💛My Strange Girl💛<ထူးဆန်းသောချစ်သူ>
~~~~~~~~
"ဒီနေ့မနက်roundလှည့်တဲ့ဆရာဝန်ကြီးက
ဘုံ့ကိုဆေးရုံကဆင်းလို့ရပြီလို့ပြောတယ်.."
ဆေးရုံခေါင်မိုးထပ်ကခုံတန်းရှည်လေးမှာနှစ်ယောက်အတူ
ထိုင်နေခဲ့ကြရင်း သူမက မျက်ရည်စတို့သွေ့ခြောက်ကာစ
မျက်နှာလေးနှင့်စကားစသည်။
"ဟုတ်လား..မိန့်အခုထိငါ့ကိုဘာမှမပြောသေးဘူး.."
ဘဏ်..ပြောရင်းဘေးမှာထိုင်နေတဲ့သူမကို
ငဲ့ကြည့်လိုက်တော့သူမကလညဘဏ့်ကို
ကြည့်နေတာနှင့်တိုး၏...
"ဘာလဲ..."
"ရှင်..."
"ဘာလို့..အဲ့လိုကြည့်နေတာလဲ.."
"မ.မဟုတ်ပါဘူး...ဘုံက
ဒီအတိုင်း..."
ကိုယ့်စကားကိုယ်တာဝန်ယူနိုင်ပုံမရပဲ
သူမကပျာကယာမျက်နှာလေးပြန်လွှဲ
သွားတော့ဘဏ်ရယ်မိ၏..
"ဆေးရုံကဆင်းရင်ဘယ်ကိုသွားဖို့
စဉ်းစားထားလဲ...မင်းကအိမ်ပြေးမလေး
မဟုတ်လား..."
ဘဏ့်စကားကြောင့်သူမက
မျက်လုံးပြူးလေးနှင့်ပြန်လှည့်ကြည့်လာပြန်သည်။
"ဘာလို့အိမ်ကထွက်ပြေးလာတာလဲ..."
"ဘုံ့ရဲ့မိထွေးကအတင်း...ယောကျာင်္းပေးစားဖို့လုပ်နေလို့..."
ခဏလေးတောင်တုံ့ဆိုင်းမသွားပဲ
နူတ်ခမ်းလေးစူလျက်ပြန်ဖြေလာသည်။
"ယောကျာင်္းမယူချင်လို့အိမ်ကထွက်ပြေး
လာတာပေါ့..အဲ့လိုလား..."
"ဘုံ့ကိုနောက်မနေပါနဲ့...အဲ့ဒီ့အကြောင်းတွေကို
တစ်ကယ်ပြန်မစဉ်းစားချင်ဘူး..."
ျမျက်နှာလေးမဲ့ပြီးပြောလိုက်တဲ့သူမရဲ့
ဆံပင်တွေကိုဘဏ်တစ်ချက်ဖိပွတ်လိုက်တော့
သူမကမျက်မှန်လေးကိုပင့်တင်ပြီး
ဘဏ့်ကိုပြူးပြူးလေးကြည့်သည်။
ဘဏ်သူမရဲ့အံ့ဩတကြီးအမူအယာလေးကို
တမင်မသိချင်ယောင်ဆောင်ပြုံးပြလိုက်ရင်း..
"ဘယ်မှသွားဖို့မစီစဉ်ရသေးရင်
ငါကူညီပေးရမလား.. ငါ့မှာပိုနေတဲ့
တိုက်ခန်းတွေအများကြီးပဲ..."
"ရှင်..သူဌေးကလား..."
သူဌေးကလား´´ဆိုပြီးမျက်လုံးပြူးလေးနှင့်
ကြည့်လာသည်။
"အဲ့လိုမကြည့်နဲ့..ဘယ်သူကမင်းကို
အလကားထားမယ်လို့ပြောလို့လဲ..
မင်းအိမ်လခပေးရမှာ...."
"အိမ်လခလား..အဲ့ဒါကဘယ်လောက်
ပေးရမှာလဲဟင်..ဘုံကစျေးအရမ်းများရင်
တတ်နိုင်မှာမဟုတ်ဘူး..."
နောက်ပြောမှန်းမသိအောင်အတည်မှတ်နေသော
သူမကြောင့်ဘဏ်ရယ်ချင်စိတ်ကို
ထိန်းလိုက်ရရင်း..
"အင်းး...မပြောတတ်သေးဘူး နောက်မှ
စဉ်းစားပြီးပြောမယ်..ဒါပေမဲ့မပူပါနဲ့..
မင်းပေးနိုင်တဲ့ပမာဏကိုပဲ
ငါတောင်းမှာပါ..."
ဘဏ့်စကားကြောင့်သူမက
မျက်ဝန်းငေးငေးလေးတွေဖြင့်
ဘဏ့်ကိုကြည့်ရင်း...
"သူဌေးကဘာလို့ဘုံ့အပေါ်ဒီလောက်ထိ
ကောင်းနေရတာလဲဟင်..."
ရိုးရှင်းလှတဲ့မေးခွန်းလေးပါပဲ...
ဒါပေမဲ့ဘဏ်သူမကိုချက်ချင်းအဖြေပြန်
မပေးနိုင်ခဲ့ဘူး...
အတန်ကြာသည်အထိသူမမျက်နှာလေးကို
ငေးစိုက်ကြည့်နေမိပြီးမှဆင်ခြေကောင်းကောင်း
ရှာတွေ့သွားသလိုဟန်မပျက်ပြုံးလိုက်မိရင်း...
"အပန်းဖြေစခန်းပရောဂျက်နဲ့ပါတ်သတ်ပြီး
မင်းငါ့ကိုကူညီခဲ့တယ်မဟုတ်လား...
အဲ့ဒါကြောင့်ငါမင်းကိုကျေးဇူးပြန်ဆပ်တာလို့ပဲ
တွေးလိုက်ပေါ့.."
ဘဏ့်ရဲ့အကြောင်းပြချက်ကသူမအတွက်တော့
လုံလောက်တဲ့အဖြေတစ်ခုဖြစ်ခဲ့သည်ထင်သည်။
သူမကနူးနူးညံ့ညံ့လေးပြုံးရင်း
အရှေ့ကိုပြန်လှည့်သွား၏...
"ေက်းဇူးပါပဲ..."
"ဟင်.."
မပွင့်တပွင့်အသံလေးကြောင့်
ဘဏ်သူမမျက်နှာကိုငုံ့ကြည့်ရင်း
မျက်ခုံးပင့်ပြလိုက်တော့သူမကရယ်သည်။
"ကျေးဇူးတင်တယ်လို့ပြောတာပါ..."
"တစ်ကယ်ကျေးဇူးတင်တယ်ဆို..
အခုပြောပြမလား..."
"ရှင်..ဘာကိုလဲဟင်..."
"မင်း..အပန်းဖြေစခန်းကအဲ့ဒီ့ဝိညာဉ်နဲ့
ဘာတွေအပေးအယူလုပ်ခဲ့လဲဆိုတာကိုလေ..."
ဘဏ့်အမေးကြောင့်သူမကမျက်လွှာလေး
တစ်ချက်ချသွားသည်..သို့တိုင်အောင်
ချက်ချင်းစကားမဆက်ပဲအတန်ကြာသည်အထိ
ငြိမ်သက်နေပြီးမှသက်ပြင်းငွေ့ငွေ့လေး
ရိူက်လိုက်ပြန်ပြီး....
"သူကဘုံ့ကိုပြောပြခဲ့တယ်..သူနဲ့သူ့မိသားစုက
သွေးရိုးသားရိုးသေခဲ့ရတာမဟုတ်ဘူးတဲ့...
မသမာတဲ့လောဘသားတစ်စုရဲ့
လုပ်ကြံသတ်ဖြတ်တာကိုခံခဲ့ရတာတဲ့...
သူတို့တစ်မိသားစုလုံးအဲ့လိုအဖြစ်ဆိုးခဲ့ရပေမဲ့
တရားခံတွေကတော့အခုထိကောင်းကောင်းမွန်မွန်
ရှိနေသေးတယ်တဲ့လေ..အဲ့ဒါကြောင့်
သူကအဲ့ဒီ့နေရာကနေထွက်မသွားနိုင်သေးတာ
သူနဲ့သူ့မိသားစုကိုအဖြစ်ဆိုးနဲ့ကြုံစေခဲ့တဲသူတွေကို
ထိုက်သင့်တဲ့အပြစ်ဒဏ်ခံစားစေချင်နေတာ..."
"ဂလဲ့စားချေတာမျိုးကိုပြောတာလား..."
ဘဏ်ပြန်မေးလိုက်တော့သူမကခေါင်းလေး
ငြိမ့်ပြသည်။
"သူကသူ့ကိုယ်စားအဲ့ဒီ့တရားခံတွေကို
ဖော်ထုတ်ပေးစေချင်တာလေ..သူ့ရဲ့အကူအညီကို
ယူပြီးတော့ပေါ့...သူကဘုံတွေ့ဖူးတဲ့တခြား
ဝိညာဉ်တွေနဲ့မတူဘူး...ပြီးတော့..."
စကားကိုခဏရပ်ပြီးသူမကဘဏ့်ကို
မော့ကြည့်လာပြန်ကာ...
"သူကသနားဖို့ကောင်းသလို၊ကြောက်ဖို့လဲ
ကောင်းတယ်..."
"......"
"မနေ့ကဘုံသူပြောတဲ့နေရာတစ်ခုကို
သြားခဲ့တာ..."
ပြောရင်းသူမကဝတ်ထားတဲ့အနွေးထည်
အင်္ကျီထဲလက်နိူက်ကာဖုန်းကို
ထုတ်ယူလိုက်သည်။
"ဒါ..သူတို့မိသားစုရဲ့ပုံလေ..."
ဘဏ်သူမလက်ထဲကဖုန်းကိုယူကာ
ကြည့်လိုက်သည်။
"ဘုံအဲ့ဒီ့ကနေသိခဲ့သလောက်ကတော့
သူတို့မိသားစုကမီးလောင်မူ့နဲ့ဆုံးပါးသွားခဲ့တာ...
လွန်ခဲ့တဲ့၁၀နှစ်လောက်ကသူဌေးအခု
အပန်းဖြေစခန်းတည်ဆောက်နေတဲ့နေရာမှာပေါ့..."
"မင်းပြောတဲ့ဝိညာဉ်ကဒီအမျိူးသမီးလား..."
ဘဏ်မိသားစုဓာတ်ပုံထဲကအမေဖြစ်ဟန်တူသည့်
အမျိူးသမီးကိုလက်ညိုးညွှန်ပြကာမေးလိုက်တော့
သူမကခေါင်းလေးငြိမ့်ပြ၏..
"သူ့နာမည်ကဒေါ်စောကေသာ..
ဘေးကသူ့ရဲ့အမျိုးသားဦးအောင်မင်းထက်တဲ့
ဒါကတော့သူတို့ရဲ့သားသမီးတွေလေ..."
"မင်းပြောသလိုဆိုသူတို့ကလုပ်ကြံသတ်ဖြတ်
ခံခဲ့ရတာဆိုတော့..အဲ့ဒီ့မီးလောင်မူ့က
သွေးရိုးသားရိုးမဟုတ်ဘူးပေါ့..."
"အင်း..အဲ့လိုပဲပြောရမယ်ထင်တယ်
သူဘုံ့ကိုပြောပြခဲ့သလောက်က...
လွန်ခဲ့တဲ့၁၀နှစ်ကအဲ့ဒီ့မီးလောင်မူ့ကို
ရဲတပ်ဖွဲ့ကလူသတ်မူ့၊ဓားမြမူ့အဖြစ်
အမူ့ဆင်ပြီးတရားခံတွေကိုဖမ်းနိုင်ဖို့
ကြိုးစားခဲ့ပေမဲ့လဲ..မမိခဲ့ဘူးတဲ့
အဲ့ဒါကြောင့်လဲလူသတ်တရားခံတွေက
ခုချိန်ထိလွတ်နေသေးတာပေါ့....."
"ဒါဆို..သူကရောအဲ့ဒီ့လူသတ်တရားခံကို
သိတယ်လား..."
"ဟင့်အင်း...သူပြောတာ..အဲ့ဒီ့အချိန်တုန်းက
သူတို့အိမ်ထဲကိုလက်နက်တွေနဲ့အနုကြမ်းစီး
ဝင်လာတဲ့သူတွေကမျက်နှာဖုံးတွေနဲ့တဲ့..
သူတို့ကတစ်မိသားစုလုံးကိုသတ်ပြီး
အိမ်ကိုမီးရိူ့ခဲ့တာ...သူမှတ်မိလိုက်တာတစ်ခုက
အဲ့ဒီ့လူသတ်သမားခေါင်းဆောင်ရဲ့
လက်ဖျံမှာ...ကင်းမြှီးကောက်ပုံတက်တူး
ရှိတယ်တဲ့..."
"အရမ်းကိုတိကျတဲ့သက်သေပဲနော်..
အဲ့ဒါနဲ့ပဲမင်းကသူပြောသမျှကိုလက်ခံပြီး
လွန်ခဲ့တဲ့၁၀နှစ်ကရဲတွေတောင်မဖော်ထုတ်နိုင်တဲ့
လူသတ်တရားခံကိုလိုက်ဖမ်းတော့မယ်ပေါ့..."
ဘဏ်...ခပ်ရွဲ့ရွဲ့ပြောလိုက်တော့
သူမကမချိပြုံးလေးပြုံးပြသည်။
ဘဏ်သူမကိုကြည့်ပြီးခေါင်းယမ်းလိုက်မိသည်။
"ဒီလောက်အန္တာရယ်များတဲ့အပေးအယူကို
ဘာလို့တစ်ချက်လေးမှငါ့ကိုမတိုင်ပင်ပဲ
အဲ့ဒီ့ဝိညာဉ်ပြောသမျှကိုလက်ခံလိုက်ရတာလဲ...
အစထဲကမင်းမှာဒီလောက်ခက်ခဲရမယ်မှန်းသိရင်း
ငါ..ဝိညာဉ်နဲ့အပေးအယူလုပ်မယ်ဆိုတဲ့
ရူးကြောင်ကြောင်အတွေးမျိုးမတွေးခဲ့မိလောက်ဘူး
ထင်တယ်...တစ်ကယ်တော့အဲ့ဒီ့ညကမင်းကို
siteထဲမှာသတိလွတ်နေတဲ့ပုံစံနဲ့မြင်လိုက်ရကထဲက
ငါမှားမှန်းသိလိုက်တယ်...."
"သူဌေး..."
"တောင်းပန်ပါတယ်..ငါ့ကြောင့်မင်းကို
ထိခိုက်စေခဲ့လို့..."
နားထောင်ကောင်းလွန်းအောင်
နူးညံ့နေတဲ့သူ့စကားသံထဲ
ဘုံမျောပါသွားခဲ့ရသလိုပါပဲ...
"ဒါပေမဲ့...အခုကပြီးဘာကိုမှမင်းတစ်ယောက်ထဲ
မလုပ်ပါနဲ့...အရာအားလုံးကိုငါတို့အတူ
ရင်ဆိုင်ရအောင်...ငါမင်းနဲ့အတူ
အဲ့ဒီ့တရားခံကိုဖမ်းနိုင်ဖို့ကူညီပေးမယ်..."
စကားအဆုံးဘုံ့ထံကမ်းပေးလာတဲ့သူ့ရဲ့လက်ကို
ဘုံမရဲတရဲလေးပြန်လည်ဆုပ်ကိုင်လိုက်မိလျှင်
မမြင်နိုင်တဲ့အားအင်လေးတစ်ခုကဘုံ့နှလုံးသားထဲ
စီးဆင်းသွားခဲ့လေတော့၏....
~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒီတစ်ခေါက်ဦးနိုင်မင်းထက်လာမှာကို
ကြိုပြီးအကြောင်းမကြားထားတော့
ကျွန်မတို့ဘက်ကဘာမှမပြင်ဆင်လိုက်ရဘူး
အားနာလိုက်တာရှင်..."
"ရပါတယ်..ဆရာမကြီးကျွန်တော်ကလဲ
ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း
ကလေးတွေအတွက်စာရေးကရိယာနဲ့
အသုံးအဆောင်တွေကိုပါတလက်စထဲ
လာပို့လိုက်တာ..."
Warm Worldမိဘမဲ့ဂေဟာလေး၏
ဂေဟာမှူးရုံးခန်းထဲတွင်ဖြစ်တည်နေသော
ရိုးရှင်းတဲ့တွေ့ဆုံမူ့တစ်ခု...
"ဦးနိုင်မင်းထက်ကတော့...သွားလေသူ
အစ်ကိုကြီးမိသားစုအတွက်တစ်ကယ့်ကို
တာဝန်ကျေလွန်းပါတယ်...ဦးနိုင်မင်းထက်သာ
မရှိခဲ့ရင်သုခရိပ်မြုံမိသားစုတွေအတွက်
ဖြေသိမ့်နိုင်စရာမရှိပါဘူး...."
"ကျွန်တော်လဲနှစ်တွေဘယ်လိုပဲပြောင်း
သွားပေမဲ့အစ်ကိုကြီးတို့မိသားစုအတွက်
ခုထိရင်နာနေရတုန်းပါ...အဲ့ဒီ့ဖြစ်ရပ်ဆိုးကြီးရဲ့
တရားခံတွေကိုလဲကျွန်တော်အခုထိရှာဖို့
လက်မလျော့ခဲ့ပါဘူး..."
ပြောရင်းစိတ်မကောင်းဟန်ဖြင့်
မျက်ဝန်းတွေကိုဖိပိတ်လိုက်သည့်
ဦးနိုင်မင်းထက်ကိုဆရာမကြီးဒေါ်လီလီမော်က
စာနာသလိုကြည့်နေရင်းမှ
တစ်ခုခုကိုသတိရသွားဟန်ဖြင့်...
"ဪ..သုခရိပ်မြုံအကြောင်းပြောမှ
သတိရတယ်....မနေ့ကလေးတင်
ဆရာဦးအောင်မင်းထက်မိတ်ဆွေရဲ့
သမီးလေးဆရာမတို့ဂေဟာကိုလာသွားသေးတယ်.."
"အစ်ကိုကြီးမိတ်ဆွေရဲ့သမီး...
ဟုတ်လား..."
"အင်း..ဟုတ်တယ်..သူတို့မိသားစုက
ထိုင်းမှာအခြေကျနေတာကြာပြီမို့
ဒီကသတင်းတွေမကြားခဲ့တဲ့ပုံပါပဲ....
မိန်းကလေးကမြန်မာပြည်ကိုဘုရားဖူးလာရင်း
အဖေ့မိတ်ဆွေတွေကိုတွေ့ချင်လို့
ုစုံစမ်းခဲ့တာတဲ့လေ...နောက်ဆုံး
ဆရာမကြီးတို့ဂေဟာကိုရောက်လာပြီး
အကြောင်းစုံသိသွားတော့မိန်းကလေးရဲ့
တော်တော် စိတ်မကောင်းဖြစ်သွားတယ်
သူ့မိဘတွေကိုပြန်ပြဖို့ဆိုပြီး...ဦးအောင်မင်းထက်ရဲ့
မိသားစုဓာတ်ပုံကိုတောင်ဖုန်းနဲ့ပြန်ကူး
သွားသေးတယ်လေ..."
ဒေါ်လီလီမော့်စကားတွေကိုနားထောင်နေရင်း
ဦးနိုင်မင်းထက်ရဲ့မျက်နှာကတဖြေးဖြေး
ပျက်ယွင်းလာခဲ့သည်။
နောက်ဆုံးသူကဟန်မပျက်ပြုံးလိုက်ရင်း...
"အဲ့ဒီ့မိန်းကလေးနာမည်က
ဘယ်သူများလဲ..."
"အင်း..နေပါဦးနာမည်လေးက
ခပ်ဆန်းဆန်းပါပဲ...ဪ..သိပြီ
ဘုံ...ဘုံကြိုးပြတ်တဲ့လေ...."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
ရော့..ဒါကဘုံ့ရဲ့ဆေးရုံဆင်းလက်မှတ်"
မိန့်လှမ်းပေးနေတဲ့လက်မှတ်စာရွက်ကို
သူမကအပြုံးလေးနှင့်လှမ်းယူသည်။
"ခဏနေဘဏ်လာခေါ်မှာမဟုတ်လား..."
"ဟုတ်..သူဌေးကခဏနေရောက်မယ်လို့
ဖုန်းဆက်ထားတယ်.."
သူမရဲ့အဖြေကြောင့်မိန့်ရဲ့မျက်ဝန်းတွေက
သူမလက်ထဲရှိဖုန်းဆီအကြည့်ရောက်
သွားခဲ့ရင်း...
"ကျွန်တော့်ကိုလဲ..ဘုံ့ရဲ့ဖုန်းနံပါတ်
ပေးထားဦးလေ..."
"ဪ..ဟုတ်သားပဲ..."
"ဘုံ့ရဲ့ဖုန်း..ဒီကိုပေး..."
မိန့်ပြောပြောဆိုဆိုနှင့်သူမလက်ထဲက
ဖုန်းကိုဆွဲယူလိုက်ကာcontactထဲ
မိန့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး
ဖုန်းခေါ်လိုက်သည်။
"Ring>>>Ring...."
"ဒီမှာဖုန်းဝင်သွားပြီ.."
ဂျူတီကုတ်ထဲမှာမြည်နေတဲ့ဖုန်းကို
ထုတ်ပြီးပြလိုက်တော့သူမကရယ်ပြီး
ခေါင်းငြိမ့်သည်။
"ဘုံဘာပဲလိုအပ်လိုအပ်..ကျွန်တော့်ဆီ
အချိန်မရွေးဆက်လိုက်..ကျွန်တော်ဘုံ့ဆီ
ချက်ချင်းပြေးလာခဲ့မယ်..."
"တစ်ကယ့်ကိုချက်ချင်းလား..."
"ဒါပေါ့..ကျွန်တော်ကဘုံ့အတွက်ဆို
မီးခွက်စောင့်နတ်သားလိုပဲလေ..."
"မီးခွက်စောင့်ကဘီလူးမဟုတ်ဘူးလား..."
"ဟေး..ဒီရုပ်ကဘီလူးနဲ့တူနေလို့လား...အဟွန်း.."
"ခစ်...ခစ်.."
နှစ်ယောက်သားတစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာသဘောကျရယ်နေမိစဉ်မှာပဲ
ဆေးရုံခန်းတံခါးကပွင့်သွားကာ...
အထဲကိုလှမ်းဝင်လာတဲ့တစ်စုံတစ်ယောက်...
"ဘဏ္..."
"သူဌေး...."
မတူညီတဲ့နာမ်စားနှစ်ခုကမိန့်နဲ့သူမဆီမှ
ထွက်သွားခဲ့ချိန်မှာပဲဘဏ်ကနှစ်ယောက်လုံးကို
တစ်ချက်လှမ်းကြည့်ပြီးအနားကိုလျောက်လာ၏...
"ဆေးရုံဆင်းလက်မှတ်ရပြီလား..."
"ရပြီ..ငါအခုလေးတင်ယူလာတာ..."
မိန်ု့ပြန်ဖြေလိုက်တော့ဘဏ်ကသူမကို
ငဲ့ကြည့်ရင်း..
"အဲ့ဒါဆိုလဲသွားရအောင်လေ...မင်းရဲ့
ပစ္စည်းတွေသိမ်းပြီးပြီမဟုတ်လား..."
ပြောရင်းသူမရဲ့လက်ဂေ့ခ်ျကိုလှမ်းကိုင်ဖို့
ပြင်လိုက်တဲ့ဘဏ့်ရဲ့လက်ကိုမိန့်လှမ်းဆွဲ
လိုက်သည်။
"ခဏနေဦးလေ.."
"ဘာကိုလဲ..."
"မင်းဘုံ့အတွက်ဘယ်နေရာကိုစီစဉ်ပေး
ထားတာလဲငါ့ကိုပြောဦး..."
"ဒီအတိုင်းတိုက်ခန်းအပိုတစ်ခုမှာစီစဉ်
ပေးလိုက်တာ.."
"အေးလေ..အဲ့ဒါဘယ်နေရာကတိုက်ခန်းလဲလို့.."
"မင်းကဘာလုပ်မလို့လဲ..."
"ဟ..ဘာလုပ်ရမှာလဲ..ငါလဲတစ်ခါတလေ
ကျရင်ဘုံ့ဆီသွားလည်မလို့ပေါ့..."
"မလိုဘူး..မလည်နဲ့..."
တမင်ကပ်သပ်နေသောဘဏ့်ကြောင့်
မိန့်ကမျက်နှာကိုမဲ့သည်။ဘုံကတော့
သူတို့နှစ်ယောက်ကိုကြည့်ပြီး...
ပါးစပ်လေးအဟောင်းသားဖြစ်နေရ၏...
"တစ်ကယ်လို့..မင်းအားနေတဲ့အခါ
တစ်ယောက်ယောက်ဆီသွားလည်ချင်ရင်
ငါ့အိမ်လာခဲ့...လာ..သွားမယ်..."
ပြောပြောဆိုဆိုနှင့်ဘဏ်သူမလက်တစ်ဖက်ကိုပါ
ဆွဲကိုင်ပြီးလှည့်ထွက်လာခဲ့တော့
အနောက်ကနေကပ်ပါလာတာကမိန့်ရဲ့
မကျေမနပ်အသံ...
"ခွေးကောင်..ဘဏ်စုတ်..."
~~~~~~~~~~~~~❤◦.¸¸. ◦✿
"ခ.ခဏနေပါဦး..သူဌေး..."
ဘဏ်..ဆွဲခေါ်ရာနောက်ကိုကားပါကင်ထိ
အရုပ်လေးတစ်ရုပ်လိုပါလာပြီးမှ...
ရပ်ထားတဲ့ကားနားကိုအရောက်သူမက
လက်ကိုရုန်းထွက်လိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ဟို..ဘုံ..ဒေါက်တာ့ကိုတောင်သေချာ
မနူတ်ဆက်ခဲ့ရဘူး..."
ခုနကဆေးရုံခန်းထဲမှာသူတို့စကားများနေတာ
ဘုံ..ဒေါက်တာမိန့်ခွန်းကိုပင်နူတ်ဆက်ဖို့
မေ့သွားခဲ့တာလေ...
အခု...ပြောလိုက်ပေမဲ့လဲသူကတော့ဂရု
ပြုပုံမရပဲ ကားနောက်ဖုံးကိုဖွင့်ပြီး
လက်ဂေ့ခ်ျနဲ့ဘုံ့လက်ထဲကအိတ်ကိုပါယူကာ
ထည့်လိုက်သည်။
"ပြန်မတွေ့ရတော့မဲ့လူတွေမို့လို့လား..."
"ရှင်.."
"ကားပေါ်တက်..."
ပြောရင်းသူကကားရှေ့ခန်းတံခါးကိုဖွင့်ပေးတော့
ဘုံဝင်ထိုင်ရသည်။ခဏနေတော့သူက
မောင်းသူနေရာကိုရောက်လာ၏...
"ဘာလဲ..အဲ့ဒီ့အရုပ်က..."
ဘုံပိုက်ထားတဲ့ဝက်ဝံရုပ်လေးကို
မေးငေါ့ပြပြီးသူမေးလာတော့..ဘုံ
ယောင်နနနှင့်အရုပ်ကိုငုံ့ကြည့်လိုက်မိသည်။
"လူကဖြင့်ဒီအရွယ်ရောက်နေပြီ
အရုပ်တွေနဲ့ဆော့တုန်းလား..."
"ရှင်..မဟုတ်ပါဘူး..ဒါက.."
"ခါးပတ်ပါတ်ထား..."
ရှင်းပြမဲ့စကားမစခင်သူအမိန့်ပေးလာတော့
ဘုံကကပျာကယာခါးပတ်ပါတ်လိုက်ရပြန်၏...
ဘဏ်..အနည်းငယ်အူကြောင်ကြောင်
နိုင်နေသည့်သူမရဲ့အပြုအမူလေးတွေကြောင့်
သဘောကျစွာပြုံးလိုက်မိကာ
ကားကိုမောင်းထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒီကွန်ဒိုကလွန်ခဲ့တဲ့၁နှစ်လောက်ထဲက
ငါဝယ်ထားတာ...ဒီနေရာကကုမ္ပဏီနဲ့နီးတော့
ဒီမှာပြောင်းနေဖို့စဉ်းစားထားပေမဲ့..
ငါ့အဖိုးရဲ့ကျန်းမာရေးအခြေအနေကြောင့်
လာမနေဖြစ်ခဲ့ဘူး..ပရိဘောဂတွေ
အသုံးအဆောင်တွေကတော့အားလုံးအပြည့်ပဲ
ငါလာနေဖြစ်မယ်ထင်ပြီးပြင်ဆင်ထားတာလေ..
မင်းလူချည်းပဲလာနေဖို့အဆင်ပြေတယ်မဟုတ်လား.."
`အဆင်ပြေတာမှတစ်ဖက်ကမ်းတောင်
လွန်ပါတယ်´လို့သာဘုံပြောလိုက်ချင်တော့သည်။
ဒီလိုပရိဘောဂအပြည့်အစုံနဲ့အဆင့်မြင့်ကွန်ဒို
တိုက်ခန်းထဲမှာနေဖို့ဘာအဆင်မပြေစရာ
ရှိမှာမို့လဲ...
အတွေးနဲ့ဘုံတစ်ခုခုကိုစဉ်းစားလိုက်မိတော့
မျက်နှာလေးကစိုးရိမ်စွာမဲ့ကျသွားခဲ့ရရင်း...
"ဟို...သူဌေးရဲ့တိုက်ခန်းကဒီလောက်ကောင်းပြီး
ပြည့်စုံနေတာဆိုတော့...ဘုံက
လခဘယ်လောက်တောင်ပေးရမှာလဲဟင်..."
"လခလား.."
"ဟုတ်..."
"မင်းဘယ်လောက်ပေးနိုင်လဲ..."
"ရှင်..."
"ငါကမင်းကိုဒီတိုက်ခန်းမှာထားဖို့
စဉ်းစားမိတာက...ငါကိုယ်တိုင်လဲ
ဒီအခန်းကိုပစ်ထားတာကြာနေပြီလေ...
အဲ့ဒါကြောင့်..လူရှိနေရင်အခန်းလဲသန့်မယ်လို့
ပြီးတော့မင်းကလဲနေစရာအခက်အခဲရှိနေတာဆိုတော့
ငါစဉ်းစားပြီးမင်းကိုဒီမှာထားဖို့ဆုံးဖြတ်လိုက်တာ
အစောင့်သဘောမျိုးပေါ့..."
"အစောင့်..."
တညလုံးစဉ်းစားပြီးကြိုတင်ပြင်ဆင်ထားတဲ့
ဘဏ့်ရဲ့ဆင်ခြေကိုနားထောင်ပြီးသူမက
ခေါင်းရူပ်သွားဟန်နှင့်မျက်မှန်လေးကို
တစ်ချက်ပင့်တင်သည်။
"အဟမ်း..."
ဘဏ်...တစ်ခုခုပြောဖို့အရှိန်ယူလိုက်သလို
ချောင်းတစ်ချက်ကိုဟန့်လိုက်ပြီးနောက်..
"အဲ့ဒါကြောင့်..မင်းအိမ်လခပေးစရာမလိုဘူး
အဲ့ဒီ့အစား..ငါ့ရဲ့တိုက်ခန်းကိုကောင်းကောင်း
စောင့်ရှောက်ပေးပါ..."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အခန်းကြီးကအကျယ်ကြီးပဲ...
မိုက်လိုက်တာ..."
ဘုံ့ကိုမှာစရာရှိတာတွေမှာပြီးသူပြန်သွားတော့
ဘုံတစ်အိမ်လုံးကိုလှည့်ပါတ်ကြည့်ပြီး
နောက်ဆုံးသန့်ရှင်းပြောင်လက်နေတဲ့ထမင်းစားခန်းနှင့်
မီးဖိုခန်းကျယ်ကြီးကိုရောက်လာခဲ့သည်။
"ဝါး..."
အနီရောင်ရေခဲသေတ္တာကြီးကိုဘုံဖွင့်ကြည့်လိုက်ပြန်တော့
ပါးစပ်လေးအဟောင်းသားဖြစ်သွားခဲ့ရပြန်သည်။
အသားငါး၊သီးနှံတွေ၊နွားနို့ဘူး၊အအေးဘူးတွေနှင့်
အသီးအရွက်၊ကြက်ဥပါမကျန်....
စုံစင်လှတဲ့အရာတွေကရေခဲသေတ္တာထဲမှာ
သူ့နေရာနှင့်သူအစီအစဉ်တကျနှင့်ပြည့်နှက်
နေတာကိုမြင်လိုက်ရတော့ဘုံခဏနေ
နီးစပ်ရာcity martတစ်ခုကိုသွားဖို့
တွေးထားတဲ့အစီအစဉ်ကအလိုအလျောက်
ပျက်ပျယ်သွားခဲ့ရ၏...
"ဟင်.."
ထိုအချိန်ဘုံ့ရဲ့မျက်ဝန်းတွေက
ရေခဲသေတ္တာတနေရာမှာကပ်ထားတဲ့
စာရွတ်လေးကိုလှမ်းမြင်လိုက်တာမို့
ကပျာကယာလေးဖြုတ်ယူလိုက်သည်။
"အစားအသောက်အတွက်အပြင်မထွက်နဲ့.."
တိုတိုရှင်းရှင်းရေးထားတဲ့ခပ်သော့သော့
စာလုံးတွေကိုကြည့်ပြီးဘုံ့ရဲ့နူတ်ခမ်းဖူးလေးတွေက
ပြုံးသွားခဲ့ရသည်။
"Ring>>>Ring>>>"
ထိုစဉ်..ဘုံ့ရဲ့အပေါ်ထပ်အင်္ကျီအိတ်ထဲက
ဖုန်းမြည်သံကြောင့်..ဘုံကပျာကယာလေးပဲ
ဖုန်းကိုထုတ်ကာကြည့်လိုက်တော့...
"သူဌေး..."
မနေ့ကလေးတင်contactlist
မှတ်ထားခဲ့သောနာမည်ကြောင့်
ဘုံနူတ်ခမ်းလေးအသာဖိကိုက်ရင်း
ဖုန်းကိုနားမှာကပ်လိုက်၏...
"ဟဲလို...."
"အင်း...ငါတစ်ခုပြောဖို့မေ့ခဲ့လို့..."
"ဟုတ်...."
"မင်းတစ်ယောက်ထဲ..တိုက်ခန်းထဲမှာရော
နေရဲရဲ့လား..."
"ဘုံနေရဲပါတယ်..သူဌေးစိတ်မပူပါနဲ့နော်..."
"မိုးချုပ်ရင်အပြင်မထွက်နဲ့အခန်းထဲမှာပဲနေ
တစ်ခုခုဆိုငါ့ကိုချက်ချင်းဖုန်းဆက်ပါ..
မိန့်ထက်အရင်...."
"ရှင်.."
"ငါဖုန်းချလိုက်တော့မယ်..."
ဘုံဘာမှပြန်မပြောရသေးခင်မှာပဲ
သူဖုန်းချသွားပြန်တဲ့အခါ..
ဘုံ...သက်မဲ့ဖုန်းလေးကိုပြန်ကြည့်လိုက်မိတာက
နားမလည်နိုင်တဲ့မျက်ဝန်းလေးတွေနှင့်သာ
ဖြစ်တော့သည်။
"မိန့်ထက်အရင်ဆိုတဲ့သူ့ရဲ့စကားက
ဘယ်လိုအဓိပ္ပါယ်များလဲ..."
~~~~~~~~~~~❤◦.¸¸. ◦✿
ဆက်ရန် ^^^^^
Writer by
#Hazel