book

အချစ်နတ်ဆိုးလေး

Romance, Drama

Read Book
  • Author : Hazel Nhte
  • Genres : Romance, Drama
  • Release : 16 Aug 2022
  • Language : Burmese
  • Type : Original
  • Total chapter : 28
  • Total subscriber : 0
  • Rating :
  • Status : completed

❤My Lovely demon❤

                           ``အချစ်နတ်ဆိုးလေး´´


Intro^^^^^^


"ကျွန်တော် အရွယ်ရောက်လာရင်

ခင်ဗျားကိုပဲလက်ထပ်မှာ...."


"............"


"မရယ်ပါနဲ့...ခင်ဗျားကမယုံဘူးလား

အခုကစပြီး နောက်ထပ်၇နှစ်ပြည့်တဲ့နေ့....

အဲ့ဒီ့နေ့ကိုရောက်ရင် ကျွန်တော်ခင်ဗျားရှေ့ကို

ရောက်အောင်လာပြီးခင်ဗျားကိုလက်ထပ်ခွင့်တောင်းမယ်...

အဲ့ဒီ့အခါကျရင် ခင်ဗျားကျွန်တော့်ကို လက်ထပ်မယ်

မဟုတ်လား...."


အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးကိုမေးတင်ထားတဲ့

ကမ်းခြေလှလှလေးရဲ့ဖြူလွလွသဲသောင်ပြင်ထက်က

ချစ်စဖွယ်မြင်ကွင်းလေးတစ်ခု....


အဖြူရောင်အသားပျော့ပျော့ ဂါဝန်ရှည်လေးနဲ့

သဲသောင်ပြင်မှာခြေစုံရပ်နေတဲ့ မိန်းမပျိုလေးက

လေထဲမှာလွင့်နေသောသူမရဲ့ဆံပင်ရှည်တွေကို

တစ်ချက်ပင့်သိမ်းပြီး သူမရှေ့မှာရှိနေတဲ့

ကောင်ငယ်လေးကို ခါးလေးကိုင်းညွတ်ပြီးငုံ့ကြည့်ကာ

ထပ်ပြီးပြုံးသည်။


"နင် ငါ့ကိုဘာလို့သဘောကျတာလဲ...."


"ခင်ဗျားကလှလို့...ခင်ဗျားမှာကျွန်တော်အရမ်းကြိုက်တဲ့

မျက်လုံးလှလှလေးတွေရှိတယ် ပြီးတော့

ခင်ဗျားရဲ့ဆံပင်ရှည်တွေကိုရောပဲ..."


ကောင်လေးရဲ့အဖြေကြောင့်မိန်းမပျိုလေးကသူမရဲ့

မျက်ဝန်းလှလှလေးတွေလခြမ်းကွေးပုံသဏ္ဍာန်လေး

ဖြစ်သွားသည်အထိနှစ်ခြိုက်စွာပြုံး၏...


"ငါ့ရဲ့အသက်ကအခု၂၁နှစ်ရှိနေပြီ

နင့်ကိုနောက်ထပ်၇နှစ်ထပ်စောင့်ရမယ်ဆိုရင်

ငါလက်ထပ်ဖို့အရမ်းကိုနောက်ကျသွားမှာပေါ့..."


"ဒါပေမဲ့ ကျွန်တော်ကလက်ထပ်လို့ရတဲ့အရွယ်

ရောက်တာနဲ့ခင်ဗျားကိုပဲ ယူမှာ...."


"ခစ်..ခစ်..."


ကောင်လေးပြောလိုက်တဲ့စကားအဆုံး

မိန်းမပျိုလေးရဲ့ရယ်သံလွင်လွင်လေးက

ပင်လယ်ပြင်ကြီးဆီပျံ့လွင့်သွားခဲ့တယ်....


သူမဟာ သူမရှေ့မှာရှိနေတဲ့၁၄နှစ်အရွယ်

ကောင်ငယ်လေးရဲ့ပြောစကားတွေကို

အလေးအနက်မရှိလှဘူး သူမရဲ့ပုံစံက

စကားတတ်လွန်းတဲ့မောင်ငယ်လေးကိုသဘောကျစွာ

စနောက်ပြုံးကြည့်နေတဲ့အစ်မကြီးလိုပဲ... 


ဒါပေမဲ့ သူမရှေ့ကကောင်ငယ်လေးကတော့

အရွယ်နဲ့မလိုက်အောင်တည်ကြည်လေးနက်လွန်းတဲ့

မျက်ဝန်းအကြည့်တွေနဲ့......


ထိုမျက်ဝန်းအကြည့်တွေထဲမှာ ပြတ်သားမူ့

တစ်ချို့လဲရှိနေသေးတယ်...


"ကောင်းပြီလေ ငါစောင့်နေမယ်

နောက်၇နှစ်နေလို့ နင် ဒီကတိကို

သတိရသေးတယ်ဆိုရင် ငါ့ရှေ့ကိုရောက်အောင်

လာခဲ့ ငါနင့်ကိုလက်ထပ်မယ်...."


စကားအဆုံး ချစ်စဖွယ်အပြုံးလေးနှင့်

ဆံနွယ်ရှည်တွေဝဲခနဲခါရမ်းသွားအောင်

လှည့်ပြေးသွားတဲ့ မိန်းမပျိုလေးကို

ရပ်ငေးကြည့်ပြီးကျန်နေခဲ့တဲ့ ကောင်ငယ်လေးက

မိန်းမပျိုလေး သူ့ရဲ့မြင်ကွင်းထဲကပျောက်သွားတဲ့

အချိန်ကျမှ ပင်လယ်ပြင်ကြီးဆီအကြည့်တစ်ချက်ပို့ပြီး

အရွယ်နဲ့မလိုက်အောင် ခန့်ခန့်ညားညား

ပြုံးလိုက်သည်။


"ကျွန်တော်ဘယ်တော့မှမမေ့ဘူး ကျွန်တော်

နောက်၇နှစ်နေရင်ခင်ဗျားကို ကျိမ်းသေလက်ထပ်မှာ..."


~~~~~~~~~~~~~~~~~🍎🍎🍎


ငယ်ရွယ်နုနယ်စဉ်အခါက အပျော်သဘောနဲ့

ပေးခဲ့ဖူးတဲ့ ကတိတစ်ခုကြောင့် ၇နှစ်အကြာမှာ

ပြောင်းလဲသွားခဲ့တဲ့ကံကြမ္မာ💥💥


နှစ်ကြိမ်တိတိ လက်ထပ်ဖို့ကိုမိသားစုဆီက

အတင်းအကြပ်တိုက်တွန်းခံရပြီး အကြောင်းအမျိုးမျိုးကြောင့်

နှစ်ကြိမ်စလုံးမင်္ဂလာပွဲပျက်ခဲ့ရတာကြောင့်

လက်ထပ်ပွဲဆိုတာကို အကြောက်ကြီးကြောက်နေတဲ့

သူမအတွက်....


တနေ့မှာတော့ ၇နှစ်အကြာကစနောက်ကတိပေးခဲ့မိတဲ့

ကောင်ငယ်လေးက ကြီးကျယ်ခမ်းနားလှတဲ့ယောကျာ်းပျို

တစ်ယောက်အဖြစ်သူမရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်

ရောက်လာတဲ့အခါ^^^^^^^


🍎🍎🍎🍎🍎


"သူက တစ်ကယ့်ကိုနတ်ဆိုးလိုပဲ

မဟုတ်တဲ့ အကြံတွေဆို သူ့မှာအကုန်ရှိတယ်

သူကတစ်ကယ့်ကိုမာယာများတဲ့ ယောကျာ်း

ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ၇နှစ်ကိုပြန်သွားချင်တယ်

ငါဘာလို့အရူးထပြီး သူ့ကိုအဲ့လိုကတိပေးလိုက်ရတာလဲ"


❤သံသရာစက်❤(စက်)


"ကတိစကားတစ်ခွန်းက အလေးနက်ထားရင်

ထားနိုင်သလောက် တန်ဖိုးရှိတယ်

ကျွန်တော့်အတွက်ကတော့ လွန်ခဲ့တဲ့

၇နှစ်ထဲက ခင်ဗျားကိုကျွန်တော့်မိန်းမအဖြစ်

သတ်မှတ်ထားပြီးသား..ခင်ဗျားကျွန်တော့်ကိုပဲ

လက်ထပ်ရမယ်..."


💥နေသက္ကရာဇ်💥(demon)


လက်ထပ်ပွဲဆိုအသံတောင်မကြားချင်တော့တဲ့သူမက

နည်းမျိုးစုံသုံးပြီး သူမနဲ့လက်ထပ်ခွင့်ရဖို့ကြိုးစားလာမဲ့

၇နှစ်အကြာကဖူးစာရှင်ရဲ့လက်ထဲကနေ

လွတ်မြောက်နိုင်ပါ့မလား......??


၇နှစ်အကြာက ထိုကောင်ငယ်လေးကရော

သူမရဲ့ စစ်မှန်တဲ့ဖူးစာရှင်ဖြစ်နိုင်ပါ့မလား?? ဆိုတာ


မနဲ့မောင် typeလေးကိုမှ ထူးထူးခြားခြား

ဇာတ်အိမ်လေးနဲ့❤My Lovely demon❤ ဆိုတဲ့

funny romantic ficလေးမှာ

ဖတ်ရူ့ခံစားနိုင်ပါပြီ။


Coming soon>>>>


#Hazel

Page 1 of 3

    Back