book

Index 7

အပိုင်း{ ၇ }

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

.❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤

      [ ကြမ္မာစေရာရွှေဖူးစာ ]


------------------


"ဟင့်...ဟင့်...ဋီ့အတွက်တရားမျှတမူ့ကို

ရှာပေးပါမယ်မယ်...ဋီ ကိုဂုဏ့်,ကိုဒီအတိုင်း

လက်မလွှတ်နိုင်ဘူး...."


သူမထိုင်နေတဲ့ရှေ့မှာဒူးထောက်လျက်

လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း မျက်ရည်တစမ်းစမ်းဖြင့်

ရှိနေသောရည်ရွယ်သူချွေးမလောင်းကြောင့်

ဒေါ်ခင်ထိပ်ထားစိတ်ရူပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်မိသည်။


"မယ်မယ် မင်းကိုဘာပြောခဲ့လဲ ဋီ

ဒီပြသာနာကိုမယ်မယ်ကိုယ်တိုင်ဖြေရှင်းပေးမှာမို့

ဂုဏ့်ရဲ့စိတ်ကိုသွားမဆွဖို့မပြောခဲ့ဘူးလား...."


"ဋီသိပါတယ်မယ်မယ်...ဟင့်..ဟင့်

ဒါပေမဲ့ကိုဂုဏ့်ရဲ့လက်ထပ်တဲ့သတင်းက

ဂျာနယ်တိုင်းမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့

အခြေအနေကို ဋီဘယ်လိုသည်းခံနိုင်ပါ့မလဲ

အခုဆို ဋီ့ရဲ့အသိုင်းအဝိုင်းတစ်ခုလုံးမှာ....ကိုဂုဏ်နဲ့

နတ်စစ်သည်နန်းတော်က ဋီ့ကိုစွန့်ပစ်လိုက်ပြီဆိုပြီး

အားလုံးကနောက်ကွယ်မှာ ဋီ့နဲ့ ဋီ့မိသားစုကို

အတင်းအဖျင်းပြောနေကြတာ....ဋီသူတို့ရှေ့မှာ

ဘယ်လိုရပ်တည်ရမှာလဲ...."


ပြောရင်းရိူက်ကြီးတငင်ငိုချလိုက်တဲ့ အလှဋီကာရဲ့

အမူအယာက သရုပ်ဆောင်ပီပြင်လှတဲ့

ရုပ်ရှင်မင်းသမီးတစ်ယောက်ပမာ....။


"ဒီလိုနဲ့ပဲ..နတ်စစ်သည်မိသားစုနဲ့ ဋီက

ကိုဂုဏ့်ဆီကနေတစ်ကယ်ပဲစွန့်ပစ်ခံရတော့မှာလား..."


"အဲ့လိုလုံးဝမဖြစ်နိုင်ဘူး..."


မျက်ရည်လည်ရွဲနှင့်သူမရဲ့စကားတိုက်စစ်က

ထိရောက်သွားခဲ့သလိုမျိုး ဒေါ်ခင်ထိပ်ထားက

ခါးခါးသီးသီးငြင်း၏။


"ဂုဏ်ကဒီမိသားစုကိုဘယ်တော့မှစွန့်ပစ်လို့မရသလို

စွန့်ပစ်ခွင့်လည်းမရှိဘူး..."


"ဒါပေမဲ့အခု ကိုဂုဏ်က..."


"တိတ်စမ်း ဋီ..."


သူမစကားမဆုံးခင်ခပ်ဆတ်ဆတ်အော်လိုက်တဲ့

ဒေါ်ခင်ထိပ်ထားကြောင့် အလှဋီကာတစ်ချက်တုန်သွား၏။


"မင်းကဒီလောက်အခက်အခဲလေးကိုတောင်

သည်းမခံနိုင်ဘဲ ဂုဏ့်ရဲ့ဇနီးဖြစ်ချင်နေတာလား..."


"မယ်မယ်..."


"မင်းတစ်ကယ်ပဲဂုဏ့်ကိုလိုချင်တယ်..နတ်စစ်သည်

နန်းတော်ရဲ့မိသားစုဝင်ဖြစ်ချင်တယ်ဆိုရင် မင်း

မယ်မယ့်စကားကိုတသွေမတိမ်းလိုက်နာနားထောင်ရ

လိမ့်မယ်..."


"ဋီလုပ်ပါ့မယ်...မယ်မယ်ဘာပဲခိုင်းခိုင်း

ဘာပဲညွှန်ကြားညွှန်ကြား ဋီတသွေမတိမ်း

လိုက်နာပါ့မယ်..."


"မင်း ဒီအတောအတွင်း ဂုဏ့်ရဲ့မျက်စိရှေ့ကို

ထပ်ပြီးမရောက်သွားစေနဲ့...ဒါကမင်းလုပ်ရမဲ့အလုပ်ပဲ...

ကျန်တဲ့အရာအားလုံးကတော့ မယ်မယ်ပဲဆက်လုပ်မယ်..."


"ဟုတ်.ဟုတ်ကဲ့..."


ချက်ချင်းပဲကပျာကယာခေါင်းငြိမ့်နာခံလာတဲ့

အလှဋီကာရဲ့ပခုံးကိုဒေါ်ခင်ထိပ်ထားခပ်ဖွဖွပုတ်ပေးလိုက်ရင်း

မျက်ဝန်းတွေကစူးလက်သွားခဲ့သည်။


"မှတ်ဉာဏ်တွေပျောက်နေတဲ့ မိန်းမတစ်ယောက်ကို

အသုံးချပြီး ဒီမိသားစုကိုစွန့်ပစ်ဖို့ကမင်းရဲ့ရည်ရွယ်ချက်

ဆိုရင်...မင်းရဲ့အကြံအစည်တွေမအောင်မြင်စေရဘူးဂုဏ်..."


~~~~~~~~~~~~~~~~~~🍑🍑🍑


"အွန်း..တော်ပြီ...ဗိုက်ပြည့်နေပြီ...."


"နှစ်ဇွန်းစာလောက်ပဲကျန်တော့တာကို

ထပ်စားလိုက်ပါဦး..လာ လိမ္မာတယ်..."


ကလေးလိုချော့မော့ပြောရင်း စွပ်ပြုတ်ရည်ခပ်ထားတဲ့

ဇွန်းကို ပါးစပ်ဖျားထိတိုးပေးသည်။


ကြင်သူ, သူ့စကားကိုနားထောင်ပြီး ဗိုက်အရမ်းပြည့်နေပေမဲ့

လက်ကျန်စွပ်ပြုတ်နှစ်ဇွန်းကိုသောက်လိုက်သည်။

ပြီးပြန်တော့လည်းသူက တစ်သျှူးတစ်ရွက်ကိုယူပြီး

နူတ်ခမ်းကိုညင်ညင်သာသာတို့သုတ်ပေးပြန်၏။


"ရှင်ရော ညစာသွားမစားဘူးလားဟင်..."


"အင်း...ခဏနေမှစားမယ်....မင်းအခုမှအစားစားပြီးတာ

ဆိုတော့ချက်ချင်းမလှဲရရဘူး...ခဏထိုင်နေနော်...."


"ဟုတ်ကဲ့...."


ဂရုစိုက်မူ့အပြည့်နဲ့နွေးထွေးညင်သာနေတဲ့

သူ့ရဲ့အပြုအမူတွေကြောင့် ကြင်သူ

ကြည်နူးမူ့လေးနဲ့ပဲခေါင်းလေးငြိမ့်ပြလိုက်မိသည်။


"ဟို...ကြင်သူ စာအုပ်ဖတ်လို့ရမလား...."


ပထမဆုံးသူမဆီကပြန်ကြားလိုက်ရတဲ့

ကြင်သူ´´ဆိုတဲ့ကိုယ့်ကိုကိုယ်ရည်ညွှန်းလိုက်တဲ့

နာမ်စားကြောင့် ဂုဏ် ဖျတ်ခနဲသူမကိုငဲ့ကြည့်မိသွားရ၏။


အရင်ကသူမကလည်း...စကားပြောရင်

ကိုယ့်ကိုကိုယ်ကြင်သူလို့သုံးနူန်းတတ်တယ်ဆိုတာ

ဂုဏ်သေချာမှတ်မိနေသည်။


ဂုဏ် အနည်းငယ် အံ့ဩသွားတဲ့စိတ်ကိုချက်ချင်းပဲ

ပြင်ဆင်လိုက်သည်။


"မင်း အာရုံအရမ်းစိုက်လို့မရဘူးလေ

ခေါင်းမူးလိမ့်မယ်..."


"အဲ့လိုလား..."


နူတ်ခမ်းစေ့ပြီးမျက်နှာသေလေးဖြစ်သွားကာ

သူမကနှစ်လုံးထပ်ဆင့်ထားတဲ့ခေါင်းအုံးကို

ကျောမှီသည်။


ဂုဏ် သူမရဲ့အမူအယာကိုကြည့်ပြီး

ပြုံးမိသွားရကာ...စားပွဲပေါ်ကစာအုပ်ကို

လှမ်းယူလိုက်ပြီး ဖိနပ်ကိုချွတ်လျက် သူမဘေးကို

တိုးသွားတော့ သူမကမျက်လုံးဝိုင်းလေးနှင့်ကြည့်သည်။


"ရှင်ဘာလုပ်မလို့လဲ...."


"စာအုပ်ဖတ်ပြမလို့လေ....မင်းကို..."


ဂုဏ် သူမဘေးမှာကုတင်ခေါင်းရင်းဘောင်ကို

ကျောမှီလျက်ခြေစင်းလိုက်ပြီး သူမပခုံးကိုဖက်လျက်

ရင်ခွင်ထဲမှီစေလိုက်ကာ စာအုပ်ကိုဖွင့်လိုက်သည်။


"ဒါက အပြည်ပြည်ဆိုင်ရာပြတိုက်ကောင်စီက

ထုတ်ထားတဲ့စာအုပ်...အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်

ဖတ်ပြမယ်..."


"ဒါပေမဲ့ ကျွန်မမှအဲ့အကြောင်းတွေနားမလည်တာ..."


"နားမလည်ရင် ရှင်းပြပေးမှာပေါ့...အရင်ဆုံး

Romaမှာရှိတဲ့ ကမ္ဘာကျော်ရှေးဟောင်းပြတိုက်

အကြောင်းကိုပြောပြရမလား..."


သူပြောပြမယ်ဆိုတဲ့romaက ကမ္ဘာကျော်ပြတိုက်

အကြောင်းက...ကြင်သူုပခုံးကိုသိုင်းဖက်ထားတဲ့သူရဲ့

လက်သည် ပခုံးစွန်းလေးတစ်ဖက်အား တဖွဖွ

ပွတ်သပ်နေတာလောက် စိတ်လူပ်ရှားစေမှာမဟုတ်ဘူး

ထင်၏။


လူကိုရင်ခွင်ထဲထည့်ထားပြီးစာအုပ်ဖတ်ပြဖို့ပြင်နေတဲ့သူက

ဤအနေအထားကိုအထူးအဆန်းမဟုတ်သလို

သက်တောင့်သက်သာရှိနေသလောက်...ကြင်သူ့မှာတော့

အနေခက်စွာဖြင့် လူပ်လူပ်ရွရွလူးလွန့်နေရ၏။


"ငြိမ်ငြိမ်နေလေ..ဘာလို့လူပ်လူပ်ရွရွဖြစ်နေတာလဲ"


ကြင်သူ့နဖူးပြေပြေလေးအား မေးဖျားနဲ့တစ်ချက်

ဖိကပ်ကာ...ခပ်တိုးတိုးပြောလာတဲ့လေသံမှာ

ရယ်သံစွတ်နေတာကိုက...တမင်ညှင်းဆဲနေမှန်း

သိသာစေ၏။


"ဟင့်အင်း...စာအုပ်မဖတ်ချင်တော့ဘူး

ကျွန်မကိုလွှတ်တော့...."


ပြောလိုက်ကာမှ စာအုပ်ကိုဖျတ်ခနဲပိတ်လျက် 

စားပွဲပေါ်ပစ်တင်လိုက်တဲ့သူက မပြောမဆိုနဲ့

ကြင်သူ့မျက်နှာအား...မေးဖျားလေးမှတဆင့်

ဆွဲမော့လိုက်ပြန်ရင်း...နူတ်ခမ်းနှစ်လွှာအား

မညှင်မသာဖိကပ်နမ်းလိုက်တာကြောင့်

ကြင်သူ သူ့ရင်ဘတ်ကိုအတင်းတွန်းလိုက်မိ၏....


"အွန်း...ရှင်..."


"ရင်ခွင်ထဲထည့်ထားရုံလောက်နဲ့ မင်းက

အရမ်းကြီးစိတ်လူပ်ရှားနေရင်...မင်းရဲ့

ဆံဖျားကနေခြေဖျားအထိ ပိုင်ဆိုင်ခွင့်ရှိတဲ့

ဒီယောကျာ်းကဘယ်လိုနေရမလဲ......"


တင်းတင်းစေ့လိုက်မိတဲ့နူတ်ခမ်းသားလေးအား

သူက လက်ခနှင့်ခပ်ဖိဖိပွတ်ဆွဲကာ..ရယ်မလို

ပြုံးမလိုမျက်နှာထားနှင့်ပြောသည်။


အနီးကပ်မြင်နေရတဲ့ချောမောလှသောမျက်နှာကိုကြည့်ပြီး

ကြင်သူ ဘာစကားမှထပ်မပြောနိုင်ဘဲငြိမ်သက်နေရတာက

မြွေတစ်ကောင်ရဲ့ညို့ချက်ကိုမိသွားခဲ့သော

ယုန်သူငယ်မလေးပမာ....။


"သင်ပေးမှဖြစ်မယ်...နောက်တစ်ခါရင်ခွင်ထဲထည့်ထားရုံနဲ့

စိတ်မလူပ်ရှားတော့အောင်...."


"ဟွန့်..."


ဒီတစ်ကြိမ်မှာတော့ရိပ်ခနဲအပ်ကျလာတဲ့သူ့မျက်နှာနဲ့အတူ

လက်မနှင့်အောက်နူတ်ခမ်းလွှာလေးအား

ဆွဲချပွင့်ဟစေလိုက်တာကတစ်ပြိုင်တည်း....။


ငြင်းဆန်လို့မရတဲ့အနမ်းကြမ်းတွေက နူတ်ခမ်းနှစ်လွှာအား

ထူပူနာကျင်သွားရအောင်ကျင်လည်စွာအသုံးချလာတဲ့အခါ

အယောင်ယောင်အမှားမှားနှင့်လက်နှစ်ဖက်က

သူ့ပခုံးတွေကိုဆုပ်ကိုင်မိသည်။


သူကကျွမ်းကျင်ပေမဲ့ ကောင်းကောင်းမတုံ့ပြန်တတ်တဲ့

ကြင်သူ့မှာတစ်ကယ့်ကိုကို့ရို့ကားယားနှင့်မွန်းကြပ်လာရပေမဲ့

အရှိန်ရနေတဲ့သူ့အနမ်းတွေကရပ်တန့်မသွားခဲ့......


ထို့အတူအပြိုင်လူပ်ရှားနေတဲ့သူ့ရဲ့လက်အစုံက

ကြင်သူ့ရဲ့ကျောပြင်နဲ့ပခုံးသားလေးတွေထက်

သိမ်မွေ့စွာပွတ်သပ်ထိတွေ့နေပြန်တဲ့အခါ....

ဗရမ်းဗတာခုန်ပေါက်နေတဲ့နှလုံးသားနှင့်

မျက်ဝန်းတွေကိုခပ်တင်းတင်းဖိပိတ်လိုက်တာက

ကြင်သူလုပ်နိုင်တဲ့တစ်ခုထဲသောအရာပါပဲ....။


ပြင်းရှတဲ့အသက်ရူသံတွေနဲ့တရားဝင်ခင်ပွန်းကတော့

နူးညံ့မူ့ကင်းမဲ့သောအနမ်းသင်ခန်းစာအတွက်

နူတ်ခမ်းနဲ့လျှာအားပြင်းပြင်းထန်ထန်အသုံးပြုလျက်

ဆက်ပြီးသင်ကြားပို့ချနေဆဲမဟုတ်ပါလား.....။


~~~~~~~~~~~~~~~~🍑🍑🍑


10:30 P.M


လက်ကနာရီကိုတစ်ချက်ကြည့်ပြီးlaptopကို

ပိတ်ကာ..ဂုဏ် ဆိုဖာကနေထပြီးအညောင်းဆန့်လိုက်သည်။


ဆေးရုံကုတင်ထက်ကသူမကိုလှမ်းကြည့်လိုက်တော့

ငြိမ်သက်စွာအိပ်ပျော်နေ၏။ 


ဂုဏ် ထိုအနားကိုလျောက်သွားလိုက်ရင်း

ဘေးတစောင်းလေးအိပ်ပျော်နေတဲ့သူမကိုယ်ပေါ်က

စောင်အားအသေအချာပြင်ပေးလိုက်ပြီး...ပြန်လှည့်ကာ

သန့်စင်ခန်းထဲဝင်ပြီးဘေစင်မှာမျက်နှာသစ်လိုက်သည်။


အေးမြတဲ့ရေရဲ့အထိအတွေ့ခပ်ပါးပါးသာရှိသည့်

အိပ်ချင်စိတ်တို့ကို ပျောက်ကွယ်သွားစေသည်။


ဂုဏ် သန့်စင်ခန်းထဲကပြန်ထွက်လာတော့

ဆိုဖာပေါ်မှာပြန်မထိုင်ဖြစ်ဘဲ အခန်းဝကိုလျောက်လာကာ

တံခါးကိုဆွဲဖွင့်လိုက်တော့ ဂျူတီလဲထားတဲ့ လုံခြုံရေး

နှစ်ယောက်က ဆေးရုံခန်းရှေ့မှာခပ်တောင့်တောင့်

ရပ်နေပြီးဧချင်းကတော့စင်္ကြန်လမ်းက

ခုံမှာထိုင်ငိုက်နေသည်။


"သူဌေး..."


ဂုဏ့်ကိုမြင်တာနှင့်ခေါင်းညွှတ်နူတ်ဆက်လိုက်တဲ့

လုံခြုံရေးတွေရဲ့အသံကြောင့် ဧချင်းကလည်း

ထိုင်ရာကနေ ကပျာကယာထရပ်လာ၏။


"မင်းကားထဲမှာသွားအိပ်ပါလားဧချင်း...တညလုံးအပြင်မှာ

စောင့်နေမလို့လား..."


"ရပါတယ်သူဌေး ကျွန်တော်အဆင်ပြေပါတယ်...

သူဌေး...စီးကရက်ယူဦးမလား...."


"အင်း..."


ဧချင်းထုတ်ပေးလာတဲ့စီးကရက်ရဲ့မီးခြစ်ကို

ဂုဏ်လှမ်းယူပြီး စင်္ကြန်ဘေးကခုံမှာခြေချိတ်ထိုင်လိုက်သည်။


"ကျွန်တော် မနက်ဖြန်လည်းဆေးရုံမှာကျန်နေခဲ့ရဦးမှာပါလား

သူဌေး..."


"နေခဲ့လိုက်...သူ့ကိုမနက်ဖြန်ညနေဆေးရုံကနေ

အိမ်ပြန်ခေါ်သွားမှာဆိုတော့ ငါလည်းစောစောပြန်လာမယ်

မနက်ဖြန် ဂျပန်ကအရေးကြီးဧည့်သည်တစ်ချို့

ပြတိုက်ကိုလာဖို့ရှိတယ်...အဲ့ကိစ္စပြီးတာနဲ့ငါပြန်လာခဲ့မယ်..."


"ဟုတ်ကဲ့...ဒါနဲ့ ကျွန်တော်သူဌေးကိုတစ်ခုလောက်

မေးလို့ရမလား...."


ဂုဏ် စီးကရက်ကိုမီးညှိပြီးတစ်ရိူက်ဖွာလိုက်ကာ

ဧချင်းကိုမေးဆတ်ပြလိုက်ရင်း....


"ဘာမေးမလို့လဲ..."


"မိန်းကလေးကြင်သူသက်ထားနဲ့ ပတ်သတ်တဲ့

အကြောင်းပါ...သူဌေးသူ့ကို...သူဌေးရဲ့သီးသန့်နေရာထိ

ခေါ်သွားပြီးဆေးဆက်ကုဖို့စီစဉ်ထားတာ...အကယ်၍

အားလုံးကသူဌေးမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာလို့

မယ်မယ်ကြီးကသူဌေးကို ဆက်ခံသူနေရာကနေ

ပယ်ဖျက်ကြောင်းကြေငြာပြီးတဲ့အချိန်ကြရင်ရော

သူဌေးမိန်းကလေးကိုဘယ်လိုဆက်လုပ်မှာပါလဲ..."


ဧချင်းရဲ့မေးခွန်းကဂုဏ့်ကိုရုတ်တရက်ငြိမ်ကျသွားစေ၏။


ဂုဏ် စီးကရက်ကိုပြာချွေလိုက်ပြီး ဧချင်းကို

တစ်ချက်ကြည့်လိုက်သည်။


"ငါ ဘာဆက်လုပ်မယ်လို့ မင်းထင်လို့လဲ...."


"ဗျာ..."


အဖြေအစားမေးခွန်းပြန်ထုတ်လိုက်တဲ့ဂုဏ့်ကြောင့်

ဧချင်းဘာပြောရမှန်းမသိဖြစ်သွားပုံရသည်။


"သူ့ကိုငါ့အနားမှာထားတာက...တစ်ချက်ခုတ်နှစ်ချက်ပြတ်

ဆိုသလို...ငါ့ရဲ့အစီအစဉ်တွေအတွက်အသုံးဝင်ပြီးသား

ဖြစ်သလို...နောက်တစ်ခုငါ့ကိုလိမ်လည်လှည့်စားသွားတဲ့

သူ့အဖေကိုလည်းအပြစ်ပေးပြီးသားဖြစ်သွားတာပေါ့....

မင်းရောအဲ့လိုမထင်ဘူးလား..."


"ကျွန်တော်...."


ဂုဏ်..ဧချင်းကိုကြည့်ပြီးအဓိပ္ပါယ်ဖော်ရခက်တဲ့

အပြုံးမျိုးနှင့်ပြုံးလိုက်မိပြီးနောက်.....။


"အများကြီးမစဉ်းစားပါနဲ့ဦး...ငါ့ကိုလွယ်လွယ်နဲ့

အလွတ်ပေးမှာမဟုတ်တဲ့ငါ့ရဲ့အမေက ဘယ်လိုကိစ္စမျိုးတွေ

အထိလုပ်လာမယ်ဆိုတာကြိုမသိနိုင်လို့ ဘယ်အရာကိုမှ

ပုံသေတွက်ထားလို့မရဘူး....သေချာတာတစ်ခုက

ခုချိန်မှာ ငါကြင်သူသက်ထားကိုကောင်းကောင်း

ကာကွယ်ပေးရမယ်ဆိုတာပဲ....."


~~~~~~~~~~~~~~~~~🍑🍑🍑


"ဒီနေ့ ကျွန်မဆေးရုံကဆင်းရမှာပေါ့နော်...."


"အွန်း...ဟုတ်တယ် အဲ့ဒီ့်အတွက်ငါအားလုံး

စီစဉ်ပြီးပြီ...ငါညနေ ပြန်လာတာနဲ့ မင်းကို

ငါတို့ရဲ့အိမ်ကိုခေါ်သွားမယ်..."


ဂုဏ့်စကားကြောင့် သူမမျက်နှာလေးသိသိသာသာ

ပြုံးသွားခဲ့တာက...ဆေးရုံကဆင်းရမယ်ဆိုတဲ့အတွေးနဲ့

ဖြစ်မည်ထင်သည်။


ဂုဏ် သူမကိုကြည့်ကာပြုံးလိုက်မိရင်း ပခုံးကျော်တဲ့

ဆံနွယ်ပျော့လေးတွေကို တစ်ချက်ဖိပွတ်လိုက်တော့

သူမက ဂုဏ့်ကိုမျက်လွှာပင့်ကြည့်လာ၏။


"ဒီနေ့လည်း ဧချင်းကိုထားခဲ့မှာမို့ စိတ်မပူနဲ့..."


"ဟုတ်ကဲ့...."


"အဆင်ပြေတယ်မဟုတ်လား..."


"ဟုတ်..."


"ပြန်လာရင် စာအုပ်ဖတ်ပြရဦးမလား..."


"ဟုတ်.ရှင်...ဟင့်အင်း..."


ယောင်ပြီးခေါင်းငြိမ့်မိပြီးမှ ကြောက်လန့်တကြားဟန်ဖြင့်

ခေါင်းကိုတွင်တွင်ခါယမ်းလိုက်ပုံကြောင့်...အသံထွက်အောင်

ရယ်မိပြန်၏။


ဤ မိန်းကလေးကြောင့်ဂုဏ်ခဏခဏပြုံးရယ်နေတတ်ပြီပဲ...။


"ငါသွားတော့မယ်..လိမ်လိမ်မာမာနဲ့

ပြန်လာမဲ့အချိန်ကိုစောင့်နေပါ..."


နောက်တစ်ကြိမ်ဦးခေါင်းလေးကိုပွတ်သပ်နူတ်ဆက်ပြီး

လှည့်ထွက်သွားတဲ့ကျောပြင်ကျယ်ကိုငေးကြည့်ကျန်နေခဲ့လျက်

ကြင်သူနူတ်ကနေခပ်တိုးတိုးလေးရေရွတ်လိုက်မိတာက..

သူ့ရှေ့မှာပြောမထွက်ရဲခဲ့တဲ့နူတ်ဆက်စကားလေးသာ။


"ဂရုစိုက်ပြီးသွားပါ...ကျွန်မတို့ရဲ့အိမ်ကိုပြန်ဖို့

ရှင်ပြန်လာမဲ့အချိန်ကိုစောင့်နေပါ့မယ်...."


~~~~~~~~~~~~~~~~~🍑🍑🍑


"ရပ်လိုက်ပါ..."


ဆေးပစ္စည်းတွေတင်ထားတဲ့ တွန်းလှည်းလေးကို

တွန်းပြီးဆေးရုံခန်းရှေ့ရောက်လာတဲ့ သူနာပြုမိန်းကလေးအား

ဧချင်းဟန့်တားလိုက်သည်။


"မိန်းကလေးကြင်သူသက်ထားကို ဆေးပြန်ချိတ်ဖို့

တာဝန်ခံဆရာဝန်ကညွှန်ကြားထားလို့ပါ..."


ဧချင်း သူနာပြုမိန်းကလေးနှင့် လက်တွန်းလှည်းကို

တစ်လှည့်စီကြည့်ရင်း ထိုသူနာပြုရဲ့အင်္ကျီရင်ဘတ်မှာ

ချိတ်ထားတဲ့ဝန်ထမ်းကဒ်ကိုကြည့်လိုက်သည်။


ထို့နောက် တံခါးကိုဖွင့်ပေးလိုက်ရန် 

လုံခြုံရေးနှစ်ယောက်ကိုမျက်ရိပ်ပြလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


ခေါင်းညွှတ်လျက်ကျေးဇူးတင်စကားဆိုပြီး

သူနာပြုမိန်းကလေးကတွန်းလှည်းနဲ့အတူအထဲကို

ဝင်သွားတဲ့အထိ...ခပ်ဟဟဖွင့်ထားဆဲတံခါးကနေ

ဧချင်းကြည့်နေလိုက်သည်။


အိပ်ရာပေါ်မှာလှဲနေတဲ့မိန်းကလေးက သူနာပြုဝင်လာတော့

ထထိုင်လိုက်သလို သူနာပြုကလည်း

မိန်းကလေးကိုတစ်ခုခုပြောပြီးသူလုပ်စရာရှိတာကို

လုပ်နေတာမို့ ပုံမှန်ပအခြေနေပဲဆိုတာကိုလက်ခံလိုက်ကာ

တံခါးကိုပြန်စေ့ပိတ်လိုက်တော့သည်။


~~~~~~~~~~~~~~~


"ညနေဆေးရုံကဆင်းရမယ်ဆိုပြီး ဆေးက

ထပ်သွင်းရဦးမှာလား..."


ကြင်သူ, ဆေးသွင်းဖို့ပြင်ပေးနေတဲ့သူနာပြုဆရာမလေးကို

ကြည့်ကာ မျက်နှာလေးရူံ့လျက် စောဒကတက်လိုက်မိတော့

သူနာပြုဆရာမလေးက ကြင်သူ့ကိုပြုံးပြပြီး

လုပ်စရာရှိတာကိုဆက်လုပ်နေပြီးနောက်...

အပ်မဖြုတ်ရသေးတဲ့ကြင်သူ့လက်ကိုညင်သာစွာဆွဲယူကာ

ပိုက်ကိုတပ်ဖို့ပြင်ပြီးမှ မျက်နှာအမူအယာကချက်ချင်း

ပြောင်းသွားခဲ့ပြီး....


"သူရှင့်ကိုလိမ်နေတာ..."


"ရှင်..."


လေသံခပ်အုပ်အုပ်နဲ့ထွက်ပေါ်လာတဲ့စကားကြောင့်

ကြင်သူ, ရှင်´´ခနဲဖြစ်သွားရလျှင်....


"ဂုဏ်ရှိန်ထည်ဝါက ရှင့်ကိုလိမ်နေတယ် သူက

ရှင့်ကိုအသုံးချနေတာကြင်သူသက်ထား..."


"ဆ.ဆရာမဘာတွေပြောနေတာလဲ...ဘာတွေ.."


အထစ်ထစ်အငေါ့ငေါ့နဲ့မေးလိုက်တဲ့စကားမဆုံးခင်...

အနက်ရောင်ဖုန်းလေးတစ်လုံးကကြင်သူ့လက်ထဲ

ရောက်လာ၏။


"သူရှင့်ကိုဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့လဲဆိုတာ..

ဒီဖုန်းထဲမှာရှိနေတဲ့ တစ်ခုထဲသောနံပတ်ကို

ရှင်ခေါ်လိုက်တာနဲ့...အဲ့ဒီ့လူကရှင့်ကိုအရာအားလုံး

ပြောပြလိမ့်မယ်..."


ကြင်သူဖုန်းကိုတစ်လှည့် သူနာပြုဆရာမကိုတစ်လှည့်

ကြည့်ရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်မှာပဲ

ဖျတ်ခနဲအခန်းတံခါးကပွင့်သွားပြီး အခန်းဝမှာပေါ်လာတဲ့

ဧချင်းကြောင့် သူနာပြုမိန်းကလေးက ကြင်သူ့ဘေးကနေ

ဖျတ်ခနဲခွာသွားကာ...ပိုက်ကိုဆက်တက်နေသည်။


ကြင်သူဖုန်းကိုင်ထားတဲ့လက်ကိုမသိမသာပဲ

စောင်အောက်ထိုးထည့်လိုက်သည်။


ဧချင်းကအခန်းထဲကိုဝင်မလာပေမဲ့ အဝကနေ.

သေချာရပ်ကြည့်နေတာမို့ ပိုက်တပ်ပြီးတာနဲ့

သူနာပြုမိန်းကလေးကဘာမှထပ်မပြောတော့ဘဲ

ကြင်သူ့ကိုအဓိပ္ပါယ်ပါပါတစ်ချက်ကြည့်ကာ...

တွန်းလှည်းကိုတွန်းလျက်ပြန်ထွက်သွားတဲ့အခါ...


စောင်အောက်ကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်လျက်

လူပ်ရှားနေတဲ့စိတ်အစဉ်နဲ့ကျန်နေခဲ့ရတော့ ကြင်သူ....။


~~~~~~~~~~~~~~~~~🍑🍑🍑


ဆက်ရန်^^^^


Writer by

#Hazel


rate now: