book

Index 9

Chapter(9)

💕 My lovely demon 💕

                             ``အချစ်နတ်ဆိုးလေး´´


~~~~~~~~~~


"သူကမင်းထက်ဘယ်လောက်များခမ်းနားနေလို့

မင်းကဒီလိုမျိုးခြေစုံရပ်ပြီး သူ့ကိုငေးမော့ကြည့်နေရမှာလဲ

မင်းသိလား..ကျွန်တော့်မျက်လုံးထဲမှာတော့

god flowerရဲ့အတောက်ပဆုံး

နတ်သမီးက သံသရာစက်ဆိုတဲ့မင်းပဲ..."


မမြင်ရတဲ့အားအင်လေးတစ်ခုကစက်ရဲ့

နှလုံးသားထဲစီးဝင်သွားခဲ့သလိုပါပဲ....


နှစ်ကိုယ်တည်းကြားရုံတိုးသဲ့သဲ့စကားသံအဆုံး

စက်ရဲ့မျက်ဝန်းတွေအုပ်ကာထားတဲ့သူ့ရဲ့

လက်ကပြန်ဖယ်သွားခဲ့သည်...


စက် အံ့ဩမူ့တွေနဲ့ပဲ ခေါင်းလေးငဲ့လျက်သူ့ကို

မော့ကြည့်လိုက်တဲ့အခါ သူက စက်ကို

နူးနူးညံ့ညံ့ပဲပြုံးပြနေခဲ့၏။


"နင် ငါ့အကြောင်းတွေကိုဘယ်လောက်ထိ

သိနေတာလဲ...."


"မင်းတွေးနေတာထက်ပိုပြီးတော့ပေါ့..."


အပြုံးမပျက်ပြန်ဖြေလာတဲ့သူ့ကိုကြည့်ပြီး

စက် ,နောက်ထပ်ဘာမှထပ်မပြောနိုင်တော့ပဲ

သူ့ကိုသာမမြင်ဖူးသလိုသတိလက်လွတ်ငေးမော

မိသွားရတော့....သူကအငယ်တစ်ယောက်ကို

ချစ်စနိုးကျီစယ်သလိုမျိူး စက်ရဲ့ဦးခေါင်းလေးကို

တစ်ချက်ဖိပွတ်လာခဲ့သည်။


စက် ဒီအနေအထားကိုရင်းနှီးနေတယ်

လွန်ခဲ့တဲ့၇နှစ်တုန်းကများလား??...တစ်ချိန်က

စက် ခါးလေးညွတ်ခေါင်းလေးငုံ့ပြီးကြည့်ခဲ့ရတဲ့

ကောင်လေးကို အခုစက်ပြန်ပြီးမော့ကြည့်နေရတာ..

အဲ့ဒီ့အချိန်တုန်းက စက် သူ့ရဲ့ဦးခေါင်းလေးကို

ပွတ်သပ်ပြီး ခဏခဏကျီစယ်ခဲ့ဖူးတယ်

ဒီလိုမျိုးတစ်ထပ်ထဲပဲ......


"စက်ရေ..ဟင်!!"


ထိုအချိန် ခေါ်သံနဲ့အတူအနားကိုရောက်လာတဲ့

ယူရီကသူ့ကိုမြင်တော့ တအံ့တဩဖြစ်သွား၏..

သူကတော့အေးအေးဆေးဆေးပင် စက်ဦးခေါင်းထက်က

လက်ကိုပြန်ရုတ်သွားပြီး ယူရီ့ကိုလက်ပြလျက်

နူတ်ဆက်သည်။


"Hi!!...ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ...."


"ဪ..ဟုတ်.ဟုတ်ကဲ့ ဒါနဲ့

ရှင်က ဒီကိုဘယ်လိုရောက်နေတာလဲ..."


"ကျွန်တော်..စက်နဲ့တွေ့ဖို့ပဲတမင်သက်သက်

လာခဲ့တာ..."


စက်ရဲ့နာမည်ကိုတရင်းတနှီးခေါ်ရင်းသူက

ကွယ်ဝှက်ခြင်းမရှိပြန်ဖြေလာတော့

ယူရီကစက်ကိုမျက်လုံးပြူးပြီးလှမ်းကြည့်လာ၏..


စက် မျက်မှောင်လေးကြုတ်ပြီးခေါင်းယမ်းပြလိုက်သည်။


"ယူရီ..."


"ဟေ..."


"ဝယ်ရမဲ့ပစ္စည်းတွေကစုံနေပြီ နင်ဘာမှ

ထပ်ဝယ်စရာမရှိတော့ဘူးဆိုရင် ကောင်တာမှာ

ငွေရှင်းပြီးပြန်ကြမယ်..."


"အေး မရှိတော့ဘူး သွားမယ်လေ..."


စက် သူ့ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။


"နင်လဲငါ့နောက်ကိုလျောက်လိုက်မနေပဲပြန်တော့..."


"မင်းဘာနဲ့ပြန်မှာလဲ ....."


"တက္ကစီနဲ့ပေါ့ လာတုန်းကလဲအဲ့ဒါနဲ့လာတာ...

နင်မမြင်ဘူးလား..."


"ဒါဆို ကျွန်တော်ပြန်ပို့ပေးမယ်လေ..."


"အင်း...ကောင်းသားပဲ..."


"ဟဲ့..."


သူ့စကားကို ဝမ်းသာအားရထောက်ခံလိုက်သူက

ယူရီဖြစ်ကာ အလန့်တကြားဖြတ်အော်မိသူကတော့

စက္​...


"ဘာကိုကောင်းတာလဲ..ယူရီနင်နော်

သူ့ကားကိုလိုက်စီးစရာမလိုဘူးကိုယ့်ဘာကိုယ်

ပြန်ကြမယ်....."


ပြောရင်း တွန်းလှည်းကိုတွန်းလျက် ကပျာကယာ

လှမ်းထွက်ဖို့ပြင်တဲ့စက်ရဲ့လက်ကောက်ဝတ်လေး

တစ်ဖက်ကိုသူက လှမ်းဆွဲပြန်သည်။


"ကျွန်တော့်ကားကိုဒီအတိုင်းလိုက်မစီးချင်ဘူးဆိုရင်လဲ

ကျွန်တော့်ကားကိုမင်းဌားမဲ့ Taxiလို့သဘောထားလိုက်ပေါ့

မကောင်းဘူးလား..."


ချက်ချင်းကိုအကြံညဏ်ထုတ်လာသောသူ့ကြောင့်

စက်မျက်လုံးပြူးသွားရရင်း ခေါင်းကို

တရစပ်ယမ်းလိုက်သည်။


"မကောင်းပါဘူး ငါကဘာလို့နင့်သဘောအတိုင်း

လုပ်ရမှာလဲ..."


"လုပ်ရမှာပေါ့...ကျွန်တော်ကမင်းရဲ့ကောင်လေးပဲလေ.."


"ဘာပြောတယ်....နင်..."


နောက်ထပ်ရန်တွေ့ဖို့မလုပ်နိုင်သေးခင်

သူက စက်ရဲ့လက်ထဲကနေတွန်းလှည်းကို

လုယူပြီး ခပ်တည်တည်နဲ့တွန်းထွက်သွားတဲ့အခါ...


"demon..ကောင်စုတ်လေး..."


သူ့နာမည်ကိုကြိတ်မနိုင်ခဲမရခေါ်ရင်း

အပြေးတစ်ပိုင်းခြေလှမ်းတွေနဲ့သူ့နောက်ကို

လိုက်သွားရတဲ့ စက်^^^^


"ဟဲ့...စက် ငါ့ကိုစောင့်ဦးလေ...."


ယူရီ့ရဲ့အော်ခေါ်သံကတော့ စက်ရဲ့အနောက်ကနေ

ကပ်ပါလာခဲ့တော့ရင်း.....


~~~~~~~~~~~~~~~~🔥🔥🔥


city martထဲမှာငွေရှင်းပြီးတော့လဲ

အထုတ်တွေကိုဆွဲကာ ကားပါကင်ကို

သူကဦးဆောင်သွား၏ စက် စူပုတ်ပုတ်

မျက်နှာလေးနှင့်ပဲ အနောက်ကနေလိုက်လာရသည်။


ဘေးမှာစက်နဲ့အတူပါလာတဲ့ယူရီကတော့

စက်ရဲ့အဖြစ်ကိုကြည့်ပြီးပြုံးစေ့စေ့နှင့်....


"ဟဲ့ အဲ့ကောင်လေးက မနေ့တနေ့ကမှ

ပါရီကရောက်လာတာဟုတ်ရဲ့လား

သူက ကားကိုတောင်ကိုယ်တိုင်မောင်းပြီး

နင့်ဆီလာနိုင်တယ်နော်..."


"ဘာအထင်ကြီးစရာရှိလို့လဲ ကားထဲမှာ

ကွန်ပျူတာလမ်းညွှန်အလုံးလိုက်ကြီးပါနေတဲ့ဟာ

နင်လဲကားကိုကျွမ်းကျွမ်းကျင်ကျင်သာမောင်းနိုင်ရင်

ဒီနေ့ပါရီကိုသွား ဒီနေ့ဟိုမှာကားလျှောက်မောင်းနေလို့

ရတယ်.."


စက် မကျေမနပ်နှင့်ဘုပဲတောလိုက်တော့

ယူရီဇက်ပုသွား၏...


"တက်​​လေ..."


ကားနားကိုရောက်တော့ သူက 

ရှေ့ခန်းတံခါးကိုဖွင့်ပေးပြီး မေးဆတ်ပြလျက်ပြောသည်။


စက် သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး

သူဖွင့်ပေးထားတဲ့ ကားရှေ့ခန်းကိုမဝင်ပဲ

ကျော်ပြီးပဲနောက်ခန်းတံခါးဆီလက်လှမ်းလိုက်ပေမဲ့...


"အ​ေမ့..."


ဘယ်သူ့ကိုမှဂရုစိုက်ပုံမရသည့်သူက

ယူရီ့ရှေ့မှာတင် စက်ရဲ့ပခုံးလေးကိုပိုင်စိုးပိုင်နင်း

ဆွဲဖက်ယူလျက် သူသတ်မှတ်ထားတဲ့နေရာမှာပဲ

မရရအောင်ထိုင်စေလိုက်၏....


"နောက်ခန်းမှာထိုင်လို့မရဘူး မင်းရဲ့သူငယ်ချင်းနဲ့

မင်းဝယ်လာတဲ့ပစ္စည်းတွေကအများကြီးပဲ..."


"နင်...."


စက် အားရပါးရရန်တွေ့ဖို့ပြင်လိုက်စဉ်မှာ

အားကိုးရတဲ့သူငယ်ချင်းကြီးက...

ကားနောက်ခန်းမှာကျကျနနဝင်ထိုင်လိုက်တာကို

မြင်လိုက်ရတဲ့အခါ အလိုလိုစေ့ပိတ်သွားရတဲ့

နူတ်ခမ်းနူတ်လွှာ...


သူကတော့ လက်ထဲကသယ်လာတဲ့အထုတ်တွေကို

ကားနောက်ခန်းကယူရီ့ဆီလှမ်းပေးပြီး

ဘေးကနေပတ်ကာမောင်းသူနေရာမှာဝင်ထိုင်လာသည်။


"ယူရီအစုတ်ပလုတ်မ...."


စိတ်ထဲကနေတီးတိုးရေရွတ်လိုက်ရင်း

အလိုက်မသိတဲ့သူငယ်ချင်းမရဲ့မျက်နှာကို

နောက်ကြည့်မှန်ထဲကနေမကျေမနပ်ကြည့်မိလျက်

ခါးပါတ်ကိုသာပတ်လိုက်မိလေတော့၏....


~~~~~~~~~~~~~~~~~~~🔥🔥🔥


"ပြန်လာပြီလား...de.."


လေလေးတချွန်ချွန်နဲ့ ကားသော့ကို

လက်ထဲမှာလှည့်ပတ်ကစားလျက်

ဓာတ်လှေကားထဲကနေလှမ်းထွက်လာတာနှင့်

ဘယ်ထဲကရောက်နေမှန်းမသိတဲ့ ကိုးလ်က

ဆိုဖာပေါ်မှာထိုင်နေလျက် deကိုလက်လှမ်းပြ၏...


"မင်းဘယ်အချိန်ထဲကရောက်နေတာလဲ..."


"ခုလေးတင်ပဲ...မင်း ဓာတ်လှေကားရဲ့passwordကို

ဘယ်တုန်းကပြောင်းလိုက်တာလဲ

ငါက ငါထား,ထားတဲ့ codeထင်ပြီးဖွင့်နေတာ

မရလို့ ကားထဲကသော့ကတ်ကိုတောင်

နောက်တစ်ခေါက်သွားယူရတယ်..."


"မနေ့ကမှပြောင်းလိုက်တာ...ပြန်မှတ်ထားလိုက်

1992..."


"ဘာအဓိပ္ပါယ်လဲ...."


"သူ့ရဲ့မွေးသက္ကရာဇ်..."


အရေးမကြီးသလိုပြောရင်း အခန်းထောင့်မှာရှိနေသော

ဝိုင်ဘားတစ်ခုလိုပြင်ဆင်ထားတဲ့နေရာကို

လျောက်သွားကာ စားပွဲရှည်အမြင့်ကြီးပေါ်မှာ

အသင့်ရှိနေတဲ့ ဖောက်ပြီးသားဝိုင်ပုလင်းထဲက

ဝိုင်တစ်ချိူ့ကိုဖန်ခွက်ထဲထည့်ပြီး deက

ကိုးလ်အနားကိုပြန်လျောက်လာတဲ့အခါ

ပိုလိုက်တာ,,ဆိုတဲ့မျက်ဝန်းအကြည့်တွေနဲ့ဆီးကြိုခြင်းကို

ခံလိုက်ရသည်။


deမသိကျိုးကျွံပြုပြီးတော့ပဲ မျက်နှာချင်းဆိုင်မှာ

ခြေချိတ်လျက်ဝင်ထိုင်လိုက်တဲ့အခါ..ကိုးလ်က


"သူနဲ့သွားတွေ့လာတာလား...."


"အင်း....."


"အခြေအနေဘယ်လိုလဲ..."


"ဒီလိုပါပဲ..."


"မင်းအရမ်းစိတ်ရှည်နေတာကိုငါအံ့ဩနေတာ"


"၇နှစ်တောင်စောင့်လာပြီးပြီပဲ နည်းနည်းလောက်

ထပ်စောင့်လိုက်ရလို့လဲဘာမှဖြစ်မသွားဘူး

မဟုတ်လား..."


တည်ငြိမ်စွာပြောရင်း လက်ထဲကဝိုင်ခွက်လေးကို

ခပ်ဖြေးဖြေးလူပ်ခါနေတဲ့deရဲ့အမူအယာကို

ကိုးလ်အသေးစိတ်အကဲခတ်နေပြီးမှ...


"သန်ဘက်ခါ...သူ့အဖေရဲ့မွေးနေ့ပဲ

ငါ့အဖေက god flowerရဲ့ ပါတနာမို့

ပါတီပွဲဖိတ်စာရထားတယ် မင်းလိုက်ခဲ့ချင်လား..."


ဒီတစ်ခါတော့ ကိုးလ်ရဲ့စကားကို

deနည်းနည်းစိတ်ဝင်စားသွားပုံရ၏...

ဝိုင်ခွက်ဆီပို့ထားတဲ့အကြည့်တွေက

ကိုးလ်ဆီတည့်တည့်မတ်မတ်ရောက်လာခဲ့သည်။


"ဒါပေမဲ့ သူက, သူ့အဖေရဲ့မွေးနေ့ပွဲကို

မတတ်တာတော့၂နှစ်ရှိနေပြီ သူgod flowerကနေ

ထွက်သွားပြီးကထဲကအဲ့ဒီ့ကိုတစ်ခေါက်မှ

ပြန်မလာခဲ့တာ..."


"သူကပုန်းကွယ်ရတာကိုတစ်ကယ်သဘောကျတာပဲ

သူကခေါင်းမာပြီးတော့ ဘယ်လိုပဲကြည့်ကြည့်

ရင့်ကျက်တဲ့ပုံမပေါ်ဘူး...."


"လွန်ခဲ့တဲ့၂နှစ်ကသူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အရာတွေကလဲ

သူ့နေရာမှာတခြားတစ်ယောက်သာဆိုရင်

ဒီလောက်ထိပြန်ပြီးရပ်တည်လာနိုင်ဖို့တောင်

မလွယ်လောက်ဘူး....မင်းစဉ်းစားကြည့်လေ

လက်ထပ်ဖို့တစ်ရက်အလိုမှာပဲ သူ့ရဲ့သတို့သားလောင်းက

အသတ်ခံလိုက်ရတယ် သတ်လိုက်တဲ့လူက သူနဲ့

ပထအကြိမ် လက်ထပ်ဖို့စီစဉ်ခဲ့ဖူးတဲ့ သတို့သားလောင်း

လွန်ခဲ့တဲ့၂နှစ်က အဲ့ဒီ့သတင်းက မြန်မာပြည်မှာ

တစ်ကယ့်ကိုဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ....

လူတိုင်းရဲ့နူတ်ဖျားမှာ အညှီအဟောက်တစ်ခုလို

စွဲထင်ခဲ့တဲ့သတင်းက မိန်းမတစ်ယောက်ကြောင့်

ဘဝပျက်သွားတဲ့သနားစရာယောကျာ်းနှစ်ယောက်တဲ့....."


"..........."


"တစ်ကယ်တော့အဲ့ဒီ့်ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ

ငါတို့လိုအပြင်လူတွေမမြင်နိုင်၊မသိနိုင်တဲ့လျို့ဝှက်ချက်တွေ

ရှိနေလောက်ပေမဲ့ လူတွေကတော့သူတို့မျက်စိရှေ့မှာ

မြင်ရတဲ့အရာတွေ သူတို့နားထဲမှာကြားရတဲ့အသံတွေကိုပဲ

ယုံကြည်လက်ခံကြတယ်...တစ်စထက်တစ်စ

ဘယ်ကနေဘယ်လိုပျံ့နှံ့လာမှန်းမသိတဲ့ကောလဟာလတွေက

သူ့ကို စုန်းမတစ်ယောက်လိုမျိုးလူတွေထင်လာမြင်လာတဲ့

အထိပဲ..god flowerရဲ့ပုံရိပ်ကလဲ အဲ့ဒါကြောင့့်ပဲ

ကျဆင်းခဲ့ရတယ်...နောက်ဆုံး သူ

god flowerရဲ့နတ်သမီးဆိုတဲ့ပုံရိပ်ကိုစွန့်လွှတ်ပြီး

လူတွေရှေ့ကနေပျောက်ကွယ်သွားတဲ့အချိန်မှ

အဲ့သတင်းတွေကတစတစငြိမ်သွားခဲ့တာလေ...."


ရှည်လျားလှတဲ့ကိုးလ်ရဲ့စကားအဆုံး

တစ်ချိန်လုံးငြိမ်သက်နေခဲ့တဲ့deရဲ့

မျက်ဝန်းတွေက တစ်စုံတစ်ရာသော

ခံစားမူ့တစ်ချို့နဲ့ အလေးအနက်ဖြစ်သွားခဲ့လျက်....


"သူလုံးဝမျမားဘူး....."


"..........."


"လွန်ခဲ့တဲ့ ၂နှစ်ကအဲ့ဒီ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ

ဘာတွေပဲရှိခဲ့ရှိခဲ့...သူလုံးဝမမှားခဲ့ဘူးလို့ငါယုံတယ်

ကိုးလ်...."


"မင်းကဘာဖြစ်လို့ ထစ်ထစ်ချယုံကြည်နေရတာလဲ..."


"သူကငါရွေးချယ်ထားတဲ့ငါ့ရဲ့မိန်းကလေးဖြစ်နေလို့..."


တခဏလေးသော်မျှတုံ့ဆိုင်းသွားခြင်းမရှိ

အဖြေပေးလာတဲ့စကား....


"တခြားသူတွေသူ့ကိုဘယ်လိုပဲသတ်မှတ်သတ်မှတ်

ငါဂရုမစိုက်ဘူး ငါသူ့ကိုယုံတယ်...ဒီလောက်ဆို

လုံလောက်နေပြီမဟုတ်လား...သူထပ်ပြီး ဒီလိုမျိုး

ပုန်းကွယ်နေတာကိုငါမကြည့်ချင်တော့ဘူး

သူကသံသရာစက်ပဲ လွန်ခဲ့တဲ့၇နှစ်က

ငါသိခဲ့တဲ့ သံ သ ရာ စက္​...."


~~~~~~~~~~~~~~~~~~🔥🔥🔥


"နင့်အတွက် စံအိမ်ကနေပစ္စည်းပို့လိုက်တယ်

ငါဖွင့်ကြည့်လိုက်တာ dressတစ်ထည်နဲ့ဖိနပ်တစ်ရန်ပဲ

မနက်ဖြန်ပွဲအတွက် နင့်အဖေပို့ခိုင်းလိုက်တာနဲ့တူတယ်.."


စက် ဆိုဖာပေါ်မှာထိုင်နေတဲ့ယူရီ့်ကိုတစ်လှည့်

မှန်စားပွဲပေါ်မှာရှိသောဖွင့်ထားတဲ့ပါဆယ်ဗူးလေးကို

တစ်လှည့်ကြည့်လိုက်မိကာ ယူရီ့ဘေးမှာ

ဝင်ထိုင်လိုက်သည်။


"ဂါဝန်လေးကအရမ်းလှတယ် နင်ဝတ်မကြည့်ချင်

ဘူးလား..."


ယူရီပြောသလိုပဲ ငွေမှင်ရောင်တလက်လက်နှင့်

dressလေးကထိရက်စရာမရှိအောင်ကြွရွနေ၏..

ထို့အတူ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ငွေမှင်ရောင်

high heelလှလှလေးကလဲ ဂါဝန်နဲ့

တစ်ရောင်ထဲပင်....


စက် ဗူးထဲကဂါဝန်အခေါက်လေးကို

လက်ဖဝါးလေးနှင့်ဖွဖွထို့ထိလိုက်မိသည်။


"စက္​.."


"ဟင်..."


"နင်မနက်ဖြန် နင့်အဖေရဲ့မွေးနေ့ပွဲကို

တက်မှာမဟုတ်လား..."


ယူရီ့ရဲ့အမေးကို စက်ဘာမှပြန်မဖြေမိတော့

ခဏအကြာ ယူရီ့ဆီကသက်ပြင်းရိူက်သံ

ခပ်သဲ့သဲ့ကိုကြားလိုက်ရ၏...


"နင်သိလား ယူရီ မနေ့ကတစ်ယောက်ယောက်က

ငါ့ကိုပြောခဲ့တယ် သူ့ရဲ့မျက်လုံးထဲမှာငါက

god flowerရဲ့အတောက်ပဆုံးနတ်သမီးပဲတဲ့"


စကားကိုချက်ချင်းမဆက်ပဲ စက် ယူရီ့ဘက်ကို

ခေါင်းငဲ့ကြည့်လိုက်ပြီးမှ....


"နင်ရော အဲ့ဒါကဖြစ်နိုင်တယ်လို့ထင်လား...."


"အင်း...."


စက်ရဲ့အမေးကို ယူရီကမဆိုင်းမတွခေါင်းငြိမ့်

ထောက်ခံလာရင်း...


"နင်ပြောတဲ့တယောက်ယောက်က ငါထင်နေတဲ့လူ

ဟုတ်လားမသေချာပေမဲ့ ဘယ်သူပဲဖြစ်ဖြစ်

ဒီစကားကအမှန်ပဲဆိုတာတော့ ငါအာမခံရဲတယ်

ဆိုးရွားတဲ့အကြောင်းတရားတစ်ချို့ကြောင့်

နင့်ရဲ့နေရာက ခဏတာပျောက်ဆုံးခဲ့ပေမဲ့

နင်ကမှ စစ်မှန်တဲ့god flowerရဲ့

နတ်သမီးပဲ..."


ပြောရင်း ယူရီက စက်ရဲ့လက်နှစ်ဖက်ကို

ဆွဲယူဆုပ်ကိုင်လာခဲ့သည်။ 


"အခုဒီ့ထက်ပိုပြီးပုန်းကွယ်မနေပါနဲ့တော့

နင်, နင့်ရဲ့နေရာကိုပြန်ရယူဖို့ကြိုးစားရမယ်လေ

နင်သိလား.....နင့်ဘေးမှာငါအမြဲတမ်း

ရှိနေတယ်...."


စက် လိူက်လိူက်လှဲလှဲပဲပြုံးလိုက်မိကာ

ယူရီ့ကိုပွေ့ဖက်လိုက်သည်။


"ကျေးဇူးပဲ သူငယ်ချင်း..."


~~~~~~~~~~~~~~~~~~~🔥🔥🔥


ညတာရှည်တဲ့ဆောင်းကာလမို့....

နေလုံးကြီးငုပ်လျိူးပုန်းကွယ်သွားတာနှင့်

အမှောင်ထုကမြန်မြန်ဆန်ဆန်ပဲ စိုးမိုးလာခဲ့၏...


မီးတွေထိန်လင်းနေပြီဖြစ်တဲ့လူရိပ်လူယောင်မရှိတဲ့

ကစားကွင်းအဟောင်းလေးရဲ့ စီးဒန်းလေး

တစ်ခုပေါ်မှာ တစ်စုံတစ်ယောက်ကို

စောင့်စားခြင်းနဲ့ ထိုင်နေခဲ့တဲ့ စက်

လက်မှာကိုင်ထားတဲ့ဖုန်းကိုဖွင့်လျက်

နာရီကိုကြည့်လိုက်တော့ ၆နာရီစွန်းစွန်းရှိနေလေပြီ...


"သူဘာလို့ခုထိရောက်မလာသေးတာပဲ..."


တီးတိုးရေရွတ်ရင်းဝတ်ထားတဲ့

အနွေးထည်လေးကိုတစ်ချက်ဆွဲသပ်လျက် စက်

ဒန်းပေါ်ကနေထရပ်လိုက်ချိန်မှာပဲ

မျက်ဝန်းထောင့်မှာလှမ်းမြင်လိုက်ရတဲ့

အရိပ်တစ်ခု....


စက် လှည့်ကြည့်လိုက်သည်။ 


"နင်ရောက်လာပြီလား..."


"ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ထင်တယ်..."


စကားသံနဲ့အတူ စက်အနားကိုတစ်လှမ်းချင်း

တိုးကပ်လာတဲ့သူက စက်ရဲ့အရှေ့မှာခြေစုံရပ်လိုတဲ့အခါ

မြင့်မားတဲ့သူ့ရဲ့အရပ်က စက်ကိုမိုးသွားခဲ့၏...


စက် သူ့ကိုမော့မော့လေးကြည့်လိုက်မိသလိုပဲ

သူကလဲစက်ကို စီးမိုးငေးကြည့်လာခဲ့တော့

မျက်ဝန်းနှစ်စုံက ဆုံမှတ်တနေရာထဲမှာ

အတိအကျဆုံမိကြသည်....


ဆင်စွယ်ရောင် လည်ကပ်ခေါင်းစွပ်အင်္ကျီလက်ရှည်နှင့်

အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့

သူ့ရဲ့ပုံစံက ထူးထူးခြားခြားမဟုတ်ပေမဲ့လဲ

မမြင်ရတဲ့အရှိန်အဝါတစ်မျိူးကသူ့ဆီကနေဖြန့်ကျက်

ထားခဲ့သည်ထင်၏...


သူက မှောင်ရီပျိူးစအချိန်ရဲ့မီးရောင်တွေအောက်မှာ

တစ်ကယ့်ကိုခန့်ညားနေတယ်...


"ပြောပါဦး ကျွန်တော့်ဆီဖုန်းဆက်ပြီး

ချက်ချင်းဒီနေရာမှာမင်းကိုလာတွေ့ဖို့ပြောခဲ့တာက

ဘာအရေးကြီးကိစ္စရှိလို့လဲ...."


"ငါနင့်ကိုပြောစရာရှိလို့....ပြီးတော့

အဲ့ဒါထက် ငါနင့်ကိုအရင်ဆုံးကျေးဇူးတင်ချင်တယ်.."


"ဘာအတွက်လဲ..."


"ဘာ့အတွက်ဆိုတာမပြောပြနိုင်ပေမဲ့

ငါနင့်ကိုတစ်ကယ်ကျေးဇူးတင်ပါတယ် demon..."


စက်ရဲ့စကားကြောင့်သူကခေါင်းမော့ပြီးတစ်ချက်ရယ်လျက်


"မထင်မိဘူး မင်းကျွန်တော့်ဆီကိုဖုန်းဆက်တော့

ကျွန်တော် တစ်ကယ်ကိုဝမ်းသာအားရနဲ့ပြေးလာခဲ့မိတာ

အခုတော့ မင်းက ကျွန်တော့်ကိုပဟေဠိဆန်ဆန်

စကားတွေပြောနေတယ်..."


စက် သူ့ကိုစူးစူးစိုက်စိုက်လေးကြည့်နေမိရင်းက

လက်တစ်ဖက်ကိုကမ်းပေးလိုက်သည်။


"အခုကစပြီးငါပြောတာကိုသေချာနားထောင်ပေးပါ

ဒါကနင့်ကိုငြင်းဆန်ဖို့တမင်မင်သက်သက်

အကြံထုတ်ထားတဲ့နည်းလမ်းမဟုတ်သလို

၇နှစ်အကြာကနင့်ရဲ့အိပ်မက်ကိုပြက်ရယ်ပြုတာလဲ

မဟုတ်ဘူး...ဒီအတိုင်းငါ့ရဲ့နှလုံးသားထဲက

ဖြစ်တည်လာတဲ့နင့်အတွက်စိတ်ရင်းအမှန်ပါ...

ငါနင်နဲ့ သူငယ်ချင်းကောင်းဖြစ်ချင်တယ်

demon....."


".........."


"နင့်လိုအစစအရာရာပြည့်စုံပြီး

တော်တဲ့ထက်မြတ်တဲ့ကောင်လေးက

တစ်ချိန်ကျရင် ငါ့ထက်အဆပေါင်းများစွာသာလွန်

ကောင်းမွန်တဲ့မိန်းကလေးမျိုးကိုရှာတွေ့နိုင်မှာပါ

အခုနင်နဲ့ငါ့ရဲ့ကြားက ကတိကိုလုံးဝမေ့ပစ်လိုက်ပြီး

ငါတို့မိတ်ဆွေတွေအဖြစ် နေကြရအောင်....."


သူ့ကိုပြောထွက်နိုင်ဖို့ အသေအချာအားယူ

စဉ်းစားခဲ့ရတဲ့စကားအဆုံး ငေးရီသွားတဲ့သူ့ရဲ့

မျက်ဝန်းတွေက စက်ရဲ့မျက်နှာလေးဆီမှ

 သူ့ထံကမ်းပေးထားတဲ့ လက်ဆီသို့

တည်ငြိမ်စွာရွေ့လျား၏...


တစ်ချိန်ထဲမှာပဲလူပ်ရှားလာတဲ့သူ့ရဲ့

လက်တစ်ဖက်က စက်ရဲ့ကမ်းလှမ်းမူ့ကို

လက်ခံဖမ်းဆုပ်ဖို့လို့ထင်လိုက်မိပေမဲ့....


"အို!!"


အထင်နဲ့အမြင်လွဲမှားစွာပဲ သူ့ရဲ့လက်တံရှည်က

စက်ရဲ့ခါးသိမ်သိမ်လေးအားဆွဲယူပွေ့ဖက်လာခဲ့တဲ့အခါ

ခန္ဓာကိုယ်လေးတစ်ခုလုံးသူ့ရင်ခွင်ကျယ်ကြီးထဲ

ယိုင်ကျသွားခဲ့ရခြင်းနဲ့တပြိုင်ထဲ ရိပ်ခနဲ

ငုံ့မိုးကျလာတဲ့သူ့ရဲ့မျက်နှာချောချော...


"..........."


နူးညံ့တဲ့ထိတွေ့မူ့နဲ့အတူ စက်ရဲ့နူတ်ခမ်းလွှာလေးတွေ

ပူနွေးသွားခဲ့ရသည်။


ဒါလျှပ်တစ်ပြတ်တိုက်စစ်ဆင်ခံလိုက်ရတယ်လို့

ခေါ်မလား ??


သေချာတာက စက္ကန့်အနည်းငယ်မျှကြာမြင့်နေခဲ့တဲ့

သူ့ရဲ့ကျူးကျော်မူ့မှာ စက် သတိလက်လွတ်

ဖြစ်သွားခဲ့တယ်...


တစ်ကယ့်ကိုသတိလက်လွတ်ပါပဲ။


ထိုအချိန်မှာပဲ သူ့ရဲ့နူတ်ခမ်းနွေးနွေးက

ဖြေးဖြေးချင်းပြန်ခွာသွားခဲ့ပြီး နီးကပ်လွန်းနေတဲ့

မျက်နှာနှစ်ခုရဲ့အနေအထားမှာ မျက်တောင်ခတ်ဖို့တောင်

မေ့လျော့နေတဲ့စက်ရဲ့မျက်ဝန်းတွေကို

စူးစူးစိုက်စိုက်ကြည့်ပြီး သူ ထပ်ပြောလာခဲ့တယ်...


"အခုမင်းပြောခဲ့တဲ့စကားနဲ့ ကျွန်တော်နဲ့မင်းရဲ့ကြားမှာ

စည်းတစ်ခုကြားဖို့ကြိုးစားနေတာဆိုရင်

ဒီအနမ်းကကျွန်တော့်ရဲ့အဖြေပဲ...

ကျွန်တော်မင်းရဲ့မိတ်ဆွေမဖြစ်ချင်ဘူး စက်

ကျွန်တော်မင်းရဲ့လူပဲဖြစ်ချင်တာ မင်းပိုင်တဲ့

မင်း ရဲ့ လူ...."


~~~~~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>>


#Hazel


rate now: