book

Index 11

အပိုင်း{ ၁၁ }

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤

       [ ကြမ္မာစေရာရွှေဖူးစာ ]


----------------


 "အရင်းရှင်အစုတ်ပလုတ်ကြီး!!"


စိတ်ထဲရှိသလိုကျိမ်ဆဲပစ်လိုက်ရင်း မေးဖျားလေးကို

ကိုင်ထားတဲ့သူ့လက်ကိုကြင်သူပုတ်ထုတ်ပစ်လိုက်လျက်

ကော်ဖီခွက်ကိုစားပွဲပေါ်ဆောင့်အောင့်တင်လိုက်ကာ

သူ့ကိုမကျေမနပ်ကြည့်မိရင်း....


 "ရှင်မတရားဘူး...ရှင်,ဒါကျွန်မကိုသက်သက်

 အနိုင်ကျင့်တာ....ရှင့်.ရှင့်ကိုရဲတိုင်မယ်..."


 "အဟက်...ဘာအမူ့နဲ့လဲ...."


 "အင်...."


ဒေါသတကြီးပုံစံလေးနှင့်ပြောလိုက်တာကို ခပ်လှောင်လှောင်

တုံ့ပြန်ခံလိုက်ရတာကြောင့် ကြင်သူ ဆက်ပြောမဲ့စကားက

လည်ချောင်းထဲနင်သွားရသည်။


 "အရမ်းလည်းစိတ်မဆိုးပါနဲ့ သေချာတွေးကြည့်ရင်

 ဒါက နှစ်ဦးနှစ်ဖက်အကျိူးရှိတဲ့အလုပ်ပဲလေ...

 မဟုတ်ဘူးလား.....မင်းကငါ့ကိုကူညီပြီး ငါ့ရဲ့ဇနီးအဖြစ်

 အချိန်နည်းနည်းလောက်ဟန်ဆောင်ပေးမယ်ဆိုရင်

 ငါက ဒေါ်လာ6billionကိုလျှော်ပေးမယ်လို့ပြောပြီးပြီပဲ

 သေချာတွေးကြည့်ရင် အမြတ်ရတာမင်းဘက်ကနော်..."


 "ဘာပြောတယ်...."


 "မဟုတ်ဘူးလား...ဒေါ်လာ6billionဆိုတာ

 ဘယ်လောက်များတဲ့ပမာဏလဲ မင်းတွက်ရော

 တွတ်တက်ရဲ့လား...."


 "ရှင်.ရှင် လွန်နေပြီနော် လူကိုခြိမ်းခြောက်ပြီး

 အနိုင်လည်းကျင့်သေးတယ် အထင်သေးတဲ့

 စကားကလည်းပြောသေးတယ်..."


တစ်ခွန်းမကျန်ခွန်းတုံ့ပြန်ပြီး နူတ်ခမ်းလေးစုထော်လျက်

ရန်တွေ့နေတဲ့ပုံစံက သူမအားဆက်ပြီးမခံချင်အောင်

စနောက်ဖို့ ဂုဏ့်ကိုတွန်းအားပေးနေသလိုပင်...။


 "ငါပြောတာအမှန်တွေပဲလေ တစ်ကယ်တော့

 ငါ့ဘက်ကပိုပြီးနစ်နာတာမဟုတ်ဘူးလား..ကိစ္စတွေ

 ပြီးသွားရင် ဒေါ်လာ6billionဆုံးရူံးရတဲ့အပြင်

 တစ်ခုလပ်ဆိုတဲ့ဂုဏ်ပုဒ်ပါအဆစ်ရဦးမှာ..."


 "ဪ...ဟော် ကျွန်မကရောရှင်နဲ့ကွာရှင်းပြီးရင်

 တစ်ခုလပ်မဟုတ်ဘဲ အပျိုပြန်ဖြစ်သွားမှာမို့လို့လား..."


 "ဒါပေမဲ့ ငါကလူသိများကျော်ကြားတဲ့သူလေ...."


 "ဘုရားရေ ဒါဘယ်လိုတောင်ကျက်သရေမရှိတဲ့

 စကားလဲ...."


မျက်နှာကိုစေ့စေ့ကြည့်ပြီးပျစ်ပျစ်နှစ်နှစ်ဝေဖန်လာလျက်

သူမကစိတ်ပျက်သလိုလေး တစ်ဖက်သို့မျက်နှာလွှဲ

သွား၏။


ဂုဏ် သူမကိုကြည့်ပြီးထပ်ပြီးအသံတိတ်ရယ်မိပြန်သည်။


 "သေချာလေးနဖူးပေါ်လက်တင်ပြီးစဉ်းစားပါ

 ငါ့ရဲ့ကမ်းလှမ်းချက်က မင်းအတွက်အရူံးမရှိဘူးဆိုတာ

 နားလည်လာလိမ့်မယ်...."


 "လောလောဆယ် ရှင်ကျွန်မဘေးကနေအရင်

 သွားလိုက်တော့ ရှင့်မျက်နှာမြင်နေရတာ ကော်ဖီတောင်

 မြိုမကျတော့ဘူး....ဟွန့်..."


 "Okလေ မင်းဆက်စားပါ..."


စကားအဆုံးသူကကြင်သူ့ဘေးကနေထပြီး

ဆိုဖာကိုပြန်လျောက်သွားကာမှ ကြင်သူ,

ကိတ်မုန့်တစ်ခုကိုလှမ်းယူလျက် ပါးစပ်ထဲထိုးထည့်ရင်း 

နူးညံ့လှတဲ့ကိတ်သားအား အရွတ်တုံးတစ်ခုလို

အတင်းဖိကြိတ်ဝါးလိုက်မိတာက

သူ့အား မကျေနပ်တဲ့စိတ်ကြောင့်သာဖြစ်တော့၏။


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁


သူ့ကိုအရူံးမပေးချင်တဲ့စိတ်နဲ့ ဆေးရုံမှာဆက်ပြီးနေနေရတဲ့

နှစ်ရက်အတွင်း ကြင်သူ ထွက်ပြေးဖို့အခွင့်အရေးကို

ရှာပေမဲ့ ဆေးရုံခန်းရှေ့က တဖဝါးမခွာတဲ့ သူ့ရဲ့

လက်ထောက်နဲ့လုံခြုံရေးတွေကြောင့် အတောင်ပါရင်တောင်

ပျံထွက်သွားလို့မရခဲ့။


ဒီနေ့ကနောက်ဆုံးပဲဖြစ်၏ ညနေသူပြန်လာရင်

ကြင်သူ့ဆေးရုံကဆင်းရပြီမို့ သူ့ရဲ့အိမ်ကိုခေါ်သွားခံရတော့မှာ

ဆေးရုံမှာတောင်လွတ်လမ်းမရှိတဲ့အနေအထားမှာ

သူ့အိမ်ရောက်သွားတဲ့အခါ ကြင်သူဘယ်လိုအခြေအနေတွေနဲ့

ရင်ဆိုင်ရဦးမလဲဆိုတာမသိနိုင်ပေ။


ဟန်ဆောင်ကောင်းလွန်းတဲ့သူ့ရဲ့လှည့်ဖျားမူ့အောက်မှာ

ကြင်သူနောက်တစ်ကြိမ်ပျော်ဝင်မသွားချင်တော့....။


ကြင်သူထွက်ပြေးရမယ်...ကြင်သူ,သူ့လက်က

လွတ်အောင်ထွက်ပြေးရမယ်ဆိုတာအသေအချာပဲ

အခွင့်အရေးကကြင်သူ့အတွက်မရောက်လာခဲ့ရင်တောင်

ကိုယ်တိုင်ဖန်တီးရမယ် သူ့ဆီကနေ လွတ်မြောက်ဖို့

အတွက်ပေါ့။


 "မိန်းကလေး ဘာလိုလို့ပါလဲ...."


ဆေးရုံခန်းတံခါးကိုဖွင့်လိုက်တာနှင့် မြင်လိုက်ရတဲ့

မျက်နှာက ဧချင်း။


ကြင်သူ မသိမသာနှာခေါင်းလေးရူံ့သွားရ၏။


တနေကုန်ဒီနေရာကနေတဖဝါးမှမခွာဘဲ သူမို့လို့

နေနိုင်တယ်....။ လုံခြုံရေးတွေကတော့

ဂျူတီချိန်လဲသေးတာမို့ထားပါတော့။


 "ကျွန်မလမ်းလျောက်ထွက်ချင်လို့...."


ဒီနှစ်ရက်မှာကြင်သူ ညနေတိုင်း ဆေးရုံအောက်ကို

ခဏတဖြူတ်ဆင်းလေ့ရှိ၏။ ဆင်းတိုင်းလည်း

ဧချင်းနဲ့လုံခြုံရေးတွေက ကြင်သူ့နောက်ကနေပါလာစမြဲပင်။


 "နာရီဝက်လောက်တော့အချိန်ရပါမယ် သူဌေးက

 မကြာခင်ပြန်လာတော့မှာဆိုတော့...."


 "ကျွန်မသိပါတယ်...ကျွန်မလည်းခဏပဲဆင်းမှာပါ..."


 "ကျွန်တော်တို့ လိုက်ခဲ့ပါ့မယ်..."


 "သူတို့ကို ဒီမှာပဲထားခဲ့လိုက်ပါ..ရှင်တစ်ယောက်ထဲဆို

 ရပြီလေ..."


 "ဗျာ..."


ကြင်သူ့စကားကြောင့် ဧချင်းကအနည်းငယ်အံ့ဩ

သွားပုံတာမို့ ကြင်သူခပ်တည်တည်နှင့်ပင်...


 "ကျွန်မ ဆေးရုံအောက်ဆင်းတိုင်း ရှင်တို့က

 နောက်ကနေအကုန်လိုက်လာတာ...ကျွန်မစိတ်ရူပ်တယ်

 ရှင်တစ်ယောက်ဆို တော်ရောပေါ့ အပေါ်ကနေအောက်ကို

 ဆင်းတာပဲကိုထွက်ပြေးမှာ ကျနေတာပဲ...ပြီးတော့

 ဟိုလူကကြည့် ဒီလူကကြည့်နဲ့...."


အလိုမကျတဲ့မျက်နှာလေးနှင့်စိတ်ရူပ်သလိုပြောလိုက်တာမို့

ဧချင်းက ကြင်သူ့ကိုစာနာသွားပုံရ၏။


လုံခြုံရေးတွေကိုမျက်ရိပ်ပြပြီး ကြင်သူ့ရှေ့က

လမ်းဖယ်ပေးသည်။


 "ကျွန်တော်ပဲလိုက်ခဲ့ပေးပါ့မယ်...."


ကြင်သူဘာမှပြန်မပြောဘဲ ရုပ်တည်လေးနဲ့ပဲ

အရှေ့ကနေလှမ်းထွက်လိုက်တော့ ဧချင်းက

အနောက်ကနေထပ်ကြပ်မကွာကပ်ပါလာ၏။


ဆေးရုံအောက်ကိုရောက်တော့ အလှစိုက်ထားတဲ့

စံပယ်ရုံတွေရှေ့ကထိုင်နေကြခုံတန်းလေးမှာပဲ

ကြင်သူထိုင်လိုက်သည်။


ဧချင်းကတော့ ထုံးစံအတိုင်းဘေးမှာ လက်နှစ်ဖက်

ရှေ့ပစ်လျက်သတိအနေအထားနှင့်ခပ်မတ်မတ်ရပ်နေ၏။


၁၀မိနစ်လောက် ကြင်သူဟိုငေးဒီငေးလုပ်နေပြီးတော့

ဧချင်း ဘက်ကိုငဲ့ကြည့်လိုက်ရင်း....


 "ဒီမှာ...ရှင် ပိုက်ဆံအိတ်ပါလား...."


 "ဗျာ..ပါပါတယ်..မိန်းကလေးဘာလို့မေးတာလဲ...."


ဝတ်ထားတဲ့အပေါ်ထပ်ကုတ်အင်္ကျီရဲ့အိတ်တစ်ဖက်ကို

စမ်းရင်း ဧချင်းက ပြန်ပြောလာတော့....


 "ကျွန်မ ကော်ဖီတစ်ခွက်လောက်သောက်ချင်လို့

 ဆေးရုံကန်တင်းမှာသွားဝယ်ပေးလို့ရမလား...."


ရုတ်တရပ်ကြင်သူ့ရဲ့တောင်းဆိုမူ့ကြောင့် ဧချင်း

အခက်တွေ့သွားပုံရ၏။


 "ကော်ဖီက ရပါတယ် ဒါပေမဲ့ ကျွန်တော်သွားယူရင်

 မိန်းကလေးကတစ်ယောက်ထဲ..."


 "တစ်ယောက်ထဲကဘာဖြစ်လို့လဲ ကော်ဖီသွားယူတာ

 ဘယ်လောက်များကြာမှာကြနေတာပဲ..ဒီလောက်

 မိနစ်ပိုင်းလေးနဲ့တော့ ကျွန်မဒီနေရာမှာ ဘာအန္တာရယ်မှ

 မဖြစ်နိုင်ပါဘူး...."


 "ဒါပေမဲ့..."


 "ဘာလဲ ရှင်က ကျွန်မထွက်ပြေးမှာကြောက်နေတာလား"


 "ကျွန်တော်က..."


 "တော်ပြီ...မသွားနဲ့တော့..."


စိတ်တိုတဲ့ပုံစံနှင့်ပြောလိုက်တော့ ဧချင်းခေါင်းကုတ်ကာ

အခက်တွေ့သွားပုံရ၏။


 "ကျွန်မမေ့သွားတယ် ရှင်တို့သူဌေးက ကျွန်မကို

 အကျဉ်းသားတစ်ယောက်လိုပဲသဘောထားတာ..."


 "အဲ့လိုမပြောပါနဲ့ မိန်းကလေး...သူဌေးကမိန်းကလေးကို

 စိတ်ပူလို့ပါ..ပြီးတော့ကျွန်တော်တို့ကိုလည်း..."


 "တော်ပါတော့ဆို..."


စကားမဆုံးခင်ဖြတ်ပြောလိုက်တော့ ဧချင်းကသက်ပြင်း

ချသည်။


 "မိန်းကလေးစိတ်မဆိုးပါနဲ့ ကျွန်တော်အခုသွားယူပေးပါ့မယ်

 မိန်းကလေးဒီကနေသာဘယ်မှမသွားဘဲ

 စောင့်နေပေးပါ..."


ကြင်သူဘာမှပြန်မပြောဘဲခေါင်းငြိမ့်ပြလိုက်တော့

ဧချင်းကချာခနဲလှည့်ထွက်သွား၏။


ကြင်သူထိုမြင်ကွင်းကိုကြည့်ပြီး နူတ်ခမ်းဖူးလေးက

ုပြုံးသွားခဲ့သည်။


 "ကျွန်မရှင့်လက်ကနေလွတ်အောင်မပြေးနိုင်ဘူးလို့

 မယုံဘူး...ရှင်စောင့်ကြည့်နေလိုက်ပါ ဦးဂုဏ်ရှိန်ထည်ဝါ..."


~~~~~~~~~~~~


သွားသာသွားရတာ စိတ်ထဲမှာတထင့်ထင့်နဲ့

မြန်နိုင်သမျှမြန်အောင်ကြိုးစားပြီး ဧချင်းထိုအနားကို

ပြန်ရောက်တော့ နေရာမရွေ့ဘဲ ထိုင်နေတဲ့ ပုံရိပ်ကို

မြင်မှ သက်ပြင်းချနိုင်၏။


 "ကော်ဖီရပါပြီ မိန်းကလေး..."


 "ကျေးဇူးပဲနော်...."


ဧချင်းလက်ထဲကကော်ဖီခွက်ကိုလှမ်းယူပြီး သူမက

ပခုံးတစ်ချက်ကျုံ့သွားကာ....


 "လေတိုက်လို့လားမသိဘူး အေးလာပြီ...."


 " မိန်းကလေးအပေါ်ပြန်တက်တော့မလား..."


 "ရပါတယ် ခဏလောက်နေဦးမယ်...."


 "ဒါဆို ကျွန်တော်အပေါ်တစ်ယောက်ယောက်ကို

 လှမ်းဆက်ပြီး အနွေးထည်ယူလာခိုင်းလိုက်ပါ့မယ်..."


 "ဟင့်အင်း ထားလိုက်ပါ အကြာကြီးလည်း

 နေမှာမှမဟုတ်ဘဲ ခဏနေပြန်တက်တော့မှာပဲကို.."


ပါးစပ်ကနေသာ ငြင်းနေသော်လည်း ပခုံးလေးကျုံ့ပြီး

လက်မောင်းကိုပွတ်သပ်လိုက်တဲ့ပုံက တော်တော်အေး

နေသလိုမို့...ဧချင်းစေတနာပိုပြီး ကုတ်အင်္ကျီကို

ချွတ်လိုက်သည်။


မတော် မိန်းကလေးသာအအေးမိရင် သူဌေးက

ဧချင်းကိုအပြစ်တင်မှာ ကျိမ်းသေ၏။


 "မိန်းကလေး ကျွန်တော့်အင်္ကျီကိုခဏလောက်

 ခြုံထားလိုက်ပါ..."


 "ဪ ဟုတ် ကျေးဇူးပဲနော်..."


 "ရပါတယ်ဗျ...."


ကြင်သူ ခေါင်းလေးငြိမ့်လျက်ပြုံးပြရင်း ကော်ဖီခွက်ကို

တစ်ငုံယူသောက်လိုက်သည်။


 "အွန်း...ခါးလိုက်တာ..."


 "ဗျာ..ကော်ဖီကခါးတာလား...."


 "အင်း ဟုတ်တယ် အရမ်းခါးတာပဲ သောက်လို့တောင်

 မရဘူး သကြားခဲလေးနည်းနည်းလောက် လိုချင်လိုက်တာ"


ဧချင်းကိုကြည့်ပြောတာမဟုတ်ဘဲ ကော်ဖီခွက်ဆီ

မျက်လုံးစိုက်ရင်း မျက်နှာငယ်လေးဖြင့်ပြောနေပုံက

လျစ်လျူမရူ့ရက်နိုင်စရာဖြစ်၏။


 "ကျွန်တော် သွားယူလာပေးပါ့မယ်...."


 "ဟင်...ကျွန်မတော့ရှင့်ကိုအလုပ်တွေရူပ်မိပြီ...."


 "ရပါတယ်ဗျ...ခဏလေးနော်...."


ပထမအကြိမ်နေရာမရွေ့ဘဲထိုင်နေတာကိုယုံစားမိပြီး

ဒုတိယအကြိမ် အနားကနေခွာပြီးတစ်ယောက်ထဲ

ထားခဲ့မိတာက သူမရဲ့လှည့်စားမူ့ထဲ

တည့်တည့်မတ်မတ်ကျရောက်သွားရတာမှန်း ဧချင်း

မရိပ်မိနိုင်ခဲ့ပါဘဲ..........။


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁


 "ဘာ မရှိတော့ဘူး ဟုတ်လား...."


 "တောင်း.တောင်းပန်ပါတယ် သူဌေး....."


 "ဘယ်လိုဖြစ်ရတာလဲ ဧချင်း မင်းတစ်ယောက်လုံး

 ရှိနေလျက်နဲ့ ကြင်သူကဘာလို့ ဆေးရုံကနေ

 ပျောက်သွားရတာလဲ..."


 "ဝုန္​း!!"


နူတ်ကလည်းပြောရင်း ဂုဏ် စားပွဲကို ဒေါသတကြီး

ထုကာ ဖုန်းကိုင်ထားလျက်က ထရပ်လိုက်မိ၏။


 "ကျွန်တော် မိန်းကလေးရဲ့လှည့်ကွက်ထဲ

 ဝင်သွားတာပါ...မိန်းကလေးက.........."


ဖုန်းထဲကနေဧချင်းဆက်ရှင်းပြလာတဲ့ စကားတို့ကို

နားထောင်ရင်း ဂုဏ့်မျက်နှာကတဖြေးဖြေးနီမြန်းလာခဲ့

ရသည်။


 "ကြင်သူသက်ထား...ဒီမိန်းကလေး ဘယ်လောက်တောင်

 ဉာဏ်များလိုက်လဲ...."


 "ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်လည်း မိန်းကလေးဆီ

 ပါသွားပါတယ်သူဌေး..."


 "က်စ္​!!"


ဂုဏ် စိတ်ရူပ်စွာဖြင့် စုတ်သတ်လိုက်သည်။ဧချင်းက

ဂုဏ်အယုံကြည်ရဆုံးလက်ရုံးတပည့် ဂုဏ်အစစအရာရာ

စိတ်ချရတဲ့လူတစ်ယောက်...ဒီလိုလူကိုပါလှည့်စားပြီး

ပိုက်ဆံအိတ်ပါအပါယူကာ ဆေးရုံကနေထွက်ပြေး

သွားတယ်ဆိုကထဲက...ဂုဏ် သူမရဲ့ဉာဏ်ထက်မူ့ကို

အထင်သေးမိပြီထင်သည်။


 "မင်းရဲ့ပိုက်ဆံအိတ်ထဲမှာ ကတ်တွေပါသွားလား"


 "ပါ,ပါတယ် သူဌေး....ငွေသားလည်း၂သိန်းလောက်

 ပါသွားပါတယ်..."


 "အဲ့ဒါဆို အဲ့ဒီကတ်တွေကိုခြေရာခံထား 

 သူတစ်နေရာရာမှာကတ်ကိုသုံးလိုက်တာနဲ့ငါတို့

 ချက်ချင်းသိရအောင်..ပြီးတော့ ငါတို့လူတွေဆီကို

 ကြင်သူ့ရဲ့ဓာတ်ပုံကိုဖြန့်ပြီးမြို့အနှံ့မြေလှန်ရှာခိုင်း

 အခုချက်ချင်းလုပ်.....မိုးမချုပ်ခင်သူ့ကိုတွေ့အောင်ရှာ..."


 "ဟုတ်ကဲ့ သူဌေး..."


ဧချင်းဖုန်းချသွားနှင့် ဂုဏ် ဆုံလည်ပေါ်ပြန်ထိုင်ချလိုက်

မိတာက စိတ်ပျက်လက်ပျက်....


 "မင်းက ငါ့ကိုအလုပ်ရူပ်အောင် ကစားချင်နေတာပဲ

 ကြင်သူ.....နာရီပိုင်းလောက်တော့လွတ်လွတ်လပ်လပ်

 ပျော်လိုက်ပါ...မင်းဘယ်လိုပဲကြိုးစားကြိုးစား

 ငါ့လက်ကမလွတ်နိုင်ဘူးဆိုတာ မကြာခင်သိရမှာမို့

 မင်းစိတ်ကြိုက်ခဏတော့ပျော်လိုက်ဦး......"


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁


 "50000ksကျပါတယ်ရှင့်...."


လက်ထဲရောက်လာတဲ့ ဘောက်ချာဖြတ်ပိုင်းလေးအား

တစ်ချက်ကြည့်ပြီး ကြင်သူပိုက်ဆံအိတ်ကိုဖွင့်ကာ

တစ်သောင်းတန်၅ရွက်အား အရောင်းစာရေးမလေးကို

လှမ်းပေးလိုက်သည်။


 "ကျေးဇူးပါရှင့် နောက်လည်းညီမတို့ဆိုင်ကို

 အားပေးပါဦးနော်..."


 "ဟုတ်ကဲ့...."


ကြင်သူ လဲဝတ်ထားတဲ့ဆေးရုံအဝတ်အစားတွေထည့်ထားတဲ့

စက္ကူအိတ်လေးကိုပိုက်ပြီး အင်္ကျီနဲ့ဖိနပ်အရောင်းဆိုင်ထဲက

အပြင်ကိုပြန်ထွက်ခဲ့၏။


ကားတွေရူပ်ရှတ်ခတ်နေတဲ့ လမ်းမကြီးထက်

ဟိုဟိုဒီဒီဝေ့ကြည့်မိရင်း လူကဘယ်ကိုဆက်သွားရမလဲ

မသိဖြစ်နေသည်။


ဆေးရုံဝင်းထဲကနေထွက်လာနိုင်တာနဲ့တွေ့ရာ

တက္ကစီဌားပြီး ဟိုဟိုဒီဒီလျောက်မောင်းခိုင်းပြီး

နောက်ဆုံးအင်္ကျီအရောင်းဆိုင်တစ်ဆိုင်ကို

ရောက်ခဲ့တာက ဆေးရုံအဝတ်အစားတွေနဲ့ အဝတ်ဖိနပ်ကို

လဲဖို့အတွက်သာ....။


အခုတော့ကြင်သူ့ကိုယ်ပေါ်မှာ ဆေးရုံဝတ်စုံအစား

သခွားမွှေးရောင်ဒူးဖုံးလက်စကဂါဝန်ဖားဖားလေးနှင့်

အနက်ရောင် ဖိနပ်ပါးလေးကနေရာယူထားတာမို့

ဆေးရုံကနေထွက်ပြေးလာတဲ့လူနာမှန်း ဘယ်သူမှ

သိနိုင်တော့မည်မဟုတ်။


 "နေပါဦး ငါကအခုဘယ်ကိုသွားရမှာလဲ...."


မျက်လုံးဝိုင်းလေးနှင့်ဟိုငေးဒီငေးလုပ်နေရင်းမှ

ကြင်သူ ပလက်ဖောင်းအစပ်နားကိုတိုးလျောက်သွားကာ

လမ်းကူးဖို့ခြေချလိုက်ရုံရှိသေး....


 "တီ!! "


 "အ​ေမ့...."


ကြင်သူ့ဆီတည့်တည့်ကြီးမောင်းဝင်လာတဲ့

အနီရောင်ပြိုင်ကားလေးတစ်စီးကြောင့် လူကလန့်ဖျတ်ပြီး

ခုန်လိုက်မိတာမို့ လက်ထဲကအထုပ်က လမ်းမပေါ်ပြုတ်ကျလျက်

အထဲကပစ္စည်းတွေထွက်ကျကုန်၏။


ထိုပြိုင်ကားလေးကတော့ ကြင်သူနှင့်ထိလုထိခင်မှာ

တုံ့ခနဲရပ်တန့်သွားသည်။ ကြင်သူထိတ်လန့်စိတ်မပြယ်ဘဲ

ကြောင်ပြီးရပ်နေမိစဉ်မှာပဲ ကားပေါ်ကဆင်းလာတာက

ခေတ်ဆန်ဆန်လှပလွန်းနေသော မိန်းကလေး

တစ်ယောက်.....


 "နင်ဘယ်လိုလမ်းကူးနေတာလဲ ကားတစ်စီးလုံး

 လာနေတာမမြင်ဘူးလား...ဘာလဲငွေလိုချင်လို့ ဂွင်ဖန်

 နေတာလား နင်.ဟင်..."


နူတ်ကနေတရစပ်ပြစ်တင်စကားဆိုရင်း အနီရဲရဲ

ပန်ဆယ်ဟီးအမြင့်ကြီးကိုစီးထားတဲ့ထိုမိန်းကလေးက

ဒေါသတကြီး အနားကိုလျောက်လာပြီးမှ ကြင်သူ့ကို

မြင်တဲ့အခါ တအံ့တဩဖြစ်သွားသည်။


 "နင်.နင် ကြင်သူသက်ထား...."


ရုတ်တရပ်ထိုမိန်းကလေးရဲ့နူတ်ကနေ

ကြင်သူ့နာမည်ကိုခေါ်လိုက်တာကိုကြားလိုက်ရတဲ့အခါ

ကြင်သူအံ့ဩသွားရသည်။


 "ရှင် ကျွန်မကိုသိနေတာလား...."


အလှဋီကာသည် သူမရှေ့မှာရပ်နေသောမိန်းကလေးကို

တစ်လှည့် လမ်းမပေါ်မှာ ပြန့်ကျဲနေတဲ့ ဆေးရုံဝတ်စုံကို

တစ်လှည့်ကြည့်ကာ အခြေအနေကိုနားမလည်နိုင်အောင်

ဖြစ်သွားခဲ့ရ၏....။


ဒီမိန်းကလေးက ကိုဂုဏ့်ခေါ်လာတဲ့ကြင်သူသက်ထားဆိုတဲ့

မိန်းကလေးပဲ...သူမကဆေးရုံကနေမဆင်းရသေးဘူးလို့

ကြားထားတာ..အခုဘယ်လိုလုပ်ဒီနေရာကို

ရောက်နေတာလဲ...သူမကိုယ်ပေါ်ကဆေးရုံအဝတ်အစား

မဟုတ်ပေမဲ့ လမ်းမပေါ်မှာပြုတ်ကျနေတာက

ဆေးရုံအဝတ်အစားတွေ....သူမဆေးရုံက

ထွက်ပြေးလာတာလား.....


 "ဒီမှာ...ကျွန်မမေးနေတယ်လေ"


ရုတ်တရပ်သူမအတွေးလွန်သွားစဉ်မှာပဲ ထိုမိန်းကလေးရဲ့

ခေါ်သံကိုကြားမှအသိဝင်လာရ၏။


 "ရှင် ကျွန်မကိုသိတယ်မဟုတ်လားဟင်...

 ရှင်ကဘယ်သူလဲ..."


တစ်ခုခုကိုမျှော်လင့်နေသလိုမျက်ဝန်းအကြည့်တွေဖြင့်

သူမကိုမေးခွန်းထပ်ထုတ်လာတဲ့ မိန်းကလေးကို

ကြည့်ပြီး အလှဋီကာ ဘာပြောရမှန်းမသိဖြစ်သွားတော့ရင်း......။


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁


 "တို့နာမည်က အလှဋီကာပါ...."


စားသောက်ဆိုင်ကြီးတစ်ခုထဲက ထောင့်ကျကျစားပွဲမှာ

မျက်နှာချင်းဆိုင်ထိုင်နေရင်း ကိုယ့်ကိုကိုယ်

မိတ်ဆက်လာတဲ့ မိန်းမလှလေးကို

ကြင်သူဘယ်လိုမှရင်းနှီးနေသလိုမခံစားရပေ။


 "ရှင်က ကျွန်မနဲ့တစ်ကယ်ရင်းနှီးတာလားဟင်

 ဟို အဲ့လိုမေးလို့တစ်မျိုးမထင်ပါနဲ့နော်...ကျ.ကျွန်မက

 အက်စီးဒင့်တစ်ခုကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးနေလို့ပါ.."


 "တို့သိပါတယ်....."


 "ဟင်...ရှင်ကဘယ်လိုသိတာလဲ..."


အံဩတကြီးပြန်မေးလာတဲ့မိန်းကလေးကိုကြည်ပြီး

အလှဋီကာ အသိခက်စွာပြုံးလိုက်၏။


ကိုဂုဏ့်ရဲ့မိန်းကလေးဆိုတဲ့ကြင်သူသက်ထား

သူမနဲ့ဒီလိုလာဆုံရတာကအခွင့်အရေးကောင်းတစ်ခုပဲ...။


ပိုကောင်းတာက အလှဋီကာ ထိုမိန်းကလေးကို

ကောင်းကောင်းသိပေမဲ့ ထိုမိန်းကလေးကတော့

အလှဋီကာကို လုံးဝမသိခြင်းပင်....။


 "တို့ကမင်းကိုသိတယ်ဆိုတာ တို့ကကိုဂုဏ်နဲ့

 ပတ်သတ်နေလို့လေ...."


 "ရှင်!!...ဒါဆို..ရှင်က ဟိုအရင်းရှင်ကြီး အဲ

 ဦးဂုဏ်ရှိန်ထည်ဝါနဲ့ဘယ်လိုပတ်သတ်တာလဲ..."


 "ဇနီးလောင်း!!"


 "ဟင်!!"


 "အို!!"


`ဇနီးလောင်း´ဆိုတဲ့ဖြေသံက အလှဋီကာဆိုတဲ့

မိန်းကလေးဆီကမဟုတ်ဘဲ ရင်းနှီးနေတဲ့ယောကျာ်း

တစ်ယောက်ရဲ့အသံဖြစ်နေတာကြောင့် ကြင်သူ

`ဟင်´ခနဲဖြစ်သွားရသလိုပဲ အလှဋီကာကလည်း

တစ်ခုခုကိုမြင်လိုက်သလိုအာမေဋိတ်သံနှင့်အတူ

အထိတ်တလန့်ဖြစ်သွားတာမို့ ကြင်သူအနောက်ကို

လှည့်ကြည့်ဖို့ပြင်လိုက်ချိန်မှာ အနောက်ကနေရောက်လာတဲ့

တစ်စုံတစ်ယောက်ရဲ့လက်တစ်ဖက်က ကြင်သူ့

ပခုံးလေးကိုခပ်တင်းတင်းဖိဆုပ်လိုက်ခြင်းကို

ခံလိုက်ရ၏။


 "တိတိကျကျ ပြောရရင် ငါအလိုမရှိလို့ ပစ်ထုတ်လိုက်တဲ့

 သူပေါ့...."


ဒီတစ်ခါကြားလိုက်ရတဲ့သံနား,နားမှာနီးနီးကပ်ကပ်

ကြင်သူခေါင်းလေးကိုဖျတ်ခနဲခေါင်းလေးငဲ့မော့ကြည့်လိုက်

တဲ့အခါ...စူးလက်နေတဲ့မျက်ဝန်းတွေနဲ့ ကြင်သူ့ကို

စီးမိုးစိုက်ကြည့်နေသူက....


 "ရှင်.ရှင်..."


 "ဘယ်လိုလဲ...ထွက်ပြေးရတာပျော်ရဲ့လား

 လူဆိုးမလေး....."


ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁


ဆက်ရန်^^^^^


Writer by

#Hazel


rate now: