ်ယဲ့ယဲ့လေးပြုံးသည်။
"ဘုံဘာမှမဖြစ်ပါဘူး...သူဌေးကိုဘုံနားလည်ပါတယ်
ဒီလိုအခြေအနေမျိုးနဲ့ကြုံလာတဲ့အခါ....
ဘယ်သူမဆိုဒီလိုပဲတုံ့ပြန်မှာပဲလေ..."
ပြောနေရင်းအသံလေးတိမ်ဝင်သွားတဲ့သူမက...
မျက်မှန်လေးကိုတစ်ချက်ပင့်တင်လိုက်ရင်း
မိန့်ကိုငဲ့ကြည့်လာသည်။
"ဒေါက်တာရောဘုံပြောတဲ့စကားတွေကို
မယုံဘူးမဟုတ်လား...."
"ကျွန်တော်...."
မိန့်ရုတ်တရပ်ဘာဖြေရမလဲမသိဖြစ်သွားတော့
အပြုံးငွေ့ငွေ့လေးနှင့်သူမကအရှေ့ကိုပြန်လှည့်
သွားရင်း...
"ဘုံသိပါတယ်...ဒေါက်တာလဲဘုံ့ကို
အခြေအမြစ်မရှိတဲ့စကားတွေပြောနေတဲ့
စိတ်မနှံ့တဲ့မိန်းကလေးလို့ထင်နေတာပဲ
မဟုတ်လား...."
"ဟာ...မဟုတ်တာ...ကျွန်တော်ဘုံ့ကိုအဲ့လို
မထင်ပါဘူး...တစ်ကယ်ပြောတာ
ကျွန်တော်..."
မိန့်ကပျာကယာရှင်းပြသလိုငြင်းလိုက်မိတော့
သူမကခပ်တိုးတိုးလေးရယ်သည်။
"ဘုံအတွက်လဲ...တစ်ကယ်သူဌေးထင်နေသလိုမျိုး
အခြေအမြစ်မရှိတဲ့ယုံတမ်းစကားတွေကို
လျှောက်ပြောနေတဲ့မိန်းကလေးတစ်ယောက်
ဖြစ်နေတာကမှပိုပြီးစိတ်သက်သာရာရဦးမယ်လို့
ထင်မိတယ်....ဘာလို့လဲဆိုရင်ဘယ်သူမှမမြင်နိုင်တဲ့
အဲ့ဒီ့ဝိညာဉ်တွေကိုအချိန်တိုင်းမြင်နေရတာက...
ဘုံအတွက်အရမ်းခက်ခဲလွန်းတယ်...ဘုံဒီအတိုင်း
သာမာန်လူတစ်ယောက်ပဲဖြစ်ချင်တာ...ဘုံသူတို့ကို
တစ်ကယ်မမြင်ချင်ဘူး....ဟင့်....."
ပြောနေရင်းတိမ်ဝင်သွားပြန်တဲ့အသံလိူင်းလေးမှာ
ရိူက်သံလေးပါလာတော့....မိန့်ရင်ထဲပူဆင်း
သွားခဲ့ရ၏....
"မင်းငိုနေတာလားဘုံ....."
မိန့်အမေးကိုပြန်မဖြေပဲသူမခေါင်းလေးငုံ့သွားပြီး
ကျောပြင်လေးတစ်ချက်သိမ့်ခနဲဖြစ်သွားတော့...
မရည်ရွယ်ပါပဲမိန့်ရဲ့လက်တစ်ဖက်ကလဲ
သူမရဲ့ပခုံးဝန်းဝန်းလေးထက်ရောက်ရှိသွားခဲ့ရ၏...
".............."
ရိူက်သံမထွက်ပဲကျောပြင်လေးတသိမ့်သိမ့်တုန်
အောင်ကြိတ်ငိုနေတဲ့သူမရဲ့ပခုံးလေးကို...
မိန့်ခပ်ဖွဖွပုတ်လျက်နှစ်သိမ်ချော့မြူနေခဲ့မိတာက....
နှလုံးသားထဲကတွန်းအားပေးလာတဲ့...
ထူးဆန်းတဲ့ခံစားချက်တစ်စုံတစ်ရာကြောင့်......
"မင်းကထူးဆန်းတဲ့ကောင်မလေးပဲ...ဘုံ...."
>>>>>>>>>>>>>>>>>>❤❤❤
"ရှင်ကအရမ်းတော်ပြီးထက်မြတ်တဲ့သူတစ်ယောက်
ဆိုတာဘုံသိပါတယ်...ဒါပေမဲ့ရှင်အရင်က
ရင်ဆိုင်ခဲ့ရတဲ့ရန်သူတွေကသာမာန်လူတွေပါ
အခုရှင့်ကိုဒုက္ခပေးချင်နေတဲ့သူက....
ရှင်မမြင်နိုင်၊မကြားနိုင်တဲ့ဝိညာဉ်တစ်ကောင်လေ...
ရှင်ဘုံ့ကိုယုံသည်ဖြစ်စေ၊မယုံကြည်ဘူးပဲဖြစ်စေ
ဘုံရှင့်ကိုကူညီပေးချင်တယ်...."
တစ်နေ့လုံးနားထဲမှာကြားယောင်နေတဲ့
စကားသံတွေနဲ့အတူတစ်ချက်တစ်ချက်
အာရုံထဲမှာတဝဲလည်လည်ဖြစ်နေတဲ့...
မျက်ရည်တွေအပြည့်နှင့်သူမရဲ့မျက်နှာလေးက..
ဘဏ့်အားအလုပ်ကိုအာရုံမစိုက်နိုင်တော့တဲ့အထိ
ဒုက္ခပေးနေ၏....
"မင်းအရမ်းလွန်တယ်ဘဏ်...ဘာလို့သူ့ကို
ဒီလောက်ထိပြင်းပြင်းထန်ထန်ပြောလိုက်ရတာလဲ
သူအရမ်းစိတ်ထိခိုက်သွားတာမင်းမြင်လား...."
တစ်ဆက်တည်းမိန့်ပြောတဲ့စကားကိုပါပြန်
ကြားယောင်လိုက်မိတော့...ဘဏ့်စိတ်ထဲ
ထင့်ခနဲဖြစ်သွားရ၏....
"ငါတစ်ကယ်များလွန်သွားတာလား...."
"ဗျာ...."
နူတ်ကနေသတိလက်လွတ်ရေရွတ်လိုက်မိချိန်
ဖိုင်တစ်ထပ်နှင့်အချိန်ကိုက်အနားရောက်လာတဲ့
လရောင်ကြောင့်...ဘဏ်ကျောပြင်ကျယ်ကြီး
မတ်ခနဲဖြစ်သွားရ၏....
"အစ်ကိုလေးတစ်ခုခုပြောလိုက်တာလား....."
"ဘာမှမဟုတ်ဘူး..ထားခဲ့...."
ခပ်တည်တည်နှင့်ဟောက်လိုက်တော့...
လရောင်ကသူ့ကိုအထူးအဆန်းလိုကြည့်ပြီး
ဖိုင်တွဲတွေကိုစားပွဲပေါ်တင်ကာ....ပြန်လှည့်
ထွက်သွားတော့မှ...ဘဏ်သက်ပြင်းခပ်သဲ့သဲ့
ချလိုက်မိ၏........
ဘဝမှာတစ်ခါမှဒီလိုစိတ်နဲ့၊လူနဲ့မကပ်တာမျိုး
မရှိခဲ့ဖူးခဲ့......
ဒီအတိုင်းဆို...ဘဏ်လဲဆေးစစ်ဖို့လိုနေတာ
များလား...??
>>>>>>>>>>>>>>>>>🌺🌺🌺
"ဟုတ်ကဲ့မမ...ဘုံဒီတစ်လောကျန်းမာရေး
အခြေအနေကြောင့်စာဆက်မရေးနိုင်သေးတာပါ...
ဒါပေမဲ့စိတ်မပူပါနဲ့ဘုံအခုသက်သာနေပါပြီ...
စာမူအသစ်ကိုလကုန်တာနဲ့လက်စသတ်ပြီး
စာအုပ်တိုက်ကိုပို့ပေးပါ့မယ်..."
"စာမူကအရေးမကြီးပါဘူးဘုံရယ်...
ဘုံ့ကျန်းမာရေးကိုသာဂရုစိုက်ပါ...
လုံးဝအရှင်းသက်သာသွားတော့မှစာပြန်ရေးလဲ
ရပါတယ်..."
"ဘုံကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်
မမ...ဒါပေမဲ့ဘုံလကုန်တာနဲ့စာမူကို
ရအောင်အပ်မှာပါ...ဘုံကလဲစာရေးနေရမှ
အသက်ကောင်းကောင်းရူနိုင်တာလေ...."
ဘုံ့စကားကြောင့်စာအုပ်တိုက်ပိုင်ရှင်
မမကဖုန်းထဲကနေသဘောကျသလိုရယ်သည်။
"ကဲပါ...ဒါဆိုလဲဘုံနားလိုက်ဦး...
အကူအညီလိုရင်လဲမမကိုပြောနော်...
ဘာမှအားမနာနဲ့...."
"ဟုတ်......ကျေးဇူးတင်ပါတယ်မမ...."
စာအုပ်တိုက်ပိုင်ရှင်မမဖုန်းချသွားတော့...
ဘုံဒီရက်ပိုင်းအတွင်းအခုမှပထမဆုံး
အဝင်callမြင်ရသည့်ဖုန်းလေးကိုကြည့်ပြီး
နာကျင်စွာပဲပြုံးလိုက်မိသည်။
"ဖေဖေရောနေမှကောင်းရဲ့လား...."
အတွေးနဲ့ဖေဖေ့မျက်နှာကိုမြင်ယောင်မိတော့
ဘုံမျက်ရည်များဝဲတက်လာရပေမဲ့..
ထပ်ပြီးမျက်ရည်မကျချင်တာကြောင့်
မျက်မှန်လေးကိုပင့်တင်ရင်းခေါင်းကို
ခပ်မော့မော့လေးလုပ်လိုက်မိသည်။
ဘုံကသာသူတို့အတွက်စိတ်ပူနေခဲ့ရပေမဲ့
သူတို့ကတော့ဘုံ့ကိုအထူးတလည်
သတိတရရှိမှာမဟုတ်ဘူးဆိုတာဘုံ
အသေအချာသိနေပါသည်။
အကယ်၍ဒီရက်ပိုင်းသူတို့သာဘုံ့အကြောင်းကို
ပြောဖြစ်မယ်ဆိုရင်အကြောင်းအရင်းက
တစ်ခုပဲဖြစ်လိမ့်မယ်....
အဲ့ဒီ့အကြောင်းအရာကတော့.....
ဘုံကြိုးပြတ်ဆိုတဲ့သူမကမိဘစီစဉ်တာကို
မနာခံပဲရူးရူးမိုက်မိုက်နဲ့အိမ်ကနေထွက်ပြေးသွားတဲ့
အသုံးမကျတဲ့မိန်းကလေးတစ်ယောက်အဖြစ်နဲ့ပေါ့...
>>>>>>>>>>>>>>>>>>>>>❤❤❤
ညကဘဏ်ထုံးစံအတိုင်းအလုပ်တွေပိနေ၍
အိမ်မပြန်ဖြစ်ပဲရုံးခန်းထဲကအိပ်ခန်းမှာပဲ
အိပ်ဖြစ်သည်။
ညဉ့်တော်တော်နက်မှအိပ်ပျော်သွားတာမို့
ဝေလီဝေလင်းအချိန်မှာဆူညံနေတဲ့
ဖုန်းသံကြောင့်ဘဏ်ဆတ်ခနဲလန့်နိုးသွားရပေမဲ့
မျက်လုံးမဖွင့်နိုင်ပဲ.....ခေါင်းအုံးဘေးက
ဖုန်းကိုစမ်းတဝါးဝါးနှင့်လှမ်းယူလိုက်ပြီး
နားမှာကပ်လိုက်သည်။
"ဟဲလို...."
"ဟဲလို...သူဌေး..ကျွန်တော်ရဲနိုင်ပါ...."
"အင်း...ကိုရဲနိုင်ပြော....."
တစ်ဖက်ကအသံကအနည်းငယ်
မူမမှန်ပဲအလောတကြီးဖြစ်နေမှန်းသိပေမဲ့လဲ
ဘဏ်မျက်လုံးကောင်းကောင်းမဖွင့်နိုင်သေးခင်...
"ညကအပန်းဖြေစခန်းရဲ့Siteထဲမှာ...
မတော်တဆမူ့ဖြစ်လို့ပါသူဌေး......"
ကြားလိုက်ရတဲ့နောက်ဆက်တွဲစကားကြောင့်ဘဏ်
ချက်ချင်းပင်မျက်လုံးကျယ်သွားရကာ...
အိပ်ယာပေါ်ကနေဖျပ်ခနဲထထိုင်လိုက်မိလေတော၏။
>>>>>>>>>>>>>>>>>❤❤❤
ဆက်ရန်!!!!
Writer by
#Hazel