❤ ချစ်ရပါသောတရားဝင်ခင်ပွန်း ❤
[ ကြမ္မာစေရာရွှေဖူးစာ ]
----------------
"ငါ လူယုတ်မာ,မဟုတ်ဘူး......"
ပြင်းပြလိူက်မောမူ့များနှင့် နူးညံ့မူ့ကင်းမဲ့စွာဖြင့်
ကြာမြင့်စွာဖြစ်တည်နေခဲ့သောသူ့နူတ်ခမ်းလွှာတွေရဲ့
လူပ်ရှားမူ့တွေအဆုံးသတ်သွားချိန်မှာ...အသက်ရူသံခပ်
ပြင်းပြင်းရဲ့ကြား လိူက်မောစွာထွက်ပေါ်လာခဲ့သော
စကားသံ။
"ရူပ်ထွေးနေတဲ့မင်းရဲ့မှတ်ဉာဏ်ကြား မင်းမှတ်မိခဲ့တဲ့
ဘယ်တစ်ပိုင်းတစ်စက ငါ့ကိုလူယုတ်မာအဖြစ်
တွန်းပို့နေတာလဲဆိုတာငါသိပေမဲ့...ငါကမင်းဘဝကို
ဘယ်တုန်းကမှမနင်းခြေမဖျက်ဆီးခဲ့ဖူးဘူး...."
သူ့ရဲ့စကားသံတွေကိုနားထဲမှာအတိုင်းသားကြားနေပေးမဲ့
လူက အသက်ရူရတာကမောက်ကမဖြစ်တဲ့အထိ
မောဟိုက်နေလျက်..အဆမတန်ခုန်ပေါက်နေတဲ့
နှလုံးသားကြောင့် ဘာစကားမှပြန်မပြောနိုင်ခဲ့.....။
သူ့မျက်ဝန်းတွေ...အမြဲတမ်းစိန်ပွင့်တွေလိုစူးလက်နေတဲ့
သူ့မျက်ဝန်းတွေက...အခုကြင်သူ့ကိုကြည့်နေတဲ့အချိန်မှာ
ဘာလို့ အံ့ဩဖို့ကောင်းအောင်ရီဝေနေရတာလဲ....??
"ခုချိန်မှာ မင်းငါပြောသမျှကိုမယုံကြည်နိုင်ဖြစ်နေမှာကို
သိပေမဲ့...ဒီတစ်ခုကိုတော့ မင်းသေချာမှတ်ထားပေး
မင်းအတွက် အခုချိန်မှာငါကလွဲပြီး ဘယ်သူ့မှ
ရှိမနေဘူး...."
ထိုအချိန်ထိ ကြင်သူ,သူ့ကိုတိတ်ဆိတ်မှင်သက်စွာ
ငေးကြည့်နေခဲ့မိဆဲ.....။
တစ်ကယ့်ကိုရူပ်ထွေးသွားတဲ့အတွေးစတို့ကြား
ကြင်သူသေချာသိလိုက်တာတစ်ခုကတော့.......
ဤယောကျာ်းက တစ်ကယ့်ကိုနားလည်ရ
ခက်တဲ့လူတစ်ယောက်ပါလား??
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_🍁🍁
"ဆေးရုံကဆင်းရင်ကျွန်မရှင့်ရဲ့အိမ်ကိုလုံးဝမလိုက်နိုင်ဘူး...."
"ငါနဲ့အတူမလိုက်ဘူးဆိုရင် ဒီနိုင်ငံမှာ မင်းတခြား
သွားစရာဘယ်နေရာရှိသေးတယ်ထင်လို့လဲ...."
သူ့ကိုမကြည့်ချင်မမြင်ချင်တဲ့အထိ စိတ်ထဲမှာခါးသီးနေ၍
မျက်နှာလေးလွှဲပြီးပြောလိုက်တဲ့ကြင်သူ့ရဲ့စကားကို
အေးဆေးစွာတုံ့ပြန်လာတဲ့စကားသံကြောင့်....
ကြင်သူ မျက်ဝန်းစူးစူးလေးတွေနှင့်သူ့ကိုပြန်ငဲ့ကြည့်မိ
သွားရပြန်သည်။
ဆေးရုံကုတင်ဘေးက ဆုံလည်ခုံမှာခြေချိတ်ထိုင်နေတဲ့
သူ့ရဲ့ပုံစံက သူ့ရဲ့လေသံအတိုင်းပဲအလွန်အင်မတန်မှ
အေးဆေးနေခဲ့၏။
"ရှင် ဘယ်လိုတောင်တရားမျှတမူ့မရှိရတာလဲ
ဦးဂုဏ်ရှိန်ထည်ဝါ...ကျွန်မကအရုပ်တစ်ရုပ်မဟုတ်ဘူးနော်"
"အဲ့တော့..."
စကားထောက်ပေးပြီးမေးဆတ်ပြလာပုံက ဆက်ပြောဆိုတဲ့
အဓိပ္ပါယ်နှင့် ကြင်သူ, သူ့ရဲ့အထက်စီးဆန်လှတဲ့ပုံစံကို
ကြည့်ပြီး ဒေါသတွေတလိပ်လိပ်တက်လာရရင်း
လူယုတ်မာဟု စိတ်ထဲကနေအကြိမ်ကြိမ်အော်ဟစ်လိုက်
ိလိုက်မိတာက...မထင်ရင်မထင်သလိုကြမ်းတမ်းစွာ
ပြုမူတတ်တဲ့သူ့အကြောင်းကိုမကြာသေးမီအချိန်ကမှ
သေသေချာချာကိုသိထားတာမို့နူတ်ကနေ(လူယုတ်မာ)
ဟုထပ်မထွက်ရဲတာကြောင့်ဖြစ်သည်။
"ရှင့်ရဲ့အကူအညီမပါဘဲ ကျွန်မကိုယ့်ကိုကိုယ်
မစောင့်ရှောက်နိုင်ဘူးလို့မယုံဘူး...."
"မင်းပုံစံနဲ့လား......အဟင်း"
"ရှင် ကျွန်မကိုအဲ့လိုအကြည့် အဲ့လိုပုံစံနဲ့
လှောင်ပြောင်သရော်ဖို့မကြိုးစားပါနဲ့...ကျွန်မမျက်လုံး
နှစ်လုံးပွင့်လာကထဲက အလိမ်အညာတွေစကားတွေနဲ့ပဲ
လမ်းခင်းခဲ့တဲ့ရှင့်လက်ထဲမှာရော..ကျွန်မ
ဘယ်လောက်ထိ လုံခြုံနိုင်မှာမို့လို့လဲ...."
"ငါမင်းကိုလိမ်ညာခဲ့တယ်ဆိုတာက...ငါ့မှာ
တစ်ကယ်ပဲရွေးချယ်စရာမရှိဖြစ်နေလို့...ပြီးတော့
အရာအားလုံးကအလိမ်အညာမဟုတ်ပါဘူး...
တစ်ဝက်ကအလိမ်အညာတွေဆိုပေမဲ့...တခြားတစ်ဝက်
ကတော့အမှန်တွေပဲလေ....ဥပမာ မင်းရဲ့အသက်နဲ့
မင်းတက်နေတဲ့ကျောင်းကိုတော့ငါမညာခဲ့ဖူးလေ..."
"ရှင် ပြောရဲသေးတယ်နော်....ရှင်က အဲ့လိုမျက်နှာပြောင်
တိုက်တတ်တဲ့သူမျိုးလား...."
ကြင်သူ စိတ်တိုတိုနဲ့ပြောလိုက်တာကိုသူကဘာမှပြန်
မချေပဘဲ ပခုံးနှစ်ဖက်ကိုစုံတွန့်ပြသည်။
ကြင်သူ, သူ့ကိုကြည့်ပြီး နူတ်ခမ်းလေးဖိကိုက်လိုက်မိသည်။
"ပြောရရင်တစ်ကယ်တမ်း ငါ့ကိုမင်းကသာအရင်လိမ်ညာ
လှည့်စားသွားတာ..."
"ရှင်ဘာပြောတယ်....."
"မင်း အဖေရဲ့အကြွေးတွေကိုလျော်ပေးဖို့ မင်းငါနဲ့
ဟန်ဆောင်လက်ထပ်ဖို့သဘောတူပြီးမှ မင်း
ငါ့ကိုလှည့်စားပြီးထွက်ပြေးခဲ့တာလေ....အကယ်၍
အဲ့နေ့ကသာ မင်းထွက်ပြေးဖို့မကြိုးစားခဲ့ဘူးဆိုရင်
မင်းထိခိုက်မူ့ဖြစ်ပြီးမှတ်ဉာဏ်တွေပျောက်ဆုံး
ခဲ့ရမှာမဟုတ်ဘူး...."
"ရှ.ရှင်ဘာပြောလိုက်တယ်...ကျွန်မကရှင်နဲ့
ဟန်ဆောင်လက်ထပ်ဖို့သဘောတူပြီးမှ ထွက်ပြေးခဲ့တယ်
ဟုတ်လား..."
"အင်း!!"
ခပ်အေးအေးပင်ပြန်ဖြေပြီးသူကခေါင်းငြိမ့်ပြသည်။
"ဒီအခြေအနေကိုရောက်မှတော့ ငါလည်းမင်းကို
ဆက်ပြီးဖုန်းကွယ်ဖို့စိတ်ကူးမရှိတော့ဘူး........
အစကတော့ ငါမင်းသတိရလာတာနဲ့ ငါတို့ရဲ့
သဘောတူညီချက်အတိုင်း လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးခိုင်းဖို့စီစဉ်ထားခဲ့တာ...မထင်မှတ်ဘဲ
မင်းကပြန်သတိရလာချိန်မှာမှတ်ဉာဏ်တွေပျောက်ဆုံး
သွားခဲ့တယ်..ငါ့မှာတစ်ကယ်အချိန်မရှိခဲ့ဘူး...အဲ့ဒါကြောင့်
မင်းအတိတ်မေ့နေတဲ့အခြေအနေကို အသုံးချပြီး
ငါတို့နှစ်ယောက်က လက်ထပ်ပြီးသားပါလို့ မင်းယုံအောင်
ငါလိမ်ညာခဲ့ရတယ်...."
"ဒါဆို လက်ထပ်စာချုပ်တွေကအတုတွေပေါ့...."
ကြင်သူ မျက်လုံးပြူးလေးနှင့်မေးမိတော့သူက
နောက်ထပ်ခေါင်းငြိမ့်ပြသည်။
"ဒီလူလိမ်ကတော့!!"
စိတ်တိုတိုနဲ့သူ့ကိုထုရိုက်ဖို့ မြောက်တက်သွားတဲ့ကြင်သူ့
လက်လေးကို သူက ဖျပ်ခနဲဖမ်းဆုပ်လိုက်သည်။
"ရှင်က အစအဆုံးကျွန်မကိုလိမ်ညာခဲ့တာပဲ...."
"ငါပြောပြီးပြီလေ ငါ့မှာရွေးချယ်စရာမရှိလို့ဆိုတာ..."
"ရှင် ဘာလို့ကျွန်မနဲ့ဟန်ဆောင်လက်ထပ်ချင်ရတာလဲ..."
"အဲ့ဒီ့အကြောင်းက ဖုန်းထဲကလူ မင်းကို
ငါ့အကြောင်းပြောပြခဲ့တာနဲ့ အတူတူပဲ..."
"ဒါဆို ရှင်က ရှင့်မိသားစုရဲ့အမွေကိုမဆက်ခံချင်တာနဲ့
ရှင့်မိသားစုကရွေးချယ်ပေးတဲ့မိန်းကလေးနဲ့လက်
မထပ်ချင်တာနဲ့ပဲ ကျွန်မကိုဟန်ဆောင်လက်ထပ်
တာပေါ့..."
"အင်း!!"
ဒီတစ်ခါသူ့ရဲ့ဖြေသံကအနည်းငယ်ပျော့ပြောင်းနေလျက်
ကြင်သူ့လက်ကိုလွှတ်ပေးသည်။
"ငါ လွန်ခဲ့တဲ့တစ်လကမင်းအဖေရဲ့ကိစ္စကြောင့်
အင်္ဂလန်ကိုမရောက်လာခင်ကထဲက ဒီပြသာနာတွေ
ရှိနေခဲ့တာ...ဆက်ခံသူဆိုတဲ့နေရာကိုရော ရဲတိုက်က
ရွေးချယ်ပေးတဲ့သတို့သမီးကိုရောငါငြင်းပယ်နေခဲ့တာ
တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပေမဲ့ ငါ့အမေကငါ့ကို
အလျော့မပေးခဲ့ဘူးလေ...မထင်မှတ်ဘဲ မင်းအဖေရဲ့
ပြသာနာပေါ်လာလို့ ငါအင်္ဂလန်ကိုရောက်နေခဲ့တဲ့
အချိန်မှာ ငါ့အတွက်ရွေးချယ်ထားတဲ့သတို့သမီးလောင်း
ဘက်ကနေ ငါသဘောတူဖို့စိတ်ကူးမရှိတဲ့မင်္ဂလာပွဲ
အကြောင်းကို မီဒီယာတွေနဲ့အကျယ်တဝင့်ဖြစ်အောင်
လုပ်ခဲ့တယ်လေ....ပိုပြီး ဒေါသဖြစ်ဖို့ကောင်းတာက
ငါ့အမေက သတို့သမီးလောင်းမိသားစုရဲ့အဲ့ဒီ့လုပ်ရပ်ကို
မကန့်ကွက်ခဲ့တာပဲ...."
"............"
"အဲ့ဒီ့မှာ ငါနားလည်လိုက်တာက ဒီပြသာနာတွေဖြေရှင်းဖို့
ကြီးမားတဲ့အခြေအနေတစ်ရပ်ကိုငါဖန်တီးရတော့မယ်
ဆိုတာပဲ....ဆက်ခံသူနေရာကိုရောအဲ့ဒီ့သတို့သမီးကို
ငါ ငြင်းနိုင်ဖို့က တိကျတဲ့အခြေအနေက မိန်းမ
တစ်ယောက်နဲ့ဟန်ဆောင်လက်ထပ်ဖို့ပဲ...."
"ဘာလို့လဲ...ဘာလို့ အဲ့ဒီ့မိန်းမကကျွန်မဖြစ်နေရတာလဲ
ကျွန်မက ရှင့်အပေါ်အပြစ်ရှိခဲ့တဲ့သူဖြစ်နေလို့လား..
ကျွန်မအဖေရဲ့ဒေါ်လာ6billionအကြွေးတွေအတွက်
ကျွန်မကရှင့်ကိုကျိမ်းသေပေးဆပ်သင့်တယ်လို့
ရှင်တွေးခဲ့တာကြောင့်လား...."
ကြင်သူ့စကားကြောင့်သူက ခဏမျှငြိမ်သက်သွားခဲ့ပြီးမှ
ကြင်သူ့ကိုပြန်ကြည့်လာခဲ့ကာ.....
"မင်းပြောတာမှန်ပါတယ် ငါမငြင်းဘူး...."
တည်ငြိမ်စွာဝန်ခံလာတဲ့သူ့စကားကြောင့်
ကြင်သူ့နှလုံးသားက ဆစ်ခနဲနာကျင်သွားခဲ့ရ၏။
"ဒေါ်လာ6billionအတွက် မင်းငါ့ရဲ့ကမ်းလှမ်းချက်ကို
သဘောတူပြီးကာမှ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်...
ဒါပေမဲ့...မင်းလန်ဒန်ကနေထွက်သွားဖို့ မြေအောက်
ရထားဘူတာကိုသွားတဲ့ဝေလီဝေလင်းအချိန်မှာ
မင်းဌားသွားတဲ့ကားက accidentဖြစ်ခဲ့တာ....
အဲ့ဒီ့မှာမင်းဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ခဲ့မိတယ်...
ငါမင်းကိုလန်ဒန်ကဆေးရုံတစ်ခုမှာဆေးကုသပေးနေချိန်မှာပဲ
ဒီက ငါ့ရဲ့ကိစ္စတွေအတွက်ထပ်ပြီးအချိန်ဆွဲလို့မရတော့လို့...
လန်ဒန်ကဆေးရုံကနေမင်းကို private flightနဲ့
မြန်မာပြည်ကိုပြန်ခေါ်လာခဲ့တာ....."
"ဒီတစ်ခါရော ရှင်ပြောတာတွေကအမှန်တွေပါလို့
ကျွန်မကဘယ်လိုယုံရမလဲ...."
"ငါ့ရဲ့လက်ရှိအခြေနေမှန်ကို မင်းကိုဖွင့်ထုတ်ပြခဲ့ပြီးပြီပဲ
ယုံတာမယုံတာကတော့ မင်းရဲ့သဘောအတိုင်းပေါ့..."
သူ့စကားအဆုံးကြင်သူ တိတ်ဆိတ်သွားရရင်း
မျက်လွှာလေးချလိုက်မိ၏။
"ကျွန်မအဖေက လူလိမ်မဖြစ်နိုင်ဘူး...."
ပြောရင်း ကြင်သူ , သူ့ကိုမျက်လွှာပင့်လျက်ပြန်ကြည့်
လိုက်သည်။
"အခုချိန်မှာ ကျွန်မဘာကိုမှရေရေရာရာမမှတ်မိနိုင်သေးပေမဲ့
ကျွန်မအဖေကရှင်ပြောသလို လူလိမ်တစ်ယောက်
မဖြစ်နိုင်ဘူး...ကျွန်မအသေအချာခံစားမိနေတယ်
ပြီးတော့ ဘယ်လိုဖခင်မျိုးက ဒီလိုအခက်အခဲကြားထဲမှာ
သမီးတစ်ယောက်လုံးကိုပစ်ပြီးကိုယ်လွတ်ရုန်းသွားမှာလဲ...."
"ငါလည်း အဲ့ဒီ့အတွက်တစ်ကယ်ကိုအံ့ဩခဲ့ရတာပဲ
ဘာလို့ မင်းအဖေကမင်းကိုတစ်ခါထဲခေါ်မသွားခဲ့လဲ
ဆိုတာကိုပေါ့....ငါမင်းအဖေနဲ့သိခဲ့တာနှစ်ချီနေခဲ့ပြီ
ငါသူ့ကိုငါ့ရဲ့လူယုံတစ်ယောက်လိုမျိုး ယုံလည်းယုံကြည်
ခဲ့တယ်....အဲ့လိုလူမျိုးက ဒေါ်လာ6billionအတွက်နဲ့
ငါ့ရဲ့ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်သွားခဲ့တာက..
ငါ့အတွက်ခွင့်လွှတ်နိုင်စရာအခြေအနေမဟုတ်ခဲ့ဘူး...
ငါအမုန်းဆုံးက ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်တတ်တဲ့
အဲ့လိုလူလိမ်လူညာတွေပဲ...."
"ရှင်စကားကို အဲ့လိုတစ်ဖက်စောင်းနင်းမပြောနဲ့လေ
တစ်ကယ်လို့ကျွန်မရဲ့အဖေကရှင့်ရဲ့ငွေတွေကို
လိမ်ပြေးသွားတာမဟုတ်ဘဲ...ရှင်မသိနိုင်တဲ့
အခြေအနေ တစ်ခုခုနဲ့ကြုံတွေ့ခဲ့ရတာဆိုရင်ရော
ရှင် ဘယ်လိုလုပ်မလဲ...."
"ငါက ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကိုအသေအချာ
မစုံစမ်းခဲ့ဘူးလို့မင်းထင်လို့လား...မင်းအဖေက
ငါ့ရဲ့ငွေတွေနဲ့ခြေရာဖျောက်သွားခဲ့တာ...."
ဂုဏ့်ရဲ့စကားကြောင့် သူမမျက်နှာလေး
သိသိသာသာပဲညိုးနွမ်းသွားကြောင့် ဂုဏ် သက်မတစ်ချက်ကို
ပင့်ရိူက်ပြီး မျက်ဝန်းတွေကိုတစ်ချက်ဖိပိတ်လိုက်သည်။
"ကဲပါ..အဲ့ဒီ့အကြောင်းတွေထားလိုက်ပါတော့
ငါမင်းကို စိတ်ဆင်းရဲအောင် မလုပ်ချင်ဘူး...."
"ရှင်အခုမှသူတော်ကောင်းလိုလုပ်မနေပါနဲ့..
ကျွန်မကိုအနိုင်ကျင့်တုန်းကကျင့်ခဲ့ပြီး...ကျွန်မအဖေကြောင့်
ရှင့်ရဲ့ငွေတွေဆုံးရူံးခဲ့ရတယ်ဆိုရင်တောင်...မှတ်ဉာဏ်တွေ
ပျောက်နေတဲ့လူမမာတစ်ယောက်ကိုလိမ်ညာအသုံးချပြီး
ရှင့်ရဲ့ပြသာနာတွေကိုဖြေရှင်းခဲ့တာက..ဘယ်လောက်လွန်လဲ..."
"အဲ့ဒီ့စကားက ဟုတ်ပေဟုတ်ရဲ့နဲ့ အဖေအတွက်
အပေးအယူလုပ်ပြီးမှ ငါ့ကိုလှည့်စားပြီးထွက်ပြေးဖို့
ကြိုးစားခဲ့တဲ့မင်းပြောသင့်တဲ့စကားဟုတ်ရဲ့လား...
တစ်ကယ်တမ်းမင်းသာအဲ့ဒီ့နေ့ကထွက်မပြေးခဲ့ရင်
မင်းအခုလိုထိခိုက်ရမှာမဟုတ်ဘူးလေ...."
"ရှင်...ဟွန့်..."
ဂုဏ့်စကားကိုဘာမှထပ်ပြီးမချေပလာနိုင်တော့ဘဲ
ဟွန့်ခနဲမဲ့ကာ အိပ်ရာပေါ် ဘုတ်ခနဲပစ်လှဲချလိုက်တာက
ဂုဏ့်ဘက်ကိုကျောပေးလျက်သား......။
ကလေးဆန်လွန်းတဲ့သူမရဲ့အမူအယာကြောင့်
ဂုဏ်ရယ်မိသွားခဲ့ရရင်းခုံပေါ်ကထကာ ကုတင်ပေါ်
တင်ပါးလွှဲထိုင်ပြီး သူမကျောပြင်လေးကိုခပ်ဖွဖွပုတ်လိုက်တော့
သူမကိုယ်လေးတစ်ချက်တွန့်သွားသည်။
"အကယ်၍ အခုငါပြောသမျှကိုမင်းယုံတယ်ဆိုရင်
ဒီတစ်ခုကိုလည်းထပ်ပြီးယုံကြည်ဖို့ကြိုးစားကြည့်ပါ
ကြင်သူ...ငါမင်းကိုပြောခဲ့သလိုပဲ မင်းဘေးမှာအခုငါပဲ
ရှိတယ်..မင်းကိုကာကွယ်ပေးနိုင်တဲ့ တစ်ယောက်ထဲသော
သူကလည်း ဂုဏ်ရှိန်ထည်ဝါဆိုတဲ့ငါပဲဆိုတာကိုပေါ့..."
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_🍁🍁
သူ့ကို ဆန္ဒပြတဲ့အနေနဲ့ ညစာကိုလုံးဝမစားဘဲ
ဘူးခံငြင်းခဲ့တဲ့အကျိုးက ညဉ့်ဦးယံမှာပဲ ဗိုက်က
တဂွီဂွီမြည်လာ၏။
ဆေးသွင်းတာလည်းကုန်သွားပြီမို့ လက်ကပိုက်ကို
ဖြုတ်ကာ...ကုတင်ပေါ်ဟိုလူးဒီလိမ့်နဲ့ ဆာလောင်တဲ့
ဝေဒနာကို ကြိတ်မှိတ်မြိုသိပ်သော်လည်းမရတဲ့အဆုံး
ကြင်သူ ဆတ်ခနဲထထိုင်မိသည်။
"ဟင့်...အကျင့်မကောင်းတဲ့ဗိုက်ကလည်း ဘာလို့
အဲ့လောက်တောင်ဆာနေတာလဲ...."
နူတ်ခမ်းလေးဖိကိုက်ညည်းညူမိရင်းရူံ့မဲ့နေရတဲ့ကြင်သူ
ဆေးရုံခန်းထဲက ဆိုဖာရှည်ကြီးပေါ်မှာရှိနေတဲ့ သူ့ကို
လှမ်းကြည့်လိုက်တော့....
ဆိုဖာကိုခပ်လျောလျောမှီလျက် ခြေချိတ်ထိုင်နေတဲ့သူက
ပေါင်ပေါ်တင်ထားတဲ့ Laptopကို စိတ်ဝင်တစား
ကြည့်နေတာမို့ ကုတင်ပေါ်မှာလူပ်လူပ်ရွရွဖြစ်နေတဲ့
ကြင်သူ့ကိုသတိထားမိဟန်မတူဘဲ...အိပ်နေပြီလို့
ထင်နေပုံရ၏။
"အလိုက်ကန်းဆိုး မသိတဲ့လူကြီး...."
ကြင်သူ စိတ်ထဲကနေမကျေမနပ်ရေရွတ်လိုက်မိသည်။
သူ့ကိုစိတ်ဆိုးဒေါသဖြစ်နေတဲ့အချိန်တုန်းက
ညစာစွပ်ပြုတ်ပန်းကန်ကိုကြင်သူ ခွဲပစ်လိုက်တယ်ဆိုပေမဲ့
မသ,ကာ အိပ်ခါနီး ဗိုက်မဆာဘူးလားလို့အလိုက်တသိ
ထပ်မေးပါဦးလား??
"ဟွန့်...."
အတွေးနဲ့ ထွက်သွားရတဲ့မဲ့သံလေးက တိတ်ဆိတ်နေတဲ့
ဆေးရုံခန်းထဲ လွင့်ပျံ့သွားတော့ နားပါးလှသည့်သူကလည်း
ကြားသွားပုံရကာ ကြင်သူရှိရာဘက်ကိုလှမ်းကြည့်လာပြီး
ကုတင်ပေါ်မှာထိုင်နေတဲ့ ကြင်သူ့,ကိုမြင်တော့
Laptopကို ချပြီး ထိုင်ရာကထကာ အနားရောက်
လာသည်။
"တရေးနိုးလာတာလား...ဘာလို,လို့လဲ..."
"ဘာမှမလိုဘူး..."
ဘုဆတ်ဆတ်ပြောရင်း မျက်စောင်းထိုး
မျက်နှာလွှဲလိုက်ပေမဲ့....
"ဂြီ!!"
အလိုက်မသိတဲ့ဗိုက်က အကျယ်ကြီးထအော်လာတဲ့အခါ...
"ဟင်..."
အာမေဋိတ်သံလေးနှင့်အတူကြင်သူ
ဗိုက်ကိုလက်နှစ်ဖက်နှင့်ဖိရင်းသူ့အားကပျာကယာ
မော့ကြည့်လိုက်လျှင်....ပြုံးစေ့စေ့ဖြင့် ကြင်သူ့ကို
စီးမိုးကြည့်နေတဲ့သူ့ကြောင့် ရှက်ရွံ့သွားခဲ့ရ၏။
"ဗိုက်ဆာနေတာလား...."
"မ.မဆာပါဘူး...."
"အဟွန်း...လိမ်နေပြန်ပြီ မင်းဗိုက်က
ဒီလောက်အော်နေတာကို...ဒါနဲ့များ ဘာလို့
ညစာစားရမဲ့အချိန်မှာ ကလန်ကဆန်လုပ်ပြီး
စွပ်ပြုတ်ပန်းကန်ကိုခွဲပစ်လိုက်သေးလဲ..."
"ရှင်ဘာမှလာပြီး ကြင်သူ့ကိုအပြစ်မတင်နဲ့
အဲ့ဒါရှင့်ကြောင့်ပဲလေ...ရှင့်ကိုစိတ်ဆိုးလို့စိတ်တိုလို့..."
ခုထိလည်း ဂုဏ့်ကိုကျေနပ်ပုံမရသေးတဲ့သူမက
နူတ်ခမ်းလေးစုထော်ကာ ကလေးလိုရန်တွေ့နေသေးတာကြောင့်
အသံတိတ်ရယ်မိပြန်သည်။
"ဒီအချိန်ဆို ဆေးရုံကန်တင်းမှာ ကော်ဖီနဲ့မုန့်တော့
ရမှာပါ ဧချင်းကိုသွားယူခိုင်းလိုက်မယ်...."
အစားအသောက်အသံကြား၍ကြင်သူ့မျက်နှာလေး
အနည်းငယ်ပြေကျသွားရ၏။
သူကတော့ကြင်သူ့ကိုတစ်ချက်ကြည့်ပြီးဆေးရုံခန်းထဲက
ထွက်သွားသည်။
၁၅မိနစ်လောက်ကြာတော့ ကော်ဖီနဲ့မုန့်ထည့်ထားတဲ့
ဗန်းကိုကိုင်ပြီး ဆေးရုံခန်းထဲသူပြန်ဝင်လာ၏။
"ဗိုက်အရမ်းဆာနေပြီလား...ကော်ဖီသောက်ပြီး
မုန့်စားလိုက်..."
ဗန်းကိုစားပွဲပေါ်တင်ပြီး သူက ကော်ဖီခွက်ကိုအောက်က
လက်သုတ်ပဝါ ခံပြီး ကြင်သူ့လက်ထဲထည့်ပေးသည်။
"ပူတယ်...သတိထား...."
ကြင်သူ, သူ့ကိုဘာမှပြန်မပြောဘဲကော်ဖီကို
တစ်ငုံမူတ်သောက်ပြီး ကိတ်မုန့်တစ်ချပ်ကိုလှမ်းယူ
စားလိုက်တော့ သူက ဘေးမှာဝင်ထိုင်သည်။
ဗိုက်ကဆာနေတာမှန်သော်လည်း ဘေးမှာထိုင်ပြီး
လူကိုစေ့စေ့ကြည့်နေတဲ့သူ့ကြောင့် လည်ချောင်းထဲ
မြိုချရတာကအဆင်မချော.....။
"ခဏ..."
ထိုစဉ်ခွင့်တောင်းသလိုဆိုလာရင်း သူ့ရဲ့လက်တစ်ဖက်က
ကိတ်မုန့်အစလေးကပ်နေဟန်ရှိသည့် ကြင်သူ့နူတ်ခမ်း
ထောင့်လေးကိုခပ်ဖွဖွသုတ်ဖယ်ပေးလိုက်တာမို့
ကြင်သူ မျက်လုံးလေးဝိုင်းသွားရသည်။
ဒီလူထပ်ပြီးဟန်ဆောင်နေပြန်ပြီ။ထပ်ပြီးကြင်နာသလို
နူးညံ့တဲ့အပြုအမူတွေနဲ့ကြင်သူ့ကိုသိမ်းသွင်းဖို့ကြိုးစား
နေပြန်တာလား....??
အတွေးနဲ့ ကြင်သူ့မျက်ဝန်းလေးတွေက မယုံသကာင်္
ဟန်လေးဖြစ်သွားရရင်း သူ့ကိုစူးစူးလေးကြည့်လိုက်သည်။
"ကျွန်မစိတ်ပြောင်းမှာမဟုတ်ဘူး...."
ပါးစပ်ထဲမှာရှိနေတဲ့ကိတ်မုန့်တွေကြောင့်ပါးလေးနှစ်ဖက်က
ဖောင်းဖောင်းလေးဖြစ်နေလျက် ဗလုံးဗထွေး
ထွက်ပေါ်လာတဲ့အသံလေး....
"ရှင် ကျွန်မကိုထပ်ပြီးသဘောကောင်းကြင်နာသလို
ဟန်ဆောင်နေလည်း...ကျွန်မဆေးရုံကဆင်းရင်
ရှင့်နောက်ကိုလိုက်မှာမဟုတ်ဘူး....ရှင့်အရိပ်ကလွဲပြီး
ဒီနိုင်ငံမှာကျွန်မနေစရာနေရာမရှိဘူးလို့မယုံဘူး...."
ကြင်သူစိတ်ထဲရှိရာကို တဲ့ဒိုးပြောလိုက်ပေမဲ့သူက
စိတ်ဆိုးဟန်မရှိဘဲခပ်သဲ့သဲ့ပြုံးတာမို့ ကြင်သူ
စိတ်ထဲ အလိုမကျသလိုလေးဖြစ်သွားရသည်။
"ကျွန်မရှင့်ဆီကနေမရရအောင်ထွက်ပြေးမှာ...
ရှင်အသုံးချတာကို ကျွန်မထပ်ပြီးခံမှာမဟုတ်ဘူး....."
ဘူး,ပေါင်းများစွာနဲ့အငြင်းဝါကျတွေကိုပဲ
ဆက်တိုက်ထုတ်နေတဲ့သူမကိုကြည့်ပြီး
ဂုဏ်မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
သူမကအနည်းငယ်စွာပြီးဉာဏ်ကောင်းပေမဲ့သူမကို
ဒီလိုအခြေအနေမှာဘယ်လိုကိုင်တွယ်ရမလဲဆိုတာတော့
ဂုဏ်ကောင်းကောင်းသိနေသေးတယ်မဟုတ်ပါလား??
"မင်း မင်းအဖေနဲ့ဘယ်တော့မှပြန်မတွေ့ချင်တော့ဘူးလား..."
"ဟင်..."
ဂုဏ့်စကားကြောင့် သူမမျက်လုံးလေးပြူးသွားလျက်
ကိတ်မုန့် အပြည့်နဲ့ပါးစပ်လေးကအဟောင်းသား
ဖြစ်သွား၏။
ဂုဏ် သူမကိုကြည့်ပြီး ဂိုဏ်းစတားတစ်ယောက်လို
ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ....
"အကယ်၍ အင်္ဂလန်မှာသဘောတူညီချက်ကို
ဖောက်ဖျက်ပြီး မင်းထွက်ပြေးခဲ့သလိုမျိုး
ဒီတစ်ခေါက်လည်းငါ့ဘေးကနေထွက်သွားဖို့ကြိုးစားမယ်
ဆိုရင် မင်းအဖေကိုတွေ့တဲ့အခါ ဥပဒေအရရော
ငါ့နည်းငါ့ဟန်နဲ့ပါအပြစ်ပေးပစ်မယ်...နိုင်ငံတော်တော်များများမှာ
ငါ့အတွက်အလုပ်လုပ်ပေးနေတဲ့သူတွေကရှိပြီးသားလေ
ငါ မင်းအဖေကိုမရှာနိုင်ဘူးလို့မယုံဘူး...အနှေးနဲ့
အမြန်ပဲကွာမှာပါ..."
"ရှင်.ရှင်..."
အလွန်တရာအေးဆေးတည်ငြိမ်ဟန်ဖြင့်
ဂုဏ်ပြောနေတာပေမဲ့ သူမကတော့
မျက်ဝန်းလေးတွေယောက်ယတ်ခတ်နေခဲ့၏။
သူမကိုထပ်ပြီးစိတ်ဒုက္ခမပေးချင်ပေမဲ့အခြေအနေအရ
မတတ်နိုင်ပေ။
ဂုဏ် သူမမျက်နှာကိုမေးဖျားလေးကနေကိုင်ပြီး
ဆွဲမော့လိုက်ပြီးနောက် ကူကယ်ရာမဲ့ခံစားချက်တွေ
အရိပ်ထင်နေတဲ့မျက်နက်ဝန်းလေးတွေကို
စိုက်ကြည့်လိုက်တာ....
"မင်းသာလိမ်လိမ်မာမာနဲ့ငါ့စကားနားထောင်ရင်
မင်းအဖေကိုရှာတွေ့တဲ့အခါ ဖြစ်ခဲ့သမျှအရာ
အားလုံးကိုလျှော်ပေးရယ်..ဒေါ်လာ6billionကိုရော...
ငါ့ကိုလိမ်ညာခဲ့တဲ့အပြစ်ကိုရော...မရှိခဲ့သလိုသဘောထားပြီး
မင်းနဲ့မင်းအဖေကိုအရင်ကလိုပြန်နေခွင့်ပေးမှာပါ...
အခုနားလည်ပြီမဟုတ်လား...အဲ့ဒါကြောင့်ဒီခင်ပွန်းရဲ့
ဇနီးအလိမ္မာလေးလုပ်ဖို့ဆက်ပြီးကြိုးစားရမယ်
ဟုတ်ပြီလား....."
ချက်ကျလက်ကျရှိလွန်းတဲ့ဂုဏ့်ရဲ့စကားတွေကို
ဘာမှလည်းပြန်မချေပနိုင်ဘဲ ငိုမဲ့မဲ့ဖြစ်သွားရှာတဲ့
သူမဆီက ဆောင့်´´အောင့်´´ထွက်ပေါ်လာတဲ့
စကားသံလေးက....
"အရင်းရှင်အစုတ်ပလုတ်ကြီး......"
ಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥಥ_ಥ🍁🍁🍁
ဆက်ရန်^^^^
Writer by
#Hazel