book

Index 8

Chapter(8)

💕 My lovely demon 💕

                             ``အချစ်နတ်ဆိုးလေး´´


~~~~~~~~~


"တောင်းပန်ပါတယ် demon..."


စိတ်ထဲကနေပဲတီးတိုးဆိုလိုက်မိတဲ့

တောင်းပန်စကားနဲ့အတူ စက် သူ့ဆီကအကြည့်

မလွှဲမိပဲ တစ်စုံတစ်ခုကိုဆုံးဖြတ်လိုက်သလို

အောက်နူတ်ခမ်းလေးကို ခပ်ဖွဖွဖိကိုက်လိုက်ပြီး...


"နင် ငါ့ရဲ့သူငယ်ချင်းလုပ်မလား..."


စက်ရဲ့စကားကြောင့် သူကဖျတ်ခနဲမျက်လုံး

တစ်ချက်လှန်ကြည့်လာ၏...


"ဘာလဲ ဒါမင်းရဲ့နောက်ထပ်ငြင်းတဲ့နည်းလမ်းတစ်ခုလား

ကျွန်တော်ကမင်းနဲ့ဘာလို့သူငယ်ချင်းလုပ်ရမှာလဲ..."


အေးဆေးစွာပြောရင်း သူကပန်းကန်ထဲက

အသားအပိုင်းအစလေးကို ခက်ရင်းနဲ့ထိုးယူပြီး

ပါးစပ်ထဲထည့်လိုက်ပုံကတော့်တော့်ကိုကြည့်ကောင်း

နေပြန်၏...


ဒီလိုအစားစားနေချိန်မှာတောင်စမတ်ကျကျနဲ့

ကြည့်ကောင်းနေတဲ့သူမျိုးလဲရှိသေးပါလို့

စက် မဆီမဆိုင်တွေးလိုက်မိရင်း သူ့ကို

စကားဆက်ဖို့ပြင်လိုက်သည်။


"ငါနင်နဲ့ဘယ်လိုမှလက်ထပ်ဖို့မဖြစ်နိုင်ဘူး

နင်မှမဟုတ်ဘူး ငါဒီတသက်မှာဘယ်သူ့ကိုမှ

လက်မထပ်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးသား

အဲ့ဒါကြောင့် နင်ဒ်ီအထိရောက်လာရတာလဲ

အလကားမဖြစ်အောင် ငါတို့သူငယ်ချင်း

လုပ်ကြမယ်လေ..."


"ပြောလို့မရဘူး  တစ်သက်လုံးဘယ်သူ့ကိုမှ

လက်မထပ်ဘူးလို့ မင်းဆုံးဖြတ်ထားတဲ့ထဲ

ကျွန်တော်ပါချင်မှပါမှာပေါ့..."


ကိုယ့်ကိုကိုယ်ယုံကြည်မူ့အပြည့်နဲ့ချေပလာတဲ့

သူ့ရဲ့ပုံစံကိုကြည့်ပြီး စက် မသိမသာနှာခေါင်းရူံ့လိုက်မိရင်း..


"ကိုယ့်ကိုကိုယ်ယုံကြည်မူ့လွန်ကဲနေတာက

ဘာကောင်းကျိူးမှမရှိဘူးနော် ငါပြောမယ်

ကောင်လေး နင့်ရဲ့အရွယ်က ပညာကို

ကောင်းကောင်းသင်ယူပြီး..."


"ကျွန်တော်မနှစ်ကပဲဘွဲ့ရပြီးပြီ...."


စကားမဆုံးခင် ဖြတ်ပြောလာတဲ့သူ့ကြောင့်

စက်ရုတ်တရပ်ဘာဆက်ပြောရမှန်းမသိ

ဖြစ်သွားရပြန်၏...


ဒါပေမဲ့အလျော့မပေးချင်သေးတာကြောင့်

ပခုံးလေးကိုခပ်မတ်မတ်အနေအထားလုပ်လိုက်ရင်း...


"အင်းး ဘွဲ့ရပြီးပြီဆိုရင်လဲ စီးပွားရေးတစ်ခုခုလုပ်ပြီး

အခုအရွယ်ထဲကကိုယ့်ဘဝကိုယ်အခြေခိုင်အောင်

တည်ဆောက်သင့်...သင့်.."


"ကျွန်တော်ကျောင်းတက်နေကထဲကစီးပွားရေး

လုပ်ခဲ့တာ..အသက်၁၈နှစ်မှာကျွန်တော့်ရဲ့တစ်လဝင်ငွေက

€millionနဲ့ရှိတယ်...ကြွားတာမဟုတ်ဘူးနော်

မင်းကိုသိစေချင်လို့ပြောပြတာ...


ဒီတစ်ခါတော့ဘာမှမပြောနိုင်တော့ပဲ

နူတ်ခမ်းနှစ်လွှာကအလိုလိုစေ့ပိတ်သွားရတော့

သူက စက်ကိုကြည့်ပြီးထပ်ပြောလာခဲ့တာက...


"ဘယ်လိုလဲ ဒီလောက်ဆိုကျွန်တော်က

မင်းရဲ့ခင်ပွန်းဖြစ်ဖို့အရည်အချင်းပြည့်မှီရဲ့လား..."တဲ့


တစ်ကယ့်ကိုကံဆိုးမိုးမှောင်ကျတဲ့အခြေအနေပါပဲ...

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့

မြှားဦးက ဒီနေရာကိုပဲပြန်လှည့်လာခဲ့တာ

မဟုတ်ပါလား....???


နောက်ဆုံးမှာတော့ စက် သူ့ကိုဘာမှ

ထပ်မပြောရဲတော့ပဲ မချိပြုံးလေးနှင့်သာ

နူတ်ဆိတ်သွားခဲ့ရတာက နောက်ထပ်

ဘယ်လိုအရှက်ကွဲမူ့မျိုးပါလိမ့်။


~~~~~~~~~~~~~~~~~~~~🔥🔥🔥


"ကျွန်တော်နဲ့အတူ မနက်စာလိုက်စားပေးလို့

ကေ်းဇူးပဲ..."


တိုက်ခန်းအောက်မှာ သူမောင်းနှင်လာတဲ့ကားက

ခပ်ငြိမ့်ငြိမ့်ထိုးရပ်သွားတာနှင့် သူက

စက်ဘက်ကိုငဲ့ကြည့်လာပြီး ခပ်ပြုံးပြုံးနှင့်ပြောလာ၏..


ဟိုတယ်က အဖြစ်အပျက်ကိုမကျေနပ်သေးတာကြောင့်

စက် မျက်နှာတည်လေးနဲ့ပဲသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး

ခါးပတ်ကိုဖြုတ်လိုက်သည်။


"ကျေးဇူးတင်ဖို့မလိုပါဘူး နောက်ထပ်တစ်ခေါက်

ငါ့ကိုဒီလိုအလန့်တကြားမလုပ်ရင်ရပြီ..."


နူတ်ကလဲပြောရင်း ကားတံခါးဆီလှမ်းလိုက်တဲ့

စက်ရဲ့လက်ကို သူကဖျတ်ခနဲလှမ်းပြီးဆုပ်ကိုင်

လိုက်တဲ့အခါ စက်အထိတ်တလန့်လေးသူ့ကို

ပြန်ငဲ့ကြည့်မိရပြန်၏...


"ဘာ.ဘာလဲ..နင်ဘာလုပ်ဦးမလို့လဲ..."


"အဟွန်း..ဘာလို့အဲ့လောက်တောင်လန့်သွားတာလဲ

ကျွန်တော်မင်းကိုဘာမှမလုပ်ပါဘူး..."


"ဘာမှမလုပ်ရင်လဲ ဖယ်ပေးလေ..."


စက် ခပ်လန့်လန့်ဖြစ်နေရသလောက်

သူ့ကတော့အေးဆေးစွာနဲ့ပဲ နောက်ထပ်လက်တစ်ဖက်က

စက်ရဲ့ဆံပင်တွေကိုခပ်ဖွဖွထိတွေ့လာရင်း...


"တစ်ခုလောက်ပြောချင်လို့..."


"ဘာလဲ....."


"ကျွန်တော် မင်းရဲ့ဆံပင်တွေကိုနမ်းလို့ရမလား..."


"ဘာ!!"


အထူးအဆန်းမဟုတ်သလိုပြောလာတဲ့

သူ့ရဲ့တောင်းဆိုမူ့က စက်ကိုမျက်လုံးပြူးသွားစေ၏...


စက် ချက်ချင်းပဲသူ့လက်တွေထဲအတင်းရုန်းထွက်ပြီး

ဆံပင်တွေကိုကပျာကယာနဲ့အရှေ့သို့စုသိမ်း

ပွေ့ပိုက်ပြီး ကားဆိုဖာထဲသို့ ကိုယ်လေးနစ်ဝင်မတတ်

တိုးကပ်သွားရ၏...


"မရဘူး.. နင်လျောက်မလုပ်နဲ့နော်..."


သူကတော့ စက်ရဲ့ပုံစံကိုလိုက်ကြည့်ပြီး

သဘောကျသလို အသံထွက်အောင်ရယ်သည်။


စက် သူ့ဆီကအကြည့်မလွှဲရဲပဲ ကားတံခါးlockကို

လက်လှမ်းကာ ဖွင့်လိုက်ရ၏...


"နင်.နင်ပြန်တော့...."


ပြောပြီးတာနဲ့သူတစ်ခုခုထပ်မပြောလာခင်မှာပဲ

စက် ကားတံခါးကိုတွန်းဖွင့်လျက် ဝရုန်းသုန်းကား

ပြေးဆင်းလာခဲ့မိသည်။


အနောက်ကိုလဲတစ်ချက်မှလှည့်မကြည့်ပဲ

တိုက်ခန်းလှေကားထစ်တွေအတိုင်းအပေါ်ကို

ပြေးတက်လာခဲ့တာက ကိုယ့်အခန်းထဲကို

ပြန်ရောက်မှ အမောဖြေနေစဉ်မှာပဲ.....

မီးဖိုခန်းထဲကထွက်လာတဲ့ယူရီကစက်ကိုလှမ်းမြင်တော့

တအံ့တဩဖြင့်....


"ဟဲ့..စက် နင်အပြင်ကပြန်လာတာလား...

ငါကနင်မနိုးသေးဘူးတောင်ထင်နေတာ

အခုပဲမနက်စာပြင်ပြီးနင့်ကိုဝင်နိူးမလို့..."


စက် ယူရီ့အမေးကိုချက်ချင်းမဖြေနိုင်

လက်ကာပြပြီး ဆိုဖာပေါ်ထိုင်ချလိုက်တော့

ယူရီက စက်အနားကိုလျောက်လာ၏...


"ငါမေးတာကြားလား..နင်ဘယ်သွားတာလဲလို့..."


"ဘယ်မှမသွားဘူးဟေ့ စောစောစီးစီး

ပြန်ပေးဆွဲခံလိုက်ရတာ..."


"ဟမ်!! ဘယ်လို ဘယ်လို..."


"ဟုတ်တယ် ဟုတ်တယ်

ပြန်ပေးဆွဲခံရတာ...."


မကျေမနပ်ရေရွတ်ရင်း အရှေ့ကိုစုသိမ်းချထားတဲ့

ဆံပင်တွေကိုနောက်တစ်ကြိမ်ပွေ့ပိုက်မိတော့

ကြက်သီးကထ၏....


"ကျွန်တော်မင်းဆံပင်တွေကိုနမ်းလို့ရမလား" တဲ့


ဘယ်လောက်ရဲတင်းလိုက်တဲ့ ကောင်စုတ်လေးလဲ??


ထိုအချိန်^^^^^^

တစ်ယောက်ထဲအမူအယာမျိုးစုံနဲ့ မကျေမနပ်

ဖြစ်နေတဲ့စက်ကိုကြည့်လျက် ခေါင်းတကုတ်ကုတ်နဲ့

နားမလည်နိုင်ဖြစ်နေတာကတော့ သနားစရာ

ကောင်းတဲ့ယူရီရယ်သာဖြစ်တော့၏....


~~~~~~~~~~~~~~~~~~


"ဘာ..ဒါဆို နင်ကသူခေါ်တဲ့နောက်ကိုလိုက်သွားရပြီး

ဟိုတယ်မှာမနက်စာအတူလိုက်စားရတာပေါ့..."


"အေး..."


မကျေမနပ်ပြန်ဖြေရင်း စက် ရေချိုးပြီးလဲဝတ်ထားတဲ့

ဂါဝန်ရှည်လေးကိုခါးစည်းကြိုးချည်နေရင်းက

မှန်တင်ခုံမှာဝင်ထိုင်လိုက်တော့ ယူရီကထိုအနားထိ

လာရပ်ကာ...


"နင်က သူဆင်းလာခိုင်းတာနဲ့ဆင်းသွားရောလား..."


"ဪ မဆင်းသွားလို့ရမလား သူကငါ့အဖေနဲ့

သွားတွေ့မယ်ဆိုပြီး ငါ့ကိုခြိမ်းခြောက်တယ်လေ..."


ပြောရင်းက တစ်ခုခုကို စိုးထိတ်သွားသလို

စက် မျက်နှာလေးမဲ့သွားရရင်းယူရီ့ကိုမော့ကြည့်မိ၏..


"ဟဲ့ သူကလေတကယ့်ကိုလုပ်ချင်တာလုပ်မဲ့ပုံနော်

သူ ငါ့အဖေနဲ့တစ်ကယ်သွားတွေ့ရင် ဘယ်လိုလုပ်မလဲ..."


"အမလေး,စက်ရယ် နင်ကလေသူ့ဆီက

အလိမ့်ခံရတာလဲမပြောနဲ့ တုံးကိုတုံးတယ်

နင့်အဖေကသူတွေ့ချင်တိုင်းတွေ့လို့ရတဲ့သူလား...

စီးပွားရေးလောကထဲကလူအချင်းချင်း နင့်အဖေနဲ့

တွေ့ဖို့မလွယ်တာကို..."


"အေ ဟုတ်သားပဲနော် ငါဘာလို့အဲ့ဒါမတွေးမိရတာလဲ..."


"မတွေးမိတာမဟုတ်ဘူး နင်ကအကြောက်လွန်ပြီး

ဘာမှမစဉ်းစားနိုင်တာ...သူ့လက်ကနေ

ဘယ်လိုလွတ်အောင်ပြေးရမလဲဆိုတဲ့အတွေးနဲ့

အကြောက်လွန်နေတာကိုး..."


ပါးစပ်ကလဲပြောရင်း စက်ရဲ့နားထင်ကို

လက်ညိုးနဲ့ဖိတွန်းလိုက်တဲ့ယူရီရဲ့စကားက

မှန်နေတာမို့ စက်ဘာမှပြန်မပြောနိုင်ပဲ

လျှာတစ်လစ်ထုတ် ဇက်ပုမိသည်။


"ဟုတ်တယ် ငါ့အဖေက သူလွယ်လွယ်နဲ့တွေ့လို့ရမဲ့

သူလား...ငါ့အဖေကအရမ်းအလုပ်များတဲ့

စီးပွားရေးလုပ်ငန်းရှင်ကြီး...ဟွန့်.."


"အေးပါ နင်သိဖို့ပဲအရေးကြီးတယ်

ဖူးစာရှင်လေးကိုအကြောက်လွန်ပြီး

ကိုယ့်အဖေဘယ်သူလဲဆိုတာများမေ့နေရသေးတယ်..."


"ဟယ်!! ဖူးစာရှင်လို့မပြောစမ်းပါနဲ့

ကြက်သီးထလို့..."


လက်မောင်းသားလေးတွေကိုလက်ဖဝါးနှစ်ဖက်နှင့်

အပြန်အလှန်ပွတ်သပ်ပြီးရူံ့မဲ့ကာဆိုလာတဲ့

စက်ကြောင့် ယူရီရယ်ချင်တာကိုမထိန်းနိုင်...


စက်က အသက်တစ်နှစ်ပြီးတစ်နှစ်သာ

ကြီးလာတာ ခုထိမရင့်ကျက်သေးတဲ့

မိန်းမငယ်လေးတစ်ယောက်လိုပဲ တစ်ခါတလေကျရင်

အခုလိုမျိူးကလေးလဲဆန်တတ်သေးတယ်...

အဲ့ဒါကြောင့် ယူနီအတွက်စက်ကသူငယ်ချင်းဆိုတာထက်

ညီမလေးတစ်ယောက်လိုမျိူးဖြစ်နေတာ...


"အင်း ဘာလိုလိုနဲ့ သန်ဘက်ခါဆို

ပါပါးမွေးနေ့တောင်ရောက်တော့မယ်

ယူရီ..ညနေကြရင် ငါတို့ city mart

သွားရအောင် ငါ ပါးပါးမွေးနေ့အတွက်

ကိတ်မုန့်လုပ်ပေးဖို့ လိုတာလေးတွေသွားဝယ်မလို့..."


"သွားလေ ငါလိုက်ခဲ့မယ်..ဒါနဲ့ 

နင်အဲ့နေ့ကျရင် လူကိုယ်တိုင်ပါတီပွဲတက်မှာ

မဟုတ်လား..."


"မသိသေးဘူး..."


မရေမရာဖြေရင်း မှန်တင်ခုံဘက်တည့်တည့်

ပြန်လှည့်သွားပြီး ဆံပင်တွေကိုသာဖြီးနေတဲ့

စက်ကိုကြည့်ပြီး ယူရီဘာမှထပ်မပြောဖြစ်တော့ပေ။


~~~~~~~~~~~~~~~~~🔥🔥🔥


"ဒါကလေ အစ်ကို့ရဲ့မွေးနဲ့ပါတီအတွက်

ဟန်နီပြင်ဆင်ထားတဲ့အသေးစိတ်အစီအစဉ်တွေ

အစ်ကိုကြည့်ကြည့်ပြီး လိုတာရှိရင်ထပ်ပြောနော်..."


"ကြည့်စရာမလိုပါဘူး god flower မှာ

ပွဲရှိရင်ဟန်နီပဲစီစဉ်နေကြပဲ ပြီးတော့နှစ်တိုင်း

အစ်ကို့ရဲ့မွေးနေ့ပါတီတွေကိုလဲ ဟန်နီစီစဉ်နေကြ

မဟုတ်လား..."


ပြောရင်းအလုပ်စားပွဲပေါ်သူမတင်ပေးလိုက်တဲ့

စာအုပ်ကိုတစ်ချက်လေးတောင်မကြည့်ပဲ

ပြန်ပေးလာတဲ့ ဦးဘုန်းဝဠာကိုကြည့်ပြီး

ကျေနပ်သလိုပြုံးလိုက်တဲ့ဒေါ်ဟန်နီခင်....


"ဒါဆို ဖိတ်ရမဲ့လူစာရင်းတွေကိုလဲ

ဟန်နီပဲစီစဉ်လိုက်မယ်နော်..."


"အင်း..အစ်ကို့ပါတနာတွေအတွက်

ဖိတ်စာတွေစီစဉ်ပြီးရင်တော့ ဂျိုးဇက်ကိုပေးလိုက်..."


"ဟုတ်ကဲ့...ဪ မွေးနေ့ကိတ်ကိုရော

အစ်ကိုဘယ်လိုပုံစံမျိူးလိုချင်လဲ"


"ကိတ်ကတော့ဘယ်ကမှမှာစရာမလိုဘူး

အရင်နှစ်တွေကလိုပဲ စက်က အစ်ကို့အတွက်

မွေးနေ့ကိတ်လုပ်ပေးလိမ့်မယ်..."


စက်´´ဆိုတဲ့နာမည်ကိုကြားလိုက်တာနှင့်

တစ်ချိန်လုံးပြုံးနေတဲ့ ဒေါ်ဟန်နီခင်ရဲ့

နူတ်ခမ်းတွေမသိမသာမဲ့ကျသွားခဲ့၏...


သူမကချက်ချင်းပဲ အမူယာကိုပြန်ပြင်လိုက်သည်။


"ဟုတ်သားပဲ အစ်ကိုကမွေးနေ့ကိတ်ဆို

စက်လုပ်ပေးတဲ့ကိတ်ကလွဲရင်တခြားဘယ်ကိတ်ကိုမှ

စားတာမဟုတ်ပဲ..."


သူမရွဲ့သလိုပြောလိုက်ပေမဲ့ အလုပ်ထဲမှာ

အာရုံစိုက်နေတဲ့ အစ်ကိုဖြစ်သူက

သတိထားမိဟန်​မတူ...


"ဪ ပြီးတော့ ဟန်နီ, စက်အတွက်

dressလှလှလေးတစ်စုံလောက်စီစဉ်ပေးဦး

မွေးနေ့ပွဲမှာဝတ်ဖို့အတွက် အစ်ကိုသမီးကိုပို့ပေးချင်လို့..."


"ရှင်..စက်ကအစ်ကို့ရဲ့မွေးနေ့ပါတီကိုတက်မှာလား..."


သူမဟန်မဆောင်နိုင်ပဲမေးလိုက်မိတော့

အစ်ကိုဖြစ်သူရဲ့အကြည့်က laptopဆီမှခွာပြီး

သူမဆီရောက်လာ၏...


"ဟုတ်တယ်လေ.....ဘာဖြစ်လို့လဲ

ပြသာနာတစ်ခုခုရှိလို့လား..."


"မဟုတ်ပါဘူးအစ်ကိုရဲ့ အရင်နှစ်တွေက

စက်ကလူကိုယ်တိုင်မလာပဲကိတ်ပဲပို့ပေးတာဆိုတော့

ဟန်နီကအံ့ဩသွားတာပါ..."


"အဲ့ဒါကြောင့်အစ်ကိုလဲ အနားနီးမှ

သမီးစိတ်ပြောင်းမသွားအောင်ဆုတောင်းနေရတာ

ဝတ်စုံအသေချာလေးစီစဉ်ပြီးပို့ပေးပါ

သမီးတစ်ခုခုစိတ်တိုင်းမကျတာမျိုးမဖြစ်စေချင်ဘူး..."


"ဟုတ်ကဲ့ပါ အစ်ကို..."


"ဟန်နီကိစ္စမရှိတော့ဘူးဆိုရင်သွားလို့ရပြီ

အစ်ကိုအလုပ်ရှိနေသေးလို့..."


သူမခေါင်းငြိမ့်ပြီးအစ်ကိုဖြစ်သူရှေ့ကနေအပြုံးမပျက်

လှည့်ထွက်လာခဲ့ပေမဲ့ စာကြည့်ခန်းအပြင်ဘက်ကို

ရောက်တာနှင့် တင်းမာခတ်ထန်စွာပြောင်းလဲ

သွားတဲ့မျက်နှာထား........


"ငါကပဲ သူ့သမီးအတွက်ဝတ်စုံကိုတကူးတက

စီစဉ်ပြီးပို့ပေးရဦးမယ်ပေါ့.....အဟွန်း..."


ခပ်ရွဲ့ရွဲ့ရယ်လိုက်ရင်း အရောင်ရင့်ရင့်ဆိုးထားတဲ့

လက်သည်းရှည်တို့ကိုအချင်းချင်းထိခတ်စေလျက်

မြေခွေးတစ်ကောင်လိုစဉ်းလဲစွာကျဉ်းမြောင်းသွားတဲ့

မျက်ဝန်းတွေ....


"စက်နင်ကအခု god flowerကိုပြန်ဝင်လာဖို့

ကြိုးစားချင်နေတာလား...အဲ့လိုဆိုရင်တော့

ငါကနင့်ရဲ့နေရာမှန်ကိုထပ်ပြီးသိအောင်ပြပေး

ရသေးတာပေါ့...."


~~~~~~~~~~~~~~~🔥🔥🔥


"ပါပါးရဲ့ birthday cakeအတွက်

ဝယ်ရမဲ့ပစ္စည်းတွေတော့စုံပြီ ယူရီ

နင်ဘာယူဦးမလဲ..."


"အင်းး..ကော်ဖီမူန့်ဝယ်ရဦးမယ်

အိမ်မှာကော်ဖီမူန့်ကုန်နေပြီ..."


"ကော်ဖီမူန့်တွေက ဟိုဘက်မှာ..."


စက် ပြောရင်း တွန်းလှည်းကိုပြန်လှည့်လိုက်ချိန်မှာပဲ

ယူရီ့ဖုန်းကမြည်လာ၏...


"ဘယ်သူလဲ....."


စက်မေးငေါ့ပြီးမေးလိုက်တော့...


"ငါ့ကိုကို..ငါ့ကိုကို..."


"အမလေးဟဲ့..."


ဖုန်းကိုကြည့်ပြီး ပြောင်ချော်ချော်လုပ်ပြတဲ့ယူရီ့်

မျက်နှာပေးကြောင့် စက်ရယ်မိသွားရသည်။


"ဖုန်းပြောလိုက်ဦးမယ် ခဏ..."


"အင်း ငါသွားနှင့်မယ် လိုက်လာခဲ့...."


"Ok.Ok..."


စက် ယူရီ့ကိုထားခဲ့ပြီး လက်တွန်းလှည်းလေးကို

တွန်းကာ ကော်ဖီမူန့်တွေချည်းသီးသန့်ထားတဲ့

ဘက်ကိုရောက်လာခဲ့သည်။


"Brazil made နေပါဦးရှာလိုက်ဦးမယ်

brazil made...ဟော အပေါ်ဆုံးမှာပဲ.."


သောက်နေကြတံဆိပ်ကော်ဖီမူန့်ဗူးတွေက

အပေါ်ဆုံးတန်းမှာမို့...စက်ဘေးဘီကိုဝေ့ကြည့်လိုက်တော့

အနီးအနားမှာ ဝန်ထမ်းတွေတစ်ယောက်မှမတွေ့...


စက် ခြေဖျားထောက်ပြီး ယူဖို့ကြိုးစားလိုက်ပေမဲ့

တော်တော်မြင့်တာမို့ အဆင်မပြေ...

မကျေနပ်သေးပဲ အလယ်ဘောင်တန်းကို

လက်တစ်ဖက်နဲ့အားပြုပြီး နောက်တစ်ကြိမ်

ခြေဖျားထောက်ပြီး ကော်ဖီဗူးကိုယူဖို့ကြိုးစားနေချိန်မှာပဲ..


"ဟင်!! "


နှာသီးဝမှာတိုးဝှေ့ကျီစယ်လာတဲ့စူးရှရှမွှေးရနံ့တစ်မျိုးနဲ့အတူ

စက်ရဲ့အနောက်ဘက်ကနေတစ်စုံတစ်ယောက်က

ကော်ဖီဗူးကိုလက်လှမ်းယူလိုက်၏...


"အ​ေမ့..."


စက် ဖျတ်ခနဲအနောက်ကိုလှည့်ကြည့်လိုက်တော့

လိုတာထက်ပိုပြီးကပ်နေတဲ့တစ်စုံတစ်ယောက်ရဲ့

ရင်ခွင်ကျယ်ကြီးထဲ မျက်နှာလေးအပ်မိလျက်သား...


စက် ကပျာကယာနဲ့ပဲအနောက်ကစင်နဲ့ကျောပြင်လေး

ထိကပ်သွားအောင်ကိုယ်ကိုရို့လိုက်ပြီး

မော့ကြည့်လိုက်တော့ မြင်လိုက်ရတာက

သွေးတက်စရာကောင်းတဲ့ မျက်နှာချောချော...


"နင်.ဘယ်လိုဖြစ်ပြီးနင်ဖြစ်နေရပြန်တာလဲ...

နင်ငါ့နောက်ကိုလျောက်လိုက်နေတာလား..."


"အင်း..ကျွန်တော်လုပ်စရာမရှိပဲပျင်းနေလို့..."


ခပ်တည်တည်ပဲပြောရင်း သူက

ကော်ဖီဗူးကို စက်ကိုပေးသည်။


"မင်း စျေးဝယ်နေတာလား..."


"မမြင်ဘူးလား..."


စက် ဘုဆတ်ဆတ်ပဲတုံ့ပြန်ပြီး သူ့လက်ထဲက

ကော်ဖီဘူးကိုဆတ်ခနဲဆွဲယူလျက်ခြင်းထဲ

ပစ်ထည့်လိုက်၏...


ထို့နောက် တွန်းလှည်းကိုတွန်းပြီး

လှည့်ထွက်ရန်ပြင်တော့ သူက

စက်ကိုယ်လေးကိုပခုံးနဲ့ပစ်တိုက်လိုက်ရင်း

လှည်းကိုဝင်တွန်း၏...


"ကျွန်တော်မင်းကိုကူပေးမယ် မင်း

ဘာဝယ်ဦးမလဲဝယ်လေ...."


"ပျင်းရင်လဲ ပါရီကိုပြန်လိုက်ပါလား..."


"ပါရီကိုတစ်ယောက်ထဲပြန်လို့မရဘူး

မင်းကိုပါ အပါခေါ်သွားနိုင်မှရမှာ..."


"စိတ်ကူးယဉ်နေမနေနဲ့...ဖယ်..."


စက် သူ့ကိုပြန်တွန်းပစ်လိုက်ပြီး

လှည်းကိုဆက်တွန်းလာတော့ သူက

ဘေးကနေပါလာပြန်သည်။


စက်သူ့ကိုတစ်ချက်ငဲ့ကြည့်လိုက်ရင်း...


"နင့်ရဲ့အဖေက နင့်လိုကောင်လေးကို

သူ့မျက်စိကွယ်ရာရေခြားမြေခြားမှာ

လုပ်ချင်ရာလုပ်ဖို့ခွင့်ပြုပေးထားတာတော့

အံ့ဩဖို့ကောင်းတယ်..."


"ကျွန်တော်ကကောင်လေးမဟုတ်တော့ဘူး

ကျွန်တော့်အသက်က၂၂ ကျွန်တော်က

လူကြီးဖြစ်နေပြီ...ပြီးတော့ အိမ်ထောင်ပြုလို့ရတဲ့

အရွယ်လဲရောက်နေပြီ...."


"စကားလမ်းကြောင်းကို အဲ့ဘက်မရောက်သွားလို့

မရဘူးလား.."


"မရဘူး...ဒါ ကျွန်တော့်ရဲ့အဓိကရည်မှန်းချက်ပဲ..."


စက် သူ့ကိုဘာမှပြန်မပြောပဲမျက်စောင်းပဲ

လှည့်ထိုးလိုက်ကာအရှေ့ကိုဆက်ပြီး

လှမ်းလာခဲ့ရင်း တနေရာအရောက်မှာတော့

ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားရတဲ့အခါ

သူကလဲစက်လိုပဲခြေလှမ်းတွေရပ်သွားခဲ့သည်။


တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်မြင်နေရတာက

City martထဲက နံရံကပ်ပရိုဂျက်တာကြီးမှာ

ပြသနေတဲ့ gos flowerရဲ့ ကြော်ငြာတစ်ခု....


ဖန်သားပြင်ထက်မှာပေါ်နေတဲ့ဆန်းသစ်လှပတဲ့

ရတနာဒီဇိုင်းတွေနဲ့လှပတဲ့ကြော်ငြာမော်ဒယ်လေးက

မြင်နေကြအတိုင်းတောက်ပနေခဲ့သလို

စက်ကိုယ်တိုင်လဲ အခါများစွာကလိုရပ်ငေး

ကြည့်နေခဲ့မိတယ်...


Roseဆိုတဲ့သူမကို ဒီလိုနေရာမှာမြင်ရတဲ့အခါ

စက်ပျောက်ဆုံးနေခဲ့တဲ့စက်ရဲ့ပုံရိပ်ကပိုပြီး

ဝေဝါးသွားသလိုပဲ...


စက် ပြန်မြင်ယောင်ကြည့်လို့မရဘူး

အရင်က god flower ရဲ့နတ်သမီး

သံသရာစက်ရဲ့ပုံရိပ်ကဘယ်လိုမျိုးလဲ??

တစ်ချိန်တုန်းကသံသရာစက်ကဘယ်လိုမျိုးလဲ...


ရှေ့ဆက်မလှမ်းနိုင်တဲ့ခြေလှမ်းတွေနဲ့

စက် နေရာမှာတင်ကိုယ့်ကိုကိုယ်ဝေဝေဝါးဝါးနဲ့

မေးခွန်းပြန်ထုတ်မိနေချိန်မှာ နွေးထွေးတဲ့

လက်ဖဝါးတစ်ဖက်က စက်ရဲ့မျက်ဝန်းတွေကို

အုပ်ကာလာခဲ့ပြီး မျက်လုံးရှေ့ကမြင်ကွင်းကို

ဖုန်းကွယ်ပစ်လိုက်၏..


တစ်ဆက်ထဲမှာပဲ စက်ရဲ့ပခုံးလေးက 

သူ့ရဲ့ရင်ခွင်ထက်ထိကပ်မိသွားချိန်မှာ...

စက်ကြားလိုက်ရတဲ့စကားသံက...


"သူကမင်းထက်ဘယ်လောက်များခမ်းနားနေလို့

မင်းကဒီလိုမျိုးခြေစုံရပ်ပြီး သူ့ကိုငေးမော့ကြည့်နေရမှာလဲ

မင်းသိလား..ကျွန်တော့်မျက်လုံးထဲမှာတော့

god flowerရဲ့အတောက်ပဆုံး

နတ်သမီးက သံသရာစက်ဆိုတဲ့မင်းပဲ..."


~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်^^^^


#Hazel


rate now: