❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤
[ ကြမ္မာစေရာရွှေဖူးစာ ]
----------------
"ဇနီးလောင်း!!"
".........."
"တိတိကျကျပြောရရင် ငါအလိုမရှိလို့ပစ်ထုတ်လိုက်တဲ့
သူပေါ့...."
"ရှင်.ရှင်...."
"ဘယ်လိုလဲ ထွက်ပြေးရတာပျော်ရဲ့လား
လူဆိုးမလေး...."
ಥ_ಥಥ_ಥಥ_ಥಥ_ಥ
လွန်ခဲ့သော နာရီဝက်ခန့်က!!!
Ring^^^Ring
ရုံးခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျောက်နေရင်း
မျှော်နေတဲ့ဖုန်းသံကိုကြားလိုက်ရတဲ့အခါ ဂုဏ်
ချက်ချင်းပဲဖုန်းကို ထုတ်ကိုင်လိုက်သည်။
"ဟယ်လို....."
"မိန်းကလေးကြင်သူသက်ထားကိုတွေ့ပါပြီ သူဌေး..."
လိုတာထက်ပိုပြီးမပူပန်သလိုဟန်ဆောင်ထားတဲ့
သူမကိုတွေ့ပြီဆိုတဲ့သတင်းကိုကြားမှ စိတ်အေးသလို
သက်ပြင်းချမိသွားရတာကကိုယ်တိုင်ပင်သတိမထားမိလိုက်...
"သူအခုဘယ်မှာလဲ..."
"မိန်းကလေးက (.......)နားကအင်္ကျီအရောင်းဆိုင်
တစ်ခုရဲ့ရှေ့မှာအခုလေးတင် ကားတစ်စီးနဲ့
တိုက်မိမလိုဖြစ်ခဲ့ပါတယ်..."
"ဘာ!! သူဘာဖြစ်သွားသေးလဲ
တစ်ခုခုထိခိုက်မိသွားသေးလား...."
"စိတ်အေးအေးထားပါသူဌေး..မိန်းကလေးဘာထိခိုက်
ဒဏ်ရာမှမရခဲ့ပါဘူး....ဒါပေမဲ့ အဲ့ဒီ့ကားရဲ့
ပိုင်ရှင်ကတော့ မိန်းကလေးအတွက်ပြသာနာရှိနိုင်ရာတယ်.."
ကြားလိုက်ရတဲ့စကားကြောင့် ဂုဏ်မျက်မှောင်ကြုတ်
သွားရ၏။
"ဘာကိုဆိုလိုတာလဲ...."
"မိန်းကလေးကို တိုက်မိမလိုဖြစ်ခဲ့တဲ့ကားရဲ့ပိုင်ရှင်က
အလွဋီကာပါ..."
"ဘာပြောတယ်..."
"ဟုတ်ပါတယ်..သူဌေး အခုမိန်းကလေးကို
အလှဋီကာက အနီးနားကစားသောက်ဆိုင်တစ်ခုကို
ခေါ်သွားပါတယ်..."
"က်စ္!!"
တိုက်တိုက်ဆိုင်ကြုံမှကြုံတတ်တဲ့ကံကြမ္မာကြောင့်
ဂုဏ် စိတ်ရူပ်စွာဖြင့် စုတ်သပ်လိုက်မိ၏၊
"အလှဋီကာ...သူဘာတွေကြံနေပြန်ပြီလဲ..."
"ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲသူဌေး...
အထဲဝင်ပြီး မိန်းကလေးကိုခေါ်လာခဲ့ရမလား..."
တစ်ဖက်က အမေးကြောင့်ဂုဏ် လက်ကနာရီကိုတစ်ချက်
ပင့်ကြည့်လိုက်သည်။
ကံကောင်းသွားတာတစ်ခုက သူမရှိနေတယ်ဆိုတဲ့
နေရာကပြတိုက်နဲ့အတော်ကိုနီးကာ ဖြတ်လမ်းကမောင်းလျှင်
မိနစ်၂၀လောက်ပဲကြာနိုင်၏။
"ကြင်သူ့ကိုလန့်အောင်မလုပ်နဲ့ အပြင်ဘက်ကနေပဲ
စောင့်ကြည့်ထား ငါအခုလာခဲ့မယ်..."
စကားဆုံးတာနှင့် တစ်ဖက်ကပြန်ဖြေလာတာတောင်
မစောင့်တော့ဘဲ ဂုဏ်ဖုန်းကိုချလိုက်ကာ...ကားသော့နှင့်
အပေါ်ထပ်အင်္ကျီကိုယူပြီး ရုံးခန်းထဲကနေခြေလှမ်း
ကြဲကြီးတွေဖြင့်လှမ်းထွက်လာခဲ့တဲ့ ဦးတည်ရာက...........။
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁
Love fishnet (ရုန်းထွက်မရသောအချစ်ပိုက်ကွန်)
"ဘယ်လိုလဲ ထွက်ပြေးရတာပျော်ရဲ့လား
လူဆိုးမလေး...."
ရုတ်တရပ်ဆန်လွန်းတဲ့အခြေအနေတစ်ခုမှာမြင်လိုက်ရတဲ့
သူ့မျက်နှာက ကြင်သူ့အတွက်တော့ သရဲ၊တဘက်ကို
မြင်လိုက်ရသလိုမျိုး အင်မတန်မှထိတ်လန့်သွားစေ၏။
နာရီပိုင်း...ဟုတ်တယ် ကြင်သူဆေးရုံကထွက်လာတာ
အတိအကျဆို ၂,နာရီကျော်ကျော်လောက်ပဲရှိသေးတာ
သူ့ရဲ့လက်ထဲမှာဒီလိုပြန်မိသွားပြီလား??
ဒါဘယ်လိုဖြစ်နိုင်မှာလဲ???
ဘုရားရေ!! ဒီလူ့မှာတတိယမျက်လုံးများရှိနေတာလား???
"ရှင် ရှင် ဒီကိုဘယ်လိုရောက်လာတာလဲ...."
သူကကြင်သူ့အမေးကိုပြန်မဖြေဘဲ အေးစက်စွာပြုံးပြလျက်
ကိုယ်ကိုပြန်မတ်သွားရင်း စူးလက်နေသောမျက်ဝန်းအစုံက
ကြင်သူနဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ မိန်းမလှလေးဆီ
ကျရောက်သွားတဲ့အခါ.....
"ကိုဂုဏ္..."
တစ်ခုခုကိုစိုးရွံ့နေသလိုမျက်ဝန်းတွေနှင့် ထိုမိန်းမလှလေးက
သူ့နာမည်ကိုခေါ်ရင်း ထိုင်ရာကနေ ထရပ်လာခဲ့သည်။
"မင်းက အခွင့်အရေးကိုတစ်ကယ်ကောင်းကောင်း
အသုံးချတတ်တာပဲ အလှဋီကာ..."
"ကိုဂုဏ် ဘာကိုပြောတာလဲ..."
"ငါ့မိန်းမနဲ့ ဒီလိုမျိုးဆုံတွေ့ဖို့ ကံကြမ္မာဖန်တီးပေးလိုက်တဲ့
အခွင့်အရေးကိုအသုံးချပြီး...ဘာတွေကြံစည်ဖို့
ဒီနေရာကိုခေါ်လာရတာလဲ..."
"ဋီ ကြင်သူသက်ထားကိုဘာမှမပြောရသေးပါဘူး..."
"ငါသာရောက်မလာရင် တစ်ခုခုတော့ပြောဖို့တော့
စီစဉ်ထားတယ်မဟုတ်လား......"
မဟုတ်ဘူးလို့ငြင်းချက်မထုတ်လာဘဲ မျက်နှာ
တစ်ချက်မဲ့သွားတဲ့ အလှဋီကာကို ဂုဏ် ခပ်စူးစူး
ကြည့်လိုက်ကာ.....
"မင်းကိုငါ အဲ့ဒါကြောင့်စိတ်ပျက်တာ.....မင်းက
ငါ့အမေနဲ့အတူတူပဲ..."
"ကိုဂုဏ္!!"
"ပြတိုက်ကိုမင်းရောက်လာတဲ့နေ့ကထဲက...ငါမင်းကို
သတိပေးထားခဲ့ပြီးသားနော် မင်းရဲ့စည်းကျော်တဲ့
အပြုအမူတွေကို ငါထပ်ပြီးသည်းခံမှာမဟုတ်ဘူးလို့...
ဒီနေ့တော့ မင်းကံကောင်းသွားတယ်မှတ်လိုက်ပါ
ငါ့မိန်းမရဲ့အခြေအနေကြောင့် မင်းနဲ့အချိန်ကုန်ခံပြီး
ပြသာနာမလုပ်တော့ဘူး....နောက်တစ်ခါတိုက်ဆိုင်မူ့ဆိုတာ
ရှိကောင်းရှိလာရင်တောင် ကြင်သူသက်ထားဆိုတဲ့
နာမည်ကိုကြားလိုက်တာနဲ့ အရိပ်ကိုတောင် စွေမကြည့်
မိစေနဲ့.."
အဆုံးသတ်စကားနဲ့အတူ ဂုဏ် သူမကိုလက်မောင်း
နှစ်ဖက်ကနေဆွဲမလိုက်တဲ့အခါ....
"ဟင် ဘာလုပ်တာလဲ...ရှင်..."
"သွားမယ်...."
"ဟင့်အင်း မလိုက်ဘူး လွှတ်..."
"အဟင်း ကိုဂုဏ်က ကြင်သူသက်ထားနဲ့
အပေးအယူအမျှသေးပုံပဲ..."
ဂုဏ့်နဲ့သူမရဲ့ ရုန်းရင်းဆန်ခတ်မြင်ကွင်းကိုကြည့်ရင်း
ခနဲ့သလိုဆိုလာတဲ့အလှဋီကာ.....
ဂုဏ် ထိုမိန်းမကိုထပ်ပြီးဘာမှမတုံ့ပြန်တော့ပဲ
ပေကပ်ပြီးရုန်းနေတဲ့သူမကိုသာ ပခုံးပေါ်
ကောက်ချီပစ်လိုက်သည်။
"အား..ရှင်..ဘာလုပ်တာလဲ လွှတ် လွှတ်...."
ဒီတစ်ခါတော့ ဂုဏ့်ရဲ့အပြုအမူကြောင့် မျက်လုံးပြူးသွားတဲ့
အလှဋီကာလိုပဲစားသောက်ဆိုင်ထဲမှာရှိနေသမျှလူတွေရဲ့
မျက်ဝန်းတွေကပါ ဂုဏ်နဲ့သူမဆီကို
စိတ်ဝင်တစားကျရောက်လာ၏။
ဘာကိုမှဂရုမစိုက်တတ်တဲ့ဂုဏ်ကတော့ သူမကို
ထိုပုံအတိုင်းချီထားလျက်က စားသောက်ဆိုင်ထဲကနေ
ပုံမှန်ခြေလှမ်းတွေနဲ့ပဲလှမ်းထွက်လာခဲ့တာက
အေးဆေးစွာဖြင့်........။
"မလိုက်ဘူး လွှတ်နော်...မလိုက်ဘူးလို့
ပြောနေတာမကြားဘူးလား...."
နူတ်ကလည်းငြင်းဆန်သလို လက်နဲ့ခြေထောက်တွေကလည်း
ရုန်းကန်နေပေမဲ့ ကြင်သူ့,အလိုကိုလိုက်လျောဖို့
စိတ်ကူးမရှိသည့်သူက ကားထဲသို့လူကိုမညှာမတာ
ပစ်ထည့်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။
ကြင်သူ ကားမှန်ကိုကပျာကယာလျှောချလိုက်ရင်း
မှန်တံခါးဘောင်မှာစူပုတ်ပုတ်မျက်နှာလေးကိုမေးတင်
လိုက်တော့ သူက ကားခေါင်မိုးဘောင်ကိုလက်ထောက်ပြီး
ကိုယ်ကိုငုံ့ကိုင်းလျက် ကြင်သူ့မျက်နှာကိုနီးနီးကပ်ကပ်
ကြည့်ကာ မေးဆတ်ပြသည်။
"ဘာလဲ ဘာလုပ်ချင်သေးလို့လဲ...."
"ကျွန်မ ကားပေါ်ကဆင်းမယ်..."
"ဆင်းလိုက်လေ ဒီတစ်ခါတော့ ချီပြီး
လိုက်ခေါ်မနေဘူး..လမ်းလယ်မှာပဲကားနဲ့ခြေထောက်တွေကို
တိုက်ချိုးပစ်လိုက်မှာ အဲ့ဒါမှထပ်ပြီး ပြေးတိုင်းလိုက်တိုင်း
မကစားနိုင်တော့အောင်...."
တည်တင်းပြီးအေးစက်စက်ဖြစ်နေတဲ့သူ့ရဲ့မျက်နှာအမူအယာက
ကြင်သူ့ကိုကျောချမ်းသွားစေ၏။
သူ့ရဲ့ပုံစံက ကြင်သူသာအခုနေကားပေါ်ကထပ်ပြီး
ဆင်းပြေးရင် တစ်ကယ်ကားနဲ့လိုက်တိုက်မလား
ထင်ရလောက်အောင်ဒေါသထွက်နေပုံဖြစ်သည်။
"တစ်ကယ်မလုပ်လောက်ဘူးထင်နေရင်လည်း
စမ်းကြည့်လိုက်...."
ခြိမ်းခြောက်သလိုပြောရင်း ကားတစ်ဖက်ကို
ပတ်လာကာ သူက ကားထဲဝင်လာပြီး မှန်ကိုပြင်တင်ကာ
တံခါးလော့ခ်ျကိုပါ ချပစ်လိုက်၏။
ထို့နောက် ဒေါသအရှိန်သေသေးပုံမရသည့်
မျက်နှာကကြင်သူ့ဘက်ကိုတည့်တည့်လှည့်လာပြီးနောက်...
"ပျော်လား....ငါ့ကိုအလုပ်ရူပ်အောင် လုပ်လိုက်ရတော့
စိတ်ထဲမှာနေလို့ကောင်းသွားလား...မင်းကိုအခြေနေတွေ
နားလည်အောင်ရှင်းပြခဲ့ပြီးလို့...ဘာဆက်လုပ်သင့်တယ်
ဆိုတာကိုမှန်မှန်ကန်ကန်တွေးနိုင်မယ်ထင်ခဲ့တာ...
အခုမင်းရဲ့လုပ်ရပ်ကဘာလဲ...."
"ရှင် ကျွန်မကိုလာမဆူနဲ့ ကျွန်မအပြစ်လုပ်ထားတာ
ဘာမှမရှိဘူး..."
ခုအချိန်ထိကိုယ့်အမှားကိုယ်မမြင်သေးဘဲ ရန်စွာနေသေးသည့်
သူမ.....
"ကျွန်မ ရှင့်ကိုပြောပြီးပြီပဲ ကျွန်မ ရှင်နဲ့လုံးဝမလိုက်နိုင်ဘူး
ရှင်နဲ့လည်းဟန်ဆောင်ပြီးလက်မထပ်ဘူး..."
"မင်းကတစ်ကယ့်ကိုအလျော့ပေးလို့မရတာပဲ....
ကောင်းပြီလေ အဲ့ဒါဆိုလည်း မင်းရဲ့အဖေက
ငါ့ဆီက ဒေါ်လာ6 billionကို လိမ်သွားတဲ့လူလိမ်ဆိုတဲ့
အကြောင်း ငါ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့သတင်းစာတွေမှာ
ထည့်ပြီးကြေငြာပစ်မယ်...."
"ရှင် ဘာပြောတယ်!!"
"မကြားလိုက်ဘူးလား...မင်းအဖေကငါ့ရဲ့
ငွေတွေကိုလိမ်သွားခဲ့ပေမဲ့ လူသိရှင်ကြားမဖြစ်သေးဘူးလေ
အဲ့တော့ အခုမင်းအဖေကိုလူလိမ်တစ်ယောက်အဖြစ်
ဘယ်နိုင်ငံမှာမှခြေချလို့မရအောင်လုပ်ပစ်မှာ...."
"ဦးဂုဏ်ရှိန်ထည်ဝါ!!"
"ဘာလဲ ငါကယုတ်မာတယ်လို့ မင်းထပ်ပြီး
ပြောဦးမလို့လား...ဒီတစ်ခါတော့ငါမငြင်းတော့ဘူး
ကိုင်တွယ်ရခက်ခဲတဲ့မင်းကြောင့် ငါတစ်ကယ့်လူယုတ်မာ
လုပ်တော့မှာ..."
ပြောရင်း သူက ဒက်ဘုတ်ရ်ှပေါ်ကဖုန်းကိုလှမ်းယူလိုက်တာမို့
ကြင်သူမျက်လုံးပြူးသွားရ၏။
"အချိန်မဆွဲတော့ဘူး....အခုချက်ချင်း အကောင်အထည်
ဖော်ပြမယ် မင်းကြည့်နေလိုက်...."
ဖုန်းကိုမြှောက်ပြကာ အေးစက်စက်ပြောရင်း
တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ဖို့ပြင်လိုက်တဲ့သူ....
"ဟင့်အင်း...ရှင် အဲ့လိုမလုပ်နဲ့..."
ကြင်သူ, သူ့ဆီကဖုန်းကိကလုယူဖို့ကြိုးစားလိုက်ပေမဲ့
အရာမထင်ဘဲ လက်ကောက်ဝတ်လေးနှစ်ဖက်လုံးကို
သူကချုပ်ကိုင်လိုက်ပြန်သည်။
"အခုမှစိတ်ပူချင်ယောင်ဆောင်မနေနဲ့...မင်းငါ့ကမ်းလှမ်းချက်ကို
လျစ်လျူရူ့ပြီးငါ့ဆီကနေ ဒုတိယအကြိမ်ထွက်ပြေးဖို့
ကြိုးစားတယ်ဆိုကထဲက မင်းအဖေဘာဖြစ်ဖြစ်
ဂရုမစိုက်တဲ့သဘောပဲမဟုတ်လား...."
"ဟင့်အင်း..အဲ့.အဲ့လိုမဟုတ်ဘူး ကျွန်မ..."
ကြင်သူ ဘာမှထပ်ပြီးဆင်ခြေမပေးတတ်တော့ဘဲ
စိုးရိမ်စိတ်တွေနဲ့ငိုချင်လာရသည်။
"ငါမင်းကိုအများကြီးအလျော့ပေးခဲ့တယ် ကြင်သူသက်ထား
ဒါပေမဲ့ မင်းကတော့ ငါ့စေတနာကိုနားမလည်ခဲ့ဘူး...ငါ
အခုထပ်ပြီးစိတ်ရှည်တော့မှာမဟုတ်ဘူး...အဲ့ဒါကြောင့်
ဒါကမင်းကိုပေးတဲ့နောက်ဆုံးအခွင့်အရေးပဲ..."
စကားကိုခဏရပ်ပြီး ဆုပ်ကိုင်ထားတဲ့ကြင်သူ့
လက်ကောက်ဝတ်လေးနှစ်ဖက်ကိုတစ်ချက်ဆောင့်ဆွဲ
လိုက်တာမို့ ကြင်သူ့ကိုယ်လေး သူ့ဘက်ကို
ယိုင်နဲ့သွားခဲ့ရပြီး ပိုမိုနီးကပ်သွားတဲ့မျက်နှာနှစ်ခု....။
ထို့နောက်ကြင်သူစိုးထိတ်ရတဲ့ သူ့ရဲ့မျက်ဝန်းတွေက
ကြင်သူ့မျက်နှာလေးကိုဖောက်ထွက်မတတ်စူးစိုက်ပြီး
ဆက်ပြောလာတဲ့စကားက......
"မင်း ငါ့ရဲ့ဇနီးဖြစ်ကိုဖြစ်ပေးရမယ်....."
ကြင်သူ တစ်ကယ်ပဲသူ့ဆီကမလွတ်မြောက်နိုင်တော့ဘူး
ထင်တယ်။??
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_🍁🍁🍁
ကြင်သူ့,ကိုခေါ်ပြီး သူပြန်လာတာက ဆေးရုံကို
မဟုတ်တော့ဘဲ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းက
ခြံဝန်းကျယ်ကြီးဆီကိုဖြစ်နေခဲ့သည်။
လုံခြုံရေးတစ်ယောက်အပြေးလာဖွင့်ပေးတဲ့ခြံတံခါးကနေ
ကားမောင်းဝင်လာတဲ့တစ်လျောက် ပန်းဥယာဉ်တစ်ခုလို...
ပန်းမျိုးစုံတွေသက်ရင့်ပင်တွေနဲ့လှပတဲ့မြင်ကွင်းကဆီးကြိုနေ၏။
ထူးခြားတာတစ်ခုက ခြံကြီးကအရမ်းကျယ်ပြီးလှပေမဲ့
အထဲမှာရှိနေတဲ့အိမ်ကတော့သိပ်အကြီးကြီးမဟုတ်ဘဲ
အနောက်တိုင်းဆန်ဆန်လှပနေတဲ့villaတစ်လုံးသာ....။
"ဆင်း...."
ထိုအရှေ့မှာကားရပ်သွားတာနှင့် သူက
ကြင်သူ့ကိုတစ်ချက်ငဲ့ကြည့်ပြောရင်း ကားပေါ်က
ဆင်းသွားသည်။
သူအပြင်ရောက်သွားတဲ့အထိ ကြင်သူ ကားတံခါးကို
ဖွင့်ဖို့မပြင်ရသေးတာမို့ သူကကြင်သူ့ဘက်ကို
ရောက်လာပြီး ကားတံခါးကိုဖွင့်ပေး၏။
ကြင်သူ, သူ့ကိုထပ်ပြီးအတိုက်အခံမလုပ်ဘဲကားပေါ်က
ဆင်းလိုက်သည်။
"သူဌေး..ရောက်လာပါပြီလား..."
အသံနဲ့အတူ အိမ်ထဲကဧချင်းထွက်လာသည်။
"မိန်းကလေးရဲ့ဆေးရုံဆင်းလက်မှတ်ကို ကျွန်တော်
ယူလာပါပြီ..."
"အင်း..."
သူက ဧချင်းကိုတစ်ချက်သာခေါင်းငြိမ့်အသိအမှတ်ပြုရင်း
ကြင်သူ့လက်ကိုဆွဲလျက် အထဲကိုလှမ်းဝင်လာသည်။
"ဒါ...ငါ့ရဲ့အိမ်ပဲ...."
မြင်လိုက်တာနှင့်အဖိုးတန်လက်ရာတွေမှန်းသိသာနေသည့်
ပန်းချီကားတွေနဲ့ပြည့်နှက်နေတဲ့ ဧည့်ခန်းထဲကိုအရောက်
သူက ကြင်သူ့လက်ကိုလွှတ်ပေးရင်း ပြောသည်။
"ထိုင်..."
ဆိုဖာဆက်တီကိုမေးဆတ်ပြပြီးပေမဲ့ ကြင်သူ
တောင့်တောင့်လေးရပ်နေပြန်တဲ့ အခါ သူက
ပခုံးနှစ်ဖက်ကနေဖိချပြီး ထိုင်ခိုင်းတာက
သူ့စကားအတိုင်းတသွေမတိမ်းလိုက်နာရမည်ဆိုတဲ့
သဘော.....။
ကြင်သူ, သူ့ကိုမကျေမနပ်လေးကြည့်လိုက်မိချိန်မှာပဲ
သူက ကြင်သူနဲ့မျက်နှာချင်းဆိုင်မှာ ခြေချိတ်လျက်
ဝင်ထိုင်လိုက်ပြီဖြစ်၏။
"သူဌေး...စီစဉ်ခိုင်းထားတာအဆင်သင့်ဖြစ်ပါပြီ..."
လက်ထဲမှာစာရွက်စာတမ်းတစ်ချို့ကိုကိုင်ပြီးသူအနားကို
ရောက်လာတဲ့ဧချင်းက လက်ထဲကစာရွက်စာတမ်းကို
စားပွဲပေါ်တရိုတသေတင်ပေးလိုက်တဲ့အခါ...သူက
ကြင်သူ့ကိုကြည့်ပြီး ဧချင်းယူလာတဲ့အရာကို
ကြင်သူ့ဘက်တိုးရွေ့ပေးသည်။
"ငါတို့နှစ်ယောက်ရဲ့ဟန်ဆောင်လက်ထပ်မူ့အတွက်
သဘောတူညီမူ့စာချုပ်ပဲ ဖတ်ကြည့်....."
ဒီတစ်ခါတော့ ကြင်သူ,သူ့စကားအတိုင်း
စာချုပ်တွေကိုလက်လှမ်းယူလျက် ကြည့်လိုက်သည်။
"လက်ထပ်စာချုပ်မှာအတည်လက်မှတ်ထိုးပြီးတာနဲ့
ဘာလို့ အကျုံးဝင်တဲ့အချိန်ကသတ်မှတ်ချက်မရှိရတာလဲ..
ဥပမာ ၃လဆို၃လ ၆လဆို၆လပေါ့..."
စာချုပ်ထဲကအချက်အလက်တွေကိုအသေးစိတ်
ဖတ်ကြည့်ပြီး ကြင်သူမျက်မှောင်လေးကြုတ်လျက်
မေးလိုက်မိသည်။
"ဟုတ်တယ် အချိန်သတ်မှတ်ချက်မရှိဘူး...ငါတို့ရဲ့
ဆက်ဆံရေးကိုအဆုံးသတ်နိုင်မဲ့အချိန်က ငါ့အမေဘက်က
ငါ့ကို နတ်စစ်သည်ရဲတိုက်ရဲ့ဆက်ခံသူအဖြစ်ကနေ
တရားဝင်ပယ်ဖျက်ပေးလိုက်တဲ့အချိန်ပဲ..."
"ဟင် အဲ့အချိန်ကဘယ်တော့လဲ..."
"မပြောတတ်ဘူး ဒါကငါ့အမေပေါ်မှာပဲမူတည်တယ်လေ...
ငါက မိသားစုရဲ့ဆက်ခံသူဖြစ်လာဖို့ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့ငါ့အမေနားလည်သွားတဲ့အချိန်ပေါ့..."
"ဒါဆို ရှင့်အမေကရှင့်ကိုတစ်သက်လုံးလက်မလျော့ရင်ရော
ကျွန်မကတစ်သက်လုံးရှင့်မိန်းမလုပ်ရမှာလား....."
ကြင်သူစိုးရိမ်စွာပြန်မေးမိတော့ အခုထိစိတ်မပြေသေးဘူးလို့
ထင်ထားတဲ့သူကရိပ်ခနဲပြုံးလိုက်သလိုပင်။
ပြီးတော့ ဧချင်းကလည်းပြုံးစေ့စေ့နှင့်ခေါင်းငုံ့သွားပုံက
မသိရင်ကြင်သူကပဲ ရယ်စရာပြောလိုက်သလိုလို....။
"မင်းတစ်သက်လုံးငါ့မိန်းမ,မလုပ်ချင်ရင်တော့
ငါ့အမေမြန်မြန်လက်လျော့သွားအောင် မင်းငါ့ကို
ကူညီပေးပေါ့....ပထမဆုံး ငါတို့နှစ်ယောက် ငါ့ရဲ့ရှေ့နေနဲ့
အသိသက်သေတွေရှေ့လက်ထပ်စာချုပ်မှာ
အတည်လက်မှတ်ထိုးရမယ်...လက်ထပ်စာချုပ်အတု
မဟုတ်ဘဲ အစစ်ပေါ့...."
"အဲ့ဒါက ပထမဆုံးဆိုတော့ နောက်ထပ်ကျွန်မတို့က
ဘာတွေလုပ်ရဦးမှာလဲ..."
"လက်ထပ်ပွဲ..."
"ဟင်..."
"လူအများရှေ့မှာ မင်းကိုငါ့ရဲ့ဇနီးအဖြစ်တရားဝင်ချပြဖို့
လက်ထပ်ပွဲတစ်ခုကျင်းပရမယ်..."
"လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရင်ရပြီမဟုတ်လား
ဘာလို့လက်ထပ်ပွဲအထိလုပ်ရဦးမှာလဲ..."
ကြင်သူမကျေမနပ်နှင့်ဆင်ခြေတက်လိုက်မိလျှင်...
"မင်း တစ်သက်လုံးငါ့မိန်းမလုပ်ချင်လို့လား..."
"အို..ဘာလို့လုပ်ရမှာလဲ...."
"အဲ့ဒါပဲလေ...မလုပ်ချင်ရင် ငါပြောတဲ့အတိုင်းလုပ်ပေါ့..."
"အမ်!! ဒါပေမဲ့လည်း..."
အလွန်အင်မတန်မှ ယုတ္တိတန်လှသောသူ့ဆင်ခြေကြောင့်
ကြင်သူဘာဆက်ပြောရမှန်းမသိတော့....။
"လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး မင်္ဂလာပွဲ
ကျင်းပပြီးရင်တောင် ငါတို့နှစ်ယောက်မှာနောက်ထပ်
လုပ်စရာတွေအများကြီးရှိသေးတယ်..."
ဒေါ်လာ6billionမို့လို့သာတော်တော့သည်။
10billionလောက်သာဆို ကြင်သူလည်းသူ့ရဲ့အစေခံ
လုံးလုံးဖြစ်သွားမည်ထင်၏...အခုတောင်သူ့စိတ်သူ့သဘောနဲ့
သူအမိန့်ပေးသမျှလိုက်လုပ်နေရတာ....။
အတွေးနဲ့ကြင်သူမျက်နှာလေးမဲ့သွားရသည်။
"ဒါက ရှင့်ဘက်ကသဘောတူညီချက်တွေဆိုတော့
ကျွန်မဘက်ကရော တောင်းဆိုလို့ရလား..."
"ပြောကြည့်လေ...."
"ဒါက ကျွန်မအဖေရဲ့ရှင့်ဆီကလိမ်သွားတယ်ဆိုတဲ့
ဒေါ်လာ6billionအတွက် သဘောတူစာချုပ်ဆိုတော့
အကယ်၍ဒီကြားထဲမှာရှင်နဲ့ရှင့်အမေကြောင့်
အခြေနေတွေကတစ်ခုခုပြောင်းလဲသွားခဲ့ရင်
ဒီစာချုပ်ပါအချက်အလက်တွေကဘယ်လိုမျိုး အကျုံးဝင်
နိုင်မှာလဲ..."
"မင်း ပြောချင်တာ ဘာလဲ..."
"ဒီသဘောတူညီချက်စာချုပ်မှာက ကျွန်မကရှင့်ကို
ဒီစာချုပ်ထဲကအတိုင်းအားလုံးလုပ်ပေးပြီးမှ ရှင်က
ငွေတွေကိုလျော်ပေးမယ်လို့ပြောတာလေ...အဲ့ဒီ့တော့
စာချုပ်ထဲကတစ်ခုခုကိုမလုပ်ရသေးဘဲကျန်နေသေးတဲ့အချိန်
ကျွန်မတို့ရဲ့ဟန်ဆောင်ဆက်ဆံရေးကအဆုံးသတ်သွားခဲ့ရင်
ရှင်က ကျွန်မကိုမညစ်ဘူးလို့မပြောနိုင်ဘူးလေ..."
"အဟား...ငါကအဲ့လောက်တောင်သိက္ခာမဲ့တဲ့လူလား..."
"ပြောမရဘူးလေ..."
"ဘာ!!"
မျက်နှာတည်လေးနှင့်ပြန်ချေပလာတဲ့သူမကြောင့်
ဂုဏ်`ဘာ´ခနဲဖြစ်သွားရသလို ဧချင်းကလည်း
ခေါင်းငုံ့ထားလျက်ကကြိတ်ရယ်သည်။
"အဲ့ဒါကြောင့် ရှင်လည်းကျွန်မကိုငွေချေတဲ့စာချုပ်
လုပ်ပေးရမယ်..."
"ငွေချေတဲ့စာချုပ်..."
"ဟုတ်တယ်...ပထမဆုံးကျွန်မတို့လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးပြီးရင် 1billionလျှော်လိုက်ပြီဖြစ်ကြောင်း
လက်မှတ်ထိုးပေးရမယ်..ပြီးတော့မင်္ဂလာပွဲအတွက်ကလည်း
1billion...တစ်ခါပြီးရင်တစ်ခါလက်မှတ်ထိုး
ကျန်တဲ့4billionကတော့ ရှင်ကျွန်မကို
လုပ်ခိုင်းတဲ့ကိစ္စတွေပေါ်မူတည်ပြီး ကျွန်မဆုံးဖြတ်တဲ့
တန်ရာတန်ကြေးအတိုင်း ပေးချေရမယ်..."
တစ်ကယ့်ကိုစေ့စေ့စပ်စပ်ရှိလွန်းနေတဲ့သူမကြောင့်
ဂုဏ်တမင်တည်ထားရတဲ့ကြားက ရယ်ချင်သွားရ၏။
"မင်းက ဉာဏ်ကောင်းသလောက်စေ့စေ့စပ်စပ်ရှိတာပဲ
ကောင်းပြီလေ ငါသဘောတူတယ် ဒါပဲမဟုတ်လား..."
"ဟုတ်တယ်...အဲ ခဏ..ခဏလေး ကျန်သေးတယ်.."
တစ်ခုခုကိုသတိရသွားသလို သူမကလက်လေးကာသည်။
"0.3 billionလည်းချေပေးရဦးမယ်နော်..."
"0.3 billion..."
"အင်း..."
"ဘာအတွက်လဲ...."
ဂုဏ်မေးလိုက်လျှင် လက်ချောင်းလေး၃ချောင်းထောင်ပြီး
သူမပြန်ဖြေလာတာက....
"ကျွန်မသတိရလာလာချင်းတုန်းကတစ်ခါ
စာအုပ်ဖတ်ပြမယ်ဆိုတုန်းက တစ်ခါ...
လူယုတ်မာလို့မခေါ်နဲ့ဆိုတုန်းက တစ်ခါ...
ရှင် ကျွန်မကို၃ခါ နမ်းခဲ့လို့...."
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ
ဆက်ရန်^^^^^
Writer by
#Hazel