book

Index 4

အပိုင်း(၄)

  • Author : Hazel Nhte
  • Genres : Comedy, Drama, Horror

❤My Strange Girl❤<ထူးဆန်းသောချစ်သူ>


     

     🍀🍀🍀


"မလာနဲ့...ထွက်သွား...အား..."


ဘုံမျက်လုံးစုံမှိတ်အော်ဟစ်ရင်းလှည့်ပြေး

လိုက်တာနှင့်ဖျပ်ခနဲဆေးရုံခန်းတံခါးက

ပွင့်သွားခဲ့ရင်း...မြင့်မားကျယ်ပြန့်တဲ့ရင်ခွင်

ကျယ်ကြီးထဲဘုံ့ကိုယ်လေးတိုးဝင်မိလျက်သား

ဖြစ်သွားခဲ့ရ၏....


"ဟေ့...မင်း...."


ဘဏ်ဆေးရုံခန်းတံခါးကိုဆွဲဖွင့်လိုက်တာနှင့်

ရင်ခွင်ထဲပစ်ဝင်လာသောနွေးအိနေသော

ခန္တာကိုယ်လေးကြောင့်ရုတ်တရပ်မှင်သက်

သွားခဲ့ရသလို...ဘေးမှာယှဉ်လျက်ရပ်နေတဲ့

မိန့်မှာလဲပါးစပ်အဟောင်းသား.....။


"ဟင်....."


ဖျပ်ခနဲအသိဝင်လာချိန်မှာ.......ဘုံ

ထိုရင်ခွင်ထဲကနေအနောက်ကိုနှစ်လှမ်းခန့်

ဆုတ်သွားခဲ့ရသလို...မိန့်ခွန်းဆိုတဲ့ဆရာဝန်နှင့်

အတူရပ်နေသောသူဆီကိုကြည့်လိုက်တဲ့ဘုံ့ရဲ့

မျက်ဝန်းလေးတွေကအထိတ်ထိတ်အလန့်လန့်နှင့်

ဖြစ်သည်။


"မင်းဘာဖြစ်တာလဲဘုံ...မင်းကြည့်ရတာတစ်ခုခုကို

ကြောက်နေသလိုပဲ....."


ထိန်းမရအောင်အမူအယာပျက်ယွင်းနေတဲ့

ဘုံကိုကြည့်ပြီးပူပန်စွာမေးလာတဲ့

ဒေါက်တာမိန့်ခွန်းကြောင့်...ဘုံခေါင်းလေး

အနောက်ကိုလှည့်သွားရင်းအခန်းထဲကို

မဝံ့မရဲလှမ်းကြည့်လိုက်ပေမဲ့....ခုနကဝိညာဉ်က

မရှိတော့ပေ....။


"မိန့်...မင်းပြောတော့သူ့အခြေအနေက

ကောင်းတယ်ဆို...ခုကြည့်ရတာပုံမှန်မဟုတ်သလိုပဲ

ခေါင်းမထိသွားတာသေချာရဲ့လား...."


နားထဲမှာကြားလိုက်ရတဲ့ဩရှရှအသံကြောင့်

ဘုံအရှေ့ကိုပြန်လှည့်ကြည့်လိုက်တော့...

ဒေါက်တာမိန့်ခွန်းဘေးမှာ...ရှိနေတဲ့သူကဘုံ့ကို

စူးစမ်းသလိုမျက်ဝန်းတွေနှင့်ကြည့်နေတာကို

ရင်ဆိုင်လိုက်ရသည်။


ထိုအချိန်အခြေအနေကိုဝင်ထိန်းလိုက်သလို

ဒေါက်တာမိန့်ခွန်းကသူနဲ့ဘုံ့ကြားမှာ

ဖျပ်ခနဲဝင်ရပ်လိုက်ရင်း....


"အာ...မိတ်ဆက်ပေးရဦးမယ်...ဘုံ

ဒါကျွန်တော့်သူငယ်ချင်းမင်းဘဏ္ဍာ...မင်းကိုကားနဲ့

တိုက်မိခဲ့တဲDeepဆေးရုံရဲ့ပိုင်ရှင်...."


!မင်းဘဏ္ဍာ!ဒါဆိုဘုံရှေ့မှာရှိနေတဲ့နိုင်ငံခြား

မင်းသားရူံးအောင်ခန့်ညားစမတ်ကျနေတဲ့

ဤသူက...Dee.groupရဲ့သူဌေးမင်းဘဏ္ဍာပေါ့....။


ဘုံအတွေးနဲ့သူ့ကိုခတ္တမျှငေးကြည့်မိသွားရင်းမှ

မျက်မှန်လေးကိုပင့်တင်လိုက်ကာ

ဖျပ်ခနဲမျက်လွှာချခေါင်းငုံ့လိုက်ရင်း....။


"ဟို...ဘုံတောင်းပန်ပါတယ်...ညက

ဘုံသူဌေးရဲ့ကားရှေ့ကိုမတော်တဆ

ခုန်ဝင်သလိုဖြစ်သွားခဲ့တယ်...အဲ့ဒါဘုံတမင်သက်သက်

လုပ်တာမဟုတ်ပါဘူး...ပြီးတော့လေဘုံလျော်ကြေး

လဲမတောင်းပါဘူး...တစ်ကယ်ပြောတာပါ...."


ဘဏ်..ဘာတစ်ခွန်းမှမပြောရသေးခင်ပျာပျာသလဲ

တောင်းပန်လာတဲ့ကောင်မလေးကြောင့်

စိတ်ထဲအံ့ဩသလိုဖြစ်သွားရရင်း...

မိန့်ကိုလှမ်းကြည့်လိုက်တော့မိန့်ကပခုံးတွန့်ပြသည်။


"ကားနဲ့တိုက်ခံရတဲ့သူကပြန်ပြီးတောင်းပန်တာကို

ခံရတဲ့ကားပိုင်ရှင်ကမင်းတစ်ယောက်ပဲရှိမယ်

ထင်တယ်...."


ရယ်ကျဲကျဲနှင့် အနားကပ်ကာခပ်တိုးတိုးပြောပြီး

မိန့်ကဖျပ်ခနဲပင်သူမနားကိုကပ်ရပ်လိုက်ပြန်ရင်း...


"ဘဏ်ကမင်းကိုအပြစ်မတင်ပါဘူးဘုံရဲ့

သူအခုဆေးရုံကိုလာတယ်ဆိုတာမင်းရဲ့

အခြေအနေကိုလာကြည့်တာ..."


"ဘုံ့ကိုလာကြည့်တာ...."


"ဟုတ်တယ်...သူ့ကားနဲ့တိုက်မိပြီးမင်း

ကြီးကြီးမားမားထိခိုက်မိတာမရှိဘူးဆိုတာ

သေချာရဲ့လားလို့လာကြည့်တာ...."


"ဘုံတစ်ကယ်ဘာမှမဖြစ်ပါဘူး...."


သူမကထိုစကားကိုမိန့်အစားဘဏ့်ကို

မဝံ့မရဲလေးလှမ်းကြည့်ပြီးပြောသည်။


စတွေ့ထဲကသူမရဲ့ပုံစံကအများနဲ့မတူပဲ

တစ်မူလေးထူးခြားနေတယ်ဆိုတာ...

ဘဏ်အလိုလိုခံစားမိနေ၏...ဒါပေမဲ့

ဘာကထူးခြားနေလဲဆိုတာဘဏ်အတိအကျ

မပြောတတ်....


"မဖြစ်ရင်လဲပြီးတာပါပဲ...မိန့်သူ့ကိုခေါ်လာခဲ့

ငါစကားနည်းနည်းလောက်ပြောမယ်...."


ဘုံ့ကိုတစ်ချက်ကြည့်ကာပြောရင်း

ဘောင်းဘီအိတ်ထဲလက်နိူက်လျက်ဆေးရုံခန်းထဲ

လှမ်းဝင်သွားတဲ့သူ့ကြောင့်...ဘုံ..ဒေါက်တာမိန့်ခွန်းကို

အားကိုးတကြီးမော့ကြည့်လိုက်သည်။


"ဘာမှမကြောက်ပါနဲ့...လာ...ကျွန်တော်ရှိတယ်...."


မိန့်ကလဲသူမကြောက်နေတာကိုသဘောပေါက်စွာနှင့်

ပခုံးလေးကိုတစ်ချက်ပုတ်ကာအခန်းထဲ

ဝင်စေပြီးကိုယ်တိုင်လဲအနောက်ကနေ

လိုက်ဝင်လာခဲ့တော့၏......


>>>>>>>>>>>>>>>>>>>>❤❤❤


"မင်းနာမည်က...ဘုံကြိုးပြတ်နော်...."


"ဟုတ်....."


ဘုံဆေးရုံခန်းထဲကဆိုဖာပေါ်မှာခပ်ရို့ရို့ထိုင်ရင်း

ဘုံနှင့်မျက်နှာချင်းဆိုင်မှာခြေချိတ်ချက်

ခပ်မတ်မတ်ထိုင်နေတဲ့သူ့ရဲ့အမေးကို

မဆိုင်းမတွလေးပြန်ဖြေလိုက်သည်။


ဒေါက်တာမိန့်ခွန်းကတော့သူထိုင်နေတဲ့ဆိုဖာ

လက်ရမ်းမှာတင်ပါးလွှဲမှီထိုင်လျက်ဘုံနှင့်သူ့ကို

အကဲခတ်သလိုကြည့်နေ၏....


"မနေ့ညကငါ့ကားကြောင့်မင်းထိခိုက်သွားတယ်

ဆိုပေမဲ့....အဲ့ဒါကငါ့ရဲ့အမှားမဟုတ်ဘူးဆိုတာ

မင်းလက်ခံပါတယ်နော်...."


"ဟုတ်ကဲ့.. ဘုံလက်ခံပါတယ်...."


ဘုံနောက်တစ်ကြိမ်ထောက်ခံလိုက်တော့

သူကခေါင်းတစ်ချက်ငြိမ့်ရင်း....

ကုတ်အင်္ကျီအိတ်ထဲကတစ်စုံတစ်ကိုနိုက်ယူပြီး

စားပွဲပေါ်တင်လိုက်တာကချက်စ်လက်မှတ်

တစ်စောင်ဖြစ်နေခဲ့၏...


"သိန္​း၂၀...."


ချက်စ်ပေါ်ကငွေပမာဏကိုမြင်တော့မျက်လုံးလေး

ဝိုင်းသွားရင်းနူတ်ကအသံပင်ထွက်လာတဲ့

သူမကြောင့်ဘဏ်နူတ်ခမ်းလူပ်ရုံပြုံးလိုက်သည်။


ထင်တဲ့အတိုင်းငွေမမြင်သေးလို့သာ

လျော်ကြေးမလိုပါဘူးလို့ပြောနေတာပဲ

လောကမှာငွေကိုမကြိုက်တဲ့သူဘယ်သူရှိမှာလဲ...?


"မင်းဒီ့ထက်ပိုလိုချင်တယ်ဆိုရင်လဲ...ငါပေးနိုင်ပါတယ်

အဓိက,ကနောက်ပိုင်းရူပ်ရူပ်ယှက်ယှက်တွေ

ဖြစ်လာမှာကိုငါမလိုချင်ဘူး...."


"ဘဏ္​...."


အနည်းငယ်ရင့်သီးသလိုဖြစ်သွားတဲ့ဘဏ့်စကား

တွေကြောင့်မိန့်ကဟန့်တားသလိုလှမ်းခေါ်လိုက်ပေမဲ့

ကာယကံရှင်ဖြစ်တဲ့သူမကတော့

ဘဏ့်ရဲ့လုပ်ရပ်ကိုနားမလည်သလိုမျက်လုံး

ဝိုင်းလေးနှင့်ကြည့်နေဆဲ... 


"ဟို...ဘုံလျော်ကြေးမလိုပါဘူး....."


အတန်ကြာမှလေသံတိုးလေးနှင့်ငြင်းဆန်ရင်း

လက်ဆစ်မမြင်ရတဲ့လက်ချောင်းဖောင်းပြည့်ပြည့်

လေးတွေနှင့်ချက်စ်လက်မှတ်ကိုဘဏ့်ရှေ့

ဲပြန်လည်တိုးရွေ့ပေးသည်။ထို့နောက်

ပါတ်တီးအဖွေးသားနှင့်ဦးခေါင်းလေးကို

ဖွဖွကုတ်ရင်း....မျက်မှန်လေးကိုထပ်ပြီးပင့်တင်

ပြန်သည်။


"အမှန်တိုင်းပြောရရင်ဘုံသူဌေးကားနဲ့တိုက်မိပြီး

ဆေးရုံရောက်လာတာကကံကောင်းတယ်လို့

ပြောရမှာပါ...မဟုတ်ရင်ဘုံညက

ဘယ်သွားလို့သွားရမှန်းသိမှာမဟုတ်ဘူး....

အဲ့ဒါကြောင့်ဘုံ့အတွက်အားမနာပါနဲ့...

ဘုံ...သူဌေးကိုဘာပြသာနာမှလဲမရှာပါဘူး....

ဘုံစာချုပ်မှာလက်မှတ်ထိုးပေးဆိုလဲထိုးပေးပါ့မယ်..."


အရိုးခံစိတ်ရင်းကိုထင်ဟပ်နေသည့်

သူမရဲ့စကားတွေကြောင့်ဘဏ်နဲ့မိန့်

တစ်ယောက်မျက်နှာတစ်ယောက်

ကြည့်လိုက်မိကြရင်း......။


>>>>>>>>>>>>>>>>>>>>>❤❤❤


"မင်းကတော့တစ်ကယ့်ကောင်ပဲဘဏ်ရာ

ဒီလောက်ရိုးရိုးသားသားလေးမှန်းသိသာနေတဲ့ဟာကို

ရင့်ရင့်သီးသီးနဲ့ငွေစကားပြောရတယ်လို့...."


သူမကိုကြည့်ပြီးမိန့်ရဲ့နားနေခန်းထဲကိုပြန်ရောက်တော့

မိန့်ကဘဏ့်ကိုပြစ်တင်သလိုပြောသည်။


"ရင့်သီးလဲမတတ်နိုင်ဘူး...ခုရူပ်မှနောင်ရှင်းဆိုတဲ့

စကားမကြားဖူးဘူးလား...."


"မင်းကတော့လေ...အကြောင်းမသိတဲ့လူဆို

ငွေဂုဏ်မောက်နေတဲ့ဘဝင်ရူးသူဌေးလို့

အထင်ခံရမှာကျိန်းသေပဲ...."


မိန့်စကားဆုံးတော့ဘဏ်ကထပ်ပြီးမတတ်နိုင်ဘူးဆိုတဲ့

သဘောနှင့်ပခုံးတွန့်ပြသည်။


"ကောင်မလေးကတစ်ကယ့်အဖြူထည်လေးကွ

ငါသူနဲ့စကားပြောကြည့်ပြီးပြီ...သူ့ကြည့်ရတာ

အိမ်ပြေးမလေးနဲ့တူတယ်...."


"မင်းကတော့တစ်ကယ့်good doctor ပဲနော်

လူနာတွေရဲ့personalအထိတွေးပူပေးတတ်တယ်..."


ဘဏ်ရွဲ့ပြောလိုက်တော့မိန့်ကတဟဲဟဲနှင့်ရယ်သည်။


"အဲ့ဒါတွေထားလိုက်တော့...သူကဘယ်တော့

ဆေးရုံဆင်းရမှာလဲ......"


"အင်းး...တစ်ရက်နှစ်ရက်တော့ထပ်နေရဦးမယ်....

ဘာလဲ...မင်းသူ့ကိုထပ်ပြီးလာကြည့်မလို့လား..."


"လိုလို့လား...သူ့ကြည့်ရတာအားလုံးအကောင်း

တိုင်းပဲဟာ...ပြီးတော့ငါဒီရက်ပိုင်းမှာ

အပန်းဖြေစခန်းပရောဂျက်အတွက်

အလုပ်များနေတာ...ဒီလိုကိစ္စအသေးအမွှား

လေးတွေကိုအာရုံမစိုက်နိုင်ဘူး...."


"မင်းပြောချင်တာ...ငါကတော့အရမ်းတွေအချိန်ပိုနေလို့မင်းကိုယ်စားအဲ့ဒီ့ကောင်မလေးကို

စောင့်ကြည့်ပေးရမယ်ပေါ့...."


"မဆိုးဘူး...မင်းသဘောပေါက်လွယ်တယ်...."


ဘဏ့်စကားကြောင့်မိန့်မျက်နှာကရူံ့မဲ့သွားသည်။


"သူ့ရဲ့ဆေးရုံစရိတ်ကိုတော့...ငါ့စာရင်းထဲပဲ

ထည့်လိုက်တော့... "


",အေးလေ.. မင်းလိုလူကိုမှသူဌေးတော်ထားမိတော့လဲ

ငါကဘာများတတ်နိုင်ဦးမှာလဲ.. အားလုံး

bossဆန္ဒအတိုင်းဖြစ်စေရပါ့မယ်ခင်ဗျ...."


ခေါင်းညွှတ်လျက်တရိုတသေပြောလာတဲ့

မိန့်ကိုကြည့်ကာဘဏ်ပြုံးလိုက်မိရင်း...


"တော်တယ် မိန့်...မင်းကိုဒီလ,လစာ

10%တိုးပေးမယ်..."


"ခွေးကောင်...."


"ဟား..ဟား...ဟား...."


>>>>>>>>>>>>>>>>>>>❤❤❤


"မင်းဘဏ္ဍာ...သူကအရမ်းကြည့်ကောင်းတာပဲ

လောကကြီးမှာဒီလိုဥစ္စာပေါ၊ရုပ်ချော

အစစအရာရာပြည့်စုံနေတဲ့သူလဲရှိသေးတာပဲ...."


ဘုံ...ဆေးရုံကုတင်ပေါ်မှာတပ္ပလင်လေးခွထိုင်နေလျက်

ဘုံ့အတွက် Nurseတစ်ယောက်ယူလာပေးတဲ့

မနက်စာကိုအားရပါးရလေးစားနေရင်း...

တစ်ယောက်ထဲအတွေးနယ်ချဲ့နေမိသည်။


Deep groupရဲ့သူဌေးမင်းဘဏ္ဍာရဲ့အကြောင်းက

ဘုံတို့လိုသာမာန်လူတွေနဲ့အရမ်းကြီးတော့

စိမ်းသက်မနေ....


ဘာလို့လဲဆိုရင်....သူကစီးပွားရေးနယ်ပယ်မှာ

ကျော်ကြားမူ့တွေနဲ့ထက်မြတ်လွန်းတဲ့

လူငယ်တစ်ယောက်မို့.. အနာဂါတ်မျိုးဆက်သစ်တွေရဲ

ရှေ့ဆောင်လမ်းပြအဖြစ်တစ်နိုင်ငံလုံးက

အားကျဂုဏ်ပြုနေရတဲ့သူ...။


ပြီးတော့သူကမြန်မာပြည်မှာတင်မဟုတ်

အာရှနိုင်ငံတွေအထိထိုးဖောက်လွမ်းမိုးနိုင်စွမ်းရှိတဲ့သူ

အသက်၃၀အောက်...အာရှရဲ့အကျော်ကြားဆုံး

စီးပွားရေးလုပ်ငန်းရှင်တွေထဲထိပ်ဆုံးမှာ

ရပ်တည်နေတဲ့သူလေ....


ဒါတောင်ဘုံကSocialမီဒီယာသိပ်မသုံးလို့

ဒီလောက်ပဲသိတာ...


"မိဘုံတို့များကံဇာတာတွေတက်နေတာပဲ...

မင်းဘဏ္ဍာရဲ့ကားနဲ့မှတည့်တည့်ဝင်တိုးရတယ်လို့...

သူ့လိုလေးစားအားကျစရာကောင်းတဲ့သူနဲ့

တစ်ခေါက်လောက်ဆုံခွင့်ရတာလဲအဆ်ိုးထဲက

အကောင်းပါပဲလေ...."


အရာရာကိုအကောင်းဘက်ကတွေးမြင်တတ်တဲ့

ညဉ်လေးကြောင့်...ကံဆိုးမူ့တွေကြုံလာတိုင်း

ဘုံဖြေသိမ့်နိုင်ခဲ့တာပဲဖြစ်လိမ့်မယ်...


"ငါကတစ်ရက်နှစ်ရက်လောက်ဆေးရုံမှာ

ထပ်နေရဦးမှာဆိုတော့...ဆေးရုံကဆင်းတာနဲ့

နေစရာအဆင်သင့်ဖြစ်အောင်အခုထဲက

ကြိုရှာထားမှဖြစ်မယ်...."


အတွေးနဲ့ဘုံ....မနက်စာဘူးလေးကို

ပြန်ပိတ်လိုက်ရင်း....ကုတင်ပေါ်ကဆင်းကာ

ဘုံ့ပစ္စည်းတွေရှိနေအခန်းထောင့်ကို

လျောက်သွားလိုက်ရင်းLaptopကို

ထုတ်ယူလိုက်ကာ...ကုတင်နားကိုပြန်လျောက်လာ

ခဲ့သည်။


ထို့နောက်ကုတင်ပေါ်တပ္ပလင်ခွေလေးပြန်ထိုင်ရင်း

Laptopကိုဖွင့်လိုက်ရာ...laptop,မျက်နှာပြင်မှာ

ထင်ဟပ်နေတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ပြီး...


"အမလေး...."


ဘုံlaptopကိုဖျပ်ခနဲပြန်ပိတ်လိုက်ရင်း..

အနောက်ကိုခပ်ဖြေးဖြေးလှည့်ကြည့်လိုက်တော့

ဘယ်အချိန်ထဲကဘုံ့နောက်ပါးမှာရှိနေမှန်းမသိတဲ့

ထိုဝိညာဉ်ရဲ့ကြောက်စရာမျက်နှာကြီးကို

မြင်လိုက်ရတဲ့ခဏဘုံလန့်ဖျပ်ပြီးမျက်ဝန်းတွေ

အတင်းဖိပိတ်ချလိုက်သည်။


"ရှင်...ရှင်ဘာလို့အခုထိမသွားသေးတာလဲ.. 

ကျွန်မကိုအနှောင့်အယှက်မပေးပါနဲ့...

ရှင့်လမ်းရှင်သွားပါ....."


"သူ့.ကို.ပြော.ပေး...ငါတို့ပိုင်တဲ့နေရာမှာဘာမှ

မလုပ်ပဲဒီအတိုင်းထွက်သွားဖို့ပြောပေး...

မ.ဟုတ်.ရင်.ငါအားလုံးကိုသတ်ပစ်မှာ

အဲ့လိုပြောပေး...."


အပ်သွားထပ်နေတဲ့ဓာတ်ပြားဟောင်းတစ်ချပ်လို

ထပ်ခါထပ်ခါကြားနေရတဲ့ အသံကြီးကြောင့်

ဘုံရဲ့ကြောက်ရွံ့မူ့တွေကကျောရိုးထဲထိ

စိမ့်ဝင်လာခဲ့၏....


ဘုံဝိညာဉ်ပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရဖူးပါတယ်

ဒါပေမဲ့ဘယ်တုန်းကမှဒီလောက်ထိ...

မကြောက်ရွံ့ခဲ့ဖူးခဲ့....


"သူ့ .ကို.ပြော.ပေး....."


နောက်တစ်ကြိမ်ထပ်ကြားလိုက်ရတဲ့အသံကြီးနဲ့

အတူအေးစက်စက်လက်ကြီးတစ်ဖက်က

ဘုံ့ပခုံးလေးတစ်ဖက်ကိုလာရောက်

ဆုပ်ကိုင်လိုက်ချိန်...ဘုံအယောင်ယောင်အမှားမှားနှင့်

မျက်လုံးတွေဖွင့်ကြည့်မိလျက်သား...


"ရှင်..ရှင်.ပြောတာကိုကျွန်မ,မသိဘူး

ကျွန်မကဘယ်.ဘယ်သူ့ကိုပြောပေးရမှာလဲ....."


ထိတ်လန့်ကြောက်ရွံ့စိတ်တွေနှင့်ဘုံ့အသံလေးက

အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့သည်။

ထိုအခါဘုံ့မျက်နှာနှင့်နီးနီးလေးရှိနေတဲ့

ကြောက်စရာမျက်နှာကြီးကမညီညာသော

သွားများပေါ်အောင်ပြုံးလာခဲ့ပြီး....


"မင်းဘဏ္ဍာ...Deep.groupရဲ့သူဌေး

အဲ့ဒီလူကို..ငါတို့ပိုင်တဲ့နေရာကထွက်သွားဖို့

ပြောပေး....."


"ဟင်......"


ကြားလိုက်ရတဲ့နာမည်တစ်ခုကြောင့်

ထိတ်လန့်မူ့တွေအစားအံ့ဩမူ့တွေက

အလုံးအရင်းနဲ့ဝင်ရောက်လာခဲ့ရပြီးနောက်.........


>>>>>>>>>>>>>>>>>>>❤❤❤❤


"၃လအတွင်းDeep.groupရဲ့အပန်းဖြေစခန်း

ပရောဂျက်ကိုအပြီးအစီးဖြစ်အောင်

အကောင်းအထည်ဖော်မှာဖြစ်လို့

အားလုံးပဲကျွန်တော်နဲ့အတူပူးပေါင်းပေးစေ

ချင်ပါတယ်...Deep.groupရဲ့နောက်ထပ်

ဟာကွက်မရှိပြီးပြည့်စုံတဲ့ပရောဂျက်တစ်ခု

ဖြစ်လာဖို့အတွက်....ဒါရိုက်တာအဖွဲ့ဝင်တွေ

အားလုံးကဘာအမှားအယွင်းမှမရှိအောင်

ကျွန်တော်နဲ့အတူအာရုံစိုက်ပေးကြပါ....နောက်တစ်ခု

ဒီအပန်းဖြေစခန်းပရောဂျက်ကကျွန်တော်တိုအတွက်

ကြီးမားတဲ့စိန်ခေါ်မူ့တစ်ရပ်လို့လဲပြောလို့ရတာကြောင့်

အတတ်နိုင်ဆုံးအမှားအယွင်းနည်းပြီး

ခရီးတွင်တာမျိုးကိုပဲ...ကျွန်တော်လိုချင်တယ်..."


"နားလည်ပါပြီ...သူဌေး...."


ဖြေလိုက်သံကအားလုံးပြိုင်တူလိုလိုပင်...

ဘဏ် မဟော်ဂနီရောင်ကျွန်းစားပွဲရှည်ကြီးရဲ့

ထိပ်ဆုံးမှာထိုင်နေရာကနေထရပ်လိုက်ပြီး

တစ်ဖက်တစ်ချက်ဆီမှာစီတန်းထိုင်နေကြတဲ့

ဒါရိုက်တာတွေကိုမျက်လုံးတစ်ချက်ဝေ့ကြည့်

လိုက်ရင်း....


"ဒီနေ့Meetingကတော့ဒီလောက်ပါပဲ...."


စကားအဆုံးစားပွဲပေါ်ကဖိုင်တွဲကိုသိမ်းကာ

လှမ်းထွက်လာတဲ့ ဘဏ့်ရဲ့နောက်ကနေ

လရောင်နဲ့ဇွဲပြည့်က...ထပ်ကြပ်မကွာ

လိုက်ပါလာခဲ့၏....


ဘဏ့်ရဲ့ခြေလှမ်းတွေကတော့အခါများစွာကလိုအဲ

တွန့်ဆုတ်ခြင်းမရှိတဲ့ရဲရင့်မူ့များဖြင့်.....။


>>>>>>>>>>>>>>>>>>>>❤❤❤


"မကောင်းဆိုးဝါးနယ်မြေဟုသတင်းကြီးလှတဲ့

မြေပေါ်မှာအပန်းဖြေစခန်းတည်ဆောက်နေတဲ့

Deep.group....."


Socialမီဒီယာပေါ်မှာDeep.groupနဲ့ပါတ်သတ်တဲ့

သတင်းတွေကိုရှာကြည့်လိုက်တာနှင့်

လတ်တလောရေပန်းစားနေတာက...

Online မီဒီယာ pageတိုင်းလိုလိုမှာတင်ထားတဲ့

ထိုသတင်းသာဖြစ်သည်။


"မကောင်းဆိုးဝါးနယ်မြေ...Deep.groupထက်အရင်

အဲ့ဒီ့မြေပေါ်မှာဆောက်လုပ်ရေးလုပ်ဖို့

ကြိုးစားခဲ့တဲ့ကုမ္မဏီတိုင်းက...တစ်ခုမဟုတ်

တစ်ခုဖြစ်ပြီးပြန်ပြေးသွားကြတာချည်းပဲတဲ့...."


ဘုံlinkထဲကိုဝင်ကြည့်ပြီးcomment ထဲကို

တဖန်ပြန်ဝင်ကြည့်လိုက်ပြန်တော့မှပိုပြီး

ကျောချမ်းသွားရ၏... 


"ဝါး...မင်းဘဏ္ဍာကတစ်ကယ်သတ္တိကောင်းတာပဲ

ဒါမှမဟုတ်သူကအဲ့လိုမျိုးတွေကိုအယုံအကြည်

မရှိတာလား.....ဒါပေမဲ့...."


ဘုံစကားကိုဆုံးအောင်မဆက်နိုင်ပဲ.....

မျက်ဝန်းထဲမြင်ယောင်လာမိတာကထိုဝိညာဉ်ရဲ့

ကြောက်စရာကောင်းတဲ့မျက်နှာကြီး....


"မင်းဘဏ္ဍာ...အဲ့ဒီလူငါတို့ပိုင်တဲ့မြေပေါ်မှာ

အပန်းဖြေစခန်းဆောက်ဖိုလုပ်နေတယ်....မင်း

အဲ့ဒါကိုရအောင်တားပေး...မဟုတ်ရင်

ငါအားလုံးကိုသတ်ပစ်မယ်... ငါတို့ပိုင်တဲ့နေရာမှ

ဘယ်လူသားမှအနှောင့်အယှက်ပေးတာ

လက်မခံနိုင်ဘူး....သူ့.ကို.တား.ပေး....."


ဘုံLaptopလေးကိုပြန်ပိတ်လိုက်ရင်း

သက်ပြင်းငွေ့ငွေ့ချလိုက်သည်။


"ဒါပေမဲ့ရှင်မယုံကြည်တဲ့အဲ့ဒီ့အရာတွေက

တစ်ကယ်ရှိနေတယ်ဆိုတာ...ဘုံရှင်သိအောင်

ဘယ်လိုပြောပြရမလဲ....."


>>>>>>>>>>>>>>>>>>(⊙.⊙(☉_☉)⊙.⊙


"ဒေါက်...ဒေါက်...ဒေါက်...."


မိန့်နားနေခန်းထဲကစားပွဲပေါ်မှာPatientတစ်ချို့ရဲ့

မှတ်တမ်းတွေပြန်ကြည့်နေစဉ်ကြားလိုက်ရတဲ့

တံခါးခေါက်သံကြောင့်Laptopကိုပိတ်လိုက်ရင်း...


"ဝင်ခဲ့ပါ...."


မိန့်ရဲ့အသံနှင့်မရှေးမနှောင်းမှာပင်ရုံးခန်းတံခါးက

ခပ်ဟဟပွင့်သွားပြီးလူနာဝတ်စုံလေးနှင့်

အထဲကိုမရဲတရဲလေးလှမ်းဝင်လာတဲ့သူမကြောင့်

မိန့်ရုတ်တရပ်အံ့ဩသွားခဲ့ရရင်း...

ထိုင်ရာကနေဖျပ်ခနဲထရပ်လိုက်မိ၏...


"ဘုံ....."


"ဟို...စကားခဏလောက်ပြောလို့ရမလား...

ဒေါက်တာ..."


"ရတာပေါ့...ဘုံဘာဖြစ်လို့လဲ...

တစ်နေရာရာကနေမကောင်းလို့လား....."


မိန့်စိုးရိမ်စွာမေးမိတော့သူမကခေါင်းလေးယမ်းသည်။


"ဟင့်အင်း...ဘုံဘာမှမဖြစ်ပါဘူး...ဘုံ

ဒေါက်တာ့ကိုပြောစရာလေးရှိလို့ပါ...."


"ထိုင်လေ...."


မိန့်ဆိုဖာကိုညွှန်ပြလိုက်ပြီးသူမနားကို

လျောက်သွားလိုက်သည်။


"ဘုံဘာပြောစရာရှိလို့လဲ...."


မိန့်....သူမနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး

မေးလိုက်ပေမဲ့သူမကပြောရခက်ဟန်လေးနှင့်

လည်တိုင်သွယ်သွယ်လေးကိုလက်ဖဝါးနှင့်ပွတ်သည်။


"ကျွန်တော့်ကိုအားမနာပါနဲ့...ဘုံပြောစရာရှိတာပြောပါ...."


"ဟုတ်.. အဲ့ဒါဆိုဘုံပြောတော့မယ်နော်....

ဘုံလေ....ဒေါက်တာ့ရဲ့သူငယ်ချင်း

သူဌေးကိုမင်းဘဏ္ဍာနဲ့ခဏလောက်တွေ့လို့

ရမလားဟင်...."


"ဗျာ....."


သူမရဲ့စကားကြောင့်မိန့်ရုတ်တရပ်အံ့ဩ

သွားခဲ့ရ၏...


"ဘုံက..ဘဏ့်ကိုတွေ့ချင်တယ်...."


"ဟုတ်...."


"ဘာဖြစ်လို့လဲ...ဘုံတစ်ခုခုအဆင်မပြေတာ

ရှိလို့လား...အဲ့လိုဆိုလဲဘုံလိုအပ်တာမှန်သမျှ

ကျွန်တော့်ကိုပြောလို့ရပါတယ်...."


ဘုံ့စကားကိုအဓိပ္ပါယ်တစ်မျိုးကောက်သွားပုံရတဲ့

ဒေါက်တာမိန့်ခွန်းကြောင့်ဘုံလက်လေး

အသည်းအသည်ကာလိုက်မိရင်း...


"ဟို...အဲ့လိုမဟုတ်ပါဘူး...ဘုံဘာမှလိုအပ်တာ

မရှိပါဘူး...ဘုံအကုန်အဆင်ပြေပါတယ်...."


"ဒါဆိုဘုံကသူ့ကိုဘာလို့တွေ့ချင်တာလဲ...

Sorry,အဲ့လိုပြောလို့တစ်မျိုးမထင်နဲ့နော်

ကျွန်တော်ကဘုံနဲ့သူ့ကိုမတွေ့စေချင်လို့ပြောတာ

မဟုတ်ပါဘူး...ဘဏ်ကဘုံ့အတွက်

လိုအပ်တာမှန်သမျှကျွန်တော့်ကိုလွှဲထားတာဆိုတော့

ကျွန်တော်ကူညီပေးနိုင်တဲ့ကိစ္စများဖြစ်နေ

မလားလို့ပါ..."


ဘုံဒေါက်တာမိန့်ခွန်းကိုနားလည်အောင်

ဘယ်လိုရှင်းပြရမလဲ မသိတာကြောင့်

စိတ်ရူပ်စွာနှင့်လည်တိုင်သွယ်သွယ်လေးကို

ထပ်ပြီးပွတ်သပ်လိုက်ပြန်တော့...

တစ်ချိန်လုံးဘုံ့ကိုမျက်တောင်မခတ်စတမ်း

စိုက်ကြည့်နေတဲ့ သူက


"ဘုံပြောရခက်နေတာလား...ဒါမှမဟုတ်

ကျွန်တော့်ကိုပြောပြလို့မရတဲ့အကြောင်းအရာ

ဖြစ်နေလို့လား...."


မိန့်စကားကိုနားထောင်ပြီးသူမမျက်နှာလေးက

စိတ်ရူပ်ထွေးမူ့များစွာနှင့်မဲ့တဲ့တဲ့လေး

ဖြစ်သွားရင်း....


"ဘုံလဲ.. ဒေါက်တာနားလည်အောင်ဘယ်လို

ရှင်းပြရမလဲဆိုတာမသိတော့ဘူး.....ဟို.ဒေါက်တာ

ဝိညာဉ်တွေရှိတယ်ဆိုတာယုံလားဟင်...."


"ဗျာ...."


ဒီတစ်ခါသူ့ရဲ့ဗျာသံကအနည်းငယ်ပိုကျယ်

သွားပြီး...အရှေ့ကိုကိုင်းညွတ်နေတဲ့

သူ့ခန္တာကိုယ်ကလဲအနောက်ကိုဖျပ်ခနဲ

ရွေ့မတ်၏....


"ဝိညာဉ်...."


"ဟုတ်...."


"ဒါဆိုသရဲတစ္ဆေတွေကိုပြောတာလား...."


သူထပ်မေးလာတာကိုဘုံခေါင်းလေးငြိမ့်ပြ

လိုက်တော့သူ့ရဲ့မျက်နှာကအကြီးအကျယ်

ပျက်သွား၏....


မထူးတော့ပြီမို့ဘုံကိုယ်လေးအရှေ့ကို

ကိုင်းညွတ်ကာလေသံကိုနှိမ့်လိုက်ပြီး....


"တစ်ကယ်တော့လေ...ဘုံကဝိညာဉ်တွေကို

မြင်နိုင်တယ်....."


"ဘာ..."


ဒီတစ်ခါတော့`ဗျာ´မဟုတ်တဲ့သူ့ရဲ့

`ဘာ´သံကရုံးခန်းတစ်ခုလုံးကိုဟိန်းထွက်

သွားခဲ့ပြီးနောက်.....။


>>>>>>>>>>>>>>>>>>>>❤❤


ဆက်ရန်^^^^^^^^


©®©®©®


rate now: