book

Index 3

အပိုင်း{ ၃ }

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕

       [ကြမ္မာစေရာရွှေဖူးစာ]


------------------


"ဘယ်ကလာမှန်းမသိတဲ့နင့်လိုမိန်းကလေးက

မတန်မရာငါ့သားကိုမြူဆွယ်ဖြားယောင်းရဲတာလား....

ဂုဏ်က ဘယ်လိုအသိုင်းအဝိုင်းကလူဆိုတာရော

နင်သိရဲ့လား....."


"ကျ.ကျွန်မ...."


သူမနားမလည်နိုင်တဲ့စကားတို့ကိုပြောနေသည့်

ထိုအမျိုးသမီးရဲ့စိမ်းသက်လွန်းနေတဲ့

ကျောချမ်းစရာအကြည့်တို့ကို တစ်ခုခုအဖြေပေးဖို့

ပြင်လိုက်ပေမဲ့နောက်ကျသွားခဲ့ရသည်ထင်၏။


သူမမျက်လုံးထဲမှာရိပ်ခနဲထိုအမျိုးသမီးရဲ့

လက်ဖဝါးတစ်ဖက်ကမြှာက်တက်သွားခဲ့ရင်း..... 


"ဖြန်း!!"


အသားချင်းထိခတ်သံခပ်ကျယ်ကျယ်နဲ့အတူ 

သူမမျက်လုံးထဲပြာဝေသွားကာ အားအင်မပြည့်သေးတဲ့

ခန္ဓာကိုယ်လေးကနေရာမှာတင်ပုံလျက်သားလေး

ကျသွားခဲ့ရလေသည်။


"မယ်မယ်ကြီး......"


"ဒီမိန်းကလေးကိုခေါ်လာခဲ့...ဂုဏ်ငါ့ဆီဘယ်လိုပုံစံနဲ့

ရောက်လာမလဲဆိုတာ ငါစောင့်ကြည့်လိုက်မယ်...."


အမိန့်ပေးသလိုအသံကိုထပ်ပြီးကြားလိုက်ရသော်လည်း

ပြာဝေနေဆဲမျက်ဝန်းအစုံနှင့်သူမသတိမကပ်နိုင်သေးခင်

တစ်စုံတစ်ယောက်ကသူမအားကြမ်းပြင်ပေါ်ကနေ

ပွေ့ယူလိုက်ခြင်းကိုခံလိုက်ရပြီးနောက်.....။


~~~~~~~~~~~~~~~~🍑🍑🍑


"သူဌေး ပြသာနာဖြစ်ပါပြီ..."


အလောတကြီးခြေလှမ်းတွေနှင့်ရုံးခန်းထဲကို

လှမ်းဝင်လာတဲ့ ဧချင်းက ဂုဏ်ရှိနေတဲ့

အလုပ်စားပွဲရှည်ကြီးနားကိုရောက်လာသည်။


"ဘာဖြစ်လာတာလဲ...ဧချင်း..."


"မယ်မယ်ကြီး ဆေးရုံကိုလာသွားပါတယ်တဲ့..."


"ဘာ!!....ကြင်သူရော ကြင်သူဘာဖြစ်သွားသေးလဲ..."


ချက်ချင်းပင်အလောတကြီးမေးခွန်းထုတ်လိုက်ရတာက

ဆေးရုံထိ ရောက်လာတယ်ဆိုတဲ့ ကိုယ့်မွေးမိခင်ရဲ့

အကြောင်းကိုကောင်းကောင်းသိနေ၍ဖြစ်၏။


ဧချင်းကလည်းဂုဏ့်ရဲ့အမေးကြောင့် မျက်နှာပျက်

ခေါင်းငုံ့သွားသည်။


"မယ်မယ်ကြီးက မိန်းကလေးကိုရိုက်ပြီး

ဆေးရုံကနေရဲတိုက်ကိုခေါ်သွားပါတယ်...သူဌေး..."


"ဘာပြောတယ်!!"


ကြားလိုက်ရတဲ့စကားကြောင့် ဂုဏ် ထိုင်ရာကနေ

ဝုန်းခနဲထရပ်မိသွားရတာက ဒေါသတကြီး....


"မယ်မယ်ကြီးရဲ့လူတွေပါလာလို့ လုံခြုံရေးတွေလည်း

ဘာမှမတတ်နိုင်လိုက်ပါဘူး...."


"တောက်!! "


"ပြောရတာမကောင်းပေမဲ့ သူဌေးရဲတိုက်ကို

အခုချက်ချင်းလိုက်သွားမှဖြစ်မယ်ထင်တယ်...

မယ်မယ်ကြီးရဲ့ စိတ်နဲ့ဆိုမိန်းကလေးကိုတစ်ခုခု

မလုပ်ဘူးလို့မပြောနိုင်ပါဘူး...."


ဧချင်းရဲ့စကားကြောင့် ဂုဏ့်ရဲ့မျက်နှာက

သိသိသာသာပဲပျက်ယွင်းသွားခဲ့သည်။


"၂နာရီနောက်ပိုင်းမှာစီစဉ်ထားတဲ့ archaeologist

(ရှေးဟောင်းသုတေသနပညာရှင်)အစည်းအဝေးကို

ဖျက်လိုက်တော့ ပြီးတော့နောက်နာရီဝက်မှာ

လုပ်မဲ့အင်တာဗျူးတစ်ခုကိုရော...ကျစ်..အားလုံး

အားလုံးကိုဖ်က်လိုက်တော့ကြာ..."


"သူဌေး...."


စကားသံကအနောက်မှာကျန်ခဲ့ပြီဖြစ်ကာ

ချိတ်စင်ပေါ်ကကုတ်အင်္ကျီကိုလှမ်းယူပြီး

ခြေလှမ်းကြဲတွေနဲ့ ဂုဏ်လှမ်းထွက်လာခဲ့လျှင်

စိုးရိမ်သလိုခေါ်လိုက်တဲ့းဧချင်းရဲ့အသံကသာ

အနောက်မှာကျန်နေရစ်ခဲ့တော့သည်။


~~~~~~~~~~~~~~~~~🍑🍑🍑


`တီ!!´


သံရှည်ဆွဲကာတီးလိုက်သောဟွန်းသံက ထုထည်ကြီးမားတဲ့

ဒေါသတို့အားလှစ်ဟပြလိုက်သလို.....


`ဝေါ´


ရဲတိုက်ရဲ့အဝင်လုံခြုံရေးဂိတ်ကအလူမီနီယံ

တံခါးချပ်ကြီးနှစ်ချပ်ကတစ်ဖက်ဆီလျှောခနဲ

ပွင့်သွားခဲ့ရင် ဂုဏ့်ရဲ့ကားက လေးညိုမှပစ်လွှတ်လိုက်သော

မြှားသဖွယ်ပြေးဝင်သွားခဲ့၏။


"ကျြီ..အီ!!"


မြင့်မားလှတဲ့ဆင်ဝင်ကြီးရဲ့အောက်မှာ

ဘရိတ်ကိုခပ်ကြမ်းကြမ်းနင်းကားကိုရပ်လိုက်ပြီး

ဆင်းလာတဲ့ဂုဏ့်ရဲ့ပုံစံက ကြိုဆိုဖို့ကားနားကို

ကပျာကယာရောက်လာတဲ့ရဲတိုက်ရဲ့ဝန်ထမ်းတွေကို

နောက်တွန့်သွားစေခဲ့၏။


နက်ပြောင်နေတဲ့ရူးဖိနပ်ကိုစီးထားတဲ့ခြေအစုံက

ချုပ်ထိန်းမထားတဲ့ဒေါသတို့ရဲ့ပြယုဂ်အဖြစ်

ဧည့်ခန်းမထဲကိုမညင်မသာလှမ်းဝင်လာရင်း....

ဦးတည်ရာအရောက်မှာတိတိကျကျခြေစုံရပ်သွားခဲ့လျှင်။


ပန်းခက်ပန်းနွယ်တို့ဖြင့်ပုံဖော်ထားတဲ့ကျွန်းကုလားထိုင်ကြီးမှာ

ခြေချိတ်ထိုင်နေတဲ့ ပုံရိပ်က ဂုဏ့်ကိုလှမ်းကြည့်လာခဲ့၏။


"မင်းရောက်လာပြီလား ဂုဏ်..."


"ကျွန်တော့မိန်းမ ဘယ်မှာလဲ...."


မျက်နှာချင်းဆိုင်မှာခြေစုံရပ်လျက် သူမမျက်နှာကို

မျက်ဝန်းစိမ်းတွေဖြင့် စူးစူးစိုက်စိုက်ကြည့်ပြီး

မေးခွန်းထုတ်လာတဲ့သားဖြစ်သူ။


"အင်္ဂလန်ကနေပြန်လာပြီးကထဲက...အရိပ်တောင်

မမြင်ရတဲ့မင်းက အဲ့ဒီ့မိန်းကလေးကိုငါခေါ်လာတာ

၁နာရီမရှိသေးဘူး...ချက်ချင်းအရှေ့ကိုရောက်လာပြီလား

ဂုဏ်....မင်း အဲ့ဒီ့်မိန်းမကိုအဲ့လောက်စိုးရိမ်နေတာလား..."


"လူမမာ,မှန်းသိသိကြီးနဲ့ မညှာမတာရိုက်နှက်ဖို့

လက်မတွန့်တဲ့အမေ့ရဲ့လက်ထဲမှာမို့ ကျွန်တော်

ပိုပြီးစိတ်ပူသင့်တယ်မဟုတ်လား..."


"အဲ့ဒါကြောင့် ဒီလိုစိုးရိမ်တကြီးချက်ချင်းရောက်ချ

လာတယ်ပေါ့.....သတင်းကအတိအကျရောက်သားပဲ...

ဘယ်သူ့စကားကိုမှဂရုမစိုက်ဘဲပြောရခက်တဲ့မင်းကို

တကူးတကဆက်သွယ်နေမဲ့အစား ဒီမိန်းကလေးကို

ခေါ်လာတာအလုပ်ဖြစ်သားပဲ...."


"အမေ!! "


အေးစက်စက်ဂုဏ့်ရဲ့အသံက ဧည့်ခန်းဆောင်ကြီးထဲ

ဟိန်းထွက်သွား၏။


"ဒီလောက်နဲ့ပဲ ကျွန်တော်ဘဝကိုမနှောင့်ယှက်လို့

မရဘူးလား ကျွန်တော် ဒီနေရာနဲ့တစ်ကယ်

မပတ်သတ်ချင်တော့ဘူး...."


"မရဘူး!!"


အသံနဲ့အတူ ထိုင်ရာကနေဝုန်းခနဲထရပ်လိုက်တဲ့

ဒေါ်ခင်ထိပ်ထား....။


"မင်းကဒီမိသားစုရဲ့ဆက်ခံသူပဲဂုဏ်...မိသားစုရဲ့

ဂုဏ်ကိုမြှင့်တင်ဖို့ အဆင့်အတန်းတူတဲ့မိန်းကလေးနဲ့ပဲ

လက်ထပ်ပြီး...ဒီမိသားစုရဲ့အစဉ်အလာကို

ထိန်းသိမ်းရမယ်....မင်းရဲ့ဇနီးက ကြင်သူသက်ထားဆိုတဲ့

မိန်းမလို ဘယ်ကလာမှန်းမသိတဲ့အညတရ

မိန်းကလေးတစ်ယောက်ဖြစ်ခွင့်မရှိဘူး...."


ဂုဏ် မိခင်ဖြစ်သူကိုစေ့စေ့ကြည့်နေရင်းမှ

စိတ်ပျက်စွာဖြင့်မျက်ဝန်းတွေကိုတစ်ချက်ဖိပိတ်လိုက်ရင်း....


"ဘာလို့လဲ...အဲ့ဒီ့ဆက်ခံသူဆိုတဲ့နေရာကို

မက်မက်မောမောရှိနေတဲ့အမေ့ရဲ့သားသမီး၃ယောက်ကို

ဘေးဖယ်ပြီး...ကျွန်တော့်ကိုမှဘာလို့ဒီဒုက္ခတွေပေးချင်

နေရတာလဲ...."


"မင်းကလွဲပြီးဒီနေရာနဲ့ထိုက်တန်တဲ့သူမရှိဘူး

ဆိုတာကိုရော မင်းထည့်မပြောတော့ဘူးလား....မင်း

အစ်မနှစ်ယောက်ကမိန်းကလေးတွေမို့ ဒီမိသားစုရဲ့

ဦးဆောင်သူမဖြစ်သင့်ဘူး...သားအကြီးဆုံး

ဖြစ်ပေမဲ့..အငယ်ဖြစ်တဲ့မင်းလောက်...

စဉ်းစားဉာဏ်နဲ့ဦးဆောင်နိုင်စွမ်းမရှိတဲ့မင်းရဲ့အစ်ကိုကရော

သူသာ မိသားစုရဲ့ဆက်ခံသူဖြစ်လာခဲ့ရင် မိသားစုကို

အရှက်ရတွေကိစ္စတွေအပြင်ဘာမှလုပ်တတ်မှာမဟုတ်ဘူး..."


စကားကိုခဏဖြတ်လိုက်ပြီးသက်ပြင်းငွေ့ငွေ့တစ်ချက်နဲ့

ဂုဏ့်ကိုပြန်ကြည့်လာတဲ့အကြည့်တွေက

အနည်းငယ်ပျော့ပျောင်းသွားလျက်...


"မင်းကငယ်ငယ်လေးထဲကလွတ်လပ်မူ့ကိုမြတ်နိုးပြီး

စွန်းစားရတဲ့ဘဝကိုကြိုက်နှစ်သက်တယ်ဆိုတာ

မယ်မယ်သိတယ်ဂုဏ်...ဒါပေမဲ့ ဒီမိသားစုထဲမှာ

မွေးဖွားလာမှတော့ မင်းရဲ့ဘဝကိုမင်းစိတ်ကြိုက်

ဆေးခြယ်လို့မရဘူး...မင်းရဲ့အနာဂါတ်ကို

ဒီမိသားစုအတွက်မြှပ်နှံထားရမှာပဲ....အင်္ဂလန်မှာ

မင်းဘယ်လိုကိစ္စတွေကြုံခဲ့လို့ ကြင်သူသက်ထားဆိုတဲ့

မိန်းကလေးကို ဒီကိုခေါ်လာခဲ့မှန်းမသိပေမဲ့...

အဲ့ဒီပြသာနာကိုဖြေရှင်းဖို့မယ်မယ့်လက်ထဲအပ်လိုက်ပါ

အဲ့ဒီ့မိန်းကလေးမင်းဘဝထဲကိုထပ်ပြီးမနှောင့်ယှက်စေရဘူး..

သူ့ကိုတစ်သက်လုံးချမ်းချမ်းသာသာဘဝမျိုးနဲ့နေလို့ရအောင်

မယ်မယ်ငွေပုံပေးလိုက်မယ်...."


အပျော့ဆွဲနေမှန်းသိသာနေတဲ့စကားတွေကို

နားထောင်နေရင်း ဂုဏ်နူတ်ခမ်းဖျားတွေတွန့်ကျသွားခဲ့ရသည်။


"ဒီမနက်ဂျာနယ်တွေထဲမှာပါလာတဲ့ သတင်းတွေကိုလည်း

သားဂရုစိုက်စရာမလိုဘူးဂုဏ် မယ်မယ်အားလုံးဖြေရှင်း

ပေးမယ်..."


"အဟက်...အဲ့ဒီ့စကားကတစ်ကယ်မသိလို့ပြောနေတာလား

အမေ...အဲ့ဒီ့သတင်းကိုဂျာနယ်တွေထဲထည့်ခိုင်းတဲ့လူက

ကျွန်တော်ကိုယ်တိုင်ပဲဆိုတာကိုလေ...."


"ဂုဏ္​...."


"ဒီနေရာရဲ့ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ

မျက်လုံးထဲထည့်မထားတဲ့ကျွန်တော်က....အမေ

ပြောသမျှကိုနာခံပြီးရဲတိုက်ကိုပြန်လာမယ်လို့

ဘာလို့ထင်နေရတာလဲ....ကျွန်တော်ကြင်သူသက်ထားကို

စွန့်ပစ်မှာမဟုတ်ဘူး...ဘာလို့လဲဆိုရင်သူနဲ့ကျွန်တော်က

အင်္ဂလန်မှာတရားဝင်လက်ထပ်ခဲ့ပြီးပြီမို့လို့ပဲ...."


"မင်း ဘာပြောလိုက်တယ်...."


မယုံနိုင်သလိုမျက်ခုံးတန်းတွေတွန့်ချိုးကျသွားလျက်

အေးစက်စွာပြန်မေးလာတဲ့မေးခွန်း....။


"ဒီနေ့ ဂျာနယ်ထဲမှာပါလာတဲ့သတင်းတွေကကျွန်တော့်ရဲ့

ပထမခြေလှမ်းပဲ...မကြာခင်လက်ထပ်စာချုပ်နဲ့အတူ

မင်္ဂလာဓာတ်ပုံတွေကိုပါ မီဒီယာတွေနဲ့တရားဝင်ချပြတော့မှာ.."


"ဂုဏ်ရှိန်ထည်ဝါ...."


နာမည်အပြည့်အစုံကိုခေါ်လိုက်သံက ထုထည်ကြီးမားတဲ့

ဒေါသလိူင်းဖြင့်....


"မင်း.မင်းတစ်ကယ်ပဲ ဒီမိသားစုကိုစွန့်ပစ်ဖို့ကြိုးစားနေတာ

မင်းလုပ်ရပ်တွေကိုမင်းပြန်စဉ်းစားမိရဲ့လား...."


"စဉ်းစားမိတာပေါ့ အသေအချာစဉ်းစားမိလို့ကို

တစ်ဆင့်ချင်းကြိုးစားခဲ့ရတာလေ...."


"မင်း....."


"ကျွန်တော် ဒီအသိုင်းအဝိုင်းကိုတစ်ကယ်မုန်းတယ်

ဒီမိသားစုထဲမှာမွေးဖွားလာတဲ့ကျွန်တော့်ကိုယ်ကျွန်တော်လည်း

မုန်းတယ်...အမေ့ရဲ့သားဖြစ်နေရတာကိုလည်းမုန်းတယ်..."


စိမ်းသက်တဲ့မျက်ဝန်းအကြည့်တွေထဲမှာနာကျည်း

ရိပ်တွေပါယှက်သမ်းလာခဲ့ရင်း မေးရိုးတွေကားထွက်လာအောင်

အံကိုကြိတ်ရင်းတစ်လုံးချင်းပြောနေတဲ့ဂုဏ့်ကိုကြည့်လျက်

ဒေါ်ခင်ထိပ်ထားပြောစရာစကားတွေပျောက်ဆုံးသွားခဲ့ရ၏။


"ကျွန်တော့်ရဲ့လုပ်ရပ်တွေအတွက် အချိန်မရွေး

နတ်စစ်သည်နန်းတော်ရဲ့ဆက်ခံသူအဖြစ်ကနေ

စွန့်လွှတ်ပယ်ဖျက်ကြောင်းကြေငြာလိုက်ပါ....

ကျွန်တော်ဝမ်းသာအားရကြိုဆိုနေမယ်...."


".........."


"အခု...ကျွန်တော့်ရဲ့မိန်းမကိုထုတ်ပေးလို့ရပြီလား...."


ဂုဏ့်ရဲ့အဆုံးသတ်စကားအဆုံး သားဖြစ်သူကို

စိုက်ကြည့်နေရင်းမှ လက်သီးကိုခပ်ကျစ်ကျစ်

ဆုပ်လိုက်တဲ့ဒေါ်ခင်ထိပ်ထား.....။


သူမနဲ့အပြိုင်မာန်တင်းနေတဲ့သားဖြစ်သူကို

ဘယ်လိုနည်းနဲ့မှဖျောင်းဖျလို့မဖြစ်နိုင်မှန်း

သိလိုက်တဲ့အခါ ထိုင်ခုံပေါ်ခပ်ဖြေးဖြေးပြန်ထိုင်

ကျသွားခဲ့ရ၏...။


"မင်း နောင်တရလိမ့်မယ် ဂုဏ်

အဲ့ဒီ့မိန်းကလေးကမင်းအတွက်ဘယ်လောက်အရေးပါနေမှန်း

ငါမသိပေမဲ့ မိန်းမတစ်ယောက်ကြောင့် ဒီမိသားစုကို

စွန့်ပစ်ဖို့ကြိုးစားခဲ့တဲ့အတွက်မင်းတစ်ကယ်ပဲနောင်တ

ရလိမ့်မယ်...."


သူမရဲ့နောက်ဆုံးစကားအတွက် သားဖြစ်သူဆီက

စူးနင့်တဲ့အကြည့်တစ်ချက်ကိုသာလက်ခံရရှိလိုက်တဲ့အခါ

သူမမျက်ဝန်းတွေကို ဖွဖွယှက်ပိတ်လိုက်ရင်း.....။


"အဲ့ဒီ့မိန်းကလေး မြေအောက်ထပ်မှာရှိနေတာမို့

မင်းကိုယ်တိုင်ပဲသွားခေါ်လိုက်ပါ...."


စကားအဆုံးတွေဝေမူ့မရှိတဲ့ခြေလှမ်းတွေနဲ့

ကျောခိုင်းလှမ်းထွက်သွားတဲ့ပုံရိပ်က မာနတွေနဲ့

တင်းခံထားတဲ့ သူမရဲ့မျက်ရည်စက်တို့ကို

အရှိန်ပြင်းပြင်းပဲထိုးနှက်သွားခဲ့သည်။


"ဒီအသိုင်းအဝိုင်းကိုမုန်းတယ်တဲ့လား

ဒီအမေရဲ့သားဖြစ်လာရတာကိုမုန်းတယ်တဲ့လား...

ဘာလို့အဖေကနေသားအထိ ဒီလိုတစ်ပုံစံထဲ

လာတူနေရတာများလဲ...."


~~~~~~~~~~~~~~~~~🍑🍑🍑


ပြင်းထန်လှတဲ့ရိုက်ချက်က ဦးခေါင်းကိုပြင်းပြင်း

ထိခိုက်ထားပြီး သတိရလာတာ တစ်ရက်နဲ့

တစ်မနက်ပဲရှိသေးတဲ့သူမအား အသိနဲ့ခန္ဓာကိုကင်းကွာ

သွားစေခဲ့သည်ထင်၏....။


"အင်း...အ..."


ညီးညူသံခပ်သဲ့သဲ့နဲ့ သူမပြန်ပြီးသတိကပ်လာချိန်မှာ

မှောင်မိုက်အေးစက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက

သူမအား ဆီးကြိုနေခဲ့၏။


သူမလဲကျနေရာကနေအားယူပြီးထထိုင်လိုက်ရင်း

အထိတ်တလန့်နှင့် ဒူးလေးနှစ်ဖက်ကိုကြုံးပွေ့လိုက်မိသည်။


"ဒါ.ဒါဘယ်နေရာလဲ..."


အေးစက်နေတဲ့အမှောင်ထုကနွမ်းနယ်ပင်ပန်းနေတဲ့

သူမရဲ့စိတ်အစဉ်ကိုပိုပြီးထိုးနှက်နေသည်။


"ဟင့်...ဟင့်..."


ဝေဝါးနေတဲ့အမြင်အာရုံကြောင့် နေရာကနေမရွေ့ရဲဘဲ

သူမခပ်တိုးတိုးငိုရိူက်နေမိသည်။


သူမကိုကူညီနိုင်တဲ့သူဘယ်သူမှမရှိတော့ဘူးလား??

ဒီအေးစက်နေတဲ့အမှောင်ထုထဲကနေသူမကို

ကယ်ထုတ်သွားနိုင်မဲ့သူဘယ်သူမှမရှိတော့ဘူးလား...??


ရုတ်တရပ်သူမအသက်ရူရခက်ခဲလာသလိုပဲ....။

တရိပ်ရိပ်မူးဝေနေတဲ့ဦးခေါင်းနဲ့ ဘယ်ကဘယ်လို

ခံစားနေရမှန်းမသိတဲ့နာကျင်မူ့တွေ....။


"............."


ထိုအချိန် သူမနားထဲခြေသံတစ်ခုကိုကြားလိုက်ရသည်ထင်၏

အလင်းရောင်တစ်ချက်က သူမဝန်းကျင်မှာ ဝင်းခနဲလက်သွားရင်း

ဝေဝါးနေတဲ့အမြင်အာရုံထဲထိုအလင်းရောင်အောက်မှာ

သူမရှိရာကိုတစ်လှမ်းချင်းလှမ်းလျောက်လာနေတာက

သူ....။


ဟုတ်တယ် ကြင်သူသက်ထားဆိုတဲ့သူမရဲ့

တရားဝင်ခင်ပွန်း.....။


"ကြင်သူ...."


"ဟင့်..."


သူမထင်မထားအောင်နူးညံ့နေတဲ့ခေါ်သံနဲ့ သူမနားမှာ

မုဆိုးဒူးထောက်ထိုင်ချလာတဲ့သူ့ရဲ့လည်တိုင်ကို

ရိူက်သံလေးတစ်ချက်နှင့် သူမအတင်းအကြပ်ပဲ

ဖက်တွယ်လိုက်မိသည်။


"ရှင်ဘာလို့အခုမှရောက်လာရတာလဲ...."


ရိူက်သံတစ်ဝက်နှင့်လိူက်ခါတုန်ရီနေတဲ့အသံလေးနှင့်

ဂုဏ့်ရဲ့လည်တိုင်ကို တင်းကြပ်စွာဖက်တွယ်ထားတဲ့

သူမရဲ့လက်အစုံက ဆောက်တည်ရာမရထိတ်လန့်

ကြောက်ရွံ့နေတဲ့သူမရဲ့ခံစားချက်တို့ကိုဖွင့်ထုတ်ပြလိုက်သလိုပင်။


"ဒီနေရာကအရမ်းမှောင်နေတယ် ကျွန်မအရမ်း

ကြောက်တာပဲ....ဟင့်..."


ဟိုးအဝေးကြီးကကြားနေရသလိုမျိုး အသံလေးက

တဖြေးဖြေးတိုးနင့်တိမ်ဝင်သွားလျက် ရိူက်သံလေး

တစ်ချက်ကိုပါကြားလိုက်ရတဲ့အခါ ဂုဏ်သူမကိုယ်လေးကို

ခပ်တင်းတင်းပြန်လည်ပွေ့ဖက်လိုက်သည်။


"မကြောက်ပါနဲ့ အခု မင်းကိုဘယ်သူကမှ

ထိခိုက်အောင်မလုပ်နိုင်တော့ပါဘူး....

ငါမင်းကိုပြန်ခေါ်သွားပေးမယ်...."


"ဟင့်...ဟီး..ဟင့်..."


နှစ်သိမ့်သလိုဆိုလိုက်တဲ့ဂုဏ့်ရဲ့စကားအဆုံး

ရိူက်ကြီးတငင်ငိုချလိုက်တဲ့သူမရဲ့မျက်ရည်တွေက

ဂုဏ့်ရဲ့ပခုံးတစ်ဖက်ကို ပူနွေးစိုစွတ်သွားစေခဲ့သည်။

ဂုဏ် သူမကိုယ်လေးကိုအလိုက်သင့်ပွေ့ယူချီမလိုက်သည်။


"မငိုနဲ့တော့ ငါအခုမင်းဘေးမှာရှိနေပြီပဲ အဲ့ဒါကြောင့်

ထပ်ပြီးမငိုနဲ့တော့...."


~~~~~~~~~~~~~~~~🍑🍑🍑


"စိုးရိမ်စရာဘာမှမရှိတော့ပါဘူး သူဌေး

ကျွန်တော်သေချာစစ်ဆေးပြီးသွားပါပြီ ဒါပေမဲ့

မိန်းကလေးကအားနည်းနေတာဆိုတော့

ဆေးသွင်းပြီးခဏအနားယူခိုင်းလိုက်ပါ..."


"ကေ်းဇူးပါပဲ..."


ဂုဏ့်ကိုခေါင်းညွတ်နူတ်ဆက်ပြီး ဆရာဝန်နဲ့

nurseနှစ်ယောက်ပြန်ထွက်သွားလျှင် ဂုဏ်

ဧချင်းကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။


"ငါပြတိုက်ကိုမပြန်တော့ဘူး ငါ့အတွက်

နေ့လယ်စာတစ်ခုခုသွားစီစဉ်လာခဲ့ပေး...

အချိန်အရမ်းနောက်ကျနေပေမဲ့ တစ်ခုခုတော့

ဝင်အောင်စားမှဖြစ်မယ်...."


"ဟုတ်ကဲ့...."


ဧချင်းထွက်သွားတော့ ဂုဏ် သူမရှိနေတဲ့ကုတင်ပေးက

ခုံမှာဝင်ထိုင်လိုက်ရင်း ယောင်နေသလိုထင်ရသည့်

ပါးပြင်လေးတစ်ဖက်ကိုဖွဖွအုပ်ကိုင်လိုက်တော့

အိပ်မပျော်ဘဲမှိန်းနေပုံရသည့် သူမကမျက်လုံးလေး

ဖွင့်ကြည့်လာသည်။


"အဲ့ဒီ့ကြောက်စရာကောင်းတဲ့အမျိုးသမီးက

ရှင့်ရဲ့အမေလား...."


"အဟင်း ကြောက်စရာကောင်းတဲ့အမျိုးသမီးလား

ငါ့ရှေ့မှာတောင်ဒီလိုဟန်မဆောင်နိုင်ပုံထောက်ရင်

ငါ့အမေက မင်းကိုတစ်ကယ်ပဲပြင်းပြင်းထန်ထန်

ဆက်ဆံလိုက်တယ်နဲ့တူတယ်..."


ဂုဏ့်စကားကြောင့် သူမကလှဲနေရာကနေ

ထထိုင်ဖို့ကြိုးစားလာတာမို့ ဂုဏ်သူမကိုတွဲထူလိုက်သည်။


"ရှင့်အမေကဘာလို့ ကျွန်မကိုအဲ့လောက်တောင်

မုန်းနေတာလဲဟင်...ပြီးတော့သူကကျွန်မကိုပြောတယ်

ကျွန်မကရှင့်ကိုမြူဆွယ်ဖြားယောင်းတယ်တဲ့...."


"ငါ့အမေက သူ့ကိုအသိမပေးဘဲမင်းနဲ့

လက်ထပ်ခဲ့လို့ ခဏစိတ်ဆိုးနေတာပါ..."


"ဟင်.ဒါဆိုကျွန်မတို့ရဲ့လက်ထပ်ပွဲက...."


သူမမေးလာမဲ့မေးခွန်းကိုကြိုသိနေသလိုမျိုး

ဂုဏ်ခေါင်းကိုငြိမ့်လိုက်ရင်း......


"မင်းမှာမိသားစုမရှိသလို ငါ့ရဲ့မိသားစုတွေလည်းမသိခဲ့ဘဲ

နှစ်ဦးသဘောတူလက်ထပ်စာချုပ်မှာလက်မှတ်ထိုးခဲ့တာလေ..."


"အဲ့ဒါတစ်ကယ်ပဲလား...."


"အင်း..."


"မဖြစ်နိုင်တာ...ကျွန်မဆုံခဲ့တဲ့အချိန်ခဏလေးမှာ

ကျွန်မကရှင့်ကိုအလွယ်တကူပြန်ကြိုက်လိုက်တယ်

ဆိုရင်တောင် ဒီလိုမျိုးအလောတကြီးလက်ထပ်စာချုပ်မှာ

လက်မှတ်ထိုးလိုက်ရအောင် ကျွန်မနဲ့ရှင့်ကြားမှာ

ဘာတွေရှိခဲ့လို့လဲ..."


အသည်းအသန်စဉ်းစားလိုက်ပုံနှင့်မေးခွန်းထုတ်လာပြန်တဲ့

သူမကြောင့် ဂုဏ်ရယ်ချင်နေတဲ့နူတ်ခမ်းတို့ကို

လက်ခုံနှင့်မသိမသာကွယ်လိုက်ရင်း....


"အဲ့ဒါက တစ်ကယ်ပြောပြမှဖြစ်မှာလား..."


"အင်း..."


နူတ်ခမ်းမဖွင့်ဘဲအသံကျယ်ကျယ်ပြန်ဖြေလာပုံက

ဂုဏ့်ရဲ့စိတ်ကိုမညစ်ညစ်ချင်အောင် ဆွဲဆောင်နေ၏။


ဂုဏ် အနားတိုးလာခဲ့ဆိုတဲ့သဘောမျိုးနဲ့

လက်ချောင်းတွေကိုလူပ်ယမ်းလျက်အမူအယာပြလိုက်တော့

ဖြူဖျော့ဖျော့ မျက်နှာလေးကဂုဏ့်ဘက်ကိုဖျပ်ခနဲ

တိုးကပ်လာသည်။


ဂုဏ် သူမရဲ့ဂုတ်ပိုးလေးကိုလက်တစ်ဖက်နဲ့

ထိန်းကိုင်လိုက်ရင်း နား,နားကိုတိုးကပ်လိုက်ပြီးနောက်....။


"နယ်ကျွံခဲ့လို့....."


"ဟင်...."


"ဟုတ်တယ် အချိန်မဆွဲဘဲနှစ်ဦးသဘောတူ

ရုတ်တရပ်လက်ထပ်လိုက်ရတဲ့အကြောင်းပြချက်က

ငါတို့နှစ်ယောက်အချစ်နယ်ကျွံခဲ့ကြလို့ပဲ......"


~~~~~~~~~~~~~~🍑🍑🍑


ဆက်ရန်^^^^


Writer by

#Hazel


rate now: