💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕
[ ကြမ္မာစေရာရွှေဖူးစာ ]
----------------
"ရှင်နဲ့ ကျွန်မဆုံခဲ့တဲ့အချိန်ဒီလောက်ခဏလေးမှာ
ကျွန်မကရှင့်ကိုအလွယ်တကူပြန်ကြိုက်လိုက်တယ်
ဆိုရင်တောင် ဒီလိုမျိုးအလောတကြီးလက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးလိုက်ရအောင် ကျွန်မနဲ့ရှင့်ကြားမှာ
ဘာတွေရှိခဲ့လို့လဲ..."
အသည်းအသန်စဉ်းစားလိုက်ပုံနှင့်မေးခွန်းထုတ်လာပြန်တဲ့
သူမကြောင့် ဂုဏ်ရယ်ချင်နေတဲ့နူတ်ခမ်းတို့ကို
လက်ခုံနှင့်မသိမသာကွယ်လိုက်ရင်း....
"အဲ့ဒါက တစ်ကယ်ပြောပြမှဖြစ်မှာလား..."
"အင်း..."
နူတ်ခမ်းမဖွင့်ဘဲအသံကျယ်ကျယ်ပြန်ဖြေလာပုံက
ဂုဏ့်ရဲ့စိတ်ကိုမညစ်ညစ်ချင်အောင် ဆွဲဆောင်နေ၏။
ဂုဏ် အနားတိုးလာခဲ့ဆိုတဲ့သဘောမျိုးနဲ့
လက်ချောင်းတွေကိုလူပ်ယမ်းလျက်အမူအယာပြလိုက်တော့
ဖြူဖျော့ဖျော့ မျက်နှာလေးကဂုဏ့်ဘက်ကိုဖျပ်ခနဲ
တိုးကပ်လာသည်။
ဂုဏ် သူမရဲ့ဂုတ်ပိုးလေးကိုလက်တစ်ဖက်နဲ့
ထိန်းကိုင်လိုက်ရင်း နား,နားကိုတိုးကပ်လိုက်ပြီးနောက်....။
"နယ်ကျွံခဲ့လို့....."
"ဟင်...."
"ဟုတ်တယ် အချိန်မဆွဲဘဲနှစ်ဦးသဘောတူ
ရုတ်တရပ်လက်ထပ်လိုက်ရတဲ့အကြောင်းပြချက်က
ငါတို့နှစ်ယောက်အချစ်နယ်ကျွံခဲ့ကြလို့ပဲ......"
"မဖြစ်နိုင်ဘူး ရှင်လိမ်နေတာ..."
ချက်ချင်းပင်အရောင်ရင့်သွားတဲ့မျက်နှာလေးနဲ့
အကြောက်အကန်ငြင်းရင်း ဂုဏ့်ဘေးကနေဖျတ်ခနဲ
တိုးရွေ့သွားတဲ့သူမ....။
"ရှင်.ရှင် ကျွန်မဘာမှမမှတ်မိဘူးဆိုပြီး
ကျွန်မကိုညာနေတာမဟုတ်လား..."
"အဟက်...ညာနေတယ်လို့ထင်တယ်ပေါ့လေ..
မင်းဘာမှမမှတ်မိတော့လို့ မင်းသိချင်တဲ့မေးခွန်းကို
ငါကဖြေပေးတာပဲ.ငါပြောတာမယုံဘူးဆိုလည်း
မင်းကိုယ်တိုင်မှတ်မိအောင်စဉ်းစားကြည့်လေ..."
ခပ်တည်တည်ပဲပြန်ချေပလိုက်တဲ့ဂုဏ့်ကြောင့်
သူမမျက်နှာကငိုမဲ့မဲ့လေးဖြစ်သွားရင်း....။
"ကျ.ကျမတစ်ကယ်ပဲအဲ့လောက်တောင်လွယ်တဲ့
မိန်းကလေးလား...."
"ဒါကိုအမှားတစ်ခုလိုမင်းတွေးစရာမလိုပါဘူး
အနည်းဆုံးတော့ ငါတို့နှစ်ယောက်ကတရားဝင်
လက်ထပ်ပြီးပြီပဲ....."
"ဒါပေမဲ့ ရှင့်မိသားစုက ကျွန်မကိုဒီလောက်ထိ
မကြည်မဖြူဖြစ်နေတာ ပြီးတော့ ကျွန်မရဲ့
လက်ရှိအခြေအနေနဲ့ ရှင်နဲ့ဘယ်လိုရှေ့ဆက်လို့ရမှာလဲ..."
ပြောလာတဲ့သူမအမူအယာနဲ့စကားလုံးတွေက
ဝေဝေဝါးဝါးစိုးရိမ်မူ့များနှင့်သာ
"မင်းက ဘယ်လိုရှေ့ဆက်ချင်လို့လဲ..."
"ရှင်..."
မျက်လုံးပြူးလေးနှင့်` ရှင် ´ ခနဲဖြစ်သွားတဲ့သူမကို
ကြည့်လျက် ဂုဏ် ခြေတစ်ဖက်ကိုချိတ်တင်လိုက်ရင်း....။
"အမှန်တိုင်းပြောရရင် ငါ, ငါ့မိသားစုကို
မျက်လုံးထဲရော၊ ခေါင်းထဲပါ ထည့်မထားဘူး
သူတို့သဘောတူတူ၊မတူတူ..လက်ခံသည်ဖြစ်စေ
လက်မခံဘူးပဲဖြစ်စေ ငါတို့ရဲ့လက်ထပ်မူ့က
ပြောင်းလဲသွားစရာအကြောင်းမရှိဘူး...ပြီးတော့
မင်းရဲ့အခုအခြေအနေ...အဲ့ဒါကဘာပြသာနာရှိလို့လဲ
မင်းကအခုနေမကောင်းဖြစ်နေတာ ပြင်းထန်တဲ့
ထိခိုက်မူ့ကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးနေတာ...
မင်းရဲ့အရာအားလုံးအတွက် တာဝန်အရှိဆုံး
အသက်ဆိုင်ဆုံးသူက မင်းရဲ့တရားဝင်ခင်ပွန်းဖြစ်တဲ့ငါပဲ...."
"..........."
"မင်းကငါ့ဘေးမှာ ငါ့ရဲ့စောင့်ရှောက်ကြင်နာမူ့တွေကို
ခံယူပြီး နေပြန်ကောင်းလာအောင် မှတ်ဉာဏ်တွေ
ပြန်ရပြီး ဒီတရားဝင်ခင်ပွန်းကိုမှတ်မိလာအောင်
ကြိုးစားရမှာ...ဘယ်လိုလဲ ငါပြောတာမှန်ကန်ပြီး
နည်းလမ်းကျတယ်မဟုတ်လား...."
တစ်ချိန်လုံးမျက်လုံးဝိုင်းလေးနဲ့ပြောသမျှကို
နားထောင်ပြီး ဂုဏ့်ရဲ့စကားအဆုံးသတ်ကို
ရောက်တော့ သူမကသက်ပြင်းလေးဖွဖွချလိုက်၏။
"ရှင် ပြောသမျှအားလုံးကတစ်ကယ်ပဲအလိမ်အညာတွေ
မပါခဲ့ဘူး မဟုတ်လား...."
ဂုဏ် နောက်ထပ်တွေဝေခြင်းမရှိဘဲခေါင်းကို
ငြိမ့်လိုက်တဲ့အခါ သူမငြိမ်သက်သွား၏။
အတန်ကြာသည်အထိ တစ်စုံတစ်ခုကိုတွေးတောနေသလို
ငေးငေးလေးရှိနေရာမှ နောက်တစ်ကြိမ် ဂုဏ့်ကို
ပြန်ကြည့်လာခဲ့ပြန်ရင်း....
"ကျွန်မက ဘယ်လိုမိန်းကလေးမျိုးလဲဟင်..."
မျှော်လင့်တကြီးမျက်ဝန်းလေးတွေက ဂုဏ့်ဆီကို
ဝေ့ဝဲလာလျက် ခပ်တိုးတိုးမေးခွန်းထုတ်လာသည်။
"မင်းက ညဏ်ကောင်းပြီးသွက်လက်ထက်မြတ်တဲ့
မိန်းကလေးပါ...ပြီးတော့...."
"ပြီးတော့ ဘာဖြစ်လဲ...."
စကားခဏရပ်သွားတာကိုသည်းခံနိုင်ပုံမရဘဲ
သူမကချက်ချင်းစကားထောက်သည်။
ဂုဏ် သူမကိုစူးစူးစိုက်စိုက်ကြည့်လိုက်ရင်း...
"ထူးခြားတယ်...."
"ရှင်...."
"ဟုတ်တယ်..မင်းကငါ့အတွက်တော့တစ်ကယ့်ကို
ထူးခြားတဲ့မိန်းကလေးတစ်ယောက်ပဲ..."
~~~~~~~~~~~~~~~~~~🍑🍑🍑
၄နာရီတိတိကိုညွှန်ပြနေတဲ့လက်ကနာရီကို
တစ်ချက်ပင့်ကြည့်ပြီး ဂုဏ်ထိုင်ရာကနေထရပ်လိုက်သည်။
ထို့နောက် ညင်သာတဲ့အသက်ရူသံလေးနှင့်
ဆေးရုံကုတင်ထက်မှာအိပ်ပျော်သွားပြီဖြစ်တဲ့သူမကို
စောင်သေချာဆွဲခြုံပေးလိုက်ရင်း အခန်းပြင်ကို
ထွက်ခဲ့တော့ စင်္ကြန်လျှောက်လမ်းဘေးကခုံမှာ
ထိုင်နေတဲ့ ဧချင်းက ချက်ချင်းထရပ်ကာ အနားကို
ရောက်လာသည်။
"တစ်ခုခုလို,လို့လား...သူဌေး..."
"စီးကရက်ရှိလား...."
"ဗျာ..ဟုတ်..."
"တစ်လိပ်ပေး..."
ကုတ်အင်္ကျီအိတ်ထဲက စီးကရက်ဘူးကိုကပျာကယာ
ထုတ်ပြီး ဧချင်းက ဂုဏ့်ကိုပေးသည်။
ဂုဏ် စီးကရက်တစ်လိပ်ကိုထုတ်ယူပြီး
နူတ်ခမ်းမှာချိတ်လိုက်တော့လည်း
အလိုက်တသိမီးညှိပေးလာ၏။
ဂုဏ် စီးကရက်ကိုတစ်ချက်ရိူက်လိုက်ပြီး
မီးခိုးငွေ့တွေကို ရိူက်ထုတ်လိုက်တဲ့အခါ
တစ်ခုခုပြောချင်နေပုံနှင့်ဂုဏ့်ကိုကြည့်လာတဲ့ဧချင်းက.....။
"ဒီနေ့ ဂျာနယ်တွေမှာသူဌေးရဲ့လက်ထပ်ပွဲသတင်း
ပါလာကထဲက အဲ့ဒီ့အကြောင်းကဆိုရှယ်မီဒီယာပေါ်မှာ
ရှာဖွေမူ့နံပါတ်၁ဖြစ်နေပါတယ်...နန်းတော်က
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာကိုမှမထုတ်ပြန်သေးပေမဲ့
အားလုံးကသူဌေးရဲ့သတို့သမီးကို စိတ်ဝင်စားနေကြပါတယ်..."
"သူ့ရဲ့အခြေအနေကလောလောဆယ် လူတွေရှေ့
ထုတ်ပြလို့မရသေးဘူး...ငါ့ရဲ့ဒုတိယအစီအစဉ်အတွက်
အချိန်နည်းနည်းနောက်ဆုတ်ရမယ်ထင်တယ်"
"မိန်းကလေးကြင်သူသက်ထား ဘာမှမမှတ်မိတော့တဲ့
အခြေအနေက သူဌေးအတွက်တစ်ကယ်ပဲ
ပိုပြီးလွယ်ကူတာပဲ...အနည်းဆုံးတော့သူဌေးက
တစ်ဖက်ထဲကိုပဲဖြေရှင်းဖို့အာရုံစိုက်ထားလို့ရတယ်လေ..."
"သူ့ကိုဆေးရုံမှာကြာကြာထားလို့မဖြစ်ဘူး
ငါကသူ့ဘေးမှာအချိန်ပြည့်ရှိမနေပေးနိုင်သလို
ဒီအချိန်သူ့ကိုပြသာနာရှာချင်နေတဲ့လူတွေကလည်း
တစ်ကယ့်ကိုများတယ်မဟုတ်လား..."
"အလှဋီကာတို့အသိုင်းအဝိုင်းဘက်ကလည်း
သူဌေးရဲ့လက်ထပ်ပွဲသတင်းကိုလုံးဝကျေနပ်မှာ
မဟုတ်ဘူး....ပြီးတော့နတ်စစ်သည်နန်းတော်ရဲ့
မိသားစုဝင်အရူးအမူးကိုဖြစ်ချင်နေတဲ့အလှဋီကာနဲ့
သူ့မိဘတွေကဒီအတိုင်းလက်လျော့မယ်လို့မထင်ဘူး..."
"သေချာတာပေါ့..."
"ဘာပဲပြောပြော...သူဌေး လန်ဒန်မှာမိန်းကလေး
ကြင်သူသက်ထားနဲ့ဆုံခဲ့တာ အကျိုးအမြတ်ရှိတယ်လို့
ကျွန်တော်တော့ထင်တယ်...သူ့နဲ့ပတ်သတ်တဲ့သူကြောင့်
သူဌေးထိခိုက်နစ်နာရခဲ့ပေမဲ့ သူကတော့
သူဌေးအတွက် ဒီလိုကိစ္စကြီးတွေကိုဖြေရှင်းဖို့အထောက်အကူ
ဖြစ်သေးတာပဲ..."
ဧချင်းရဲ့စကားကြောင့် နူတ်ခမ်းနားထိရောက်နေပြီးတဲ့
စီးကရက်ကိုညှပ်ထားတဲ့ဂုဏ့်ရဲ့လက်ကို
အောက်ကိုပြန်ကျသွားခဲ့ရသည်။
ထို့နောက်တစ်ခုခုဆီအတွေးရောက်သွားသလို
ဂုဏ့်မျက်ဝန်းတွေကတစ်ချက်ငေးရီသွားခဲ့ပြီးမှ
ဧချင်းကိုပြန်ကြည့်လိုက်ကာ....
"ငါ သန်ဘက်ခါ သူ့ကိုဆေးရုံကနေအိမ်ပြန်ခေါ်သွားမယ်..."
"သူဌေးရဲ့သီးသန့်နေရာကိုလား...."
"အင်း...စိတ်ချရတဲ့ speical nurseနှစ်ယောက်နဲ့
တာဝန်ခံဆရာဝန်တစ်ယောက်ကိုလည်းစီစဉ်လိုက်
သူ့ကိုငါ့ရဲ့သီးသန့်နေရာမှာပဲဆေးဆက်ကုမယ်..."
ဂုဏ် လက်ထဲကစီးကရက်ကိုဆက်မဖွာတော့ဘဲ
ကြမ်းပြင်ပေါ်ပစ်ချပြီး ဖိနပ်ဦးနဲ့နင်းချေလိုက်ရင်း....။
"မင်းပြောသလို သူကငါ့အတွက်တစ်ကယ့်ကို
အသုံးဝင်တဲ့ targetတစ်ခုမို့ ငါသူ့ကို
ကောင်းကောင်းကာကွယ်ပေးသင့်တယ်မဟုတ်လား...."
"ကျွန်တော်နားလည်ပါပြီ သူဌေး...."
ခေါင်းငြိမ့်နာခံလာတဲ့ဧချင်းရဲ့စကားသံအဆုံး
ဂုဏ့်ရဲ့မျက်ဝန်းတွေကအသိရခက်စွာ စူးလက်သွားခဲ့
လေတော့သည်။
~~~~~~~~~~~~~~~~🍑🍑🍑
"လူ ရောက်လာပါပြီမယ်မယ်ကြီး..."
"အထဲကိုဝင်လာခိုင်းလိုက်..."
အမိန့်သံအဆုံး သူမရဲ့လူယုံရဲတိုက်စီမံအုပ်ချုပ်ရေးမှူးနဲ့အတူ
အထဲကိုခပ်ရို့ရို့လှမ်းဝင်လာတဲ့အနောက်တိုင်း
ဝတ်စုံပြည့်နဲ့ပုံရိပ်က သူမကိုတရိုတသေ
ခေါင်းညွတ်နူတ်ဆက်သည်။
"နူတ်ခွန်းဆက်ပါတယ် မယ်မယ်ကြီး..."
"မင်းရောက်လာပြီလား ယုဂန်
ဒီအတောအတွင်းမင်းဘာတွေလုပ်နေလို့
ဂုဏ့်ရဲ့လူပ်ရှားမူ့တွေကိုခြေရာမခံနိုင်ဘဲဒီလိုကိစ္စတွေအထိ
ဖြစ်လာရတာလဲ...မင်းကို ငါ ဂုဏ်နဲ့အနီးဆုံးကို
ပို့ထားခဲ့တာ ဒီလိုအသုံးမဝင်တဲ့ရလာဒ်တွေ
အတွက်လား...."
ဒေါသမကင်းတဲ့အေးစက်စက်စကားသံနှင့်
ခတ်ထန်လွန်းနေတဲ့မျက်နှာကြောင့် ယုဂန်
အလျှင်အမြန်ပဲဒူးထောက်လိုက်မိသည်။
"တောင်းပန်ပါတယ်မယ်မယ်ကြီး...ဒီတစ်ခေါက်
သူဌေးရဲ့အင်္ဂလန်ခရီးစဉ်မှာ သူဌေးကိုယ်တိုင်
ကျွန်တော့်ကိုနောက်ချန်ထားခဲ့တာပါ.....သူဌေးရဲ့
ခရီးစဉ်ကို ဦးဆောင်စီစဉ်တဲ့လူကဧချင်းပါ ကျွန်တော်
မဟုတ်ပါဘူး...."
"ဂုဏ် အင်္ဂလန်ကိုမသွားခင် အလှဋီကာနဲ့သူ့ရဲ့
မင်္ဂလာကိစ္စနဲ့ပတ်သတ်ပြီး ငါနဲ့အကြီးအကျယ်
စကားများခဲ့သေးတယ်...ဂုဏ်က အလှဋီကာကိုလုံးဝ
လက်မထပ်နိုင်ဘူး...ဒီလက်ထပ်ပွဲကိုသူလုံးဝ
လက်မခံဘူးလို့ ငါ့ကိုခါးခါးသီးသီးပြတ်ပြတ်သားသား
ငြင်းခဲ့တာ..နောက်တော့သူအလုပ်ကိစ္စနဲ့အင်္ဂလန်ကို
ထွက်သွားတာ၁လလောက်ပဲရှိသေးတယ်...မိန်းကလေး
တစ်ယောက်ကိုခေါ်ပြီးမြန်မာပြည်ကိုပြန်ရောက်လာတယ်..
ပြီးတော့အဲ့ဒီ့မိန်းကလေးကသူနဲ့လက်ထပ်ထားတာပါလို့
အားလုံးကိုကြေငြာခဲ့တယ်...ဒါကတစ်ကယ်ပဲ
သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား...ဒါတွေက
ဂုဏ့်ရဲ့အကြံအစည်တွေချည်းပဲ....ဒါတွေက
ဒီမိသားစုကိုစွန့်ပစ်ဖို့ ဂုဏ်ရွေ့ခဲ့တဲ့အကွက်တွေဆိုတာ
ငါအလိုလိုသိနေတယ်...."
"မယ်မယ်ကြီးဆိုလိုတာ...သူဌေးကအားလုံးကို
လှည့်စားနေတယ်လို့လား..."
ယုဂန် ဒူးထောက်ထားရာကခေါင်းမော့ပြီး
အံ့ဩတကြီးမေးသည်။
ဒေါ်ခင်ထိပ်ထား ယုဂန်ကိုခပ်စူးစူးပြန်ကြည့်လိုက်ရင်း...
"ငါ့ရဲ့သားအကြောင်းကိုငါကောင်းကောင်းမသိဘဲ
နေပါ့မလား...အခုမင်းငါ့ကိုပြောဂုဏ် အင်္ဂလန်ကို
ဘာလို့သွားခဲ့တာလဲအလုပ်ကိစ္စဆိုတာထက် တိကျ
ရှင်းလင်းတဲ့အဖြေကိုလိုချင်တယ်..."
ဒေါ်ခင်ထိပ်ထားရဲ့မေးခွန်းအဆုံး ယုဂန်
တစ်ချက်မျှငြိမ်သက်သွားပြီးမှ....
"သူဌေးအင်္ဂလန်ကိုသွားခဲ့တာ အရေးကြီးတဲ့
ကိစ္စတစ်ခုကြောင့်ပါ...အင်္ဂလန်မှာသူဌေးအတွက်
အလုပ်လုပ်ပေးနေတဲ့ မြန်မာလူမျိုးရှေးဟောင်းသုတေသီ
တစ်ယောက်ရှိပါတယ်...အဲ့ဒီ့လူရဲ့နာမည်က
ဦးမောင်မောင်လတ်တဲ့...သူကသူဌေးနဲ့တွဲပြီးအလုပ်လုပ်နေတာ
၅နှစ်နီးပါးရှိပါပြီ သူဌေးကိုယ်တိုင်ကလည်းသူ့ကို
အရမ်းယုံကြည်ခဲ့တာပါ...."
".........."
"လွန်ခဲ့တဲ့၃လလောက်က အရှေ့အလယ်ပိုင်းဒေသတစ်ခုမှာ
သက်တမ်းထောင်နဲ့ချီတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို
တွေ့ထားတဲ့အကြောင်း ဦးမောင်မောင်လတ်က
သူဌေးဆီဆက်သွယ်လာပါတယ်....အဲ့ဒ်ီပစ္စည်းနဲ့
ပတ်သတ်တဲ့အချက်အလက်ပြည့်ပြည့်စုံစုံကို
သူဌေးဆီဦးမောင်မောင်လတ်ကပို့လာတော့ သူဌေးက
ပြတိုက်အတွက်စိတ်ဝင်စားသွားတယ်...အဲ့ဒါကြောင့်
အရင်အခါတွေကလိုပဲ...သူဌေးကဦးမောင်မောင်လတ်ဆီ
ဒေါ်လာ6 billionလွှဲပေးပြီး...လေလံပွဲကနေ
ပစ္စည်းကိုရအောင်ဝယ်ယူခိုင်းခဲ့ပါတယ်...ဒါပေမဲ့
မထင်မှတ်ဘဲ...ဦးမောင်မောင်လတ်က သူဌေးလွှဲပေးတဲ့
ငွေတွေကိုထုတ်ယူပြီး ခြေရာဖျောက်သွားခဲ့ပါတယ်...."
"ဘာပြောတယ် ဒါဆို ဦးမောင်မောင်လတ်ဆိုတဲ့လူက
ဂုဏ့်ကိုလိမ်သွားတာလား...."
"ဟုတ်ပါတယ် မယ်မယ်ကြီးသူဌေးက ငွေအလိမ်ခံလိုက်
ရတာထက် သူ့ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်တယ်ဆိုပြီး
ဒေါသတကြီးဖြစ်ခဲ့တာ...အဲ့ဒါကြောင့် ချက်ချင်းပဲ
အင်္ဂလန်ကိုလိုက်သွားခဲ့တာပါ..."
"နေပါဦး...အဲ့ဒီ့လူကဂုဏ်ရဲ့ငွေတွေကိုယူပြီး
အင်္ဂလန်ကနေထွက်ပြေးသွားခဲ့တာမဟုတ်လား
ဂုဏ်က ဘာလို့ အဲ့ဒီ့လူကိုရှာဖို့အင်္ဂလန်ကိုသွားရတာလဲ..."
"ဦးမောင်မောင်လတ် အင်္ဂလန်ကနေထွက်သွားပေမဲ့
သူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ကတော့
အင်္ဂလန်မှာရှိနေသေးတဲ့အတွက်ကြောင့်ပါ...သူဌေးက
အဲ့ဒီ့ကနေ ဦးမောင်မောင်လတ်ရဲ့သတင်းကို
စုံစမ်းနိုင်မယ်လို့တွေးခဲ့တဲ့ပုံပါပဲ..."
ယုဂန်စကားကြောင့် ဒေါ်ခင်ထိပ်ထား
မျက်မှောင်ကြုတ်သွားရသည်။
"ထူးဆန်းတယ် ဒေါ်လာ6 billionဆိုတဲ့
ငွေပမာဏကိုလိမ်ပြီးထွက်ပြေးသွားတဲ့လူကသူ့ရဲ့
တစ်ဦးတည်းသောမိသားစုဝင်ကိုတော့ထားခဲ့တယ်တဲ့လား..."
"ဟုတ်ပါတယ်မယ်မယ်ကြီး ထွက်ပြေးသွားတဲ့
ဦးမောင်မောင်လတ်ကသူနဲ့အတူ သူ့ရဲ့သမီးကိုတော့
ခေါ်မသွားခဲ့ပါဘူး..."
"သမီးဟုတ်လား...ဒါဆို အဲ့ဒီလူရဲ့ကျန်ခဲ့တဲ့မိသားစုဝင်က
မိန်းကလေးတစ်ယောက်ပေါ့...."
ယုဂန်ထပ်ပြီးခေါင်းငြိမ့်လိုက်သည်။
"အမှန်ပါပဲ...အင်္ဂလန်မှာကျန်နေခဲ့တာ
ဦးမောင်မောင်လတ်ရဲ့သမီးပါ...သူက
အင်္ဂလန်ကတက္ကသိုလ်တစ်ခုမှာ ပန်းချီပညာကို
အထူးပြုတဲ့ဘာသာရပ်နဲ့ဘွဲ့ယူဖို့ကျောင်းတက်နေတာ...
အဲ့ဒီ့မိန်းကလေးရဲ့နာမည်က...."
စကားကိုချက်ချင်းမဆက်နိုင်ဘဲ ယုဂန်
စဉ်းစားသလိုဖြစ်သွားပြီးမှ ဒေါ်ခင်ထိပ်ထားကို
ခပ်ရို့ရို့ပြန်ကြည့်လာခဲ့ပြီး...
"ကြင်သူသက်ထား...."
"ဟင်!!...."
"ဟုတ်တယ်...အဲ့ဒီ့မိန်းကလေးရဲ့နာမည်က
ကြင်သူသက်ထားပါမယ်မယ်ကြီး...."
"ဒ.ဒါဆို...ဂုဏ္က..."
ဒေါ်ခင်ထိပ်ထား စကားကိုဆုံးအောင်မဆက်နိုင်တော့..
ချက်ချင်းပဲဆက်စပ်မိတဲ့အတွေးများစွာက သူမခေါင်းထဲ
အလုအယက်တိုးဝင်လာခဲ့သည်။
ဂုဏ်နဲ့အဲ့ဒီ့်မိန်းကလေးရဲ့ကြားမှာတစ်ကယ်ပဲ
ဘယ်လိုကိစ္စတွေရှိခဲ့တာလဲ.....???
~~~~~~~~~~~~~~~~🍑🍑🍑
"ဟို.ဒီမှာ...ဟို...."
ဆေးရုံကုတင်ထက်ကနေ ဆိုဖာပေါ်မှာ
Laptopတစ်လုံးနဲ့ရှိနေတဲ့ ဂုဏ့်ကိုလှမ်းကြည့်ပြီး
တဟိုဟိုလုပ်နေတဲ့ သူမကို ဂုဏ် မေးဆတ်ပြလိုက်သည်။
"ဘယ်သူ့ကိုခေါ်နေတာလဲ...."
"ရှင့်ကိုခေါ်နေတာလေ....ဒီထဲမှာရှင်နဲ့ကျွန်မနဲ့
နှစ်ယောက်ထဲရှိတဲ့ဟာ..."
ုlaptopကို ဆိုဖာပေါ်ချခဲ့ပြီး ဂုဏ် သူမနားကို
လျောက်သွားလိုက်သည်။
"ငါ့ကိုခေါ်လည်း နာမည်ခေါ်မှပေါ့ တဟိုဟိုနဲ့က
ဘာလဲ..."
"ဟို..ရှင့်နာမည်ကိုဘယ်လိုခေါ်ရမလဲမသိလို့...."
ထပ်ပြီးဟိုပြန်ရင်း မျက်လုံးဝိုင်းလေးနှင့်
အူလည်လည်ပြောလာပုံကြောင့် ဂုဏ်ရယ်ချင်မိသွားရပြန်သည်။
"ပြော..ဘာလိုချင်လို့လဲ...."
"ရေ..ရေဆာလို့...."
"ရေလား..ခဏလေး..."
ဂုဏ် စားပွဲပေါ်မှာရှိနေတဲ့ကရားထဲကရေကို
ဖန်ခွက်ထဲအနည်းငယ်ထည့်ပြီး သူမလက်ထဲထည့်ပေး
လိုက်ကာ ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်သည်။
သူမကရေသောက်ပြီး ဖန်ခွက်ကိုဂုဏ့်ဆီပြန်ပေးသည်။
"ရပြီလား...ဘာလိုသေးလဲ...."
"ဟင့်အင်း မလိုတော့ပါဘူး...ဒါနဲ့လေ
ဒီဟာကုန်သွားရင်ဆေးသွင်းတာက ရပ်လို့ရပြီလားဟင်..."
သုံးပုံတစ်ပုံလောက်ပဲကျန်တော့တဲ့ချိတ်ထားတဲ့
dripပုလင်းကိုခေါင်းလေးစောင်းကြည့်ပြီးသူမက
ဂုဏ့်ကိုကြည့်ကာပြန်မေးသည်။
"ဘာဖြစ်လို့လဲ...."
"လက်ကနာနေလို့...."
သူမစကားကြောင့် ဂုဏ်ဆေးသွင်းထားတဲ့
လက်ဖမိုးကိုကြည့်လိုက်တော့ အနည်းငယ်ရဲနေသည်။
ဂုဏ် ထိုလက်လေးကိုခပ်ဖွဖွမယူကြည့်လိုက်သည်။
"ယောင်တော့မယောင်နေပါဘူး...ရေခဲကပ်ပေးရမလား..."
အရေးတယူနဲ့မေးလာတဲ့သူ့ရဲ့လေသံကတော်တော်လေးကို
နူးညံ့နေတာကြောင့် ကြင်သူ ရင်ထဲတစ်ချက်
သိမ့်ခနဲဖြစ်သွားရရင်း ခေါင်းလေးယမ်းလိုက်မိကာ....
"ဟင့်အင်း ရပါတယ် အဲ့လောက်တော့မလိုပါဘူး..."
"ပြန်ပြီးလှဲနေလိုက်..ငါဒီညတစ်ညလုံးမင်းနားမှာရှိနေပေးမှာမို့
တစ်ခုခုလိုအပ်ရင် အားမနာနဲ့...."
"ဟင် ရှင်တစ်ညလုံးမအိပ်ဘဲနဲ့ အဲ့ဆိုဖာပေါ်မှာ
ထိုင်နေမလို့လား..."
သူမရဲ့အမေးကြောင့် ဂုဏ် ဆိုဖာကိုတစ်ချက်
လှမ်းကြည့်လိုက်ရင်း....
"အဲ့ဆိုဖာပေါ်မှာတစ်ညလုံးထိုင်နေတာအပြင်
ဘာထပ်ပြီးရွေးချယ်လို့ရသေးလို့လဲ....လူမမာ
ဇနီးလေးကိုစောင့်ရှောက်ဖို့ ဒီကခင်ပွန်းမှာ
အပြည့်အဝတာဝန်ရှိတယ်မဟုတ်လား....တစ်ကယ်လို့
မင်းက ငါတညလုံးဆိုဖာပေါ်မှာတညလုံးထိုင်နေလျက်နဲ့
မိုးလင်းသွားရမှာကိုမကြည့်ရက်ဘူးဆိုရင်တော့
နည်းလမ်းတစ်ခုတော့ရှိတယ်...."
"ဘာနည်းလမ်းလဲ အမေ့!!"
အလန့်တကြားအော်သံကနောက်ကျသွားကာ
မွေ့ရာပေါ်ကျောကပ်ပြန်လဲကျသွားတဲ့ကြင်သူ့ကိုယ်လေးက
သူ့ရင်ခွင်ထဲဖိဖိကပ်ကပ်ရောက်ရှိသွားခဲ့ရ၏။
"အတူအိပ်ရမဲ့နည်းလမ်းလေ....ဒီကုတင်ပေါ်မှာပေါ့"
~~~~~~~~~~~~~~~~🍑🍑🍑
ဆက်ရန်^^^^
Writer by
#Hazel