💛My Strange Girl💛<ထူးဆန်းသောချစ်သူ>
~~~~~~~
ုသုံးယောက်သားနေ့လည်စာအတူစားပြီးကြတော့
ဘုံသူတို့အတွက်အအေးဖျော်ပြီး
ဧည့်ခန်းထဲကိုထွက်လာခဲ့သည်။
"ဘုံ..."
ဘုံကိုမြင်တာနှင့်မိန့်ကထိုင်ရာမှထလာပြီး
အအေးဗန်းကိုလက်ပြောင်းယူကာ
သယ်ပေး၏...
ထိုင်နေတဲ့မှန်စားပွဲနားကိုရောက်တော့
သူကထိုင်ရာကနေဖျတ်ခနဲထရပ်သည်။
"ဘာလို့အအေးတွေဖျော်လာတာလဲ...
ငါပြန်တော့မှာ.."
"မင်း..ပြန်တော့မလို့လား..ချက်ချင်းကြီး.."
"ဟုတ်တယ်..နေ့လည်၂နာရီမှာmeeting
ရှိသေးလို့..."
မိန့်ကိုပြန်ဖြေလိုက်ရင်းဘဏ်သူမကို
ကြည့်လိုက်သည်။
"မနက်ဖြန်မနက်...လုံခြုံရေးကင်မရာတပ်ဖို့
ကုမ္မဏီကလူတွေလာရင်ငါ့ဆီဖုန်းဆက်ဦး.."
"ဟုတ်...."
"ညဘက်တွေအပြင်လုံးဝမထွက်နဲ့နော်
ဟိုဝိညာဉ်နဲ့ပါတ်သတ်ပြီးအကြောင်းထူးရင်လဲ
ငါ့ကိုချက်ချင်းအသိပေး...."
သူမကိုစိတ်မချသလိုမှာတမ်းတွေတသီကြီး
ခြွေနေတဲ့ဘဏ့်ကြောင့်မိန့်မျက်နှာရူံ့မဲ့ရင်း
အအေးဗန်းကိုမှန်စားပွဲပေါ်ချလျက်...
ဆိုဖာပေါ်ဝင်ထိုင်ပြီးအအေးဖန်ခွက်တစ်ခွက်ကို
ဆွဲယူမော့လိုက်သည်။
"ဒါဆို..ငါသွားတော့မယ်...
မိန့်...."
သူမနဲ့စကားပြောနေရင်းဘဏ်ကမိန့်
နာမည်ကိုခေါ်လိုက်တဲ့အခါ..မိန့်အအေးပင်
သီးမတတ်ဖြစ်သွားရ၏...
"ဟေ..ဘာလဲ..."
"မင်းကဘာလုပ်နေတာလဲ..ပြန်မယ်လေ..."
"ငါမပြန်သေးပါဘူး..ငါကညနေလောက်မှ
ပြန်မှာ..."
"မပြန်လို့မရဘူး.."
"ဘာလို့လဲ..."
"ငါလရောင်ကိုဒီကိုလိုက်ပို့ခိုင်းပြီး
ကုမ္ပဏီကိုပြန်လွှတ်လိုက်ပြီ....
မင်းငါ့ကိုပြန်လိုက်ပို့မှရမှာ..."
"ဟမ်..."
တစ်ကယ့်ကိုညဏ်နီညဏ်နက်များလွန်းတဲ့
ဘဏ်ပါပဲ...သူပြန်သွားတဲ့အခါ
မိန့်နဲ့သူမကိုနှစ်ယောက်ထဲမကျန်ခဲ့စေချင်လို့
မျိုးစုံအကြံထုတ်ထားပုံရသည်။
"ဘာလုပ်နေတာလဲ..လာလေ..
မင်းလိုက်မပို့ရင်ငါတက္ကစီစီးရတော့မှာ.."
"ခွေးကောင်..."
မိန့်ခပ်တိုးတိုးကျိန်ဆဲလိုက်ရင်း
ထိုင်ရာကနေထလိုက်ရ၏...
"ဘုံ..ကျွန်တော်ပြန်တော့မယ်...
နောက်မှဖုန်းဆက်..."
"ဟာ..ဟာ..ဟေ့ကောင်..."
ဆုံးအောင်ပင်မနူတ်ဆက်လိုက်ရ
လက်တစ်ဖက်နှင့်လည်ပင်းကို
သိုင်းဖက်ရင်မိန့်ကိုတံခါးဝဆီ
ဆွဲခေါ်သွားခဲ့သူကဘဏ်ရယ်ပါ...
နေရာမှာတင်ရပ်နေခဲ့တဲ့ဘုံကတော့
ထူးဆန်းလွန်းတဲ့ဒီနှစ်ယောက်ကြောင့်
ခေါင်းလေးကိုသာဖွဖွကုတ်လျက်
ကျန်နေခဲ့ရတော့သည်။
~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀
"မင်း..ဘုံ့ကိုဘယ်လိုမြင်လဲဘဏ်..."
ကားမောင်းနေရင်းရုတ်တရပ်မေးခွန်း
ထုတ်လာတဲ့မိန့်ကြောင့်...ဘဏ်ငဲ့ကြည့်လိုက်
သည်။
"ဘာကိုမေးတာလဲ..."
"ဪ..မင်းကြည့်ရတာဘုံ့ကိုစိတ်ဝင်စား
နေတာလားလို့..."
ပေါ်တင်ပင်ထပ်မေးပြီးမိန့်..ဘဏ့်ကို
လှည့်ကြည့်လိုက်တော့ဘဏ်က
ခေါင်းမငြိမ့်သလိုခေါင်းလဲမခါပဲအရှေ့ကို
ပြန်လှည့်သွား၏..
မိန့်..ဘဏ့်ရဲ့ပခုံးကိုလှမ်းတွန်းလိုက်ရင်း..
"ဘာလဲဝန်မခံချင်ဘူးလား..ဒီလောက်
သိသာနေတာကိုကွာ..မင်းကလဲ..."
"မင်းအားနေတာလား..."
ခပ်ရွဲ့ရွဲ့ပြန်မေးရင်းမိန့်လက်မောင်းကိုဘဏ်က
တစ်ချက်ပြန်ပိတ်ထိုးသည်။
"ကြိုက်ရင်ကြိုက်တယ်ပေါ့ကွာ..
ငါမင်းကိုမလှောင်ပါဘူး...အဟဲ..."
မလှောင်ပါဘူးဆိုတဲ့လူကခုထဲက
မျက်နှာပိုးမသတ်...ဘဏ်မိန့်ကိုကြည့်ကာ
ခေါင်းတစ်ချက်ယမ်းလိုက်ရင်း...
"မသေချာဘူး..."
"ဘာရယ်..."
"ငါဘာလို့သူ့အပေါ်ပြောင်းလဲသွားတာလဲ
ဆိုတာငါသေချာမသိဘူး..အဲ့ဒီ့ပြောင်းလဲမူ့ရဲ့
နောက်မှာငါသူ့ကိုသဘောကျနေတာလားဆိုတာလဲ
မသေချာဘူး..."
အလေးအနက်ဖြစ်သွားသောဘဏ့်ရဲ့
မျက်နှာအမူအယာကြောင့်မိန့်လဲ
အလိုလိုမျက်နှာပိုးသတ်သွားရ၏...
"သေချာတာတစ်ခုကတော့သူက
အရမ်းထူးဆန်းတယ်...ငါတို့စတွေ့ထဲကနေ
အခုချိန်ထိ...."
"ငါ့အထင်တော့မင်းအခုထဲကကိုယ့်ကိုကိုယ်
ပြန်ဆန်းစစ်သင့်ပြီထင်တယ်..ဘဏ်..."
ထိုစကားကြောင့်ဘဏ်ကမိန့်ကိုပြန်ပြီး
ငဲ့ကြည့်လာသည်။မိန့်..မချိုမချဉ်မျက်နှာနှင့်
ပခုံးတွန့်ပြလိုက်ရင်း...
"အမှန်တိုင်းပြောရရင်ငါလဲဘုံ့ကို
သဘောကျတယ်..."
"ဘာ..."
"ဘုံကချစ်စရာကောင်းသလို၊စိတ်ထားလဲ
ကောင်းတယ်လေ..."
ပြောရင်းမျက်ခုံးပင့်ပြလိုက်ပြန်တဲ့
မိန့်ရဲ့ပုံစံကမထိတထိ.....
"အဲ့ဒါကြောင့်မင်းကိုယ့်ကိုကိုယ်သေချာ
ဆန်းစစ်ပြီးလို့ဘုံ့ကိုသဘောမကျဘူးဆိုလဲ
စောစောစီးစီးပြော..ငါကတစ်ခါထဲဖွင့်ပြောလိုက်မှာ.."
"သစ္စာဖောက်ကောင်..."
မိန့်ရဲ့စကားလက်နက်ကထိရောက်သွားပုံရသည့်
ဝဲပျံလာတဲ့ဘဏ့်ရဲ့လက်သီးချက်တွေကို
ကားမောင်းနေရင်းလက်တစ်ဖက်နှင့်
ကာဆီးရင်းမိန့်အားရပါးရရယ်သည်။
သို့သော်ထိုရယ်သံရဲ့နောက်ကွယ်မှာ
ခပ်ပါးပါးနာကျင်နေခဲ့သောမိန့်ရဲနှလုံးသားကိုတော့
မိန့်ကိုယ်တိုင်ကလွဲ၍ဘယ်သူမှသိနိုင်မည်
မဟုတ်ပါချေ...
"မင်းနဲ့ငါကခံစားချက်ချင်းတူရင်တောင်
အနေအထားချင်းတော့မတူနိုင်ဘူးဘဏ်...
ဘာလို့လဲဆိုရင်...မင်းကငါ့ထက်အရင်
ဘုံ့ရင်ထဲကိုကြိုရောက်နေခဲ့လို့ပဲ..."
ရင်ထဲကစကားသံတစ်ချို့နှင့်မိန့်မျက်နှာ
လွှဲလိုက်တဲ့အခါစတီယာရင်ကိုဆုပ်ကိုင်ထားတဲ့
လက်တစ်ဖက်ကတင်းကြပ်သွားခဲ့တော့ရင်း.....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ငါ့ကိုကယ်ပါ...ငါဒီနေရာကနေ
ထွက်လို့မရတော့ဘူး...သူငါ့ကိုချုပ်ထားတယ်.."
စိတ်မချမ်းမြေ့ဖွယ်ရာငိုညည်းသံကြီးက
ဘုံ့ရဲ့ဘေးပါတ်ဝန်းကျင်မှာပျံ့လွင့်နေခဲ့လျက်
မျက်လုံးထဲမြင်နေရတဲ့မြင်ကွင်းက...
ကြောက်မက်ဖွယ်ရာအရုပ်တွေ၊အစီအရင်တွေနဲ့
ပြည့်နှက်နေတဲ့မြင်ကွင်းတစ်ခု...
"ငါ့ကိုကယ်ပါ..."
နောက်တစ်ကြိမ်ထပ်ကြားလိုက်ရတဲ့
အသံနဲ့အတူအေးစက်စက်လက်ကြီးတစ်ဖက်က
ဘုံ့လက်ကိုလှမ်းဆွဲဆုပ်ကိုင်လိုက်တဲ့အခါ
ဘုံမြင်လိုက်ရတာကသွေးမျက်ရည်တွေ
စီးကျနေသောဒေါ်စောကေသာရဲ့ဝိညာဉ်...
"အား...."
ဘုံအသံကုန်အော်ဟစ်လိုက်ရင်း...
အိပ်ယာကနေလန့်နိုးလာခဲ့သည်။
"ငါ..အိပ်.အိပ်မက်မက်နေတာပဲ..."
ဘုံ..တုန်ရီနေတဲ့အသံလေးနှင့်ရေရွတ်ရင်း
ညအိပ်မီးရောင်ခပ်မှိန်မှိန်သာရှိနေတဲ့
အခန်းထဲကိုကျီးကန်းတောင်းမှောက်
ဝေ့ကြည့်မိသည်။
3:00 A.M
စားပွဲတင်နာရီကိုလှမ်းကြည့်ရင်း
ဘုံ..ကတုန်ကယင်ဖြစ်နေတဲ့ရင်ကို
ထိန်းချုပ်ရန်..ရေသန့်ဘူးထဲကရေကို
လှမ်းယူမော့သောက်လိုက်သည်။
"ဒါ..ဘယ်လိုအိပ်မက်ကြီးလဲ
ဒေါ်စောကေသာရဲ့ဝိညာဉ်တစ်ခုခုဖြစ်နေတာလား.."
မှတ်မှတ်ရရမိဘမဲ့ဂေဟာကိုဘုံသွားခဲ့တဲ့
ညနေထဲကအနားကနေပျောက်သွားခဲ့သော
ဒေါ်စောကေသာရဲ့ဝိညာဉ်သည်အခုထိ
ဘုံ့အနားမှာအရိပ်အယောင်မှပေါ်မလာခဲ့သေး
သူဘုံ့ဆီကလိုချင်တာရှိနေတာမို့ဘုံ့ကို
လုံးဝအလွတ်ပေးမှာမဟုတ်ဘူးဆိုတာ
ဘုံသိသည်။ဒါဆို..အဲ့ဒီ့်ဝိညာဉ်တစ်ခုခု
ဖြစ်နေတာများလား??
"ငါ့ကိုကယ်ပါ..ငါဒီနေရာကနေ
ထွက်လို့မရတော့ဘူး သူငါ့ကိုချုပ်ထားတယ်..."
အိပ်မက်ထဲကငိုညည်းသံကြီးကို
ပြန်ုကြားယောင်လိုက်မိတော့ဘုံစောင်ကို
ခပ်တင်းတင်းဆုပ်ဆွဲလိုက်မိ၏...
တစ်ကယ်ဆိုအိပ်မက်လို့ခံစားမရတဲ့ထိုမြင်ကွင်းက
အဓိပ္ပါယ်တစ်ခုရှိရည်ညွှန်းနေခဲ့တယ်ဆိုရင်..ဒါ
ဘယ်လိုနမိတ်ကြီးလဲ....??
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အထဲကိုဝင်သွားလိုက်ပါ..ဧည့်သည်
ဆရာမစောင့်နေပါတယ်.."
ခေါင်းညွှတ်ကာတရိုတသေပြောလာတဲ့
မိန်းကလေးရဲ့စကားအဆုံး..
နက်စွေးနေတဲ့ကန့်လန့်ကာစကြီးအား
ဆွဲဖွင့်လိုက်တဲ့ဦးနိုင်မင်းထက်...
နီကျင်ကျင်မီးရောင်တို့လွှမ်းခြုံနေတဲ့
အေးစိမ့်စိမ့်အခန်းကြီးထဲခြေချလိုက်သည်။
အမြင်မတင့်တယ်တဲ့ကြောက်မက်ဖွယ်ရာ
အရုပ်တွေ၊အစီအရင်တွေ၊အင်းကွက်တွေနှင့်
ပြည့်နှက်နေတဲ့အခန်းကြီးရဲ့အလယ်ရှိနေတဲ့
စားပွဲရှေ့မှာထိုင်နေတဲ့အနက်ရောင်ဝတ်စုံနှင့်
အသက်၄၀ခန့်ရှိအမျိူးသမီးတစ်ဦး...
လက်နှစ်ဖက်၊လည်ပင်းနဲ့မျက်နှာတွေပါမကျန်
အင်းကွက်တွေနဲ့ပြည့်နှက်နေပြီးခပ်မြင့်မြင့်
ထုံးဖွဲ့ထားတဲ့ဆံထုံးမှာစကျင်ကျောက်နဲ့
ပြုလုပ်ထားတဲ့လူအရိုးပုံဆံထိုးတစ်ခုကို
ထိုးစိုက်ထားသည့်ထိုအမျိုးသမီးရဲ့အသွင်က
စူးရဲနေတဲ့မျက်ဝန်းတွေဖြင့်မြင်လိုက်တာနှင့်
ကျောချမ်းစရာကောင်းလှသည်။
"ရောက်လာပြီလား...ထိုင်ပါ..."
ပုံသဏ္ဍာန်နှင့်မလိုက်အောင်သေးညှက်ညှက်
အသံနှင့်ဖိတ်ခေါ်လိုက်တဲ့နတ်ဆရာမရဲ့ရှေ့
ကြမ်းပြင်ထက်မှာဦးနိုင်မင်းထက်တပ္ပလင်ခွေ
ဝင်ထိုင်လိုက်၏...
"စောကေသာရဲ့ဝိညာဉ်ကို...ကျွန်မရှာတွေ့ပြီ...
သူက..အခုကျွန်မရဲ့ချုပ်နှောင်မူ့အောက်ကို
ရောက်နေပြီ...အခုရှင့်ရဲ့အိပ်မက်ဆိုးတွေ
ဆက်ပြီးမရှိနိုင်တော့ဘူး..."
သေးညှက်ညှက်အသံနှင့်ပြောစကားအဆုံး
သုခရိပ်မြုံမိသားစုဓာတ်ပုံနှင့်
သွေးစွန်းနေတဲ့စိန်ဘယက်တစ်ခုကို
နတ်ဆရာမကစားပွဲပေါ်တင်လိုက်၏...
"အခု..ဒီပစ္စည်းတွေကိုရှင်ပြန်ယူသွားလို့ရပါပြီ
ဝိညာဉ်ရဲ့စိတ်စွဲလမ်းရာမိသားစုအငွေ့အသက်တွေ
ရှိနေတဲ့ဒီဓာတ်ပုံနဲ့..သူ့ရဲ့သွေးတွေစွန်းထင်းနေတဲ့
ဒီဘယက်က..အဲ့ဒီ့ဝိညာဉ်ကျွန်မဆီ
ရောက်လာဖို့အသုံးဝင်ပေမဲ့...သူကျွန်မဆီ
ရောက်လာပြီးတဲ့အခါ..ဒီပစ္စည်းတွေက
ဘာမှအသုံးမဝင်တော့ဘူး..အဲ့ဒါကြောင့်
ရှင်ပြန်ယူသွားနိုင်ပါပြီ....ပြီးရင်
ဒီဘယက်ကို.....သူ့ရဲ့နေရာမှန်ကို
ကျိန်းသေပြန်ပို့ပေးလိုက်ပါ..နောက်ထပ်ရှင့်ဆီမှာ
အိပ်မက်ဆိုးတွေထပ်ပြီးရှိလာတော့မှာမဟုတ်ဘူး..."
ဦးနိုင်မင်းထက်စားပွဲပေါ်ကပစ္စည်းတွေကို
တစ်လှည့်နတ်ဆရာမရဲ့မျက်နှာကိုတစ်လှည့်ကြည့်ရင်း..
အသင့်ပါလာတဲ့သားရေအိတ်အနက်ကို
စားပွဲပေါ်လှမ်းတင်လိုက်သည်။
"ဒါ..ကျုပ်ပေးချေရမဲ့လက်ကျန်ငွေပဲ..
ကျေးဇူးပြုပြီးအဲ့ဒီ့ဝိညာဉ်ကိုလောင်ကျွမ်းပြာချပေးပါ.."
ရက်စက်လှတဲ့တောင်းဆိုမူ့အဆုံး
နတ်ဆရာမကသေးကျဉ်းလှတဲ့သူမရဲ့ပါးစပ်ကို
ဖွင့်ပြီးခပ်တိုးတိုးရယ်သည်။
"၁၀နှစ်ရှိပြီ..ကျုပ်အစ်ကိုနဲ့သူ့ရဲ့မိသားစုကို
ကျူပ်ရဲ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တဲ့အဲ့ဒီ့ညထဲက
ကျူပ်အတွက်အိပ်မက်ဆိုးတွေရောက်လာခဲ့တာ
ညစဉ်ညတိုင်းစောကေသာသူ...ကျုပ်ကို
ပြန်လာပြီးဂလဲ့စားချေတယ်လို့အိပ်မက်မက်တယ်
ကျုပ်တစ်ညမှစိတ်ချလက်ချမအိပ်နိုင်ခဲ့ဘူး..
သူအဲ့ဒီ့နေရာမှာမကျွတ်မလွတ်ပဲ
ရှိနေတယ်ဆိုတာကျုပ်သိတယ်...ကျုပ်အဲ့ဒီမြေကို
ရောင်းလိုက်ပေမဲ့နောက်ဆက်တွဲသတင်းတွေကို
မျက်ခြေအပြတ်မခံခဲ့ဘူး..၁၀နှစ်အတွင်း
ပိုင်ရှင်အဆက်ဆက်ပြောင်းသွားခဲ့ပေမဲ့..
အဲ့ဒီ့မြေမှာဘယ်သူမှ၊ဘာမှမလုပ်နိုင်အောင်
အနှောင့်အယှက် ပေးနေတာသူမှန်း
ကျုပ်ကောင်းကောင်းသိတယ်......"
".........."
"ဒါပေမဲ့ထူးဆန်းတယ်မဟုတ်လား..
အခုလက်ရှိအဲ့ဒီ့နေရာမှာရှိနေတဲ့Deep group
သူတို့ကျတော့ဘာလို့အဲ့ဒီ့နေရာမှာ
ဘာမှမဖြစ်သလိုရှိနေနိုင်ရတာလဲ....."
ဦးနိုင်မင်းထက်ရဲ့အမေးအဆုံးနတ်ဆရာမက
လက်ညိုးနဲ့လက်မကိုဖိပွတ်ချေရင်း
စားပွဲကိုစူးစိုက်ကြည့်၏...
"တစ်စုံတစ်ယောက်ရှိနေတယ်...မိန်းကလေး
တစ်ယောက်ပဲ...သူကနေတစ်စင်းရဲ့
အလင်းတန်းနဲ့တူတယ်..ဝိညာဉ်လောကရဲ့
နေတစ်စင်းပဲ...လူသားတွေနဲ့ဝိညာဉ်လောကရဲ့
ကြားထဲကနေတစ်စင်း...သူက
ဝိညာဉ်တွေကိုမြင်နိုင်တဲ့လူသားတစ်ယောက်
သူက...ဒီဝိညာဉ်ကိုကယ်တင်ဖို့ကြိုးစားနေတာ..."
သေးညှက်ညှက်အသံနဲ့တစ်ယောက်ထဲရေရွတ်ရင်း
နတ်ဆရာမကမျက်ဝန်းတွေကို
ဖိပိတ်ကာအာရုံခံသလိုငြိမ်သက်သွားသည်။
အတန်ကြာသည်အထိထိုအတိုင်းရှိနေရာမှ
ခေါင်းကိုဘယ်ညာခါရမ်းပြီးမျက်လုံးတွေက
ဖျတ်ခနဲပြန်ဖွင့်လာသည်။
"သူကအရမ်းကိုတောက်ပလွန်းတယ်..
ကျွန်မခြေရာခံလို့မရအောင်ပဲ...
ရှင်သူ့ကိုတွေ့အောင်ရှာရလိမ့်မယ်.."
"ဘာလို့လဲ..."
သူနားမလည်သလိုပြန်မေးလိုက်လျှင်
နတ်ဆရာမကလက်တစ်ဖက်ကိုခပ်တင်းတင်း
ဆုပ်လိုက်ရင်း...
"အဲ့ဒီ့်မိန်းကလေး..နေမင်းနဲ့တူတဲ့
အဲ့ဒီ့မိန်းကလေးကရှင့်ဘဝကို
သူ့ရဲ့အလင်းရောင်နဲ့တောက်လောင်အောင်
လုပ်ပစ်လိမ့်မယ်..သူကရှင့်ရဲ့
အဆုံးသတ္ပဲ...."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဘုံ..ညကအိပ်မက်ဆိုးကြောင့်တညလုံး
အိပ်မပျော်နိုင်တာမို့မနက်အိပ်ယာထချိန်မှာ
မလန်းမဆန်းဖြစ်နေခဲ့ရသည်။
မနေ့ကသူမှာထားတဲ့အတိုင်းမနက်ပိုင်းမှာ
အိမ်ကိုလုံခြုံရေးကင်မရာတပ်မဲ့
သူတွေရောက်လာတော့ဘုံသူ့ဆီဖုန်းဆက်ရပြန်သည်။
"သူတို့ရောက်နေပြီလား..ငါလဲအခု
လမ်းမှာရောက်နေပြီ..သူတို့ကိုခဏစောင့်ခိုင်းလိုက်.."
"ရှင်..သူဌေးကဒီကိုလာဦးမလို့လား..."
"ငါမလာလို့မင်းတစ်ယောက်ထဲဘယ်လို
လုပ်မလို့လဲ..."
"ဘုံကဘာလုပ်ရမှာလဲ..ကင်မရာက
ဘုံတပ်ရမှာမဟုတ်တာ.."
"က်စ္.."
တစ်ကယ့်ကိုထူအလွန်းတဲ့သူမကြောင့်
ဘဏ်စုပ်သတ်မိ၏...မိန်းကလေးတစ်ယောက်ထဲ
နေတဲ့ကွန်ဒိုကိုယောကျာင်္းနှစ်ယောက်သုံးယောက်
ရောက်နေတာကိုလဲတွေးတောပူပန်နေပုံမရ...
ဘဏ့်မှာသာသူမကိုစိတ်မချလို့..အိမ်ကနေ
အစောကြီးထွက်လာရတာ..
"စကားမများနဲ့..ငါ့ကိုပဲစောင့်နေဟုတ်ပြီလား..."
"ဟုတ်..."
သူဖုန်းချသွားတော့..ဘုံမျက်မှန်ကိုတစ်ချက်ပင့်တင်ကာ
နူတ်ခမ်းလေးစူမိ၏...
"စောစောစီးစီးဘာတွေအလိုမကျနေပြန်ပြီလဲ
မသိဘူး..."
ဘုံနှင့်သူဖုန်းပြောပြီးနာရီဝက်လောက်
့ကြာတော့သူရောက်လာခဲ့၏...
ရောက်တာနှင့်ချက်ချင်းပင်လုံခြုံရေး
ကင်မရာတပ်မဲ့ကုမ္ပဏီကလူတွေကို
အလုပ်စစေသည်။
"အလုပ်လုပ်နေတဲ့နားကိုမလာနဲ့..
ကိုယ့်ဘာသာငြိမ်ငြိမ်နေ..."
ရောက်လာကထဲကဘုံ့ကိုထိုသို့ပြောပြီး
သူကတော့ထိုသူတွေနားမှာလိုအပ်သမျှကို
ညွှန်ကြားသည်။
ကိစ္စအားလုံးပြီးစီးပြီးထိုလူတွေပြန်သွားတော့
၉နာရီပင်ခွဲနေလေပြီ...
"၉နာရီတောင်ခွဲနေပြီသူဌေးရုံးနောက်ကျ
နေပြီမဟုတ်လား..."
ဘုံဧည့်ခန်းထဲကတိုင်ကပ်နာရီကို
လှမ်းကြည့်ပြီးပူပန်သလိုပြောလိုက်တော့
သူကဆိုဖာပေါ်မှာဝင်ထိုင်ရင်း...
"မပူပါနဲ့ငါအလုပ်နောက်ကျလဲငါ့ကို
ဆူမဲ့လူဘယ်သူမှမရှိဘူး....."
ခပ်တည်တည်နှင့်ပြောလာတဲ့သူ့ကို
ကြည့်ပြီးဘုံယောင်နနနှင့်ခေါင်းငြိမ့်မိ၏...
"ကော်ဖီတစ်ခွက်လောက်ရမလား.."
"ရှင်..ရတာပေါ့..ဘုံဖျော်ပေးမယ်လေ.."
"မီးဖိုခုံအပေါ်ကcupboardထဲမှာ
ဘရာဇီးကလာတဲ့ကော်ဖီမူန့်ဘူးတွေရှိတယ်
ငါကအသင့်ဖျော်ကော်ဖီတွေမသောက်တတ်လို့
သကြားလျော့ပြီးဖျော်ပေးနိုင်မလား..."
"ဟုတ်..ခဏလေးစောင့်နော်..."
ခေါင်းကိုခပ်သွက်သွက်ငြိမ့်ပြီးမီးဖိုခန်းရှိရာသို့
အပြေးတစ်ပိုင်းဝင်သွားတဲ့သူမကြောင့်
ဘဏ်ပြုံးမိသည်။
ဘာမှမကြာလိုက်ကော်ဖီပန်းကန်
တင်ထားတဲ့လင်ပန်းနဲ့သူမပြန်ထွက်လာသည်။
"သူဌေး..ကော်ဖီရ.ရ.."
"ဟေ့.ဟေ့...ဘုံ..."
"အမလေး.."
"အား..."
လင်ပန်းကိုကိုင်ပြီးခပ်သွက်သွက်လှမ်းလာတဲ့
ခြေလှမ်းတွေကသူ့အနားကိုအရောက်
အချင်းချင်းပြန်ခလုတ်တိုက်ပြီးလူရော
ကော်ဖီဗန်းပါသူ့အပေါ်ကိုပစ်ကျသွားတဲ့အခါ
ဘုံမျက်ဝန်းတွေပြာဝေသွားခဲ့ရပြီး
သူ့ရဲ့အော်သံကသာနားထဲတိုးဝင်လာခဲ့တော့၏...
~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒေါက်..ဒေါက်..."
"သူဌေး..အဆင်ပြေရဲ့လားဟင်.."
ရေချိုးခန်းတံခါးကိုခပ်ဖွဖွခေါက်ပြီး
ဘုံမရဲတရဲလေးလှမ်းမေးလိုက်သည်။
ထို့အတူ....
လက်ထဲမှာကိုင်ထားတဲသူ့ရဲ့ကုတ်အင်္ကျီကို
ပြန်ငုံ့ကြည့်မိပြန်တော့ဘုံ့ရဲ့မျက်နှာလေးက
ဇီးရွက်လောက်သာရှိတော့၏...
"ချလပ်..."
"ဟင်.."
ထိုအချိန်ရေချိူးခန်းတံခါးကဖျတ်ခနဲပွင့်သွားပြီး
အပေါ်ပိုင်းဗလာကျင်းနေတဲ့ခန္ဓာကိုယ်နှင့်
သူပေါ်လာတော့ဘုံကပျာကယာလေး
မျက်နှာလွှဲလိုက်မိလျက်သား...
"ဘာလို့မျက်နှာကိုဟိုဘက်လှည့်သွားတာလဲ
အင်္ကျီမပါတဲ့ယောကျာင်္းလေးကိုမမြင်ဖူးဘူးလား..."
"ဟုတ်ကဲ့..."
တမင်စပြီးမေးလိုက်တာကိုခေါင်းငြိမ့်ပြီး
ပြန်ဖြေလိုက်သံက,တုန်တုန်ရီရီမို့
ဘဏ်အသံတိတ်ရယ်လိုက်မိသည်။
"မင်းမှာအရေပြားအပူလောင်တာအတွက်
လိမ်းတဲ့ဆေးရှိရင်ယူပေးပါလား..."
ထိုအခါမှဘုံ့ကြောင့်သူအပူလောင်
သွားတာကိုသတိရသွားကာဘုံ
သူ့ကိုပြန်လှည့်ကြည့်လိုက်မိတော့..
တောင့်တင်းနေတဲ့ဝမ်းဗိုက်ကြွက်သား
အမြောင်းတွေရဲ့ပေါ်မှာအပူလောင်ထားတဲ့
အနီရောင်အကွက်ကြီးကအရုပ်ဆိုးအကျည်း
တန်လွန်းနေ၏..သူကအသားဖြူတဲ့သူမို့
ပိုဆိုးသည်။
"အ.အရမ်းနာနေလားဟင်.."
ဘုံသူ့မျက်နှာကိုမော့မကြည့်ပဲ
အထစ်ထစ်အငေါ့ငေါ့မေးမိ၏..
"အပူလောင်တာမနာပဲနေမလား..."
"ဘုံ..ဘုံတောင်းပန်ပါတယ်နော်..."
"တောင်းပန်တာကနောက်ထား..အရင်ဆုံး
ဆေးရှာလာပေး..ဆေးမလူးရင်ပိုဆိုးလာလိမ့်မယ်.."
"ဟုတ်ကဲ့..ဟုတ်ကဲ့..."
ထုံးစံအတိုင်းပုတ်သင်ညိုလိုခေါင်းကို
အထပ်ထပ်ငြိမ့်ရင်းသူမကဆေးသေတ္တာကို
ပြေးယူသည်။
ဘဏ်လက်ထဲမှာကိုင်ထားတဲ့
ရှပ်အင်္ကျီကိုတစ်ချက်ခါလိုက်ရင်း
မှန်တင်ခုံရှေ့ကခုံမှာထိုင်လိုက်၏..
မှန်တင်ခုံဟုပြောရအောင်လဲ
အလှပြင်ပစ္စည်းဟူ၍ဘာမှရှိမနေ...
သနပ်ခါးတုံး၊ကျောက်ပျဉ်အသေးတစ်ခု
ရေမွှေးပုလင်းခပ်သေးသေးတစ်ခုနှင့်
ကရင်းပက်ခ်ဘူးတစ်ခုသာရှိနေ၏..
"သူဌေး..ဆေး.ဆေးရပြီ..."
ထိုအချိန်ဆေးဘူးကိုယူပြီးအနားကို
ပြန်ရောက်လာတဲ့သူမ...
"အင်္ကျီစိုနေတာမဟုတ်လားဟင်.."
"အင်း..ကော်ဖီတွေဆေးလိုက်တာ
တစ်ထည်လုံးတော့မဟုတ်ဘူး..ကားထဲမှာလဲ
အင်္ကျီအပိုမပါလာလို့..."
"ဒါဆိုဘုံdryerနဲ့မူတ်ပြီးနည်းနည်းခြောက်အောင်
လုပ်ပေးမယ်လေ..ပြီးမှမီးပူတိုက်လိုက်မယ်.."
ပြောပြောဆိုဆိုနှင့်သူမကဘဏ့်လက်ထဲက
အင်္ကျီကိုယူကာမှန်တင်ခုံအံဆွဲကိုဖွင့်ဖို့
ခါးကိုကိုင်းအညွတ်..ဘဏ်ကလဲ
ဆေးလိမ်းဖို့ဒဏ်ရာကိုငုံ့အကြည့်..
တိုက်ဆိုင်သွားတဲ့ဦးခေါင်းနှစ်လုံးကပြင်းပြင်းထန်ထန်
မိတ်ဆက်သည်။
"ခွပ်..."
ခနဲအသံခပ်ကျယ်ကျယ်နှင့်အတူထိုင်လျက်
ပြုတ်ကျသွားတဲ့သူမကမျက်မှန်ပင်ကျွတ်ကျ
သွားတဲ့အထိ...
"အား..လား..လား..."
"ဘုံ..."
ဘဏ်..သူမနာမည်ကိုစိုးရိမ်တကြီးခေါ်ရင်း
ခုံပေါ်ကနေသူမရှေ့ကိုဒူးတစ်ဖက်ထောက်
ထိုင်ကျသွားရ၏..
"ကျစ်..အရမ်းနာသွားလား..sorryကွာ
sorry..."
"ရတယ်..သူဌေး...ရတယ်.."
ဘဏ်..သူမဦးခေါင်းကိုလက်ဖနောင့်နှင့်
ပွတ်ချေပေးရင်းလက်တစ်ဖက်နှင့်
မျက်နှာလေးကိုပင့်မော့ယူလိုက်တော့
နာကျင်စွာရူံ့မဲ့မဲ့လေးဖြစ်နေရှာသည်။
"မျက်မှန်..ဘုံ့ရဲ့မျက်မှန်ရော..."
မျက်တောင်တွေကိုတဖျတ်ဖျတ်ပုတ်ခတ်ရင်း
သူမကမျက်ခုံးလေးကျုံ့သည်။
ဘဏ်..ရုတ်တရပ်သူမကိုငေးမိသွားရရင်း
လက်တစ်ကမ်းမှာရှိနေတဲ့မျက်မှန်ကိုကောက်ပေးဖို့
သတိမရနိုင်သလို...ရင်တွေတဒိတ်ဒိတ်
ခုန်လာခဲ့သည်။
"သူဌေး..."
တိတ်ဆိတ်သွားတဲ့ဘဏ့်ကြောင့်ထင်၏
သူမကအားကိုးတကြီးခေါ်သည်။
ဘဏ်သူမကိုစူးစိုက်ငေးကြည့်နေရင်းမှ
ပါးပြင်မို့လေးကိုလက်ဆစ်နှင့်တို့ထိပွတ်သပ်
လိုက်မိရင်း...
"ဘုံ..."
"........"
"ငါမင်းကို..ကြိုက်နေမိပြီထင်တယ်..."
"ရှင်...အွန်း..."
ိအိပ်မက်ထဲမှာပင်ယောင်လို့မျှမျှော်လင့်မထား
ခဲ့သောစကားတစ်ခွန်းနှင့်အတူဝေဝါးနေတဲ့
အမြင်အာရုံထဲဘုံ့ထံနီးကပ်လာတဲ့
အရိပ်တစ်ခုရဲ့အဆုံးသတ်က.....
တင်းအိနေသောနူတ်ခမ်းဖူးလေးအား
သူ့ရဲ့ကျူးကျော်ခြင်းကိုခံလိုက်ရလေတော့၏....
~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel