book

Index 8

အပိုင်း{ ၈ }

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕

       [ ကြမ္မာစေရာရွှေဖူးစာ ]


-------------------


"ဂုဏ်ရှိန်ထည်ဝါကရှင့်ကိုလိမ်နေတယ်....

သူကရှင့်ကိုအသုံးချနေတာ ....ကြင်သူသက်ထား..."


"..........."


"သူ ရှင့်အပေါ်ဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့လဲဆိုတာ

ဒီဖုန်းထဲမှာရှိနေတဲ့တစ်ခုထဲသောနံပတ်ကိုခေါ်လိုက်တာနဲ့

အဲ့ဒီ့်လူကရှင့်ကိုအရာအားလုံးပြောပြလိမ့်မယ်...."


နားထဲမှာကြားယောင်နေမိတဲ့စကားသံတွေနှင့်အတူ

လက်ထဲမှာဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းက

အဖုံးပိတ်ထားတဲ့ ဘိုထိုင်အိမ်သာပေါ် ခပ်ဖြေးဖြေး

ထိုင်ချလိုက်မိသည်။


လက်ထဲကဖုန်းကဖွင့်ပြီး contactsထဲ

ဝင်ကြည့်လိုက်တော့ Qဆိုတဲ့နာမည်နဲ့ရှိနေတဲ့

တစ်ခုထဲသောနံပတ်.....။


ကြင်သူ ချိတုန်ချတုန်နှင့်ဝေခွဲမရဖြစ်နေရင်းမှ

နောက်ဆုံး,ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကာ

ထိုနံပါတ်ကို နှိပ်လိုက်ပြီးဖုန်းကိုနားမှာကပ်လိုက်သည်။


"တူ..တူ..."


ဝင်နေတဲ့ဖုန်းကိုတစ်ဖက်ကချက်ချင်းမကိုင်တာကြောင့်

ကြားနေရတဲ့,တတူတူအသံကကြင်သူ့နှလုံးခုန်သံတွေကို

အဆမတန်မြန်ဆန်လာစေခဲ့၏။


ကြင်သူလက်သီးတစ်ဖက်ကိုခပ်တင်းတင်းဆုပ်ပြီး

အောက်နူတ်ခမ်းလေးကိုဖိကိုက်လိုက်သည်။


ထိုအချိန်.....


"ဟယ်လို...."


တစ်ဖက်ကနေကြားလိုက်ရတဲ့အသံဖျက်ထားတဲ့

အမျိုးသားတစ်ယောက်ရဲ့အသံ။


"ထင်တာထက်ပိုပြီး မင်းကမြန်မြန်ဆက်သွယ်လာတာပဲ...."


နည်းနည်းလေးတောင်ကြားဖူးသယောင်မထင်မိသည့်

ထိုယောကျာ်းရဲ့အသံကြောင့် ကြင်သူမျက်မှောင်လေး

ကြုတ်သွားရ၏။


"ရှင် ဘယ်သူလဲ..."


"ကျွန်တော်ဘယ်သူလဲဆိုတာပြောတော့ရော

မင်းကကျွန်တော့်ကိုသိမှာမို့လို့လား...မင်းက

ကိုယ့်ကိုကိုယ်ဘယ်သူလဲဆိုတာတောင်မမှတိမိဘဲ

မှတ်ဉာဏ်တွေပျောက်ဆုံးနေခဲ့တာလေ..."


"ဟင်......."


"အရမ်းမအံ့ဩသွားပါနဲ့ ကျွန်တော်ကမင်းရဲ့

ရန်သူမဟုတ်ဘူး...မင်းရဲ့အခုလက်ရှိအခြေအနေနဲ့

ဂုဏ်ရှိန့်ထည်ဝါ့လက်ထဲမှာ ရေလို, လိုသလိုအသုံးချခံနေ

ရတာကို ဒီအတိုင်းကြည့်မနေနိုင်တဲ့ မင်းကိုကူညီပေးမဲ့သူ..."


"ရှင် ဘာတွေပြောနေတာလဲ...."


"မလောပါနဲ့ကြင်သူသက်ထား...ကျွန်တော်မင်းကို

အားလုံးရှင်းပြမှာပါ...အရင်ဆုံး မင်းရဲ့တရားဝင်ခင်ပွန်းလို့

မင်းသိထားတဲ့ ဂုဏ်ရှိန်ထည်ဝါက ဘယ်လို

အသိုင်းအဝိုင်းကလူလဲဆိုတာမင်းသိရဲ့လား....."


တစ်ဖက်ကမေးခွန်းကိုကြင်သူဘာမှမဖြေနိုင်ဘဲ

ဖုန်းကိုင်ထားတဲ့လက်လေးသာပိုပြီးတင်းကြပ်သွားရ၏။


"သူကနတ်စစ်သည်ရဲတိုက်,ရဲ့ဆက်ခံသူ...."


"နတ်စစ်သည်ရဲတိုက်...."


ကြားဖူးသလိုရှိနေတဲ့နာမည်တစ်ခုကိုကြင်သူ

သံယောင်လိုက်ရွတ်မိသွားရသည်။


"နတ်စစ်သည်ရဲတိုက်လိုနေရာကိုမင်းအတိတ်မမေ့ခင်ကတော့

ကောင်းကောင်းသိနိုင်မှာပါ...ဒါပေမဲ့အခုချိန်မှာ

အဲ့ဒီ့နေရာအကြောင်းကိုအသေးစိတ်ရှင်းပြဖို့အဆင်မပြေဘူး

နတ်စစ်သည်ရဲတိုက်က ဩဇာအာဏာသက်ရောက်မူ့

ုကြီးမားတဲ့နေရာတစ်ခုလို့ပဲ မင်းအလွယ်မှတ်လိုက်ပါ...

ဂုဏ်ရှိန်ထည်ဝါက အဲ့ဒီ့မိသားစုရဲ့ဆက်ခံသူပဲ...."


"........."


"သူတို့မိသားစုထဲမှာတင်းကြပ်တဲ့စည်းမျဉ်းတွေအများကြီး

ရှိတယ်..အဲ့ဒီ့ထဲကမှမိသားစုရဲ့ဆက်ခံသူတစ်ယောက်အတွက်

တသွေမတိမ်းလိုက်နာရမဲ့ စည်းကမ်းချက်တစ်ခုက...

ရဲတိုက်ကရွေးချယ်ထားတဲ့သတို့သမီးကလွဲရင် တစ်ခြား

ဘယ်မိန်းကလေးကိုမှလက်ထပ်ခွင့်မရှိတာပဲ...အကယ်၍

အဲ့ဒီ့စည်းမျဉ်းအပါအဝင်တစ်ခုခုကိုချိုးဖောက်ခဲ့ရင်...

ဆက်ခံသူက သူ့ရဲ့နေရာကိုစွန့်လွှတ်ရမယ်ဆိုတာက

အရေးကြီးတဲ့အချက်ပဲ....ဒီဖြစ်ရပ်ကိုမင်းနားလည်အောင်

ပြောရရင်ဂုဏ်ရှိန်ထည်ဝါက သူနဲ့လက်ထပ်မဲ့မိန်းကလေးကို

လုံးဝသဘောမကျသလို မိသားစုရဲ့ဆက်ခံသူဆိုတဲ့နေရာကိုပါ

စွန့်လွှတ်ဖို့ကြိုးစားနေတဲ့သူပဲ..."


"ဒ.ဒါဆို..သူက"


"အတိအကျကိုသူ့ပြသာနာတွေအတွက်မင်းကို

အသုံးချခဲ့တာပေါ့...မင်းကိုသူနဲ့လက်ထပ်ထားတဲ့

ဇနီးအဖြစ်အများရှေ့မှာချပြပြီး သူမလိုချင်တဲ့မိန်းမကိုရော

သူစွန့်လွှတ်ချင်နေတဲ့မိသားစုဆီကပါရုန်းထွက်ခဲ့တာ...."


"မဖြစ်နိုင်ဘူး..."


ကြင်သူ ခေါင်းကိုတွင်တွင်ခါယမ်းပြီးငြင်းဆန်လိုက်သည်။


"ကျွန်မကဘာလို့ရှင်ပြောတာတွေကအမှန်တွေပါလို့

ယုံရမှာလဲ...ကျွန်မရှင်ဘယ်သူလဲဆိုတာကိုမှ

မသိနိုင်တာ....."


စိတ်လူပ်ရှားမူ့ကိုကြိုးစားထိန်းချုပ်ထားရတဲ့

ကြင်သူ့ရဲ့စကားသံအဆုံး တစ်ဖက်ကသက်ပြင်းချလိုက်သလို

အသံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။


"ကျွန်တော်ပြောတာကိုမင်းမယုံဘူးဆိုရင်လည်း...

မင်းကိုယ်တိုင်ဆိုရှယ်မီဒီယာပေါ်မှာပဲရှာကြည့်လိုက်ပါ..

နတ်စစ်သည်ရဲတိုက်နဲ့ဂုဏ်ရှိန်ထည်ဝါကဘယ်လိုမျိုးလဲ

ဆိုတာကိုပေါ့...မင်းလက်ထဲကဖုန်းကကောင်းကောင်း

အသုံးပြုလို့ရပါတယ်...."


ထိုစကားကြောင့် ကြင်သူလက်ထဲကဖုန်းကိုပြန်ကြည့်ရင်း

အောက်နူတ်ခမ်းကိုထပ်ပြီးဖိကိုက်လိုက်မိပြန်သည်။


"ရှင်ပြောတဲ့ သူနဲ့သူ့အသိုင်းအဝိုင်းရဲ့အကြောင်းက

အမှန်တွေဖြစ်နေရင်တောင်...သူက ကျွန်မကို

အသုံးချနေတာလို့ ရှင်ကဘာလို့ထစ်ထစ်ချစွပ်စွဲနိုင်ရတာလဲ..."


"ကျွန်တော်ပြောနိုင်တာပေါ့..ဘာလို့လဲဆိုရင်

မင်းကဂုဏ်ရှိန်ထည်ဝါ့အတွက် အပြစ်ရှိတဲ့ဖြစ်တည်မူ့မျိုး

မို့လို့ပဲ...မင်းရဲ့အဖေက ဂုဏ်ရှိန့်ထည်ဝါ့ရဲ့ငွေတွေကို

လိမ်သွားခဲ့တာ...ဒေါ်လာ6 billionဆိုတဲ့ပမာဏ.."


"ရှင်!!"


"မင်းအံ့ဩသွားတယ်မဟုတ်လား...ဒါပေမဲ့

အဲ့ဒါအမှန်ပဲ...မင်းရဲ့အဖေဦးမောင်မောင်လတ်က

ဂုဏ်ရှိန်ထည်ဝါ့အတွက်အလုပ်လုပ်ပေးနေတဲ့

အင်္ဂလန်က, မြန်မာလူမျိူးရှေးဟောင်းသုတေသီ

တစ်ယောက်ပဲ...."


"မ.မဖြစ်နိုင်ဘူး...ကျွန်မမှာမိသားစုမရှိဘူး

သူပြောခဲ့တယ်..ကျွန်မ.ကျွန်မက...."


"သူမင်းကိုလိမ်ခဲ့တာ...အစကနေအဆုံးထိသူကမင်းကို

လိမ်ညာပြီးအသုံးချခဲ့တာ...မင်းကမှတ်ဉာဏ်တွေ

ပျောက်ဆုံးနေပေမဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေတော့

မပျောက်ကွယ်သေးဘူးလို့ကျွန်တော်ထင်တယ်....

မင်းသေချာစဉ်းစားကြည့်ပါ...ဂုဏ်ရှိန်ထည်ဝါ့လို

လူမျိုးက သူ့ရဲ့ငွေတွေကိုဘီလီယံနဲ့ချီပြီးလိမ်သွားတဲ့

လူတစ်ယောက်ရဲ့သမီးကို အချိန်တိုအတွင်းလက်ထပ်ယူ

ရလောက်အထိ သံယောဇဉ်တွယ်သွားနိုင်ပါ့မလား...

မင်းထပ်ပြီးမယုံဘူးဆိုရင် အဲ့ဒီ့ဖုန်းထဲမှာမင်းနဲ့မင်းအဖေရဲ့

ဓာတ်ပုံရှိနေတယ်...."


ကြင်သူ ဘာစကားမှပြန်မပြောနိုင်ဘဲ မျက်ရည်များ

စီးကျလာခဲ့ရသည်။


"အခု မင်းအဖေဦးမောင်မောင်လတ်က ဂုဏ်ရှိန်ထည်ဝါ့ရဲ့

လက်ကလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေတဲ့

အနေအထားပဲ...ဒီလိုအခြေအနေမှာ

ဂုဏ်ရှိန်ထည်ဝါကမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့

မင်းကိုသူ့အနားမှာခေါ်ထားရုံနဲ့...မင်းအဖေနဲ့

ပတ်သတ်တဲ့သူ့ရဲ့ဆုံးရူံးမူ့ကိုလည်းစိတ်ဖြေနိုင်မယ်...

နောက်ထပ်တစ်ချက်က...မင်းကိုအသုံးချပြီး

သူ့မိသားစုကိုလည်း ပုန်ကန်နိုင်မယ်...ဒီ့ထက်

အဆင်ပြေတဲ့နည်းလမ်းရှိပါဦးမလား...."


"ရှင်က.ဘယ်သူလဲ...ရှင်ကဘယ်သူမို့လို့

ဒီအကြောင်းတွေအားလုံးကိုသိနေရတာလဲ..."


"ကျွန်တော်ကဂုဏ်ရှိန်ထည်ဝါနဲ့အနီးဆုံးမှာရှိနေတဲ့

မင်းအဖေရဲ့မိတ်ဆွေတစ်ယောက်ပေါ့...သူမင်းကို

ဒီကိုခေါ်လာတယ်လို့သိခဲ့ရတဲ့အချိန်ကထဲက...

ကျွန်တော်မင်းနဲ့တွေ့ပြီးဒီအကြောင်းတွေကိုပြောပြခွင့်ရဖို့

အခွင့်အရေးမျိုးစုံဖန်တီးခဲ့ရတယ်...ဒါပေမဲ့

မင်းနားမှာအရိပ်လိုရှိနေတဲ့ဂုဏ်ရှိန်ထည်ဝါ့ရဲ့

လူတွေကြောင့်...ကျွန်တော်မတတ်နိုင်တဲ့အဆုံး

ဆေးရုံမှာရှိတဲ့ကျွန်တော့်လူရဲ့အကူအညီနဲ့မင်းကို

ဒီလိုဆက်သွယ်ခွင့်ရဖို့ကြိုးစားခဲ့ရတာ..."


"............"


"အခုကစပြီး ကျွန်တော်ပြောတာကိုသေချာနားထောင်ပါ

ကြင်သူသက်ထား....မင်း ဂုဏ်ရှိန်ထည်ဝါရဲ့နားကနေ

နည်းလမ်းရှာပြီးထွက်ပြေးဖို့ကြိုးစားရလိမ့်မယ်..

မဟုတ်ရင်...."


"ဒုန်း...ဒုန်း..."


"မိန်းကလေး!!"


"ဟင်..."


တစ်ဖက်ကစကားမဆုံးခင် သန့်စင်ခန်းတံခါးကို

အပြင်ဘက်ကနေထုလိုက်တာနဲ့အတူကြားလိုက်ရတဲ့

ဧချင်းရဲ့အသံကြောင့်....ကြင်သူလန့်ဖျတ်သွားရကာ

လက်ထဲကဖုန်းကလည်းလွတ်ကျသွားခဲ့ရ၏...။


ကြင်သူ ကပျာကယာပဲဖုန်းကိုပြန်ကောက်ယူလိုက်တော့

ဖုန်းက ကျသွားခဲ့ပြီဖြစ်သည်။


"ဒုန်း...ဒုန်း..."


အလျင်လိုနေပုံရတဲ့ဧချင်းရဲ့တံခါးကိုထုနေသံကလည်း

အဆက်မပျက်မို့ ကြင်သူ ဘေစင်အောက်ကအမိူက်ပုံးထဲ

ဖုန်းကိုဝှက်လိုက်ကာ...မျက်ရည်တွေကိုသေချာ

သုတ်လိုက်သည်။


ထို့နောက် ဆေးချိတ်စင်လေးကိုတွန်းပြီး

တံခါးနားကိုလျောက်သွားလျက် တံခါးကိုဖွင့်လိုက်တော့

စိုးရိမ်တကြီးမျက်နှာနှင့်ရပ်နေတဲ့ဧချင်းကိုမြင်လိုက်ရ၏။


"ဘာဖြစ်လို့လဲဟင်..."


"မဟုတ်ပါဘူး...မိန်းကလေးသန့်စင်ခန်းထဲမှာ

အရမ်းကြာနေလို့ မူးလဲပြီးတစ်ခုခုဖြစ်နေတယ်ထင်လို့ပါ..."


"ကျွန်မဘာမှမဖြစ်ပါဘူး....."


မျက်နှာတည်လေးနှင့်ပြောရင်း သူ့ဘေးကနေ

ကပ်ပြီးထွက်လျက် ဆေးရုံကုတင်ရှိရာကို

ခပ်မှန်မှန်လျောက်သွားတဲ့မိန်းကလေးကိုတစ်လှည့်

သန့်စင်ခန်းထဲကိုတစ်လှည့်ကြည့်ရင်း ဧချင်းဇဝေဇဝါ

ဖြစ်သွားရသည်။


ခုနက ဧချင်းဒီထဲကနေစကားသံတွေလိုလိုကြားလိုက်ရတယ်

အလုံပိတ်ခန်းမို့သဲသဲကွဲကွဲမဟုတ်ပေမဲ့...မိန်းကလေးက

တစ်ယောက်ယောက်နဲ့စကားပြောနေသလိုပဲ....။


ဧချင်း ရှင်းနေတဲ့သန့်စင်ခန်းထဲကိုဝေ့ဝဲစူးစိုက်ကြည့်ရင်း

မျက်လုံးတွေက ဘေစင်အောက်ကအမိူက်ပုံးဆီ

ရောက်သွားခဲ့စဉ်....


"ဒီမှာရှင့်..."


မိန်းကလေးဆီကခေါ်သံကြောင့်လှည့်ကြည့်လိုက်ရသည်။


ဧချင်း ထိုအနားကိုချက်ချင်းပဲလျောက်သွားလိုက်၏။


"မိန်းကလေး ဘာလိုအပ်လို့ပါလဲ..."


"ဟို..ကျွန်မရေနွေးနွေးလေးသောက်ချင်လို့...

ယူပေးလို့ရမလား...."


"မိန်းကလေးခဏလေးစောင့်ပါ..ကျွန်တော်သွားယူလာခဲ့ပါ့မယ်.."


ချက်ချင်းပင်ခေါင်းငြိမ့်နာခံပြီး ဧချင်းအခန်းထဲက

ပြန်ထွက်သွားတဲ့အခါမှ...ကြင်သူလက်ကဆေးပိုက်ကို

ဆွဲဖြုတ်လိုက်ပြီး သန့်စင်ခန်းထဲကိုခပ်သွက်သွကပြန်ဝင်လာကာ

အမိူက်ပုံးထဲကဖုန်းကိုထုတ်ယူလိုက်သည်။


ကြင်သူ ဖုန်းကိုဖွင့်ပြီးပထမဆုံး ဖုန်းgalleryထဲကို

ဝင်ကြည့်လိုက်တဲ့အခါ တစ်ပုံတည်းသောရှိနေတဲ့

ဓာတ်ပုံက ကြင်သူနဲ့အသက်၅၀ကျော်ခန့်အရွယ်ရှိ

လူကြီးတစ်ဦးနဲ့ရိုက်ထားတဲ့ဓာတ်ပုံ....


ဓာတ်ပုံထဲကလူကြီးရဲ့လက်မောင်းကိုတွဲချိတ်ထားတဲ့

ကြင်သူ့ရဲ့မျက်နှာလေးကပြုံးရွှင်နေခဲ့သလိုထိုလူကြီးရဲ့

မျက်နှာပေါ်မှာလဲနူးညံ့တဲ့အပြုံးရိပ်တို့ဖြင့်...


"ဖေဖေ...အ"


ဓာတ်ပုံကိုစူးစိုက်ကြည့်နေရင်းကြင်သူ့နူတ်ကခေါ်သံတစ်ခု

လွှတ်ခနဲထွက်သွားရကာ..ဦးခေါင်းကိုသံချောင်းချွန်ချွန်နှင့်

အထိုးခံလိုက်ရသလိုနာကျင်မူ့ကြောင့် လူကယိုင်နဲ့သွားရကာ

ကြမ်းပြင်ပေါ်ခွေခနဲကျသည်။


"မင်းအဖေကလူလိမ်...လူလိမ်..."


"မင်းအဖေက ငါ့ရဲ့ငွေတွေကိုလိမ်သွားခဲ့တာ...."


"မင်းအဖေကလူလိမ်...."


"အား..."


ဘယ်ကကြားနေရမှန်းမသိတဲ့အသံတွေကနားထဲမှာ

ပဲတင်ထပ်ကြားယောင်လာခဲ့ရရင်း...ကြင်သူ

အသက်ရူဖို့ခက်ခဲလာရကာ.....အင်္ကျီရင်ဘတ်စကို

အတင်းဆုပ်ဆွဲလိုက်မိတဲ့အခါ....


"မလုပ်နဲ့...ကယ်ကြပါဦး..."


အာရုံထဲမြင်ယောင်လာခဲ့တာကအိပ်ရာကျဉ်းလေးထက်မှာ

ကျားရိုင်းတစ်ကောင်လိုဒေါသတကြီးဖြစ်နေတဲ့

တစ်စုံတစ်ယောက်ရဲ့လက်ထဲကနေ လွတ်မြောက်ဖို့

အစွမ်းကုန်လူးလွန့်ရုန်းကန်နေခဲ့တဲ့ကြင်သူ...။


ကြမ်းတမ်းတဲ့အနမ်းရိုင်းတွေ မညင်သာတဲ့အထိအတွေတွေက

လက်တွေ့ပြန်ခံစားလိုက်ရသလို ကြင်သူချွေးစေးတွေပြန်ကာ

ခေါင်းထဲတရိပ်ရိပ်မူးဝေလာခဲ့ရင်း....တဖြေးဖြေး

အာရုံထဲပိုပြီးပီပြင်လာတဲ့ စိန်ပွင့်များကဲ့သို့စူးလက်နေတဲ့

မျက်ဝန်းတွေနဲ့ခန့်ညားလှတဲ့ထိုမျက်နှာက....ကြင်သူ့ရဲ့

တရားဝင်ခင်ပွန်းဆိုသောဂုဏ်ရှိန်ထည်ဝါသာဖြစ်တော့၏။


"ရှင်.တစ်ကယ်ကိုရှင်ပဲ...."


နောက်ဆုံးရေရွတ်လိုက်မိတဲ့စကားသံနှင့်အတူ

တင်းခံထားတဲ့စိတ်ကိုလုံးဝလျှော့ချပစ်လိုက်တဲ့အခါ...

အသိစိတ်က ခန္ဓာဆီကနေ ခဏတာဖယ်ခွာမသွားခင်

အချိန်လေး...နူးညံ့မလိုသူ့ရဲ့မျက်ဝန်းအကြည့်တွေနှင့်

ပြောခဲ့ဖူးသောစကားလုံးပေါင်းများစွာက...ကြင်သူ့ရဲ့

အသိအာရုံထဲဝဲပျံရိုက်ခတ်နေခဲ့ရင်း...။


"အစက​ေနအဆုံးအထိအရာအားလုံးက

ရှင့်ရဲ့ အလိမ်အညာတွေချည်းပါပဲလား....."


~~~~~~~~~~~~~~~~~~~🍑🍑🍑


"သူဌေး..မှာထားတဲ့ပန်းစည်းရောက်ပါပြီရှင့်..."


ရုံးခန်းစားပွဲပေါ်ရောက်လာတဲ့အဖြူရောင်နှင်းဆီပန်းစည်းကြီးကို

ကြည့်ပြီး...ဂုဏ် ဝန်ထမ်းမိန်းကလေးကိုခေါင်းဆတ်

ပြလိုက်သည်။


"ကျေးဇူးပဲ...သွားလို့ရပြီ..."


ဝန်ထမ်းမိန်းကလေးပြန်ထွက်သွားတော့ ဂုဏ်နာရီကို

တစ်ချက်ကြည့်လိုက်သည်။


၃နာရီခွဲနေပြီမို့အချိန်ကသိပ်မနည်းတော့ပေ။

ဆေးရုံဆင်းမဲ့သူမအတွက်ရည်ရွယ်ပြီးမှာထားတဲ့

ပန်းစည်းကလည်းရောက်နေပြီမို့...

ဂုဏ် လုပ်လက်စတွေကိုခပ်မြန်မြန်ပဲလက်စသတ်ဖို့

တွေးလိုက်ကာမှ......


Ring^^Ring


ဖုန်းကမြည်လာတာကြောင့် ယူကြည့်လိုက်တော့

ဧချင်းဆီကဖြစ်နေ၏။


ဂုဏ် ချက်ချင်းပဲဖုန်းကိုင်လိုက်သည်။


"ဟယ်လို...."


"ဟယ်လို...သူဌေး....."


တစ်ဖက်ကကြားလိုက်ရတဲ့ဧချင်းရဲ့အသံက

ပုံမှန်မဟုတ်ဘဲအလောတကြီးနိုင်လွန်းနေတာမို့

ဂုဏ် မျက်မှောင်ကြုတ်သွားရရင်း.....


"ဘာဖြစ်တာလဲ..."


"သူဌေးအခုဆေးရုံကိုအမြန်လာမှဖြစ်ပါမယ်...

မိန်းကလေးက အခု..."


ဧချင်းရဲ့စကားမဆုံးလိုက် ဂုဏ်ထိုင်ရာကနေ

ဖျပ်ခနဲထရပ်မိသွားရတဲ့အခါ...ဧချင်းဆက်ပြောလာတဲ့

စကားက.......။


"မိန်းကလေး သတိလစ်သွားပါတယ် သူဌေး..."


~~~~~~~~~~~~~~~~~🍑🍑🍑


"အခြေနေဘယ်လိုရှိလဲ ဒေါက်တာ..."


"အရမ်းကြီးစိုးရိမ်စရာမရှိဘူးဆိုပေမဲ့ heart rateကတော့

ကောင်းကောင်းမငြိမ်ချင်သေးဘူး...စိတ်တအား

ဖိစီးပြီး ရှော့ခ်ရသွားတဲ့ပုံစံပါ...."


"ဦးခေါင်းကဒဏ်ရာနဲ့တော့မသက်ဆိုင်ပါဘူးနော်..."


"မဆိုင်ပါဘူးသူဌေး..လူနာကမှတ်ဉာဏ်တွေဆုံးရူံးထားပေမဲ့

စိုးရိမ်ရလောက်တဲ့အနေအထားမဟုတ်ပါဘူး..."


"​ေက်းဇူးပါပဲ..."


"လူနာကိုဒီနေ့ဆေးရုံဆင်းဖို့စီစဉ်ထားပေမဲ့

ရုတ်တရပ်ကြီးအခုလိုဖြစ်သွားတာဆိုတော့ 

စိတ်ချသွားရအောင် တစ်ရက်နှစ်ရက်တော့

ဆေးရုံမှာဆက်ထားဖို့ကျွန်တော်အကြံပေးပါရစေ..."


ဂုဏ် တာဝန်ခံဆရာဝန်ရဲ့စကားကိုခေါင်းငြိမ့်ပြလိုက်ရင်း

ခုထိသတိပြန်မလည်လာသေးတဲ့သူမကိုကြည့်လိုက်မိသည်။

မနက်ကနဲ့ခြားနားစွာ ဖြူဖျော့နေတဲ့မျက်နှာလေးနှင့်

ခွေခေါက်ခေါက်လေးလှဲလျောင်းနေတဲ့သူမရဲ့ပုံသဏ္ဍာန်က

ဂုဏ့်အားတော်တော်လေးကိုစိတ်မသက်မသာဖြစ်စေ၏။


ဆရာဝန်နဲ့nurseတွေပြန်ထွက်သွားတော့

မျက်နှာမသာမယာနဲ့ဧချင်းက ဂုဏ့်ဘေးမှာလာရပ်သည်။


ဂုဏ် ဧချင်းကိုငဲ့ကြည့်လိုက်ရင်း....


"ဘယ်လိုဖြစ်တာလဲရုတ်တရပ်ကြီး..မနက်ကတောင်

အကောင်းလေ..."


ဂုဏ့်အမေးကိုဧချင်းကဘာမှပြန်မဖြေဘဲ

အနက်ရောင်ဖုန်းတစ်လုံးအားလက်နှစ်ဖက်နှင့်

ဂုဏ့်ဆီကမ်းပေးလာသည်။


"ကျွန်တော့်ရဲ့ပေါ့လျော့မူ့အတွက်အပြစ်ပေးပါ..သူဌေး..."


"မင်း ဘာတွေပြောနေတာလဲ...ဒီဖုန်းက..."


"သတိလစ်နေတဲ့မိန်းကလေးကို သန့်စင်ခန်းထဲမှာ

ကျွန်တော်ရှာတွေ့ခဲ့တဲ့အချိန်တုန်းက..မိန်းကလေးရဲ့

လက်ထဲမှာတွေ့ခဲ့ရတဲ့ဖုန်းပါ..."


"ဘာ!!"


ထင်မှတ်မထားတဲ့စကားကြောင့်ဂုဏ့်ရဲ့ဒေါသတကြီး

အသံကဆေးရုံခန်းထဲဟိန်းထွက်သွားခဲ့လေတော့သည်။


~~~~~~~~~~~~~~~~


"မင်းပြောတဲ့အတိုင်းဆို...ငါ့အမေရဲ့လူတစ်ယောက်ယောက်က

သူနာပြုယောင်ဆောင်ပြီးကြင်သူ့ဆီရောက်လာခဲ့တာပေါ့..."


ဧချင်းရှင်းပြသမျှကိုနားထောင်ပြီး စိမ်းသက်တဲ့မျက်ဝန်းတွေနဲ့

အံကြိတ်လျက်မေးခွန်းထုတ်လိုက်တဲ့ဂုဏ့်ကိုကြည့်ကာ

ဧချင်းကခေါင်းငုံ့သွားခဲ့၏။


"ကျွန်တော်တို့လည်းအဲ့လောက်ထိမထင်ခဲ့လို့

သေချာမစစ်ဆေးလိုက်မိတဲ့အပြစ်ပါ...မိန်းကလေး

သတိလစ်သွားတဲ့အချိန်ကျမှ ဆက်စပ်တွေးမိပြီး

လိုက်ရှာတော့...အဲ့ဒီ့နာမည်နဲ့သူနာပြုကဒီဆေးရုံမှာ

တစ်ယောက်မှရှိမနေပါဘူး...."


"ဒီလောက်လုံခြုံရေးတွေမျက်ချည်မပြတ်တဲ့နေရာကို

ခဲရာခဲဆစ်ဝင်လာတဲ့ရည်ရွယ်ချက်က...ကြင်သူ့လက်ထဲကို

ဒီဖုန်းထည့်ပေးဖို့လား...သူတို့တစ်ကယ်ပဲဘာဖြစ်ချင်နေတာလဲ.."


"ဒီတစ်ခေါက်ပြသာနာကသူဌေးထင်တာထက်ပိုဆိုးပါတယ်

မယ်မယ်ကြီးကသူဌေးရဲ့မိန်းကလေးရဲ့တစ်ကယ့်ပတ်သတ်မူ့ကို

သိထားတဲ့ပုံပါ...."


"မင်းဘာကိုဆိုလိုတာလဲ...."


"ဒီဖုန်းမှာ auto recordပါ,ပါတယ်သူဌေး

မိန်းကလေးနဲ့တစ်ဖက်ကလူ ဖုန်းပြောထားတဲ့အသံကို

နားထောင်ပြီးရင်သူဌေး နားလည်သွားပါလိမ့်မယ်..."


ဧချင်းစကားကြောင့် ဂုဏ်ဖုန်းကိုဖွင့်လိုက်တာနှင့်

ဧချင်းနားထောင်ထားပုံရသည့် ဖုန်းrecordက

တန်းပေါ်လာ၏...။


ဂုဏ်..အသံဖိုင်ကိုplayလုပ်လိုက်တာနှင့်....


"ဟယ်လို..."


"ထင်ထားတာထက်မင်းကမြန်မြန်ဆက်သွယ်လာတာပဲ..."


ပထမဆုံးကြားလိုက်ရတာကစိတ်လူပ်ရှားနေပုံရသည့်

သူမရဲ့အသံလေးဖြစ်ပြီး...တစ်ဖက်ကကြားလိုက်ရတာတော့

နည်းပညာနဲ့အသံဖျက်ထားတဲ့ယောကျားသံတစ်သံ.....


"ရှင် ဘယ်သူလဲ....."


ထို့နောက်မှာတော့ ဆက်ပြီးကြားလိုက်ရတဲ့

စကားသံတို့သည်...................။


~~~~~~~~~~~~~~~


"အခုကစပြီး ကျွန်တော်ပြောတာကိုသေချာနားထောင်ပါ

ကြင်သူသက်ထား....မင်း ဂုဏ်ရှိန်ထည်ဝါရဲ့နားကနေ

နည်းလမ်းရှာပြီးထွက်ပြေးဖို့ကြိုးစားရလိမ့်မယ်..

မဟုတ်ရင်...."


"တောက်!!"


"ခြမ္​း..."


တိခနဲဖုန်းထဲကအသံတိတ်ကျသွားတာနှင့်

ဒေါသတကြီးတက်ခေါက်လိုက်သံနှင့်အတူ 

ဂုဏ့်လက်ထဲကဖုန်းသည် ဆေးရုံနံရံဆီသို့

အရှိန်ပြင်းစွာ မိတ်ဆက်သွားခဲ့လေတော့၏။


"သူဌေး...."


"ငါ....ငါ့အမေကိုပေါ့ပေါ့တန်တန်မတွေးထားပေမဲ့

လိုတာထက်ပိုပြီးလည်း အလေးအနက်မတွေးလိုက်မိဘူးပဲ..."


"အခုမိန်းကလေးနဲ့ပတ်သတ်ပြီးဘယ်လိုဆက်လုပ်မှာပါလဲ

သူဌေး...မိန်းကလေးကမှတ်ဉာဏ်တွေပျောက်နေပြီး

သူဌေးပြောသမျှကိုအမှန်တွေလို့မျက်စိမှိတ်ပြီးယုံကြည်ထားတဲ့

အချိန်မှာ...ဒီကိစ္စကိုမိန်းကလေးရဲ့စိတ်ခံစားချက်အပေါ်

ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်သွားမှာပါ....

အကောင်းကြီးကနေရှော့ရပြီးသတိလစ်တဲ့အထိပါ

ဖြစ်သွားတဲ့ဒီပုံစံကိုကြည့်ရင်..."


".........."


ပြောနေတဲ့စကားတွေကို ဆက်ပြီးနားမထောင်ချင်တော့သလို

ခပ်စူးစူးကြည့်လိုက်တော့ ဧချင်းကခေါင်းငုံ့သွားခဲ့၏။


"တောင်းပန်ပါတယ် အားလုံးအဆင်ပြေပြီးကာမှ

ဒီလိုပြသာနာပေါ်လာတော့...ကျွန်တော်စိတ်ပူသွားမိလို့ပါ..."


ဂုဏ် ဧချင်းဆီကအကြည့်လွှဲပြီးသက်ပြင်းတစ်ချက်ကို

ရိူက်လိုက်သည်။


"ခုချိန်မှာစိတ်ပူရမှာငါ့အတွက်မဟုတ်ဘူး

ကြင်သူသက်ထားအတွက်ပဲ...."


"အင်း.....ဟင်း..."


"ဟင်..."


ထိုအချိန်မှာရုတ်တရပ်ညည်းညူသံနှင့်အတူ

ဆေးရုံကုတင်ထက်မှာလူးလွန့်လာတဲ့သူမကြောင့်

ဂုဏ်..ချက်ချင်းပဲထိုအနားကိုရောက်သွားရသည်။


"ကြင်သူ...မင်းသတိရလာပြီလား...ကြင်သူ.."


အနားမှာ ဖျပ်ခနဲထိုင်ချရင်း ပခုံးလေးနှစ်ဖက်ကို

ခပ်ဖွဖွဆုပ်ကိုင်လူပ်နိူးလိုက်တော့....သူမမျက်ဝန်းတွေ

ခပ်ဖြည်းဖြည်းပွင့်လာခဲ့၏။


သို့ပေမဲ့ ဂုဏ့်ကိုမြင်လိုက်တဲ့အခါ ထိုမျက်နက်ဝန်းလေးတွေက

အလွန်တရာမှအထိတ်တလန့်ဖြစ်သွားပြီး အိပ်ရာထက်ကနေ

လူးလဲထကာ ဂုဏ့်ကိုတွန်းထုတ်သည်။


"ရှ.ရှင်...ကျွန်မနားကိုမလာနဲ့..သွား..ထွက်သွား..."


ဖုန်း recordထဲကအကြောင်းအရာတွေအတွက်

သူမရဲ့မေးခွန်းတွေကိုမျှော်လင့်ထားခဲ့ပေမဲ့

ဂုဏ့်ကိုကြောက်ရွံ့ထိတ်လန့်နေတဲ့မျက်ဝန်းတွေနှင့်

ခါးခါးသီးသီးဖြစ်နေတဲ့သူမရဲ့အမူအယာကြောင့်

ဂုဏ် အံ့ဩသလိုဖြစ်သွားရချိန်မှာ....


ချက်ချင်းပင်နီမြန်းလာတဲ့မျက်နှာလေးနှင့်

မျက်ဝန်းမှာမျက်ရည်စတို့ကပြည့်အိုင်လာလျက်...

တဆတ်ဆတ်တုန်ယင်နေတဲ့သူမရဲ့ဖြူဖျော့ဖျော့

နူတ်ခမ်းအစုံကပွင့်ဟလာခဲ့ပြီး ဂုဏ့်ကိုနာကျင်စွာ

ကြည့်လျက် ပြောလာခဲ့တာက...။


"လူယုတ်မာ...."


"ဘာ!! မင်းဘာပြောလိုက်တယ်...."


~~~~~~~~~~~~~~~🍑🍑🍑


ဆက်ရန်^^^^


Writer by

#Hazel


rate now: