💕 ချစ်ရပါသောတရားဝင်ခင်ပွန်း 💕
[ကြမ္မာစေရာရွှေဖူးစာ]
------------------
"ဖယ်...လွှတ်စမ်း နင်တို့ကဘာမို့လို့ငါ့ရှေ့မှာ
ပိတ်ရပ်ရဲရတာလဲ...အခုချက်ချင်း အဲ့ဒီ့အခန်းတံခါးကို
ဖွင့်လိုက်...."
"တောင်းပန်ပါတယ် မိန်းကလေး ကျွန်တော်တို့ကို
အခက်တွေ့အောင်မလုပ်ပါနဲ့....သူဌေးက
ဒီအခန်းထဲကိုဘယ်သူ့ကိုမှမဝင်ဖို့အမိန့်ထုတ်ထားပါတယ်..."
True moon🏥
အထူးကုဆေးရုံကြီးရဲ့ VIPသီးသန့်ခန်းတစ်ခုရဲ့ရှေ့က
မြင်ကွင်းတစ်ခု......။
အစိမ်းရင့်ရင့် ကိုယ်ကြပ်ရင်ပြတ်ဂါဝန်ကို
ဝတ်ဆင်ထားတဲ့မိန်းမလှလေးတစ်ယောက်ရဲ့
ဒေါသတကြီးခြေလှမ်းတွေကို တားဆီးနေတဲ့
ဝတ်စုံပြည့်လုံခြုံရေးသုံးယောက်.....။
"နင်တို့ငါဘယ်သူလဲဆိုတာမသိဘူးလား...
ငါက နတ်စစ်သည်နန်းတော်ရဲ့မိသားစုဝင်ဖြစ်လာမဲ့သူ...
ငါက နတ်စစ်သည်နန်းတော်ရဲ့ချွေးမလောင်း....
နင်တို့အကုန်လုံးဒုက္ခရောက်သွားချင်လား...
ဖယ်ကြစမ်း...ငါ့ရှေ့က......"
"မိန်းကလေး...."
လှပတောက်ပြောင်နေတဲ့ပုံစံလေးနဲ့မလိုက်ဖက်အောင်
ဒေါသတကြီးဖြစ်နေတဲ့သူမရဲ့အမူအယာ
အထက်တန်းဆန်တဲ့ makeup lookနဲ့
မလိုက်ဖက်အောင် မဲ့ရွဲ့နေတဲ့မျက်နှာလှလှ....
"နင်တို့မဖယ်ဘူးလား...ရတယ်နင်တို့အားလုံးကို
အခုချက်ချင်းအလုပ်ထုတ်ပစ်ဖို့..ငါမယ်မယ်ကြီးဆီ
တင်ပြမယ်...."
ခပ်မဲ့မဲ့ပြောရင်း လက်ပွေ့အိတ်ထဲက
ဖုန်းကိုထုတ်ယူပြလိုက်တဲ့အခါ...တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကုန်တဲ့ လုံခြုံရေးဝန်ထမ်းတွေ....
"နောက်ဆုံးအကြိမ်မေးမယ်...နင်တို့ငါ့ရှေ့က
ဖယ်မှာလား မဖယ်ဘူးလား...."
"ကျွန်တော်တို့...."
"ဖယ်စမ်းပါ..."
တွေဝေသွားတဲ့လုံခြုံရေးတွေကို တွန်းဖယ်ပြီး
တံခါးကိုခပ်ကြမ်းကြမ်းတွန်းဖွင့်လျက် သူမအထဲကို
လှမ်းဝင်လာခဲ့တဲ့အခါ......
အဆင့်မြင့်ဆေးစက်ကရိယာတွေကြားက
ဆေးရုံကုတင်ပေါ်မှာ...ငြိမ်သက်စွာလှဲလျောင်းနေတဲ့
ပုံရိပ်လေးတစ်ခုကိုမြင်လိုက်ရ၏။
"ဟွန်!!" ခနဲအသံနဲ့အတူ အရောင်တင်ထားတဲ့
သူမနူတ်ခမ်းအစုံကညွတ်ကွေးမဲ့ကျသွားကာ
အနက်ရောင် 6" high heelကိုစီးထားတဲ့
ခြေအစုံကထိုအနားကိုတမဟုတ်ချင်းလှမ်းသွားလိုက်သည်။
ဦးခေါင်းမှာပါတ်တီးအဖွေးသားဖြင့်...လူနာဝတ်စုံနဲ့
ဆေးပိုက်တွေကြားကခွေခေါက်ခေါက်သဏ္ဍာန်လေးကတော့
လောကကြီးနဲ့အဆက်ပျက်ကာငြိမ်သက်နေခဲ့ဆဲ....။
"နင်ကဘယ်သူလဲ..."
မီးဝင်းဝင်းတောက်မျက်ဝန်းတွေနဲ့ထိုပုံရိပ်လေးကိုစိုက်ကြည့်ပြီး
မုန်းတီးစွာဆိုလိုက်တဲ့သူမ.....။
"နင်ကဘယ်သူမို့လို့ ငါ့ဆီကနေ,ကိုဂုဏ့်,ကို
လုယူရဲရတာလဲ....ဟား..."
နောက်တစ်ကြိမ်ဒေါသတကြီးဆိုရင်း သူမရဲ့လက်တစ်ဖက်က
ဆေးပိုက်တွေဆီလျှင်မြန်စွာမြှောက်တက်သွားခဲ့စဉ်....
"အလွဋီကာ!!..."
ဟိန်းခနဲထွက်ပေါ်လာတဲ့အသံနဲ့တစ်ခုကရုတ်ချည်း
ဆိုသလိုထွက်ပေါ်လာ၏...။
သူက အနောက်ကိုချာခနဲလှည့်ကြည့်လိုက်တဲ့အခါ....
လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ အထဲကိုလှမ်းဝင်လာတဲ့
ပုံရိပ္က.....
"ဧချင်း....."
"မင်း...ဒါဘာလုပ်တာလဲ..."
"ရှင် မမြင်ဘူးလား ဋီ့့ဆီကနေ ကိုဂုဏ့်ကို
လုယူသွားတဲ့မိန်းမကို အားလုံးထက်ဦးအောင်
လာကြည့်တာ...."
"သူဌေးက ဒီနေရာကိုဘယ်သူ့ကိုမှပေးမဝင်ဖို့
အမိန့်ထုတ်ထားတယ်..မင်းပြသာနာမတက်ချင်နဲ့
သူဌေးအကြောင်းကို မင်းကောင်းကောင်းသိပါတယ်နော်..."
တစ်ဖက်ကအေးဆေးစွာချေပလာတဲ့စကားက
သူမရဲ့မျက်နှာလှလှကိုအကြီးအကျယ်ပျက်ယွင်းသွားစေ၏။
"ရှင် ဋီ့ကို, ကိုဂုဏ်နဲ့လာပြီးမခြိမ်းခြောက်နဲ့ ဧချင်း
ဋီက ကိုဂုဏ်ရဲ့ဇနီးလောင်းနော်..."
"မင်းကကျွန်တော်တို့သူဌေးရဲ့ဇနီးလောင်းဟုတ်မဟုတ်တော့
ခုချိန်မှာမပြောနိုင်တော့ဘူး...သေချာတာတစ်ခုက
မင်းမျက်စိရှေ့မှာရှိနေတဲ့ဆေးရုံကုတင်ပေါ်က
အဲ့ဒီ့မိန်းကလေးက ကျွန်တော်တို့သူဌေးရဲ့
တရားဝင်ဇနီးပဲ....."
"တရားဝင်ဇနီး အဟက် ရှင်ကတစ်ကယ်ဟာသတွေ
ပြောနေတာပဲ အလုပ်ကိစ္စနဲ့အင်္ဂလန်ကိုရောက်နေတာ
၁လမပြည့်သေးတဲ့ကိုဂုဏ်က....ဒီလူသေလိုမိန်းမကို
မြန်မာပြည်ပြန်ခေါ်လာပြီး လက်ထပ်ထားတဲ့
တရားဝင်ဇနီးလို့ပြောလိုက်တာနဲ့ပဲ ကျွန်မက
ယုံပေးရမှာလား...."
"ယုံတာမယုံတာကမင်းရဲ့အပိုင်းပါ ဒါပေမဲ့
လက်ခံတာ လက်မခံတာကတော့ မင်းမှာဘာပြောပိုင်ခွင့်မှ
မရှိဘူးထင်တယ်...."
"ဧချင်း...ရှင်..."
"မင်းတို့အားလုံးမှတ်ထားကြ!!!"
အရိူက်ထိသွားတဲ့စကားလုံးကြောင့်
သူမဧချင်းကိုတစ်ခုခုချေပဖို့ပြင်လိုက်စဉ်
နောက်တစ်ကြိမ်ဟိန်းခနဲထွက်လာတဲ့ဧချင်းရဲ့အသံက
သူမရဲ့ပခုံးအစုံကိုတုန်တက်သွားစေခဲ့၏။
ဧချင်းရဲ့မျက်ဝန်းစူးစူးတွေကတော့ သူမဆီကနေ
လုံခြုံရေးတွေဆီဝေ့ဝဲသွားရင်း....
"သူဌေးက ဒီနေရာကိုအပြင်လူပေးမဝင်ဖို့အမိန့်ထုတ်ပြီးသား
ဘယ်သူ့ကိုမှချွင်းချက်မရှိဘူး...နတ်စစ်သည်နန်းတော်ရဲ့
မယ်မယ်ကြီးကိုယ်တိုင် ဒီနေရာကိုရောက်လာရင်တောင်
သူဌေးရဲ့အမိန့်ကအတည်ပဲ...နားလည်ကြလား..."
"ဟုတ်ကဲ့!! "
ခေါင်းညွှတ်လျက်သံပြိုင်ဖြေလိုက်သံက သူမမျက်နှာကို
အရှိန်ပြင်းပြင်းဖြတ်ရိုက်လိုက်သလိုပင်....။
"အခုသွားလို့ရပြီအလှဋီကာ...အခုချိန်
သူဌေးသာဒီကိုရောက်လာလို့မင်းကိုတွေ့သွားရင်
အကျိုးဆက်ကိုကျွန်တော်အာမ,မခံနိုင်ဘူးနော်...."
တံခါးဘက်ကိုလက်နှင့်ညွှန်ရင်း အေးဆေးစွာနှင်လာပုံကို
ကြည့်လျက် သူမအံကိုတင်းတင်းကြိတ်လိုက်သည်။
ထို့နောက်ဆေးရုံကုတင်ပေါ်ကမိန်းကလေးကိုတစ်ချက်
လှည့်ကြည့်လျက်တဖန်ဧချင်းကိုခပ်စူးစူးပြန်ကြည့်လိုက်ရင်း....
"ဒီနေ့ ရှင့်ရဲ့ရိုင်းပျမူ့ကိုကျွန်မမှတ်ထားလိုက်မယ်
ဧချင်း...."
အဆုံးသတ်စကားနဲ့အတူ အရူံးနဲ့အမုန်းရောထွေးနေတဲ့
ခြေလှမ်းတွေက ဆေးရုံခန်းအပြင်ဘက်ကို
ခပ်ကြဲကြဲလှမ်းထွက်သွားတဲ့ အလှဋီကာ ဆိုသော
သူမ......။
~~~~~~~~~~~~~~~~~~🍓🍓🍓
"သူကအရမ်းလှတယ်နော်...."
"ဟုတ်တယ်..မျက်လုံးတွေပိတ်ပြီးအိပ်နေတာတောင်
ဒီလောက်လှနေတာ...မျက်လုံးတွေဖွင့်လာရင်
ပိုပြီးလှမှာပဲနော်..."
"ကြည့်ဦး သူ့မျက်တောင်က,ကတ္တီပါသားလေးတွေ
ကျနေတာပဲ..."
"အသားအရည်ကလဲ နူးညံ့ပြီးချောမွတ်နေတာပဲ
အတွေ့အထိနဲ့ရူးသွားစေနိုင်တယ်ဆိုတာ ဒီလို
မိန်းကလေးမျိုးကိုပြောတာနေမှာ...."
"ရာဇဝင်ထဲက ပဉ္စပါပီလိုလား...."
"ဟယ် သူကဒီလောက်ချောပြီးလှနေတာ ပဉ္စပါပီ
ဖြစ်နိုင်ပါ့မလား...အထိအတွေ့ကပဉ္စပါပီ ရုပ်ရည်က
ဥမ္မာဒန္နီပေါ့...."
အိပ်မက်လိုလို ဝိုးတဝါးကြားနေရတဲ့အသံတွေနဲ့
ရေစိုဝတ်လိုအေးစက်စက်အထိအတွေ့ကို
လည်ပင်း၊မျက်နှာနဲ့လက်ဖျံလက်မောင်းတို့ဆီက
ခံစားနေရသည်။
ဒါဘယ်နေရာလဲ...ဒီစကားသံတွေနီးနီးကပ်ကပ်
ဘယ်ကလာနေတာလဲ...ငါဘယ်ကိုရောက်နေတာများလဲ...။
အတွေးတို့ကအလုအယက်ခေါင်းထဲတိုးဝင်လာပေမဲ့
အခွံလွတ်ကြီးတစ်ခုလိုဖြစ်နေတဲ့ ဦးခေါင်းထဲ
အံ့ဩစရာကောင်းအောင်ပဲအဖြေတစ်ခုမှရှိမနေခဲ့။
သူမလေးလံနေတဲ့မျက်ခွံလေးတွေကိုအားယူလျက်
ခပ်ဖြေးဖြေးပဲဖွင့်ကြည့်လိုက်တဲ့အခါ...သူမရဲ့
ဘေးတစ်ဖက်တစ်ချက်ဆီမှာရှိနေတဲ့ အဖြူရောင်
ခေါင်းဆောင်းကဒ်၊ပန်းရောင်ယူနီဖောင်းလေးတွေနဲ့
nurseနှစ်ယောက်ကို သူမကိုရေပတ်တိုက်သန့်ရှင်းပေးနေတဲ့
မြင်ကွင်း.....
ဒါဆေးရုံလား??
သူမခပ်တိုးတိုးမှတ်ချက်ချလိုက်ချိန်မှာပဲ
သူမမျက်လုံးပွင့်နေတာကို သူနာပြုလေးတွေမြင်သွားခဲ့တယ်...။
"ဟယ်..သူသတိရလာပြီ..."
"ဟုတ်ပါရဲ့..သူမျက်လုံးတွေပွင့်နေပြီ..."
"မြန်မြန်တာဝန်ခံဆရာဝန်ကြီးဆီအကြောင်းကြားလိုက်လေ..."
"မိန်းကလေး...ကျွန်မတို့ကိုမြင်ရတယ်မဟုတ်လား"
"မိန်းကလေး..."
တစ်ယောက်တစ်ပေါက်အသံတွေနှင့် လက်တစ်ဖက်က
သူမရှေ့မှာခပ်ဖြေးဖြေးလူပ်ယမ်းပြလာ၏..။
သူမခြောက်ကပ်နေတဲ့လည်ချောင်းထဲတံတွေးမြိုချဖို့
ကြိုးစားလိုက်ပေမဲ့ မြိုချစရာတံတွေးပင်မရှိဘဲ
အာခေါင်တစ်ခုလုံးခြောက်ကပ်နေခဲ့သည်။
"ရေ.ရေပေးပါ..."
"ရေတဲ့..ရေတောင်းနေတယ်..."
"မြန်မြန်ဂွမ်းစကိုရေဆွတ်ပြီးပေးလိုက်လေ..."
သွေ့ခြောက်နေတဲ့နူတ်ခမ်းနှစ်လွှာကိုအားယူဖွင့်လျက်
သူမတောင်းဆိုလိုက်လျှင် ရေစွတ်ထားတဲ့
ဂွမ်းစအေးအေးလေးက သူမနူတ်ခမ်းဝကိုရောက်လာသည်။
ပါးစပ်ထဲဝင်လာတဲ့ရေကတစ်စက်နှစ်စက်ထဲပေမဲ့
သူမအငမ်းမရဘဲ မြိုချလိုက်သည်။
ထိုသူနာပြုလေးနှစ်ယောက်ကတော့ သူမရဲ့
အမူအယာကိုစိုးရိမ်တကြီးစိုက်ကြည့်အကဲခတ်နေကြသည်။
ထိုအချိန်မှာပဲအခန်းထဲကိုနောက်ထပ်လူရိပ်တွေ
လှမ်းဝင်လာပြီး...ဂျူတီကုတ်နဲ့ဆရာဝန်ကြီးက
သူမနားကိုအလောတကြီးဟန်နှင့်ရောက်လာသည်။
"သူသတိရနေပြီလား...."
"ဟုတ်တယ် ဆရာ ရေလည်းတောင်းတယ်..."
"မိန်းကလေး...ကျွန်တော်တို့ပြောတာကြားတယ်
မဟုတ်လား မိန်းကလေး...."
သူမခေါင်းလေးအားယူပြီးငြိမ့်ပြလိုက်သည်။
"ဒီ.ဒီနေရာကဆေးရုံမဟုတ်လားဟင်
ကျွန်မဘာလို့ဒီကိုရောက်နေတာလဲ...."
"မိန်းကလေးကဦးခေါင်းကိုပြင်းပြင်းထန်ထန်
ထိခိုက်ထားတာ...မိန်းကလေးဘာ့ကြောင့်ထိခိုက်မိတာလဲ
ဆိုတာရောမှတ်မိလား..."
"ဟင့်အင်း...ကျ.ကျွန်မ..."
ဆရာဝန်ကြီးရဲ့စကားကိုစဉ်းစားဖို့ထပ်ပြီးကြိုးစားလိုက်ပေမဲ့
ဗလာသက်သက်ဖြစ်နေတဲ့ဦးခေါင်းကြောင့်
ရင်ထဲမှာပူဆင်းသွားရကာ...ဖျတ်ခနဲထထိုင်ဖို့
ကြိုးစားလိုက်တာနှင့်....
"အ...."
"မိန်းကလေး..."
ခေါင်းထဲကချာချာလည်အောင်မူးဝေသွားကာ
ခေါင်းဦးပေါ်ပြန်ကျသွားခဲ့လျှင် စိုးရိမ်တကြီးကြားလိုက်ရတဲ့
အသံတွေ။
"ကျ.ကျွန်မကဘယ်သူလဲ...."??
~~~~~~~~~~~~~~🍓🍓🍓
Sun Shrine (နေဗိမာန်)🌃
ရှေးဆန်မူ့၊အထက်တန်းကျမူ့၊ဆန်းသစ်မူ့၊
ခမ်းနားမူ့တို့အား တစ်စုတစ်စည်းထဲမြင်တွေ့နိုင်တဲ့
ကြီးမားဝင့်ထည်ခံ့ညားလှတဲ့အဆောက်အဦးကြီးတစ်ခုက
မြို့လယ်ခေါင်တည့်တည့်မှာတည်ရှိနေခဲ့၏။
Sun Shrine ရှေးဟောင်းပြတိုက်...။
နှစ်ပေါင်းထောင်သောင်းချီသက်တမ်းရှိတဲ့
အဖိုးတန်ပစ္စည်းများစွာနဲ့ယဉ်ကျေးမူ့အမွေအနှစ်ပေါင်း
များစွာအားတစ်စုတစ်စည်းထဲမြင်တွေ့နိုင်သောနေရာ...။
မြန်မာပြည်ရဲ့အဖိုးမဖြတ်နိုင်တဲ့ခမ်းနားမူ့တွေထဲကတစ်ခု....။
ထိုပြတိုက်အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးထပ်က
ရုံးခန်းကျယ်ကြီးထဲ၌......
"အလှဋီကာ...ဆေးရုံကိုလာသွားပါတယ် သူဌေး...."
"ဘာပြသာနာရှာသွားသေးလဲ...."
ဧချင်းရဲ့အစီရင်ခံမူ့ကို ခပ်အေးအေးပင်မေးခွန်းပြန်ထုတ်
လာပုံက နှစ်ပေါင်းရာချီသက်တမ်းရှိ ဂျပန်ပြည်က
ကြွေထည်လက်ရာတစ်ခုကိုဆန်းစစ်နေရာမှ
အကြည့်တစ်ချက်မရွေ့ဘဲဖြစ်သည်၊
"လုံခြုံရေးတွေပေါ့လျော့လို့သူဆေးရုံခန်းထဲထိ
ရောက်သွားပါတယ်...ကံကောင်းလို့ကျွန်တော်
အချိန်မှီရောက်သွားခဲ့လို့ဘာပြသာနာမှမဖြစ်လိုက်ပါဘူး...."
"အလုပ်ထုတ်လိုက်..."
"ဗျာ..."
"အလှဋီကာကိုဆေးရုံခန်းထဲပေးဝင်ခဲ့တဲ့
လုံခြုံရေးတွေကိုငါထပ်မမြင်ချင်ဘူး..."
"ဟုတ်ကဲ့နားလည်ပါပြီ....."
"သူကရောအခုထိသတိရမလာသေးဘူးလား...."
"မရသေးပါဘူး သူဌေး....ဒါပေမဲ့မကြာခင်သတိရလာမယ်လို့
ထင်ပါတယ်....မိန်းကလေးရဲ့နားမှာ special nurseတွေနဲ့
တာဝန်ခံဆရာဝန်တွေအချိန်ပြည့်ရှိနေတာမို့ စိုးရိမ်စရာ
မလိုပါဘူး...."
"သူအမြန်သတိရလာမှဖြစ်မယ်....မဟုတ်ရင်
ငါ့ရဲ့အစီအစဉ်တွေလွဲချော်ကုန်လိမ့်မယ်....နောက်ပြီး
လက်ထပ်စာချုပ်နှစ်စောင်အဆင်သင့်ပြင်ထား...
သူနိုးလာတာနဲ့ပထမဆုံးလုပ်ရမဲ့အလုပ်က
ငါနဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးဖို့ပဲ....ဒီတစ်ခါတော့
သူ့ကိုထပ်ပြီးထွက်ပြေးခွင့်မပြုနိုင်တော့ဘူး..."
"ကျွန်တော်ပြင်ဆင်လိုက်ပါ့မယ်...."
"ပြီးတော့ ထိပ်တန်းဂျာနယ်တိုက်တွေဆီ
လျိူ့ဝှက်သတင်းပို့လိုက်... နတ်စစ်သည်နန်းတော်ရဲ့
ဆက်ခံသူ Sun shrineပြတိုက်ရဲ့သူဌေး
ဂုဏ်ရှိန်ထည်ဝါ အင်္ဂလန်မှာမြန်မာမိန်းကလေးတစ်ယောက်နဲ့
လက်ထပ်ပြီး သူ့ရဲ့ဇနီးကိုမြန်မာပြည်ပြန်ခေါ်လာခဲ့တယ်လို့....
မျက်နှာဖုံးခေါင်းကြီးပိုင်းတွေမှာပဲလိုချင်တယ်....
ဓာတ်ပုံကိုအဆင်ပြေတာသုံးလိုက်ပါ..."
အလွန်အရေးကြီးတဲ့ကိစ္စတွေကိုပြောနေတာပေမဲ့
ထွေထွေထူးထူးအရေးစိုက်ဟန်သိပ်ပြီးမရှိလှကာ..
လက်ထဲကြွေထည်ပစ္စည်းကို အရှေ့ကျွန်းစားပွဲပေါ်က
ကတ္တီပါခင်းပေါ်တင်လိုက်သည်။
`Ring^^Ring´
ထိုအချိန်မှာပဲ ဧချင်းရဲ့ဖုန်းကမြည်လာခဲ့၏။
"ခွင့်ပြုပါသူဌေး..."
ဧချင်းခေါင်းညွှတ်လျက်တောင်းဆိုလိုက်ရင်း
ဖုန်းကိုင်လိုက်သည်။
"ဟယ်လို..."
"..........."
"ဘာပြောတယ်...."
"............"
"အင်း ကောင်းပြီ ကျွန်တော်သူဌေးကိုတင်ပြလိုက်မယ်..."
ဧချင်း ချက်ချင်းပဲဖုန်းကိုချပြီး သူဌေးကိုကြည့်လိုက်သည်။
"မိန်းကလေးသတိရလာပါပြီတဲ့ သူဌေး..."
ဧချင်းရဲ့ဘယ်စကားကိုမှလှည့်ကြည့်လာတဲ့အထိ
အရေးတယူမရှိတဲ့ သူဌေးက ဒီတစ်ကြိမ်မှာတော့
စိန်ပွင့်တွေလိုတဖျပ်ဖျပ်လက်နေတဲ့မျက်ဝန်းတွေနဲ့
ခန့်ညားချောမော့လှသည့်မျက်နှာက ဧချင်းဘက်ကို
တည့်တည့်လှည့်ကြည့်လာခဲ့သည်။
"ဒါပေမဲ့...နောက်ဆက်တွဲရလာဒ်ကသိပ်ပြီး
မကောင်းပါဘူး..."
အရဲစွန့်ပြီးဆက်ပြောလိုက်တဲ့ဧချင်းရဲ့စကားကြောင့်
စိမ်းညို့သွယ်တန်းနေတဲ့မျက်ခုံးတန်းတွေကတွန့်ချိုး
ကျသွားပြီ.....
"သူ ဘာဖြစ်လို့လဲ...."
အနည်းငယ်အလောတကြီးနိုင်သယောင်ထင်လိုက်ရတဲ့အမေး။
ဧချင်း အသက်တစ်ချက်ကိုခပ်ပြင်းပြင်းရူလိုက်သည်။
"မိန်းကလေးက မှတ်ညဏ်တွေပျောက်ဆုံးသွားပါတယ်..."
"ဘာ!!"
"ဟုတ်ပါတယ်သူဌေး..."
"ဘယ်လိုဖြစ်ရတာလဲ......"
"ဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ခဲ့တဲ့ဘေးထွက်ဆိုးကျိုး
ဖြစ်ပါလိမ့်မယ်..."
"ကျစ်!! .သေချာဆေးစစ်ပြီးပြီတဲ့လား...."
"စစ်ဆေးပြီးပါပြီ သူဌေး...အခုဘယ်လိုလုပ်ပါမလဲ
ဒီအတိုင်းဆို ကျွန်တော်တို့ရဲ့အစီအစဉ်တွေ..."
"မဟုတ်ဘူး ထပ်ပြီးငါ့ရဲ့အစီအစဉ်လွဲလို့
မဖြစ်တော့ဘူး...သူမှတ်ညဏ်တွေပျောက်ဆုံးသွားတယ်
ဆိုရင်တောင် ဒါကိုအကောင်းဘက်ကနေအသုံးချဖို့
ငါလုပ်ရလိမ့်မယ်...."
"ဒါဆို သူဌေးက..."
တစ်ခုခုကိုသဘောပေါက်သွားလိုဧချင်း
စကားကိုမဆက်နိုင်တော့ခင် အဓိပ္ပါယ်များစွာပါတဲ့
စူးရှနေသောမျက်ဝန်းအကြည့်တို့က ဧချင်းထံနောက်
တစ်ကြိမ်ကျရောက်လာလေတော့သည်။
~~~~~~~~~~~~~~~~🍓🍓🍓
"နေသာရဲ့လားမိန်းကလေး တစ်နေရာရာက
မသက်သာရင်ပြောနော်..."
ဆေးစစ်ခန်းကပြန်ရောက်လာပြီး ဆေးသွင်းပိုက်တွေကို
ပြန်တက်ပေးနေရင်း ဂရုတစိုက်ပြောလာတဲ့
သူနာပြုလေးကို သူမခေါင်းလေးဖွဖွငြိမ့်လိုက်မိသည်။
"ဟိုလေ..ဆရာမ..."
"ဟုတ် ပြောလေ..."
"ဟို.ကျွန်မရဲ့မိသားစုတွေကိုဘာလို့အခုထိ
မတွေ့ရသေးတာလဲဟင် "
"မိသားစု..."
သူမရဲ့စကားကိုသူနာပြုဆရာမလေးကပြန်မဖြေနိုင်ဘူး
ထင်၏၊နောက်ထပ်အဖော်တစ်ယောက်ကိုကြည့်ပြီး
မျက်လုံးချင်းစကားပြောနေကြ၏...
သူမရင်ထဲလိူက်ခနဲပဲဝမ်းနည်းသွားရ၏။
သူမမေးတာကိုဘာလို့ဆရာမတွေပြန်မဖြေနိုင်တာလဲ
သူမမှာမိသားစုမရှိဘူးလား??
သူမဒီဆေးရုံကိုဘယ်လိုရောက်နေတာလဲ.....??
ဘယ်လိုပြင်းထန်တဲ့ထိခိုက်မူ့မျိုးမို့လို့ သူမရဲ့
မှတ်ညဏ်တွေပျောက်ဆုံးတဲ့အထိဖြစ်သွားရတာလဲ....??
ထပ်ပြီးမေးခွန်းတွေကအတွေးထဲရောက်လာတဲ့အခါ
ဗလာသက်သက်ဖြစ်နေတဲ့ဦးနှောက်ကြောင့်
မျက်ရည်လေးတွေရစ်ဝိုင်းလာခဲ့ရပြန်သည်။
"ကျွန်မမှာမိသားစုမရှိတာတော့မဟုတ်ဘူးမလားဟင်..."
လိူက်ခါတုန်ယင်နေတဲ့အသံလေးနဲ့မေးခွန်းထုတ်လိုက်လျှင်...
"ဘယ်သူပြောတာလဲ မင်းမှာမိသားစုမရှိဘူးလို့...."
ဩဇာသံအပြည့်ပါတဲ့ယောကျာ်းတစ်ယောက်ရဲ့
အသံလိူင်းကိုကြားလိုက်ရပြီး ပွင့်သွားတဲ့
ဆေးရုံခန်းတံခါးဝကနေလှမ်းဝင်လာတဲ့ပုံရိပ်......
"ဟင်...."
အာမေဋိတ်သံက သူမဘေးမှာရှိနေတဲ့သူနာပြုတွေဆီက
ဖြစ်ကာ ချက်ချင်းပဲသူတို့ကအနောက်ကိုဆုတ်သွားကြ၏။
သူမကိုယ်တိုင်ကတော့ ထိုယောကျာ်းအနားရောက်လာတဲ့အထိ
တစ်ကြိမ်တစ်ခါမှမမြင်ဖူးတဲ့ခန့်ညားမူ့တွေအောက်
သတိလက်လွတ်မျောပါသွားခဲ့ရင်း သူမနဲ့အနီးဆုံးမှာ
ထိုယောကျာ်းနေရာယူလိုက်တဲ့အထိ သတိကပ်ဖို့
မေ့လျော့နေခဲ့ဆဲ.....။
"ရှင်.ရှင်က...."
"မင်းရဲ့ တစ်ဦးတည်းသောမိသားစုဝင်ပေါ့...."
သူမရဲ့အထစ်ထစ်အငေါ့ငေါ့အမေးကို
တည်ငြိမ်စွာပြန်ဖြေလာတဲ့သူက မေးဖျားလေးကို
ဖွဖွဆွဲမော့လျက် မျက်နှာလေးကိုစူးစိုက်ကြည့်လာရင်း....။
"သတိရလာပေးလို့ ကျေးဇူးတင်တယ်
ငါ့ရဲ့ချစ်ဇနီးလေး...."
"ဟင်...ဟွန့်..."
သူ့ရဲ့အဆုံးသတ်စကားကြောင့် အာမေဋိတ်သံနဲ့အတူ
ပွင့်ဟသွားတဲ့ သွေ့ခြောက်ခြောက်နူတ်ခမ်းနှစ်လွှာကြား
ပူနွေးတဲ့သူ့ရဲ့နူတ်ခမ်းလွှာတွေကတိုးဝင်လာတဲ့အခါ...
အစွမ်းကုန်ပြူးကျယ်ဝိုင်းစက်သွားခဲ့ရတဲ့သူမရဲ့ မျက်ဝန်းတွေ။
~~~~~~~~~~~~~~~~~~🍓🍓🍓
ဆက်ရန်^^^^
Writer by
#Hazel