book

Index 15

အပိုင်း(၁၅)

  • Author : Hazel Nhte
  • Genres : Comedy, Drama, Horror

💛My Strange Girl💛<ထူးဆန်းသောချစ်သူ>


~~~~~~~~~


ဆန်းပြားလွန်းတဲ့အထိအတွေ့မှာ

ဘုံအသိစိတ်တစ်ခုလုံးအမှောင်ကျသွားခဲ့ရသလိုပါပဲ..


အနမ်း..ဒါကအနမ်းတစ်ပွင့်ပဲလို့

ဘုံအသေအချာလက်ခံလိုက်ရချိန်မှာ

ခပ်ဖွဖွဖိကပ်ထားတဲ့သူ့ရဲ့နူတ်ခမ်းလွှာတွေက

ပြန်ရုပ်သိမ်းသွားခဲ့၏...


"သ.သူဌေး..."


"Sorry...ငါ..."


တောင်းပန်စကားပြောဖို့အစချီလိုက်ပေမဲ့

မျက်လုံးအကြောင်သားဖြစ်နေတဲ့သူမ

မျက်နှာလေးကိုဘဏ်ကြည့်လိုက်မိပြန်တဲ့အခါ

နောက်တစ်ကြိမ်စိတ်အလိုလိုက်မိပြန်ရင်း

သူမကိုယ်လေးအား ရင်ခွင်ထဲဆွဲသိမ်း

ပွေ့ဖက်လိုက်မိသည်။


သို့ပေမဲ့ရုန်းဖယ်ငြင်းဆန်ဖို့သတိမရနိုင်သေးပုံ

ရသည့်သူမကကျောက်ရုပ်လေးလို

ငြိမ်သက်နေခဲ့ဆဲပါပဲ...


"ဟုတ်တယ်..ငါမင်းကိုသဘောကျတယ်...."


ရဲရဲဝံ့ဝံ့ဝန်ခံလိုက်ရင်းဘဏ်သူမရဲ့

ဆံပင်တွေကိုရိူက်နမ်းလိုက်သည်အထိ

သူမကငြိမ်သက်နေခဲ့၏...


"ဘယ်အချိန်ကစခဲ့မှန်းလဲငါမသိဘူး...

ဘယ်အချိန်ကစပြီး...မင်းနဲ့ပါတ်သတ်တဲ့

ငါ့ရဲ့ခံစားချက်တွေဒီလောက်နက်ရိူင်းသွားမှန်း

ငါမသိဘူး..သေချာတာက..ငါမင်းကို

သဘောကျတယ်.....ဘုံ........"


~~~~~~~~~~~~~❤◦.¸¸. ◦✿


"အင်္ကျီရပြီ...သူဌေး..."


မီးပူခေါက်ရိုးကျိူးနေတဲ့အင်္ကျီကို

လက်နှစ်ဖက်နှင့်တရိုတသေပေးလာတဲ့သူမက

ခေါင်းကိုဇက်ကျိူးမတတ်ငုံ့ထားသည်။


"​ေက်းဇူးပဲ..."


ဘဏ်အင်္ကျီကိုလှမ်းယူသလိုနှင့်သူမရဲ့

လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်တဲ့အခါ

သူမကမျက်လုံးပြူးလေးနှင့်မော့ကြည့်သည်။


"ဘာလို့အခုထိဘာမှမပြောသေးတာလဲ..."


"ရှင်..ဘုံကဘာပြောရမှာလဲ..."


"ငါခုနကလေးတင်ငါ့ရဲ့ခံစားချက်တွေ

မင်းကိုဝန်ခံထားတာလေ..ဒါပေမဲ့မင်းက

အခုထိဘာမှပြန်မပြောဘူး...အနည်းဆုံးတော့

ငါ့ခံစားချက်တွေကိုလက်ခံတာပဲဖြစ်ဖြစ်၊

ငြင်းဆန်တာပဲဖြစ်ဖြစ်လုပ်ရမယ်လေ..."


"အဲ့.အဲ့လိုလား..."


မျက်မှန်လေးကိုပင့်တင်ပြီးပြန်မေးလာပုံက

တစ်ကယ့်အူတူတူပင်....


"မဟုတ်မှလွဲရော..မင်းတစ်ခါမှရည်းစားစကား

အပြောမခံရဖူးတာလား?..."


"ဟုတ်..."


မူမနေပဲခေါင်းငြိမ့်ပြီးပြန်ဖြေလာပုံက

အားရပါးရ....


ဘဏ်ဆက်ပြီးထိန်းမထားနိုင်ပဲ

ရယ်လိုက်မိတော့သူမရဲ့ပါးမို့လေးတွေ

အရောင်ရင့်သွား၏...


ဘဏ်သူမလက်တွေကိုမလွတ်ပဲခန္ဓာကိုယ်လေးအား

အရှေ့ကိုပိုပြီးတိုးကပ်လာအောင်ဆွဲယူ

လိုက်တော့သူမကအထိတ်တလန့်ဟန်

ဖြစ်သွားသည်။


"တစ်ကယ်လို့မင်းမပြောတတ်ဘူးဆိုရင်လဲ

ငါမေးတာပဲဖြေပေး...မင်းငါ့ကိုမုန်းလား..."


"ဟင့်အင်း...ဘုံကသူဌေးကိုဘာလို့

မုန်းရမှာလဲ...ဘုံမမုန်းပါဘူး..."


စက္ကန့်ပိုင်းတောင်မခြားပဲခေါင်းယမ်းလျက်

ငြင်းဆိုရှင်းချက်ထုတ်လာသည်။


"ဒါဆို..မိန့်နဲ့ငါနှစ်ယောက်ထဲမှာ

မင်းဘယ်သူ့ကိုပိုပြီးသဘောကျလဲ..."


"ရှင်..အဲ့.အဲ့ဒါကဘာလို့..."


"မေးတာပဲဖြေလေ...မေးခွန်းပြန်မထုတ်နဲ့...."


"သူဌေးကို..."


ဒီတစ်ခါတော့အဖြေပေးပြီးမျက်လွှာပါ

အောက်ချသွား၏...


"အမှန်တိုင်းပြောရရင်ဒေါက်တာမိန့်ခွန်းက

သူဌေးထက်ပိုပြီးသဘောကျစရာကောင်းပေမဲ့

ဘုံဘာလို့သူဌေးကိုပိုပြီးသဘောကျသွားရတာလဲ

ဆိုတာမပြောတတ်ဘူး..."


သူမအဖြေကြောင့်ဘဏ်အနည်းငယ်

အောင့်သက်သက်ဖြစ်သွားရပေမဲ့လဲ

အရင်ကသူမကိုမယုံမကြည်နဲ့အခက်တွေ့စေ

ခဲ့တာတွေပြန်စဉ်းစားလိုက်မိတော့လဲ

ကိုယ့်အပြစ်နဲ့ကိုယ်မို့ဘာမှပြန်မပြောနိုင်ခဲ့...


ဘဏ်သူမရဲ့လက်တစ်ဖက်ကိုလွတ်လိုက်ပြီး

မေးဖျားကနေကိုင်ကာမျက်နှာလေးကို

မော့ယူလိုက်သည်။


"ငါလဲမင်းလိုပဲ..မင်းကစတွေ့ထဲက

ထူးထူးဆန်းဆန်းတွေပဲလျောက်လုပ်ပြီး

ငါ့ကိုစိတ်ရူပ်စေခဲ့ပေမဲ့..ငါဘာလို့မင်းကို

သဘောကျမိသွားမှန်းမသိဘူး...ဒါပေမဲ့ဒီနေ့

မင်းနဲ့ပါတ်သတ်ပြီးငါ့ရဲ့ခံစားချက်တွေကို

ထိန်းချုပ်ဖို့ခက်ခဲ,ခဲ့တဲ့အချိန်မှာငါနားလည်လိုက်တယ်

လူတစ်ယောက်ကတခြားတစ်ယောက်ကို

သဘောကျဖို့အတွက်အကြောင်းပြချက်တွေ

ဆင်ခြေတွေမလိုဘူးဆိုတာကိုပေါ့...ဘာ့ကြောင့်လို့

ခေါင်းစဉ်တပ်လို့မရပေမဲ့ငါမင်းကို

တစ်ကယ်ကြိုက်တယ်၊သဘောကျတယ်ဘုံ..ငါ

မင်းကို...ငါ့ရဲ့ကောင်မလေးဖြစ်စေချင်တယ်..."


"ဘုံနဲ့သူဌေးနဲ့တွေ့တဲ့အချိန်က၁လတောင်

မပြည့်သေးဘူး..ဘုံတို့ကတစ်ယောက်အကြောင်း

တစ်ယောက်လဲဘာမှမသိသေးပဲနဲ့...."


"မင်းကငါ့ကိုလေ့လာချင်သေးတယ်လို့ပြောတာလား.."


"ဟင့်အင်း..အဲ့လိုမဟုတ်ပါဘူးဘုံသိတယ်

သူဌေးကအရမ်းကောင်းတဲ့သူပါ..

ပြီးတော့အရာအားလုံးလဲပြည့်စုံတယ်..ဒါပေမဲ့.."


"ဒါပေမဲ့ဘာဖြစ်လဲ..."


ဘဏ်စကားထောက်လိုက်တော့..

ခေါင်းပြန်မော့လာတဲ့သူမရဲ့မျက်ဝန်းလေးတွေမှာ

ညိုးငယ်ရိပ်တွေဖြင့်...


"ဒါပေမဲ့..ဘုံကသူဌေးနဲ့မလိုက်ဖက်ဘူးလို့

ခံစားရတယ်..ဘုံလိုထူးဆန်းပြီး

ကြောက်စရာကောင်းတဲ့အားနည်းချက်ကြီးကို

ပိုင်ဆိုင်ထားတဲ့သူကိုသူဌေးမကြာခင်

စိတ်ပျက်သွားလိမ့်မယ်..."


"ဘာလို့အဲ့လိုထင်ရတာလဲ...."


မေးခွန်းထုတ်သလိုဆိုလိုက်ရင်း

ဘဏ်သူမရဲ့ဆံပင်တွေကိုတစ်ချက်သပ်တင်

ပေးလိုက်ကာ..မျက်နှာလေးကိုစူးစူးစိုက်စိုက်

ကြည့်လိုက်သည်။


"အကယ်၍..မင်းကိုသဘောကျရတဲ့

အကြောင်းအရင်းတစ်ခုမဖြစ်မနေပေးရမယ်ဆိုရင်

မင်းကထူးဆန်းတဲ့ကောင်မလေးဖြစ်နေတာကြောင့်လို့

ငါဖြေမိလိမ့်မယ်..."


"သူဌေး..."


"အဲ့ဒါကြောင့်မင်းစိတ်ထဲရှိတဲ့အတိုင်း

ငါ့ကိုပြောပါ..မင်းငါ့ကိုသဘောကျလား...."


သူမအချိန်တွေအကြာကြီးဘဏ့်ကို

မော့ငေးကြည့်နေခဲ့သည်။စက္ကန့်ပေါင်းများစွာထိ

ထိုအတိုင်းရှိနေပြီးမှခေါင်းလေးကိုခပ်ဖွဖွ

ငြိမ့်ပြလာသည်။


ဘဏ်ပြုံးလိုက်မိရင်းသူမကိုပွေ့ဖက်ကာ

ဗလာဖြစ်နေသောရင်အုပ်ကျယ်ကြီးထက်

ပါးပြင်နွေးနွေးလေးကိုထိကပ်ထားစေလိုက်၏....


"ကျေးဇူးပါပဲ...ကိုယ့်ရဲ့ထူးဆန်းတဲ့ကောင်မလေး..."


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကျွန်တော်..သဘောကျတဲ့မိန်းကလေး

ရှိနေပြီအဖိုး...."


"ဟေ..."


မဝင်စဖူးဖိုးအေဖြစ်သူရဲ့

စာကြည့်ခန်းထဲထိရောက်လာပြီး

အံ့ဩဖွယ်ရာသတင်းကိုသယ်ဆောင်

လာတဲ့...ဘဏ္​


"မြေးကသဘောကျနေတဲ့...မိန်းကလေး

ရှိနေပြီဟုတ်လားဘဏ်..."


"အဖိုးကြားရင်..ကျွန်တော့်ကိုရယ်မယ်

ဆိုတာသိပေမဲ့...သူကလရောင်အဖိုးကို

ပြောခဲ့တဲ့မိန်းကလေးပါ...."


ပြောရင်းခေါင်းကိုခပ်ငုံ့ငုံ့လုပ်သွားတဲ့

မြေးဖြစ်သူကိုကြည့်ပြီးဦးမင်းခေါင်

စာကြည့်မျက်မှန်ကိုဆွဲချွတ်လိုက်ရင်းမှ

မသိမသာပြုံးလိုက်သည်။


"မြေးက..အဲ့ဒီ့ကလေးမကို(......)က

ကွန်ဒိုမှာထား,ထားတယ်ဆို..."


အဖိုးရဲ့စကားကြောင့်ဘဏ်အံ့ဩတဲ့

မျက်ဝန်းတွေနဲ့ခေါင်းမော့ကြည့်လိုက်ပေမဲ့

ဘာမှတော့မပြောဖြစ်ခဲ့...အဖိုးက

ဘဏ်နဲ့ပါတ်သတ်ရင်အသေးအဖွဲကိစ္စလေးတွေက

အစဂရုတစိုက်ရှိနေကြမို့..ဟိုတစ်ခါလို

လရောင်ဆီကသတင်းကိုရခဲ့ပြီးမှတော့

ဒီအတိုင်းငြိမ်နေမည်မဟုတ်ပေ...


သူမရဲ့မိသားစုနောက်ကြောင်းကိုစုံစမ်းပြီး

ဘဏ့်ကိုလဲမျက်စိဒေါက်ထောက်ကြည့်နေမှာ

အသေအချာမို့...ဒီကိစ္စတွေကိုအဖိုးသိနေတာ

အဆန်းမဟုတ်..အဖိုးရဲ့အကြောင်းကို

ဘဏ်အသိဆုံးပင်မဟုတ်လား..."


"ကောင်မလေးက...အိမ်ကထွက်ပြေး

လာတာမဟုတ်လား...."


"သူ့ရဲ့မိထွေးဆီကလက်ထပ်ဖို့အတင်း

ဖိအားပေးခံခဲ့ရလို့ပါ..."


အဖိုးရဲ့စကားကိုဘဏ်ဖြည့်စွတ်လိုက်တော့

အဖိုးကခေါင်းတငြိမ့်ငြိမ့်လုပ်သည်။


"မိန်းကလေးရဲ့မိသားစုနောက်ကြောင်းကတော့

သာမာန်အသိုင်းအဝိုင်းကဆိုပေမဲ့..အဖိုးကအဲ့လို

ဂုဏ်ဒြပ်တွေကိုဂရုမစိုက်ဘူးဆိုတာမြေးသိတယ်

မဟုတ်လား....ဒါပေမဲ့မြေးတို့နှစ်ယောက်

တစ်ယောက်အကြောင်းတစ်ယောက်လေ့လာဖို့

အချိန်လိုသေးတယ်လို့တော့အဖိုးထင်တယ်..

အသေအချာစဉ်းစားကြည့်ရင်မြေးနဲ့

အဲ့ဒီ့မိန်းကလေးကတွေ့တာသိပ်မကြာသေးဘူး

မဟုတ်လား..."


"အဖိုးပြောတာကိုကျွန်တော်နားလည်ပါတယ်..."


"တစ်ကယ်တော့အဖိုးမြေးကိုအဖိုးယုံပါတယ်

မြေးလိုကလေးမျိူးကစိတ်ထဲမှာ

တစ်ကယ်အလေးအနက်မရှိရင်...အဖိုးကို

ဒီလောက်မြန်မြန်ဖွင့်ပြောမှာမှမဟုတ်ပဲ...

ဒါပေမဲ့လဲမြေးတို့အချိန်နည်းနည်းလောက်ယူလိုက်ပါ

တစ်ယောက်နဲ့တစ်ယောက်ဒီ့်ထက်ပိုပြီး

လေးနက်မူ့ရှိလာတဲ့အခါမှကျန်တဲ့ကိစ္စတွေကို

ရှေ့ဆက်ရင်လဲနောက်မကျပါဘူး...."


"ဟုတ်ကဲ့ပါ..."


"ဒါနဲ့..အဖိုးတစ်ခုတော့တစ်ကယ်သိချင်နေတာ

အဲ့ဒီ့မိန်းကလေးကဘာတွေများထူးခြားလို့

မြေးရဲ့စိတ်ကိုအချိန်ခဏလေးနဲ့ဖမ်းဆုပ်

နိုင်ခဲ့ရတာလဲ..."


ခပ်ပြုံးပြုံးနှင့်မေးခွန်းထုတ်လာတဲ့အဖိုးကြောင့်

ဘဏ်မေးချိူင့်ရှည်လေးပေါ်အောင်ပြုံးမိရင်း

ပြန်ဖြေလိုက်မိတာက....


"သူက..ထူးဆန်းတဲ့ကောင်မလေးမို့လို့ပါအဖိုး....."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"နင်..နေ့တိုင်းနေ့တိုင်းအဲ့ဒီမှန်တံခါးကနေ

ငါ့ကိုလာကြည့်နေရတာမပင်ပန်းဘူးလား..."


ကော်ဖီပန်းကန်လေးကိုင်ပြီးအိပ်ခန်းထဲ

ဝင်လာတဲ့ဘုံ...အရင်ညတွေကလိုပဲ

ထုံးစံအတိုင်းဝရန်တာမှန်တံခါးနားမှာ

ရှိနေပြန်တဲ့အောက်ထပ်ကသရဲကောင်လေးကို

လှမ်းကြည့်ကာပြောလိုက်သည်။


"ကျွန်တော့်မှာ..စကားပြောစရာဆိုလို့

အစ်မပဲရှိတာလေ..."


အေးစက်စက်အသံဩကြီးကအရင်နေ့တွေက

အတိုင်းဆိုပေမဲ့အခုတော့ဘုံမကြောက်တော့ပေ..


အမှန်ဆိုဒီသရဲကကြောက်စရာမကောင်းပဲ

စကားပြောဖော်ရှာနေတဲ့သရဲတစ်ကောင်

ရယ်လေ..ညစဉ်ညတိုင်းအဲ့ဒီ့မှန်တံခါးကနေ

ဘုံ့ကိုလာကြည့်ပြီးသူပြောချင်ရာတွေပြော

ဘုံကသွားတော့ဆိုလဲပျောက်သွားတာမျိုးပင်...

အဲ့ဒီ့ဝရန်တာမှန်တံခါးကနေ

ဘယ်နေရာကိုမှလဲမကျူးကျော်တတ်တာမို့

စည်းကမ်းရှိတဲ့သရဲလို့ပြောရမည်ပင်...


"စကားပြောမဲ့အဖော်လိုချင်ရင်လဲအပြင်ကို

ထွက်ရှာပေါ့..လမ်းပေါ်ကိုသွားရင်

နင်တို့လိုဘဝတူဝိညာဉ်တွေမှအများကြီးပဲ.."


"ကျွန်တော်မသွားရဲဘူး...ဝိညာဉ်ဖမ်းတဲ့

နတ်ဆရာတွေနဲ့တိုးလို့ရှိရင်...

တသက်လုံးကိုယ့်နေရာကိုယ်ပြန်လို့.

ရတော့မှာမဟုတ်ဘူး...."


"ဝိညာဉ်ဖမ်းတဲ့နတ်ဆရာတွေဟုတ်လား.."


ဘုံစိတ်ဝင်စားသွားရရင်းမှန်တံခါးကို

ရောက်သွားရသသည်။


"ဟုတ်တယ်လေ..အစ်မမသိဘူးလား

သူတို့ကသရဲတစေ ္ဆတွေထက်ပိုပြီးကြောက်ဖို့

ကောင်းတယ်..ဘယ်လောက်ပဲစွမ်းအားရှိတဲ့

သရဲဖြစ်ဖြစ်သူတို့လက်ထဲရောက်သွားပြီဆို

ဘာမှမတတ်နိုင်တော့ဘူး..သူတို့ခိုင်းသမျှ

နာခံပြီးလုပ်ပေးရတာ..ပြီးတော့သူတို့မလိုအပ်တော့တဲ့

အခါကျရင်လဲငရဲမီးနဲ့လောင်ကျွမ်းပြာချပစ်လိုက်ရော

ငရဲမီးနဲ့ပြာချခံရတဲ့ဝိညာဉ်တွေကနောက်ဘဝကို

ဝင်စားလို့မရတော့ဘူးလေ..."


"ကြောက်စရာကြီး..."


ဘုံမျက်နှာလေးရူံ့မဲ့ပြီးပြောလိုက်မိသည်။


"ကြောက်စရာကောင်းတယ်မလားသူတို့က

ကျွန်တော်တို့လိုဝိညာဉ်တွေလိုအောက်လမ်း

အတတ်တွေစီရင်တဲ့နေရာမှာအသုံးချတာ..."


"အဲ့လိုနေရာတွေကတစ်ကယ်ရှိတယ်ပေါ့.."


"ရှိတာပေါ့အစ်မရဲ့..ကျွန်တော်တောင်

ပြီးခဲ့တဲ့နှစ်တုန်းကဝိညာဉ်ဖမ်းနတ်ဆရာမ

တစ်ယောက်နဲ့ကြုံဖူးသေးတယ်..ကံကောင်းလို့

လွတ်မြောက်လာတာ..."


ထိုသရဲပြောသမျှကိုနားထောင်ပြီး..

ဘုံအိပ်မက်အကြောင်းကိုသွားသတိရသည်။


ဒေါ်စောကေသာရဲ့ဝိညာဉ်ရုတ်တရပ်ကြီး

ဘုံ့နားကနေပျောက်သွားတာဝိညာဉ်ဖမ်းတဲ့

နတ်ဆရာတွေနဲ့များတိုးသွားလို့လား...."


"Ring>>>>Ring>>>"


ထိုအချိန်..ဘုံ့ရဲ့ဂါဝန်အိတ်ဖုန်းမြည်လာတာကြောင့်

ထုတ်ယူကြည့်လိုက်တော့သူဌေးဆီက

ဖြစ်နေသည်။


"ဟဲလို..."


"မင်းအိပ်နေပြီလား....စာရေးနေတာလား..."


တစ်ဖက်ကသူ့အသံကိုကြားမိတာနှင့်

ဘုံ့နူတ်ခမ်းလေးကအလိုလိုပြုံးသွားရ၏..


"ဟင့်အင်း..မအိပ်သေးဘူး

ဘုံ..ကော်ဖီသောက်နေတာ..."


သူ့ကိုပြန်ဖြေရင်းဘုံမှန်တံခါးအပြင်က

သရဲကိုသွားတော့ဆိုသည့်သဘောနှင့်

လဟ်ဟန်ပြလိုက်သည်။


"သူဌေးရော..အလုပ်လုပ်နေတာလား..."


"မဟုတ်ဘူး...ကိုယ်အခုဝရန်တာမှာ..."


ပြောင်းလဲသွားတဲ့သူ့ရဲ့`ကိုယ်´ဆိုသော

အသုံးအနူန်းကြောင့်ဘုံမှန်တံခါးမှာကျောကပ်ရင်း

နူတ်ခမ်းလေးဖိကိုက်လိုက်မိသည်။


"ကိုယ်ညတိုင်းစိုးရိမ်နေတာ...."


"ဘ.ဘာကိုလဲဟင်......"


"မင်းတစ်ယောက်ထဲရှိနေတဲ့အချိန်မင်းဆီ

ဝိညာဉ်တွေအလည်ရောက်လာမှာကို...."


"ဘုံ..အေးအေးချမ်းချမ်းရှိနေပါတယ်

ဘုံ့ဆီဘယ်သူ့မှရောက်မလာပါဘူး...."


"အပန်းဖြေစခန်းမြေနေရာကဝိညာဉ်ရော..."


"သူ.သူပျောက်နေတယ်....ဘုံသူဌေးနဲ့

ဟိုတယ်မှာတွေ့ခဲ့တဲ့အဲ့ဒီ့နေ့ကစပြီး

သူဘုံ့နားကိုထပ်ရောက်မလာတော့ဘူး...."


"အဲ့လိုနဲ့..ရုတ်တရပ်သူပြန်ပေါ်လာရင်

မင်းကိုတစ်ခုခုထိခိုက်စေမှာတော့မဟုတ်ပါဘူးနော်..."


"ဘုံမသိဘူး..."


တိုးသဲ့သဲ့ပြန်ဖြေမိရင်းဘုံမှန်တံခါးကို

ကျောမှီလျက်ခပ်ဖြေးဖြေးထိုင်ချလိုက်သည်။


"မင်းကြောက်နေတာလား...ဘုံ..."


"ဘုံမကြောက်ပါဘူး...ဒါဘုံအတွက်

ထူးဆန်းတဲ့အရာမှမဟုတ်တာ...ဘုံ

ဝိညာဉ်တွေကြောင့်အကြိမ်ကြိမ်ထိခိုက်ဖူးတယ်..

သူဌေးသိလား.....တချိူ့ကလေးသရဲတွေဆို

အရမ်းဆိုးတာ..ဘုံ့ကိုအကူအညီတောင်းသလိုနဲ့

ညာခေါ်သွားပြီး...စနောက်ခြောက်လှန့်ကြတယ်

တစ်ခါဆိုဘုံသူတို့ကြောင့်လှေကားပေါ်ကတောင်

ပြုတ်ကျဖူးတယ်..."


ဖုန်းထဲကနေကြားနေရတဲ့သူမရဲ့

လေသံတိုးလေးကိုနားထောင်ပြီး

ဘဏ်စိတ်မကောင်းစွာသက်ပြင်းချလိုက်သည်။


"ဘုံဝိညာဉ်တွေကိုစမြင်နိုင်တဲ့အချိန်ကနေအခုအထိ

ဘုံ့အတွက်အသားမကျနိုင်သေးသလိုပဲ..."


"မင်းရဲ့အခြေအနေကိုမင်းမိသားစုကို

ဖွင့်ပြောပြီးကျော်ဖြတ်ဖို့မကြိုးစားကြည့်ဘူးလား..."


"ဘုံကြိုးစားကြည့်ပါတယ်..ဒါပေမဲ့သူတို့က

ဘုံ့ကိုမယုံဘူးလေ....ဘုံကသူတို့အတွက်

ထူးဆန်းပြီးအရှက်ရစရာကောင်းတဲ့

လူတစ်ယောက်လိုပဲသူတို့ကသဘောထားတာ.."


"သူတို့ကအရမ်းဆိုးတာပဲ...ကိုယ်အခုမင်းအစား

သူတို့ကိုဆုံးမပေးရမလား..."


ဘဏ့်စကားကြောင့်သူမကခပ်သဲ့သဲ့လေး

ရယ်သည်။


"သူဌေး..."


"ဟင်...."


"​ေက်းဇူးပါပဲ.."


"ဘာအတွက်လဲ...."


"ဘုံ့လိုမိန်းကလေးတစ်ယောက်ကို

သဘောကျပေးလို့...."


တိုးနင့်နေတဲ့စကားသံလေးကတဆင့်

သူမရင်ထဲနှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့

အထီးကျန် နာကျင်မူ့တွေကိုဘဏ်ခံစားလိုက်ရ

သလိုပင်.....


ဘဏ်..ဘာမှဆက်ပြီးပြောမထွက်နိုင်သေးပဲ

ဖုန်းကိုနားမှာကပ်ထားရင်းမှသက်ပြင်း

တစ်ချက်ကိုရိူက်လိုက်မိရင်း.....


"မင်းကထူးဆန်းတဲ့ကောင်မလေးဖြစ်နေခဲ့လို့

ကိုယ်လဲကျေးဇူးတင်တယ်ဘုံ..."


~~~~~~~~~~~~~~~❀◕ ‿ ◕❀


" ငါ့ကိုကယ်ပါ...သူငါ့ကိုဒီနေရာကနေ

ထွက်မရအောင်ချုပ်နှောင်ထားတယ်..ငါ့ကိုကယ်ပါ.."


ဒုတိယအကြိမ်မြောက်တူညီတဲ့အိပ်မက်

တစ္​ခု.....


စိတ်မချမ်းမြေ့ဖွယ်ရာငိုညည်းသံကြီးက

ဘုံ့နားထဲအဆက်မပြတ်တိုးဝင်နေခဲ့ပြီး

ပထမအကြိမ်တုန်းကလိုကျောချမ်းဖွယ်

နေရာတစ်ခုရဲ့မြင်ကွင်း....


အသိစိတ်ကနိုးထလာခဲ့ပြီဖြစ်သော်လဲ

ဘုံမျက်လုံးတွေဖွင့်မရခဲ့...


"ဟင့်အင်း..."


ခေါင်းကိုဘယ်ညာခါယမ်းပြီးဘုံ့တစ်ကိုယ်လုံး

ချွေးစေးတွေနှင့်ရွဲနင့်နေကာ..အသက်ရူနေသော်လဲ

မွန်းကြပ်နေခဲ့၏....


တဖြေးဖြေးဘုံ့ရဲ့ဝိညာဉ်ကဘုံခန္ဓာကိုယ်ဆီမှ

ဖယ်ခွာဖို့ကြိုးစားနေခဲ့သလိုခံစားနေရရင်း

မျက်စိရှေ့မှာမြင်ယောင်လာခဲ့တဲ့မြင်ကွင်းတစ်ခု...


အိမ်ကြီးတစ်လုံး...ခမ်းနားသလို

တိတ်ဆိတ်ခြောက်ကပ်လွန်းနေတဲ့

အိမ်ကြီးတစ်လုံး....


ထိုအိမ်ကြီးရဲ့ဧည့်ခန်းထဲမှာသွေးအိုင်ထဲ

လဲကျနေတဲ့သူတွေ...


ဘုံမြင်နေရတယ်..တစ်၊နှစ်၊သုံး၊လေး၊ငါး

စုစုပေါင်းငါးယောက်....


ရုတ်တရပ်ကြည့်လိုက်ရင်သူတို့အားလုံး

ငြိမ်သက်နေပေမဲ့တစ်ကယ်တမ်းကျ

တစ်ယောက်ကသွေးအိုင်ထဲလူးလွန့်နေတာပဲ..


ဟင်...သူ..အသက်ရှိနေသေးတဲ့ထိုအမျိူးသမီးက

ဓာတ်ပုံထဲမှာဘုံမြင်ဖူးခဲ့တဲ့ဒေါ်စောကေသာ

ဒေါ်စောကေသာပါလား...


"သူမသေသေးဘူး...သူအသက်ရှိနေသေးတယ်

ဘုံသူ့ကိုကူညီရမယ်..."


စိတ်ထဲကနေအထပ်ထပ်အော်ပြောရင်း

ဘုံဒေါ်စောကေသာဆီပြေးသွားဖို့ကြိုးစားပေမဲ့

ခြေထောက်တွေကနေရာမှာတင်လူပ်လို့မရခဲ့ပေ...


ထိုအချိန်ဘုံ့ရဲ့ရှေ့ကမြင်ကွင်းထဲ

နောက်ထပ်ဝင်လာတဲ့လူ၃ယောက်....


"ဟင်..."


အနက်ရောင်ဝတ်စုံတွေနှင့်မျက်နှာဖုံးတွေ

စွပ်ထားကြတဲ့ထိုလူသုံးယောက်ထဲမှ

ခေါင်းဆောင်ဖြစ်ဟန်တူသည့်တစ်ယောက်က

ဒေါ်စောကေသာနားကိုတိုးကပ်သွားတဲ့အခါ

ဘုံသွေးပျက်သွားရသလိုပါပဲ...


"ဟင့်အင်း..မဟုတ်ဘူး..မလုပ်နဲ့...

မလုပ်ပါနဲ့..."


ဘုံခေါင်းကိုတွင်တွင်ခါယမ်းပြီး

ရေရွတ်နေမိချိန်မှာပဲ..သွေးအေးလွန်းလှတဲ့

အသွင်သဏ္ဌာန်နှင့်ထိုသူက

ဝတ်ထားတဲ့အနက်ရောင်ရှပ်အင်္ကျီရဲ့

လက်တွေကိုခေါက်တင်လိုက်တဲ့အခါ....

ဘယ်ဘက်လက်ဖျံနေရာမှာထင်းနေတဲ့

အနက်ရောင်ကင်းမြှီးကောက်ပုံတက်တူးကို

မြင်လိုက်ရ၏...


ထို့နောက်စက္ကန့်ပိုင်းအတွင်းမှာဒေါ်စောကေသာ

အနားကိုမုဆိုးဒူးထောက်ထိုင်ချလိုက်ရင်း

အနောက်မှာရပ်နေတဲ့တစ်ယောက်ရဲ့

လက်ထဲကဓားမြှောင်နှင့်လည်မြိုကို

မညှာမတာထိုးစိုက်လိုက်သည်။


"မလုပ်နဲ့...."


ဘုံအသံကုန်ခြစ်ပြီးအော်လိုက်မိသည်။


သွေးအိုင်ထဲမှာနှစ်ချက်သုံးချက်မျှအကြောဆွဲပြီး

ဒေါ်စောကေသာငြိမ်သက်သွားတဲ့အခါ

ထိုလူက..ဒေါ်စောကေသာလည်ပင်းမှာ

ဝတ်ထားတဲ့ဘယက်ကိုဖြုတ်ယူပြီး

သွေးတွေရွဲနစ်နေတဲ့ဘယက်ကိုကြည့်ကာ

အရူးတစ်ယောက်လိုအော်ရယ်သည်။


ဖန်သားပြင်ထက်ကရုပ်ရှင်ပြကွက်တွေလိုမျိုး

အနီးကပ်ကြီးမြင်နေရတဲ့ထိုမြင်ကွင်းတွေရဲ့

အဆုံးသတ်ကတော့ အလျံငြီးငြီးတောက်လောင်နေတဲ့

မီးတောက်ကြီးသာဖြစ်တော့၏...


"အ.အား..."


တစ်စုံတစ်ယောက်ကလည်မြိုကို

ဆုပ်ညှစ်ထားသလိုအသက်ရူမဝနိုင်သော

မွန်းကြပ်မူ့များနှင့်ဘုံအိပ်ယာထက်ကနေ

ထထိုင်လိုက်သည်။


ဟိုးခရီးအဝေးကြီးကနေပြေးလာရသလိုမျိုး

ရင်တစ်ခုလုံးနိမ့်ချီမြှင့်ချီနှင့်ဘုံမောဟိုက်နေခဲ့၏...


အိပ်မက်..ဒါကဘုံ့အတွက်အိပ်မက်ဆိုသော်လဲ

သုခရိပ်မြုံမိသားစုတွေအတွက်အမှန်တစ်ကယ်

ကြုံခဲ့ရတဲ့ဖြစ်ရပ်ဆိုးကြီးပဲ...


"အာ့..."


ရုတ်တရပ်ဘုံ့ရဲ့ဘယ်ဘက်ရင်အုံဆီမှ

စူးခနဲအောင့်တက်သွားရင်းမျက်လုံးတွေ

ပြာဝေလာခဲ့၏...


"အီး..ဟီး..ဟီး...."


ထိုအချိန်ဘုံကြားလိုက်ရတာက...

ဒေါ်စောကေသာရဲ့ငိုရိူက်သံကြီး...


"ငါ့ကိုကယ်ပါ....ငါ့မိသားစုတွေကို

သတ်ခဲ့တဲ့လူကိုအပြစ်ခံရအောင်လုပ်ပေး..."


"ဟင့်အင်း..."


"ငါ့ကိုကယ်ပါ..မင်းတစ်ယောက်ထဲ

လုပ်နိုင်တယ်..ငါ့ကိုကယ်ပါ.."


ခြောက်ခြားနေတဲ့စိတ်အစဉ်ကြောင့်

ဘုံ့နားမှာပဲ့တင်ထပ်ကြားယောင်နေတဲ့

အသံတွေ....


"မဟုတ်ဘူး...မလာနဲ့..ဘုံ့ဆီထပ်ပြီး

မလာပါနဲ့..."


ဘုံ..ကယောင်ကတမ်းလေးရေရွတ်ရင်း

ခေါင်းအုံးဘေးကဖုန်းကိုယူပြီး

ကုတင်ပေါ်ကပြေးဆင်းကာ

အခန်းထောင့်ကိုရောက်သွားခဲ့သည်။


"မလာနဲ့...ထွက်သွား..မလာနဲ့..."


နူတ်ကတတွတ်တွတ်ရေရွတ်ရင်း

ဘုံတုန်ရီနေတဲ့လက်ချောင်းလေးတွေနှင့်

ဖုန်းကိုဖွင့်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီးနောက်...


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"Ring>>>Ring>>>...."


ညကသူမနဲ့ဖုန်းပြောပြီးဘဏ်ညအတော်နက်မှ

အိပ်ယာဝင်ခဲ့တာမို့...နှစ်နှစ်ခြိုက်ခြိုက်

အိပ်ပျော်ကာစအချိန်မှာပဲကြားလိုက်ရတဲ့

ဖုန်းသံကြောင့်ဖျတ်ခနဲလန့်နိုးသည်။


"ကျစ်..ဒီအချိန်ကြီးဘယ်သူလဲကွာ..."


ဘဏ်စိတ်တိုတိုနှင့်အိပ်ယာပေါ်က

ကိုယ်ကိုအသာကြွပြီးစားပွဲပေါ်ရှိဖုန်းကို

လက်လှမ်းယူလိုက်တဲ့အခါ...


"ဟင်...ဘုံ..."


contactlistမှာပေါ်နေတဲ့အမည်ကြောင့်

ဘဏ်မျက်လုံးကျယ်သွားရရင်း

ုဖုန်းကိုချက်ချင်းကိုင်လိုက်သည်။


"ဟဲလို..ဘုံ..."


"သ.သူဌေး..."


ဒီအချိန်ကြီးမှဖုန်းခေါ်လာ၍ဘဏ်စိုးရိမ်

သွားရသလိုပဲ..တဖက်ကကြားလိုက်ရတဲ့

သူမရဲ့အသံလေးကတုန်တုန်ရီရီဖြင့်...


"မင်းဘာဖြစ်တာလဲဘုံ..ဘာဖြစ်လို့လဲ..."


"ဘုံ.ဘုံကြောက်တယ်..."


"ဘာကိုကြောက်တာလဲ..ဘာဖြစ်တာလဲ..."


"အသက်ရူလို့မဝဘူး..ရင်ဘတ်တွေအရမ်း

အောင့်တယ်..အီး..ဟီး..."


ပုံမှန်မဟုတ်ပဲရှေ့နောက်မညီတဲ့စကားတွေနှင့်

သူမရဲ့ငိုသံကိုပါကြားလိုက်ရတဲ့အခါ..

ဘဏ့်စိုးရိမ်စိတ်တွေကအထွဋ်အထိပ်

ရောက်သွားခဲ့ရ၏...


"ကိုယ်လာခဲ့မယ်...ကိုယ်အခုမင်းဆီ

လာခဲ့မယ်..ခဏလေးပဲစောင့်..."


အသံကနောက်မှာကျန်ခဲ့ပြီဖြစ်ကာ

ဖုန်းကိုင်ထားလျက်နှင့်ဘဏ်ကုတင်ပေါ်ကနေ

လွှားခနဲဆင်းပြီးအပေါ်ထပ်အင်္ကျီကိုပင်

မယူနိုင်တော့ပဲအခန်းထဲကနေပြေးထွက်လာခဲ့တော့သည်။


~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


ဆက်ရန်^^^^^


Writer by

#Hazel


rate now: