💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕
[ကြမ္မာစေရာရွှေဖူးစာ]
------------------
"ငါက မင်းရဲ့တစ်ဦးတည်းသောမိသားစုဝင်ပေါ့...."
"..........."
"သတိရလာပေးလို့ကျေးဇူးတင်တယ်
ငါ့ရဲ့ချစ်ဇနီးလေး....."
နူးညံ့သယောင်စကားလုံးတစ်ချို့နဲ့ဆန့်ကျင်ဘက်
အေးစက်စက်မျက်ဝန်းအကြည့်တွေနဲ့......
ဤယောကျာ်းအား သူမဘာမှခန့်မှန်းခွင့်ဆက်ပြီး
မရလိုက်ခင်မှာအံ့ဩဖွယ်ရာလက်ခံရရှိလိုက်တာက
နူးညံ့ခြင်းကင်းမဲ့တဲ့အနမ်းတစ်ခု......။
နောက်ထပ်တစ်ကြိမ် သူမရဲ့ဦးခေါင်းတစ်ခုလုံး
ချာချာလည်သွားခဲ့ရပါတော့သည်။
~~~~~~~~~~~~~~~~~~🍑🍑🍑
"ငါက မင်းရဲ့ယောကျာ်း...."
"ဟင်!!"
ဆေးရုံကုတင်ထက်၌ ဦးခေါင်းမှာပတ်တီးအဖွေးသားနှင့်
ရှိနေသော သူမသည်...ကုတင်ဘေးကဆုံလည်ထိုင်ခုံမှာ
ခြေချိတ်လျက်စမတ်ကျကျထိုင်နေသော ကိုလူချောရဲ့
စကားကြောင့် အာမေဋိတ်သံနှင့်အတူ ဖြူလျော်လျော်
နူတ်ခမ်းလေးအစုံကပွင့်ဟသွားခဲ့ရပါ၏။
"ရှင်က ကျွန်မယောကျာ်း....."
အခွံလွတ်ကြီးတစ်ခုလိုဖြစ်နေတဲ့ဦးခေါင်းနှင့်
ကိုယ့်နာမည်ကိုပင်မမှတ်မိနိုင်တဲ့ဤအနေအထားမှာ
မယုံကြည်နိုင်သေးသလိုလေးပြန်မေးမိတာကို
ခေါင်းဆတ်ပြလျက် ခပ်မိန့်မိန့်ပြန်ဖြေလာပုံက
ခမ်းနားလှတဲ့သက်ရှိပန်းချီကားတစ်ချပ်လိုပင်....
တစ်စက္ကန့်^^
နှစ်စက္ကန့်^^
"ဘုရားရေ!!"
သုံးစက္ကန့်အကြာမှာပဲ သူမဘုရားတမိလေပြီ....။
"ကျွန်မဘယ်တုန်းက ဒီလောက်ချောတဲ့ယောကျာ်းနဲ့
လက်ထပ်လိုက်တာလဲ..."??
လက်ဖဝါးလေးတစ်ဖက်နဲ့ပါးစပ်ကိုအုပ်ကာမိရင်း
တအံ့တဩဖြင့်မယုံနိုင်သလိုထပ်ပြီးရေရွတ်မိလျှင်
အကောင်းစားရေမွှေးနံ့သင်းနေတဲ့စာချုပ်နှစ်စောင်က
သူမမျက်နှာရှေ့ကိုရောက်လာလေ၏။
"ဂုဏ်ရှိန်ထည်ဝါ....ကြင်သူသက်ထား...."
စာချုပ်ရဲ့လက်မှတ်ထိုးထားတဲ့နေရာက
နာမည်တွေကို လိုက်ရွတ်ရင်း သူမမျက်လုံးဝိုင်းလေးနှင့်
ထိုင်ရာကနေထရပ်လာတဲ့ထို ကိုလူချောကိုပြန်ပြီး
မော့ကြည့်လိုက်လျှင်....
အထက်စီးဆန်လှတဲ့မျက်ဝန်းအကြည့်တို့ဖြင့်
သူမကိုစီးမိုးကြည့်နေတဲ့ထိုကိုလူချောကတော့....
ကျောချမ်းစရာကောင်းအောင်ဆွဲဆောင်မူ့ရှိနေတဲ့အပြုံးကို
ပြုံးပြလာခဲ့ပြီးနောက်......။
"ဟုတ်တယ် ဂုဏ်ရှိန်ထည်ဝါဆိုတဲ့ငါက
ကြင်သူသက်ထားဆိုတဲ့မင်းရဲ့တရားဝင်ခင်ပွန်းပဲ....."
"ကြင်သူသက်ထား......"
နာမည်ကိုသံယောင်လိုက်ရွတ်ရင်း မဝံ့မရဲသူမ
မျက်ဝန်းလေးတွေက ဂုဏ့်ဆီပြန်ပြီးဦးတည်လာရင်း....
"ကျ.ကျွန်မနာမည်ကကြင်သူသက်ထားလား...."
မေးခွန်းအဆုံးမှာ နူတ်ခမ်းနှစ်လွှာကိုခပ်ဖိဖိပိတ်လျက်
ပေါင်ပေါ်ကခြုံစောင်ကိုလက်ချောင်းလေးတွေနဲ့
ဆုပ်လိုက်ပုံက ဂုဏ့် ဆီကအဖြေကို မျှော်လင့်တကြီး
ငံ့လင့်နေပုံလေးဖြစ်၏။
ဂုဏ် သူမကိုခဏမျှစိုက်ကြည့်နေမိပြီးမှ ခေါင်းဆတ်ပြ
လိုက်တဲ့အခါ...သူမက ဂုဏ့်ကိုမေးခွန်းတွေဆက်ပြီးမေးဖို့
အားတက်သွားပုံရသည်။
"ကျွန်မကဘာလို့ဆေးရုံကိုရောက်နေတာလဲ
ပြီးတော့ ဘယ်လောက်ထိပြင်းထန်တဲ့ထိခိုက်မူ့မျိုးကို
ဖြစ်ခဲ့လို့...ကျွန်မရဲ့မှတ်ဉာဏ်တွေပျောက်ဆုံး
သွားခဲ့ရတာလဲဟင်...."
"လွန်ခဲ့တဲ့တစ်ပတ်လောက်က မင်းအင်္ဂလန်မှာ
မတော်တဆမူ့တစ်ခုဖြစ်ခဲ့တာ..."
"အ.အင်္ဂလန်မှာ...."
"အင်း...."
ဂုဏ်နောက်တစ်ကြိမ်ခေါင်းဆတ်ပြလိုက်တော့
သူမရဲ့မျက်ဝန်းနက်တွေက ဆေးရုံခန်းတစ်ခုလုံးကို
ချာချာလည်အောင်ဝေ့သွားကာ....
"ဒါက မြန်မာပြည်မဟုတ်ဘူးလား...."
"ဟုတ်တယ်လေ...မတော်တဆမူ့ကြောင့်
မင်းသတိလစ်နေတာ ၆ရက်ရှိသွားပြီ...ငါမင်းကို
မနေ့ကပဲ private flightနဲ့မြန်မာပြည်ကို
ပြန်ခေါ်လာခဲ့တာ....ဒီမှာငါအရေးတကြီးဖြေရှင်းရမဲ့
ကိစ္စတစ်ချို့ရှိနေတယ်...ဒါပေမဲ့ အသစ်စက်စက်ငါ့ရဲ့
ဇနီးလေးကိုလည်း အင်္ဂလန်ကဆေးရုံမှာ
ဒီအတိုင်းထားခဲ့ဖို့ ငါ့နှလုံးသားကခွင့်မပြုဘူး...
အဲ့ဒါကြောင့်သတိမရသေးတဲ့မင်းကိုပဲ မြန်မာပြည်ကို
ပြန်ခေါ်လာဖို့ဆုံးဖြတ်ခဲ့ရတာ...."
စကားရဲ့အဆုံးသတ်မှာ ဘယ်ဘက်ရင်အုံကို
လက်ဖဝါးနှင့်ခပ်ဖွဖွပုတ်ပြသည်။
ဒီလောက်ချောတဲ့မျက်နှာနဲ့ ဒီလောက်နူးညံ့တဲ့
စကားတွေကိုပြောနေတာပေမဲ့ ရင်ခုန်ရမဲ့အစား
သူမဘာလို့ကျောချမ်းသလိုခံစားနေရပါလိမ့်.....??
"ရှင်က တစ်ကယ်ပဲကျွန်မယောကျာ်းဟုတ်ရဲ့လား..."
သူမနူတ်က လွှတ်ခနဲထွက်လာတဲ့မေးခွန်းကြောင့်
ဂုဏ်မျက်ခုံးပင့်သွားရ၏။
သူမက ပတ်တီးအဖွေးသားနဲ့ဦးခေါင်းကိုလက်ဖနောင့်နှင့်
ဖိရင်း ဂုဏ့်ဆီကအကြည့်လွှဲသွားပြီးမှချက်ချင်း
ပြန်ကြည့်လာခဲ့ရင်း.....
"ကျွန်မဘာလို့ရှင့်ကိုနည်းနည်းလေးတောင်
ရင်းနှီးမနေရတာလဲ...ကျ.ကျွန်မ..."
ဇဝေဇဝါဟန်လေးနဲ့သူမဆိုလာပေမဲ့ ဂုဏ့်မှာလည်း
ချေပဖို့စကားလုံးတွေအသင့်ရှိနေပြီးသားပင်....။
"မင်းကအခုမှတ်ညဏ်တွေပျောက်ဆုံးနေတာလေ...
မင်းကိုယ်မင်းတောင်မမှတ်မိနိုင်တဲ့အနေအထား..
မင်းနဲ့အရင်းနှီးဆုံးခင်ပွန်း ငါ့ကိုမေ့နေတာလည်း
မဆန်းဘူးမဟုတ်လား...."
ဂုဏ့်စကားကြောင့်သူမငြိမ်ကျသွားသည်။
"အကယ်၍ မင်းရှေ့မှာလက်ထပ်စာချုပ်နှစ်စောင်ကို
မြင်နေရတာတောင် မင်းယုံဖို့ခက်ခဲနေသေးတယ်ဆိုရင်
နောက်ထပ်မင်းကိုသက်သေပြစရာတွေငါ့မှာအများကြီး
ရှိပါသေးတယ်....ဘယ်လိုလဲ အဲ့ဒီ့ထဲကတစ်ခုကို
အခုလက်တွေ့သိချင်လား...."
"ဟင်...အမေ့..."
အထိတ်တလန့်အော်လိုက်သံလးနဲ့အတူ သူမ,အိပ်ရာကို
ကျောကပ်လျက်လဲကျသွားခဲ့ရလျှင် ကျယ်ပြန့်တဲ့ရင်ခွင်
တစ်ခုက သူမမျက်နှာရှေ့ကိုစီးမိုးလာ၏။
"ရှင်.ရှင်..."
သူ့ရင်ခွင်အောက်မှာ ကပိုကရိုအနေအထားနှင့်
သူမဘယ်ကစပြီးရုန်းကန်ရမှန်းမသိဖြစ်သွားရချိန်မှာ...
သူ့ရဲ့လက်ဖဝါးတစ်ဖက်က သူမခါးသိမ်သိမ်လေးတစ်ဖက်ကို
ခပ်ဖွဖွညှစ်ကိုင်လိုက်ရင်း.....
"မင်းရဲ့ဒီခါးလှလှလေးမှာ အရမ်းကိုဆွဲဆောင်မူ့ရှိတဲ့
မှဲ့နီလေးတစ်လုံးရှိတယ်..."
"ဟင်! "
"ဘယ်လိုလဲ ဒီ့ထက်အတွင်းကျတဲ့သက်သေကို
မင်းလိုချင်သေးလား..."
လည်တိုင်သွယ်သွယ်လေးနှင့်မျက်နှာတစ်ဝိုက်
ဝေ့ဝဲနေတဲ့လေငွေ့နွေးနွေးတွေနဲ့ ဟိုးအဝေးကြီးက
ကြားနေရသလိုမျိုး လိူက်ခါအက်ရှနေတဲ့သူ့ရဲ့အသံ...
"ဟင့်အင်း...အ..."
သူမ လက်နှစ်ဖက်နဲ့သူ့ရင်ဘတ်ကိုအကြောက်အကန်
တွန်းလိုက်ချိန်မှာပဲ ခေါင်းထဲကဆစ်ခနဲခံစားလိုက်ရတာမို့
နူတ်ဖျားက ညည်းညူသံလေးထွက်သွားရ၏....။
"..........."
နာကျင်မူ့တစ်ခုခုကိုခံစားလိုက်ရသလိုသူမရဲ့
အမူအယာကြောင့် ဂုဏ် သူမကိုကျီစယ်ညှင်းဆဲဖို့
ကြိုးစားနေရာက အလွတ်ပေးလိုက်သည်။
"ကျ.ကျွန်မတောင်းပန်ပါတယ်...ကျွန်မဘာကိုမှ
မမှတ်မိလို့ပါ...ကျွန်မကိုလန့်အောင်မလုပ်ပါနဲ့နော်...."
ဂုဏ့်ကိုထိတ်လန့်သွားသလို ခပ်ရွံ့ရွံ့ထထိုင်လာတာက
ကုတင်ခေါင်းရင်းကိုတိုးကပ်သွားရင်း စောင်ကိုပါ
ကျစ်ကျစ်ပါအောင်ဆွဲဆုပ်လိုက်တဲ့ပုံစံလေးဖြင့်....။
ုဂုဏ် ထိုမြင်ကွင်းကိုကြည့်ပြီး နူတ်ခမ်းဖျားတစ်ဖက်က
ခပ်ကွေးကွေးညွှတ်ကျသွားခဲ့ရသည်။
"ကျွန်မတို့လက်ထပ်ထားတာဘယ်လောက်ကြာပြီလဲ
ရှင်.ရှင်အခုကပြောတယ်မဟုတ်လားအသစ်စက်စက်
ဇနီးလို့လေ...ကျွန်မတို့လက်ထပ်ထားတာတစ်ကယ်
မကြာသေးဘူးမဟုတ်လား...."
"အဟွန်း...."
နောက်ထပ်မရဲတရဲမေးခွန်းထုတ်လာတဲ့သူမကို
ကြည့်ပြီး ဂုဏ်သဘောကျသလိုခပ်သဲ့သဲ့ရယ်လိုက်မိလျက်...
"မင်းကမှတ်ညဏ်တွေပျောက်သွားပေမဲ့ ဉာဏ်ကောင်းတဲ့
အကျင့်ကတော့ပျောက်မသွားဘူးပဲ..."
"ရှင်...."
"ကောင်းပြီလေ မင်းသိချင်တဲ့ငါတို့ရဲ့ဖူးစာရေစက်အကြောင်းကို
ငါသေချာလေးရှင်းပြပေးရမှာပေါ့...."
ပြောရင်း ဆုံလည်မှာခြေချိတ်လျက်ပြန်ဝင်ထိုင်လိုက်တဲ့
သူ.....။
"ငါ လွန်ခဲ့တဲ့တစ်လက အင်္ဂလန်ကိုအလုပ်ကိစ္စနဲ့
ရောက်လာတဲ့အချိန်မှာမင်းနဲ့ဆုံခဲ့တာ...မင်းက
ပန်းချီပညာအထူးပြုဘာသာရပ်နဲ့လန်ဒန်ကတက္ကသိုလ်
တစ်ခုမှာ ဘွဲ့ယူဖို့ကြိုးစားနေတဲ့ မိန်းကလေး
တစ်ယောက်.........မင်းမှာမိသားစုမရှိဘူး
မင်းက လန်ဒန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ
အိမ်ခန်းဌားနေပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်
ကျောင်းတစ်ဖက်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်နေခဲ့တာလေ....."
"ကျွန်မမှာတစ်ကယ်ပဲမိသားစုမရှိဘူးကိုး..."
တိုးသဲ့သဲ့အသံလေးနဲ့ဆွေးငေးသွားတဲ့သူမရဲ့
မျက်နှာလေး....။
"ငါတို့နှစ်ယောက်စဆုံခဲ့တာ Thame(သိမ်း)မြစ်ထဲက
အပျော်စီးသဘောင်္တစ်ခုပေါ်မှာ...တစ်ခြားသူတွေနဲ့မတူဘဲ
ကွဲပြားတဲ့မင်းရဲ့ပုံစံကငါ့ကိုသတိထားမိစေခဲ့တယ်
ဝန်ခံရရင် ငါမင်းကိုမြင်မြင်ချင်းသဘောကျခဲ့တာပေါ့..."
"ရှင်က ကျွန်မကို မြင်မြင်ချင်းသဘောကျတယ်..."
မယုံနိုင်သလိုမေးလာပြန်ရင်း ဂုဏ့်ကိုတစ်လှည့်
သူမကိုယ်သူမတစ်လှည့်ကြည့်လိုက်ပုံကအူလည်လည်
ဟန်ဖြင့်သာ....။
ဂုဏ် သူမပုံစံကြောင့်ရယ်ချင်သွားရပေမဲ့
ခပ်တည်တည်ပဲခေါင်းငြိမ့်ပြလိုက်မိသည်။
"ငါမင်းကိုသဘောကျလို့ မင်းကိုချဉ်းကပ်ခဲ့ပြီး
မင်းအချစ်ကိုရဖို့ကြိုးစားခဲ့တာ..."
"ဒါဆို ဒီလောက်အချိန်တိုလေးအတွင်းမှာ
ကျွန်မကရှင့်ကိုလက်ခံလိုက်တယ်ပေါ့...ကျွန်မက
အဲ့လောက်လွယ်တာလား..."
"တစ်ကယ်ဆို အဲ့ထက်လွယ်တာပေါ့..."
"ဟမ်...ရှင်ဘာပြောလိုက်တယ်..."
"ဒါပေမဲ့ မင်းအပြစ်မဟုတ်ပါဘူး ဘာလို့လဲဆို
ငါက အစစအရာရာperfectဖြစ်နေတဲ့သူပဲလေ..."
"ရှင်က အဲ့လိုဘဝင်မိုးထိနေပြီး ကိုယ့်ကိုကိုယ်
အမွှန်းတင်တတ်တဲ့သူလားဟင်...."
စောင်းရွဲပြောတဲ့ပုံမျိုးမဟုတ်ဘဲ အမှန်တစ်ကယ်
သိလိုဟန်နဲ့မေးလာပုံကြောင့် ပြုံးချင်နေတဲ့
နူတ်ခမ်းတို့ကို ဂုဏ်ဆက်ပြီးထိန်းမထားနိုင်ခဲ့.....။
"အခုသိပြီလား...ခုချိန်မှာမင်းရဲ့တစ်ဦးတည်းသော
မိသားစုဝင်က ငါပဲဆိုတာကိုလေ...."
ဂုဏ့်ရဲ့အဆုံးသတ်စကားကြောင့် သူမက ဂုဏ့်ကို
ငေးငေးလေးကြည့်နေရင်းမှ.....
"ရှင်ပြောတာအားလုံးအမှန်တွေချည်းပဲ
မဟုတ်လားဟင်....."
နောက်ဆုံးအကြိမ်အတည်ပြုချင်သလိုမေးလာတဲ့မေးခွန်း....
` မဟုတ်ဘူး တစ်ဝက်ကမှန်နိုင်ပေမဲ့
တခြားတစ်ဝက်ကတော့အလိမ်အညာတွေ ´
စိတ်ထဲကသာဝန်ခံစကားဆိုလိုက်မိပေမဲ့ လက်တွေ့မှာတော့
ဂုဏ် သူမကိုတွေဝေခြင်းမရှိဘဲခေါင်းငြိမ့်ပြလိုက်တဲ့အခါ
ငေးရီသွားတဲ့ မျက်ဝန်းအစုံနဲ့သူမကနောက်တစ်ဖန်
ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။
ဂုဏ် မမြင်နိုင်တဲ့သူမရဲ့အတွေးစတို့က
ဂုဏ် ပြောခဲ့သမျှကိုမှတ်မိဖို့ကြိုးစားတွေးတောနေမယ်ဆိုတာ
အသေအချာသိနေ၏။
"မင်းအနားယူလိုက်ဦး...ငါမင်းရဲ့တာဝန်ခံဆရာဝန်နဲ့
စကားပြောရဦးမယ်...."
ဂုဏ် လက်ထပ်စာချုပ်နှစ်စောင်ကို
ပြန်ခေါက်သိမ်းလျက် အပေါ်ထပ်ကုတ်အင်္ကျီအိတ်ထဲ
ထည့်ကာထရပ်လိုက်သည်။
ထို့နောက် မျက်လုံးဝိုင်းလေးတွေနဲ့ ဂုဏ့်ကို
လိုက်ကြည့်နေတဲ့သူမကိုတစ်ချက်ပြုံးပြလျက်
ဆေးရုံခန်းထဲကနေပြန်ထွက်လာတဲ့အခါ...
အပြင်ဘက်မှာရပ်စောင့်နေတဲ့ဧချင်းက ဂုဏ့်ကို
ခေါင်းညွှတ်နူတ်ဆက်သည်။
"သူဌေး...."
"သူတစ်ကယ်ကိုဘာမှမမှတ်မိဘူး...လန်ဒန်မှာ
ဖြစ်ခဲ့သမျှအရာအားလုံးကိုရော...သူ့ရဲ့မှတ်ဉာဏ်တွေရော
သူဘာဆိုဘာမှမမှတ်မိတော့ဘူး..."
"သူဘာမှမမှတ်မိတော့တာက သူဌေးပြောသလို
သူဌေးရဲ့အစီအစဉ်တွေကိုပိုပြီးလွယ်ကူစေတယ်
မဟုတ်လား...."
"ဟုတ်တယ် ငါပြောခဲ့တယ်..ဒါပေမဲ့ဘာလို့ငါ့စိတ်ထဲမှာ
အပြစ်ရှိသလိုခံစားနေရတာလဲ..."
ပြောရင်း ရူပ်ထွေးနေတဲ့ခံစားချက်တွေအရိပ်ထင်နေတဲ့
ဂုဏ့်ရဲ့မျက်ဝန်းတွေက ဧချင်းဆီအကြည့်ရောက်သည်။
"ဒါပေမဲ့လည်း ငါအဲ့ဒီ့မိန်းကလေးကိုတစ်ကယ်
မသနားသင့်ဘူးမဟုတ်လား..."
စကားလုံးတွေကမေးခွန်းတစ်ခုဖြစ်ပေမဲ့
ဧချင်းကအဖြေပြန်မပေးနိုင်ဘဲခေါင်းငုံ့သွားခဲ့သည်။
ဂုဏ် ဧချင်းရဲ့ပခုံးကိုခပ်ဖွဖွတစ်ချက်ပုတ်လိုက်သည်။
"လုံခြုံရေးတွေကိုသေချာဂရုစိုက်ဖို့မှာထား...
သူ့ကိုဘယ်သူ့မှအနှောင့်အယှက်မပေးစေနဲ့...."
"နားလည်ပါပြီ သူဌေး..."
"သွားရအောင်..."
စကားအဆုံးအရင်လှမ်းထွက်သွားတဲ့ကျောပြင်ကျယ်ကို
ကြည့်ကာ အခန်းရှေ့ကလုံခြုံရေးအသစ်တွေကို
မျက်ရိပ်ပြရင်း ဧချင်းသူဌေးရဲ့နောက်ကို
အပြေးတစ်ပိုင်း လှမ်းလိုက်လာခဲ့ရတော့သည်။
~~~~~~~~~~~~~~~~~🍑🍑🍑
`နတ်စစ်သည်နန်းတော်´🏰
နန်းတော်ဟုဆိုရလောက်အောင် သာမာန်
အဆောက်အဦးတွေနဲ့မတူဘဲ လှပခမ်းနားလွန်းတဲ့
နေရာတစ်ခု....။
နတ်စစ်သည်နန်းတော်အကြောင်းပြောရင်
ထိုနေရာမှာ နေထိုင်တဲ့ မိသားစုဝင်တွေအကြောင်းကိုပါ
တခမ်းတနားနဲ့စာဖွဲ့ပြရမှာအမှန်ပင်။
လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီ တောင်တန်းတွေကို
အစိုးရခဲ့တဲ့နတ်စစ်သည်တော်ဝင်မျိုးနွယ်စုရဲ့
အနွယ်တော်မျိုးဆက်တွေ၊ အလွန်တရာကြွယ်ဝချမ်းသာ
သလို...ဂုဏ်သိက္ခာကြီးမားကြတဲ့မျိုးဆက်မိသားစုဝင်တွေ။
မင်းပေါက်၊စိုးပေါက်အသိုင်းအဝိုင်းထိ
ဩဇာအာဏာသက်ရောက်နိုင်တဲ့သူတွေဖြစ်၏။
ဒီနေ့မှာတော့ ခမ်းနားလှတဲ့ရဲတိုက်ကြီးရဲ့
အဖိုးတန်ပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့ဧည့်ခန်းမကြီးမှာ
မြင်နေရတဲ့မြင်ကွင်းက....
"ဘယ်အချိန်ထိ ဂုဏ် စိတ်ထင်ရာလျောက်လုပ်နေသမျှကို
ဒီအတိုင်းကြည့်နေဦးမှာလဲ မယ်မယ်..."
"မယ်မယ်က ဂုဏ်ကိုယ်တိုင်ရဲတိုက်ကိုပြန်လာပြီး
ရှင်းပြမဲ့အချိန်ကိုသာစောင့်နေတာ...ဒီမနက်
ဂျာနယ်တိုင်းရဲ့မျက်နှာဖုံးခေါင်းကြီးပိုင်းမှာ
နတ်စစ်သည်နန်းတော်ရဲ့ဆက်ခံသူက အင်္ဂလန်မှာ
မိန်းကလေးတစ်ယောက်ကိုလက်ထပ်ပြီးမြန်မာပြည်ကို
ခေါ်လာတဲ့သတင်းတွေချည်းပဲ...."
"ဒီသတင်းတွေကို...ဂုဏ်ကိုယ်တိုင်လုပ်ခိုင်းတယ်ဆိုတာ
သေချာတယ်သူက သူလုပ်ချင်တာရှိရင် မိသားစုဝင်တွေရဲ့
မျက်နှာကိုဘယ်တော့မှကြည့်တာမဟုတ်ဘူး..."
"ဟုတ်တယ် အခုလည်း အင်္ဂလန်ကပြန်လာပြီးကထဲက
ရဲတိုက်ကိုတစ်ခေါက်လေးတောင်ပြန်မလာဘဲ
မယ်မယ့်ဆီမျက်နှာလာမပြတာ..ဘယ်လောက်
ရိုင်းလဲ...."
သားသမီး၃ယောက်ရဲ့ တစ်ယောက်တစ်ခွန်း
စကားသံတွေကိုနားထောင်ရင်း သက်ပြင်းသဲ့သဲ့ကို
ချလိုက်သူက...ဒေါ်ခင်ထိပ်ထား...
"နင်တို့ပြောပြီလား...ဒါကပြသာနာတစ်ခုဆိုတာ
မှန်ပေမဲ့...အဲ့ဒီပြသာနာကိုနင်းပြီး နင်တို့
ဂုဏ့်ကိုဝေဖန်လို့မရဘူး...."
"မယ်မယ်..."
သုံးယောက်လုံးရဲ့မကျေမနပ်သံကပြိုင်တူထွက်ပေါ်လာသည်။
ဒေါ်ခင်ထိပ်ထား မျက်စိရှေ့ကသားနဲ့သမီးနှစ်ယောက်ကို
ဝေ့ကြည့်လိုက်သည်။
"ငါကဒီမိသားစုရဲ့အကြီးပဲ ဘာလုပ်သင့်တယ်ဆိုတာ
ငါပဲဆုံးဖြတ်မယ် နင်တို့ဆီကအကြံဉာဏ်ကိုလိုချင်လို့
ဒီနေရာမှာဒီလိုစုဝေးခိုင်းနေတာမဟုတ်ဘူး....
အားလုံးကိုသတိပေးစရာရှိလို့...ခေါ်ထားတာ..."
တင်းမာခတ်ထန်လာသောဒေါ်ခင်ထိပ်ထားရဲ့အသံနဲ့
မျက်နှာအမူအယာကြောင့် ၃ယောက်လုံး
အသံတိတ်သွားကြသည်။
"ဒီမနက်ဂျာနယ်တွေမှာပါလာတဲ့ ဂုဏ့်ရဲ့သတင်းက
နန်းတော်ရဲ့အသိုင်းအဝိုင်းတစ်ခုလုံးကိုရိုက်ခတ်သွားမှာ
အမှန်ပဲ....အဲ့ဒီ့တော့နင်တို့ကိုဘယ်ကပဲဆက်သွယ်လာ
ဂုဏ်နဲ့ပတ်သတ်ပြီးဘယ်မေးခွန်းကိုမှ အမှန်ပဲဖြစ်ဖြစ်
အမှားပဲဖြစ်ဖြစ် တစ်ခွန်းမဟကြနဲ့...ပြသာနာကို
ပိုပြီးရူပ်ထွေးအောင်လုပ်ဖို့ကြိုးစားတဲ့ဘယ်သူ့ကိုမဆို
ငါလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး..."
အဆုံးသတ်စကားကိုဆိုပြီး နောက်တစ်ကြိမ်
အားလုံးကိုဝေ့ကြည့်တော့ မလွန်ဆန်ရဲတဲ့မျက်နှာတွေနဲ့
ခေါင်းငြိမ့်ပြလာကြသည်။
"အားလုံးသွားကြတော့..."
ဒေါ်ခင်ထိပ်ထားရဲ့အမိန့်သံအဆုံး
၃ယောက်လုံးအလျိုလျိုပဲထထွက်သွားကြလျှင်...
"မယ်မယ်ကြီး...."
ခေါ်သံနဲ့အတူအနားကိုရောက်လာတာက
ရဲတိုက်ရဲ့စီမံအုပ်ချုပ်ရေးမှူး.....
"ဂုဏ်နဲ့အဆက်အသွယ်ရပြီလား..."
"မရသေးပါဘူး...မယ်မယ်ကြီး...သူဌေးရော
သူ့ရဲ့လက်ထောက်ကပါ ရဲတိုက်ကဆက်သွယ်တာကို
မကိုင်ပါဘူး..."
"အဲ့ဒီကောင်လေး...တစ်ကယ့်ကိုပဲ
ငါ့ကိုဒေါသထွက်ပြီးသေအောင်လုပ်နေတာ.."
စိတ်ပျက်လက်ပျက်ပြောရင်း လက်သီးတစ်ဖက်ကို
ခပ်ကျစ်ကျစ်ဆုပ်လိုက်သည်။
ထို့နောက် စူးရှနေတဲ့မျက်ဝန်းတွေက
ဘေးမှာရပ်နေတဲ့ပုံရိပ်ဆီစိုက်ခနဲရောက်သွားရင်း...
"ဂုဏ် ခေါ်လာတဲ့ အဲ့ဒီ့မိန်းကလေး အခု
ဘယ်မှာလဲ...."
~~~~~~~~~~~~~~~🍑🍑🍑
"မင်းရဲ့ဒီခါးလှလှလေးမှာ အရမ်းကိုဆွဲဆောင်မူ့ရှိတဲ့
မှဲ့နီလေးတစ်လုံးရှိတယ်..."
နားထဲမှာပြန်ကြားယောင်နေမိတဲ့စကားသံနဲ့အတူ
ဆေးရုံခန်းထဲက သန့်စင်ခန်းရဲ့ဘေစင်မှန်ရှေ့မှာ
ရပ်နေရင်းက သူမ,လူနာအင်္ကျီလေးကိုမရဲတရဲလေး
ဆွဲမလိုက်တဲ့အခါ.....။
"ဟင်..."
အမှန်တစ်ကယ်ပဲ သူပြောသလို မှဲ့နီလေးတစ်လုံး
ရှိနေတာကိုမြင်လိုက်ရ၏။
မှန်ထဲမှာမြင်နေရတဲ့သူမမျက်နှာလေး ချက်ချင်းပဲ
အရောင်ရင့်သွားခဲ့ရသည်။
"သူကတစ်ကယ်ပဲငါနဲ့လက်ထပ်ထားတဲ့သူလား...."
နောက်တစ်ကြိမ်ဦးနှောက်ကိုအလုပ်ပေးဖို့ကြိုးစားမိတော့
ခေါင်းထဲကတရိပ်ရိပ်မူးဝေလာ၏...။
သူမဘေစင်ဘောင်ကိုလက်နှင့်ထောက်လိုက်မိသည်။
ထိုအချိန်....
"ဝုန်း! ဒုန်း!...."
"အဲ့ဒီ့မိန်းကလေး ဘယ်မှာလဲ...."
"မယ်မယ်ကြီး...."
"ဟင်..."
အပြင်ဘက်က ဆူညံသံတွေလိုလိုကြားလိုက်တာမို့
သူမခေါင်းထောင်သွားရရင် သန့်စင်ခန်းထဲက
ပြန်ထွက်လာခဲ့တဲ့အခါ....
".............."
ဆေးရုံခန်းထဲမှာမြင်လိုက်ရတာက ဝတ်စုံပြည့်နဲ့
လုံခြုံရေးတွေအပြင် ၊စိန်ရောင်တလက်လက်နဲ့
ချောမောလှပတဲ့အမျိုးသမီးကြီးတစ်ယောက်နဲ့
သတ်လတ်ပိုင်းအရွယ်ယောကျာ်းတစ်ယောက်ကို
မြင်လိုက်ရ၏....။
မမှတ်မိတာလား၊မမြင်ဖူးတာလားမသိတဲ့ သူမ
ထိုမြင်ကွင်းကိုကြည့်ပြီး အံ့ဩသလိုဖြစ်သွားရချိန်မှာပဲ..
အမျိုးသမီးကသူမကိုမြင်သွားကာ အနားကို
တစ်လှမ်းချင်း တိုးလျောက်ကာလာနေခဲ့၏။
တင်းမာခတ်ထန်နေတဲ့ထိုအမျိူးသမီးရဲ့
မျက်နှာထားက ရုတ်တရပ်သူမကိုထိတ်လန့်စေ၏။
"ကြင်သူသက်ထားဆိုတာ..နင်လား..."
"ရှင်..."
သူမရှေ့မှာခြေစုံရပ်ပြီးခြေဆုံးခေါင်းဆုံးကြည့်လျက်
ဩဇာအပြည့်ပါတဲ့အသံလိူင်းနှင့်မေးလာတဲ့အမေး....။
"ဘယ်ကလာမှန်းမသိတဲ့နင့်လိုမိန်းကလေးက
မတန်မရာငါ့သားကိုမြူဆွယ်ဖြားယောင်းရဲတာလား....
ဂုဏ်က ဘယ်လိုအသိုင်းအဝိုင်းကလူဆိုတာရော
နင်သိရဲ့လား....."
"ကျ.ကျွန်မ...."
သူမနားမလည်နိုင်တဲ့စကားတို့ကိုပြောနေသည့်
ထိုအမျိုးသမီးရဲ့စိမ်းသက်လွန်းနေတဲ့
ကျောချမ်းစရာအကြည့်တို့ကို တစ်ခုခုအဖြေပေးဖို့
ပြင်လိုက်ပေမဲ့နောက်ကျသွားခဲ့ရသည်ထင်၏။
သူမမျက်လုံးထဲမှာရိပ်ခနဲထိုအမျိုးသမီးရဲ့
လက်ဖဝါးတစ်ဖက်ကမြှာက်တက်သွားခဲ့ရင်း.....
"ဖြန်း!!"
အသားချင်းထိခတ်သံခပ်ကျယ်ကျယ်နဲ့အတူ
သူမမျက်လုံးထဲပြာဝေသွားကာ အားအင်မပြည့်သေးတဲ့
ခန္ဓာကိုယ်လေးကနေရာမှာတင်ပုံလျက်သားလေး
ကျသွားခဲ့ရလေတော့သည်။
~~~~~~~~~~~~~~~~~~~🍑🍑🍑
ဆက်ရန်^^^^
Writer by
#Hazel