💛My Strange Girl💛<ထူးဆန်းသောချစ်သူ>
~~~~~~~~
ုဘုံ..ကလေးသရဲနှစ်ယောက်ရဲ့
ဦးဆောင်မူ့နှင့် နောက်ဆုံးဟိုတယ်
ဝန်ထမ်းတွေရဲ့..အဝတ်လဲခန်းဘက်ထိ
ခိုးကြောင်ခိုးဝှက်နှင့်ရောက်လာခဲ့ရသည်။
"အမေက...ဒီထဲမှာ..."
ပြောပြောဆိုဆိုနှင့်ကလေးနှစ်ယောက်က
သီးသန့်အဝတ်လဲခန်း၏တံခါးကိုဖြတ်ပြီး
ဝင်သွားကြသည်။
ဘုံထပ်ပြီးအချိန်မဆွဲနေတော့ပဲ
ကလေးတွေဝင်သွားတဲ့တံခါးကို
ဖွင့်ရန်ပြင်လိုက်စဉ်...
"ဟေ့..."
"အမလေး..."
ရုတ်တရပ်အသံနှင့်အတူဘုံ့ရဲ့ပခုံးတစ်ဖက်ကို
ဆုပ်ကိုင်လိုက်တဲ့လက်တစ်ဖက်ကြောင့်
ဘုံလန့်ဖျတ်အော်လိုက်မိပြီးအနောက်ကို
လှည်ု့ကြည့်လိုက်ချိန်မှာ..ဘုံ့ဦးခေါင်းတည့်တည့်ကို
မိုးကြိူးပစ်ခံလိုက်ရသလိုခံစားလိုက်ရသည်။
"သူ.သူဌေး..."
ဘုံနောက်မှာကပ်ကပ်လေးရပ်နေပြီး
မျက်ခုံးတန်းတွေတွန့်ချိူးလျက်ဘုံ့ကိုစူးစမ်းသလို
ကြည့်နေခဲ့တာကဘုံဘယ်လိုမှမျှော်လင့်
မထားတဲ့သူ...
"မင်း...ဒီမှာဘာလုပ်နေတာလဲ..."
"ရှင်..."
"ဒါ..ဟိုတယ်ဝန်ထမ်းတွေကလွဲရင်
အပြင်လူတွေဝင်ခွင့်မရှိတဲ့နေရာ..."
"ဟို..ဘုံ.ဘုံက..."
ရုတ်တရပ်ကြီးရောက်လာတဲ့သူ့ကို
ဘုံဖြေရှင်းချက်မပေးနိုင်ပဲ
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေခဲ့တော့
သူက..ပခုံးကိုဆုပ်ကိုင်ထားတဲ့လက်ကို
ဘုံ့လက်လေးအားပြောင်းပြီးဆွဲယူဆုပ်ကိုင်၏...
"ဘုံကိုလွှတ်ပါ...သူဌေး..."
"မလွတ်ပေးနိုင်ဘူး...မင်းဆေးရုံကနေ
ဒီကိုဘယ်လိုရောက်နေတာလဲအရင်ပြော..."
"ဟင့်အင်း..ဘုံ..."
"အီး..ဟီး..ဟီး.."
ဘုံသူနှင့်အခန်းရှေ့မှာရုန်းရင်းဆန်ခတ်
ဖြစ်နေစဉ်မှာပဲအထဲကနေကြားလိုက်ရတဲ့
ကလေးတွေရဲ့ငိုသံ....
"ကျစ်..မဖြစ်တော့ဘူး...
ဒုက္ခပါပဲ..."
"ဟေ့...ဟေ့..."
ဘယ်လိုမှမတတ်သာတော့သည့်အဆုံး
ဘုံသူ့ကိုအတင်းပစ်တိုက်တွန်းလိုက်ကာ
လက်ကိုဆောင့်ရုန်းပစ်လိုက်သည်။
"ဘုံကြိုးပြတ်...မင်း..."
ထင်မထားတာကြောင့်ဘဏ်ဟန်ချက်ပျက်
သွားရချိန်မှာပဲ...သူမကဘဏ့်ကိုတစ်ချက်
လှည့်ကြည့်ပြီးတံခါးကိုကပျာကယာဖွင့်ကာ
အထဲပြေးဝင်သွား၏...
"တောက်..ဒီအူကြောင်ကြောင်ဟာလေးကတော့.."
ဘဏ်စိတ်တိုသွားရရင်းသူမဝင်သွားတဲ့
အထဲကိုလိုက်လာခဲ့တော့...
မြင်လိုက်ရတာက...
အဝတ်လဲခန်းနဲ့ကပ်ရပ်ရှိနေတဲ့..ရေချိုးသန့်စင်ခန်း
တွဲထဲက..အခန်းတစ်ခုရှေ့မှာ...
တံခါးကိုဖွင့်ဖို့ကြိုးစားနေတဲ့သူမ...
"ဘုံကြိုးပြတ်..."
ဘဏ်သူမနားကိုပြေးသွားလိုက်ရင်း
ပခုံးကနေခပ်ဆတ်ဆတ်ဆွဲလှည့်လိုက်၏...
"ရပ်စမ်း..မင်းဘာတွေလျောက်လုပ်နေတာလဲ..."
"အ.အထဲမှာ..လူရှိနေတယ်..သူသတိလစ်နေတာ
သူဌေး..အထဲကနေလော့ခ်ချထားတယ်...."
"ဘာ..."
"သူဌေး...ကျေးဇူးပြုပြီးတံခါးဖွင့်နိုင်အောင်
ကူညီပေးပါ...."
ဘဏ်သူမစကားကိုနားမလည်နိုင်အောင်
ဖြစ်သွားရပေမဲ့...သူမကတော့
တစ်ကယ့်ကိုအရေးကြီးအခြေအနေတစ်ခုကို
ကြုံတွေ့နေရသလိုမျိုးပျာယာခတ်နေခဲ့သည်။
တံခါးကိုလက်နင့်ထုလိုက်၊ပခုံးနှင့်ပစ်တိုက်လိုက်နှင့်
သူမစိတ်လူပ်ရှားစွာကြိုးပမ်းနေတာကိုကြည့်ပြီး
ဘဏ်ခေါင်းတွေပင်ချာချာလည်သွားရသလိုပါပဲ...။
"သူဌေး...မြန်မြန်လုပ်ပါ..."
ထိုအချိန်..သူမကဘဏ့်ကိုလှည့်ပြီး
ခပ်စူးစူးလေးအော်လိုက်သည့်အခါ.......
ဘဏ့်ရဲ့လက်ကအလိုလိုကုတ်အင်္ကျီ
အိတ်ထဲကဖုန်းဆီရောက်သွားခဲ့ရတော့သည်။
"ဟဲလို...မန်နေဂျာကိုထွဋ်ခေါင်လား
ဝန်ထမ်းတွေရဲ့အဝတ်လဲခန်းကို
အခုမြန်မြန်လာခဲ့ပေးပါ...အခုချက်ချင်း..."
~~~~~~~~~~~~~❤◦.¸¸. ◦✿
" 🚨 🚨 "🚑
ညနေ...၆နာရီခန့်အချိန်မှာအရေးပေါ်
အချက်ပေးသံတဝီဝီဖြင့်Deep ဟိုတယ်ကြီးဆီမှ
ပြန်လည်ထွက်ခွာသွားတဲ့အရေးပေါ်ကားတစ်စီး...
"အင်း...Deepဆေးရုံကိုပဲပို့လိုက်ပါ...
ကျန်တာကျွန်တော်အားလုံးစီစဉ်ပေးမယ်...."
"......."
"ကောင်းပါပြီ....လောလောဆယ်
သူ့အိမ်ကိုအကြောင်းကြားပေးလိုက်ဦး..."
ဟိုတယ်အပေါ်ဆုံးထပ်ကရုံးခန်းကျယ်ကြီးထဲမှာ
ဘုံ့ကျုံ့ကျုံ့လေးထိုင်နေရင်း...မှန်နံရံနားမှာ
ရပ်ပြီးဖုန်းပြောနေတဲ့သူ့ကိုတစ်ချက်လှမ်းကြည့်
လိုက်သည်။
ထိုအချိန်ဖုန်းပြောပြီးသွားပုံရသည့်သူက
ဘုံ့အနားကိုပြန်လျောက်လာတာမြင်လိုက်တော့
ဘုံကပျာကယာပဲမျက်နှာလေးလွှဲလိုက်၏...
ဒါကိုအသေအချာမြင်လိုက်တဲ့ဘဏ်ကတော့
သူမရဲ့အပြုအမူကြောင့်ရိပ်ခနဲ
ပြုံးလိုက်မိရင်း.........။
"ဘာလို့အခုမှကြောက်ချင်ယောင်
ဆောင်နေတာလဲ..ခုနကကျငါ့ကိုပြူးပြဲ
အော်ဟစ်နေပြီးတော့..."
ဘဏ့်စကားကြောင့်သူမကဘဏ့်ကို
ကပျာကယာလေးပြန်ကြည့်လာသည်။
"ဘုံကသူဌေးကိုအော်တယ်..မ.
မဟုတ်တာ..ဘုံအဲ့လိုမလုပ်မိပါဘူး..."
"မင်းကအတိတ်မေ့တာလဲမြန်တယ်နော်..."
ခပ်ရွဲ့ရွဲ့ပြောရင်းမျက်နှာချင်းဆိုင်မှာ
ခြေချိတ်လျက်ဝင်ထိုင်လိုက်တော့
သူမကနူတ်ခမ်းလေးစေ့ပိတ်သည်။
"ပြောပါဦး..ငါ့ဟိုတယ်ကအဲ့ဒီ့ဝန်ထမ်း
သန့်စင်ခန်းထဲမှာ သတိလစ်နေတာ
မင်းဘယ်လိုသိပြီးရောက်လာတာလဲ...
အဲ့ဒီ့အမျိုးသမီးကမင်းအသိလား..."
သူမကဘဏ့်အမေးကိုခေါင်းလေးယမ်းပြသည်။
"မသိပါဘူး..ဘုံအဲ့ဒီ့အစ်မကိုတစ်ခါမှတောင်
မမြင်ဖူးဘူး...."
"ဒါဆို..သူအဲ့ဒီ့အခန်းထဲမှာသတိလစ်နေတာကို
ဘယ်လိုသိပြီးဒီအထိရောက်လာတာလဲ..."
"အဲ့ဒါက...ဟို..ဘုံ့ကိုလာပြောတဲ့လူရှိလို့..."
"ဘယ်သူကမင်းကိုလာပြောတာလဲ..."
"ကလေးသရဲလေးတွေ..."
"ဘာ..."
ဘဏ်အာမေဋိတ်သံခပ်ကျယ်ကျယ်
ထွက်သွားရရင်းခန္တာကိုယ်လဲမတ်ခနဲ
ဖြစ်သွားခဲ့ရ၏......။
"သရဲတွေဟုတ်လား..."
အသံငြိမ်အောင်ထိန်းပြီးဘဏ်မေးလိုက်တော့
သူမကခပ်တည်တည်နဲ့ခေါင်းလေးငြိမ့်ပြသည်။
"အဲ့ဒီ့အစ်မရဲ့ကလေးတွေထင်တယ်
ဘုံကိုဘတ်စ်ကားဂိတ်ကနေ
ဒီအထိခေါ်လာတာ...သူတို့အမေကို
ကူညီပေးပါဆိုပြီး..."
"ခဏ..ခဏလေး..ဒါဆိုမင်းပြောချင်တာ
မင်းဒီနေရာကိုရောက်လာတာဝိညာဉ်တွေက
အကူအညီတောင်းလို့လား..."
"အင်း...ဟုတ်တယ်..ဘုံဝိညာဉ်တွေ
မြင်ရတယ်ဆိုတာသူဌေးသိတယ်မဟုတ်လားဟင်
ခုနကဘုံမြင်ရတာအမြွာကလေးနှစ်ယောက်ကိုပါ
သူတို့ကဘုံ့ကိုအကူအညီတောင်းခဲ့ကြတာ..."
ဘဏ်ဘာမှထပ်မပြောနိုင်တော့...
မျက်မှန်အောက်ကသူမရဲ့စင်ကြယ်နေတဲ့
မျက်နက်ဝန်းလေးတွေကတော့
ပုံမှန်လူတစ်ယောက်လိုပါပဲ......။
"သူဌေး..."
ရုတ်တရပ်သူမခေါ်သံကိုကြားမှ
ဘဏ်ဖျတ်ခနဲအသိဝင်လာရ၏........။
"သူဌေး..အရင်ကဘုံပြောခဲ့သမျှကို
အခုထိမယုံသေးတာတော့မဟုတ်ပါဘူးနော်.."
"အဲ့လိုမျိုးတော့မဟုတ်ပေမဲ့..ဒါကနည်းနည်း
ကျစ်..ငါပြောချင်တာက..."
စကားမဆုံးခင်ဘဏ်ထရပ်လိုက်တော့
သူမကအူလည်လည်ဟန်လေးဖြင့်
မော့ကြည့်သည်။
"မင်း...ဒီမှာခဏနေဦး...ငါအခုပြန်လာခဲ့မယ်.."
"ရှင်..."
"ခဏလေး..."
ဘုံဘာမှပြန်မပြောရသေးခင်မှာပဲ
သူကခြေလှမ်းကြဲကြီးတွေဖြင့်ရုံးခန်းထဲမှ
ထွက်သွားသည့်အခါ...ဘုံနေရာမှာတင်
ပါးစပ်လေးအဟောင်းသားဖြင့်
ကျန်နေခဲ့ရတော့၏.......။
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဟုတ်ပါတယ်သူဌေး..မသီရိဆွေမှာ
အမွှာသားလေးနှစ်ယောက်ရှိတယ်
မနှစ်ကပဲ..ကလေးတွေကကျောင်းကလေ့လာရေး
ခရီးမှာပါသွားကြရင်းကားaccidentဖြစ်လို့
နှစ်ယောက်လုံးဆုံးသွားကြတာ...
မသီရိဆွေဆိုအရူးတစ်ပိုင်းပဲလေ...
သူ့ယောကျာင်္းကလဲနာတာရှည်အိပ်ယာထဲလဲနေတဲ့
လူမမာဆိုတော့ပိုဆိုးတာပေါ့...ကလေးတွေ
ဆုံးပြီးတော့ဟိုတယ်ကနေ၃လလောက်
နားသွားသေးတယ်..အခုအလုပ်ပြန်ဝင်တာတော့
လပိုင်းပဲရှိသေးတယ်လေ...ကလေးတွေအတွက်
စိတ်ထိခိုက်နေတဲ့မိခင်တစ်ယောက်ဆိုပေမဲ့လဲ
တစ်ဖက်မှာသူ့အိမ်မှာကယောကျာင်္းလူမမာကို
ပြုစုဖို့၊ဆေးဖိုး၊အိမ်စရိတ်အဲ့တာတွေအတွက်က
သူအလုပ်လုပ်မှဖြစ်မှာလေ..."
ဟိုတယ်housekeepingဌာနရဲ့ခေါင်းဆောင်
အမျိူးသမီးရှင်းလင်းပြောပြနေသမျှကို
နားထောင်ပြီးဘဏ်အာရုံထဲပြေးမြင်လိုက်မိတာက
သူမရဲ့မျက်နှာ.....။
"ဘုံ့ကိုလာပြောတဲ့လူရှိလို့..."
"ကလေးသရဲလေးတွေ..."
"အဲ့ဒီ့အစ်မရဲ့ကလေးတွေထင်တယ်
ဘုံ့ကိုဘတ်စ်ကားဂိတ်ကနေဒီအထိခေါ်လာတာ
သူတို့အမေကို ကူညီပေးပါဆိုပြီး...."
"ဘုံဝိညာဉ်တွေကိုမြင်ရတယ်ဆိုတာသူဌေး
သိတယ်မဟုတ်လားဟင်....အခုဘုံမြင်ရတာ
အမွှာကလေးနှစ်ယောက်ကိုပါ...
သူတို့ကဘုံ့ကိုအကူအညီတောင်းခဲ့ကြတာ..."
တစ်ချိန်ထဲလိုပင်သူမပြောခဲ့တဲ့စကားတွေကိုပါ
ပြန်ကြားယောင်လိုက်မိတဲ့အခါ...
ဘဏ်စိတ်ရူပ်ထွေးစွာဖြင့်မျက်ဝန်းတွေကို
ဖိပိတ်လိုက်သည်။
"သူငါ့ကိုမလိမ်ခဲ့ဘူးပဲ..အစကနေအဆုံးထိ
သူအမှန်တွေပဲပြောနေခဲ့တာ...ဘုံကြိုးပြတ်
မင်းကတစ်ကယ့်ကိုထူးဆန်းလွန်းတယ်..."
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဘဏ်ရုံးခန်းကိုပြန်လာခဲ့တော့...
ဆိုဖာမှာထိုင်နေတဲ့သူမကိုမတွေ့တော့ပဲ
အဲ့ဒီ့အစားမှန်နံရံနားမှာခပ်ရို့ရို့လေးရပ်ပြီး
အပြင်ကိုမော့ငေးနေတာကိုမြင်လိုက်ရသည်။
"မင်း..ဘာလုပ်နေတာလဲ..."
"ဟင်..."
ဘဏ့်ရဲ့အသံကိုကြားတာနှင့်သူမက
ကပျာကယာလေးလှည့်ကြည့်၏...
"ဟို..ဘုံလျောက်စပ်စုနေတာမဟုတ်ပါဘူး
ဒီအတိုင်း...ဒီလောက်အမြင့်ကြီးကနေရပ်ပြီး
ကောင်းကင်ကြီးကိုမကြည့်ဖူးလို့..."
"ခုကြည့်လိုက်ရတော့ရောဘာများထူးခြား
သွားလို့လဲ...."
ဘဏ်ပြန်မေးလိုက်တော့သူမကခေါင်းလေး
ယမ်းသည်။
"ကလေးကလားနဲ့..."
ပြစ်တင်သလိုဆိုလိုက်ရင်း
ဘဏ်သူမကိုခြေဆုံးခေါင်းဆုံး
တစ်ချက်ကြည့်လိုက်သည်။
"ဆေးရုံကနေအပြင်ကိုဘယ်လိုရောက်နေတာလဲ.."
"ဘုံ..လုပ်စရာလေးတစ်ခုရှိလို့ပါ...."
"ဘာလုပ်စရာလဲ..."
"အဲ့ဒါကပြောလို့မရဘူး..."
လေသံတိုးလေးနှင့်ပြောရင်းသူမက
မျက်နှာလေးမသိမသာလွှဲ၏......။
"မင်းကိုအပြင်ထွက်လို့ရအောင်မိန့်ကူညီပေးခဲ့
တာလား..."
ပါးစပ်ကမဖြေပဲခေါင်းငြိမ့်ပြလာသည်။
"မင်းတို့ကအချိန်တိုအတွင်းမှာထင်တာထက်ပိုပြီး
ရင်းနှီးနေကြတာပဲ..."
"ဒေါက်တာမိန့်ခွန်းက..ပျော်ပျော်နေတတ်ပြီး
မာနလဲမကြီးဘူး၊ပြီးတော့လူတစ်ဖက်သားကိုလဲ
ကူညီတတ်တယ်လေ...အဲ့ဒါကြောင့်ပါ..."
မျက်မှန်လေးကိုတစ်ချက်ပင့်တင်ကာ
ပြောရင်းနူတ်ခမ်းမဖွင့်ပဲပါးစုံလေးတွေ
ဖောင်းတက်သွားအောင်ပြုံးလိုက်တာကိုကြည့်ပြီး
ဘဏ်မျက်နှာမဲ့သွားရ၏...
"ငါကတော့အဲ့ဒီ့အချက်တွေနဲ့ဆန့်ကျင်ဘက်ပဲ
မဟုတ်လား..."
"ရှင်..."
ကိုယ်တိုင်သတိမထားမိခင်လွှတ်ခနဲထွက်သွားတဲ့
မေးခွန်း....။
"ထားလိုက်တော့..ငါအခုမင်းကို
ဆေးရုံပြန်ပို့ပေးမယ်.....လာ.."
"ဟုတ်..."
`ဟုတ်´ဆိုပြီးနေရာကနေခြေလှမ်းမရွေ့သေးတဲ့
သူမလက်ကိုဘဏ်ဆွဲယူဆုပ်ကိုင်လိုက်လျှင်
သူမကမျက်လုံးပြူးလေးနှင့်မော့ကြည့်သည်။
"သွားမယ်..."
ဘဏ်...တမင်ပင်သူမရဲ့အံ့ဩတကြီးအမူအယာကို
မသိချင်ယောင်ဆောင်ပြီး..လက်ဖဝါးနွေးနွေးလေး
တစ်ဖက်ကိုသာပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားလျက်
ရုံးခန်းထဲကထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အပန်းဖြေစခန်းကိစ္စကလေ..."
လရောင်မောင်းနှင်လာတဲ့ကားနောက်ခန်းထဲမှာ
ဘဏ်နဲ့အတူထိုင်လျက်လိုက်ပါလာရင်း
ပထမဆုံးသူမစကားစလာခဲ့လျှင်...ဘဏ်သူမဘက်ကို
ငဲ့ကြည့်လိုက်မိ၏။
"အပန်းဖြေစခန်းကိစ္စကဘာဖြစ်လဲ..."
ဘဏ်စကားထောက်ပြီးပြန်မေးလိုက်တော့
သူမကလဲဘဏ့်မျက်နှာကိုစူးစူးစိုက်စိုက်လေး
မော့ကြည့်လာခဲ့ပြီး....။
"သူဌေးအခုစိတ်ပူစရာမလိုတော့ဘူးလို့
ပြောချင်လို့ပါ..."
"ဘယ်လို..."
"သူ..အဲ့ဒီ့ဝိညာဉ်သူဌေးကိုထပ်ပြီး
အနှောင့်အယှက်ပေးတော့မှာမဟုတ်ဘူး..."
"မင်းဘယ်လိုသိလဲ..."
"ဘုံသူနဲ့သေချာစကားပြောပြီးသွားပါပြီ..."
"မင်းသူနဲ့အပေးအယူလုပ်ခဲ့ပြီးပြီပေါ့...
ကောင်းပြီလေ...အဲ့ဒီ့အတွက်ငါဘာပြန်လုပ်ပေး
ရမယ်လို့သူကပြောလဲ..."
ဘဏ့်စကားအဆုံးသူမကခေါင်းလေးယမ်းသည်။
"သူဌေးဘာမှလုပ်ပေးစရာမလိုပါဘူး...
သူကသူဌေးဆီကလိုချင်တာဘာမှမရှိဘူးလေ...
ဒီအတိုင်း..ဘုံသူ့ကိုကိစ္စတစ်ခုလုပ်ပေးမယ်လို့
ကတိပေးလိုက်တာ..."
"ဘာကိစ္စလဲ.."
ဘဏ်မျက်မှောင်ကြုံ့ပြီးမေးလိုက်သည်။
"အဲ့ဒါက..ဘုံ.ဘုံပြောပြလို့မရဘူး..."
"ကျစ်...ဘာကိုပြောပြလို့မဖြစ်တာလဲ
မင်းကငါ့ကိုကူညီပြီးငါပြောတဲ့အတိုင်း
အဲ့ဒီ့ဝိညာဉ်နဲ့အပေးအယူလုပ်ခဲ့တယ်
ဒါပေမဲ့...သူမင်းကိုဘာတွေလုပ်ခိုင်းခဲ့လဲ
ဆိုတာကျတော့..ငါ့ကိုပြောပြလို့မရဘူးပေါ့
ဒါအဓိပ္ပါယ်ရှိလို့လား..."
ကားနောက်ခန်းထဲမှာမိန့်နဲ့သူမစကား
အခြေအတင်ဖြစ်နေကြတာကို
နကန်းတစ်လုံးမှမသိရှာတဲ့လရောင်ကတော့
ကားမောင်းရင်းမျက်လုံးပြူးလိုက်၊
ခေါင်းကုတ်လိုက်ဖြစ်နေ၏...
"ဘုံသူဌေးကိုပြောပြလို့မဖြစ်လို့ပါ..
ဘုံပြောပြလဲသူဌေးလုပ်ပေးနိုင်တာဘာမှ
ရှိမှာမှမဟုတ်တာ..."
"ဒါဆို..ငါမလုပ်ပေးနိုင်တာကို
မင်းကတော့လုပ်နိုင်တယ်ပေါ့..."
"ဘုံအတွက်တော့ဒါကကြုံနေကျအရာပဲလေ
ထူးဆန်းတဲ့ကိစ္စမှမဟုတ်တော့ပဲ..."
တိုးဖျော့ဖျော့သူမရဲ့စကားသံက
ဘဏ့်ကိုငြိမ်ကျသွားစေခဲ့၏....
တဆတ်ထဲလိုမျက်မှန်အောက်မှမျက်နက်ဝန်းလေးတွေ
ဆီကအားငယ်ခြင်းအရိပ်အငွေ့တစ်ချို့ကိုပါ
ခံစားလိုက်မိတဲ့အခါ...ဘဏ့်ရင်ထဲ
ပူလောင်သွားခဲ့ရ၏...
"ဒါဆို...အဲ့ဒီ့ဝိညာဉ်ရဲ့တောင်းဆိုမူ့က
မင်းအတွက်အန္တာရယ်ရှိနေခဲ့မယ်ဆိုရင်...
မင်းကိုထိခိုက်စေခဲ့မယ်ဆိုရင်...နောက်ထပ်,ထပ်ပြီး
အဲ့ဒီ့ဝိညာဉ်ကမင်းခန္ဓာကိုယ်ကိုထပ်ပြီး
အသုံးချနေခဲ့ဦးမယ်ဆိုရင်ရော...
ငါကဒီအတိုင်းလက်ပိုက်ကြည့်နေရမယ်လို့
မင်းကပြောချင်တာလား..."
ထူးဆန်းစွာပဲညို့အားကောင်းလွန်းတဲ့
သူ့မျက်ဝန်းတွေဆီမှဘုံ..စိုးရိမ်ပူပန်ခြင်း
အငွေ့အသက်တို့ကိုရှာဖွေတွေ့ရှိလိုက်သလိုပါပဲ...။
"သူဘုံ့ကိုစိုးရိမ်နေတာများလား....
သူ့ရဲ့သူ့ရဲ့မျက်ဝန်း၊သူ့ရဲ့အသံ၊
သူ့ရဲ့အပြုအမူတွေကဘုံ့ကိုစိုးရိမ်ပူပန်နေတယ်
ဆိုတာပြောပြနေသလိုပဲ...ဘုံအမြင်မှားတာတော့
မဖြစ်နိုင်ပါဘူးနော်..သူဌေးကဘာလို့လဲ..."
ခေါင်းထဲအလုအယက်တိုးဝင်လာနဲ့အတွေးစတို့နှင့်
ဘုံရင်တွေတဖျတ်ဖျတ်ခုန်ပြီးလက်ဖျားလေးတွေ
အေးစက်လာခဲ့ရ၏။
ထိုအချိန်...သူ့ရဲ့ကားကDeepဆေးရုံကြီးရဲ့
ရှေ့ကိုထိုးရပ်သွားခဲ့ပြီဖြစ်သည်။
"ဟို..ဘုံ..သွား.သွားတော့မယ်နော်
ခွင့်ပြုပါဦး...သူဌေး..."
ဘုံ့သူ့ဆီကပြန်ဖြေသံကိုပင်မစောင့်တော့ပဲ
ကားတံခါးကိုဖွင့်ကာကပျာကယာဆင်းပြီး
အပြေးတစ်ပိုင်းလေးလှမ်းသွားခဲ့မိစဉ်မှာပဲ........၊
"ဘုံကြိုးပြတ်..."
"အို..."
ခေါ်သံနှင့်အတူပခုံးတစ်ဖက်ကနေ
တစ်ပါတ်လည်အောင်ဆွဲလှည့်ခြင်း
ခံလိုက်ရအပြီးမှာ...နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီး
တစ်ခုထဲဘုံ့ကိုယ်လေးတိုးဝင်မိလျက်သား.......၊
ပထမတစ်ခါကလိုမတော်တဆဖြစ်ရပ်
မဟုတ်တဲ့ဒီတစ်ကြိမ်မှာတော့နှောင်ကြိုးတွေလို
သူ့ရဲ့လက်တံရှည်တွေကဘုံ့ကိုယ်လေးကို
ခပ်ဖွဖွပွေ့ဖက်ရစ်နှောင်လာခဲ့၏...။
"သူ.သူဌေး..."
"ကာကွယ်ပေးမယ်..."
"ဟင်..."
"အဲ့ဒါကြောင့်..ခုချိန်ကစပြီးဘာကိုမှ
မင်းတစ်ယောက်ထဲမလုပ်ပါနဲ့...မင်းဘေးမှာ
ငါရှိနေမယ်..."
"............"
"ခြမ္း..."
ခနဲအသံနှင့်အတူသူမအတွက်ရည်ရွယ်ပြီး
လက်ထဲကိုင်ထားခဲ့တဲ့အားဆေးပုလင်းလေးက
မြေပြင်ပေါ်သို့ပြုတ်ကျကွဲကြေသွားခဲ့တဲ့အခါ...
မိန့်ရဲ့မျက်စိရှေ့တည့်တည့်မှာ
တဖြေးဖြေးမူန်ရီသွားသလိုခံစားလိုက်ရတာက
ဘဏ်နဲ့သူမရဲ့ပုံရိပ်မြင်ကွင်းသာ
ဖြစ်တော့၏။
"မင်းရော..ငါ့လိုပဲလားဘဏ်...."
~~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel