book

Index 11

အပိုင်း(၁၁)

  • Author : Hazel Nhte
  • Genres : Comedy, Drama, Horror

💛My Strange Girl💛<ထူးဆန်းသောချစ်သူ>


~~~~~~~~


"S o r r y...."


ဂျူတီကုတ်အိတ်ထဲလက်နှစ်ဖက်ထည့်လျက်

ရူတည်တည်မျက်နှာနှင့်ရပ်နေသော

မိန့်ရဲ့ရှေ့မှာမျက်နှာငယ်လေးနှင့်

တောင်းပန်စကားဆိုလာတာကသူမ....


"ခဏလေးဆိုပြီးထွက်သွားတဲ့သူက

မိုးချုပ်မှပြန်လာတယ်...ကျွန်တော်ဘယ်လောက်

စိတ်ပူနေလဲသိရဲ့လား..."


"ဘုံ..အရမ်းတောင်းပန်ပါတယ်နော်

ရှင်စိတ်မဆိုးပါနဲ့...ဘုံအစကတော့

ကိစ္စတစ်ခုပဲသွားလုပ်တာပါ..

ဒါပေမဲ့နောက်ထပ်ကိစ္စတစ်ခုကပေါ်လာပြီး

နောက်ကျသွားတာ...."


"ဘာကိစ္စလဲ..."


"ဟို..ဘုံ့ကိုလမ်းမှာကလေးသရဲတွေက

အကူအညီတောင်းလို့..."


"ဘယ်.ဘယ်လို..ကလေးသရဲ..."


မိန့်အလန့်တကြားဖြစ်သွားရလျှင်

သူမကခြေစုံရပ်နေရာကမရွေ့ပဲ

မိန့်ရှေ့ကိုကိုယ်လေးကိုင်းညွတ်လာလျက်

ခပ်တိုးတိုးလေးပြော၏...


"တစ်ကယ်တော့လေ...ဘုံညနေက

သူဌေးရဲ့ဟိုတယ်ကိုသွားခဲ့ရတာ..."


"ဘုံကဘဏ့်ရဲ့ဟိုတယ်ကိုသွားခဲ့ရတယ်

ဘာလို့လဲ..."


"အင်းး..အဲ့ဒါကလေပြောရရင်အရှည်ကြီးပဲ

အရင်ဆုံးမိန့်ကိုဘုံတစ်ခုလောက်မေးချင်လို့...

ညနေကလေDeepဟိုတယ်ကဝန်ထမ်းတစ်ယောက်

ဒီဆေးရုံကိုရောက်လာတယ်မဟုတ်လား...

ဟို..သတိလစ်နေတဲ့အမျိုးသမီးလေ..."


ဘုံ့စကားကြောင့်သူကတစ်ချက်စဉ်းစားသလို

ဖြစ်သွားပြီးမှ...


"ဟုတ်တယ်..ဟိုတယ်ကဝန်ထမ်းတစ်ယောက်

အဖျားကြီးပြီးသတိလစ်သွားလို့ထင်တယ်

ဆေးရုံကိုပို့လိုက်တာ..."


"ဒါဆို..အဲ့ဒီ့အစ်မကဘယ်အခန်းမှာလဲဟင်.."


"ဖျားနာဆောင်ကWard(2)ထဲမှာလေ

ဘုံကဘာလုပ်မလို့လဲ...အဲ့ဒီ့အမျိုးသမီးနဲ့

သိလို့လား..."


"ဟင့်အင်း..မသိပါဘူး...ဒါပေမဲ့

ဘုံသူ့ကိုသွားကြည့်ရမှာမို့လို့

ဟို..မိန့် ဘုံ့ကိုလိုက်ပို့ပေးလို့ရလားဟင်..."


ထုံးစံအတိုင်း မျက်နှာလေးမော့လျက်

မိန့်ကိုမျက်ဝန်းငေးငေးလေးတွေဖြင့်ကြည့်ကာ

သူမတောင်းဆိုလာပြန်လျှင်....

မိန့်ခမျာအလိုလိုခေါင်းငြိမ့်မိလျက်သား....


~~~~~~~~~~~~~❤◦.¸¸. ◦✿


"သူ့အခြေအနေကဘာမှစိုးရိမ်စရာမရှိတော့ပါဘူး

အဖျားကြီးပြီးသတိလစ်သွားတာ

အားနည်းနေတာလဲပါတာပေါ့..မနက်ကျရင်တော့

နိုးလာမှာပါ..."


ဘုံ..သူပြောတဲ့စကားကိုနားထောင်ရင်း

မျက်ဝန်းတွေကဆေးရုံကုတင်ပေါ်မှာ

နွမ်းလျစွာအိပ်ပျော်နေခဲ့သောအမျိုးသမီးကို

တစ်လှည့်..ကုတင်ဘေးမှာမျက်နှာငယ်လေးတွေနှင့်

ရပ်နေကြတဲ့ကလေးတွေကိုတစ်လှည့်

စိတ်မကောင်းစွာကြည့်လိုက်မိသည်။


"နင်တို့ဒီလိုတစ်ချိန်လုံးအမေ့နောက်ကနေ

လျောက်လိုက်နေလို့မရဘူးလေ...

ကိုယ်သွားရမဲ့နေရာကိုသွားရမှာပေါ့..."


"ဟင်..ဘုံဘယ်သူ့ကိုပြောလိုက်တာလဲ..."


"ဒီအစ်မရဲ့ကလေးတွေလေ..."


ဘယ်သူ့မှရှိမနေတဲ့ကုတင်ရဲ့ဘေးတစ်ဖက်ကို

စိုက်ကြည့်ပြီးပြောလိုက်တဲ့သူမကြောင့်

မိန့်ကြောင်သွားခဲ့ရ၏.. 


"ဘယ်မှာကလေးတွေရှိလို့လဲ..ဘုံရဲ့

ကျွန်တော်မမြင်ပါဘူး..."


"ဒေါက်တာဘယ်မြင်ရပါ့မလဲ...ကလေးတွေက

ဝိညာဉ်တွေကိုး..."


"ဗျ.ဗျာ..."


"ဘုံ..ဒီနေ့သူဌေးရဲ့ဟိုတယ်ကိုသွားခဲ့ရတာ

ဒီကိစ္စကြောင့်ပါ..ဘုံဆေးရုံကိုပြန်လာဖို့

ဘတ်စ်ကားစောင့်နေတုန်းဒီကလေး

နှစ်ယောက်ကဘုံ့ကိုလာပြီးအကူအညီတောင်းခဲ့တာ

သူတို့အမေနေမကောင်းပဲသန့်စင်ခန်းထဲမှာ

သတိလစ်နေတယ်ဆိုပြီး..."


"ဒါဆို..ဘုံက"


မိန့်ဆုံးအောင်ဆက်မပြောနိုင်တော့ပဲသူမကို

တစ်လှည့်၊ကလေးတွေရှိနေတယ်ဆိုတဲ့နေရာကို

တစ်လှည့်ကြည့်ကာကြက်သီးတွေထလာခဲ့စဉ်မှာပဲ


"ကျီ..."


"ဟေ့..ဟေ့.."


ကုတင်ဘေးမှာရှိနေတဲ့သစ်သားထိုင်ခုံက

တစ်ယောက်ယောက်ကဆွဲလိုက်သလို့

အသေအချာကြီးရွေ့သွားတာကိုမြင်လိုက်ရတဲ့အခါ..မိန့်

အသည်းအသန် အော်လိုက်မိရင်းလူကလဲ

အနောက်ကိုခြေလှမ်းဆုတ်သွားရ၏...


"ဒီကလေးတွေကတော့...ဆေးရုံခန်းထဲမှာ

မဆော့ရဘူးလေ..အမေနေမကောင်းတာ

နိုးသွားရင်ဘယ်လိုလုပ်မလဲ..."


မိန့်ဘေးကသူမကထိုင်ခုံကိုခပ်စူစူးလေးကြည့်ရင်း

လှမ်းဟောက်လိုက်တဲ့အခါချက်ချင်းပင်ထိုင်ခုံက

ငြိမ်သက်သွားသည်။


"ဘုံ..ဒါ.ဒါက..."


မိန့်အထစ်ထစ်အငေါ့ငေါ့နှင့်

ထိုင်ခုံကိုလက်ညိုးထိုးလိုက်လျှင်

မိန့်ဘက်ကိုလှည့်ကာမချိပြုံးလေးပြုံးရင်း

သူမပြောလာတဲ့စကားက..


"ဒီကလေးသရဲတွေက...ပြောမကောင်းဘူး..."တဲ့လေ...


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ရှင့်ကိုကြည့်ရတာအရမ်းစိတ်ရူပ်သွားတဲ့ပုံပဲ

ဘုံတောင်းပန်ပါတယ်နော်..."


စင်္ကြန်လမ်းမှာနှစ်ယောက်အတူလျောက်လာနေရင်း

ထိုအမျိုးသမီးရဲ့အခန်းထဲကထွက်လာကထဲက

ငြိမ်သက်နေတဲ့သူ့ကိုခေါင်းလေးငဲ့စောင်း

မော့ကြည့်ကာဘုံမေးလိုက်တော့သူက

ပြုံးပြီးခေါင်းယမ်းပြသည်။


"ဘုံကအရမ်းထူးဆန်းတာပဲလို့..

ရှင်တွေးနေတယ်မဟုတ်လား...."


"အဲ့လိုထူးဆန်းနေမှလဲဘုံကြိုးပြတ်

ပီသမှာမဟုတ်လား..ဘုံကထူးဆန်းတဲ့

ကောင်မလေးဖြစ်နေလို့လဲကျွန်တော်ဘုံ့ကို

သတိထားခဲ့မိတာလေ...ဘုံ့ကို

ကျွန်တော်ရဲ့လျိူ့ဝှက်ချက်တစ်ခုပြောပြရမလား...

ကျွန်တော်ကဆရာဝန်လုပ်နေပေမဲ့

သရဲတော့တစ်ကယ်ကြောက်တယ်..."


မိန့်စကားကြောင့်သူမကသွားတန်းလေးတွေ

ပေါ်အောင်ရယ်ပြီးမျက်နှာလေးအရှေ့ကို

ပြန်လှည့်သွား၏...


"တစ်ကယ်တော့သူတို့တွေကတစ်ခါတလေကျရင်

ကြောက်စရာထက်၊သနားဖို့ပိုပြီးကောင်းတယ်...

ဘုံဒီအချိန်ထိ၊ဝိညာဉ်တွေနဲ့မရေမတွက်နိုင်အောင်

တွေ့ကြုံခဲ့ဖူးတယ်...တစ်ခါတလေကျရင်

သူတို့ကြောင့်ဘုံအသက်မရှင်ချင်လောက်အောင်

စိတ်ညစ်ရပေမဲ့..တစ်ခါတလေကျရင်

သူတို့ကြောင့်ဘုံ့ရဲ့ရှင်သန်မူ့ကိုဘုံဂုဏ်ယူနေမိပြန်ရော..

ဘုံကဘုံ့ရဲ့မိသားစုနဲ့ဘုံ့ရဲ့ပါတ်ဝန်းကျင်အတွက်

အသုံးမကျတဲ့မိန်းကလေးဖြစ်နေရင်တောင်

အားကိုးရာမဲ့တဲ့ဝိညာဉ်တွေအတွက်တော့

ဘုံကနေတစ်စင်းလိုပဲတဲ့လေ....."


ရှည်လျားလှတဲ့စကားသံလေးအဆုံး

သူမကသက်ပြင်းငွေ့ငွေ့လေးချသည်။


"ဘုံကစိတ်ကောင်းရှိပြီးကြင်နာတတ်တဲ့

မိန်းကလေးဆိုတာ..ဘုံ့ကိုစတွေ့ကထဲက

ကျွန်နော်ခံစားမိပါတယ်...စဉ်းစားကြည့်လေ

ဒီလိုကြောက်စရာကောင်းတဲ့သရဲဝိညာဉ်တွေကိုတောင်

ဘုံကတွေးပေးနေတာ..."


"အဟင်း..."


ရုတ်တရပ်ခေါင်းလေးမော့ပြီးရယ်လိုက်တဲ့

သူမရဲ့ဟန်ပန်လေးမှာမိန့်ငေးမောမိသွားခဲ့ရင်း..


"ဘဏ်ပြန်လိုက်ပို့ပေးတာလား..."


"ရှင်..."


"ဪ...ဟိုတယ်မှာဘဏ်နဲ့ဆုံခဲတယ်ဆိုတော့

ဘုံကိုဘဏ်ကပြန်လိုက်ပို့ပေးလားလို့မေးကြည့်တာ.."


"အင်း..ဟုတ်တယ်.."


တိုတိုရှင်းရှင်းဖြေရင်းအနည်းငယ်အရောင်ရင့်

သွားတဲ့မျက်နှာလေးကိုသူမကချက်ချင်း

အောက်ငုံ့သွား၏...


ပြီးတော့သိသိသာသာပင်မိန့်နဲ့ယှဉ်လျောက်နေရာက

အရှေ့ကိုကျော်တက်သွားပြန်တဲ့သူမရဲ့

ကျောပြင်လေးကိုကြည့်ပြီးမိန့်ခပ်သဲ့သဲ့ပြုံးလိုက်မိ

ရင်း...


"ဘဏ့်ရဲ့အကြောင်းပြောလိုက်တာနဲ့

မင်းမျက်နှာလေးကအရောင်ပြောင်းသွားတယ်

ဆိုတာ..မင်းကိုယ်တိုင်ရောသတိထားမိပါ့မလား

ဘုံ..."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကာကွယ်ပေးမယ်..မင်းကို.."


"အဲ့ဒါကြောင့်..ခုချိန်ကစပြီးဘာကိုမှ

မင်းတစ်ယောက်ထဲမလုပ်ပါနဲ့

မင်းဘေးမှာငါရှိနေမယ်..."


ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်လိုက်တဲ့

အချိန်ခဏအတွင်းဖြစ်ပျက်ခဲ့သော

အခိုက်အတန့်လေးတစ်ခုကိုပြန်စဉ်းစား

လိုက်မိချိန်မှာ...ထူးဆန်းစွာပဲ..

ဘဏ်အလုပ်ထဲမှာအာရုံစိုက်၍မရတော့...


"ကျစ်...ငါတစ်ကယ်ပဲဘာတွေလုပ်လိုက်မိတာပါလိမ့်

ဒီရင်ကရောဘာလို့ဒီလောက်ခုန်နေတာလဲ...


ထိုအကြောင်းကိုစဉ်းစားလိုက်တာနှင့်

ကိုယ့်နှလုံးခုန်သံကိုယ်ပြန်ကြားနေတာကိုပဲ

မကျေမနပ်နှင့်ဘဏ်..ဘယ်ဘက်ရင်အုံကို

လက်သီးဆုပ်ဖြင့်ခပ်ပြင်းပြင်းတစ်ချက်ထုလိုက်သည်။


"မင်းကငါ့ကိုထူးဆန်းအောင်လုပ်နေတာပဲ

ဘုံ..."


အလုပ်ထဲမှာအာရုံဘယ်လိုမှစိုက်မရတော့မဲ့

အတူတူဘဏ်laptopကိုပိတ်ပြီး

စာကြည့်စားပွဲမှထကာ...အိပ်ယာပေါ်

ပစ်လှဲချလိုက်ပြီးမျက်ဝန်းတွေကို

ဖိပိတ်လိုက်တဲ့အခါ...


သူမကိုစတွေ့တဲ့အချိန်ကနေအခုလက်ရှိ

အချိန်တွေအထိမြင်ကွင်းပုံရိပ်တွေက

အာရုံထဲအစီအရီပေါ်လာခဲ့ပြန်သည်။


"ဟာကြာ..."


ဘဏ်...ဖျတ်ခနဲမျက်လုံးတွေပြန်ဖွင့်ကာ

ထထိုင်လိုက်မိ၏....


ဒါတောင်မျက်ဝန်းတွေထဲအနီးကပ်ဆုံး

စွဲထင်နေတဲ့သူမရဲ့ပုံရိပ်လေးကတော့

ပျောက်ကွယ်မသွားခဲ့....


"ငါဘာတွေဖြစ်နေတာလဲ...


ဝန်မခံချင်သော်လဲကိုယ့်ကိုကိုယ်

လိမ်ညာမရတော့တဲ့အခြေအနေတစ်ခုရဲ့

အဆုံးသတ်ကတော့..ဤညမှာ

သူမကဘဏ့်ကိုအိပ်မပျော်နိုင်အောင်

ပြုစားထားခဲ့ပြီဆိုတာပါပဲ....


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ညကအိပ်မပျော်ဘူးလား..မြေး..."


breakfastစားဖို့ထမင်းစားခန်းထဲ

အကျောဆန့်လျက်ခြေချရုံရှိသေး..

စားပွဲမှာရောက်နှင့်နေပြီဖြစ်တဲ့

အဖိုးကလှမ်းမေးလာ၏...


"မဟုတ်ပါဘူး...ကျွန်တော်ညက

အိပ်ယာဝင်တာနောက်ကျလို့ပါ..."


နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကိုတစ်ချက်

သပ်တင်လိုက်ကာဘဏ်ဟန်မပျက်ပြန်ဖြေရင်း

စားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်။


"မနေ့ကချိန်းထားတာကိုဖျက်လိုက်တယ်ဆို..."


"ဟုတ်..ကျွန်တော်အရေးကြီးကိစ္စတစ်ခု

ပေါ်လာလို့..."


"ဘာကိစ္စလဲ...အဖိုးကြားတာတော့မနေ့က

ငါ့မြေးချိန်းထားတာကိုမသွားနိုင်တာ..

ဟိုတယ်မှာကောင်မလေးတစ်ယောက်ကြောင့်

အလုပ်ရူပ်သွားလို့ဆိုပဲ..."


"ဗျာ..."


အဖိုးရဲ့စကားကြောင့်ဘဏ်`ဗျာ´ခနဲဖြစ်သွားရလျှင်

အဖိုးကဘဏ့်ကိုကြည့်ပြီးပြုံးသည်။


"အဖိုးကိုဘယ်သူပြောလဲ..."


"အဲ့ကောင်မလေးကဘယ်သူလဲ..."


မြေးအဖိုးနှစ်ယောက်ပြိုင်တူပြောမိကြပြန်၏...


"သဘောကျနေတဲ့မိန်းကလေးရှိနေရင်လဲ

အဖိုးကိုပြောမှပေါ့..အဲ့ဒါဆိုအဖိုးလဲ

မြေးကြောင့်အပင်ပန်းခံနေစရာမလိုတော့ဘူးလေ.."


"အဲ့လိုမဟုတ်ပါဘူးအဖိုးရာ..သူနဲ့ကျွန်တော်က

ဘာမှမဆိုင်ဘူး..."


"ဘာမှမဆိုင်ဘူးဟုတ်လား...လရောင်

ပြောတော့မြေးကအဲ့ကောင်မလေးကို

လိုက်ပို့ရင်းဆေးရုံရှေ့မှာတောင်.....အဟမ်း.."


စကားကိုဆုံးအောင်မပြောပဲ

မျက်နှာပူသွားဟန်နှင့်အဖိုးကချောင်းတစ်ချက်

ဟန့်လိုက်ရင်း..လက်နှစ်ဖက်နှင့်ပွေ့ဖက်တဲ့ပုံစံ

လုပ်ပြသည်။


ဘဏ့်မှာတော့အဖိုးရဲ့အပြုအမူကြောင့်

မျက်နှာကိုရေနွေးနှင့်ပက်သလိုခံစားလိုက်ရရင်းမှ

တစ်ဆက်ထဲ...အဖိုးရဲ့စကားထဲပါလာတဲ့

လရောင်ဆိုတဲ့နာမည်ကြောင့်

တရားခံအစစ္​ကိုတိတိက်က်

သဘောပေါက်သွားခဲ့ရင်း...


~~~~~~~~~~~~~~


"လရောင်သွေး...."


တံခါးဝဆီကဟိန်းခနဲခေါ်သံထွက်လာလျှင်

ပေါ်တီကိုကကားနားမှာရပ်နေသော

လရောင်မတ်ခနဲဖြစ်သွားခဲ့ရသည်။


"အ.အစ်ကိုလေး....."


"မင်းကငါ့အကြောင်းကိုအဖိုးရှေ့မှာပြန်ပြောရဲတယ်ပေါ့လေ... "


"အဟဲ..အဲ့.အဲ့ဒါက..."


မျက်နှာချိူသွေးရယ်ပြလိုက်ပေမဲ့

အလုပ်မဖြစ်တော့ပုံပါပဲ..ဘဏ်က

အင်္ကျီလက်တွေကိုခေါက်တင်ပြီး

သူ့ဆီခြေလှမ်းကြဲကြီးတွေနှင့်လှမ်းလာတာကို

မြင်လိုက်တဲ့အခါ..လရောင်လုပ်နိုင်တာတစ်ခုက

ခြေကုန်သုတ်ပြီးခြံထဲသို့ပြေးဆင်းသွားခြင်းသာ

ဖြစ်တော့၏..


"အခုမှဘယ်ကိုပြေးတာလဲ..မင်းလာခဲ့စမ်း..."


"အစ်ကိုလေး..စိတ်ထိန်းနော်..လွန်.လွန်မယ်..."


"ခွေးကောင်လေး..မင်းမပြေးနဲ့...."


ဘဏ့်ရဲဒေါသကိုသိနေတဲ့လရောင်

မြတ်ခင်းပြင်ထက်ခြေကုန်သုတ်ပြေးပေးမဲ့

ဘဏ်ကလဲမမှီမှီအောင်လိုက်ပြီး

ခြေထောက်ဖြင့်ကန်သည်။


ခြံထဲကနှစ်ယောက်ရဲ့ဝရုန်းသုန်းကား

မြင်ကွင်းကိုဝရန်တာကနေရပ်ကြည့်နေရင်း

ပြုံးလိုက်မိသူက...ဘဏ့်ရဲ့အဖိုးဥက္ကဌကြီး

ဦးမင်းခေါင်...


"ကြည့်ရတာ နောက်ဆိုဘဏ့်အတွက်

ကြင်ဖက်တွေ့ဆုံပွဲတွေခေါင်းခြောက်ခံပြီး

စီစဉ်ပေးစရာမလိုတော့ဘူးထင်တယ်..."


"လရောင်ပြောတဲ့ကောင်မလေးက

တစ်ကယ်ပဲအစ်ကိုလေးနဲ့ပါတ်သတ်နေတယ်လို့

လူကြီးမင်းကထင်နေတာများလား..."


ဘေးမှာရပ်နေတဲ့လူယုံတော်ကြီးဦးထူးရဲ့

အမေးကြောင့်ဦးမင်းခေါင်ကအသိခက်စွာပြုံးသည်။


"ဘဏ့်အကြောင်းကိုမင်းလဲကောင်းကောင်း

သိတယ်မဟုတ်လား...ဒီကလေးကစိတ်ထဲမရှိဘူးဆိုရင်

ဟန်ဆောင်ပန်ဆောင်တောင်လှည့်မကြည့်တတ်တဲ့

လူမျိုးပါ..."


"ဒါဆို..လရောင်ပြောတဲ့ကောင်မလေးကို

ကျွန်တော်စုံစမ်းကြည့်လိုက်ရမလား...

ဥက္ကဌကြီး...."


"အဲ့လိုလုပ်လိုက်ပါ...ဒါနဲ့

လရောင်ပြောတယ်မဟုတ်လား...

အဲ့ဒီ့မိန်းကလေးရဲ့နာမည်ကဘယ်သူ..."


"ဘုံကြိုးပြတ်ပါ..."


"ဘုံကြိုးပြတ်...ဘုံကြိုးပြတ်တဲ့လား...."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ခင်ဗျားဘယ်လိုနေသေးလဲ..နေရတာ

သက်သာရဲ့လား..."


"ဟုတ်.ဟုတ်ကဲ့သက်သာပါတယ်ရှင်

ခုလို...သူဌေးကိုယ်တိုင်သတင်းလာမေး

ပေးတာကိုလဲ..အရမ်းကျေးဇူးတင်ပါတယ်ရှင်..."


ပုံသဏ္ဍာန်ကဖျော့တော့နွမ်းလျနေခဲ့သော်လဲ

ဘဏ့်ကိုအားကိုးတကြီးကြည့်ရင်း

ကျေးဇူးတင်စကားဆိုနေတဲ့မသီရိဆွေ...


"ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး

တစ်ကယ်တမ်းခင်ဗျားကျေးဇူးတင်ရမှာသူ့ကိုပါ..."


ဘဏ်ပြောရင်း..ဘေးမှာမိန့်နဲ့အတူရပ်နေတဲ့

သူမအားညွှန်ပြလိုက်သည်။


"သူသာခင်ဗျားသန့်စင်ခန်းထဲမှာသတိလစ်နေတာကို

မသိခဲ့ရင်..ခင်ဗျားခုလိုကံကောင်းနိုင်မှာ

မဟုတ်ဘူး..."


"ဟုတ်ကဲ့..ကျေးဇူးအများကြီးတင်ပါတယ်

မိန်းကလေးရယ်..."


မသီရိဆွေရဲ့အားကိုးတကြီးမျက်ဝန်းတွေက

ဘဏ့်ဆီကနေသူမထံရွေ့သွားခဲ့တော့

သူမကအပြုံးလေးနှင့်ခေါင်းယမ်းပြသည်။


"မသီရိဆွေဘယ်တော့လောက်

ဆေးရုံကဆင်းရမလဲမိန့်...."


"၁ရက်၂ရက်တော့ငါတို့စောင့်ကြည့်ရဦးမယ်

သူအခြေအနေမထူးခြားလာဘူးဆိုရင်တော့

ဆေးရုံချက်ချင်းဆင်းလို့ရမှာပါ..."


"သူ့ရဲ့ဆေးရုံစရိတ်တွေကိုတော့ငါ့စာရင်းထဲပဲ

ထည့်ပေး..."


"အင်း..."


"အစ်မ..ခင်ဗျားလဲဆေးရုံကဆင်းရင်

ဟိုတယ်မှာဆက်ပြီးအလုပ်ဆင်းစရာ

မလိုတော့ပါဘူး..."


"ရှင်..."


ဘဏ့်စကားကြောင့်မသီရိဆွေအထိတ်တလန့်

ဖြစ်သွားခဲ့သလိုသူမနဲ့မိန့်ကလဲ

ဘဏ့်ကိုအံ့ဩသလိုကြည့်လာသည်။


ဘဏ်ကတော့ဒီကိုမလာခင်စဉ်းစားဆုံးဖြတ်

ထားတဲ့အတိုင်းအားလုံးကိုတစ်ချက်ဝေ့ကြည့်

လိုက်ရင်း...


"အိမ်မှာနာတာရှည်လူမမာရှိတယ်မဟုတ်လား

လူမမာကိုပြုစုရင်းတစ်ဖက်နဲ့..ဟိုတယ်

သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်အဖြစ်

အလုပ်လုပ်နေရတာမလွယ်မှန်းသိပါတယ်..

သားနှစ်ယောက်ကိုဆုံးရူံးခဲ့ရတာမကြာသေးတဲ့

မိခင်တစ်ယောက်ဆိုတော့စိတ်ပိုင်းဆိုင်ရာ

ထိခိုက်မူ့လဲများနေမယ်ဆိုတာလဲကျွန်တော်

နားလည်ပါတယ်...."


စကားကိုခဏရပ်ပြီးဘဏ်ကုတ်အင်္ကျီထဲမှ

ပိုက်ဆံအိတ်ကိုထုတ်ယူကာအသင့်ပြင်ထားတဲ့

ချက်စ်လက်မှတ်အားမသီရိဆွေရဲ့လက်ထဲသို့

အသေအချာထည့်ပေးလိုက်၏...


"သူ.သူဌေး...."


ချက်စ်လက်မှတ်ပေါ်ကသိန်း၁၀၀ဆိုတဲ့ပမာဏ

ကိုကြည့်ပြီးမသီရိဆွေကဘဏ့်ကိုတုန်လူပ်စွာ

မော့ကြည့်လာတဲ့အခါဘဏ်ခပ်သဲ့သဲ့ပြုံးပြလိုက်မိ၏...


"ဒီငွေတွေနဲ့အိုးမကွာ၊အိမ်မကွာစီးပွားရေး

တစ်ခုလုပ်ပြီးကျန်နေတဲ့မိသားစုဝင်ကို

စောင့်ရှောက်ပါ...ဒါ..သားတွေဆုံးရူံးခဲ့ရတဲ့

မိခင်တစ်ယောက်အတွက်ကျွန်တော့်ရဲ့

စာနာမူ့မို့အားနာစရာမလိုပါဘူး..."


"ဟင့်...ဟင့်.."


ဘဏ့်ရဲ့စကားဆုံးတာနှင့်ဆေးရုံခန်းထဲ

ပျံ့လွင့်သွားခဲ့တာကမသီရိဆွေရဲ့ငိုရိူက်သံ...


"ကျေးဇူးတင်ပါတယ်သူဌေး..တစ်ကယ်ပဲ

ကျေးဇူးတင်ပါတယ်ရှင်..."


ဘဏ်သူမနဲ့မိန့်ရှိရာကိုငဲ့ကြည့်လိုက်တော့

သူတို့နှစ်ဦးရဲ့မျက်ဝန်းတွေမှာလဲ

ကြည်နူးနှစ်သိမ့်ခြင်းတို့ရောယှက်ထားသော

မျက်ရည်ကြည်တွေဖြင့်သာ....


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဒါဆို..အဲ့ဒီသူဌေးအစ်ကိုကအမေ့ကို

ပိုက်ဆံတွေအများကြီးပေးလိုက်တာပေါ့နော်

ဟုတ်လား...အစ်မ..."


ဆေးရုံခေါင်မိုးထပ်ကခုံတန်းလေးမှာထိုင်နေတဲ့

ဘုံ့ရဲ့ရှေ့မှာရပ်နေရင်း..မေးလာတဲ့

ကလေးနှစ်ယောက်...


"ဟုတ်တယ်..အဲ့ဒါကြောင့်သားတို့အမေက

နောက်ဆိုပင်ပင်ပန်းပန်းအလုပ်လုပ်စရာ

မလိုတော့ဘူး...အိမ်မှာဆိုင်လေးတစ်ခု

ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်သားတို့အဖေကို

စောင့်ရှောက်ပြီးနေသွားလို့ရပြီလေ..."


ဘုံ့ရဲ့စကားဆုံးတော့...ကလေးနှစ်ယောက်က

မျက်နှာလေးတွေညိုးသွားကြရင်း

ဘုံ့ရဲ့ဘေးနှစ်ဖက်မှာတစ်ယောက်ဆီ

ဝင်ထိုင်ကြသည်။


"သားတို့ကအမေ့ကိုချမ်းချမ်းသာသာ

ပြည့်ပြည့်စုံစုံနဲ့မပင်ပန်းအောင်ထားချင်တာ

သားတို့ကျောင်းစာကိုကြိုးစားသင်ပြီး

ပညာတတ်ကြီးတွေဖြစ်တဲ့အခါမှ....အမေ့ကို

အဲ့လိုထားနိုင်မယ်လို့အမေကခဏခဏပြောတယ်..

ဒါပေမဲ့သားတို့ကအမေ့ကိုအရင်ခွဲထွက်လာခဲ့ရတယ်.."


ပြောရင်းခေါင်းငုံ့လျက်မျက်ရည်တွေကို

ကြိတ်သုတ်လိုက်တဲ့ကလေး

နှစ်ယောက်ကိုကြည့်ပြီးဘုံရင်ထဲနင့်

သွားခဲ့ရသည်။


"လူသားတွေအတွက်မွေးဖွားလာခဲ့ပြီးရင်

သေခြင်းတရားဆိုတဲ့အရာကိုတနေ့ကျရင်

ဘယ်သူမှမရှောင်လွှဲနိုင်ပဲ..ရင်ဆိုင်ကြရမှာ

ချည်းပါပဲ.. သားတို့နှစ်ယောက်က

အတိတ်ကံအကျိူးပေးမကောင်းလို့

ဒီဘဝမှာဒီလောက်ပဲကံပါလာခဲ့ပေမဲ့..

နောက်ထပ်ဘဝတစ်ခုမှာပြန်လည်ဝင်စားခဲ့ရင်

ဒီလိုအဖြစ်ဆိုးတွေကကင်းဝေးပါစေလို့

အစ်မဆုတောင်းပေးနေပါ့မယ်..."


"အစ်မကိုသားတို့ကျေးဇူးတင်ပါတယ်..

သားတို့အစ်မကိုသာမတွေ့ခဲ့ရင်

ဘယ်အချိန်မှသားတို့အမေကိုစိတ်ချပြီး

ထွက်သွားနိုင်မယ်ဆိုတာမသိတော့ဘူး..."


"သားတို့လို..ကလေးတွေအတွက်

ဒီလောကကြီးမှာကျင်လည်နေရတာ

ဘယ်လောက်ထိပင်ပန်းခက်ခဲမလဲဆိုတာ

အစ်မသိပါတယ်..အဲ့ဒါကြောင့်အခုပဲ

ကိုယ်သွားရမဲ့နေရာကိုဘာကိုမှ

နောက်ဆံတင်းမနေတော့ပဲ..

သွားကြပါတော့..သားတို့မြန်မြန်

ထွက်သွားနိုင်မှ..နောက်ဘဝတစ်ခုကိုဝင်စားဖို့

အခွင့်အရေးရမှာမဟုတ်လား..."


ဘုံ့ရဲ့စကားကိုဆုံးအောင်နားထောင်ပြီး

ကလေးနှစ်ယောက်ကထိုင်ရာကနေထရပ်ကာ

လက်ချင်းတွဲလိုက်ကြရင်းဘုံ့ကိုပြန်ကြည့်လာကြတော့

ဘုံကိုယ်တိုင်လဲထရပ်လိုက်မိသည်။


"သားတို့အစ်မကိုကျေးဇူးတင်ပါတယ်..

အစ်မအစစအရာရာကံကောင်းပါစေ.."


ခေါင်းလေးတွေညွတ်ကာကျေးဇူးတင်စကား

ဆိုပြီးကလေးနှစ်ယောက်ကဘုံ့ကိုလက်ပြ

နူတ်ဆက်နေရင်းမှာပဲအလင်းတန်းတစ်ခုက

ကလေးတွေကိုလွှမ်းခြုံလာခဲ့ပြီးနောက်မှာတော့

ဘုံ့မျက်စိရှေ့မှသနားစရာခလေးနှစ်ယောက်လဲ

ပျောက်ကွယ်သွားခဲ့လေတော့၏...


"အမြွှာလေးနှစ်ယောက်..ကောင်းရာဘုံဘဝကို

ရောက်ရှိပါစေ..."


လက်နှစ်ဖက်ကိုဆုပ်ယှက်ပြီးဘုံမျက်ဝန်းတွေ

မှိတ်ကာတောင်းဆုပြုလိုက်တဲ့အခါပါးပြင်ထက်သို့

စီးကျလာသောမျက်ရည်စများ...


ထိုအချိန်နွေးထွေးတဲ့လက်တစ်ဖက်က

ဘုံ့ရဲ့ပခုံးလေးကိုဖွဖွဆုပ်ကိုင်လာခဲ့တဲ့အခါ

ဘုံမျက်ဝန်းတွေကိုပြန်ဖွင့်ကြည့်လိုက်မိသည်။


"သူဌေး.."


ဘယ်အချိန်ထဲကဘုံ့အနားကိုရောက်နေမှန်း

မသိတဲ့သူကဘုံ့ကိုငုံ့မိုးစိုက်ကြည့်ရင်း

လက်ထဲမှာရှိနေတဲ့လက်ကိုင်ပဝါနဲ့

ဘုံ့ပါးပြင်ထက်ကမျက်ရည်စတို့ကို

ညင်သာစွာသုတ်ဖယ်ပေး၏...


"သူတို့သွားကြပြီလား..."


"အင်းး..နောက်ဆုံးတော့သူဌေးကြောင့်

သူတို့အမေကိုသူတို့စိတ်ချသွားနိုင်ပြီလေ...

သူဌေးသိလား...လူတစ်ယောက်သေဆုံးသွားတဲ့အခါ

ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေလိုပဲ

ထွက်သွားတဲ့လူကလဲနာကျင်ခံစားရပါတယ်..

တစ်ချို့ဆို..ကျန်နေခဲ့တဲ့သူတွေကိုစိတ်မချနိုင်တဲ့အခါ..

သွားရမဲ့နေရာကိုမသွားနိုင်ပဲလေလွင့်ဝိညာဉ်အဖြစ်နဲ့

ဒီဘဝမှာပဲတဝဲလည်လည်ဖြစ်နေရရှာတယ်..

ဘုံဝိညာဉ်တွေအများကြီးကိုတွေ့ခဲ့ဖူးပေမဲ့....

ဒီနေ့လောက်ဘယ်သူ့မှဘုံ့ကိုစိတ်မထိခိုက်

​ေစခဲ့ဖူးဘူး..."


တဖြေးဖြေးတိမ်ဝင်သွားတဲ့စကားသံလေးနှင့်

သူမခေါင်းငုံ့သွားတဲ့အခါပခုံးလေးနှစ်ဖက်က

သိမ့်ခနဲတစ်ချက်တုန်သွားခဲ့သည်။


ဘဏ်..သူမဆံပင်တွေကိုတစ်ချက်သပ်ပေး

လိုက်ရင်း..သူမကိုယ်လေးအား

ရင်ခွင်ထဲဆွဲသွင်းပွေ့ဖက်ထားလိုက်သည်။


"မင်းကသနားစရာဝိညာဉ်အတွက်

နေတစင်းလိုပဲမဟုတ်လား...."


"ဟင့်...ဟင့်..."


သူမဘာစကားမှတုံ့ပြန်မလာတော့ပါ

အသံထွက်အောင်သာရိူက်ငိုရင်း

သူမရဲ့လက်အစုံကဘဏ့်ရဲ့ခါးကို

တဆင့်ချင်းတုံ့ပြန်ပွေ့ဖက်လာခဲ့တဲ့အခါ

ဘဏ်သူမကိုယ်လေးကိုသာပိုပြီး

တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်

မိတော့၏....


"............."


မှန်နံရံတစ်ချပ်ခြားပြီးမြင်နေရတဲ့

မြင်ကွင်းကိုအပြုံးနှင့်ကြည့်နေပေမဲ့

ဆန့်ကျင်ဘက်ရင်ထဲကနာကျင်မူ့များနှင့်

နေရာကနေတစ်လှမ်းချင်းကျောခိုင်းလိုက်သူကတော့

မိန့်....


"မင်းအနားမှာ..ဘဏ်ရှိနေတဲ့အခါ

ကိုယ်ကအလိုလိုနောက်ရောက်သွားခဲ့တာပဲ

ဘုံ...."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန်


Writer by

#Hazel


rate now: