💞My Strange Girl💞<ထူးဆန်းသောချစ်သူ>
------------++++++
မိုးဖွဲလေးတွေတဖျောက်ဖျောက်ကျနေသောည....
ညသန်းခေါင်ကျော်လို့ပြောရင်ပိုပြီးမှန်ပါလိမ့်မည်။
လူသွားလူလာရှင်းလင်းတိတ်ဆိတ်နေသောလမ်းပေါ်၌
လွယ်အိတ်တစ်လုံးကိုပိုက်...ထီးတစ်ချောင်းနှင့်
ခပ်သွက်သွက်လှမ်းလာနေသောသူမ.......။
ထိုစဉ်ခပ်ဝေးဝေးမှဆွဲဆွဲငင်ငင်အူလိုက်သော
ခွေးအူသံကိုကြားလိုက်ရတဲ့အခါ.......ကျောရိုးထဲထိ
စိမ့်ဝင်သွားတဲ့အထိကြောက်ရွံ့မူ့နဲ့အတူခြေလှမ်းတွေကို
သွက်သည်ထက်ပိုသွက်အောင်လျောက်လာနေမိသည်။
"ရှပ်...ရှပ်...ရှပ်"
ခြေသံတစ်ခုကသူမနောက်မှာကပ်ပါလာသည်။
ကြက်သီးတွေထပြီးခေါင်းကြီးသွား၏...အနောက်ကိုလည်းလှည့်
မကြည့်ရဲဘဲ.....မပြေးရုံတစ်မယ်ခြေလှမ်းတွေနှင့်
လျှောက်လှမ်းနေမိစဉ်....သူမနောက်ကိုတဖြေးဖြေး
နီးကပ်လာတဲ့ခြေသံနှင့်အတူ...ရေခဲတစ်မျှအေးစက်နေသည့်
လက်ကြီးဖြင့်ရုတ်တရပ်သူမလက်မောင်းကို...
လှမ်းဆွဲလိုက်သည့်အခါမှာတော့......။
"အမလေး......."
စာရေးနေရင်း....ဖျပ်ခနဲအခန်းထဲမှာမှောင်အတိကျသွားတော့...
ဘုံ...လန့်အော်လိုက်မိ၏။
"ဟင်း...မိုးကရွာမယ်မကြံသေးဘူးမီးကပျက်ပြီ"
စိတ်ပျက်လက်ပျက်ညီးတွားလိုက်မိရင်း...နံရံက
နာရီကိုကြည့်တော့၁နာရီပင်ထိုးတော့မည်လေ..
"အချိန်လည်းမနည်းတော့ဘူးပဲ...အခုမှသရဲဆွဲတဲ့
အခန်းပဲရှိသေးတယ်ဒီနေ့တစ်ပိုင်းပြီးအောင်ရေးမလို့ပါဆို"
ဘုံ...Laptopကိုပိတ်ပြီးစားပွဲမှထကာအညောင်းဆန့်
လိုက်သည်။
"ဪ...မြန်မာနိုင်ငံမှာမိုးနဲ့မီးနဲ့ကတွဲနေတာပါလားနော်
မိုးလေးတဖြောက်ဖြောက်ဆိုတာနဲ့မီးကAuto
ပျက်ပြီးသားပဲ...."
တစ်ကိုယ်တည်းညီးတွားရင်းခပ်ဟဟပွင့်နေတဲ့
ပြတင်းတံခါးကိုပိတ်ရန်..ဘုံပြတင်းပေါက်နားကို
လျောက်သွားလိုက်မိသည်။တံခါးနားကိုရောက်တော့
ကျောဘက်ဆီကစိမ့်ခနဲခံစားလိုက်ရ၏...ဘုံ့ရဲ့
အနောက်မှာတစ်စုံတစ်ယောက်ကလာရပ်နေသလိုမျိုး
ဘုံ...ကြောက်စိတ်ကိုထိန်းကာလက်သီးကိုတင်းနေအောင်
ဆုပ်ပြီးလှည့်ကြည့်လိုက်ချိန်မှာတော့...။
"အေမ့...."
ဘုံ့..နောက်ပါးမှာရှိနေတာက..ဘယ်လိုမှအမြင်မလှတဲ့
နာနာဘာဝတစ်ကောင်...ထိုနာနာဘာဝကနီရဲနေသည့်
မျက်ဝန်းတွေဖြင့်ဘုံကိုစိုက်ကြည့်ပြီး..လက်တစ်ဖက်ကို
ဆန့်တန်းကာအသံဩဩကြီးဖြင့်....
"ကျွန်မကိုကူညီပေးပါ...."
ဘုံ့အတွက်မဆန်းလှတဲ့မြက်ကွင်းတွေပေမဲ့...
လန့်မအော်မိအောင်...ပါးစပ်ကိုလက်နှစ်ဖက်နှင့်
အုပ်ထားလိုက်ရ၏....
ဟုတ်ပါတယ်...တစ်ကယ်ဆို...ဘုံကြိုးပြတ်ဆိုသော
သူမကသရဲတွေကိုမြင်နိုင်တဲ့မိန်းကလေးတစ်ယောက်ပါ...
~~~~~~~~~~~~~~~~~💕💕💕
"ညက...အချိန်မတော်ကြီးဘယ်သူနဲ့ဖုန်းပြောနေတာလဲ
မဘုံ...."
မနက်စာစားနေကြစဉ်..ရုတ်တရပ်ထမေးလိုက်သော
စစ်ကြောင့်....ဖေဖေ၊အန်တီခိုင်နဲ့ရဲရင့်တို့ရဲ့အကြည့်က
ဘုံ့ထံရောက်လာသည်။
"ဘယ်သူနဲ့မှမပြောပါဘူး..."
"ဘာလို့မပြောရမှာလဲ...ညကစစ်တရေးနိုးရေကုန်နေလို့
ရေထယူတော့မဘုံအခန်းထဲကစကားသံတွေကြားတယ်
စစ်ကိုလာလိမ်မနေနဲ့...."
"ဟုတ်လား...မဘုံရည်းစားနဲဖုန်းပြောနေတာလား"
စစ်က...တရားခံစစ်သလိုစစ်နေတုန်းရဲရင့်ကအလိုက်မသိ
ဝင်ပြောသည်။ဘုံသူတို့ကိုဘာမှပြန်ပြောမနေတော့ဘဲ..
ဘုံကိုစူးစမ်းသလိုကြည့်နေတဲ့ဖေဖေ့ဘက်လှည့်ကာ....။
"ဘုံ..ဘယ်သူနဲ့မှဖုန်းမပြောပါဘူးဖေဖေ..ဘုံ့မှာ
ရည်းစားလည်းမရှိပါဘူး..ညကဘုံစာရေးနေတုန်း
မီးပျက်သွားလို့ငြီးနေတာပါ..အဲ့ဒါစဉ်းစားထားတဲ့
စာလေးတွေမေ့မှာစိုးလို့တစ်ယောက်ထဲလေ့ကျင့်
နေတာပါ..."
"အမြဲတမ်း...အဲ့လိုချည်းပဲဘုံ...ညည်းလဲအဲ့ဒီ
သရဲစာအုပ်တွေရေးတဲ့စာရေးဆရာမဆက်လုပ်နေရင်
ကြာရင်ရူးမှာပဲ...လူပုံကိုလဲကြည့်ဦးကြောင်တောင်တောင်
ဖြစ်နေပြီ...."
အန်တီခိုင်ကဘုံ့ကိုစိတ်ပျက်သလိုကြည့်ကာ
အားမနာတမ်းပြောသည်။
ဘုံ..မျက်မှန်လေးကိုပင့်တင်လိုက်ရင်း....
"ဘုံသွားတော့မယ်ဖေဖေ...စာမူလက်ကျန်လေးတွေ
သွားပို့ရဦးမှာမို့လိုပါ...ညနေကျရင်စောစောပြန်လာ
ခဲ့ပါ့မယ်"
ဘုံ...ခေါင်းလေးငုံ့ကာထမင်းစားဝိုင်းကအမြန်
ထလာခဲ့သည်။အန်တီခိုင်နှင့်စစ်...ဘယ်လိုမဲ့ရွဲ့ပြီး
ကျန်ခဲ့မယ်ဆိုတာလှည့်ကြည့်စရာမလိုပါ...ဒါတောင်
အခန်းအပြင်ရောက်တော့အန်တီခိုင်ရဲ့စကားသံကို
ကြားဖြစ်အောင်ကြားလိုက်ရပါသေးသည်။
"ညည်းမို့လို့စစ်ရယ်...မိဘုံလိုအူကြောင်ကြောင်ကို
ရည်းစားရှိမယ်လို့များအထင်ကြီးနေရသေးတယ်"တဲ့
ဟုတ်ပါတယ်လေ..တစ်ကယ်ဆိုဘုံကြိုးပြတ်ဆိုတဲ့
သူမကသူများအထင်ကြီးစရာဘာမှမရှိတဲ့မိန်းကလေး
တစ်ယောက်ပါ...ဘဝမှာကံကောင်းခြင်းဆိုတဲ့
အရာတွေကိုလဲဘုံတစ်ခါမှမပိုင်ဆိုင်ခဲ့ရဖူးပါ...
ဘုံကိုမွေးပြီးသိပ်မကြာခင်မှာဘုံရဲ့အမေဆုံးပါးသွား
ခဲ့သည်။အလုပ်တစ်ဖက်နှင့်ကလေးငယ်ငယ်လေးကို
ထိန်းကျောင်းဖို့အဆင်မပြေတဲ့ဖေဖေကအန်တီခိုင်နှင့်
နောက်အိမ်ထောင်ပြုခဲ့သည်။အလှစစ်နဲ့ရဲရင့်သော်
ကတော့...ဘုံနဲ့အဖေတူအမေကွဲမောင်နှမတွေပါ...
အန်တီခိုင်နဲ့လက်ထပ်ပြီးမှစီးပွားတက်လာခဲ့တာကြောင့်
ဖေဖေကအန်တီခိုင်ကိုအရေးပေးသည်။စစ်နဲ့ရဲရင့်ကလဲ
ဘုံ့ထက်ပိုပြီးဖေဖေ့ရဲ့အလိုလိုက်ချစ်ခင်ခြင်းကို
ခံရတာမဆန်းပါ....တစ်ကယ်တော့ဘုံကဒီမိသားစုထဲမှာ
ရှိရုံရှိနေပြီးအမြဲတမ်းဖယ်ကျဉ်ထားခံရတာပါ...
ဘုံကလဲဘုံပါလဲလေ...သူတို့ဂုဏ်ယူရလောက်တဲ့
မိသားစုဝင်တစ်ယောက်မှမဟုတ်ခဲ့တာပဲ...အမြဲတမ်း
ခပ်ကုပ်ကုပ်နှင့်အေးအေးသာနေတတ်တဲ့ဘုံက...
၁၀တန်းကိုဂုဏ်ထူးတွေအများကြီးအောင်တဲ့..
ဆေးကျောင်းသားပေါက်စရဲရင့်လိုလဲညဏ်မကောင်းပါ
အနုပညာလောကထဲမှာနာမည်ရနေပြီဖြစ်တဲ့...
တတ်သစ်စမော်ဒယ်တစ်ယောက်ဖြစ်သော....
အလှစစ်ဆိုတဲ့စစ်လိုလဲသူများအားကျလောက်စရာ
အလှတရားတွေကိုမပိုင်ဆိုင်ထားပါ...ဒီအတိုင်း
ဘုံကဘာမှမရှိတဲ့သာမာန်မိန်းကလေးတစ်ယောက်ပါပဲ
ဒါပေမဲ့သာမာန်ထက်ပိုပြီးဘုံမှာထူးခြားနေတာ
တစ္ခုက....
"အမလေး....."
ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားရင်းကားဂိတ်ကို...
လျောက်လာနေစဉ်...ရုတ်တရပ်ဘုံ့ရှေ့မှာပေါ်လာတဲ့
နာနာဘာဝကြောင့်ဘုံလန့်အော်လိုက်မိသည်။
"ရှင်...ရှင်...ကျွန်မနောက်ကိုဘာလို့လိုက်နေတာလဲ"
"ကျွန်မကိုကူညီပေးပါ...."
"ဒီမှာ...ရှင်ပြောတာကိုမကူညီနိုင်ဘူးလို့ကျွန်မ
ညကထဲကပြောပြီးပြီလေ...ကျွန်မကိုထပ်ပြီး..
မနှောင့်ယှက်ပါနဲ့နော်ကျေးဇူးပြုပြီးရှင့်လမ်းရှင်
သွားပါ..."
ဘုံတောင်းပန်သလိုပြောနေမိပေမဲ..ထိုနာနာဘာဝက
ဘုံ့ရှေ့ကနေပျောက်ကွယ်မသွားပါ....။
"ကျွန်မကိုကူညီပေးပါ..."
ထိုစကားကိုပဲထပ်တလဲလဲပြောနေတဲ့...ဝိညာဉ်ကြောင့်
ဘုံစိတ်ညစ်လာရသည်။ဘုံရပ်နေတာကားလမ်းမ
ဘေးမှာမို့...မျက်စိမျက်နှာပျက်နှင့် ဟိုကြည့်ဒီကြည့်
ဖြစ်နေသောဘုံ့ကိုလမ်းသွားလမ်းလာလူတစ်ချို့က
အထူးအဆန်းလိုကြည့်သွားကြသည်။အေးလေ
သူတို့မှဒီသရဲကိုမမြင်ရတာ...ဒါပေမဲ့မြင်နေရတဲ့
ဘုံကတော့...
"ရှင်တစ်ယောက်ပဲလုပ်နိုင်တယ်ကျွန်မကိုကူညီပေးပါ"
ထပ်ပေါ်လာတဲ့အသံဩဩကြီးကြောင့်ဘုံလန့်သွား
ရပြန်သည်။မကူညီမပေးချင်းလဲဘုံအနားပနေ
ခွာမည့်ပုံမပေါ်...အဲ့ဒါကြောင့်ကြုံခဲ့ဖူးတဲ့အတွေ့အကြုံ
များစွာကြောင့်တစ်ယောက်ထဲစကားပြောနေတဲ့
အရူးလို့အထင်မခံရဖို့အရေး...အိတ်ထဲကဖုန်းလေးကို
ထုတ်ယူလိုက်ပြီးနားမှာကပ်လိုက်ကာ
"ကဲ...ရှင်ဖြစ်ချင်တာကိုပြောပါ..."
ဘုံ့စကားဆုံးတော့အရှေ့မှာရှိနေတဲ့နာနာဘာဝက
ဘုံံကိုစိုက်ကြည့်နေရင်းမှ.....
~~~~~~~~~~~~~~~~💕💕💕
"ဘုံရေ...ဘုံ့ရဲ့ဒီစာအုပ်ကိုတော့..မမအရမ်းသဘော
ကျတယ်...ပြီးခဲ့တဲ့မပြန်လမ်းကဝိညာဉ်ဖြူဆိုတဲ့
စာအုပ်လိုပဲနာမည်ကြီးမှာကျိန်းသေတယ်"
စာအုပ်တိုက်ပိုင်ရှင်မမရဲ့ချီးကျူးစကားကြောင့်
ဘုံမျက်မှန်လေးကိုပင့်တင်လိုက်ရင်းမှပြုံးလိုက်မိကာ
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်မမ..."
"ဘုံကလေ...ပရလောကသားတွေအကြောင်းရေးတဲ့
နေရာမှာတစ်ကယ့်ကိုပါရမီပါပြီးအရမ်းတော်တာပဲ
အဲ့ဒါကြောင့်ပရိတ်သတ်တွေကဘုံ့ရဲ့စာအုပ်တွေဆို
အသည်းစွဲဖြစ်နေတာ....ဟင်း...ဟင်း...."
ပါရမီပါမှာပေါ့...အဲ့ဒီ့ပရလောကသားတွေကနေ့တိုင်း
မြင်တွေ့နေရတာကိုး...ဘုံစိတ်ထဲကနေတွေးလိုက်မိသည်။
"ကဲ...ဘုံရေ...မမဒီဇာတ်လမ်းကိုစာအုပ်အမြန်ထုတ်မှာ
ဘုံလဲနောက်ဇာတ်လမ်းကိုရေးတော့နော်..."
"ဟုတ်ကဲ့မမ...နောက်ဇာတ်လမ်းကဘုံစရေးနေပါပြီ..."
"ကောင်းတာပေါ့ကွယ်...ကဲဘုံ...စာမူခတွေတစ်ခါထဲ
ယူသွားနော်"
"ဟုတ်ကဲ့မမ..."
ဘုံ...စာအုပ်တိုက်ကနေပြန်ထွက်လာပြီးbus-stopမှာ
ကားစောင့်နေစဉ်ထိုဝိညာဉ်ကဘုံ့အနားမှာပေါ်လာပြန်သည်။
"ဟင်...ရှင်ဘာလို့ကျွန်မအနောက်ကိုလျောက်လိုက်
နေတာလဲ"
bus,stopထဲလူရှင်းနေတာမို့ဘုံလေသံခပ်အုပ်အုပ်နှင့်
မေးလိုက်မိသည်။
"ကျွန်မမှာအချိန်မရှိတော့ဘူး...ကျွန်မကိုမြန်မြန်ကူညီပေးပါ"
"ကျွန်မသိတယ်...ကျွန်မကူညီပေးမှာပါ...အဲ့ဒါကြောင့်
ရှင်ကျွန်မနောက်ကိုဆက်လိုက်မနေနဲ့နော်...."
ထိုအချိန်ဘုံစီးရမည့်YBSကားကရောက်လာတာမို့
ဘုံကားပေါ်အမြန်တက်ခဲ့သည်။ထိုဝိညာဉ်ကတော့
bus,stopထဲမှာရပ်ကြည့်ပြီးကျန်နေခဲ့သည်။ဘုံ
ထိုမြင်ကွင်းကိုကျောခိုင်းရင်းသက်ပြင်းချလိုက်မိသည်။
"ဘယ်တော့များမှဒီဒုက္ခတွေကနေဘုံလွတ်ပါ့မလဲနော်"
~~~~~~~~~~~💕💕💕
"ဘုံကအိမ်ထောင်ပြုရမဲ့အရွယ်ရောက်နေပြီအစ်ကို
အခုခိုင်ပြောတဲ့ခိုင့်မိတ်ဆွေမမမြတ်တို့အိမ်က
ကောင်လေးကဒရိုင်ဘာဆိုပေမဲ့မမမြတ်တို့နဲ့ဆွေရိပ်မျိုးရိပ်
မကင်းပါဘူး...ပြီးတော့ကောင်လေးကပညာတတ်
ဘွဲ့ရမဟုတ်ပေမဲ့...အလုပ်ကြိုးစားပြီးစုစုဆောင်းဆောင်းလဲ
ရှိတယ်...ခိုင့်အမြင်မှာတော့ဘုံနဲ့အသင့်တော်ဆုံးပဲ"
ဒေါ်ခိုင်ခိုင်အားတက်သရောပြောနေပေမဲ့ခင်ပွန်းဖြစ်သူက
အင်းမလုပ်အဲမလုပ်နှင့်
"ဒါပေမဲ့လဲ...ဒရိုင်ဘာဆိုတော့အများအမြင်မှာဘယ်
သင့်တော်ပါ့မလဲခိုင်ရယ်"
"အမလေးအစ်ကိုရယ်...ဘာမသင့်တော်စရာရှိလို့လဲ
ဒရိုင်ဘာလဲလူပဲကို...ဘာလဲအစ်ကိုကအစ်ကို့သမီးကို
ကျိကျိတက်ချမ်းသာတဲ့သူဌေးမျိုးနဲ့မှပေးစားချင်လို့လား"
"မဘုံကရောအဲ့လိုသူဌေးမျိုးနဲ့ဖူးစာမဆုံနိုင်ဘူးလို့
ပြောနိုင်လို့လားမေမေရဲ့...."
လက်သည်းနီဆိုးနေရင်းလှောင်သလိုဝင်ပြောလိုက်တဲ့
သမီးဖြစ်သူကြောင့်...ဒေါ်ခိုင်ခိုင်ရယ်လိုက်မိကာ...
"မိဘုံလိုအူကြောင်ကြားကို..ကျိကျိတက်ချမ်းသာတဲ့
သူဌေးမျိုးမပြောနဲ့ယူမဲ့လူရှိတာပဲကျေးဇူးတင်ဦး"
"မေမေ...."
ဒေါ်ခိုင်ခိုင်စကားကြောင့်မျက်နှာပျက်သွားတဲ့
အဖေဖြစ်သူကိုလှမ်းကြည့်ပြီးဟန့်တားသလို
ခေါ်လိုက်တဲ့ရဲရင့်ကြောင့်ဒေါ်ခိုင်ခိုင်အရှိန်သတ်လိုက်ရင်း
"ခိုင်က...ဘုံ့အတွက်ပြောနေတာပါအစ်ကိုရယ်...
အစ်ကို့သမီးကိုပဲကြည့်ဦးလေ...အဲ့ဒီသရဲစာအုပ်တွေပဲ
ရေးနေပြီးကြာရင်ရူးသွားမလားမသိဘူး...လူကနုံကနုံအကအနဲ့
မတော်တရော်လူနဲ့တွေ့သွားမှဖြင့်ဒုက္ခများရမှာ
အဲ့ဒါကြောင့်သင့်တော်တဲ့လူတွေ့တုန်းစီစဉ်ဖို့ခိုင်က
ပြောရတာပါ..."
"အေးပါကွာ...အစ်ကိုသူနဲ့ပြောကြည့်ပါဦးမယ်"
သံပန်းတံခါးနားမှာကွယ်ရပ်နေရင်း...ဧည့်ခန်းထဲက
စကားသံတွေကိုနားထောင်နေမိတဲ့ဘုံရဲ့ပါးပေါ်သို့
မျက်ရည်များစီးကျလာခဲ့ရသည်။ ဖေဖေ့စကားကြောင့်
ကျေနပ်သွားပုံရသည့်အန်တီခိုင်...ဖေဖေဘာလို့
ထောက်ခံစကားပြောနိုင်ရတာပါလဲ?...အားလုံးရဲ့
အမြင်မှာဘုံကဒီလောက်ပဲအဆင့်ရှိတာလား....
ဘုံ...သူတို့ရဲ့ရယ်မောသံစကားသံတွေကိုဆက်ပြီး
နားထောင်နိုင်စွမ်းမရှိတော့သလို...ထိုနေရာကနေ
လှည့်ထွက်လာခဲ့သည်။လက်ထဲမှာကိုင်ထားတဲ့
စာမူခထုတ်လို့မိသားစုနဲ့အတူစားဖို့ဝယ်လာတဲ့
ကြက်ကြော်ဘူးလေးကတော့ဘုံ့ကိုလှောင်ပြောင်
နေသလိုပင်...........
~~~~~~~~~~~~~~~~💕💕💕💕
"မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုသိလား...ကမ္ဘာပေါ်မှာ
အလုံခြုံဆုံးနဲ့အနွေးထွေးဆုံးကွန်ယက်တစ်ခုတဲ့
ကျွန်မအဖိုးကပြောဖူးတယ်...မိသားစုဆိုတာဘယ်တော့မှ
ပစ်ပယ်ထားလို့မရဘူးတဲ့...ကိုယ်ဝမ်းနည်းနေတဲ့.အချိန်ပဲ
ဖြစ်ဖြစ်ဝမ်းသာနေတဲ့အချိန်ပဲဖြစ်ဖြစ်ကိုယ်နဲ့အတူမျှဝေ
ခံစားပေးမှာကိုယ့်ရဲ့မိသားစုပဲတဲ့လေ"
စကားအဆုံး...ခုံတန်းလေးမှာထိုင်နေတဲ့ဘုံ
ဘေးကိုငဲ့ကြည့်လိုက်တော့...ဘုံ့ရဲ့ဘေးမှာထိုင်နေတဲ့
ဝိညာဉ်ကကန်ရေပြင်ကိုငေးကြည့်နေသည်။
"ရှင်သေတဲ့အချိန်ကရှင့်ရဲ့မိသားစုတွေငိုကြွေး
ခဲ့မှာပေါ့...."
ဘုံမေးလိုက်တော့ထိုဝိညာဉ်ကဘုံ့ဘက်ကိုလှည့်လာရင်း
ခေါင်းငြိမ့်ပြသည်။
"ရှင်ကကံကောင်းလိုက်တာ...ကျွန်မသေရင်အဲ့လို
ငိုပေးမဲ့သူတောင်ရှိပါ့မလား...မိသားစုဆိုတာ...
ကမ္ဘာပေါ်မှာအနွေးထွေးဆုံးကွန်ယက်တစ်ခုဆို...
ကျွန်မဘာလို့အရမ်းအေးနေရတာလဲ...ကျွန်မမှာလဲ
မိသားစုရှိနေရဲ့သားနဲ့လေ"
ဘုံ့စကားရဲ့အဓိပ္ပါယ်ကိုထိုဝိညာဉ်နားလည်သလား
နားမလည်သလားတော့မသိပေ...ဒါပေမဲ့ဘုံ့မှာ
ရင်ဖွင့်စရာဆိုလို့ထိုဝိညာဉ်တွေပဲရှိတာလေ...တစ်ကယ်ဆို
ဘုံ့မှာသူငယ်ချင်းဆိုလို့တစ်ယောက်မှလဲရှိမနေဘူး
မဟုတ်ပါလား?
~~~~~~~~~~~~~~~~💕💕💕
"ဒါရှင့်ရဲ့အိမ်လား...."
ဘုံ့အမေးကိုအနားမှာရှိနေတဲ့ဝိညာဉ်ကခေါင်းငြိမ့်
အဖြေပေးသည်။ဘုံသစ်ပင်ပန်းမန်တွေနဲ့နေချင့်စဖွယ်
တစ်ထပ်တိုက်လေးကိုဝေ့ကြည့်မိရင်းခြံတံခါးက
ခေါင်းလောင်းလေးကိုတီးလိုက်သည်။ထိုအခါ
ပန်းပင်တွေကြားမှာအလုပ်ရူပ်နေတဲ့အသက်၃၅နှစ်
အရွယ်လူတစ်ဦးကခြံတံခါးနားကိုရောက်လာကာ
"ဘာကိစ္စရှိလို့လဲညီမ...ဘယ်သူနဲ့တွေ့ချင်လို့လဲ
မသိဘူး"
"ဟို...ကျွန်မဒီအိမ်ပိုင်ရှင်ကိုကျော်မိုးနဲ့တွေ့ချင်လို့ပါ"
"အစ်ကိုက...ကိုကျော်မိုးပါ"
"ရှင်..."
ထင်မထားခဲ့တာမို့ဘုံတအံ့တဩဖြစ်သွားခဲ့ရ
ပြီးနောက်....။
~~~~~~~~~~~~💕💕
"ထိုင်နော်ညီမ..အမေရေဧည့်သည်အတွက်တစ်ခုခု
လုပ်ခဲ့ပါဦး....."
ဘုံဆိုဖာပေါ်ဝင်ထိုင်လိုက်ကာ...မိသားစုဓာတ်ပုံတွေ
ရှိနေတဲ့ဧည့်ခန်းနံရံကိုမျက်လုံးဝေ့ကြည့်လိုက်သည်။
"အစ်ကို့ကိုတွေ့ချင်တာဘာကိစ္စရှိလို့လဲ...ညီမ"
ဘုံ့အရှေ့မှာဝင်ထိုင်ရင်းကိုကျော်မိုးကမေးသည်။
"ဒီလိုပါအစ်ကို....ညီမကိုမဝတ်ရည်လွတ်လိုက်တာပါ"
"ဗျာ..."
"ဘယ်လို"
တအံတဩအသံတွေကကိုကျော်မိုးဆီကသာမက
အအေးဗန်းလေးနှင့်အနားကိုရောက်လာတဲ့အမျိုး
သမီးကြီးဆီကပါကြားလိုက်ရသည်။
"ဝတ်ရည်လွတ်လိုက်တာ...ဟုတ်လား...."
ဘုံ့ကိုမယုံနိုင်သလိုထပ်မေးလိုက်တဲ့ကိုကျော်မိုးကို
ကြည့်ကာဘုံခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါတယ်...အစ်ကို"
"မနောက်ပါနဲ့ညီမရယ်အစ်ကို့ဇနီးဝတ်ရည်ကဆုံးသွားတာ
၃လပြည့်သွားပါပြီ...."
"ဟုတ်ပါတယ်ကွယ်...အန်တီ့ချွေးမကကားအက်စီးဒင့်နဲ့
ဆုံးသွားတာ၃လရှိသွားပါပြီ...."
"မဝတ်ရည်ဆုံးသွားပြီဆိုတာ...ဘုံလဲသိပါတယ်"
ဘုံ့စကားကြောင့်...ကိုကျော်မိုးတို့သားအမိနားမလည်နိုင်
ဖြစ်သွားခဲ့ကြသည်။
"ဒါဆိုဝတ်ရည်လွတ်လိုက်တယ်ဆိုတာညီမကဘာကို
ဆိုလိုတာလဲဗျာ...."
"ကျွန်မဆိုလိုတာမဝတ်ရည်ရဲ့ဝိညာဉ်ပါ...."
"ဗျာ...."
ဘုံ့စကားဆုံးတော့ကိုကျော်မိုးတို့သားအမိတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်။သူတို့ကတော့
ဘုံ့ကိုစိတ်မနှံ့တဲ့သူလို့ထင်ကြမှာမလွဲပါ...ဘုံ
အနားမှာထိုင်နေတဲ့မဝတ်ရည်ရဲ့ဝိညာဉ်ကိုငဲ့ကြည့်
လိုက်တော့မဝတ်ရည်ကဘုံ့အနားကိုကပ်ကာတစ်ခုခု
ပြောသည်။
"မဝတ်ရည်ကပြောတယ်...သူကိုကျော်မိုးကိုစိတ်
ဒုက္ခတွေအများကြီးပေးခဲ့မိတယ်တဲ့...သူ့ကြောင့်
ကိုကျော်မိုးအမိုးမျိုးဒုက္ခရောက်ခဲ့ရတယ်တဲ့....
သူအခုလိုရုတ်တရပ်ဆုံးပါးသွားတော့ကိုကျော်မိုးကို
တောင်းပန်စကားလေးတစ်ခွန်းတောင်မပြောခဲ့ရလို့
သူစိတ်ဖြောင့်ဖြောင့်နဲ့မသွားနိုင်ခဲ့ဘူးတဲ့...."
ဘုံစကားခဏရပ်လိုက်ပြီးကိုကျော်မိုးတို့သားအမိကို
ကြည့်ကာ...
"သမီးလေးနှင်းပွင့်ဖြူနောင်ရေးအတွက်ရည်ရွယ်ထားတဲ့
တိုက်ခန်းကိုသူ့ရဲ့အကြွေးတွေဆပ်ပေးဖို့ကိုကျော်မိုး
ရောင်းခဲ့ရချိန်တုန်းကသူတစ်ကယ်ကိုစိတ်ဆင်းရဲ
ခဲ့ရတာပါတဲ့"
"ဟင်.ဒီ...ဒီကိစ္စကိုညီမဘယ်လိုသိတာလဲ....ဒါအစ်ကိုနဲ့
ဝတ်ရည်နှစ်ယောက်ထဲသိတဲ့ကိစ္စပါအစ်ကို့ရဲ့
အမေတောင်ဒီကိစ္စကိုမသိဘူး...ညီမကဘယ်လိုလုပ်"
"ကျွန်မကိုမဝတ်ရည်ပြောပြတာပါ...သူအခုကျွန်မရဲ့
ဘေးမှာရှိနေတယ်...."
"ဗျာ..."
"ဟေ...."
ဘုံ့စကားကြောင့် ကိုကျော်မိုးတို့သားအမိလူပ်လူပ်
ရှားရှားဖြစ်သွားကြသည်။
"ဒါ...ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..."
ကိုကျော်မိုးတိုကမယုံမရဲဖြစ်နေကြသည်။ဘုံသူတို့ကို
နားလည်နိုင်ပါသည်။ဒါမျိုးကလက်ခံနိုင်ဖို့ခက်ခဲတဲ့
ကိစ္စမျိုးပဲမဟုတ်ပါလား...
"ကျွန်မပြောတဲ့ကိစ္စကိုယုံကြည်ဖို့ခက်ခဲနေမယ်ဆိုတာ
နားလည်ပါတယ်.....ဒါပေမဲ့အစ်ကိုတို့ကဗုဒ္ဓဘာသာ
ဝင်တွေမုိ့ဒီကိစ္စကလုံးဝမဖြစ်နိုင်ဘူးလို့တော့တွေး
ထင်မှာမဟုတ်ဘူးလို့တော့ကျွန်မထင်ပါတယ်..."
"ဒီကသမီးပြောတာအန်တီနားလည်ပါတယ်....
တစ်ကယ်တော့ဝတ်ရည်မကျွတ်လွတ်သေးဘူးလို့
အန်တီတို့လဲခံစားမိပါတယ်...တစ်ခါတစ်လေဒီအိမ်ထဲမှာ
သူ့ရဲ့အရိပ်အယောင်တွေကိုမြင်နေရတယ်လေ...
အန်တီတို့လဲသူ့အတွက်အတတ်နိုင်ဆုံးကုသိုလ်
ကောင်းမူ့တွေလုပ်ပေးခဲ့ပါတယ်ကွယ်..ဒီကသမီးကို
ဝတ်ရည်ကအကူအညီတောင်းခဲ့တာဆိုတော့...
သမီးကသူ့ကိုမြင်နေရတာလား...."
"ဟုတ်ပါတယ်အန်တီတစ်ကယ်တော့ကျွန်မက
ဝိညာဉ်တွေကိုမြင်နိုင်ပါတယ်..."
ဘုံပြောရင်းမဝတ်ရည်ဘက်လှည့်ကာ....
"မဝတ်ရည်ဒီနေရာမှာရှင်ရှိနေတဲ့အကြောင်းသူတို့
သိအောင်ပြပေးပါ..."
ဘုံစကားဆုံးတာနှင့်ခပ်လှမ်းလှမ်းကရိူးကေ့စ်ကြီးပေါ်မှာ
ရှိနေတဲ့သစ်သားရုပ်လေးကအောက်ကိုပြုတ်ကျ
သွားကာ...တလိမ့်လိမ့်နှင့်လိမ့်လာပြီးကိုကျော်မိုး
ခြေထောက်နဲ့ထိကာရပ်တန့်သွားသည်။ကိုကျော်မိုးက
ဒူးထောက်လျက်သစ်သားရုပ်လေးကိုကောက်ယူ
လိုက်ပြီးဘုံ့ကိုတအံ့တဩနှင့်မော့ကြည့်သည်။
ဘုံအသာအယာခေါင်းငြိမ့်ပြလိုက်မိတော့...
"ဝတ်ရည်"
ိ
ကြေကွဲဆို့နင့်စွာခေါ်လိုက်သောအသံ....
"ဝတ်ရည်ဒီမှာရှိနေရင်လဲကိုယ့်ကိုတစ်ခါလောက်တော့
တွေ့ခွင့်ပေးပါဝတ်ရည်ရယ်ကိုယ်ဝတ်ရည်ကို
မြင်ပါရစေ....."
မျက်ရည်များစီးကျလျက်ငိုကြွေးကာပြောနေသည့်
ကိုကျော်မိုးကိုသူ့ရဲ့မိခင်ကနှစ်သိမ့်ပေးနေရသည်။
သူတို့အနားမှာမျက်ရည်တွေနှင့်ရပ်နေခဲ့တဲ့မဝတ်ရည်ရဲ့
ဝိညာဉ်..ဘုံကိုယ်တိုင်လဲထိုမြင်ကွင်းကိုကြည်ကာ
ဝဲတက်လာတဲ့မျက်ရည်တွေကိုမျက်တောင်များနှင့်
ပုတ်ခတ်သိမ်းဆည်းရင်းသူတို့အနားကိုလျောက်သွား
လိုက်သည်။
"ကျွန်မကိုခွင့်လွတ်တယ်လို့ပြောပါအစ်ကို...."
ခင်ပွန်းဖြစ်သူမကြားနိုင်မှန်းသိလျက်နှင့်မျက်ရည်တွေဖြင့်
တောင်းဆိုနေသောမဝတ်ရည်ရဲ့ဝိညာဉ်
"မဝတ်ရည်ကပြောနေတယ်...ကိုကျော်မိုးသူ့ကို
ခွင့်လွတ်ပါတဲ့.."
ဘုံ့စကားဆုံးတော့ကိုကျော်မိုးကမျက်ရည်တွေကို
လက်ခုံနှင့်ပွတ်သုတ်ရင်းထရပ်သည်။
"ဝတ်ရည်ကအခုဘယ်နားမှာရှိနေတာလဲ...ညီမ.."
"သူ...အစ်ကို့ရဲ့ညာဘက်မှာရပ်နေပါတယ်"
ဘုံပြောလိုက်တော့..ကိုကျော်မိုးကမဝတ်ရည်
ရပ်နေတဲ့ဘက်ကိုတည့်တည့်လှည့်ရပ်လိုက်ကာ...
ကြေကွဲဝမ်းနည်းမူ့အပြည့်နှင့်မျက်ဝန်းတွေဖြင့်
"အစ်ကိုဝတ်ရည်ကိုခွင့်လွတ်ပါတယ်ကွယ်ခွင့်လွတ်
ပါတယ်..."
~~~~~~~~~~~~💕💕💕
"ကျွန်မရှင့်ကိုကျေးဇူးတင်ပါတယ်...ရှင့်ကြောင့်
ကျွန်မခင်ပွန်းဆီကကျွန်မကြားချင်တဲ့စကားကို
ကြားခဲ့ရပြီ..အခုကျွန်မသွားရမဲ့နေရာကိုဖြောင့်ဖြောင့်
တန်းတန်းသွားနိုင်ပါတော့မယ်..."
"ဘုံကိုကျေးဇူးတင်ဖို့မလိုပါဘူး...ဒါဘုံ့ရဲ့တာဝန်
တစ်ခုလိုဖြစ်နေပါပြီ...ရှင်တို့လိုဝိညာဉ်တွေက
ရှင်တို့ရဲ့မပြီးပြတ်သေးတဲ့ဆန္ဒတွေအတွက်...
ဘုံ့ကိုအကူအညီတောင်းကြတယ်...ဘုံကလဲရှင်တို့ကို
အကူအညီပေးရတယ်....ရှင်တို့ဘုံ့နောက်ကို
တကောက်ကောက်လိုက်နေတုန်းကဘုံစိတ်ညစ်ရပေမဲ့
အခုလိုရှင်တို့ပျော်တာမြင်တော့ဘုံလဲပျော်ပါတယ်"
"ရှင်ကအရမ်းစိတ်ထားကောင်းတာပဲရှင့်လိုမိန်းကလေးက
လူအများအားကျလောက်စရာကံကောင်းခြင်းတွေကို
ပိုင်ဆိုင်နိုင်မှာပါ"
"မဝတ်ရည်ပြောသလိုမဖြစ်လဲကိစ္စတော့မရှိပါဘူး...
ဘုံကအဲ့လိုကံကောင်းခြင်းတွေကိုတစ်ခါမှမပိုင်ဆိုင်
ဖူးတော့ထူးပြီးလဲမျှော်လင့်မနေတော့ပါဘူး....
အဲ့ဒါထက်ဒီလိုနွေးထွေးတဲ့မိသားစုလေးကိုထားခဲ့ပြီး
လောကကြီးထဲကနေအစောကြီးထွက်သွားရတဲ့
ရှင့်အတွက်တော့ဘုံတစ်ကယ်စိတ်မကောင်းပါဘူး"
"လူဆိုတာတစ်နေ့တော့သေရမှာပဲလေ...အဲ့ဒါကြောင့်
အသက်ရှင်နေချိန်မှာအကောင်းဆုံးပြုမူနေထိုင်
သင့်တယ်.. "
"မဝတ်ရည်ပြောတာမှန်ပါတယ်..."
မဝတ်ရည်ကဘုံ့အနားကိုလျောက်လာရင်းကြည်လင်
တောက်ပတဲ့အပြုံးလေးနှင့်ဘုံ့ကိုစိုက်ကြည့်ကာ...
"ရှင့်ရဲ့အနာဂါတ်မှာတောက်ပတဲ့အလင်းရောင်တွေ
မြင်နေရတယ်...ရှင့်အတွက်ကံကောင်းခြင်းတွေ
မကြာခင်မှာပိုင်ဆိုင်ရတော့မယ်ထင်တယ်....
ကျွန်မရှင့်ကိုနူတ်ဆက်ခဲ့ပါတယ်...."
ပြောအပြီး...ဘုံ့အရှေ့ကနေတဖြေးဖြေးပျောက်ကွယ်
သွားတဲ့မဝတ်ရည်ရဲ့ဝိညာဉ်...ဘုံလက်အုပ်ချီပြီး
မျက်ဝန်းတွေကိုမှိတ်ချလိုက်မိရင်း....
"မဝတ်ရည်တစ်ယောက်ကောင်းရာသုဂတိလား
ပါစေ...."
~~~~~~~~~~~~~~~~~~💕💕💕
ဆက်ရန်>>>>