💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕
[ ကြမ္မာစေရာရွှေဖူးစာ ]
----------------
"နေရတာအရမ်းကြပ်တယ်...."
"ကြပ်လည်းသည်းခံ...မင်းယောကျာ်းကို
ဆိုဖာပေါ်မှာတစ်ညလုံးထိုင်နေရမှာမမြင်ချင်ဘူး
ဆိုရင်ပေါ့..."
စကားပြောပုံကတစ်ကယ့်ကိုအထက်စီးကဖြစ်တဲ့အပြင်
သူက ကြင်သူ့,ကိုယ်လေးကို ပိုပြီးပူးကပ်သွားအောင်
ပွေ့ပိုက်သည်။
"ဆိုဖာပေါ်မှာထိုင်နေရမှာမမြင်ချင်ဘူးဆိုပေမဲ့လည်း
ရှင်အဲ့မှာလှဲနေလို့ရတာပဲ..."
ကြင်သူ,အနေခက်စွာနဲ့ ကိုယ်လေးတစ်ချက်လူးလွန့်ရင်း
စောဒကတက်လိုက်တဲ့အခါ...
"မအိပ်တတ်ဘူး..."
"ရှင်...."
"ဆိုဖာပေါ်မှာမအိပ်တတ်ဘူးလို့ပြောတာ...မင်းသာ
အလိုက်မသိရင် ငါတစ်ညလုံးဆိုဖာပေါ်မှာထိုင်နေရမှာ..."
"ဒါပေမဲ့ ဒီနေရာမှာကျွန်မနဲ့အတူအိပ်ဖို့ ကျွန်မရှင့်ကို
မခေါ်ခဲ့ပါဘူး..."
"ဒါပေမဲ့လည်း ငါပြောတာကိုမင်း,မငြင်းခဲ့ဘူးမဟုတ်လား...."
"အဲ့ဒါက..."
ရုတ်တရပ် ဘာပြန်ပြောရမှန်းမသိဘဲ သူ့ရင်ခွင်ထဲကနေ
မျက်လွှာလေးပင့်ကြည့်လိုက်တော့...အပိုအလို
ခံစားချက်တွေဘာမှမပေါ်လွင်နေတဲ့ခပ်စိုက်စိုက်
မျက်ဝန်းတွေနဲ့ရင်ဆိုင်တိုး၏။
"ဘယ်လိုနေလဲ..."
"ဟင်..ဘာကိုလဲ..."
"ငါကမင်းကိုဒီလိုဖက်ထားတော့ ထူးထူးခြားခြား
မခံစားရဘူးလား..."
"........."
မျက်ခုံးပင့်ပြလျက် မထီတရီမျက်မှာဘေးနဲ့
ဒဲ့ပင်မေးလာတဲ့သူ့မေးခွန်းကြောင့် ကြင်သူ့ကို
ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
"အမလေး..."
ထိုအခါ ကြင်သူလန့်ဖျတ်အော်မိသွားရအောင်
သူ့လက်တစ်ဖက်က ဝဲဘက်ရင်အုံအထက်နေရာက
နှလုံးသားရှိရာဆီဖျတ်ခနဲလာရောက်အုပ်ကိုင်၏။
"မင်း ရင်တွေခုန်နေတာပဲ....အဟက်..."
"ရှင်.ရှင်ဘာလုပ်တာလဲ...."
ကြင်သူ, သူ့လက်ကိုအကြောက်အကန်ပဲဖယ်ခွာရင်း
လက်နှစ်ဖက်နှင့်ရင်ဘတ်ရှေ့ကိုယှက်ကာလိုက်မိတာက
အလန့်တကြားဖြင့်သာ...။
"ဘာလို့အဲ့လောက်တောင်လန့်သွားတာလဲ
ငါမင်းကိုဘာမှမလုပ်ရသေးပါဘူး..."
"ရှင်.သွား...ကျွန်မနားမှာမနေနဲ့တော့
ရှင့်ဘာသာဆိုဖာပေါ်သွားနေတော့ သွား...."
"နေစရာလား ဒီနေရာကပိုပြီးအဆင်ပြေတာပဲကို..."
"အို..."
အာမေဋိတ်သံလေးမဆုံးလိုက်သူ့လက်ထဲမှာ
ခါးလေးကော့လျက်ပါသွားရတာက အရုပ်လေး
တစ်ရုပ်လိုပင်....။
"ဒ.ဒါကဆေးရုံခန်းနော်..."
သူ့ရင်အုပ်ကျယ်ကြီးကိုလက်တစ်ဖက်နှင့်တွန်းရင်း
အထိတ်တလန့်သတိပေးလိုက်မိတော့ သူက
မျက်တောင်ဖျားများစင်းချလျက်ညစ်ကျယ်ကျယ်ကြည့်သည်။
"အဲ့တော့ဘာဖြစ်လဲ...."
"ရှင် ညစ်ပတ်တာတွေလျောက်တွေးမနေနဲ့....."
"အဟက်..မင်းရဲ့ဒီလိုအားနည်းနေတဲ့ပုံစံနဲ့များ
ငါကဘာညစ်ပတ်တာကိုတွေးနိုင်ဦးမှာလဲ..."
"ရှင်...ဟွန့်..."
ထပ်ပြီးရန်တွေ့ဖို့ပြင်လိုက်တဲ့နူတ်ခမ်းလေးအား
နူတ်ပိတ်သလို ခပ်ဖိဖိရိူက်နမ်းခြင်းကိုခံလိုက်ရ၏။
"တရှင်ရှင်နဲ့တစ်ကယ်နားငြီးလာပြီ....နောက်ထပ် တစ်ခုခု
ထပ်ဖြစ်လာမှာမလိုချင်ဘူးဆိုရင် ငြိမ်ငြိမ်လေးအိပ်လိုက်တော့...
ပြီးတော့ မင်း အရမ်းလည်းမကြောက်ပါနဲ့ မင်းကလူမမာ
ဆိုတာ ငါကောင်းကောင်းသိတယ် ဟုတ်ပြီလား..."
ဒီတစ်ခါတော့ ကြင်သူ, သူ့ကိုထပ်ပြီးစောဒကမတက်ဝံ့တော့။
မျက်ဝန်းအစုံကိုခပ်တင်းတင်းဖိပိတ်ရင်းငြိမ်သက်သွားရတော့
သူ့ဆီကသဘောကျသလိုခပ်တိုးတိုးရယ်သံတစ်ခုကို
ကြားလိုက်ရသည်။
ထိုရယ်သံကြောင့်......
ကြင်သူ, ကိုယ်လေးပိုပြီးကျုံ့သွားရသည်။
ဤ တရားဝင်ခင်ပွန်းရဲ့ရင်ခွင်က
ကြင်သူ့ ရင်ခုန်သံတွေကို ဗရမ်းဗတာဖြစ်စေနိုင်တာ
ဘယ်ကထဲကများလဲ...??
ဒါကလည်း ကြင်သူမေ့လျော့နေတဲ့မှတ်ဉာဏ်
အစိတ်အပိုင်းတစ်ခုများလား...??
သို့ပေမဲ့ ကြင်သူမျက်နှာအပ်ထားတဲ့ သူ့ရဲ့
ရင်အုပ်ကျယ်ကြီးမှ ကြားနေရတဲ့နှလုံးခုန်သံက
ပုံမှန်အတိုင်းတိုးလျလျသာ...။
သေချာတာတစ်ခုကတော့...ဒီအနေအထားက
သူ့ကိုစိတ်လူပ်ရှား ရင်ခုန်မနေစေခဲ့ဘူး...။
ကျွန်မရဲ့ တရားဝင်ခင်ပွန်းက တစ်ကယ့်ကို
သွေးအေးတတ်တဲ့နှလုံးသားပိုင်ရှင်များလား...??
~~~~~~~~~~~~~~~~🍑🍑🍑
"နာမည်က ကြင်သူသက်ထား မွေးသက္ကရာဇ်က
၁၉၉၈...ဟင် ကျွန်မအသက်က ၂၃နှစ်ပဲ
ရှိသေးတာလား..."
ကြင်သူ, သူထုတ်ပြလာတဲ့ မှတ်ပုံတင်၊ passport
Visaကတ် တက္ကသိုလ်ဝင်ခွင့်လက်မှတ်
အစရှိတဲ့သက်ဆိုင်ရာပစ္စည်းတွေကို
တစ်ခုခြင်းထုတ်ကြည့်ရင်း ကိုယ့်အသက်ကိုယ်
မယုံနိုင်သလို သူ့ကိုပြန်မေးလိုက်တော့ လက်ထဲက
ကော်ဖီဗူးကိုတစ်ငုံမော့ရင်း သူကမေးဆတ်ပြသည်။
"ဘာတွေများ အဲ့လောက်တောင်အံ့ဩစရာပါနေလို့လဲ..."
"ဟို..ကျွန်မအသက်ကအဲ့လောက်ငယ်လိမ့်မယ်လို့
ကိုယ့်ကိုကိုယ်မထင်လို့ပါ..."
အူကြောင်ကြောင်ဖြင့်ပြန်ဖြေလာတဲ့သူမကြောင့်
ဂုဏ် စောစောစီးစီးရယ်ချင်သွားရပြန်၏။
"မင်းကိုယ်မင်းရောမှန်ထဲပြန်ကြည့်ရဲ့လား
ဘယ်လိုကြည့်ကြည့်အသက်မပြည့်သေးတဲ့ မျက်နှာပုံနဲ့
၂၃နှစ်ကငယ်တယ်ထင်လို့လား..."
"ဟင့်အင်း...မထင်ပါဘူး ဒါဆို
ရှင့်အသက်ကရော ဘယ်လောက်လဲဟင်...."
"မှန်းကြည့်လေ..."
"၂၅နှစ်.."
"အဟွတ်..."
သူအရဲ့အသက်ခန့်မှန်းချက်ကြောင့်ကော်ဖီသီးမလိုပင်
ဖြစ်သွားရတဲ့ ဂုဏ်....။
"မဟုတ်ဘူးလားဟင်...ရှင့်အသက်ကအဲ့ထက်တော့
ကြီးမဲ့ပုံလည်းမပေါ်ပါဘူး...ဒါမှမဟုတ်ငယ်တာလား..."
တစ်ယောက်ထဲရူတ်ရှပ်ခတ်သွားရင်း ကြင်သူ
ခေါင်းကိုဖွဖွကုတ်လိုက်မိတော့ သူကရိပ်ခနဲပြုံးသည်။
"မင်းမျက်လုံးထဲမှာငါကအဲ့လောက်တောင်ကြည့်ကောင်းပြီး
နုနေတယ်ပေါ့...သေချာနားထောင် မင်းယောကျာ်းက
မကြာခင်အသက်သုံးဆယ်ပြည့်တော့မှာ..."
"တစ်ကယ်..တစ်ကယ်ကြီးလား...မဖြစ်နိုင်တာ..."
မျက်လုံးပြူးလျက်တအံ့တဩဖြစ်သွားတာက
သူမခဏခဏနူတ်ထွက်နေတဲ့`မဖြစ်နိုင်တာ´ဆိုတဲ့
စကားနဲ့အဆုံးသတ်သည်။
"မဖြစ်နိုင်စရာလား...ငါကမင်းထက်အသက်အများကြီး
ကြီးတာမို့ ရိုရိုသေသေဆက်ဆံရမယ် ကြားလား...
ကဲ နောက်ထပ်ဘာသိချင်တာရှိသေးလဲ မေး...."
"ရှင်က ဘာလုပ်တဲ့သူလဲ..."
"သူဌေး..."
"ဟမ်!!"
"မင်းယောကျာ်းငါက အရမ်းချမ်းသာတဲ့သူဌေးပဲလေ
မြင်တာနဲ့သိနိုင်တယ်မလား..."
"ဒီမှာ ကျွန်မကဘာမှမမှတ်မိလို့မေးနေတာလေ...
ရှင်စကားကိုကောင်းကောင်းပြောလို့မရဘူးလား..."
"အဟွန်း..."
နူတ်ခမ်းမဖွင့်ဘဲ အလွန်ကြည့်ကောင်းအောင်လည်း
ကျွန်မရဲ့တရားဝင်ခင်ပွန်းက ဆွဲဆောင်မူ့ရှိရှိ
ပြုံးတတ်ပါသေးတယ်။
"ငါကရှေးဟောင်းပြတိုက်တစ်ခုဖွင့်ထားတယ်
ပြတိုက်နာမည်က Sun Shrine(နေဗိမာန်)တဲ့..."
"ရှေးဟောင်းပြတိုက်..."
ထူးဆန်းစွာပဲ ထိုစကားလုံးက ကြင်သူနဲ့စိမ်းသက်မနေ။
"ဘယ်လိုလဲ...မင်းနဲ့ပတ်သတ်ပြီး
ငါပြောခဲ့သမျှကအမှန်တွေဆိုတာ ငါသက်သေပြခဲ့ပြီးပြီ
မင်းရဲ့နာမည်၊မင်းနေခဲ့တဲ့နေရာ၊မင်းတက်နေတဲ့တက္ကသိုလ်
မင်းယူထားတဲ့ဘာသာရပ်....အားလုံးအလိမ်အညာ
တစ်ခုမှမပါဘူးမလား...ငါမင်းကိုမလိမ်ဘူးဆိုတာ
ယုံပြီနော်...."
သူ့စကားကြောင့် ကြင်သူ လက်ထဲကအရာတွေပြန်ကြည့်
လိုက်သည်။
ဟုတ်တယ် သူပြောတာတွေက တစ်ကယ့်အမှန်တွေ
ချည်းပဲ။
"..........."
ရုတ်တရပ်ကြင်သူ ငေးခနဲဖြစ်သွားရတော့
သူက ကြင်သူ့လက်ဖျားလေးကိုလှမ်း၍ဆုပ်ကိုင်လာခဲ့သည်။
"အခုကစပြီး အများကြီးအပင်ပန်းခံပြီးမစဉ်းစားနဲ့
မင်းရဲ့မှတ်ဉာဏ်တွေတဖြေးဖြေးနဲ့ပြန်ရလာမှာပါ
မင်းဘေးမှာငါအမြဲတမ်းရှိနေပေးမယ်..."
ကြင်နာမယောင်မျက်ဝန်းအကြည့်တွေနဲ့
သူ့ရဲ့စကားသံတွေကကြင်သူ့နှလုံးသားကိုနွေးထွေးစေသည်။
အဘက်ဘက်ကပြည့်စုံနေတဲ့ဤယောကျာ်းကို
ကြင်သူ ပိုင်ဆိုင်ထားတဲ့တာဟာ..တစ်ကယ့်အမှန်တရားဆိုရင်
ကြင်သူက အရမ်းကိုကံကောင်းတဲ့မိန်းကလေးဖြစ်မယ်
ထင်တယ်။
"ငါ ခဏနေပြတိုက်ကိုသွားရမယ် ဒီနေ့လယ်
archaeologist အစည်းအဝေးရှိတယ်
အဲ့ဒါကြောင့် ညနေလောက်မှဆေးရုံကိုပြန်လာနိုင်မယ်..."
အသိပေးသလိုပြောလိုက်တဲ့ဂုဏ့်ရဲ့စကားကြောင့်
သူမမျက်နှာလေးညိုးသွားသည်။
"ရှင်သွားရင် ကျွန်မကဒီဆေးရုံခန်းထဲမှာ
တစ်ယောက်ထဲနေခဲ့ရမှာလားဟင်...."
မရဲတရဲပြန်မေးလာပုံလေးက မျက်နက်ဝန်းတွေထဲ
စိုးရိမ်ပူပန်မူ့တွေအပြည့်နဲ့ဖြစ်သည်။
"ဘာလဲ..မနေ့ကလို ငါ့ရဲ့အမေ ရုတ်တရပ်
ရောက်လာမှာစိုးလို့လား...."
မဟုတ်ဘူးလို့မငြင်းဘဲ သူမကမျက်လွှာလေး
ချကာ လက်ချောင်းတွေကိုဆုပ်လိုက်တာကို
ဂုဏ်မြင်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားရ၏။
"မစိုးရိမ်ပါနဲ့ ငါ,ငါ့ရဲ့လက်ထောက်ကိုဆေးရုံမှာထားခဲ့မှာ..."
"ဟို..ဧချင်းဆိုတဲ့လူလား..."
"အင်း...သူကမင်းကိုငါမရှိတဲ့အချိန်ငါ့ကိုယ်စား
စောင့်ရှောက်ပေးနိုင်တာမို့ စိတ်မပူနဲ့....ပြီးတော့
မင်းမနက်ဖြန်ကစပြီး ဆေးရုံမှာနေစရာမလိုတော့ဘူး...."
"ဆေးရုံမှာနေစရာမလိုတော့ဘူးဆိုတော့ ကျွန်မ
ဆေးရုံကဆင်းလို့ရပြီလို့ပြောတာလားဟင်...."
"ဆေးရုံကဆင်းလို့ရတဲ့အထိတော့ မင်းရဲ့အခြေအနေက
စိတ်မချရသေးပေမဲ့...ဆေးရုံထက်လုံခြုံတဲ့အိမ်မှာပဲ
ငါမင်းကိုဆေးဆက်ကုဖို့ဆုံးဖြတ်ထားတယ်..."
"အိမ္...."
"ဟုတ်တယ်..အိမ်...မင်းနဲ့ငါ့ရဲ့အိမ်...
ငါတို့ရဲ့အိမ်ပေါ့...."
~~~~~~~~~~~~~~~~🍑🍑🍑
"ကျွန်တော် တစ်ကယ်ပဲဆေးရုံမှာနေခဲ့လို့
သူဌေးအဆင်ပြေပါ့မလား...."
"အဆင်ပြေတယ် ဘာမှမဖြစ်ဘူး...မင်းသာသူ့ကို
သေချာလေးဂရုစိုက်ထားပေး..."
ပြောရင်း ဆေးရုံမြေအောက်ကားပါကင်ထဲမှာ
ရပ်ထားတဲ့ကားနားကိုအရောက်ဂုဏ်ကခြေစုံရပ်ပြီး
အနောက်ကလိုက်ပို့တဲ့ဧချင်းကိုလှည့်ကြည့်လိုက်သည်။
"ငါ့အမေကအခုချိန်မှာပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးလို
ဖြစ်နေမှာ....အဲ့ဒါကြောင့် ကြင်သူသက်ထားဆီ
မီးပွားစင်စေလို့မဖြစ်ဘူး...."
"နားလည်ပါပြီ...သူဌေး.."
"တစ်ခုခုဆိုတာနဲ့ငါ့ဆီချက်ချင်းဖုန်းဆက်ပါ..."
ဂုဏ် နောက်ဆုံးမှာပြီးတာနဲ့ ဧချင်းရဲ့ပခုံးကို
တစ်ချက်ပုတ်ပြီး ကားပေါ်တက်ကာမောင်းထွက်လာ
ခဲ့လေတော့သည်။
ဧချင်းကတော့ ဂုဏ့်ရဲ့ကားမြင်ကွင်းထဲကပျောက်သွားတဲ့အထိ
ရပ်ကြည့်နေပြီးမှ လာရာလမ်းအတိုင်းပြန်လှည့်သွား၏။
ထိုအချိန်...ကားပါကင်မှာရပ်ထားတဲ့မြောက်မြားလှစွာသော
ကားတွေထဲကတစ်စီးဆီမှစောင့်ကြည့်နေတဲ့
တစ်စုံတစ်ယောက်.....။
~~~~~~~~~~~~~~~🍑🍑🍑🍑
"ဒီမနက်သူဌေးဆေးရုံကနေထွက်သွားပါတယ် မယ်မယ်ကြီး
ဒါပေမဲ့ ဧချင်းကိုတော့ထားခဲ့ပါတယ်..."
ဖုန်းထဲကသတင်းပေးလာတဲ့စကားသံအဆုံး
ဒေါ်ခင်ထိပ်ထားဖုန်းကိုချပစ်လိုက်ပြီး ကျွန်းစားပွဲ
ရှည်ကြီးပေါ်ခပ်ကြမ်းကြမ်းပစ်တင်လိုက်သည်။
"ဘယ်နေရာကိုသွားသွား အမြဲတမ်းအရိပ်လိုလိုက်နေတဲ့
သူကိုတောင် သူ့ကိုယ်စားဆေးရုံမှာထားခဲ့တယ်ဆိုတော့
ဂုဏ်က အဲ့ဒီ့မိန်းကလေးကို တော်တော့်ကို
စိုးရိမ္ေနပုံပဲ...."
"သူဌေးက သူ့ရဲ့ငွေတွေကိုလိမ်သွားခဲ့တဲ့
လူလိမ်တစ်ယောက်ရဲ့သမီးကို သူနဲ့လက်ထပ်ထားတဲ့
မိန်းကလေးဆိုပြီး ခေါ်လာတာ တစ်ကယ့်ကို
သွေးရိုးသားရိုးမဖြစ်နိုင်ပါဘူး...."
ရဲတိုက်စီမံအုပ်ချုပ်ရေးမှူး ခွန်လတ်ရဲ့အပြောကို
ဒေါ်ခင်ထိပ်ထား ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
"ဂုဏ်က နတ်စစ်သည်မိသားစုထဲကနေ
ခွဲထုတ်နိုင်ဖို့အမြဲတမ်းကြိုးစားနေခဲ့တယ်ဆိုတာငါသိတယ်..
ငါ့ရဲ့ဆန္ဒအတိုင်းအလှဋီကာနဲ့လက်ထပ်ပြီး မိသားစုအမွေကို
ဆက်ခံဖို့က ဂုဏ်အမုန်းဆုံးအရာပဲ....မင်းမှတ်မိသေးလား
ခွန်လတ် ဂုဏ်အင်္ဂလန်ကိုရောက်နေတဲ့အချိန်တုန်းက
အလှဋီကာတို့မိသားစုဘက်က မီဒီယာတစ်ခုနဲ့
အင်တာဗျူးချိန်မှာ ဂုဏ်နဲ့လက်ထပ်ပွဲအကြောင်း
ထည့်ဖြေသွားခဲ့တာလေ...."
"မှတ်မိပါတယ် မယ်မယ်ကြီး..."
"ဂုဏ် အဲ့ဒီ့အင်တာဗျူးကိုမြင်ပြီးအရမ်းကိုစိတ်ဆိုးခဲ့တာ
ငါ့ဆီချက်ချင်းပဲဆက်သွယ်ပြီး အဲ့ဒီ့သတင်းတွေကို
ရဲတိုက်ကနေအမှန်တွေမဟုတ်ကြောင်းထုတ်ပြန်ပေးဖို့
ပြောခဲ့ပေမဲ့ ငါ ဂုဏ့်ကိုငြင်းခဲ့တယ်...မကြာခင်တစ်ကယ်
အကောင်ထည်ဖော်မဲ့ကိစ္စဆိုပြီး ဂုဏ့်ရဲ့တောင်းဆိုချက်ကို
ငါလျစ်လျူရူ့ခဲ့တယ်...အဲ့ဒီ့တုန်းကငါတစ်ကယ်ပဲ
မေ့သွားခဲ့တယ်..ငါ့ရဲ့သားက သူဖြစ်ချင်တဲ့ဘယ်လိုအရာမဆို
မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့လူမျိုးဆိုတာကိုပေါ့..."
"မယ်မယ်ကြီးဆိုလိုတာက..."
"မင်းပြောကြည့်ခွန်လတ်...ဂုဏ့်ရဲ့အကျင့်စရိုက်
ဂုဏ့်ရဲ့စိတ်နေစိတ်ထားနဲ့ ဒီလောက်အချိန်လေးအတွင်း
သူစိမ်းမိန်းကလေးတစ်ယောက်ကို သူ့ဘဝထဲအမှန်တစ်ကယ်
ဝင်လာခွင့်ပေးမယ်ထင်လို့လား..."
"ဒါဆို..."
"အတုအယောင်ပဲ....ဂုဏ်က နတ်စစ်သည်မိသားစုကို
စွန့်ပစ်ဖို့ ဒီအခြေနေကိုဟန်ဆောင်ဖန်တီးခဲ့တာ...."
"ဗျာ..."
"ဟုတ်တယ် ဂုဏ်ကအဲ့ဒီ့်မိန်းကလေးကိုအသုံးချပြီး
မိသားစုကိုပုန်ကန်ခဲ့တာပဲ....."
"ဒါဆို...ကျွန်တော်တို့အင်္ဂလန်မှာသူဌေးနဲ့အဲ့ဒီ့မိန်းကလေး
ဘယ်လိုကိစ္စတွေရှိခဲ့လဲဆိုတာ စုံစမ်းရမယ်မဟုတ်လား..."
"ငါ့သားအကြောင်းကိုမင်းမသိဘူးလား...
သူလုပ်ခဲ့တဲ့အလုပ်ကိုတစ်ခြာသူခြေရာခံလို့ရအောင်
ပေါ့ဆမဲ့သူမျိုးမဟုတ်ဘူး...ယုဂန်ကြောင့်သာ
မဟုတ်ခဲ့ရင်...အဲ့ဒီ့်မိန်းကလေးရဲ့အဖေက
ဂုဏ်နဲ့ဘယ်လိုမျိုးပတ်သတ်ခဲ့တယ်ဆိုတာကိုတောင်
ငါတို့သိခွင့်ရမှာမဟုတ်ဘူး...."
"ဒါဆို..ကျွန်တော်တို့အခုဘာဆက်လုပ်ရပါမလဲ...."
"ငါမင်းကိုယူလာခိုင်းတဲ့ အဲ့မိန်းကလေးရဲ့
ဆေးမှတ်တမ်းရော.."
"ရလာပါပြီ မယ်မယ်ကြီး..."
ကုတ်အင်္ကျီအတွင်းအိတ်ထဲကစာရွတ်စာတမ်း
တစ်ချို့ကိုထုတ်ယူပြီး ခွန်လတ်ကစားပွဲပေါ်
တရိုတသေတင်ပေး၏။
ဒေါ်ခင်ထိပ်ထားစာရွက်စာတမ်းတွေကို
ယူကြည့်လိုက်သည်။
"ဒီဆေးမှတ်တမ်းကိုရဖို့တောင်ကျွန်တော်မနည်းကြိုးစား
ခဲ့ရတာပါ..ကြင်သူသက်ထားအတွက် သူဌေးက
ဆေးရုံတစ်ခုလုံးကိုတောင်နူတ်ပိတ်ထားခဲ့တာ...."
ခွန်လတ်စကားကိုနားထောင်ပြီး ဆေးမှတ်တမ်းစာရွက်တွေကို
ကြည့်နေတဲ့ဒေါ်ခင်ထိပ်ထား တစ်နေရာကိုအရောက်မှာတော့
မျက်ဝန်းတွေကရပ်တန့်သွားခဲ့ရ၏...
"ဟင်...amnesia..."
နူတ်ကနေတအံ့တဩရေရွတ်ရင်း ဒေါ်ခင်ထိပ်ထား
ခွန်လတ်ကိုမော့ကြည့်လိုက်တဲ့အခါ...ခွန်လတ်က
ခေါင်းကိုငြိမ့်ပြလာခဲ့သည်။
"ဟုတ်ပါတယ်မယ်မယ်ကြီး...amnesiaပါ
သူဌေးခေါ်လာတဲ့မိန်းကလေးဟာ ပြင်းထန်တဲ့
ဦးခေါင်းထိခိုက်မူ့ကြောင့် မှတ်ဉာဏ်တွေ
ပျောက်ဆုံးနေခဲ့ပါတယ်...သူက အတိတ်မေ့နေတာပါ..."
~~~~~~~~~~~~~~~~🍑🍑🍑
"မင်းအဖေက လူလိမ်...."
"မင်းအဖေကငါ့ရဲ့ငွေတွေကိုလိမ်သွားခဲ့တာ..."
"ဒေါ်လာ 6billionဆိုတဲ့ပမာဏကဘယ်လောက်များလဲ
မင်းသိလား...မင်းရဲ့အသက်ကိုငါ့လက်ထဲအပ်လိုက်
ရင်တောင် ကြေပေးလို့ရတဲ့ ပမာဏမဟုတ်ဘူး..."
"မဟုတ်ဘူး...ကျွန်မအဖေကဘယ်တော့မှ
အဲ့လိုလုပ်မှာမဟုတ်ဘူး...ရှင် ကျွန်မအဖေရဲ့
ဂုဏ်သိက္ခာကိုမစော်ကားပါနဲ့..."
"အဟက်...ဂုဏ်သိက္ခာလား...လူလိမ်တစ်ယောက်ဆီမှာ
ဘယ်ကလာပြီး ဂုဏ်သိက္ခာရှိဦးမှာလဲ....
မင်းအဖေကသိက္ခာတစ်စက်မှမရှိတော့တဲ့လူလိမ်
တစ်ယောက်ပဲ...ယုံကြည်မူ့ကိုအလွဲသုံးစား
လုပ်သွားခဲ့တဲ့လူယုတ်မာ..."
"ရှင်..."
"ဖြန်း!!"
ဖခင်ဖြစ်သူကိုအကြိမ်ကြိမ်ထိုးနှက်စော်ကားနေတဲ့
စကားတို့ကြောင့်သူမမျက်လုံးထဲဘာမှမမြင်နိုင်တော့ဘဲ
လက်ဖဝါးလေးတစ်ဖက်ကမြှောက်တက်သွားရသည်။
`ဖြန်း´ခနဲထွက်ပေါ်လာတဲ့အသံနှင့်အတူ
စိန်ပွင့်တွေလိုစူးလက်နေတဲ့မျက်ဝန်းတွေကသူမဆီ
စိုက်ခနဲရောက်လာ၏။
"မင်းကငါ့ကိုရိုက်ရဲတယ်..အဟက်
မင်းကတစ်ကယ့်ကိုသတ္တိကောင်းတာပဲ...
ကောင်းပြီလေ..တစ်ကယ့်ကိုသတ္တိကောင်းနေတဲ့မင်းကို
ငါကလည်းချီးမြှောက်ပေးရမှာပေါ့...."
"ရှင်.ရှင် ရှေ့မတိုးနဲ့နော်...မတိုးနဲ့...အား..."
အလန့်တကြားအော်သံလေးနဲ့အတူ သူမကိုယ်လေး
တစ်ခုလုံး ထိုသူ့ရဲ့ပခုံးပေါ်မြှောက်ခနဲပါသွားခဲ့သည်။
"လွှတ်..ရှင် ကျွန်မကိုလွှတ်...လွှတ်!!"
သူမ ထိုသူ့ရဲ့ကျောပြင်ကျယ်ကြီးကိုတဘုန်းဘုန်း
ထုရိုက်နေပေမဲ့ တစ်ချက်လေးမှတွန့်ဆုတ်မသွားတဲ့
ခြေလှမ်းတွေက အိပ်ခန်းကျဉ်းလေးထဲအထိရောက်လာခဲ့ပြီး..
"ဘုတ်..."
ိအိပ်ရာဖြူဖြူလေးထက်သူမကိုယ်လေးအား
မညှာမတာပစ်ချခြင်းခံလိုက်ရပြီး လေးလံတဲ့
ခန္ဓာကိုယ်ကြီးတစ်ခုကသူမကိုယ်ပေါ်ပိကျလုခဲ့ရင်း
တဆတ်ထဲထူပူသွားခဲ့ရတဲ့ နူတ်ခမ်းအစုံ...။
"အွန်း..ရှင်..လွှတ်...မယုတ်မာနဲ့...ကယ်
ဟွန်း..."
အော်ဟစ်အကူအညီတောင်းဖို့ပြင်လိုက်ပေမဲ့
အနမ်းကြမ်းတွေနဲ့နောက်တစ်ကြိမ်နူတ်ပိတ်ခြင်း
ခံလိုက်ရပြီး....
"ဗြိ.."ခနဲမြည်သံနဲ့အတူ သူမရဲ့ပခုံးလေးတစ်ဖက်
အေးခနဲ လစ်ဟာသွားခဲ့ရတဲ့အခါ....။
"အား!!...."
~~~~~~~~~~~
"အား!!"
အလန့်တကြားအော်ဟစ်လိုက်သံနဲ့အတူ
ဆေးရုံကုတင်ထက် အတင်းလူးလဲထထိုင်လိုက်မိရင်း
အိပ်မက်ကနေ လန့်နိုးလာခဲ့တဲ့ကြင်သူ....။
~~~~~~~~~~~~~~~~~🍑🍑🍑
ဆက်ရန်^^^^
Writer by
#Hazel