💞My Strange Girl💞<ထူးဆန်းသောချစ်သူ>
🌷🌷🌷
ရန်ကုန်မြို့၏အချက်အချာကျသောနေရာတွင်
တည်ရှိနေသော...မြေကွက်ကျယ်ကြီးတစ်ခု....
ဧကပေါင်းများစွာကျယ်ဝန်းပြီး....
လွင်ပြင်ကျယ်ကြီးတစ်ခုလိုညီညာပြန့်ပြူးနေသည့်
မြေပြင်ကွက်လပ်ကြီး၏အနောက်ဘက်မှာ..ပေါက်ရောက်
နေသည့်သက်ရင့်ပင်ကြီးများကလည်း...တောအုပ်ကြီး
တစ်ခုအလားပင်.....။လူစည်ကားလှတဲ့ဆင်ခြေဖုံးရပ်ကွက်
၄ခုရဲ့အလယ်မှာရှိနေတဲ့...အဆိုပါမြေကွက်လပ်ကြီးသည်
အမြဲတမ်း...လူရိပ်လူယောင်ကင်းမဲ့နေတတ်ပေမဲ့
ဒီနေ့မှာတော့....*Deep*လုပ်ငန်းစုရဲ့အမှတ်တံဆိပ်ပါ
ဝန်ထမ်းဝတ်စုံတွေကိုဝတ်ဆင်ထားသည့်......
လူပေါင်းများစွာက...ထိုမြေကွက်လပ်ကြီးထဲမှာ...
ပျာယာခတ်နေအောင်...အလုပ်ရူပ်နေကြသည်။
"အမိူက်တွေ...မြက်တွေကိုသေချာရှင်းကြနော်.....
ဟေ့...မင်းတို့ကဘာလုပ်နေတာလဲ...မြေကွက်
အနောက်က...တောအုပ်ထဲကိုသွားကြည့်ခိုင်း
ထားတယ်လေ...."
"ဟေ့...သီဟမင်းတို့်...ကုမ္မဏီဆိုင်းဘုတ်ကို.....
သေချာထောင်ကြ....မြေကွက်အနီးကိုက်၁၀၀
ဝန်းကျင်ကိုလဲ...ကန့်သတ်နယ်မြေအဖြစ်ကြိုးတား
ဖို့လုပ်ရမယ်....ဒီအနီးအနားရပ်ကွက်က...ကလေးတွေက
မိမနိုင်၊ဖမနိုင်လေးတွေ....တော်ကြာ...
ဆောက်လုပ်ရေးစမှ....တစ်ခုခုဆို...သူဌေးလက်မှာ
မင်းတို့ရောငါပါသေမှာနားလည်လား...."
အော်လံကြီးနဲ့တစ်ယောက်ထဲအော်ဟစ်ညွှန်ကြားရင်း
အလုပ်ရူပ်နေတဲ့...ခေါင်းဆောင်ဖြစ်ဟန်တူသည့်
အသက်၄၀အရွယ်ခန္တာကိုယ်ခပ်တောင့်တောင့်နဲ့
လူကြီးတစ်ဦး....
ထိုမြင်ကွင်းကိုကာရံထားတဲ့သံဇကာခြံစည်းရိုး
အပြင်ဘက်ကနေ...စူးစမ်းသလိုရပ်ကြည့်နေကြတဲ့
အနီးအနားရပ်ကွက်က...ရပ်ကွက်သူရပ်ကွက်သား
များကိုလဲ...အလုပ်ရူပ်နေတဲ့သူတွေသတိမထားမိ
ကြပါချေ....
"လာပြန်ပြီ...ဒီတစ်ခါရောဘယ်လုပ်ငန်းစုကလဲ...."
"ဪ...မအေးကလဲ...ဟိုမှာကုမ္မဏီရဲ့ဆိုင်းဘုတ်ကို
ထောင်ထားတာမမြင်ဘူးလား..*Deep*လေ...
Deep Groupကပေါ့...."
"အမလေးအေ...Dဂရုမကလို့Eဂရုပဲဖြစ်ဖြစ်...
သူတို့လဲမကြာခင်...အကုန်ဖျက်ပြီးပြန်ပြေးရမှာပဲ...
ဘယ့်နှယ်...ဒီလိုမကောင်းဆိုးဝါးနယ်မြေမှာမှ
အလုပ်လာလုပ်ကြတယ်လို့...."
"အေးလေဗျာ...အဲ့ဒီကုမ္မဏီက...ဒီမြေကွက်ကို...
မဝယ်ခင်နည်းနည်းပါးပါးမစုံစမ်းကြဘူးလား...
မသိဘူး....သူတို့ရှေ့မှာ...ဒီမှာစီမံကိန်းလာချပြီး
ဆောက်လုပ်ရေးလုပ်ဖို့ကြိုးစားတဲ့...လုပ်ငန်းစုကြီးတွေက
ဘယ်လိုအန္တာရယ်တွေကြုံပြီးပြန်ပြေးသွားရလဲဆိုတာ
နည်းနည်းလေးမှမကြားမိဘူးလားမသိဘူး....."
"ဟာ...အဖေကလဲဗျာ...Deep.groupဆိုတာ...မြန်မာပြည်မှာ
အကြီးဆုံးလုပ်ငန်းစုကြီးလေ...."
အထဲကမြင်ကွင်းကိုကြည့်ပြီးရူံ့ကာမဲ့ကာပြောနေတဲ့
လူကြီးတွေရဲ့စကားဝိုင်းထဲဝင်ပါလာသူက....
အနောက်မှာရပ်ရင်းဖုန်းဆီကမျက်လုံးမခွာတဲ့...
၁၆နှစ်အရွယ်ကျောင်းစိမ်းဝတ်စုံနဲ့လူငယ်လေး...
တစ္ဦး...
"Deep.gruopက..ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ
အပန်းဖြေစခန်းတွေ..ဘဏ်တွေနဲ့အထူးကုဆေးရုံတွေ
အများကြီးကိုပိုင်တာဗျ...ပြီးတော့....Deepဆိုတဲ့
နိုင်ငံတကာလေကြောင်းလိုင်းကြီးတစ်ခုလဲပါသေးတယ်
သူတို့က...ဒီနေရာမှာ...အပန်းဖြေစခန်းကြီးဆောက်မှာဗျ...."
"ဟဲ့...မျိုးကို...နင်ကအဲ့ဒါတွေဘယ်လိုသိတုန်း...."
"ဟာ...အန်တီနုကလဲ...ဒီခေတ်ကအင်တာနက်ခေတ်လေ
ဖုန်းလေးတစ်ချက်ဖွင့်လိုက်တာနဲ့အကုန်သိတယ်...
သား...အခုgoogleကနေ...Deep.groupနဲ့ပါတ်သတ်တာတွေ
ရှာကြည့်နေတာ...ဒီမှာကြည့်....."
"ဟုတ်လား...ငါ့ကိုလဲပြစမ်းပါဦးဟဲ့..."
"အေး...ငါလဲကြည့်မယ်..."
ချက်ချင်းပင်ဖုန်းကိုင်ထားတဲ့ကောင်လေးနားကို
လူကြီးတွေဝိုင်းအုံသွားကြသည်။
"ဟယ်...ဟုတ်ပါရဲ့...Deep.groupကတစ်ကယ်ကြီးတာပဲ..."
"ဘာကြီးတာလဲ...အစ်မနုရဲ့........"
"ဪ...လုပ်ငန်းတွေကအကြီးကြီးတွေလို့ပြောတာပါအေ
နင်ကလဲစကားကိုအထအနကောက်တယ်..."
တစ်ယောက်ကဝင်ပြီးအရွမ်းဖောက်လိုက်တော့
ကျန်လူတွေပွဲကျကုန်ကြသည်။မျိုးကိုဆိုသော..
ကျောင်းသားလေးကတော့...လူကြီးတွေ
သူ့နားဝိုင်းနေတော့..ခပ်ကြွားကြွားဟန်ဖြင့်
"ကျန်သေးတယ်ဗျ...Deep.groupအကြောင်းပြောရင်
Deep.groupရဲ့သူဌေး...မင်းဘဏ္ဍာရဲ့အကြောင်းကို
ချန်ထားခဲ့လို့မရဘူး....သူကအာရှမှာအသက်၃၀အောက်
အအောင်မြင်ဆုံးလုပ်ငန်းရှင်တွေထဲမှာထိပ်ဆုံးကပဲလေ
အရမ်းကိုစေ့စပ်သေချာပြီး...ကွက်ကျော်မြင်တတ်
လွန်းလို့...သူ့ကိုယှဉ်နိုင်တဲ့သူဆိုတာ..ဘယ်သူမှ
မရှိဘူးတဲ့...Deep groupရဲ့အောင်မြင်မူ့ဆိုတာ....
သူ့လက်ခုပ်ထဲကပဲ....အလုပ်လုပ်တဲ့နေရာမှာလဲ
အရမ်းပြတ်သားတာတဲ့နော်....."
မျိုးကိုဆိုသောကျောင်းသားလေးက...ဖုန်းကိုကြည့်ပြီး
အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြနေသလို.....
လူကြီးတွေကလဲခေါင်းတငြိမ့်ငြိမ့်နှင့်...မျိုးကို၏
မျက်နှာကိုသာတမေ့တမောငေးနေကြသည်။(ခေတ်ကိုကသက်ငယ်စကားသက်ကြီးကြားနေရတဲ့
ခေတ်မဟုတ်လား)
"နောက်တစ်ခုက...အဲ့ဒီDeep.groupရဲ့သူဌေးမင်းဘဏ္ဍာက
အရမ်းကိုခန့်ညားပြီးSmartဖြစ်တာတဲ့ဗျ...."
"ဟဲ့...စမတ်ဖြစ်တယ်ဆိုတာဘာလဲ...."
လူကြီးတွေထဲက...ဘီးဆံပါတ်ကြီးနဲ့အသက်အကြီးဆုံး
မိန်းမကြီးကအူလည်လည်ဟန်နှင့်ထမေးသည်။
"ဟာဗျာ...ဒေါ်ကြီးကလဲ...smartကျတယ်ဆိုတာ
အရမ်းသားနားတယ်လို့ပြောတာဗျ...."
"ဪ...အေး...အေး...ငါကမသိလို့ပါဟယ်....
နင်ကလဲ....."
"ဒီမှာ...ဒီမှာကြည့်...ဒါDeep groupရဲ့သူဌေး...မင်းဘဏ္ဍာရဲ့
ပုံ...."
ထိုကောင်လေးပြတဲ့ဖုန်းထဲကပုံကိုလူကြီးတွေ..
ခေါင်းချင်းဆိုင်တိုးဝှေ့ကြည့်နေကြပြီးနောက်...
"ဟယ်...ချောလိုက်တာဟယ်...."
"ဟုတ်ပါ့အစ်မရယ်...နိုင်ငံခြားမင်းသားကြနေတာပဲ
အရပ်ကြီးကလဲအရှည်ကြီးပဲ....."
"ဟုတ်ပအေ...ရုပ်ကိုကမင်းသားရူံးလောက်တယ်..."
"သားမပြောဘူးလား......."
သူတို့လူစု...တီးတိုးတီးတိုးပြောနေကြစဉ်မှာပဲ...
ထိုမြေကွက်လပ်ကျယ်ကြီးထဲကိုမောင်းဝင်လာတဲ့
အနက်ရောင်မှောင်လဲ့နေသောနောက်ဆုံးပေါ်..
ဇိမ်ခံကားကြီးတစ်စီး....
"ဟဲ့...ဟဲ့...ဟိုမှာဘယ်သူလာတာလဲမသိဘူး...."
မြင်လိုက်တဲ့အမျိုးသမီးကြီးတစ်ယောက်ကလှမ်းအော်လျင်
ကျန်တဲ့သူတွေရဲ့အကြည့်တွေကလဲ...ထိုနေရာဆီကို
စုပြုံရောက်ကုန်ကြသည်။
ထိုအချိန်ဝင်းထဲမှာထိုးရပ်သွားပြီဖြစ်တဲ့ကားရဲ့မောင်းသူ
နေရာကနေထီးကိုင်ပြီးဆင်းလာတဲ့ရုပ်ရည်....
ခပ်ဖြောင့်ဖြောင့်နဲ့လူရွယ်တစ်ယောက်က
ထီးကိုဖွင့်လိုက်ပြီးနောက်...ကားနောက်ခန်းရဲ့
တံခါးကိုပါတရိုတသေဖွင့်ပေးလိုက်ချိန်
ကားပေါ်ကဆင်းလာတဲ့သူက...
ချောမောခန့်ညားတဲ့လူရွယ်တစ်ယောက်....
"ဟဲ့...အဲ့ဒါ....မင်းဘဏ္ဍာမဟုတ်လား....."
လောလောလတ်လတ်မြင်ထားပြီးမျက်လုံးထဲစွဲနေတဲ့
မျက်နှာကိုမှတ်မိလိုက်တာမို့တစ်ယောက်ကထအော်သည်။
"ဟယ်...ဟုတ်ပါရဲ့...အပြင်မှာပိုတောင်ချောသေးတယ်"
"ကြည့်ပါဦး...အသားကလဲဖြူပြီးဝင်းနေတာပဲ...."
အားရပါးရပြောနေတဲ့အမျိုးသမီးကြီးတွေရဲ့
အသံက...ထိုဝင်းကြီးထဲကိုပါပျံ့လွင့်သွားခဲ့တော့၏....
~~~~~~~~~~~~~~💕💕
"အစ်ကိုလေး...Maskပါ..."
ဘဏ်...ထီးမိုးပေးထားတဲ့အတွင်းရေးမှူးလရောင်လှမ်းပေးနေတဲ့Maskကိုယူကာတပ်လိုက်သည်
အခုကနေပူနေတဲ့အချိန်မို့..ဖုန်ထနေတဲ့ဒီလို
ကွင်းပြင်ထဲမှာMaskတပ်မှဖြစ်မည်။
"သူဌေး...ရောက်လာပါပြီလား..."
လျှာခလုတ်တိုက်မတတ်ပြောလိုက်တဲ့အသံနဲ့အတူ
အနားကိုအပြေးရောက်လာသူက.....ဒီနေရာရဲ့
တာဝန်ခံ...မန်နေဂျာကိုရဲနိုင်.....
"ဘယ်လိုလဲ...ကိုရဲနိုင်အားလုံးokရဲ့လား..."
"Okပါပဲခင်ဗျ...မကြာခင်လုပ်ငန်းစနိုင်အောင်...
အားလုံးပြင်ဆင်ထားပါတယ်...သူဌေးစစ်ဆေးကြည့်
ပါဦးဗျ........."
ဘဏ်...ကိုရဲနိုင်ကိုခေါင်းငြိမ့်ပြလိုက်ရင်း........
ကြယ်သီးတစ်လုံးဖြုတ်ထားတဲ့အင်္ကျီရင်ဘတ်မှာချိတ်
ထားသော...နက်ပြာရောင်သမ်းနေသော...
နေကာမျက်မှန်ကို
တပ်ကာလှမ်းထွက်လိုက်သည်။ဘဏ်ရဲ့နောက်ကနေ
လရောင်နဲ့အတူ...လရောင်ရဲ့လက်ထောက်ဇွဲပြည့်
ကထက်ကြပ်မကွာလိုက်ပါလာ၏....
"ဒီနေရာကတစ်ကယ့်ကိုနေရာကောင်း၊မြေကောင်းပါ
သူဌေး...နောက်ပြီး...အပန်းဖြေစခန်းဆောက်ဖို့
တစ်ကယ့်ကိုသင့်တော်တဲ့နေရာပါ...."
ဝင်းထဲကိုလှည့်ပတ်ပြနေရင်း...မန်နေဂျာကိုရဲနိုင်က
ဘဏ့်ကိုရှင်းပြသလိုပြောသည်။
"အဲ့ဒါကြောင့်လဲ...ကန့်ကွက်တဲ့သူတွေရှိနေတဲ့ကြားက
ကျွန်တော်...ဒီပရောဂျက်ကိုအကောင်အထည်
ဖော်ခဲ့တာပေါ့ဗျာ....."
ပြောရင်း...ဘဏ်ကိုရဲနိုင်ကိုကြည့်လိုက်ကာ....
"ကျွန်တော့်ကိုတကူးတကကြီးစိတ်ထဲမထားပါနဲ့...
ကိုရဲနိုင်လုပ်စရာရှိတာသွားလုပ်ပါ.....ကျွန်တော်...
ကိုယ့်ဘာသာလိုက်ကြည့်လိုက်မယ်...."
"ဟုတ်ကဲ့...သူဌေးဒါဆိုကျွန်တော့်ကိုခဏခွင့်ပြုပါဦး
ကျွန်တော်အနောက်ကိုသွားကြည့်လိုက်ဦးမယ်..."
"ကောင်းပါပြီဗျာ...သွားပါ...."
ကိုရဲနိုင်ထွက်သွားတော့မှ...ဘဏ်..တပ်ထားတဲ့
Maskကိုတစ်ဖက်ဖြုတ်လိုက်ရင်း...အနီးအပါးကို
မျက်လုံးဝေ့ကြည့်လိုက်မိကာ....
"တစ်ကယ့်ကိုနေရာကောင်းပဲ...မင်းရောဘယ်လိုထင်လဲ
လရောင်......."
ဘဏ်လှည့်မေးလိုက်တော့...လရောင်မျက်နှာက
ရူံ့မဲ့သွားကာ.......
"နေရာကောင်းပေမဲ့...မကောင်းသတင်းတွေရှိနေတာကို
အစ်ကိုလေးလဲသိရဲ့သားနဲ့...."
လရောင်စကားကြောင့်...ဘဏ်နူတ်ခမ်းတွန့်ပြုံး
လိုက်တော့...မေ့စေ့အလယ်ကမေးချိုင့်ရှည်ရှည်
လေးကထင်းခနဲပေါ်သွားသည်။
"ဘာလဲ...မကောင်းဆိုးဝါးနယ်မြေဆိုတဲ့သတင်းလား
အလကားကောလဟာလတွေ...."
"ကောလဟာလမဟုတ်ဘူးနော်...အစ်ကိုလေး...
ကျွန်တော်တို့အရှေ့က...ဒီနေရာမှာပရောဂျက်
လုပ်ခဲတဲ့ကုမ္မဏီတိုင်း....ဘယ်လိုဖြစ်ရပ်တွေနဲ့...
ကြုံရလဲဆိုတာအစ်ကိုလေးလဲသိရဲ့သားနဲ့....
အဲ့ဒါကြောင့်လဲ.....ကာလပေါက်စျေးထက်.....
ထက်ဝက်လောက်လျော့ပြီး.....ကျွန်တော်တို...
Deep groupက...ဒီမြေကိုရခဲ့တာပေါ့......"
လရောင်ပြောတာကို...ဆုံးအောင်နားထောင်ပြီးမှ
ဘဏ်...သပ်ရပ်စွာနောက်လှန်ဖြီးသင်ထားသော
မဟော်ဂနီရောင်တောက်နေတဲ့ဆံပင်တွေကို....
တစ်ချက်သပ်လိုက်ရင်း....
"အဲ့တော့...ဒီမြေမှာရှိတဲ့မကောင်းဆိုးဝါးတွေ
သရဲတွေက၊ဒီနေရာမှာဘာမှမလုပ်နိုင်အောင်...
အနှောင့်အယှက်ပေးတယ်ဆိုတဲ့...အပေါစား.......
ကောလဟာလတွေကိုမင်းကယုံတယ်ပေါ့......."
"အဲဒါက...ကျွန်တော်...."
လရောင်...ဘဏ့်အမေးကိုရုတ်တရပ်ဘာဖြေရမလဲ
မသိဖြစ်သွားစဉ်....
"ဟာ...မင်းနောက်မှာသရဲ.."
"ဟင်....."
"ဖြောင်း..."
ဘဏ်အော်လိုက်တော့...အနောက်ကိုကြောက်လန့်တကြား
လှည့်ကြည့်လိုက်တဲ့လရောင်ကို....ဘဏ်...ဖြောင်းခနဲ
မြည်အောင်ဇက်ပိုးကိုအုပ်ထည့်လိုက်သည်။
"အစ်ကိုလေး...."
"တော်တော်ကြောက်တတ်နေတယ်ဟုတ်လား...."
ဘဏ်စကားကြောင့်...လရောင်မျက်နှာကမအီမလည်နှင့်
ရူံ့မဲ့သွားသည်။ဘဏ်Maskကိုလုံးဝဆွဲချွတ်ပစ်လိုက်ပြီး
လရောင်ဆီပစ်ပေးလိုက်ကာ......
"နားထောင်...သရဲတစ္ဆေ၊မကောင်းဆိုးဝါးဆိုတာ..
တစ်ကယ်မရှိဘူး.....ငါတို့ရှေ့မှာဖြစ်ခဲ့တဲ့ကုမ္မဏီတွေရဲ့
ဖြစ်ရပ်တွေကတိုက်ဆိုင်မူ့သက်သက်ပဲ.........
စိတ်ကူးယဉ်မနေစမ်းပါနဲ့ကွာ...လက်တွေ့ကိုပဲ
ကြည့်စမ်းပါ..."
"ဖျောက်...ဖျောက်..."
ပြောရင်းဘဏ်...ဇွဲပြည့်ကိုကြည့်ကာ....လက်ဖျောက်
တီးလိုက်တော့....ဇွဲပြည့်ကလက်ထဲမှာကိုင်ထားတဲ့
လက်ဆွဲအိတ်ကိုဖွင့်ပေးသည်။ဘဏ်ထိုအထဲက
စာချုပ်တစ်စုံကိုနိူက်ယူလိုက်ရင်း...လရောင်ရှေ့မှာ
ဝှေ့ရမ်းပြလိုက်ကာ....နေကာမျက်မှန်ကိုဆွဲချွတ်
လိုက်သည်။
"ဒါ...ဒီမြေရဲ့စာချုပ်ပဲ...ပိုင်ဆိုင်သူကမင်းဘဏ္ဍာ...
Ok....ဒါကငါ့ရဲ့ပိုင်ဆိုင်မူ့ဖြစ်တဲ့အတွက်........
ငါနဲ့ပဲသက်ဆိုင်တယ်...မင်းပြောတဲ့မကောင်းဆိုးဝါးတွေက
ငါပိုင်တဲ့မြေမှာနေပြီး...ငါ့လူတွေကိုဒုက္ခပေးလို့
ရမလားဆိုတာ....ငါစောင့်ကြည့်လိုက်ဦးမယ်...."
စကားအဆုံးစာချုပ်ကိုပြန်ပစ်ထည့်ကာ...မထိတရိ
အပြုံးနှင့်လှမ်းထွက်သွားတဲ့အစ်ကိုလေးကိုကြည့်ပြီး
လရောင်သက်ပြင်းအသာချလိုက်သည်။
ဘယ်အရာမဆို...သူလုပ်ချင်ရင်သိကြားမင်းဆင်းတားတောင်
နောက်ဆုတ်မှာမဟုတ်တဲ့...အစ်ကိုလေးရဲ့ဇွတ်တရွတ်
အကျင့်စရိုက်ကိုလရောင်အသိဆုံး.....
အလုပ်တစ်ခုကိုအမြဲတမ်းတိကျမှန်ကန်တဲ့.....
ဆုံးဖြတ်ချက်တွေနဲ့..ဘယ်တော့မှအမှားမလုပ်တတ်တဲ့
အစ်ကိုလေးက....တစ်ခွန်းကိုတစ်ခွန်းပြတ်သား
လွန်းလှသည်။
တခြားသူမပြောနဲ့...အဖိုးဖြစ်တဲ့*Deep*လုပ်ငန်းစုကြီးရဲ့
ဥက္ကဌကြီးပင်မြေးဖြစ်သူကိုမနိုင်....
လှမ်းထွက်သွားတဲ့အစ်ကိုလေးရဲ့ကျောပြင်ကို..
ငေးကြည့်ကျန်ခဲတဲ့လရောင်.....
အတွေးနဲ့ရပ်နေလို့လဲမပြီးတာမို့....အစ်ကိုလေးနောက်ကို
လရောင်နဲ့ဇွဲပြည့်ပြေးလိုက်သွားရပြန်သည်။
ကားနားထိရောက်နေပြီဖြစ်တဲ့ဘဏ်ကတော့...
လရောင်အနားကိုရောက်လာသည်နှင့်....
"Spray...."
"ဗျာ...ဟုတ်..."
လရောင်...ကားတံခါးကိုဖွင့်ကာ...စပရေးဘူးကို
ကပျာကယာလှမ်းယူပေးလိုက်သည်။
"ရူး...ရူး...ရူး...."
ပြင်သစ်နိုင်ငံထုတ်ရောဂါပိုးသန့်စင်တဲ့သင်းပျံ့ပျံ့
ရနံ့နှင့်စပရေးကို....ကိုယ်ကိုအနည်းငယ်ဖြန်းပြီးမှ
ဘဏ်...ဇွဲပြည့်ဖွင့်ပေးထားတဲ့ကားထဲဝင်ထိုင်လိုက်သည်။
အလွန်အသန့်အပြန့်ကြိုက်ကာဇီဇာကြောင်လှသော
မိမိတို့သူဌေးရဲ့အကျင့်စရိုက်တွေထဲကတစ်ခုကို
သိထားပြီးဖြစ်တဲ့...လရောင်နဲ့....ဇွဲပြည့်ကတော့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ.....
ခေါင်းကိုသာကုတ်လိုက်မိကြတော့သည်။
~~~~~~~~~~~~~~~~~~~💕💕💕
"ဘုံကလက်ထပ်ရတော့မှာပေါ့...ဟုတ်လားဖေဖေ....."
ကြိုသိခဲ့ပြီးသားပေမဲ့လဲ...ဖေဖေ့နူတ်ကဘုံ့ကို
တိုက်ရိုက်ပြောလာတဲ့အခါ...ဘုံမယုံနိုင်သလို
မေးလိုက်မိတာကမျက်ရည်လေးတွေဝေ့ဝဲနေလျက်နှင့်
ဖြစ်သည်။
"ဟုတ်တယ်...သမီးဖေဖေကတော့...သမီးအန်တီခိုင်
ပြောတဲ့.. မောင်ဘုန်းမြတ်ဆိုတဲ့သူငယ်လေးနဲ့
သမီးကိုနေရာချထားပေးချင်တယ်...."
"မောင်ဘုန်းမြတ်က...တစ်ကယ်တော်တဲ့လူငယ်လေးပါ
မိဘုံရယ်...သူ့မှာပြောစရာဆိုလို့၁၀တန်းမအောင်
တာလေးပဲရှိတာပါ...သူများအိမ်မှာဒရိုင်ဘာလုပ်နေတယ်
ဆိုပေမဲ့...မမမြတ်တို့ကလဲအဲ့ဒီ့ကလေးနဲ့......
ဆွေရိပ်မျိုးရိပ်မကင်းပါဘူး....."
၁၀တန်းမအောင်ပဲသူများအိမ်မှာကားဒရိုင်ဘာ
လုပ်နေတာလေးကပဲပြောစရာရှိတာတဲ့လား....
နောက်ထပ်ဘာများကျန်သေးလို့လဲအန်တီခိုင်လို့
ဘုံမေးလိုက်ချင်ပါသည်။
သူများတကာကိုနှိမ့်ချလိုစိတ်အလျင်းမရှိပေမဲ့...
ဘုံ့မိသားစုတွေရဲ့အမြင်မှာ...ဘုံကဒီလောက်ထိတန်ဖိုး
နိမ့်ကျနေတာကိုတော့...ဘုံတစ်ကယ်စိတ်မကောင်းပါ....
"သမီးအသက်၂၄နှစ်ရှိပြီဘုံ...သမီးမငယ်တော့ဘူး
ဒါပေမဲ့....သမီးထက်ငယ်တဲ့စစ်နဲ့ရဲရင့်လိုမျိုး....
သမီးမှာဖေဖေစိတ်ချနိုင်လောက်စရာဘာမှမရှိဘူး
ဘုံ...သမီးအတွက်...ဖေဖေမျက်ကွယ်မပြုခင်မှာ
စိတ်ချရတဲ့သူနဲ့အိမ်ထောင်ချပေးချင်တာ....သမီးအတွက်
ဖေဖေစိတ်ချချင်တာဘုံ...."
စစ်နဲ့ရဲရင့်လောက်....ဘုံမှာအရည်အချင်းမရှိဘူးလို့ပဲ
တည့်ပြောလိုက်ပါတော့လားဖေဖေရယ်....
စိတ်ထဲကသာပြောနေမိပေမဲ့လက်တွေ့မှာတော့
ဘုံတစ်ခွန်းမှပြန်မချေပနိုင်ပဲခေါင်းလေးငုံ့ထားလျက်
မျက်ရည်တွေစီးကျလာခဲ့ရသည်။
"ဖေဖေပြောတာကိုလက်ခံမယ်...မဟုတ်လား...."
"ဘုံ....ဘုံစဉ်းစားပါရစေ....."
ဘုံပြောရင်းမျက်ရည်တွေကိုဖေဖေတို့မမြင်အောင်
ခေါင်းငုံ့လျက်သုတ်လိုက်သည်။
"ဘုံအခန်းထဲဝင်တော့မယ်နော်...ဖေဖေ..."
"အေး....အေး...ဖေဖေပြောတာကိုသေချာစဉ်းစား
ထားနော်....သမီး...."
ဘုံ..ဖေဖေ့စကားကိုခေါင်းငြိမ့်လိုက်မိကာ.......
ဖေဖေ့ရှေ့ကနေထလာခဲ့သည်။ဒါတောင်...ဘုံ
အခန်းထဲမရောက်သေးခင်ပြောလိုက်တဲ့အန်တီခိုင်ရဲ့
စကားကို...ကြားဖြစ်အောင်ကြားလိုက်ရပါသေးသည်။
"ဒီလောက်ဆိုမိဘုံသဘောတူမှာပါ...ခိုင်မင်္ဂလာ
ကိစ္စကိုစီစဉ်လိုက်တော့မယ်နော်...အစ်ကို"တဲ့....
ဘဝအတွက်....အကြီးမားဆုံးဆုံးဖြတ်ချက်ကြီး
တစ်ခုအတွက်တောင်...ဘုံမှာသေချာရွေးချယ်ခွင့်
မရှိတော့ဘူးပေါ့....
ဟုတ်တယ်သူတို့အတွက်ဘုံဆိုတာမလိုအပ်ပါဘူး....
ဘုံကဒီမိသားစုအတွက်အပိုလူသက်သက်ပါပဲ....
သူတို့တွေ...ဘုံကိုမလိုအပ်ကြပါဘူးလေ..........
နာကျင်စွာဖြင့်ခပ်တိုးတိုးရေရွတ်လိုက်မိရင်း...
ရင်ထဲမှာသယ်ပိုးထားတဲ့ဆုံးဖြတ်ချက်တစ်ခုက...
ပိုပြီးခိုင်မာသွားခဲ့ရင်း.....
~~~~~~~~~~~~~~~~~~~💕💕💕
"အစ်ကိုလေး....ရုံးမဆင်းသေးဘူးလား...."
ဘဏ်အလုပ်ရူပ်နေတဲ့...ရုံးခန်းထဲကအလုပ်စားပွဲ
ရှည်ကြီးရှေ့ထိလာရပ်ပြီးပြောလိုက်တဲ့လရောင်ကို
ဘဏ်မော့မကြည့်ပဲ....
"မဆင်းသေးဘူး....ငါဒီနေ့နောက်ကျမှာမင်းပြန်ရင်
ပြန်နှင့်တော့....."
"အဲ့လိုနဲ့...ဒီနေ့လဲထပ်ပြီးရုံးခန်းမှာပဲအိပ်ဦးမှာ
မဟုတ်လား...."
ဒီတစ်ခါတော့...ဘဏ်ရဲ့အကြည့်စူစူးတွေက....
Laptopဆီကနေ...လရောင်ဆီရွေ့သွားကာ....
စားပွဲပေါ်ကရီမုဒ်ကိုကောက်ယူပြီးနှိပ်လိုက်တော့...
ရုံးခန်းရဲ့နံရံတစ်ဖက်က...တရွေ့ရွေ့နဲ့ပွင့်သွားကာ....
ကွန်ဒိုတစ်ခုလိုခမ်းနားသပ်ရပ်တဲ့အခန်းကြီးက
ပေါ်လာသည်။
"ဒီရုံးခန်းရဲ့Decorationကိုပြင်ဆင်တုန်းက...
ဒီအခန်းကိုဘာလို့ငါထည့်ထားတာလဲမင်သိလား..."
အခန်းကိုမေးဆတ်ပြရင်းဘဏ်မေးလိုက်တော့...
"သိပါတယ်အစ်ကိုလေး....အစ်ကိုလေးအလုပ်တွေ
အရမ်းများနေလို့စံအိမ်ကိုမပြန်နိုင်တဲ့အခါ.....
အသုံးပြုလို့ရအောင်ပါ..."
လရောင်အဖြေကြောင့်...အစ်ကိုလေးကခေါင်း
တဆတ်ဆတ်ငြိမ့်သည်။
ဒီရုံးခန်းကအစ်ကိုလေးရဲ့ဒုတိယအိမ်ဆိုလဲမမှား
တစ်လမှာ၂၅ရက်လောက်က...ရုံးခန်းမှာပဲ....
အိပ်ဖြစ်တာကများသည်။အဲ့ဒါကြောင့်လဲ.....
ဥက္ကဌကြီးနဲ့တကျက်ကျက်ဖြစ်တာခဏခဏပင်
အစ်ကိုလေးကအလုပ်ကိုအရမ်းဦးစားပေးပြီး...
စီးပွားရေးတစ်ခုကလွဲရင်ကျန်တာမသိတဲ့တစ်ကယ့်
အလုပ်သရဲ....
"သိရင်လဲသွားတော့...ငါဒီညဒီမှာအိပ်ဖြစ်ဖို့များတယ်
အပန်းဖြေစခန်းပရောဂျက်အတွက်အလုပ်များနေတယ်
အဖိုးကိုငါပဲဖုန်းဆက်ပြီးပြောလိုက်မယ်..."
"ဒါဆို...ကျွန်တော်လဲအစ်ကိုလေးနဲ့စောင့်ပေးပါ့မယ်...
အစ်ကိုလေးကိုတစ်ယောက်ထဲထားခဲ့ရင်...ဥက္ကဌကြီး
ကျွန်တော့်ကိုဆူလိမ့်မယ်...."
လရောင်စကားကြောင့်...ဘဏ်ကဆတ်ခနဲခေါင်းမော့
ကြည့်ကာ...ထိုင်နေတဲ့ဆုံလည်ကုလားထိုင်ကို
ခပ်လျောလျောမှီလိုက်ပြီး...ဟိုလှည့်ဒီလှည့်လုပ်ရင်း...
"လရောင်..."
"ဗျာ...."
"မင်းငါ့ကိုသဘောကျနေတာလား...."
"ဗျာ...."
ဒီတစ်ခါလရောင်ရဲ့ဗျာသံကနည်းနည်းကျယ်သွားသည်။
"ဟုတ်တယ်လေ...မင်းကငါ့ကိုစောင့်ပေးမယ်ဆိုတော့
ဒီအခန်းထဲမှာငါနဲ့အတူအိပ်ချင်လို့လား....ငါယောကျာင်္းချင်း
စိတ်မဝင်စားတာမင်းသိတယ်မဟုတ်လား...."
"ဗျာ...မ...မဟုတ်...ကျွန်တော်က..."
အတည်ပေါက်နဲ့ပြောနေတဲ့ဘဏ်ကိုကြည့်ပြီး...
လရောင်ကခေါင်းတကုတ်ကုတ်နှင့်စကားမဆက်
နိုင်တော့....အဲ့လိုမှပြောမလွှတ်ရင်လဲ...ဒီကောင်
ဘဏ်အနားကနေခွာမှာမဟုတ်ပေ....
"မဟုတ်ရင်လဲသွားတော့...ငါအလုပ်ရူပ်နေတယ်
ညစာအတွက်မပူနဲ့...ငါ့ဘာသာစီစဉ်လိုက်မယ်..."
"ဟုတ်ကဲ့....."
"သွားတော့...."
နောက်တစ်ကြိမ်ထပ်နှင်တော့...ခေါင်းကုတ်လျက်
ထွက်သွားတဲ့လရောင်ကတံခါးနားအရောက်ဘဏ်ကို
လှည့်ကြည့်သွားသေးသည်။
ဘဏ်...ခေါင်းယမ်းကာရယ်လိုက်မိရင်း..အလုပ်ကိုသာ
ပြန်ပြီးအာရုံစိုက်လိုက်မိသည်။
မင်းဘဏ္ဍာဆိုသောသူ့အတွက်ကတော့....အဖိုးပြီးရင်
အလုပ်ကသာအရေးအကြီးဆုံး.....
~~~~~~~~~~~~~~~~💕💕💕💕
11:45.P.M
လက်ဂေ့ခ်ျထဲပစ္စည်းတွေအကုန်ထည့်လို့ပြီး၍...
ဘုံနာရီကိုကြည့်လိုက်တော့...၁၁နာရီကျော်နေလေပြီ....
ဘုံ...စားပွဲပေါ်မှာတင်ထားတဲ့ဓာတ်ပုံတွေကို....
စုသိမ်းသာ...ဘုံ့ရဲ့ဆလင်းဘတ်အိတ်ကြီးထဲကို
သေချာထည့်လိုက်သည်။အပေါ်ဆုံးမှာရှိနေတဲ့..
အဖိုး၊မေမေနဲ့...ဘုံတစ်နှစ်အရွယ်ကရိုက်ထားတဲ့
ဓာတ်ပုံလေးကိုပြန်ယူလိုက်ရင်း...လက်ချောင်းလေးတွေနဲ့
ဖွဖွတို့ထိလိုက်ကာ..ဘုံရဲ့နူတ်ခမ်းဖူးဖူးလေးတွေက
ပြုံးယောင်သမ်းသွားခဲ့ရ၏..
"အဖိုး၊မေမေ....ဘုံဒီအိမ်ကနေထွက်သွားတော့မယ်
ဘုံကဒီမိသားစုမှာရှိမနေသင့်တဲ့သူပါ...ဘုံကို..
ဝန်ထုပ်ဝန်ပိုးတစ်ခုလိုသဘောထားနေတဲ့...ဒီမိသားစု
ထဲမှာဘုံဆက်မနေနိုင်တော့ဘူး...ဘုံကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ့မယ်လို့....
ဘုံကတိပေးပါတယ်...."
တိုးသဲ့သဲ့ရေရွတ်ရင်းမျက်ဝန်းနက်နက်လေးတွေမှာ
ဝဲတက်လာတဲ့မျက်ရည်တွေကို
စီးကျမလာအောင်မျက်တောင်များဖြင့်ဘုံပုတ်ခတ်
သိမ်းဆည်းလိုက်သည်။
ပခုံးကျော်နေတဲ့ဆံပင်ဝဲဝဲလေးတွေကိုခေါင်းစည်းကြိုးနဲ့
ခပ်မြင့်မြင့်လေးစုစည်းကာ..ဘုံစားပွဲပေါ်ကမျက်မှန်ကို
ပြန်ကောက်တပ်လိုက်သည်။ထို့နောက်...ဘုံ့ရဲ့
အခန်းကျဉ်းလေးကိုနောက်ဆုံးအကြိမ်အဖြစ်
တစ်ချက်ဝေ့ကြည့်ရင်း...လက်ဂေ့ခ်ျကိုဆွဲ၊....
အိတ်ကိုလွယ်ကာ...ကုတင်ပေါ်ကဝက်ဝံရုပ်လေးကို
ကောက်ယူလိုက်သည်။ဒါ...၁၉နှစ်လုံးလုံးဘုံ့အနားမှာ
အဖော်ပြုပေးခဲ့တဲ့ဘုံ့ရဲ့တစ်ဦးတည်းသော....
အဖော်လေး....ဘုံရဲ့၁၁နှစ်ပြည့်မွေးနေ့မှာ
ဘုံ့ရဲ့အဖိုးလက်ဆောင်ပေးခဲ့တဲ့အရုပ်လေးပေါ့...
ဘုံအခန်းထဲကထွက်လာပြီးမျက်နှာချင်းဆိုင်မှာရှိတဲ့
စစ်ရဲ့အခန်းထဲကိုဝင်လာခဲ့သည်။အလှကြိုက်တဲ့...
မော်ဒယ်မလေး...အလှစစ်ကထုံးစံအတိုင်း......
မျက်နှာအသားအရေအတွက်ခပ်ပါးပါးလှီးထားတဲ့
သခွားသီးတွေကိုကပ်ထားလျက်ခြေပစ်လက်ပစ်အိပ်
ပျော်နေသည်။
"အမြဲတမ်းအဲ့လိုပဲ...ဒါတွေခွာပြီးမှအိပ်ပါဆို....
ဘယ်တော့မှပြောမရတဲ့ကောင်မလေး...."
ဘုံ....စစ်ဘေးနားမှာအသာဝင်ထိုင်ရင်း...မျက်နှာပေါ်က
ဟာတွေကိုခွာပေးလိုက်ကာ...စောင်ကိုသေချာ
ပြန်ခြုံပေးပြီးထွက်လာခဲ့သည်။
ကပ်လျက်....ရဲရင့်ရဲ့အခန်းထဲကိုရောက်ပြန်တော့
ဆေးကျောင်းသားစာဂျပိုးလေးက...ထုံးစံအတိုင်း
စာကြည့်စားပွဲမှာမျက်နှာမှောက်လျက်အိပ်ပျော်နေရှာသည်။
"ဒီကောင်လေးကတော့...မနက်ကျရင်ကိုယ်တွေလက်တွေ
နာကုန်တော့မှာပဲ...."
စိုးရိမ်စွာဆိုမိရင်း...ဘုံကုတင်ပေါ်ကစောင်ကို
ယူကာ.......ရဲရင့်ကိုခြုံပေးလိုက်ပြီးရဲရင့်အခန်းထဲက
ပြန်ထွက်လာခဲ့ပြန်သည်။
ဖေဖေတို့အခန်းရှေ့ကိုအရောက်တံခါးကိုဖွင့်လိုက်ပေမဲ့
အခန်းထဲလှမ်းမဝင်ဖြစ်တော့ပဲ...အခန်းဝကတင်
ပုဆစ်တုပ်ထိုင်ရင်း....ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့
ဖေဖေနဲ့အန်တီခိုင်ကိုကန်တော့လိုက်သည်။
"ဒီအရွယ်ထိဘုံံ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့
အတွက်ကျေးဇူးတင်ပါတယ်....အခွင့်သင့်ရင်...
ဘုံ့...ဖေဖေ့ကိုကျေးဇူးဆပ်ခွင့်ရချင်ပါသေးတယ်...."
ဘုံစီးကျလာတဲ့မျက်ရည်တွေကိုလက်ခုံနှင့်...
ပွတ်သုတ်ရင်းထရပ်လိုက်သည်။ထို့နောက်......
လေးလံနှေးကွေးတဲ့ခြေလှမ်းတွေဖြင့်တစ်လှမ်းချင်း
လှမ်းထွက်လာခဲ့ရင်း.....
~~~~~~~~~~~~~~~~~~💕
>>Ring>>Ring>>>
နားထဲမှာကြားလိုက်ရတဲ့..ဖုန်းသံကြောင့်......
ဘဏ်...Laptopဆီကအကြည့်မခွာပဲ...စားပွဲပေါ်က
ဖုန်းကိုလှမ်းယူလိုက်သည်။
"ဟဲလို...."
"ဟဲလို...အစ်ကိုလေး...."
တစ်ဖက်ကကြားလိုက်ရတာ...ဦးလေးထူးရဲ့
အလောတကြီးအသံ.....
"ဦးလေးထူး...ဘာဖြစ်လို့လဲ...."
"ဥက္ကဌကြီးရုတ်တရပ်...နှလုံးဖောက်ဖို့အစ်ကိုလေး...."
"ဗျာ...အဖိုး....."
ဘဏ်...စားပွဲကနေဝုန်းခနဲထရပ်လိုက်မိတာက...
စိုးရိမ်တကြီးနဲ့ဖြစ်သည်။
"ကျွန်တော်အခုပြန်လာခဲ့မယ်ဦးလေးထူး...ကျွန်တော်
အခုပြန်လာခဲ့မယ်...."
"အစ်ကိုလေး...ကားကိုလဲဂရုစိုက်ပြီးမောင်း...."
ဘဏ်..ဦးလေးထူးရဲ့စကားကိုဆုံးအောင်နားမထောင်ပဲ
ဖုန်းကိုချပစ်လိုက်ကာ...အင်္ကျီချိတ်စင်ပေါ်က...
ကုဒ်အင်္ကျီကိုလွှားခနဲယူဝတ်လိုက်ပြီး...ကားသော့ကို
ယူကာ...ရုံးခန်းထဲကနေခြေလှမ်းကြဲကြီးတွေနှင့်
လှမ်းထွက်လာခဲ့သည်။
စိတ်ထဲမှာတော့...အဖိုးဖြစ်သူအတွက်စိုးရိမ်စိတ်တွေသာ
ကြီးစိုးနေလျက်.....
~~~~~~~~~~~~~~~~~💕💕💕💕
ဘုံ...အိမ်ကနေထွက်လာခဲ့ပြီး...အထုပ်အပိုးတွေ
ဆွဲကာဦးတည်ရာမဲ့ခြေလှမ်းတွေနဲ့လှမ်းလာနေမိသည်။
ညဉ့်နက်နေတဲ့အချိန်မိန်းကလေးတစ်ယောက်ထဲ
လမ်းပေါ်မှာသွားလာနေတာမသင့်တော်မှန်းသိပေမဲ့
ဘုံ့မှာရွေးချယ်စရာမရှိ...အားကိုးစရာမိတ်ဆွေ
အပေါင်းအသင်းလဲတစ်ယောက်မှမရှိတာမို့...
ဘုံ...မိုတယ်တစ်ခုခုမှာသာတည်းဖို့ဆုံးဖြတ်ထားသည်။
မနက်ရောက်မှ... စာရေးဖို့သင့်တော်တဲ့နေရာတစ်ခုခုကို
ခရီးထွက်ဖိုစဉ်းစားရမည်။ဘုံ့မှာ...စုဆောင်းထားတဲ့
ငွေကြေးအနည်းငယ်ရှိတာမို့ခရီးကပြန်လာမှပဲ
နေဖို့နေရာအတွက်စီစဉ်ရမည်...
ကိုယ့်အတွေးနဲ့ကိုယ်ဘုံငေးငေးလေးလျောက်လှမ်းနေစဉ်
"ဟင်...."
ရုတ်တရပ်ဘုံ့ရှေ့မှာပေါ်လာတာတဲ့.....ဆံပင်ဖားလျားနှင့်
အမြင်မလှတဲ့နာနာဘဝတစ်ကောင်ကြောင့်......
ဘုံ့ခြေလှမ်းလေးတွေတုံ့ခနဲဖြစ်သွားရပေမဲ့....
စိတ်ကိုတင်းလိုက်ကာ....မမြင်ချင်ယောင်ဆောင်ပြီး
ကျော်သွားဖို့ပြင်လိုက်သည်....
"မင်း...ငါ့ကို.မြင်.နိုင်.တယ်.မဟုတ်လား....."
ဘုံ...ထိုသရဲမဘေးကနေဖြတ်လျောက်လိုက်တာနှင့်
ထွက်ပေါ်လာတဲ့အသံဩဩကြီး.....ဘုံအရုပ်လေးကို
ပိုတင်းနေအောင်ပိုက်ထားရင်းလှည့်မကြည့်မိအောင်
စိတ်ကိုတင်းထားကာ....
"မမြင်ဘူး...ငါဘာမှမမြင်ရဘူး........"
ကိုယ့်ကိုကိုယ်အားတင်းကာနူတ်ခမ်းလူပ်ရုံရေရွတ်ရင်း
ဘုံခြေထပ်လှမ်းတော့...ထိုသရဲမကဘုံ့နားမှာ...
ကပ်ပါလာသည်။
"မင်းငါ့ကိုမြင်နိုင်တယ်ဆိုတာငါသိတယ်........"
ဘုံခေါင်းကိုခါယမ်းလိုက်သည်။
"သူ့ကိုပြောပေး...ငါတို့ပိုင်တဲ့နေရာမှာ...ဘာမှ
မလုပ်ပဲဒီအတိုင်းထွက်သွားဖို့ပြောပေး...မဟုတ်ရင်
ငါအားလုံးကိုသတ်ပစ်မှာ...အဲ့လိုပြောပေး....."
အေးစက်နေတဲ့အသံဩဩကြီးကိုနားထောင်ရင်း
ခြေလှမ်းတွေရပ်သွားခဲ့ရတဲ့ဘုံ...ဘေးကိုခပ်ဖြေးဖြေး
လှည့်ကြည့်လိုက်တဲ့အခါ......
"သူ့ကိုပြောပေး............."
ကျွတ်ထွက်မတတ်နီရဲပြူးကျယ်နေသည့်မျက်ဝန်းကြီးတွေဖြင့်
ဘုံကိုစိုက်ကြည့်ကာ...အာခေါင်ခြစ်အော်လိုက်တဲ့
အသံဆိုးကြီးကြောင့်.....
"အား...."
ဘုံ...အလန့်တကြားအော်ဟစ်ရင်း....ပလက်ဖောင်းပေါ်ကနေ
တဖက်ကားလမ်းကို....အသည်းအသန်ကူးပြေး
လိုက်စဉ်.....
မျက်လုံးထဲမှာဝင်းခနဲလက်သွားတဲ့ကားမီးရောင်ကြောင့်
ဘုံ့လက်ထဲကအရုပ်ကလေးလဲပြုတ်ကျသွားခဲ့၏....
"ကျွီ...."
"ဒုန်း..."
"အား....."
"ဟင်...."
ဘဏ်...ညအချိန်မို့....ကားရှင်းနေတဲ့လမ်းမကြီး
ထက်မှာ....အဖိုးကိုစိုးရိမ်စိတ်နှင့်ကားကိုအမြန်
မောင်းနှင်နေခဲ့စဉ်....ရုတ်တရပ်ကားရှေ့ကိုပြေးဝင်လာတဲ့
မိန်းကလေးတစ်ယောက်ကြောင့်...ဘရိတ်ကိုအချိန်မှီ
နင်းလိုက်ပေမဲ့....မမှီလိုက်ပဲ...ဘဏ်ကားနဲ့တိုက်မိပြီး
ထိုမိန်းကလေးကလဲကျသွားခဲ့သည်။
"ကျစ်...ဒုက္ခပါပဲကွာ......"
ဘဏ်ကားပေါ်ကနေအမြန်ဆင်းလိုက်ပြီး....
ကားရှေ့ကိုရောက်သွားတော့...ဘဏ့်ကားရှေ့မှာ
ခွေခွေလေးလဲကျနေတဲ့...မိန်းကလေးတစ်ယောက်နဲ့
သူမဘေးမှာ...လက်ဂေ့ခ်ျနဲ့အရုပ်တွေက....
ပြန့်ကျဲနေလျက်....
"က္စ္....."
ဘဏ်....ကျစ်ခနဲစုပ်သပ်လိုက်ရင်း...လဲကျနေတဲ့
မိန်းကလေးနားမုဆိုးဒူးထောက်ထိုင်လိုက်မိကာ....
သူမကိုပွေ့ထူလိုက်တဲ့အခါ....
"ဟင်....."
နဖူးကနေ...မျက်နှာပေါ်စီးကျနေတဲ့သွေးတို့ဖြင့်
မျက်နှာသွယ်သွယ်လေးတစ်ခုကိုမြင်လိုက်ရ
လေတော့သည်။
~~~~~~~~~~~~~~~~💕💕
ဆက်ရန်>>>>>
Writer by
#Hazel