❤My Strange Girl❤<ထူးဆန်းသောချစ်သူ>
🍃🍃🍃
"ဟုတ်...အဲ့ဒါဆိုဘုံပြောတော့မယ်နော်
ဘုံလေ...ဒေါက်တာ့ရဲ့သူငယ်ချင်း
ကိုမင်းဘဏ္ဍာကိုခဏလောက်တွေ့လို့
ရမလားဟင်...."
"ဗျာ...."
သူမရဲ့စကားကြောင့်မိန့်ရုတ်တရပ်အံ့ဩ
သွားခဲ့ရ၏...
"ဘုံက..ဘဏ့်ကိုတွေ့ချင်တယ်...."
"ဟုတ်...."
"ဘာဖြစ်လို့လဲ...ဘုံတစ်ခုခုအဆင်မပြေတာ
ရှိလို့လား...အဲ့လိုဆိုလဲဘုံလိုအပ်တာမှန်သမျှ
ကျွန်တော့်ကိုပြောလို့ရပါတယ်...."
ဘုံ့စကားကိုအဓိပ္ပါယ်တစ်မျိုးကောက်သွားပုံရတဲ့
ဒေါက်တာမိန့်ခွန်းကြောင့်ဘုံလက်လေး
အသည်းအသည်ကာလိုက်မိရင်း...
"ဟို...အဲ့လိုမဟုတ်ပါဘူး...ဘုံဘာမှလိုအပ်တာ
မရှိပါဘူး...ဘုံအကုန်အဆင်ပြေပါတယ်...."
"ဒါဆိုဘုံကသူ့ကိုဘာလို့တွေ့ချင်တာလဲ...
Sorry,အဲ့လိုပြောလို့တစ်မျိုးမထင်နဲ့နော်
ကျွန်ေတ်ာကဘုံနဲ့သူ့ကိုမတွေ့စေချင်လို့ပြောတာ
မဟုတ်ပါဘူး...ဘဏ်ကဘုံ့အတွက်
လိုအပ်တာမှန်သမျှကျွန်ေတာ့်ကိုလွှဲထားတာဆိုတော့
ကျွန်တော်ကူညီပေးနိုင်တဲ့ကိစ္စများဖြစ်နေ
မလားလို့ပါ..."
ဘုံဒေါက်တာမိန့်ခွန်းကိုနားလည်အောင်
ဘယ်လိုရှင်းပြရမလဲ မသိတာကြောင့်
စိတ်ရူပ်စွာနှင့်လည်တိုင်သွယ်သွယ်လေးကို
ထပ်ပြီးပွတ်သပ်လိုက်ပြန်တော့...
တစ်ချိန်လုံးဘုံ့ကိုမျက်တောင်မခတ်စတမ်း
စိုက်ကြည့်နေတဲ့ သူက
"ဘုံပြောရခက်နေတာလား...ဒါမှမဟုတ်
ကျွန်တော့်ကိုပြောပြလို့မရတဲ့အကြောင်းအရာ
ဖြစ်နေလို့လား...."
မိန့်စကားကိုနားထောင်ပြီးသူမမျက်နှာလေးက
စိတ်ရူပ်ထွေးမူ့များစွာနှင့်မဲ့တဲ့တဲ့လေး
ဖြစ်သွားရင်း....
"ဘုံလဲ..ဒေါက်တာနားလည်အောင်ဘယ်လို
ရှင်းပြရမလဲဆိုတာမသိတော့ဘူး.....ဟို.ဒေါက်တာ
ဝိညာဉ်တွေရှိတယ်ဆိုတာယုံလားဟင်...."
"ဗျာ...."
ဒီတစ်ခါသူ့ရဲ့ဗျာသံကအနည်းငယ်ပိုကျယ်
သွားပြီး...အရှေ့ကိုကိုင်းညွတ်နေတဲ့
သူ့ခန္တာကိုယ်ကလဲအနောက်ကိုဖျပ်ခနဲ
ရွေ့မတ်၏....
"ဝိညာဉ်...."
"ဟုတ်...."
"ဒါဆိုသရဲတစ္ဆေတွေကိုပြောတာလား...."
သူထပ်မေးလာတာကိုဘုံခေါင်းလေးငြိမ့်ပြ
လိုက်တော့သူ့ရဲ့မျက်နှာကအကြီးအကျယ်
ပျက်သွား၏....
မထူးတော့ပြီမို့ဘုံကိုယ်လေးအရှေ့ကို
ကိုင်းညွတ်ကာလေသံကိုနှိမ့်လိုက်ပြီး....
"တစ်ကယ်တော့လေ...ဘုံကဝိညာဉ်တွေကို
မြင်နိုင်တယ်....."
"ဘာ..."
ဒီတစ်ခါတော့`ဗျာ´မဟုတ်တဲ့သူ့ရဲ့
`ဘာ´သံကရုံးခန်းတစ်ခုလုံးကိုဟိန်းထွက်
သွားခဲ့ပြီး......
>>>>>>>>>>>>>>>>>>>>❤❤❤
မိန့်နားနေခန်းထဲမှာဘယ်နှစ်ကြိမ်မြောက်မှန်း
မသိအောင်ခေါက်တုံ့ခေါက်ပြန်လျောက်နေခဲ့မိတာ
သူမပြန်ထွက်သွားပြီးကထဲကဖြစ်သည်....
"တစ်ကယ်တော့လေဘုံကဝိညာဉ်တွေကို
မြင်နိုင်တယ်...."ဆိုတဲ့....
စကားရဲ့နောက်ဆက်တွဲအဖြစ်သူမ
လောလောလတ်လတ်ပြောခဲ့သောစကားတွေက...
"ဘုံဒီလိုပြောရင်...ဒေါက်တာဘုံ့ကို
စိတ်မမှန်ဘူးလို့တွေးရင်တွေးမယ်ဆိုတာသိပေမဲ့
ဘုံမလိမ်ပါဘူးဘုံဝိညာဉ်တွေကိုတစ်ကယ်မြင်ရတယ်
ပြီးတော့ဘုံကသူတို့ရဲ့မပြီးပြတ်သေးတဲ့
ဆန္ဒတွေကိုကူညီလုပ်ဆောင်ပေးရတယ်
ဆိုရင်လဲမမှားပါဘူး...."
"..........."
"ဘုံ...ဒေါက်တာသူငယ်ချင်းကားနဲ့တိုက်မိတဲ့ညက
တစ်ကယ်တော့ဝိညာဉ်တစ်ကောင်ဘုံ့နောက်ကို
လိုက်လာလို့ဘုံထွက်ပြေးရင်းဖြစ်ရတာပါ....
ဒါပေမဲ့အဲ့ဒီ့ဝိညာဉ်ကဒီနေရာထိပါလာပြီး
သူ့ကိုအကူအညီပေးဖို့ဘုံ့ကိုတောင်းဆိုနေတယ်...
ပြီးတော့သူတောင်းဆိုနေတဲ့ကိစ္စကဒေါက်တာ့ရဲ့
သူငယ်ချင်းနဲ့လဲပါတ်သတ်နေတယ်...."
"............."
"သူကအခုလက်ရှိD.group ကအပန်းဖြေစခန်း
ဆောက်ဖို့ပြင်နေတဲ့မြေပေါ်မှာရှိနေတဲ့
ဝိညာဉ်ပါ....သူကသူပိုင်တဲ့အဲဒီ့မြေပေါ်မှာ
ရှိနေတဲ့လုပ်ငန်းတွေအားလုံးကိုရပ်ပြီး
ထွက်သွားလို့ပြောနေတယ်...အဲ့လိုမှမဟုတ်ရင်
သူအားလုံးကိုသတ်ပစ်မယ်တဲ့....."
"ဟူး....."
မိန့်သူမပြောတဲ့စကားတွေကိုပြန်ကြားယောင်
နေမိရင်းရှည်လျားလှတဲ့သက်ပြင်းတစ်ချက်ကို
ချလိုက်သည်။
"ဒီကောင်မလေး...ဘဏ်ပြောသလိုခေါင်းများ
ထိသွားတာလား....."
သူမပြောတဲ့စိတ်ကူးယဉ်ဆန်ဆန်သဘာဝလွန်
ဖြစ်ရပ်တွေကိုမိန့်မယုံမရဲဖြစ်နေမိပေမဲ့...
သူမထိုစကားတွေကိုပြောခဲ့စဉ်အခါတုန်းက
သူမရဲ့မျက်ဝန်းလေးတွေကလိမ်ညာ
ဟန်ဆောင်နေတဲ့သူတစ်ယောက်နှင့်
လားလားမှမတူနေပဲ...ရိုးသားသည့်အသွင်ကို
ဆောင်နေတဲ့မျက်နက်ဝန်းလေးတွေမှာ...
အမှန်တစ်ကယ်အကူအညီပေးချင်နေတဲ့
ပူပန်မူ့အရိပ်အယောင်တွေကိုပဲတွေ့ရသည်။
မိန့်ဘာလို့သူမကိုမှယုံကြည်ချင်နေတာလဲဆိုတာ
ကိုယ့်ကိုကိုယ်လဲမတွေးတတ်တော့....
သူမပြောတဲ့စကားတွေကိုသာမိန့်...ဘဏ့်ကို
ပြန်ပြောပြလိုက်လျှင်ဘဏ်ကထိုအကြောင်းတွေကို
ရယ်စရာပြက်လုံးတစ်ခုထက်ပိုပြီး
သဘောထားမှာမဟုတ်တာကိုမိန့်သေချာသိနေသည်။
အဲ့ဒါထက်သူမကိုလိမ်လည်ဇာတ်လမ်းဆင်တတ်သည့်
မိန်းကလေးတစ်ယောက်အဖြစ်ဘဏ်
အထင်သေးသွားမှာကိုလဲမိန့်မလိုချင်ပေ....
နောက်တစ်ခုကဘဏ်ဒီအပန်းဖြေစခန်း
ပရောဂျက်ကိုဘယ်လောက်ထိစိတ်အားထက်သန်
နေလဲဆိုတာမိန့်သိနေပြီးသား....
ဒီလောက်အတိုက်အခိ်ုက်တွေ၊ကန့်ကွက်မူ့တွေ
ရှိနေတဲ့ကြားကဘဏ်အကောင်အထည်ဖော်ခဲ့တဲ့
အရာတစ်ခုကို...သူမရဲ့အခြေအမြစ်မရှိတဲ့
စကားတွေကဟန့်တားနိုင်ဖို့်ဆိုတာ..
0%......မင်းဘဏ္ဍာဆိုတဲ့သူတစ်ယောက်
အကြောင်းကိုမိန့်လောက်ဘယ်သူကသိမှာလဲ..
"ဟူး....တစ်ကယ်ပဲငါခေါင်းတွေပွင့်ထွက်တော့
မယ်ထင်တယ်....."
ဘယ်လိုပဲစဉ်းစားစဉ်းစားအဆင်ပြေတဲ့အဖြေက
ထွက်မလာပဲ...နောက်ဆုံးတော့မိန့်
ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ကျသွားရတာက
စိတ်ပျက်စွာဖြင့်.....
>>>>>>>>>>>>>>>>>>>❤❤❤❤
"အစ်ကိုလေး...နေ့လည်စာရပါပြီ....."
စားသောက်ဆိုင်ကနေမှာထားတဲ့စားစရာတွေကို
လရောင်သေချာပြင်ဆင်ပေးပြီး....
အစ်ကိုလေးအလုပ်ရူပ်နေတဲ့အလုပ်စားပွဲ
ရှည်ကြီးနားထိလျောက်သွားပြီးခေါ်လိုက်ပေမဲ့
Laptopတစ်လုံးနှင့်အလုပ်ရူပ်နေတဲ့အစ်ကိုလေး
ကတော့လရောင်ကိုဖျပ်ခနဲမှပင်မော့မကြည့်လာခဲ့...
လရောင်ရုံးခန်းထဲကနာရီကိုမသိမသာ
လှမ်းကြည့်လိုက်တော့လဲ...1နာရီကျော်နေပြီမို့
နောက်တစ်ကြိမ်အရဲစွန့်လိုက်ရင်း....
"အစ်ကိုလေးအချိန်ကအတော်လေးလွန်နေပြီ
ဒီထက်ပိုပြီးနောက်ကျရင်အစ်ကိုလေး
အစာအိမ်ထိခိုက်လိမ့်မယ်....."
"ကျစ်...."
ဘဏ်လက်ထဲကအလုပ်မပြတ်သေး၍...
တမင်တကာအချိန်ကိုမေ့ထားရာမှ
အနားမှာတဂျီဂျီလာလုပ်နေသောလရောင်ကြောင့်
စိတ်ရူပ်စွာနဲ့ပဲကျစ်ခနဲစုပ်သပ်ကာ
မော့ကြည့်လိုက်တော့ လရောင်က
စားပွဲနားကနေခြေတစ်လှမ်းလောက်နောက်ဆုတ်
သွားရင်း....
"ဟို...ဥက္ကဌကြီးကအစ်ကိုလေးကိုသေချာဂရုစိုက်ဖို့
ကျွန်တော့်ကိုမှာထားလို့...."
"မင်းတစ်ချိန်လုံးအဖိုးရဲ့အမိန့်နဲ့ပဲငါ့ကို
ကိုင်ပေါက်နေရတာမပင်ပန်းဘူးလား...
မင်းကအဖိုးရဲ့အတွင်းရေးမှူးလား...ငါ့ရဲ့အတွင်း
ရေးမှူးလား...."
"ဗျာ...ကျွန်တော်ကအစ်ကိုလေးရဲ့အတွင်းရေးမှူးပါ"
ဘဏ်အနည်းငယ်ဒေါသထွက်ဟန်ပြလိုက်တာနှင့်
လရောင်ကကပျာကယာခေါင်းငုံ့ပြီးဖြေသည်။
"ဒါတော့သိသေးတာပဲ...ငါအလုပ်တွေ
မပြတ်သေးလို့ခဏနေမှစားလိုက်မယ်ထပ်ပြီး
နားပူအောင်လုပ်မနေတော့နဲ့....."
ဒီတစ်ခါတော့လရောင်ထပ်ပြီးဆင်ခြေ
မတက်ရဲတော့ပဲအနားကနေထွက်သွားတာကြောင့်
ဘဏ်Laptopဆီအာရုံပြန်ရောက်သွားစဉ်..
စားပွဲပေါ်ရှိဖုန်းကထမြည်လာတာကြောင့်
ဘဏ်ဖုန်းကိုင်လိုက်သည်။
"ဟဲလို.....မိန့်ပြော "
"ဘဏ်...ငါမင်းနဲ့အရေးတကြီးဆွေးနွေးစရာရှိတယ်
မင်းအခုဆေးရုံကိုလာခဲ့လို့ရမလား...."
ဖုန်းထဲကနေကြားလိုက်ရတဲ့မိန့်ရဲ့စကားကြောင့်
Laptopပေါ်မှာပြေးလွှားနေတဲ့ဘဏ့်ရဲ့
လက်ချောင်းသွယ်သွယ်တွေကတုံ့ခနဲရပ်တန့်
သွားခဲ့ရ၏....
"အရေးကြီးဆွေးနွေးစရာဟုတ်လား.....
ဘာကိစ္စလဲ...ဟိုမိန်းကလေးတစ်ခုခုဖြစ်လို့လား...."
"ဘာမှတော့မဖြစ်ပါဘူး...ဒါပေမဲ့ငါအခုမင်းနဲ့
ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကသူနဲ့တော့
သက်ဆိုင်နေတယ်..."
"..........."
"အဲ့ဒါကြောင့်...မင်းအချိန်ရမယ်ဆို
ဆေးရုံကိုခဏလောက်လာခဲ့ပါလားဘဏ်....."
"ငါလာခဲ့မယ်...."
မဆိုင်းမတွပြန်ဖြေရင်းဖုန်းကိုင်ထားလျက်က
ဘဏ်Laptopကိုပိတ်ကာဆတ်ခနဲထရပ်လိုက်သည်။
"ဟင်...အစ်ကိုလေးဘယ်သွားမလို့လဲ..
အလုပ်တွေမပြီးသေးဘူးဆို....."
ချက်ချင်းပင်အလောတကြီးဖြစ်သွားတဲ့
ဘဏ့်ကိုကြည့်ရင်းလရောင်မေးလိုက်သံက
အနောက်မှာကျန်နေခဲ့ပြီဖြစ်ကာ.....
ကုတ်အင်္ကျီကိုတစ်ဖက်ကကိုင်လျက်...
ဖုန်းပြောလက်စနှင့်ဘဏ်ကတော့....
ခပ်ကြဲကြဲခြေလှမ်းတွေနှင့်ရုံးခန်းထဲကနေ
လှမ်းထွက်လာခဲ့တော့သည်။
>>>>>>>>>>>>>>>>>>>>❤❤❤
"မိန့်...."
"မင်းရောက်လာပြီလားဘဏ်...မြန်လိုက်တာ...."
ဖုန်းပြောပြီးတာဖြင့်၁နာရီမျှမရှိသေး
ဆေးရုံကိုချက်ချင်းရောက်ချလာသော
ဘဏ့်ကြောင့်မိန့်အံ့ဩစွာနှင့်ပဲ
ထိုင်ရာကနေထရပ်လိုက်မိ၏....
"မင်းအသံကသေရေးရှင်ရေးအသံဖြစ်နေတာကိုး
ငါအမြန်မရောက်လာလို့ဖြစ်မလား....."
ခပ်တည်တည်နဲ့သူ့ကိုပင်ပြန်ပြီးအပြစ်တင်လိုက်သေး
လိုက်သေးသည့်ဘဏ့်ကြောင့်....
မိန့်ဇဝေဇဝါဟန်နှင့်ခေါင်းကိုဖွဖွကုတ်လိုက်ရင်း
"ငါ့အသံကတစ်ကယ်ပဲသေရေးရှင်ရေးအသံ
ပေါက်နေလို့လား....."
ကိုယ့်ကိုကိုယ်ဇဝေဇဝါဟန်နှင့်ပြန်မေးသလို
ရေရွတ်လိုက်မိတာကိုဘဏ်က
အတည်ပေါက်နှင့်ခေါင်းငြိမ့်ပြရင်း
ဆိုဖာမှာဝင်ထိုင်လိုက်၏....
မိန့်ဘဏ့်နားကိုလျောက်သွားလိုက်ရင်း
မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။
"ပြော...မင်းငါ့ကိုအလောတကြီးဆေးရုံကို
လာခိုင်းတာဘာအရေးကြီးကိစ္စကြောင့်လဲ...."
ဘဏ်မေးလိုက်ပေမဲ့မိန့်ကချက်ချင်းမဖြေပဲ
မျက်ဝန်းတွေကတစ်ခုခုကိုစဉ်းစားချင့်ချိန်ဟန်
ဖြစ်နေခဲ့၏....
"မိန့်....မင်းငါမေးတာကြားလား....."
"အင်း...ငါကြားပါတယ်ဒါပေမဲ့ငါမင်းကို
ဘယ်ကဘယ်လိုစပြောရမလဲမသိဘူးဖြစ်နေတယ်..."
"မင်းပြောတာ...ဘုံကြိုးပြတ်နဲ့ပါတ်သတ်နေတဲ့
ကိစ္စဆို....သူဘာဖြစ်လို့လဲ"
သူမနာမည်ကိုကြားမှမိန့်အသိဝင်သွားခဲ့ပြီး
ဘဏ့်ကိုကြည့်လိုက်ကာ....
"ဘဏ်...ဒီရက်တွေမှာမင်းရဲ့အပန်းဖြေစခန်း
ပရောဂျက်တည်ဆောက်နေတဲ့နေရာမှာ
တစ်ခုခုထူးခြားတာများရှိသေးလား....."
လုံးဝကိုတခြားဆီသွေဖယ်သွားတဲ့မိန့်ရဲ့
စကားလမ်းကြောင်းကြောင့်....
ဘဏ်မျက်မှောင်ကြုတ်သွားရရင်း....
"ဘယ်လိုဖြစ်ပြီး...ဘုံကြိုးပြတ်ကနေ
အပန်းဖြေစခန်းပရောဂျက်ကိုရောက်သွားရတာလဲ...."
"ကျစ်...အဲ့ဒါကကွာ...ဟို...."
မိန့်ဘယ်လိုစကားဆက်ရမလဲမသိပဲတစ်ယောက်ထဲ
ရူပ်ရှတ်ခတ်နေတာကိုဘဏ်ကစူးစမ်းသလို
စိုက်ကြည့်နေပြီး....
"မိန့်.. မင်းငါ့ကိုဘာပြောချင်နေတာလဲ..
ပြောစရာရှိရင်လဲတည့်တည့်ပြောကွာ
ဝေ့ဝိုက်နေတာငါစိတ်မရှည်တော့ဘူး...."
ပြောနေရင်းအမှန်တစ်ကယ်စိတ်မရှည်တဲ့ပုံ
ပေါက်လာတဲ့ဘဏ့်ကြောင့်...
မိန့်မထူးတော့ပြီမို့်စိတ်ကိုဒုန်းဒုန်းချလိုက်ရင်း....
"အဲဒါဆိုလဲငါပြောတော့မယ်...ဒါပေမဲ့
အရမ်းလဲလန့်မသွားနဲဦး..ဘဏ်...."
အရှေ့ကနေကြိုကာထားတဲ့စကားတွေနှင့်
မိန့်ကိုယ်ကိုယ်အရှေ့သို့အနည်းငယ်
ညွတ်ကိုင်းလိုက်ရင်းလေသံကိုနှိမ့်လိုက်ကာ....
"တစ်ကယ်တော့...ဘုံကြိုးပြတ်ဆိုတဲ့ကောင်မလေးက
ဝိညာဉ်တွေကိုမြင်နိုင်တယ်တဲ့...."
"ဘာရယ်....."
ကြားလိုက်ရတဲ့စကားကြောင့်.....
ဘဏ်တအံ့တဩဖြစ်သွားရစဉ်...နောက်ဆက်တွဲ
မိန့်ဆက်ပြောလာတဲ့အကြောင်းအရာတွေက.....................
>>>>>>>>>>>>>>>>>>>>>>❤❤❤
ဘုံ...ဆေးရုံကုတင်ပေါ်မှာLaptopလေးကို
ပေါင်ပေါ်တင်ပြီးဆေးရုံကဆင်းရင်
နေထိုင်စရာအဆင်ပြေဖို့အတွက်ဈေးပေါပေါနှင့်
ဌားမည့်တိုက်ခန်းတွေကို...အင်တာနက်ကနေ
ရှာဖွေနေမိသည်။
"ဒီနေရာလေးမဆိုးဘူး...ဈေးကခုနကနေရာထက်
၂သောင်းတောင်ပိုများနေတာပဲ....."
လက်တလောဘုံ့ရဲ့ဘဏ်ကတ်ထဲမှာရှိနေတဲ့
ငွေပမာဏနှင့်ချင့်ချိန်ပြီးရှာဖွေနေရတာမို့...
တော်တော်နဲ့အဆင်ပြေတဲ့နေရာကိုရှာမတွေ့နိုင်...
"ခေါင်းတောင်မူးလာပြီ....တော်ပြီနောက်မှပဲ
ဆက်ရှာတော့မယ်..."
နောက်ဆုံးတော့ဘုံလက်လျှော့လိုက်ကာ
Laptopကိုပြန်ပိတ်ပြီးစားပွဲပေါ်လှမ်းတင်လိုက်သည်။
ထို့နောက်မျက်မှန်လေးကိုတစ်ချက်ပင့်တင်လိုက်ရင်း
အခန်းထဲကိုတစ်ချက်ဝေ့ဝဲကြည်ပေမဲ့ဘာမှ
မတွေ့တာကြောင့်စိတ်သက်သာရာရသလို
သက်ပြင်းလေးချလိုက်မိသည်။
ဘုံ...ထိုဝိညာဉ်ရဲ့ဆန္ဒကိုဖြစ်အောင်ကူညီ
ပေးမယ်ဆိုတဲ့ကတိနှင့်...ဘုံနားမှာတဝဲလည်လည်
လုပ်မနေဖို့အပေးအယူလုပ်ခဲ့တာလေ......
ဘုံဝိညာဉ်တွေအများကြီးနဲ့ကြုံတွေ့ခဲ့ဖူးတာ
မှန်ပေမဲ့တစ်ခါမှ...ဒီလောက်ထိမကြောက်ရွံ့ခဲ့ဖူး....
ဘယ်လိုပြောရမလဲအခုဒီဝိညာဉ်က.....
မပြေနိုင်တဲ့အငြိုးတရားတွေနဲ့လောင်ကျွမ်း
ခံနေရသလိုမျိုးသူဘုံ့အနားကိုကပ်လာတာနှင့်
ဘုံ့ကြက်သီးဖြန်းဖြန်းထတဲ့အထိကြောက်ရွံ့ရသည်။
ပြီးတော့ဘုံတစ်ခါမှမခံစားခဲ့ဘူးတဲ့အန္တာရယ်
အငွေ့အသက်တွေကိုခံစားမိနေသလိုမျိုး....
ဘုံသေချာသိနေတာက...ထိုဝိညာဉ်က
အန္တာရယ်ရှိတဲ့ဝိညာဉ်တစ်ကောင်ဆိုတာပင်.....
"............."
အတွေးများစွာနဲ့ ဘုံရင်မောလာရသလို
ရင်ဘတ်မို့မို့လေးကိုလက်နှင့်အသာဖိလိုက်မိ၏...
"ငါပြောတာတွေကိုသူတို့ကလက်ခံယုံကြည်
ပေးပါ့မလား...ဒီအတိုင်းငါ့ကိုအခြေအမြစ်မရှိတဲ့
စကားတွေကိုလျှောက်ပြောနေနဲ့....
စိတ်မနှံ့တဲ့သူလို့ထင်သွားရင်ရောဘယ်လို
လုပ်မလဲ......."
ဘုံစိုးရိမ်စိတ်လေးနှင့်အောက်နူတ်ခမ်းလေးကို
အသာဖိကိုက်လိုက်စဉ်...
"ချလပ်....ကျွီ...."
ဆေးရုံခန်းတံခါးကဖျပ်ခနဲပွင့်သွားပြီး.....
ဝှီးချဲလ်အလွတ်တစ်စီးကိုတွန်းလျက်.....
အထဲကိုလှမ်းဝင်လာတဲ့သူနာပြုတစ်ယောက်နှင့်
ဆေးရုံဝန်ထမ်းယောကျာင်္းနှစ်ယောက်ကိုမြင်
လိုက်တော့...ဘုံကုတင်ပေါ်ကနေဖျပ်ခနဲဆင်းရပ်
လိုက်သည်။
"မိန်းကလေးဘုံကြိုးပြတ်......
CTရိုက်ရပါမယ်...."
"ရှင်...."
သူနာပြုဆရာမစကားကြောင့်ဘုံအံ့ဩစွာနှင့်
နူတ်ခမ်းလေးပွင့်ဟသွားခဲ့ရပြီး...
"ဘုံကဘာလို့ဦးနှောက်ဓာတ်မှန်ထပ်ရိုက်ရမှာလဲဟင်
ဘုံအကုန်သက်သာနေပြီလေ...ဘုံဘာမှမဖြစ်ပါဘူး.."
ဘုံCTဓာတ်မှန်ခန်းထဲကဓာတ်ရောင်ခြည်စက်ကြီးကို
ပြေးမြင်လိုက်ပြီးလက်လေးကာ,လျက်
အကြောက်အကန်ငြင်းလိုက်မိ၏....
ပထမအကြိမ်အေးစက်နေတဲ့ဓာတ်ရောင်ခြည်ခန်းထဲ
ဝင်ခဲ့ရတုန်းကနှလုံးသွေးရပ်မတတ်
ကြောက်ရွံ့မူ့ကိုဘုံအတိအကျမှတ်မိနေ၏...
"ဘုံဓာတ်မှန်ထပ်ရိုက်ဖို့မလိုပါဘူးတစ်ကယ်ပြောတာပါ
ဘုံခေါင်းလဲမမူးဘူး...ဘာမှလဲမဖြစ်ပါဘူး...."
"ငါ့အထင်တော့မင်းရဲ့ခေါင်းကအနည်းဆုံး
၁၀ကြိမ်လောက်စစ်ဆေးရင်တောင်
လုံလောက်မှာမဟုတ်ဘူး....."
ထိုအချိန်ကြားလိုက်ရတဲ့စကားသံနှင့်အတူ
အခန်းထဲကိုနောက်ထပ်လှမ်းဝင်လာတဲ့သူကို
မြင်လိုက်တဲ့ခဏဘုံ့ရဲ့ခန္တာကိုယ်လေးတောင့်မတ်
သွားခဲ့ရ၏...
"သ.သူဌေး....."
သူကဘုံ့ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီး
သူနာပြုဆရာမဘက်ကိုဝေ့ကြည့်လိုက်ကာ...
"သူ့ကိုခေါ်သွားပြီးသေချာစစ်ဆေးလိုက်ပါ...စစ်စတာ
တစ်ခါနဲ့မတိကျရင်...အခါခါထပ်ပြီးစစ်ဆေးပါ
သူခေါင်းကိုကြီးကြီးမားမားထိခိုက်ထားတယ်...."
"ဟင့်အင်း...ဘုံဘာမှမဖြစ်ပါဘူး...
ဘုံဘာမှလဲမထိခိုက်ဘူး..."
ဘုံတည်တင်းနေတဲ့သူ့မျက်နှာကိုကြည့်ပြီး
အကြောက်အကန်လေးငြင်းနေမိစဉ်...
"ဘဏ်...."
ခေါ်သံနှင့်အခန်းထဲကိုအလောတကြီးခြေလှမ်းတွေနှင့်
နောက်ထပ်လှမ်းဝင်လာသူကဒေါက်တာမိန့်ခွန်း...
"ဒေါက်တာ...."
ငိုမဲ့မဲ့မျက်နှာလေးဖြစ်နေတဲ့ဘုံသူ့ကိုမြင်တာနှင့်
အားကိုးတကြီးခေါ်လိုက်မိတော့...
သူကဘုံ့ကိုစိတ်မသက်မသာတစ်ချက်လှမ်းကြည့်ပြီး
သူ့ဘေးမှာရပ်နေတဲ့သူဌေးကိုကြည့်ကာ...
"ဘာလို့ဒီလိုတွေလုပ်နေတာလဲ..
ငါပြောတာနားထောင်ပါဦး...."
"အခြေအမြစ်မရှိတဲ့ယုံတမ်းစကားတွေကိုငါက
ဘာထပ်ပြီးနားထောင်နေရဦးမှာလဲ...
ငါ့အထင်တော့သူခေါင်းကိုအသေအချာထပ်ပြီး
စစ်ဆေးဖို့လိုနေပြီ...လိုအပ်ရင်
စိတ်ကျန်းမာရေးဆေးရုံပါပို့ရမယ်...."
ခပ်ရွဲ့ရွဲ့ပြောရင်းဘဏ်ဆေးရုံဝန်ထမ်းနှစ်ယောက်ကို
ဝေ့ကြည့်လိုက်ကာ...
"သူ့ကိုခေါ်သွားပါ...."
"ဘဏ်...."
သူ့ရဲ့အမိန့်ဆုံးသည်နှင့်ဝန်ထမ်းနှစ်ယောက်က
ဘုံ့ကိုတစ်ဖက်တစ်ချက်ဆီချုပ်ကိုင်လျက်
ဝှီးချဲလ်ပေါ်တွဲတင်လိုက်ကြ၏...
"ဟင့်အင်း...ဘုံမလိုက်ဘူးနော်
ဘုံအရူးမဟုတ်ပါဘူး...သူဌေး...သူဌေး...."
ဝှီးချဲလ်ပေါ်ကိုမရုန်းသာမလွန့်သာပါသွားရတဲ့ဘုံ
ဇက်ကျိုးမတတ်ခေါင်းလေးလည်ပြန်ကြည့်ရင်း
အော်ပြောနေမိပေမဲ့..ရေခဲတောင်ကြီးအလား
ထင်မှတ်မှားရမလောက်အလွန်တရာအေးစက်
တည်ငြိမ်ခြင်းများနှင့်သူကထိုနေရာမှာတင်
ခြေစုံရပ်နေခဲ့ရင်း...ဘုံအားမထီတရီပြုံးကြည့်
ကျန်နေခဲ့လျက်.......။
>>>>>>>>>>>>>>>>>>>>❤❤❤
ဆက်ရန်!!!!!!
Writer by
#Hazel