❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤
[ ကြမ္မာစေရာရွှေဖူးစာ]
-------------------
"မင်းအဖေက လူလိမ်....မင်းအဖေကငါ့ရဲ့ငွေတွေကို
လိမ္ၾသားခဲ့တာ..."
"............."
"ဒေါ်လာ 6billionဆိုတဲ့ပမာဏကဘယ်လောက်များလဲ
မင်းသိလား...မင်းရဲ့အသက်ကိုငါ့လက်ထဲအပ်လိုက်
ရင်တောင် ကြေပေးလို့ရတဲ့ ပမာဏမဟုတ်ဘူး..."
"မဟုတ်ဘူး...ကျွန်မအဖေကဘယ်တော့မှ
အဲ့လိုလုပ်မှာမဟုတ်ဘူး...ရှင် ကျွန်မအဖေရဲ့
ဂုဏ်သိက္ခာကိုမစော်ကားပါနဲ့..."
"အဟက်...ဂုဏ်သိက္ခာလား...လူလိမ်တစ်ယောက်
ဆီမှာဘယ်ကလာပြီး ဂုဏ်သိက္ခာရှိရဦးမှာလဲ....
မင်းအဖေကသိက္ခာတစ်စက်မှမရှိတော့တဲ့လူလိမ်
တစ်ယောက်ပဲ...ငါ့ရဲ့ယုံကြည်မူ့ကိုအလွဲသုံးစား
လုပ်သွားခဲ့တဲ့လူယုတ်မာ..."
"ရှင်..."
"ဖြန်း!!"
ဖခင်ဖြစ်သူကိုအကြိမ်ကြိမ်ထိုးနှက်စော်ကားနေတဲ့
စကားလုံးတို့ကြောင့်သူမမျက်လုံးထဲဘာမှမမြင်နိုင်တော့ဘဲ
လက်ဖဝါးလေးတစ်ဖက်ကမြှောက်တက်သွားရသည်။
`ဖြန်း´ခနဲထွက်ပေါ်လာတဲ့အသံနှင့်အတူ
စိန်ပွင့်တွေလိုစူးလက်နေတဲ့မျက်ဝန်းတွေကသူမဆီ
စိုက်ခနဲရောက်လာ၏။
"မင်းကငါ့ကိုရိုက်ရဲတယ်..အဟက်
မင်းကတစ်ကယ့်ကိုသတ္တိကောင်းတာပဲ...
ကောင်းပြီလေ..အရမ်းကိုသတ္တိကောင်းနေတဲ့မင်းကို
ငါကလည်းအသိအမှတ်ပြုချီးမြှောက်ပေးရမှာပေါ့..."
"ရှင်.ရှင် ရှေ့မတိုးနဲ့နော်...မတိုးနဲ့...အား..."
အလန့်တကြားအော်သံလေးနဲ့အတူ သူမခန္ဓာကိုယ်လေး
တစ်ခုလုံး ထိုသူ့ရဲ့ပခုံးပေါ်မြှောက်ခနဲပါသွားခဲ့သည်။
"လွှတ်..ရှင် ကျွန်မကိုလွှတ်...လွှတ်!!"
သူမ ထိုသူ့ရဲ့ကျောပြင်ကျယ်ကြီးကိုတဘုန်းဘုန်း
ထုရိုက်နေပေမဲ့ တစ်ချက်လေးမှတွန့်ဆုတ်မသွားတဲ့
ခြေလှမ်းတွေက အိပ်ခန်းကျဉ်းလေးထဲအထိရောက်လာခဲ့သည်။
"ဘုတ်..."
ထို့နောက်ရှင်းသန့်နေတဲ့အိပ်ရာဖြူဖြူလေးထက်
သူမကိုယ်လေးအားမညှာမတာပစ်ချခြင်းကိုခံလိုက်ရပြီး
တဆတ်ထဲလေးလံတဲ့ခန္ဓာကိုယ်ကြီးတစ်ခုကသူမပေါ်ကို
ပိက်လာခဲ့ထူပူသြားခဲ့ရတဲ့ နူတ်ခမ်းအစုံ...။
"အွန်း..ရှင်..လွှတ်...မယုတ်မာနဲ့...ကယ်
ဟွန်း..."
အော်ဟစ်အကူအညီတောင်းဖို့ပြင်လိုက်ပေမဲ့
အနမ်းကြမ်းတွေနဲ့နောက်တစ်ကြိမ်နူတ်ပိတ်ခြင်း
ခံလိုက်ရပြီး........
"ဗြိ.."ခနဲမြည်သံနဲ့အတူ သူမရဲ့ပခုံးလေးတစ်ဖက်
အေးခနဲ လစ်ဟာသွားခဲ့ရတဲ့အခါ....။
"အား!!..."
~~~~~~~~~~~~~~~~~🍑🍑🍑
"အား!!"
အလန့်တကြားအော်ဟစ်လိုက်သံနဲ့အတူ
ဆေးရုံကုတင်ထက် အတင်းလူးလဲထထိုင်လိုက်မိရင်း
အိပ်မက်ကနေ လန့်နိုးလာခဲ့တဲ့ကြင်သူ....။
"ဘာဖြစ်တာလဲ မိန်းကလေး ဘာဖြစ်လို့လဲ...."
ဝုန်းခနဲပွင့်သွားတဲ့ဆေးရုံခန်းတံခါးနှင့်အထဲကို
အလောတကြီးဝင်လာသော ဧချင်းဆိုတဲ့
သူကြောင့် အသိပြန်ဝင်သွားရ၏။
"ကျ.ကျွန်မ..."
ကြင်သူ, နူတ်ကနေဘာစကားမှချက်ချင်းမဆိုနိုင်ဘဲ
ကိုယ့်ကိုကိုယ်အသည်းအသန်ပြန်ငုံ့ကြည့်လိုက်မိတော့
အပြာဖျော့ဖျော့ လူနာဝတ်စုံလေးက ဘယ်နေရာမှ
အရာမယွင်း။
ကြင်သူ, ....အိပ်မက်မက်နေတာပဲ...။ဒါပေမဲ့
တစ်ကယ်ကြုံခဲ့ရသလိုမျိုး ကြောက်လန့်စိတ်ကကြီးစိုးနေလျက်
ခြေဖျားလက်ဖျားတွေလည်းအေးစက်နေကာ..
တဒုန်းဒုန်းမြည်ဟီးနေတဲ့နှလုံးခုန်သံကလည်း
ကိုယ့်နားနဲ့ကိုယ်အတိုင်းသားပြန်ကြားနေရသလိုပင်။
ယောကျာ်းတစ်ယောက်...အိပ်မက်ထဲမှာကြင်သူ့ကို
မတရားကြံဖို့ကြိုးစားနေတဲ့ယောကျာ်းတစ်ယောက်...
အိပ်မက်ထဲမှာကြင်သူ,သူ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ခဲ့ရသလို
အိပ်မက်ကနေနိုးထလာချိန်မှာတော့ ပိုပြီးဝေဝါးသွားခဲ့ရသည်။
ကြင်သူ,မှတ်မိလိုက်တာ စူးရှတောက်ပပြီး
စိမ်းသက်နေတဲ့ထိုသူ့ရဲ့မျက်ဝန်းတွေအပြင်ဘာမှမရှိဘူး။
"မိန်းကလေး..ကျွန်တော်ပြောတာကြားရဲ့လား
မိန်းကလေး..."
"ရှင်..ဟင်..."
နောက်တစ်ကြိမ်ကြားလိုက်ရတဲ့စိုးရိမ်တကြီးအသံကြောင့်
ကြင်သူ, ပခုံးလေးဆတ်ခနဲတုန်တက်သွားရသည်။
ကြင်သူ, ခြောက်ကပ်နေတဲ့လည်ချောင်းထဲတံထွေးအသာ
မြိုချလိုက်ရင်း ဧချင်းဆိုသူကိုကြည့်လိုက်မိကာ...
"ကျွန်မ ဘာမှမဖြစ်ပါဘူး...ကျွန်မ..အ.အိပ်မက်ဆိုးတွေ
မက်နေလို့ပါ..."
ကြင်သူ့ရဲ့အဖြေကိုကြားမှ ဧချင်းဆိုသူက
စိတ်သက်သာရာရသွားပုံနှင့်သက်ပြင်းချရင်း
ဖန်ခွက်ထဲရေထည့်ပေးကာ ကြင်သူ့ကိုပေးသည်။
"ရေသောက်လိုက်ပါဦး..."
ကြင်သူ တုန်ရီနေတဲ့လက်အစုံနဲ့ပဲရေဖန်ခွက်ကို
လှမ်းယူလိုက်သည်။
"ကျေးဇူးပါပဲ...ဟို.တစ်ခုလောက်မေးလို့ရမလား..."
"ဘာများမေးမလို့မလဲ..မေးပါမိန်းကလေး.."
"သူလေ..."
"ဗျာ..."
"ဟို..ကျွန်မယောကျာ်းကိုပြောတာပါ...သူက
ဘယ်အချိန်မှပြန်လာမှာလဲ..."
ကြင်သူ့ရဲ့အမေးကြောင့် ဧချင်းဆိုသူက
ရိပ်ခနဲပြုံးသွားတာကို ကြင်သူသေချာမြင်လိုက်ရပေမဲ့ သူက
ချက်ချင်းမျက်နှာကိုပြန်တည်လိုက်ကာ..
"သူဌေးကညနေစောစောပြန်လာမှာပါ...မိန်းကလေး
ဘာမှစိတ်မပူနဲ့...ကျွန်တော်လုံခြုံရေးတွေနဲ့
ဆေးရုံခန်းရှေ့မှာအချိန်ပြည့်ရှိနေပါတယ်...မိန်းကလေး
တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုလှမ်းခေါ်လို့ရပါတယ်.."
"ဟုတ်ကဲ့..."
ကြင်သူ ခေါင်းငြိမ့်လိုက်တော့...ဧချင်းဆိုသူက
ကြင်သူ့ကိုခေါင်းညွှတ်နူတ်ဆက်ပြီးပြန်ထွက်သွားသည်။
ကြင်သူ လက်ထဲမှာကိုင်ထားတဲ့ဖန်ခွက်ထဲက
ရေကို တစ်ရှိန်ထိုးပဲမော့သာက်ပစ်လိုက်သည်။
ဒါတောင် တဖျပ်ဖျပ်တုန်နေတဲ့ရင်အစုံကငြိမ်သက်မသွားသေး။
ထို့အတူ ကြောက်စရာကောင်းတဲ့အိပ်မက်အကြောင်းကို
ပြန်တွေးမိလိုက်တော့ ဦးခေါင်းထဲကဆစ်ခနဲခပ်စူးစူး
နာကျင်မူ့ကိုခံစားလိုက်ရသည်။
"အာ့...."
တိုးသဲ့သဲ့ညည်းညူသံလေးနှင့် ကြင်သူ
ဦးခေါင်းကိုလက်ဖနောင့်နှင့်ခပ်တင်းတင်းဖိလိုက်မိသည်။
အိပ်မက်ထဲကယောကျာ်းရဲ့ ကြမ်းတမ်းတဲ့အနမ်းတွေ
မညင်သာတဲ့ထိတွေ့မူ့တွေက...ဘာလို့ဒီလိုနိုးထလာချိန်
မှာတောင်..ကြင်သူ့ကို ဒီလိုကြောက်စရာကောင်းအောင်
လွှမ်းမိုးနေရတာလဲ??
ဒါက တစ်ကယ့်ကိုအိပ်မက်သက်သက်ရော
ဟုတ်ရဲ့လား....??
အိပ်မက်ထဲက, အဲ့ဒီ့ယောကျာ်းက ဘယ်သူများလဲ??
~~~~~~~~~~~~~~~🍑🍑🍑
"သူဌေးက ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့
အစည်းအဝေးလုပ်နေပါတယ်...ဧည့်သည်တွေ့နိုင်မှာ
မဟုတ်ပါဘူး...."
အရှေ့မှာလာရပ်ပြီးတရိုတသေပြောလာတဲ့
ဝန်ထမ်းမိန်းကလေးကိုအလှဋီကာ ခပ်စူးစူးမျက်ဝန်းတွေနဲ့
ပြုံးကြည့်လိုက်ရင်း...
"အဲ့ဒါဆိုလည်း ကိုဂုဏ်အစည်းအဝေးပြီးတဲ့အထိ
တို့ဒီမှာစောင့်နေရင်ဖြစ်တယ်မဟုတ်လား..."
သူမရဲ့စကားကြောင့် ဝန်ထမ်းမိန်းကလေးက
အခက်တွေ့သွားသလို မျက်နှာလေးပျက်သွားရင်း....
"တောင်းပန်ပါတယ်အစ်မ...ကျွန်မတို့ကို
အခက်တွေ့အောင်မလုပ်ပါနဲ့ ..အစ်မ သူဌေးရဲ့ခွင့်ပြုချက်
မရှိဘဲ သူဌေးရဲ့ရုံးခန်းထဲကိုဒီလိုမျိုးဝင်ထိုင်နေတာ
သူဌေးသိရင် ကျွန်မတို့အားလုံးအလုပ်ထုတ်ခံရမှာပါ..."
"အဟွန်း..အဲ့ဒီ့အတွက်ဆိုရင်တော့ မင်းတို့
စိတ်မပူပါနဲ့ တို့ကတခြားလူမှမဟုတ်ဘဲ ကိုဂုဏ်ရဲ့
ဇနီးလောင်းလေ..ဒီရုံးခန်းမပြောနဲ့ နတ်စစ်သည်
ရဲတိုက်ကိုတောင်တံခါးမရှိ၊ဓားမရှိဝင်ထွက်နိုင်တဲ့သူပဲ..."
ဘယ်လိုမှကိုပြောရမည့်ပုံမရှိသည့် အလှဋီကာကိုကြည့်ပြီး
ပြတိုက်ရဲ့ဝန်ထမ်းမိန်းကလေး ဘာဆက်လုပ်ရမှန်း
မသိဖြစ်နေစဉ်...။
"ချလပ်..."
ရုတ်တရပ် တံခါးဖွင့်သံခပ်သဲ့သဲ့နဲ့အတူ
ရုံးခန်းကျယ်ကြီးထဲကိုလှမ်းဝင်လာတဲ့ပုံရိပ်ကြောင့်...
"ဟင်..သူဌေး..."
အထိတ်တလန့်အသံနဲ့အတူဝန်ထမ်းမိန်းကလေးက
ခြေလှမ်းတွေကိုအလှဋီကာ နားကနေဆုတ်သွားသည်။
"ကိုဂုဏ္..."
ချိုအီပျစ်ချွဲနေသော ခေါ်သံက ဂုဏ့်ရဲ့ခြေလှမ်းတွေကို
ရပ်တန့်သွားစေခဲ့သလို...မျက်လုံးရှေ့မှာမြင်လိုက်ရတဲ့
မြင်ကွင်းက နဂိုအရယ်အပြုံးမရှိတဲ့မျက်နှာကိုပိုပြီး
ခတ်ထန်သွားစေခဲ့သည်။
ထိုအချိန်ထိုင်ရာကနေထလျက် ဂုဏ်ရှိရာကို
ကြွကြွရွရွလျောက်လာတဲ့အလှဋီကာကတော့
လိုတာထက်ပိုနေတဲ့အပြုံးမျိုးဖြင့်ဂုဏ့်ရှေ့မှာခြေစုံရပ်သည်။
"သူ့ကို..ဘယ်သူငါ့ရုံးခန်းထဲခေါ်လာတာလဲ..."
ဒေါသမကင်းတဲ့ဂုဏ့်ရဲမျက်ဝန်းတွေကအလှဋီကာကို
ကျော်ပြီးဝန်ထမ်းမိန်းကလေးဆီရောက်သွားကာ
အေးစက်စက်မေးလိုက်တော့ ဝန်ထမ်းမိန်းကလေးရဲ့
မျက်နှာကချက်ချင်းပဲအထိတ်တလန့်ဖြစ်သွားကာ...
"ဟို.ကျွန်မတို့မဟုတ်ပါဘူး...ဒီကအစ်မက
သူ့ဘာသာ ဒီကိုရောက်လာတာပါ..."
"ဝန်ထမ်းတွေကိုအပြစ်မတင်ပါနဲ့ ကိုဂုဏ်မေ့နေတာလား
ဋီ့့မှာ...ပြတိုက်ရဲ့VVIPဝင်ခွင့်ကတ်ရှိတယ်လေ..."
နတ်စစ်သည်မိသားစုဝင်တွေမှာသာရှိတဲ့ ပြတိုက်တစ်ခုလုံးကို
တံခါးမရှိ၊ဓားမရှိသွားလာကြည့်ရူ့နိုင်တဲ့ရွှေရောင်
ကတ်လေးကိုထုတ်ပြပြီး သူမကအပြုံးနှင့်ဆိုလာတော့
ဂုဏ် `ကျစ်´ခနဲစုပ်သတ်လိုက်မိတာကစိတ်ပျက်
လက်ပျက်သာ။
"ငါ့အမေကမင်းကိုလိုတာထက်ပိုပြီးချီးမြှောက်ထားတာပဲ
ဒါပေမဲ့အသုံးမဝင်တော့ဘူး...ငါဒီနေ့ပဲ
အဲ့ဒီ့ကတ်တွေကိုပိတ်ပစ်တော့မှာမို့လို့..."
ဂုဏ့်စကားကြောင့် အလှဋီကာ သိသိသာသာ
မျက်နှာပျက်သွားသည်။
"gold ကတ်ကိုကိုင်ထားတာနဲ့..ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ
ရုံးခန်းထဲကိုဝင်လာတဲ့ဒီလိုစည်းကျော်တဲ့အပြုအမူမျိုး
ငါ့အမေတောင်မလုပ်ခဲ့ဘူး..မင်းကတစ်ကယ့်ကို
ရဲတင်းလွန်းတယ်အလှဋီကာ..."
"ကိုဂုဏ္..."
"လုံခြုံရေးတွေခေါ်လိုက်...ငါသူ့ကိုမမြင်ချင်ဘူး
ချက်ချင်းဆွဲထုတ်သွား...."
"ဟုတ်.ဟုတ်ကဲ့ သူဌေး..."
ဂုဏ့်ရဲ့အမိန့်စကားအဆုံး ဝန်ထမ်းမိန်းကလေးက
ချက်ချင်းပဲ သူမနားမှာထည့်ထားတဲ့နားကြပ်ကို
တစ်ချက်ဖိလိုက်သည်။
"လုံခြုံရေးနှစ်ယောက်လောက် သူဌေးရဲ့ရုံးခန်းကို
ချက်ချင်းတက်လာခဲ့ပေးပါ..."
ဂုဏ် အလှဋီကာကိုမျက်နှာလွှဲပြီး အရှေ့ကို
ခြေလှမ်းဆက်ဖို့ပြင်လိုက်တော့ သူမက ဂုဏ့်လက်ကို
လှမ်းဆွဲလာသည်။
"ကိုဂုဏ် ဋီ့ကိုဒီလိုပုံစံမျိုးနဲ့မဆက်ဆံပါနဲ့
ဋီက ကိုဂုဏ်ရှင်းပြတာကိုနားထောင်ဖို့ဒီကို
ရောက်လာတာပါ..."
"အဟက်...မင်းစိတ်လွတ်သွားတာလားအလှဋီကာ
ငါကမင်းကိုဘာတွေရှင်းပြရမှာလဲ...."
"ကိုဂုဏ်မသိချင်ယောင်မဆောင်ပါနဲ့..ဋီက
နတ်စစ်သည်နန်းတော်က ဆက်ခံသူရဲ့ဇနီးလောင်း
ဋီနဲ့ကိုဂုဏ်ရဲ့လက်ထပ်ပွဲက..မိသားစုနှစ်ခုရဲ့
နက်ရိူင်းတဲ့ကတိပဲ....အခုချိန်မှာ ကိုဂုဏ်က
ဋီ့ကိုကန်ထုတ်ပြီး တစ်ခြားမိန်းကလေးတစ်ယောက်ကို
ကိုဂုဏ့်ရဲ့ဇနီးအဖြစ်အများရှေ့မှာချပြပွဲထုတ်ဖို့
စီစဉ်နေတာ..ဋီကဘယ်အတိုင်းအတာထိ
သည်းခံပေးနေရမှာလဲ..."
"ဒီအကြောင်းကိုပြောဖို့လာတာဆိုရင်တော့
ငါ့ထက် ရဲတိုက်ကိုသွားပြီးငါ့အမေနဲ့တွေ့လိုက်တာက
မင်းနဲ့မင်းမိသားစုအတွက်ပိုပြီးအကျိုးရှိလိမ့်မယ်..."
ဂုဏ် သူမလက်ကိုခပ်ကြမ်းကြမ်းဖယ်ထုတ်ပစ်လိုက်သည်။
"မင်းသိအောင်ငါတစ်ခုတော့ပြောလိုက်မယ် အလှဋီကာ
ငါကအခု နတ်စစ်သည်နန်းတော်နဲ့ဘာမှမသက်ဆိုင်တော့ဘူး
နတ်စစ်သည်မိသားစုရဲ့ဆက်ခံသူနဲ့မင်းရဲ့လက်ထပ်ပွဲက
ဖျက်လို့မရတဲ့ကတိတစ်ခုဆိုရင်....ငါမဟုတ်ရင်နောက်ထပ်
မိသားစုရဲ့ဆက်ခံသူဖြစ်လာမဲ့ ငါ့အစ်ကိုနဲ့လက်ထပ်ဖို့အတွက်
မင်းဆက်ပြီးကြိုးစားသင့်တယ်...."
"ကိုဂုဏ္!!"
ခပ်စူးစူးအော်လိုက်တဲ့သူမရဲ့အသံရုံးခန်းထဲ
လွင့်ပျံ့သွား၏။
ထိုအချိန်ရုံးခန်းထဲကိုလုံခြုံရေးဝန်ထမ်း၃ယောက်
ဝင်ရောက်လာသည်။
"အဲ့ဒီ့်မိန်းမကဘာမို့လို့လဲ..အဲ့ဒီမိန်းမက
ဋီ့ထက်ဘာတွေများသာနေလို့ ကိုဂုဏ်က
ဋီ့ကို ဒီလိုစွန့်ပစ်ရတာလဲ...."
"မင်းရဲ့အမေးကိုငါဖြေစရာမလိုဘူးထင်တယ်
တစ်လက်စထဲမင်းကိုသတိပေးလိုက်ချင်တာက
နောက်တစ်ခါ ငါ့ရှေ့ကိုထပ်ပြီးပေါ်မလာမိစေနဲ့
မင်းဆေးရုံမှာ ငါ့ဇနီးဆီရောက်လာသလိုမျိုး
ဒီနေ့ငါ့ရှေ့ကိုရောက်လာသလိုမျိုး...နောက်ထပ်
စည်းကျော်တဲ့အပြုအမူတွေရှိလာခဲ့ရင်...ငါထပ်ပြီး
သည်းခံနေမှာမဟုတ်ဘူး..."
"ကိုဂုဏ်..ရှင်.."
"သူ့ကိုခေါ်သွားတော့..."
"ဟုတ်ကဲ့ သူဌေး..."
"ကိုဂုဏ်...ဖယ်.ငါ့ကိုလွှတ်စမ်း...ကိုဂုဏ်
ရှင် ဋီ့ကိုဒီလိုစွန့်ပစ်လို့မရဘူး...ရှင်သိရဲ့လား
ကိုဂုဏ္..."
နူတ်ကနေမျိုးစုံအော်ဟစ်ရင်းလုံခြုံရေးတွေ
ချုပ်ကိုင်ခေါ်ဆောင်ရာနောက်ကို ဝရုန်းသုန်းကားအခြေအနေနဲ့
ပါသွားတဲ့ အလှဋီကာကိုကြည့်ပြီး...နူတ်ခမ်းလူပ်ရုံဖြင့်
ကျေနပ်စွာပြုံးလိုက်တဲ့ဂုဏ်....။
"ဒါကနောက်ထပ်ခြေလှမ်းတစ်ခုပဲ...မင်းကငါ့အတွက်
တစ်ကယ့်ကိုအသုံးဝင်တာပဲ...ချစ်ဇနီးလေး..."
~~~~~~~~~~~~~~~~~🍑🍑🍑
"ဟင်..."
ဆေးရုံခန်းတံခါးကိုခပ်ဖြေးဖြေးဖွင့်လိုက်တာနှင့်
တံခါးကိုကျောပေးပြီး အနောက်တိုင်းဝတ်စုံပြည့်နှင့်
ခပ်တောင့်တောင့်ရပ်နေတဲ့လူသုံးယောက်ကြောင့်
ကြင်သူမျက်လုံးလေးဝိုင်းသွားရ၏....။
"မိန်းကလေး..."
ထိုအခါ....ခေါ်သံနဲ့အတူ ကြင်သူ့ဘေးကို
ချက်ချင်းရောက်လာတာကဧချင်း....။
"ဘာလိုလို့ပါပဲ..."
"ဟင့်အင်း...ဘာမှမလိုပါဘူး ကျွန်မ
တချိန်လုံးဆေးရုံခန်းထဲမှာပဲနေနေရတာ
ငြီးစီစီကြီးဖြစ်နေလို့ အပြင်မှာလေကောင်းလေသန့်လေး
ရူလို့မရဘူးလားဟင်...."
"မဖြစ်ပါဘူး..မိန်းကလေးဆေးရုံခန်းထဲကနေအပြင်ကို
ထွက်လို့မရဘူး..."
"ဘာလို့လဲ...ကျွန်မလည်းလမ်းကောင်းကောင်းလျှောက်
နိုင်ပါတယ် ပြီးတော့အခုကျွန်မကဆေးသွင်းထားရတာမှ
မဟုတ်တာ...ရှင်တို့ကျွန်မကိုစိတ်မချဘူးဆိုရင်လည်း
ကျွန်မနဲ့အတူလိုက်လို့ရတာပဲလေ..."
"အဲ့ဒါက...."
"ကူညီပါနော်..ကျွန်မတစ်ကယ်နေရတာမလန်းဆန်းလို့ပါ..."
ကြင်သူ မျက်နှာလေးငယ်ပြီးတောင်းဆိုလိုက်တော့
ဧချင်းက သက်ပြင်းဖွဖွချလိုက်ပြီးနောက်...စိတ်လျော့သလို
ပြောလာခဲ့တဲ့စကားက...။
"ကျွန်တော်လမ်းပြပေးပါ့မယ်....မိန်းကလေး..."
~~~~~~~~~~~~~
ကျယ်ဝန်းလှတဲ့ဆေးရုံဝင်းကြီးရဲ့တနေရာက
ခုံတန်းလေးပေါ်မှာကြင်သူငြိမ်သက်စွာ
ထိုင်နေရင်း မျက်လုံးရှေ့မှာမြင်နေရသမျှလူတွေနဲ့
မြင်ကွင်းတွေအကုန်လုံးကိုငေးငေးလေးလိုက်ကြည့်နေမိသည်။
အလှစိုက်တဲ့သစ်ပင်တွေ ခုံတန်းလေးတွေ
အရိပ်ရတဲ့သက်ရင့်ပင်ကြီးတွေနှင့်ဆေးရုံဝင်းကြီးက
စိမ်းစိမ်းစိုစိုနှင့်ပန်းခြံကြီးတစ်ခုနှင့်ပင်တူနေသေး၏။
ဧချင်းနဲ့ဆေးရုံခန်းရှေ့ကလုံခြုံရေးတွေကတော့
ခပ်လှမ်းလှမ်းမှာရပ်ပြီး ကြင်သူ့ကို
စောင့်ကြည့်နေကြသည်။
ကြင်သူ ဒီလိုဆေးရုံအောက်ထိဆင်းပြီးလေကောင်းလေသန့်
ရူရဖို့အရေး..ဧချင်းကသူ့ဆီအသိပေးတင်ပြလိုက်ရသေး၏။
အပြင်ဘက်မှာတိုက်ခတ်နေတဲ့လေနုအေးလေးတွေကြောင့်
စိတ်ထဲအနည်းငယ်လန်းဆန်းသွားတာမှန်ပေမဲ့...
ဗလာသက်သက်ဖြစ်နေဆဲဦးနှောက်ကိုတော့
အထောက်အကူမပြုပေးနိုင်ခဲ့။
၂၃နှစ်...ကြင်သူဒီလောကကြီးထဲမှာ၂၃နှစ်တိုင်တိုင်
ရှင်သန်ခဲ့ပေမဲ့.....၂ရက်စာမှတ်ဉာဏ်လေးတောင်
ကြင်သူ့မှာရှိမနေတော့ဘူး။လူတစ်ယောက်အတွက်
မှတ်ဉာဏ်တွေအားလုံးကိုဆုံးရူံးလိုက်ရတဲ့ ဒီလို
အခြေနေကြီးထက်ပိုပြီးကြေကွဲဝမ်းနည်းစရာကောင်းတာ
မရှိတော့ဘူးလို့ကြင်သူထင်တယ်...။
ပြီးတော့ ဒီအခြေအနေကြီးကကြင်သူ့အတွက်
ဘယ်လောက်ထိရှည်လျားနေဦးမှာများလဲ??
ဒါပေမဲ့ကြင်သူ့ဘေးမှာသူရှိနေသေးတာ
တစ်ကယ်ပဲကံကောင်းမူ့တစ်ခုလို့ကြင်သူထင်တယ်...။
ရုတ်တရပ်သူ့အကြောင်းကိုတွေးလိုက်မိတာနှင့်
အာရုံထဲတိုးဝင်လာတဲ့ခန့်ညားတဲ့ပုံရိပ်နဲ့အတူ
ပြန်ပြီးကြားယောင်လာမိတဲ့သူ့ရဲ့စကားသံတွေ...
"မင်းကငါ့ဘေးမှာ ငါ့ရဲ့စောင့်ရှောက်ကြင်နာမူ့တွေကို
ခံယူပြီး နေပြန်ကောင်းလာအောင် မှတ်ဉာဏ်တွေ
ပြန်ရပြီး ဒီတရားဝင်ခင်ပွန်းကိုမှတ်မိလာအောင်
ကြိုးစားရမှာ...ဘယ်လိုလဲ ငါပြောတာမှန်ကန်ပြီး
နည်းလမ်းကျတယ်မဟုတ်လား...."
"အခုကစပြီး အများကြီးအပင်ပန်းခံပြီးမစဉ်းစားနဲ့
မင်းရဲ့မှတ်ဉာဏ်တွေတဖြေးဖြေးနဲ့ပြန်ရလာမှာပါ
မင်းဘေးမှာငါအမြဲတမ်းရှိနေပေးမယ်..."
သူ, ကြင်သူ့အပေါ်ဆက်ဆံပုံကတစ်ခါတစ်ရံအေးစက်သလို
ထင်ရပေမဲ့...တစ်ခါတစ်ရံကျတော့လည်းအရမ်းကို
နွေးထွေးလွန်းတယ်။
".........."
အတွေးနဲ့ကြင်သူ, လက်ဖဝါးလေးတစ်ဖက်ကို
ရင်ဘတ်မို့မို့လေးထက် ခပ်ဖွဖွဖိကပ်လိုက်သည်။
ဘာလို့ သူ့အကြောင်းကိုတွေးလိုက်တာနဲ့
ဒီလိုမျိုးရင်တွေတဒိတ်ဒိတ်ခုန်လာရတာလဲ??
ကြင်သူ, သူ့ကိုတစ်ကယ်အများကြီးသဘောကျခဲ့ရတာ
များလား...??
"မိန်းကလေး..."
တစ်ယောက်ထဲငြိမ်သက်စွာအတွေးလွန်နေမိချိန်မှာပဲ
အနားရောက်လာတဲ့ဧချင်းရဲ့ခေါ်သံကြောင့်
ကပျာကယာခေါင်းလေးမော့ကြည့်လိုက်မိသည်။
"သူဌေးပြန်လာပါပြီ...."
"ဟင်..."
ကြင်သူ ထိုင်ရာကနေဆတ်ခနဲထရပ်မိသွားရတဲ့အခါ...
မျက်နှာချင်းဆိုင်အရပ်ကနေ ကြင်သူရှိရာကို
ခပ်မှန်မှန်လျှောက်လှမ်းလာနေတဲ့သူ့ကိုမြင်လိုက်ရသည်။
တဖြေးဖြေးနဲ့နီးကပ်လာတဲ့သူ့ကိုကြည့်ပြီး
ချုပ်ထိန်းမရတဲ့ရင်ခုန်သံတွေကြောင့် ကြင်သူ
လက်ချောင်းလေးတွေကိုခပ်တင်းတင်းဆုပ်လိုက်ချိန်မှာပဲ
သူကကြင်သူနဲ့အနီးကပ်ဆုံးကိုရောက်လာခဲ့ပြီဖြစ်၏။
"မိနစ် ၄၀..."
"ရှင်.."
လက်ကနာရီကိုတစ်ချက်ပင့်ကြည့်ပြီးသူက
ကြင်သူ့,ကိုပြန်ကြည့်ကာ....။
"ဧချင်းငါ့ဆီဖုန်းဆက်တဲ့အချိန်နဲ့ဆို မင်းအပြင်မှာရှိနေတာ
မိနစ်၄၀တိတိရှိနေပြီ....နေမကောင်းတဲ့လူက
အပြင်မှာလေစိမ်းအကြာကြီးအတိုက်ခံလို့မဖြစ်ဘူးလေ...
အထဲပြန်ဝင်ရအောင်..."
စကားနဲ့အတူ ကြင်သူ့လက်ကိုဆုပ်ကိုင်ဖို့လှမ်းလာတဲ့
သူ့ရဲ့လက်ကြောင့်...ကြင်သူ,လက်နှစ်ဖက်လုံးကို
ဖျတ်ခနဲအနောက်ကိုပို့ကွယ်လိုက်တာက....
အေးစက်နေတဲ့လက်ဖျားလေးတွေကတဆင့်
ပုံမှန်မဟုတ်တဲ့ကြင်သူ့ရဲ့နှလုံးခုန်သံတွေကိုသူရိပ်မိသွားခဲ့မှာ
စိုးရိမ်မိ၍ဖြစ်သည်။
သို့ပေမဲ့ ကြင်သူ့ရဲ့အပြုအမူကိုဘယ်လိုသဘောပေါက်သွားမှန်း
မသိတဲ့သူကတော့ ခပ်သဲ့သဲ့ရယ်လိုက်ရင်း....။
"လက်တွဲတာကိုမခံချင်ဘူးဆိုတော့ တစ်ခြားတစ်ခုခုကို
မျှော်လင့်နေတာလား..."
"ဟင့်အင်း..မဟုတ်ပါဘူးဘာကိုလဲ..အမေ့..."
ငြင်းချက်ထုတ်လိုက်တဲ့စကားမဆုံးခင်
ကြင်သူ့ခန္ဓာကိုယ်တစ်ခုလုံးသူ့လက်ပေါ်စွေ့ခနဲ
ပါသွားခဲ့ရသည်။
ရုတ်တရပ်မို့....ကြင်သူ,ယောင်ယမ်းပြီးသူ့လည်တိုင်ကို
လက်နှစ်ဖက်နှင့်ဖက်တွယ်လိုက်မိတဲ့အခါ....
သူ့ရဲ့ဝင်သက်ထွက်သက်လေငွေ့နွေးနွေးက
ကြင်သူ့, မျက်နှာလေးဆီသို့နီးနီးကပ်ကပ်ရိုက်ခတ်
တိုးဝှေ့လာခဲ့ကာ.....ဆွဲဆောင်မူ့ရှိလွန်းနေပြန်တဲ့
အပြုံးတစ်ပွင့်အား တရားဝင်ခင်ပွန်းဆီကလက်ခံ
ရရှိလိုက်ပြီးနောက်......။
"မင်းလိုချင်တာ ဒီလိုမျိုးလား...."
~~~~~~~~~~~~~~~~~~🍑🍑🍑
ဆက်ရန်^^^
Writer by
#Hazel