💕My Strange Girl💞 [ ထူးဆန်းသောချစ်သူ ]
🌸🌸🌸
"ဘယ်လိုလဲမိန့်...အခြေအနေကောင်းတယ်မဟုတ်လား"
မေးလိုက်တာက...မိန့်ကိုဖြစ်သော်လဲဘဏ်ရဲ့
မျက်ဝန်းတွေက....လောလောလတ်လတ်ခေါင်းမှာ
စည်းထားတဲ့သွေးစို့နေတဲ့ပါတ်တီးနှင့်...Deep
အထူးကုဆေးရုံကြီးရဲ့လူနာဝတ်စုံလေးကိုဝတ်ကာ
ဆေးရုံကုတင်ပေါ်လှဲလျောင်းငြိမ်သက်နေတဲ့...
သူမထံမှာသာစူးစိုက်နေခဲ့သည်။
မိန့်ကတော့...မျက်ခုံးတန်းတွေတွန့်ချိုးချထားတဲ့
မျက်နှာနှင့်အလိုမကျဟန်ဖြစ်နေသော..ဘဏ်ကို
တစ်ချက်ကြည့်ကာ....လက်ထဲကကိုင်ထားတဲ့
နားကြပ်ကိုဂျူတီကုတ်ရဲ့အင်္ကျီအိတ်ထဲသို့ထည့်လိုက်သည်။
"မင်းမျက်နှာကိုလဲနည်းနည်းပါးပါးပြင်စမ်းပါဦး
ဘဏ်ရာ....မင်းကောင်မလေးက...ခေါင်းလေးပေါက်
သွားလို့နှစ်ချက်လောက်ချုပ်ထားရတာပါ....
ဘာမှကြီးကြီးမားမားစိုးရိမ်စရာမရှိဘူး...."
"ဟေ့ကောင်...ဘာငါ့ကောင်မလေးလဲ...ငါ့ကားနဲ့
တိုက်မိလို့ခေါ်လာတာပါလို့ဘယ်နှစ်ခါပြောရမှာလဲ...."
ဘဏ်ပြောလဲပြော...အနားမှာ...Nurseတွေရှိနေတာကို
ဂရုမပြုပဲ...မိန့်ကိုခြေထောက်နဲ့လှမ်းကန်တော့
အကြောင်းသိနေတဲ့မိန့်က...အနောက်ကိုနှစ်လှမ်းလောက်
ခုန်ရှောင်ပြီးသား....။
ဘဏ်ကဒေါသထွက်နေပြီဆို...စကားထက်လက်က
အရင်ပါလာတတ်တာအကျင့်တစ်ခုမဟုတ်လား....။
"ရုတ်တရပ်ကြီးငါ့ကားရှေ့ကိုခုန်ဝင်လာတာကွာ...
ဘယ်လိုဟာလေးလဲမသိဘူး...ကားနဲ့တိုက်ရင်
သေတတ်တယ်ဆိုတာရောသိရဲ့လားမသိဘူး...."
သတိလစ်နေတဲ့မိန်းကလေးရဲ့မျက်နှာလေးကိုပဲ
ကုတင်နားမှာခါးထောက်ရပ်လျက်စိုက်ကြည့်ရင်း
ပြောနေတဲ့ဘဏ်....။
ဘဏ်ကားနဲ့တိုက်မိပြီးသွေးတွေနဲ့သတိလစ်နေတဲ့
သူမကို...ဘဏ်Deepဆေးရုံကိုပဲခေါ်လာခဲ့တာ
ဖြစ်သည်။ဆေးရုံဝန်ထမ်းတွေကတော့...ညသန်းခေါင်ကြီး
မိန်းကလေးတစ်ယောက်ကိုစိုးရိမ်တကြီးပွေ့ချီလျက်
ဆေးရုံကိုရောက်လာသော...သူဌေးကြောင့်အားလုံး
ပျာယာခတ်ကုန်ကြသည်။
Deepဆေးရုံရဲ့တာဝန်ခံဆေးရုံအုပ်ကြီးရဲ့သားလဲဖြစ်
ဘဏ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းလဲဖြစ်တဲ့....
မိန့်ခွန်းကတော့...နိုက်ဂျူတီနဲ့ဆေးရုံမှာရှိနေခဲ့တာမို့
ဘဏ်အတွက်ပိုအဆင်ပြေသွားခဲ့ခြင်းသာ.......။
"ညနက်သန်းခေါင်ကြီး...မိန်းကလေးတစ်ယောက်ထဲ
လမ်းပေါ်မှာဘာလို့ရှိနေရတာလဲ...သူ့ကြည့်ရတာလဲ
အထုပ်အပိုးတွေနဲ့......."
ဘဏ်သူမအတွက်ယူခိုင်းထားတဲ့ဆေးရုံVIPခန်းရဲ့
ထောင့်မှာရှိနေတဲ့...အထုပ်အပိုးတွေကိုလှမ်းကြည့်ကာ
ပြောလိုက်တဲ့မိန့်.....။
"သိချင်ရင်...သူသတိရလာမှမင်းဘာမင်းမေးကြည့်ပေါ့...
ဆရာဝန်ကဆရာဝန်အလုပ်မလုပ်ဘူးစပ်စုနေသေးတယ်"
ဘဏ်စကားကြောင့်မိန့်ကရယ်ကျဲကျဲနှင့်ဘဏ်အနားကို
တိုးကပ်လာကာ.....။
"ငါကမင်းအတွက်ပြောနေတာပါဘဏ်ရာ...သူကို
မင်းကားနဲ့ဝင်တိုက်ထားတာနော်...."
"ဟေ့ကောင်ငါကသူ့ကိုကားနဲ့ဝင်တိုက်တာမဟုတ်ဘူး
သူကငါ့ကားရှေ့ကိုဝင်လာတာ....."
"ဘာပဲဖြစ်ဖြစ်...အတူတူပဲလေကွာ...နောက်မှ
လျော်ကြေးကိစ္စတွေဘာတွေရူပ်လာမှာစိုးလို့..."
"ဘာမှရူပ်စရာအကြောင်းမရှိဘူး...လျော်ကြေးလိုရင်လဲ
ဘယ်လောက်ဖြစ်ဖြစ်ပေးလိုက်မယ်....သူ့ပစ္စည်းတွေကို
သွားမထိနဲ့အဲ့ဒီ့အတိုင်းထားလိုက်...."
"ဒါပေမဲ့လဲ...ကောင်တာမှာစာရင်းသွင်းရဦးမယ်လေ
နာမည်လေးတော့သိမှဖြစ်မှာပေါ့...."
ပြောရင်း...အထုပ်အပိုးတွေနားကိုလှမ်းလျောက်သွားတဲ့
မိန့်....။
"မိန့်...."
ဘဏ်လှမ်းဟန့်လိုက်ပေမဲ့...မိန့်ကတော့လက်ဂေ့ခ်ျပေါ်က
ဆလင်းဘတ်အိတ်ကိုကောက်ယူကာဖွင့်ပြီး...
အထဲကိုနိူက်ယူလိုက်တော့..မိန့်လက်ထဲမှာပါလာတဲ့
ပိုက်ဆံအိတ်ပြားလေးတစ်ခု....။
မိန့်ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တော့..ငွေအနည်းငယ်
ဘဏ်ကတ်တစ်ခုနဲ့မှတ်ပုံတင်ကိုတွေ့လိုက်ရသည်။
မိန့်...မှတ်ပုံတင်ကိုထုတ်ယူလိုက်ကာကြည့်လိုက်သည်။
"ဘုံကြိုးပြတ်...."
ဆန်းပြားလှတဲ့နာမည်လေးကိုသံယောင်လိုက်ရွတ်မိရင်း
ပြုံးယောင်သမ်းသွားခဲ့တဲ့မိန့်ရဲ့နူတ်ခမ်းတွေ....။
မိန့်..မှတ်ပုံတင်ကိုအိတ်ထဲပြန်မထည့်ပဲ...ဂျူတီကုတ်
အိတ်ကပ်ထဲထည့်လိုက်သည်။ပြီးတော့သူမပစ္စည်းတွေကို
သေချာပြန်ထားပြီး..ထိုနေရာကနေပြန်လှည့်
လာခဲ့တော့...မိန့်ကိုရူတည်တည်အကြည့်နဲ့လက်ပိုက်
ကြည့်နေတဲ့ဘဏ်ကိုမြင်လိုက်တာကြောင့်....
အိတ်ထဲကမှတ်ပုံတင်ကတ်လေးကိုထုတ်ကာမြှောက်ပြ
လိုက်ရင်း....။
"ကောင်တာမှာစာရင်းသွင်းပြီးပြန်ထားလိုက်မယ်...."
"ငါကိုယ်တိုင်ခေါ်လာတာတောင်မှမရဘူးပေါ့လေ...."
"မရဘူးဟေ့ကောင်....သူဌေးကသူဌေးစည်းကမ်းက
စည်းကမ်းပဲ....မင်းပြောနေကြမဟုတ်လား....
Deep groupရဲ့အသက်ကစည်းကမ်းပဲဆို...."
"ခွေးကောင်...."
ဘဏ်စကားနဲ့ဘဏ်ကိုပြန်ချုပ်နေသော...မိန့်ကို
ဘဏ်ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲလိုက်တော့...မိန့်က
မတတ်နိုင်ဘူးဆိုတဲ့သဘောနှင့်ပခုံးတွန့်ပြသည်။
ဘဏ်ခေါင်းယမ်းလိုက်ကာလက်ကနာရီကိုတစ်ချက်
ပင့်ကြည့်လိုက်ရင်း....
"၁၂နာရီတောင်ကျော်နေပြီ...ငါသွားတော့မယ်မိန့်...
မနက်ကျမှငါဆေးရုံကိုလာခဲ့မယ်....ဒီကြားထဲ
ဒီကောင်မလေး...အခြေအနေတစ်ခုခုထူးရင်ငါ့ဆီ
ဖုန်းဆက်လိုက်....."
"အေးပါ...မင်းလဲကားကိုဖြေးဖြေးမောင်းဦး...
အချိန်ကအရမ်းနောက်ကျနေပြီ....အဖိုးအခြေအနေလဲ
စိတ်ချရပြီလို့...ဖုန်းထပ်ဝင်လာပြီးပြီဆိုတော့...
မင်းလဲအရမ်းစိတ်ပူမနေနဲ့တော့...."
မိန့်စကားကို...ဘဏ်ခေါင်းငြိမ့်ပြလိုက်မိသည်။
"ငါစိတ်ချမယ်နော်...မိန့်...."
ထိုစကားကို...သတိလစ်နေတဲ့သူမထံဝေ့ဝဲကြည့်ပြီး
ပြောလိုက်မိတဲ့ဘဏ်....အဖိုးကိုစိုးရိမ်စိတ်တွေနှင့်
ဆေးရုံခန်းထဲကနေလှမ်းထွက်လာခဲ့ပေမဲ့...တစ်စုံ
တစ်ရာကိုစိတ်မချသလိုဖြစ်နေခဲ့မိတဲ့ထူးဆန်းတဲ့
ခံစားမူ့တစ်ချို့ကြောင့်...ကိုယ့်ကိုကိုယ်နားမလည်နိုင်
ဖြစ်သွားခဲ့ရသည်။ထိုစဉ်မဖိတ်ခေါ်ပါပဲအာရုံထဲမှာ
ပေါ်လာတဲ့...ဆေးရုံကုတင်ပေါ်ကဖြူဖျော့နေတဲ့
မျက်နှာလေး.........။
ဘဏ်ခေါင်းကိုဆတ်ခနဲခါရမ်းလိုက်ပြီး...ပွင့်သွားတဲ့
ဓာတ်လှေကားထဲကိုသာလှမ်းဝင်လာခဲ့တော့သည်။
~~~~~~~~~~~~~~~~~💕💕💕
"အဖိုး...."
စိုးရိမ်တကြီးခေါ်ရင်းဘဏ့်ရဲ့ခြေလှမ်းတွေက...
အဖိုးရဲ့အခန်းထဲကိုလှမ်းဝင်လာခဲ့သည်။
"အစ်ကိုလေး.."
အဖိုးရဲ့အခန်းထဲမှာ...အဖိုးရဲ့ တာဝန်ခံဆရာဝန်ကြီးနှင့်
ဦးလေးထူးကရှိနေသည်။
ဘဏ်..ကုတင်ပေါ်မှာဆေးသွင်းထားလျက်မှိန်းနေတဲ့
အဖိုးနားကိုလျောက်သွားရင်းမွေ့ယာပေါ်အသာ
ဝင်ထိုင်လိုက်သည်။
"အဖိုး...ဘယ်လိုဖြစ်တာလဲဦးလေးထူး....."
ဘဏ်အနားမှာရပ်နေတဲ့ဦးလေးထူးကိုခေါင်းမော့ကြည့်ကာ
မေးလိုက်သည်။
"ဥက္ကဌကြီးက...ဒီနေ့၉နာရီလောက်ထဲကအိပ်ယာ
ဝင်သွားတာပါ...၁၁နာရီကျော်လောက်ကျတော့
ဥက္ကဌကြီးအခန်းကအရေးပေါ်ဘဲလ်သံကြားရလို့
ကျွန်တော်ဝင်လာကြည့်တော့...ဥက္ကဌကြီး....
သတိလစ်နေတာကိုတွေ့တာပါပဲအစ်ကိုလေး..."
"ဖြစ်နေကြနှလုံးဖောက်တာပါပဲ...အစ်ကိုလေး...."
အဖိုးရဲ့တာဝန်ခံဆရာဝန်ဖြစ်သူ...ဦးကောင်းဇေက
ဝင်ပြောသည်။ဘဏ်အဖိုးရဲ့လက်ကိုဆုပ်ကိုင်လိုက်ရင်း။
"ရုတ်တရပ်ကြီးဖြစ်ရတယ်လို့ဗျာ...ညနေက...
ကျွန်တော်နဲ့ဖုန်းပြောနေတုန်းကတောင်...အဖိုး
အသံကရွင်ရွင်လန်းလန်းဖြစ်နေလို့...ကျွန်တော်
စိတ်အေးနေရတာ....."
ဟန်ကိုယ်ဖို့ပင်မတတ်နိုင်ပဲ
မျက်နှာအပျက်ပျက်နှင့်စိုးရိမ်နေတဲ့ဘဏ့်ကို
ကြည့်ပြီးဦးလေးထူးကခပ်သဲ့သဲ့ပြုံးရင်း
ဘဏ့်ရဲ့ပခုံးတစ်ဖက်ကိုဖွဖွဆုပ်ကိုင်သည်။
"အရမ်းကြီးလဲစိတ်မပူပါနဲ့အစ်ကိုလေးရယ်
ဥက္ကဌကြီးရဲ့ရောဂါအခြေအနေကို
အစ်ကိုလေးလဲသိရဲ့သားနဲ့..."
"သိလို့လဲစိတ်ပူနေရတာပေါ့ဗျာ..
အဖိုးကအရမ်းပြောရခက်တယ်
ခွဲစိတ်ဖို့အကြောင်းပြောရင်လဲစကားကို
အဆက္မခံဘူး...."
"လူကြီးမင်းရဲ့ရောဂါအခြေအနေက
ခွဲစိတ်ဖို့ထိမလိုသေးတာတော့မဟုတ်ပေမဲ့
အရမ်းလဲဆိုးဝါးမနေပါဘူး..."
ဒီတစ်ခါတော့အဖိုးရဲ့ဆရာဝန်ကပါ
ဝင်ပြောသည်။
ဘဏ်ဘာမှထပ်မပြောတော့ပဲခေါင်းကို
သဲ့သဲ့ယမ်းလိုက်မိ၏...
ဘဏ်က၂နှစ်သားအရွယ်မှာထဲက
မိဘတွေဆုံးပါးသွားခဲ့တာမို့အဖိုးက
ဘဏ့်အတွက်လောကကြီးမှာကျန်ရှိနေတဲ့
တစ်ဦးတည်းသောမိသားစုဝင်တစ်ယောက်ပင်
ဖြစ်၏...
နောက်ပြီးအဖိုးကအသက်အရွယ်အရ
ကျန်းမာရေးချိူ့တဲ့ရုံတင်မကပဲ
နှလုံးရောဂါကိုပါခံစားနေရတဲ့ဝေဒနာရှင်မို့
ဘဏ်အဖိုးကိုအရိပ်ကြည့်ဂရုစိုက်နေရတာပင်...
ဘဏ့်ရဲ့ဘဝမှာတော့အဖိုးက
တန်ဖိုးထားရတဲ့တစ်ဦးတည်းသော
လူသားတစ်ယောက်ပင်မဟုတ်ပါလား...
~~~~~~~~~~~~~~~~~~💕💕💕
"အ...ကျွတ်...ကျွတ်....."
ဘုံ...ခေါင်းထဲကမူးဝေနာကျင်နေတဲ့ဝေဒနာနှင့်
သတိရလာသည့်တိုင်မျက်လုံးတွေမဖွင့်နိုင်သေးပဲ
အရင်ငြီးငြူလိုက်မိသည်။
"မင်း...သတိရပြီလား.....မိန်းကလေး...."
နူးညံ့ညင်သာတဲ့မေးသံနဲ့အတူ...နွေးထွေးတဲ့လက်ဖဝါး
တစ်ဖက်က....ဘုံ့နဖူးပြင်ကိုလာရောက်အုပ်ကိုင်
လိုက်တာကြောင့်....ဘုံမျက်ဝန်းတွေကိုအားယူ
ဖွင့်ကြည့်လိုက်ပေမဲ့...ခေါင်းမူးနေတာကြောင့်လား
မျက်မှန်မပါတာကြောင့်လားမသိ...ဘုံဘာကိုမှ
သဲသဲကွဲကွဲမမြင်ရပဲ...မျက်လုံးနှစ်ဖက်ကိုလက်ခုံနှင့်
အတင်းပွတ်ကာ...ထထိုင်နိုင်ရန်ကြိုးစားလိုက်တော့...
"ဟေ့...ဖြေးဖြေး...."
ထိုယောကျာင်္းရဲ့အသံကိုပဲထပ်ကြားလိုက်ရပြန်ကာ
ဘုံ့ရှေ့မှာရှိနေတဲ့ဝိုးတဝါးပုံရိပ်တစ်ခုကဘုံ့ကို...
ထနိုင်ဖို့ကူညီတွဲထူပေးသည်။
"မျက်...ဘုံ့ရဲ့မျက်မှန်......"
မျက်မှောင်ကြု့ံထားရင်းမှ...မျက်လုံးလေး
ဖိပိတ်လိုက်၊ဖွင့်လိုက်လုပ်နေတဲ့သူမပြောမှ....
မိန့်...စားပွဲတင်ထားတဲ့သူမမျက်မှန်ကို...လှမ်းယူကာ
လက်ထဲသေချာထည့်ပေးလိုက်၏...
"ဒီမှာ...မင်းမျက်မှန်....."
ဘုံ...အရှေ့ကလူပေးတဲ့မျက်မှန်ကိုယူကာတပ်လိုက်သည့်တိုင်
ရုတ်တရပ်ကောင်းစွာမမြင်ရသေးပဲ...တဖြေးဖြေး
အမြင်ကြည်လာကာမှ...
"ဟင်.."
ဘုံ့ရှေ့မှာထိုင်နေတာက...ဂျူတီကုတ်ကိုဝတ်ထားသော
ကြည့်ကောင်းခန့်ညားသည့်ရုပ်ဖြောင့်ဖြောင့်နဲ့
ဆရာဝန်တစ်ယောက်...
"ဘုံ...ဘုံဘယ်ရောက်နေတာလဲ...."
ဘုံ့ပရိဘောဂပစ္စည်းအစုံအလင်နဲ့...ကျယ်ဝန်းသည့်
အခန်းကြီးကိုလှည့်ပါတ်ကြည့်ကာမေးလိုက်တော့
ဘုံ့ရှေ့မှာရှိနေဆဲ့ဆရာဝန်က...နှစ်လိုဖွယ်အပြုံးနှင့်
ဘုံ့ကိုပြုံးပြကာ.....
"မင်းရောက်နေတာ....Deepဆေးရုံ....."
"ရှင်....."
"မင်း...ညကကားတစ်စီးနဲ့တိုက်မိခဲ့တယ်လေ....
မမှတ်မိဘူးလား....."
"ရှင်...."
တရှင်ရှင်နဲ့အူကြောင်ကြောင်ဟန်လေးဖြစ်နေတဲ့
သူမက...မိန့်စကားကိုစဉ်းစားသလိုလေးဖြစ်သွားပြီးမှ
"ဟုတ်တယ်...ဘုံ...ဘုံညကကားတစ်စီးနဲ့တိုက်
တိုက္မိခဲ့တာ....."
အထိတ်တလန့်လေးပြောရင်းသူမက...ကိုယ့်ကိုကိုယ်
အသည်းအသန်ပြန်ငုံ့ကြည့်သည်။
"ဘာမှမဖြစ်ဘူးပဲ...တော်ပါသေးရဲ့....."
တစ်ကိုယ်လုံးပြောပြလောက်စရာဘာဒဏ်ရာ
ဒဏ်ချက်ကိုမှမတွေ့၍စိတ်အေးသလိုရင်ဘတ်လေး
ဖိလိုက်တဲ့သူမကြောင့်...မ်ိန့်ရယ်ချင်သွားရသည်။
"ဒါနဲ့....ဘုံကဆေးရုံကိုဘယ်လိုရောက်လာတာလဲဟင်
ဒေါက်တာ...."
"မင်းကိုကားနဲ့တိုက်မိခဲ့တဲ့သူက....မင်းကိုဒီဆေးရုံကို
ခေါ်လာခဲ့တာ...."
"ဘုံ့ကိုကားနဲ့ဝင်တိုက်မိတဲ့သူ....."
"ဟုတ်တယ်...သူကဒီဆေးရုံရဲ့ပိုင်ရှင်လေ.......
ပိုက်ဆံအတွက်ကတော့ပူစရာမလိုတာမို့...လျော်ကြေးကို
မင်းစိတ်ကြိုက်ပြောလို့ရတယ်....."
"ရှင်......"
မိန့်...သူမမျက်နာဘေးကိုကပ်ကာခပ်တိုးတိုးပြောလိုက်တော့
သူမကရှင်ခနဲဖြစ်သွားပြန်သည်။
"ဟို....ဘုံအတွက်လျော်ကြေးမလိုပါဘူး.....အခုက
ဘုံလဲဘာမှမဖြစ်ဘူးဆိုတော့...ဘုံဆေးရုံကဆင်းလို့
ရမလားဒေါက်တာ....."
"ဒါတော့မရဘူး....."
"ရှင်..."
မိန့်...သူမစကားကိုယတိပြတ်ငြင်းလိုက်တော့
သူမကကြောင်အမ်းအမ်းလေးဖြစ်သွား၏....
"ဪ...ကျွန်တော်ပြောတာက....မင်းကပြင်ပဒဏ်ရာ
မရှိဘူးဆိုပေမဲ့...ခေါင်းကိုထိထားတယ်လေ
အဲ့ဒါကြောင့်...စိတ်ချရအောင်စစ်ဆေးမူ့တွေဆက်ပြီး
လုပ်ရလိမ့်မယ်....."
"ဒါဆို....ဘုံဆေးရုံမှာနေရဦးမှာပေါ့....."
ဘုံ့ရဲ့အမေးကို...ထိုဒေါက်တာကခေါင်းငြိမ့်၏...
ဘုံကိုယ့်အပူနဲ့ကိုယ်စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့
ရလေတော့သည်။
~~~~~~~~~~~~~~~~~💕💕💕
ဘုံ...အဝင်callမရှိတဲ့ဖုန်းလေးကိုကြည့်ပြီး...
ဆေးရုံကုတင်ပေါ်အသာထိုင်ချလိုက်၏...
ဒီအချိန်ဆိုဘုံမရှိတော့တာကိုအိမ်ကလူတွေသိ
ပြီးလောက်ပြီပေါ့...ဒါတောင်မှဘုံ့ဆီကိုဘယ်သူမှ
အရေးတယူဖုန်းမခေါ်ထားကြ...အင်းလေ......
ဘုံရှိတာ၊မရှိတာကသူတို့အတွက်ဘာမှအရေးမပါ
လောက်ပါဘူး.....
အတွေးနဲ့ဝဲတက်လာတဲ့မျက်ရည်တွေကို...ဘုံ
မျက်တောင်များနှင့်ပုတ်ခတ်သိမ်းဆည်းလိုက်သည်။
"ဆုံးဖြတ်ပြီးပြီပဲ...ဘုံ...နောက်ပြန်မလှည့်နဲ့...."
ကိုယ့်ကိုကိုယ်အားပေးလိုက်ရင်း...ခေါင်းကအနာကို
သတိရသွားကာစည်းထားနဲ့ပါတ်တီးကိုလက်နှင့်
ဖွဖွထိကိုင်လိုက်သည်။
"ငါကတော့တစ်ကယ့်ကိုကံဆိုးမသွားရာ...မိုးလိုက်လို့
ရွာနေတာပါလား....."
ကိုယ့်အပူနဲ့ကိုယ်အိမ်ကထွက်လာပါတယ်ဆိုမှ...
သရဲနဲ့တွေ့ခဲ့ရရုံမက...ကားပင်အတိုက်ခံလိုက်ရသေးသည်။
"ညကဝိညာဉ်ရောဘယ်လိုဖြစ်သွားပါလိမ့်....
သူငါ့နောက်တော့မလိုက်လာလောက်ပါဘူး...."
"ဒုန္း...."
"အမလေး...."
အတွေးမဆုံးလိုက်...ဆေးရုံကုတင်ခေါင်းရင်းစားပွဲ
ပေါ်ကနေဒုန်းခနဲပြုတ်ကျသွားတဲ့..နတ်သမီးပုံ
သစ်သားအလှရုပ်ထုလေး.....
"ဒါ...ဒါက...."
"ဟင်း...ဟင်း...ဟင်း...."
ဘုံအထိတ်တလန့်ဖြစ်သွားစဉ်မှာပဲ...အနောက်ကနေ
ကြားလိုက်ရတဲ့ခပ်ညှင်းညှင်းရယ်သံကြီးကြောင့်
ဘုံတစ်ကိုယ်လုံးကြက်သီးမွေးညှင်းတွေထသွားရချိန်...
အေးစက်နေတဲ့လက်ကြီးတစ်ဖက်က...ဘုံ့ရဲ့ပခုံးထက်ကို
ထိတွေ့လာခဲ့ရင်း.....
"သူ့ကိုပြောပေး....."
ထပ်ပြီးကြားလိုက်ရတဲ့အေးစက်အသံကြီးကြောင့်
ဘုံဦးခေါင်းလေးအနောက်ကိုတဖြေးဖြေးလည်ကြည့်
လိုက်ချိန်....မြင်လိုက်ရတဲ့နီရဲနေတဲ့မျက်ဝန်းတွေနှင့်
ကြောက်စရာမျက်နှာကြီးတစ်ခု.....
"အား...."
ဘုံ...အသံကုန်အော်ဟစ်လိုက်မိရင်း...ချက်ချင်းပင်
ဆေးရုံကုတင်ပေါ်ကနေခုန်ဆင်းလိုက်သည်။
"သူ့ကိုပြောပေး...ထွက်သွားလို့ပြောပေး...."
"ဟင့်အင်း....မလာနဲ့...."
"ထွက်.သွား.လို့.ပြော.ပေး....."
"မလာပါနဲ့...ဘုံတောင်းပန်ပါတယ်...ထွက်သွားပါ..."
ဘုံလက်တခါခါနှင့်တောင်းပန်ရင်း...အနောက်ကို
တစ်လှမ်းချင်းဆုတ်နေမိသလို...ထိုဝိညာဉ်ကလဲ
ဘုံနားကိုတဖြေးဖြေးချင်းပိုပြီးတိုးကပ်လာခဲ့သည်။
"သူ့.ကို.ပြော.ပေး..."
"မလာနဲ့...ထွက်သွား...အား...."
ဘုံ...မျက်လုံးစုံမှိတ်ကာအော်ဟစ်ရင်း...လှည့်ပြေး
လိုက်တာနှင့်...ဖျပ်ခနဲဆေးရုံအခန်းတံခါးကပွင့်
သွားခဲ့ပြီး...ပေါ်လာခဲ့တဲ့မြင့်မားသောပုံရိပ်တစ်ခုရဲ့
ရင်ခွင်ကျယ်ကြီးထဲကိုဘုံ့ကိုယ်လေး...တိုးဝင်မိလျက်သား
ဖြစ်သွားခဲ့ရသည်။
"ဟေ့...မင်း....."
ဘဏ်...ဆေးရုံခန်းရဲ့တံခါးကိုဖွင့်လိုက်တာနှင့်
ရင်ခွင်ထဲကိုတိုးဝင်လာတဲ့နွေးအိနေတဲ့ခန္တာကိုယ်လေးကြောင့်
ရုတ်တရပ်မှင်သက်သွားခဲ့ရလေတော့၏.....။
~~~~~~~~~~~~~❀◕ ‿ ◕❀
ဆက်ရန်^^^^
Writer by
#Hazel