book

Index 9

အပိုင်း{ ၉ }

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤

       [ ကြမ္မာစေရာရွှေဖူးစာ ]


-----------------


 "လူယုတ်မာ..."


 "ဘာ!! မင်းဘာပြောလိုက်တယ်...."


 "လူယုတ်မာ...ရှင်ကလူယုတ်မာပဲ...."


ထိုစကားတစ်ခွန်းကိုပဲထပ်တလဲလဲပြောလျက်

မျက်ဝန်းအိမ်မှ မျက်ရည်စတို့တွေတွေစီးကျလာတဲ့သူမရဲ့

အသွင်သဏ္ဍာန်က ဂုဏ့်ရဲ့မျက်ခုံးတန်းတွေကို

တွန့်ချိုးကျသွားစေ၏။


ဂုဏ် သူမကိုကြည့်ကာခါးကိုခပ်လျော့လျော့ထောက်လျက်

သက်ပြင်းချလိုက်ရင်း...


 "ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ရဲ့ ဖုန်းထဲက

 ပြောလာတဲ့စကားတွေကိုယုံပြီး...မင်းကငါ့ကို

 လူယုတ်မာလို့စွပ်စွဲနေတာလား....ကြင်သူ..."


ပြောရင်း ဆေးရုံနံရံနားကကြမ်းပြင်ပေါ်မှာ

ကျကွဲနေတဲ့ဖုန်းဆီရွေ့သွားတဲ့ဂုဏ့်အကြည့်တွေနောက်ကို

သူမမျက်လုံးတွေကလည်းကပ်ပါလာခဲ့သည်။


တစ်စစီဖြစ်နေတဲ့ဖုန်းကိုမြင်တော့သူမကမျက်နှာပျက်သွားရင်း

ဂုဏ့်ကိုခပ်စူးစူးပြန်ကြည့်သည်။


 "ကျွန်မအားကိုးတကြီးနဲ့ မျက်စိမှိတ်ယုံကြည်ခဲ့တဲ့

 ရှင့်ရဲ့စကားတွေကတောင်အားလုံးအလိမ်အညာတွေ

 ဖြစ်နေခဲ့တာပဲ...ကျွန်မတခြားတစ်ယောက်ကိုရော

 လွယ်လွယ်ယုံကြည်နိုင်ခဲ့ပါ့မလား..."


 "မင်းဘာကိုဆိုလိုတာလဲ...."


 "ကျွန်မပြန်မှတ်မိပြီ......"


 "ဟင်..."


သူမဆီကကြားလိုက်ရတဲ့ထင်မှတ်မထားတဲ့စကားကြောင့်

ဂုဏ်တစ်ယောက်ထဲမဟုတ်ဘဲ ဧချင်းကပါတအံ့တဩ

ဖြစ်သွားသည်။


 "မင်းပြန်မှတ်မိပြီ မင်းမှတ်ဉာဏ်တွေပြန်ရပြီလို့

 ပြောတာလား...ကြင်သူ"


ဂုဏ့်ရဲ့မေးခွန်းကြောင့် မျက်ရည်တွေကြားက

သူမမျက်မှာလေး မဲ့ကျသွား၏။


 "ဘာလဲ ရှင်သိပ်အံ့ဩသွားတာလား

 ကျွန်မရဲ့မှတ်ဉာဏ်တွေထဲက တစ်ပိုင်းတစ်စကိုပဲ

 ကျွန်မမှတ်မိသေးတာပါ...ရှင် ကျွန်မအပေါ်ဘယ်လို

 ယုတ်မာခဲ့လဲဆိုတာကိုပေါ့....."


 "ဘာ!!"


 "ကျွန်မအဖေကြောင့် ရှင့်ရဲ့ငွေတွေဆုံးရူံးသွားခဲ့ရလို့

 ရှင် ကျွန်မရဲ့အပျိုစင်ဘဝကိုဖျက်ဆီးပြီး ရှင့်ရဲ့

 အရူပ်အထွေးတွေကြားမှာအသုံးချဖို့ ခေါ်လာခဲ့တာ

 မဟုတ်လား...."


 "ကျစ်...မင်းဘာတွေပြော "


 "ကျွန်မထင်ထင်ရှားရှားမှတ်မိတယ်!!"


တစ်ခုခုပြောဖို့ပြင်လိုက်တဲ့ဂုဏ့်အသံက ရိူက်သံတစ်ဝက်နဲ့

ဖြတ်အော်လိုက်တဲ့သူမအသံအောက် တိခနဲတိတ်ကျ

သွားခဲ့ရ၏။


 "ရှင်ကျွန်မကို မတရားကြံခဲ့တာ...ဟင့်...."


နာကျင်ဝမ်းနည်းစွာဆိုလိုက်တဲ့စကားသံရဲ့အဆုံးသတ်မှာ

ရိူက်သံလေးတစ်ချက်က ကပ်ပါသွား၏။


ဂုဏ် သူမကိုကြည့်နေရင်းမှမြင်ကွင်းတစ်ခုက

ခေါင်းထဲပေါ်လာသည်။


 "မင်း..မဟုတ်မှလွဲရော..ငါတို့နှစ်ယောက်ပထမဆုံး

 ဆုံခဲ့တဲ့နေ့ကအဖြစ်အပျက်ကို ပြန်မှတ်မိသွားတာလား..."


ပထမဆုံး....ပထမဆုံးဆုံခဲ့တဲ့​နေ့တဲ့လား??

ဒါဆို ကြင်သူက ထိုယောကျာ်းနဲ့ပထမဆုံးဆုံခဲ့တဲ့

အချိန်မှာပဲ...ကြင်သူ့ရဲ့ဘဝတစ်ခုလုံး ထိုယောကျာ်းရဲ့

အငြိုးအတေးဒေါသတွေအောက်မှာနင်းခြေဖျက်ဆီး

ခံလိုက်ရတာပေါ့.....။


ရက်စက်လိုက်တာ!!


ဝမ်းနည်းစိတ်တွေကရင်တစ်ခုလုံးလိူင်းထသွားကာ

ကြင်သူ နာကျင်စွာဖြင့်အောက်နူတ်ခမ်းလေးကို

ခပ်တင်းတင်းဖိကိုက်လိုက်ရင်း လက်ကဆေးပိုက်တွေကို

အတင်းဆွဲဖြုတ်လိုက်သည်။


 "ဟေ့..ဘာလုပ်တာလဲမင်း..ဟေ့..."


ကြင်သူ့ကိုဟန့်တားဖို့ကြိုးစားလာတဲ့သူ့လက်တွေကိုလည်း

တွန်းထိုးရုန်းကန်ရင်း ဆေးရုံကုတင်ပေါ်ကအတင်းဆင်း

လိုက်တော့...ယိုင်နဲ့သွားတဲ့ကြင်သူ့ကို သူက

ပခုံးအစုံမှပွေ့ဖက်ထိန်းလိုက်ပြန်၏။


 "ရှင်.ရှင် ကျွန်မအသားကိုမထိနဲ့....ရှင်ကလူယုတ်မာ

 ကျွန်မရှင့်ကို အရမ်းမုန်းတယ်..."


 "မင်း အဲ့ဒီ့နေ့ကအဖြစ်အပျက်ကို အစအဆုံး

 မှတ်မိတယ်ဆိုရင် ငါ့ကိုလူယုတ်မာလို့စွပ်စွဲနေစရာ

 မလိုဘူး...."


ကြင်သူ, သူ့ကိုဘာမှပြန်မပြောဘဲ သူ့ဘက်ကနေ

လွတ်ဖို့သာ အတင်းရုန်းကန်နေတော့ သူက 

ကြင်သူ့ လက်မောင်းနှစ်ဖက်ကိုဖိဆုပ်ကိုင်ပြီး

မျက်နှာလေးအားခပ်စူးစူးစီးမိုးကြည့်သည်။


 "မင်း တစ်ကယ်ကိုအဲ့ဒီ့နေ့ရဲ့မှတ်ဉာဏ်တစ်ပိုင်းတစကိုပဲ

 ပြန်ရခဲ့တာလား...."


 "တစ်ပိုင်းတစပဲဖြစ်ဖြစ် အပြည့်အဝပဲဖြစ်ဖြစ်

 ရှင် ကျွန်မဘဝကိုအနိုင်ကျင့်ဖျက်ဆီးခဲ့တာက ငြင်းမရတဲ့

 အမှန်တရားပဲလေ...."


 "က်စ္​!!"


မျက်ဝန်းတွေကိုဖျတ်ခနဲတစ်ချက်ဖိပိတ်လျက် သူက

စိတ်ရူပ်သလိုစုတ်သပ်သည်။


ပြီးတော့ အခုထိမျက်ရည်မစဲသေးတဲ့ကြင်သူ့ကို

ပြန်ကြည့်လာခဲ့ရင်း သက်ပြင်းတစ်ချက်ကို ခပ်သဲ့သဲ့

ရိူက်လိုက်ပြီး.....


 "ငါမင်းကိုမယုတ်မာခဲ့ဘူး မင်းအထင်မှားနေပြီ..."


 "မယုံဘူး....."


 "ဘာ!!"


 "အခုချိန်ထိ...ရှင် ကျွန်မကိုပြောခဲ့သမျှအရာအားလုံးက

 အလိမ်အညာတွေချည်းပဲ...ကျွန်မရှင့်ကို တစ်ကယ့်ကို

 ယုံကြည်အားကိုးခဲ့တာ....လက်ထပ်စာချုပ်နဲအတူ

 ရှင်ကကျွန်မကိုတရားဝင်ပိုင်ဆိုင်ထားတဲ့ယောကျာ်းဆိုပြီး

 ရှင့်ရဲ့ဟန်ဆောင်ဂရုစိုက်မူ့တွေ၊အတုအယောင်

 အကြင်နာတွေကိုအဟုတ်ကြီးမှတ်ပြီး..ကျွန်မ.ကျွန်မ....

 ဟင့်..ဟင့်..."


ပြောလက်စ,စကားတို့ကရှေ့မဆက်နိုင်တော့ဘဲ

ကြင်သူ့အသံလေးတိမ်ဝင်သွားခဲ့ကာ ထပ်ပြီးစီးကျ

လာခဲ့ရပြန်တဲ့မျက်ရည်တွေ...


 "ရှင်ဘာလို့ အဲ့လောက်တောင်ရက်စက်ရတာလဲ

 ရှင်က တစ်ကယ့်ကိုလူမဆန်တဲ့လူ...."


 "မင်းတော်တော့...."


 "မတော်နိုင်ဘူး...ရှင်ကျတော့ကျွန်မဘဝတစ်ခုလုံးကို

 ရက်ရက်စက်စက်နင်းခြေခဲ့ပြီး...ကျွန်မကတော့ရှင့်ကို

 ရှင့်ကိုဒီလိုစကားလုံးတွေနဲ့တောင် ထိုးနှက်ခွင့်မရှိဘူးပေါ့

 ကျွန်မအဖေ ရှင့်ဆီကလိမ်သွားတယ်ဆိုတဲ့ ဒေါ်လာ

 6 billionအတွက် ကျွန်မရှင့်ကိုဘာတွေထပ်ပြီး

 ပေးရဦးမှာလဲ...ရှင်ကျွန်မဘဝကိုဖျက်ဆီးခဲ့တယ်

 ဘယ်လိုထိခိုက်မူ့မျိုးကြောင့်မှန်းကျွန်မ,မသိပေမဲ့

 မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ကျွန်မကိုရှင့်အတွက်

 ဒီလိုလိမ်ညာပြီးအသုံးချခဲ့တယ်....မလုံလောက်သေးဘူးလား

 ကျွန်မရှင့်ကိုဘာတွေထပ်ပြီးပေးဆပ်ရဦးမှာလဲ....ကျွန်မရဲ့

 အသက်လား....ဟမ်..ရှင်ပြောစမ်းပါ..."


 "မင်း......"


 "အာ့..."


ထောင်းခနဲထွက်သွားတဲ့ဒေါသစိတ်ကြောင့်

သူမလက်မောင်းနှစ်ဖက်ကိုဖိဆုပ်ထားတဲ့လက်နှစ်ဖက်ကို

ဂုဏ် ပိုပြီးအားထည့်လိုက်တော့...(အာ့)ခနဲညည်းညူသံနဲ့အတူ

မျက်နှာလေးမဲ့ကျသွားတဲ့သူမ....


 "မင်းကိုတော်တော့လို့ငါမပြောခဲ့ဖူးလား...ရှင်းပြတာကို

 နားမထောင်ဘဲ မင်းငါ့ကိုစွပ်စွဲနေသမျှကိုငါသည်းခံ

 နေရတာအတိုင်းအတာရှိတယ်...ကြင်သူသက်ထား"


ဒေါသစိတ်ကြောင့်စူးလက်နေတဲ့မျက်ဝန်းတွေဖြင့်

သူ့ရဲ့စကားသံကအေးစက်လွန်းလှသည်။


ဟုတ်တယ်..ဒါကသူ့ရဲ့ပုံစံအစစ်အမှန်ပဲ...

ကြင်သူ့အပေါ်ဟန်ဆောင်ပြုမူခဲ့တဲ့နွေးထွေးကြင်နာမူ့တို့

မရှိတော့တဲ့သူ့ရဲ့ပုံစံအစစ်အမှန်....။


 "ငါမင်းကိုမယုတ်မာခဲ့ဘူး...မင်းယုံချင်ယုံ

 မယုံချင်နေ...ငါပြောသမျှကိုမယုံကြည်လက်မခံနိုင်

 ဖြစ်နေတဲ့မင်းကိုငါဒီ့ထက်ပိုပြီးလည်းရှင်းပြမှာ မဟုတ်ဘူး

 မင်းမေးခဲ့တယ်မဟုတ်လား...မင်းအဖေငါ့ဆီက

 လိမ်သွားတဲ့ ဒေါ်လာ6billionအတွက်မင်းငါ့ကို

 ဘာထပ်ပြီးပေးရဦးမှာလဲလို့လေ..."


 "နောက်ဆုံးတော့ရှင်ဝန်ခံပြီပေါ့...ရှင်က,ကျွန်မကို

 ဒေါ်လာ6 billionအတွက်အသုံးချခဲ့တာပဲ..."


 "ဟုတ်တယ်...ငါမင်းကိုအသုံးချခဲ့တာ..."


 "ဟင်!!"


ပြတ်သားရက်စက်လှတဲ့သူ့ရဲ့ဝန်ခံစကားသံက

ကြင်သူ့နှလုံးသားကို တည့်မတ်စွာစိုက်ဝင်သွားတဲ့

မြားတစ်စင်းနှယ်.....


 "ဒါပေမဲ့တစ်ကယ့်ကိုမလုံလောက်သေးဘူး...

 မင်းငါ့ကိုအများကြီးပေးဆပ်ဖို့ကျန်နေသေးတာမို့

 အခုထဲကအားတင်းထား...."


 "ရှင်..ရှင်..."


ကြင်သူ ဘာမှထပ်မပြောနိုင်သေးခင် သူက

ကြင်သူ့ လက်မောင်းနှစ်ဖက်ကို မညှင်မသာ

လွှတ်လိုက်ပြီး....တစ်ချိန်လုံးဘာမှဝင်မပြောဘဲ

မျက်နှာပျက်တိတ်ဆိတ်နေတဲ့ဧချင်းကိုလှည့်ကြည့်သည်။


 "တာဝန်ကျသူနာပြုကိုသွားခေါ်လိုက်...သူ့ကို

 ဆေးပိုက်တွေပြန်တပ်ပေးရမယ်..."


 "ဟုတ်ကဲ့...သူဌေး..."


ဧချင်း အမိန့်နာခံပြီးခပ်သွက်သွက်ခြေလှမ်းတွေနှင့်

ဆေးရုံခန်းထဲကထွက်သွားလျှင် သူ့ရဲ့အကြည့်စူးစူးတွေက

ကြင်သူ့ဆီထပ်ပြီးရောက်လာခဲ့သည်။


သို့ပေမဲ့ ခဏပါပဲ...ဘာစကားမှထပ်မဆိုလာဘဲ

ကြင်သူ့ကိုကျောခိုင်းလျက် နေရာကနေခြေလှမ်းကြဲကြီးတွေနှင့်

လှမ်းထွက်သွားလေတော့၏။


မကုန်ခမ်းနိုင်တဲ့မျက်ရည်တွေနဲ့ကြင်သူ့မှာတော့

ဆေးရုံကုတင်မှာသာအရုပ်ကြိုးပြတ်လေး ထိုင်ကျသွား

ခဲ့ရတော့ရင်း....


 "ရှင်ရက်စက်တယ် ဂုဏ်ရှိန်ထည်ဝါ..."


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ_ಥಥ_ಥಥ_ಥ


 "သူဌေးရောက်နေပါတယ် မယ်မယ်ကြီး...."


သူမအခန်းထဲထိရောက်လာပြီးအသိလာပေးတဲ့

ရဲတိုက်ဝန်ထမ်းတစ်ယောက်ကြောင့်...မှန်တင်ခုံရှေ့မှာ

ထိုင်ပြီး ရတနာတွေပစ္စည်းတွေကိုချွတ်နေတဲ့

ဒေါ်ခင်ထိပ်ထား နောက်လှည့်ကြည့်လိုက်မိသည်။


 "ငါဆင်းလာခဲ့မယ်လို့ပြောလိုက်...."


ကြိုတင်တွေးထားပြီးသားမို့ သူမအေးဆေးစွာပြန်ပြောလိုက်ပြီး

မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်စူးစိုက်ကြည့်လျက်

အထက်တန်းဆန်ဆန်ထုံးဖွဲ့ထားတဲ့ပြောင်အိနက်မှောင်နေသော

ဆံပင်တို့ကိုတစ်ချက်သပ်လိုက်ပြီးထိုင်ရာကနေထရပ်လိုက်သည်။


သူမအခန်းထဲကထွက်လာပြီးလှေကားအတိုင်းဆင်းလာတော့

ဧည့်ခန်းဆောင်ထဲမှာ ထိုင်နေတဲ့သားဖြစ်သူကို

မြင်လိုက်ရ၏။


သူမဝင်လာတာကိုမြင်တာနှင့် ဂုဏ်ကတစ်ချက်သာ

လှမ်းကြည့်လာပြီး ချက်ချင်းမျက်နှာပြန်လွှဲသွားသည်။


 "ဒီနေ့ မင်းရဲ့ချစ်ဇနီးလေးကို မယ်မယ်မခေါ်ထားပါဘူးနော်

 ဂုဏ်...အချိန်လည်းမစောတော့တာကို...ရဲတိုက်ထိ

 တကူးတကကြီးရောက်လာတဲ့အကြောင်းအရင်းဘာများလဲ....."


မျက်နှာချင်းဆိုင်မှာ ခြေတစ်ဖက်ချိတ်ဝင်ထိုင်ရင်း

မေးလိုက်တော့ သားဖြစ်သူရဲ့အေးစက်စက်အကြည့်တွေက

သူမဆီတည့်မတ်စွာကျရောက်လာခဲ့၏။


 "ကြင်သူသက်ထားရဲ့အကြောင်းတွေကို အမေ

 ဘယ်လောက်ထိသိထားတာလဲ...ကျွန်တော်နဲ့

 အနီးကပ်ဆုံးလူတွေထဲမှာ အမေ့အတွက်အလုပ်လုပ်ပေးနေတဲ့

 လူရှိနေတာလား...."


သားဖြစ်သူရဲအမေးကြောင့် ဒေါ်ခင်ထိပ်ထား

သဲ့သဲ့ပြုံးလိုက်သည်။


 "မင်းအရမ်းဉာဏ်ကောင်းတယ်ဂုဏ်...နေ့မကူးဘဲ

 မယ်မယ့်ရဲ့လုပ်ရပ်ကိုမှန်းခန့်မှန်းမိတာပဲ...."


 "ခုချိန်မှာ ကြင်သူသက်ထားကိုကျွန်တော့်ဘေးကနေ

 ပျောက်ကွယ်သွားစေချင်တဲ့သူက အမေ့အပြင်ဘယ်သူ

 ရှိသေးလို့လဲ......"


 "မင်း အင်္ဂလန်မှာအဲ့ဒီ့မိန်းကလေးနဲ့ဘာကိစ္စတွေရှိလဲဆိုတာ

 မယ်မယ်မသိချင်ဘူးဂုဏ်....ဒါပေမဲ့မင်းအဲ့ဒီ့မိန်းကလေးကို

 အသုံးချပြီး ဒီမိသားစုကိုစွန့်ပစ်ဖို့ကြိုးစားနေတာကို

 ချက်ချင်းရပ်လိုက်ပါ..."


 "ဘာလို့ကြင်သူသက်ထားကိုကျွန်တော်ကအသုံးချဖို့

 သက်သက်အနားမှာထားတယ်လို့ထင်ရတာလဲ...

 ကျွန်တော်သူ့ကိုတစ်ကယ်သဘောကျလို့လက်ထပ်

 ခဲ့တာဆိုရင်ရော...."


 "အဟင်း...မင်းကမယ်မယ်မွေးထားတဲ့သားပါ..

 မင်းအကြောင်းကိုမယ်မယ်မသိဘဲနေပါ့မလားဂုဏ်...

 လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ကြားကယုံကြည်မူ့ကို

 သိပ်ကိုတန်ဖိုးထားပြီး သိက္ခာနဲ့မာနကိုအသက်လိုမှတ်ယူ

 ထားတဲ့မင်းက...မင်းရဲ့ယုံကြည်မူ့တွေကိုအလွဲသုံးစားလုပ်ပြီး

 မင်းကိုလိမ်ညာသွားခဲ့တဲ့ လူလိမ်တစ်ယောက်ရဲ့သမီးကို

 လွယ်လွယ်နဲ့ချစ်ကြိုက်သွားမှာတဲ့လား.....ဒါလုံးဝ

 မဖြစ်နိုင်ဘူး...."


 "အကယ်၍ အဲ့ဒီမဖြစ်နိုင်တဲ့အရာကပဲ

 တစ်ကယ်ဖြစ်သွားခဲ့တယ်ဆိုရင်ရော...."


 "ဂုဏ္​...."


 "အမေတစ်ကယ်ပဲ ဘယ်တော့မှ ကျွန်တော့်ဘဝကို

 အနှောင့်အယှက်ပေးနေတာတွေကိုရပ်တန့်မှာလဲ...."


 "ဒီမိသားစုကိုစွန့်ပစ်ဖို့ မင်းရဲ့အတွေးတွေကို

 စွန့်လွှတ်လိုက်တဲ့အထိ....."


 "အမေအခုထိ နားမလည်သေးဘူးလား

 ကျွန်တော်ဘယ်တော့မှ ကျွန်တော့်ကိုကျွန်တော်

 ဒီမိသားစုဝင်လို့မသတ်မှတ်ထားဘူး....."


 "မင်းက မယ်မယ့်ရဲ့သားအဖြစ်မွေးဖွားလာထဲက

 မင်းရဲ့အနာဂတ်ကိုမင်းမပိုင်ဘူး ဂုဏ်...

 မင်းကဒီမိသားစုကိုဦးဆောင်ရမဲ့ဆက်ခံသူပဲ...."


 "တော်ပါတော့!!"


ဟိန်းခနဲအော်ရင်း ထိုင်ရာကနေဖျတ်ခနဲထရပ်လိုက်တဲ့ဂုဏ်...


 "မိသားစုကိုဦးဆောင်ရမဲ့သူ..မိသားစုရဲ့ဆက်ခံသူ

 အဲ့ဒီ့စကားလုံးတွေလောက် ကျွန်တော့်အတွက်

 နားခါးတာမရှိဘူး...အတ္တ၊မာနနဲ့ ဂုဏ်မောက်မူ့တွေကလွဲရင်

 ဘာမှမရှိတဲ့ဒီနေရာ၊ဒီမိသားစုမှာ...ကျွန်တော်

 မက်မောတွယ်တာလောက်စရာဘာမှမရှိဘူး...

 အမေမေ့သွားပြီလား...ကျွန်တော်အဖေဘယ်လို

 သေသွားခဲ့ရလဲဆိုတာကိုလေ...."


 "ဂုဏ်ရှိန်ထည်ဝါ..."


ဒီတစ်ကြိမ်မှာတော့ နာမည်အပြည့်အစုံကို

ခေါ်ရင်း ဒေါ်ခင်ထိပ်ထားထိုင်ရာကနေဝုန်းခနဲ

ထရပ်သည်။


သားအမိနှစ်ယောက် စူးရှတဲ့အကြည့်တွေနဲ့

မျက်နာချင်းဆိုင် ခြေစုံရပ်မိတဲ့အခါ....။


 "မယ်မယ်မင်းကို နောက်ဆုံးအနေနဲ့သတိပေးလိုက်မယ်

 ဂုဏ်...မင်းရဲ့လုပ်ဇာတ်ကိုရပ်တန်းကရပ်ပြီး

 အဲ့ဒီ့မိန်းကလေးကို မင်းဘေးကနေ မောင်းထုတ်လိုက်ပါ

 မဟုတ်ရင် မယ်မယ့်ကိုရက်စက်တယ်လို့မပြစ်မတင်နဲ့..."


 ပြောရင်ပြောတဲအတိုင်းဖြစ်အောင်လုပ်တတ်တဲ့

 မိခင်ဖြစ်သူရဲ့ခတ်ထန်တင်းမာလွန်းနေသော

 မျက်နှာအမူအယာဆီမှ အကြည့်မလွှဲဘဲ ဂုဏ်

 သွေးအေးစွာပြုံးပြလိုက်ရင်း.....


 "ကျွန်တော်လည်းအမေ့ကိုသတိပေးလိုက်မယ်...

 နောက်တစ်ကြိမ် အမေပဲဖြစ်ဖြစ် အမေ့ရဲ့လူတွေပဲ

 ဖြစ်ဖြစ်...ကြင်သူသက်ထားနားကိုထပ်ပြီးရောက်လာခဲ့ရင်

 အဲ့ဒီ့အခါ...ကျွန်တော်ဘယ်သူ့မျက်နှာမှကြည့်တော့မှာ

 မဟုတ်ဘူး....ဂုဏ်ရှိန်ထည်ဝါဆိုတဲ့အမေ့သားက

 ဘယ်လိုလူမျိုးလဲ အမေ မမေ့ပါနဲ့...."


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ


 "သူဌေး ပြန်လာပါပြီလား...."


ပုံမှန်ပဲလှမ်းလာတဲ့ ဂုဏ့်ရဲ့ခြေလှမ်းတွေက

ဆေးရုံခန်းရှေ့မှာခြေစုံရပ်လိုက်တော့ ဧချင်းက

ခေါင်းညွှတ်နူတ်ဆက်သည်။


 "သူရော...."


ဂုဏ်...ပိတ်ထားတဲ့ဆေးရုံခန်းတံခါးဆီ

အကြည့်တစ်ချက်ပို့ကာ မေးလိုက်တော့ ဧချင်းက

မျက်နှာမသာမယာနှင့်....


 "ခုထိ ငိုနေတုန်းပဲ ခုနက ကျွန်တော်

 ညစာအတွက်စွပ်ပြုတ်ရည်သွားပို့တာလည်း

 မစားဘူးဆိုပြီးမောင်းထုတ်တယ်..."


 "ကျစ်...အဲ့ဒီ့မိန်းကလေး ဘာလို့အဲ့လောက်တောင်

 မျက်ရည်ပေါနေရတာလဲ...."


 "မိန်းကလေးက သူဌေးကိုအထင်လွဲနေတာ

 သူဌေးသေချာလေးရှင်းပြခဲ့တယ်လို့ထင်တယ်...

 တစ်ကယ်တမ်း အဲ့ဒီ့နေ့တုန်းကသူဌေးက

 မိန်းကလေးကို...."


စကားမဆုံးခင် အကြည့်စူးစူးတစ်ချက်ကို

လက်ခံလိုက်ရတာကြောင့် ဧချင်းပါးစပ်ပိတ်သွားရသည်။


 "သူသတိရလာတဲ့အချိန်ကစပြီးငါကသူ့ကိုတစ်ချိန်လုံး

 လိမ်ညာနေခဲ့တာလို့ သူသိသွားတဲ့အချိန်မှာ

 သူတစ်စွန်းတစမှတ်မိလာတဲ့မှတ်ဉာဏ်တွေက

 အထင်လွဲတာပါလို့ငါဘယ်လောက်ရှင်းပြရှင်းပြ

 သူယုံကြည်ရဲမှာတဲ့လား...သူကအခုသွေးပူနေတဲ့

 အချိန်ပဲ...ငါနဲ့ပတ်သတ်သမျှအရာအားလုံးထဲမှာမှ

 အဲ့ဒီ့နေ့ကမှတ်ဉာဏ်အပိုင်းအစတွေကိုမှသူအရင်ဆုံး

 မှတ်မိလာတာကတော့ ကံကိုပဲအပြစ်တင်ရမယ်..."


 "မယ်မယ်ကြီးဘက်ကရောအခြေနေဘယ်လိုရှိလဲ

 သူဌေးတို့ထပ်ပြီးစကားများခဲ့သေးတာလား...."


 "ကောင်းတဲ့ကိစ္စအတွက်သွားတာမှမဟုတ်ဘဲ

 အဆင်ပြေတဲ့စကားတွေထွက်လာပါ့မလား

 ငါ့အမေက ငါ ဆက်ခံသူဆက်ခံသူနေရာကို

 စွန့်လွှတ်လို့မရအောင် နည်းလမ်းမျိုးစုံသုံးလာတော့မှာ

 ရှေ့လျောက်ဘယ်လိုကိစ္စတွေကြုံတွေ့လာရမယ်ဆိုတာ

 မသိပေမဲ့..ငါ ကြင်သူသက်ထားကို အပြည့်အဝ

 ကာကွယ်ပေးရလိမ့်မယ်..."


စကားကိုအဆုံးသတ်ပြီး ဂုဏ်ဆေးရုံခန်းထဲကို

လှမ်းဝင်လာတော့ ကုတင်ပေါ်မှာ

ခေါင်းအုံးကိုကျောမှီပြီးထိုင်နေတဲ့ သူမက

ဂုဏ့်ကိုမြင်တာနှင့် မျက်နှာကိုတစ်ဖက်သို့လွှဲသွားသည်။


ဂုဏ် နက်ခ်တိုင်ကိုဖြေလျော့ပြီးသူမနားကို

တိုးလျောက်သွားလိုက်တော့ မျက်ရည်မခြောက်သေးတဲ့

မျက်နှာလေးကပိုပြီးပီပြင်လာသည်။


ဂုဏ် စားပွဲပေါ်ကစွပ်ပြုတ်ပန်းကန်ကို လှမ်းယူ့ပြီး

သူမဘေးမှာတင်ပါးလွှဲဝင်ထိုင်လိုက်သည်။


 "မင်း ဆေးသောက်ရဦးမှာ အစာမစားဘဲနေလို့မရဘူး..."


ပြောရင်း ဇွန်းနှင့်စွပ်ပြုတ်ပန်းကန်ကိုခပ်ဖြေးဖြေမွှေနေချိန်

မှာပဲ သူမရဲ့လက်အစုံက ဂုဏ့်လက်ထဲကစွပ်ပြုတ်

ပန်းကန်ကိုပုတ်ထုတ်လိုက်၏။


 "ခြမ္​း!!"


ခနဲမြည်သံနှင့်အတူ စွပ်ပြုတ်ပန်းကန်က

ကြမ်းပြင်ပေါ်လွှင့်ထွက်ကွဲသွားခဲ့၏။


 "မင်းဘာလုပ်တာလဲ...."

 

 "ရှင်မမြင်ဘူးလား...ရှင့်ရဲ့ဟန်ဆောင်ပန်ဆောင်

 ဂရုစိုက်ကြင်နာမူ့တွေကိုမလိုချင်လို့...."


 "မင်းငါ့ကို ဒေါသထွက်အောင်မလုပ်နဲ့ကြင်သူ

 ငါမင်းကိုအများကြီးစိတ်ရှည်ထားတာ..."


 "အဲ့တော့ ရှင်ကကျွန်မကိုဘာထပ်လုပ်ချင်သေးလို့လဲ

 အခုလည်းကျွန်မကရှင့်လက်ခုပ်ထဲကရေပဲမဟုတ်လား"


ဂုဏ် သူမကိုကြည့်ပြီးစိတ်လျော့သလိုသက်ပြင်း

ချလိုက်သည်။


 "ငါ့ကိုအရွဲ့တိုက်ချင်တာနဲ့ပဲ ခေါင်းမမာနဲ့

 ဒါကမင်းရဲ့ကျန်းမာရေးနော်...."


 "အဲ့တော့ဘာဖြစ်လဲ...ရှင့်လိုလူယုတ်မာရဲ့လက်ထဲ

 ရေလိုအသုံးချခံနေရတာထက်စာရင် သေသွားတာမှ

 ကျွန်မအတွက်ကောင်း...အာ့!!"


စကားမဆုံးခင် ကြင်သူ့ရဲ့ခါးသိမ်သိမ်လေးက

သူ့လက်တံရှည်တွေကြားစွေ့ခနဲပါသွားပြီး..

အလွန်တရာနီးကပ်သွားတဲ့မျက်နှာချောချောဆီက

စူးရှလွန်းနေတဲ့အကြည့်တို့သည် ကြင်သူ့မျက်နှာလေးအား

ပေါက်ထွက်မတတ်စူးစိုက်လာခဲ့ပြီး.....


 "လူယုတ်မာဆိုတဲ့စကားကိုနောက်တစ်ခေါက်

 ထပ်ပြောကြည့်...."


 "ပြောတော့ဘာဖြစ်လဲ ပြောမှာပဲ ရှင်က

 လူ..အွန်းး"


ဒီတစ်ခါတော့သူမအား စကားကိုဆုံးခွင့်

မပေးနိုင်တော့ဘဲ...တစ်ချိန်လုံးခါးခါးသီးသီး

ရန်ရှာနေတဲ့ ဖြုဖျော့ဖျော့နူတ်ခမ်းအစုံက..

အကြမ်းပတမ်းသိမ်းယူလိုက်မိတာက....

ဆက်မကြားလိုတော့သော စကားလုံးတို့ကြောင့်သာ။


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ


ဆက်ရန်^^^^^


Writer by

#Hazel


rate now: