💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~
"သွားပြီ ကယ်တင်လို့မရတော့ဘူး
ငါ့ဘဝတော့ရေတိမ်မှာနစ်ပါပြီ...."
အလွန်တရာစိတ်ဓာတ်ကျနေတဲ့အမူအယာနှင့်ပြောရင်း
လက်ထဲမှာရှိနေတဲ့ပီဇာအပိုင်းလေးကို ပါးစပ်ထဲသို့
မဆန့်မပြဲဖြစ်အောင်ထိုးထည့်လိုက်သည့် စက်....
မျက်နှာချင်းဆိုင်စားပွဲတစ်ဖက်မှာထိုင်နေတဲ့
ယူရီကတော့ စက်ကိုကြည့်ပြီး ငိုရမလို
ရယ်မလို ခံစားချက်မျိူးနှင့်သာ....
စက် ဘယ်လောက်ထိအောင်စိတ်ဆင်းရဲနေလဲဆိုတာ
စားပွဲပေါ်မှာရှိနေတဲ့ စားစရာသောက်စရာမျိူးစုံက
သက်သေပင်....စက်က စိတ်ညစ်စရာတစ်ခုခုရှိတိုင်း
အစားတွေပဲလိမ့်စားတတ်တာအကျင့်မဟုတ်လား...
များများစိတ်ညစ်ရင်ပိုပြီးများများစား၏....
"အဟွတ်.ဟွတ်.."
ခုလဲစားနေရင်းနင်ပြန်တော့ ယူရီ
ကုတ်ဗူးကိုဖောက်ပြီးလှမ်းပေးရပြန်သည်။
"ဖြည်းဖြည်း စိတ်ညစ်လို့မသေဘူး
အစားနင်မှအသက်ပါသွားဦးမယ်..."
"မသိဘူးဟာ..ငါအခုရူးချင်တာပဲသိတော့တယ်..."
ပလုပ်ပလောင်းသံနှင့်ပြောကာ ကုတ်ဘူးကို
တစ်ရှိန်ထိုးမော့လိုက်ပြီး ပါးစပ်ကိုတစ်သျှူးနဲ့
မသုတ်ပဲ လက်ခုံနှင့်ပွတ်သုတ်ပြန်ရင်း
"ထွက်ပြေးလို့လဲမရဘူး...စိတ်ပျက်အောင်
ကြံပြန်တော့လဲအလုပ်မဖြစ်ဘူး ငါအခု
ဘာလုပ်ရမှာလဲ...."
ပြောရင်း ခြေထောက်နှစ်ချောင်းကိုပါ
ခုံပေါ်တပ္ပလင်ခွေဖြစ်သွားအောင်တင်လျက်
စားပွဲပေါ်မျက်နှာမှောက်ချလိုက်တဲ့ စက်
"ဟား!!! ငါ့ကိုဘယ်သူမှမကယ်နိုင်တော့ဘူးလား
ငါသူ့လက်ကလွတ်အောင်ဘယ်လိုလုပ်ရမလဲ...."
"မထင်ဘူး..."
"ဘာကိုလဲ..."
"နင် သူ့ရဲ့လက်ကလွတ်ဖို့မျှော်လင့်မနေနဲ့လို့ပြောတာ
ငါ့အထင်ကိုပြောရရင် သူကသာမာန်မိသားစုထဲကတော့
မဟုတ်လောက်ဘူးနော် အဲ့ဒါ့ကြောင့်လဲ
နင့်အကြောင်းတွေကိုအပ်ကျတာကအစ
သူအကုန်သိနေတာ..."
"ငါအခုချက်ချင်း စားပွဲနဲ့ခေါင်းနဲ့ဆောင့်ပြီး
သေလိုက်ရမလား...."
မျှော်လင့်ချက်တွေကုန်ခမ်းနေပုံနှင့်
ခေါင်းထောင်ပြီးပြန်မေးလာတဲ့ စက်ကိုကြည့်ပြီး
ယူရီမရယ်မိအောင် နူတ်ခမ်းကိုဖိကိုက်လိုက်ရသည်။
"ငါနင့်ကိုပိုပြီး စိတ်ညစ်အောင်လုပ်နေတာမဟုတ်ဘူး
ဖြစ်နိုင်တာကိုပြောပြနေတာပါဟာ...."
ယူရီ့ရဲ့စကားကိုကြားပေမဲ့လဲ
စက် ဘာမှပြန်ပြီးမချေပနိုင်တော့^^^
"မင်းကိုလိုချင်လို့...မင်းကိုကျွန်တော့်ရဲ့
မိန်းကလေးဖြစ်လာစေချင်တယ် ဒါ
ကျွန်တော်မင်းရဲ့ဘေးနားကိုရောက်လာရတဲ့
အကြောင်းပြချက်ပဲ......"
မကြာသေးခင်အချိန်က သူဆီကကြားခဲ့ရသော
ပြတ်သားလှတဲ့ စကားတစ်ချို့....
၇နှစ်အတွင်းကစက်ရဲ့အခြေနေမှန်ကို
သိနေလျက်နဲ့တောင် လက်လျော့ဖို့
စိတ်ကူးရှိခဲ့ပုံမရတဲ့သူ့ရဲ့ဆုံးဖြတ်ချက်....
အသေအချာတွေးကြည့်လေ စိုးရိမ်စိတ်တွေနဲ့
ပိုပြီးမွန်းကြပ်လာရလေပဲ...စက် တစ်ကယ်ပဲ
သူ့ဆီကနေလွတ်လမ်းမရှိတော့ဘူးလား...???
~~~~~~~~~~~~~~~~~🔥🔥🔥
Ring^^^^Ring
မနက်အစောကြီးမှာ တရစပ်ကြားနေရတဲ့
ဖုန်းသံကြောင့် စက် မျက်လုံးမဖွင့်နိုင်ပဲ
အိပ်ရာပေါ်ကဖုန်းကို စမ်းတဝါးဝါးနှင့်
လှမ်းယူကာ နားမှာကပ်လိုက်လျှင်
"ဟဲလို...ဘယ်သူလဲ..."
"ကျွန်တော်ပါ demon...."
"ဟမ်!!"
တစ်ဖက်ကကြားလိုက်ရတဲ့အသံကြောင့်
ရုတ်တရပ် အိပ်ချင်စိတ်တွေ ကဆုန်ပေါက်
ထွက်ပြေးသွားရင်း စက်,,ဖုန်းကိုင်လျက်က
အိပ်ရာပေါ်ငေါက်ခနဲထထိုင်မိလိုက်သည်အထိ...
"နင်.နင် ငါ့ဖုန်းနံပါတ်ကိုဘယ်ကရသွားပြန်တာလဲ..."
"ဒီ့ထက်နည်းနည်းပိုခက်တဲ့မေးခွန်းကိုမေးဖို့
မစဉ်းစားမိဘူးလား..."
စက်ရဲ့အထိတ်တလန့်အမေးကိုသူက
အေးဆေးစွာပဲတုံ့ပြန်လာ၏...
စက် ဖရိုဖရဲဖြစ်နေတဲ့ဆံပင်ရှည်တွေကို
တစ်ချက်ဆုပ်ဆွဲလျက် အောက်နူတ်ခမ်းလေးကို
ဖိကိုက်လိုက်မိသည်။
"နင် ဘာလို့ငါ့ဆီဖုန်းဆက်တာလဲ...."
"ကျွန်တော်မင်းနဲ့မနက်စာအတူစားချင်လို့လေ..."
"ဟင်!!!"
"အခု မင်းရဲ့တိုက်ခန်းအောက်ကိုကျွန်တော်
ရောက်နေပြီ ထွက်လာခဲ့မယ်မဟုတ်လား..."
"ဒီ.ဒီလောက်အစောကြီး...."
၆နာရီကိုမိနစ်ပိုင်းလေးမျှသာ
စွန်းသေးသော စားပွဲတင်နာရီလေးကို
လှမ်းကြည့်ကာ စက် ပြန်မေးမိလိုက်လျှင်...
"ဒါနောက်ကျနေတာပါ ကျွန်တော်
၇နာရီထက်နောက်ကျပြီး မနက်စာမစားတတ်ဘူး
မဟုတ်မှလွဲရော မင်းအခုထိအိပ်ရာက
မထရသေးတာလား..."
တဖက်ကသူ့ရဲ့အမေးကြောင့် စက်ကိုယ့်ကိုကိုယ်
မလုံမလဲပြန်ငုံ့ကြည့်မိသည်။
စက်သာဟုတ်တယ်လို့ဝန်ခံလိုက်ရင် သူကစက်ကို
အအိပ်မက်တဲ့မိန်းကလေးလို့ထင်သွားမှာပဲ....
မဖြစ်ဘူး ဒီကောင်လေးရှေ့မှာ စက်သိက္ခာကျလို့
မဖြစ်ဘူး....
"မဟုတ်ပါဘူး ငါအစောကြီးထဲကနိုးနေတာ
အခုရေချိုးပြီးလို့ အလှတောင်ပြင်နေပြီ...."
စက် မှင်သေသေနဲ့ပဲလိမ်လိုက်မိလျှင်
"ဒါဆိုကောင်းတာပေါ့...အခုထွက်လာခဲ့လိုက်လေ
ကျွန်တော်စောင့်နေမယ်..."
"ဘယ်သူကနင်နဲ့မနက်စာအတူစားမယ်လို့
ပြောလို့လဲ မထွက်လာနိုင်ဘူး ပြန်တော့...."
ခပ်ပြတ်ပြတ်ပဲငြင်းလိုက်တော့
သဘောကျသလိုရယ်လိုက်တဲ့သူ့ရဲ့အသံကို
ဖုန်းထဲကနေကြားလိုက်ရရင်း
"မထွက်လာနိုင်တာသေချာလား...အဲ့ဒါဆို
ကျွန်တော်လဲမင်းကိုတိုင်ပင်စရာမလိုပဲ
မင်းအဖေကိုဒီနေ့ချက်ချင်းပဲသွားတွေ့ရတော့မယ်
ထင်တယ်..."
"ဘ.ဘာပြောတယ်..နင်ကငါ့အဖေကိုဘာလို့
ူသွားတွေ့...ဟဲလို..ဟဲလို..."
ထိတ်လန့်တကြားပြန်မေးလိုက်တဲ့မေးခွန်းမဆုံးခင်
သူကဖုန်းကိုချသွားပြီဖြစ်၏...
"ဘယ်ကိုသွားတွေ့မှာလဲ..အား!!
ဒီကောင်စုတ်လေး...နင်.နင်...."
တစ်ယောက်ထဲကမ္ဘာပျက်သွားတဲ့ခဏ
ကုတင်ပေါ်ကနေဝရုန်းသုန်းကားဆင်းပြီး
ရေချိူးခန်းထဲအပြေးတစ်ပိုင်းလှမ်းဝင်
သွားခဲ့ပြီးနောက်.....
~~~~~~~~~~~~~~~🔥🔥🔥
မျက်နှာသစ်သွားကပျာကယာတိုက်ပြီး
ညအိပ်ဝတ်စုံကိုပင်မလဲနိုင်ပဲ စက်
တိုက်ခန်းပေါ်ကနေကပျာကယာအောက်ကို
ဆင်းလာခဲ့လျှင်...
မှတ်မိနေပြီဖြစ်တဲ့တိုက်ခန်းအောက်မှာရပ်ထားသော
ကားရဲ့ဘေးမှာရပ်နေတဲ့သူကလက်လှမ်းပြ၏....
စက် အပေါ်ထပ်အနွေးထည်အင်္ကျီဖားဖားကြီးကို
ရင်ဘတ်ဆွဲစေ့ပြီး ထိုအနားကို
ဒေါသမကင်းတဲ့ခြေလှမ်းတွေနှင့်ခပ်သွက်သွက်
လျောက်သွားလိုက်တာနှင့်
"ဒီမှာ..နင်ဘာတွေလျောက်လုပ်ဖို့စဉ်းစားနေတာလဲ
နင်ငါ့အဖေကိုသွားတွေ့မယ်ဆိုတာ ဘာကိုပြော
အေမ့...."
သူ့အနားကိုအရောက်မှာ ကံမကောင်းစွာပဲ
ခလုတ်တိုက်ပြီး အရှေ့ကိုဟပ်ထိုးလဲသွားတဲ့စက်ကို
သူကလျှင်မြန်စွာပဲ ဆီး၍ဖမ်းပွေ့လိုက်တော့
စက်ရဲ့ကိုယ်လေးက သူ့ရင်ခွင်ထဲသို့
ပစ်စလတ်ဝင်ရောက်သွားတာများ အသေအချာ
တိုင်ပင်ကိုက်ထားသလိုပင်ဖြစ်၏...
"ဖြေးဖြေးလေ ဘာလို့အဲ့လောင်တောင်လောနေတာလဲ
မင်းဗိုက်အရမ်းဆာနေလို့လား..."
"ဘာပြောတယ်...ဖယ်.ဖယ်ပေး..."
စက် သူ့လက်တွေထဲကနေအသည်းအသန်ပဲ
ရုန်းထွက်ဖို့ကြိုးစားလိုက်သည်။
သူကတော့မချိုမချဉ်မျက်နှာပေးမျိုးနှင့်စက်ကို
ခပ်စိုက်စိုက်ကြည့်နေရင်းမှ လက်တွေကို
လွတ်ပေးလိုက်ပြီး...
"မင်းပြောတော့ ရေချိူးပြီးအလှတွေပြင်နေတာပါဆို
အခုတော့ ဘယ်လိုဖြစ်တာလဲ အဟွန်း..."
"ငါ.ငါ့ဘာသာဘယ်လိုဖြစ်ဖြစ်နင့်အလုပ်မဟုတ်ပါဘူး
နင်ခုနကဖုန်းထဲမှာပြောတဲ့စကားကိုပြန်ပြော
နင်ကဘာကိစ္စနဲ့ ငါ့အဖေကိုသွားတွေ့မှာလဲ..."
"မင်းရဲ့ခင်ပွန်းလောင်းအနေနဲ့လေ...မရဘူးလား.."
မထိတထိအမူယာနှင့်ပြောရင်းမျက်ခုံးတစ်ချက်
ပင့်ပြသည်။
စက် ချက်ချင်းဆိုသလိုကြက်သီးတွေထလာရ၏...
"နင်လျောက်မလုပ်နဲ့နော်...နင်နဲ့ငါနဲ့ဘာမှဆိုင်တာ
မဟုတ်ဘူး..."
"မင်းကပဲမဆိုင်ချင်တာက ကျွန်တော်ကဆိုင်လဲ
ဆိုင်ချင်တယ် ပိုင်လဲပိုင်ချင်တယ်...."
"ငါနင့်ကိုတောင်းပန်ပါတယ် ငါ့ကိုဒီလောက်ပဲ
အနှောင့်အယှက်ပေးလို့မရဘူးလား...."
လက်ဖဝါးနှစ်ဖက်ကိုပူးယှက်ပြီး မျက်နှာငယ်လေးနဲ့
တောင်းပန်သလိုဆိုလိုက်တော့သူက
ကြည့်ကောင်းအောင်ရယ်လျက်....
"ကားပေါ်တက်...."
ကားရှေ့ခန်းကိုမျက်စပစ်ပြပြီးခပ်တည်တည်နဲ့
ပြောလာသည်။
"ဘာ.ဘာလို့တက်ရမှာလဲ...."
"မနက်စာသွားစားရအောင် ကျွန်တော့်ကို
စားကောင်းတာလိုက်ဝယ်ကျွေးပါ..."
"ဟင်!!"
ဒီတစ်ခါတော့ စိတ်မရှည်တော့ဟန်နှင့်
သူက စက်ရဲ့လက်ကိုဆွဲပြီးကားတံခါးကို
ဖွင့် တွန်းထည့်သည်။
"မဟုတ်ဘူးလေ..ငါ အဝတ်မလဲရသေးဘူး
ငါ..."
ထပ်ပြီးဆင်ခြေပေးမဲ့စကားမဆုံးခင်
မောင်းသူနေရာမှာ ခပ်တည်တည်နှင့်
ဝင်ထိုင်လိုက်တဲ့သူ့ကြောင့် မျက်လုံးပြူးသွားရပြန်၏...
"ကားကနင်မောင်းမှာလား..နင့်ရဲ့ဒရိုင်ဘာကရော"
"မနေ့ကတစ်ရက် သူများနောက်ကလိုက်စီးပြီး
လေ့လာပြီးပြီလေ ကျွန်တော့်အတွက်
လုံလောက်ပြီ...ခါးပတ်ပတ်ထား..."
ပြောပြောဆိုဆိုနဲ့သူက ခါးပတ်ကိုဆွဲယူပြီးကိုယ်တိုင်
ပတ်ပေး၏...
"မဖြစ်ဘူးနော် နင်ကဒီကယာဉ်မောင်းစနစ်နဲ့
အကျွမ်းတဝင်မရှိ...."
"ဝူး...ဝေါ.."
"အား!!!"
နောက်ထပ်စကားမဆုံးခင်ဝေါခနဲမောင်းထွက်သွားတဲ့
ကားကြောင့် အလန့်တကြားအော်ဟစ်လိုက်တဲ့
စက်ရဲ့အသံလေးသည်သာ ကားထဲမှာ
ပဲ့တင်ထပ်သွားတော့ရင်း......
~~~~~~~~~~~~~~~~~🔥🔥🔥
Kingdom Hotel 🏢
ဒီနေ့က စက်အတွက်တော့အကြီးအကျယ်
ကံဆိုးတဲ့နေ့ပဲဖြစ်မည်ထင်၏....
"နင်တည်းနေတဲ့ဟိုတယ်မှာရောမနက်စာစားလို့
မရဘူးလား...မနက်အစောကြီးငါ့ဆီတကူးတကလာပြီး
ဒီလိုဒုက္ခပေးမှရမှာလား...ဟင် "
ဟိုတယ်ထဲထိ သူဆွဲခေါ်ရာနောက်ကို
ယက်ကန်ယက်ကန်နှင့်ပါလာရရင်းကို
စက် ပါးစပ်ကလဲပွစိပွစိပြောနေတာမပျက်...
ညအိပ်ဝတ်စုံ ၊ဆံပင်ဖရိုဖရဲနှင့် ဒီလိုဟိုတယ်မျိုးကို
ရောက်လာရလိမ့်မယ်လို့ ဘဝမှာ...
အိပ်မက်ပင်မမက်ခဲ့ဖူး။
ဒါ..ဘယ်လိုအရှက်ကွဲမူ့မျိုးလဲ။
စက် ခေါင်းပင်မဖော်ရဲပေမဲ့ စက်ရဲ့လက်ကို
ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားတဲ့သူကတော့
ဘာကိုမှဂရုမစိုက်သည့်အလား....
သီးသန့်စားသောက်ခန်းထဲကိုရောက်မှ
သူက စားစရာတစ်ချို့မှာပြီး
မျက်နှာချင်းဆိုင်မှာရှိနေတဲ့စက်ကိုစကားပြန်ပြော
လာ၏.....
"ကျွန်တော်ဟိုတယ်မှာတည်းနေတာ
မဟုတ်ဘူး....မိတ်ဆွေတစ်ယောက်စီစဉ်ပေးထားတဲ့
ကွန်ဒိုမှာနေနေတာ..."
"ဒီမှာ နင့်ရဲ့မိတ်ဆွေရှိသေးတာလား...."
စက် သူ့ကိုမကျေနပ်နေသည့်ကြားက
သိချင်စိတ်နဲ့ပြန်မေးလိုက်သည်။
"ပါရီမှာ ကျောင်းအတူတက်ခဲ့တဲ့သူငယ်ချင်းလေ....."
"ဪ...."
ဪကိုသံရှည်ဆွဲပြီးဆိုလိုက်တော့
သူက မျက်လုံးတစ်ချက်ဝင့်ကြည့်သည်။
"ဒါပဲလား..."
"ဟင်!! ဘာကိုလဲ..."
"ကျွန်တော့်ကိုဘာမှထပ်မမေးတော့ဘူးလား...
မင်း ကျွန်တော့်အကြောင်းတွေကို
တစ်ကယ်မသိချင်ဘူးလား...."
"ငါတစ်ကယ်မေးလို့ရတာလား...."
စက် ပြန်မေးလိုက်တော့ သူက
စားပွဲပေါ်မှာလက်တစ်ဖက်ထောက်လျက်
ပြုံးပြီးခေါင်းငြိမ့်ပြသည်။
"နင်က ပါရီမှာနေတာဆိုတော့
ပြင်သစ်နိုင်ငံသားခံယူထားတာလား..."
"ဟုတ်တယ် ကျွန်တော်ကိုပါရီမှာပဲမွေးတာလေ
ကျွန်တော့်အမေကပြင်သစ်/မြန်မာကပြား
ကျွန်တော့်အဖေကတော့ မင်းလိုပဲ
မြန်မာလူမျိုး..."
"ဒါဆို နင်က,, ကပြားပေါ့...."
"ဆိုပါတော့..."
ဒါကြောင့် သူကအရမ်းကြည့်ကောင်းနေတာကိုး??
ပြီးတော့ သူကမြန်မာစကားကိုကောင်းကောင်းပြောနိုင်တာ
စက်နဲ့ဆုံခဲ့တဲ့လွန်ခဲ့တဲ့၇နှစ်ထဲကပဲ....
"နင့်မိဘတွေကဘာလုပ်တာလဲ..."
"ကျွန်တော့်အမေကတော့မရှိတော့ဘူး
ကျွန်တော်၄နှစ်သားထဲကဆုံးသွားတာ...."
ဒီတစ်ခါသူ့ရဲ့အဖြေကြောင့် စက်
စိတ်မကောင်းသလိုဖြစ်သွားရ၏....
သူကတော့တည်တည်ငြိမ်ငြိမ်နဲ့ပဲစကားဆက်လာသည်။
"ကျွန်တော့်အဖေကတော့ Leonineရဲ့
CEO..."
"Leonine...."
ကြားဖူးနားဝရှိနေသောနာမည်တစ်ခုမို့
သံယောင်လိုက်ရွတ်မိပေမဲ့ ရုတ်တရပ်
စဉ်းစားလို့ကမရ....သူကလဲထိုတစ်ခွန်းအပြင်
ထပ်မပြောလာပါ....
Leonine ဒါရင်းရင်းနှီးနှီးသိနေတဲ့နာမည်ပဲ။
ထိုအချိန်မှာပဲ မှာထားတဲ့စားစရာတွေ
ရောက်လာ၍ စကားစပြတ်သွားသည်။
စက်,သူမှာထားတဲ့အနောက်တိုင်းအစားအစာ
တစ်ချို့ကိုမျက်လုံးဝေ့ကြည့်လိုက်တော့
သူက....
"စားလေ..ဘာကြည့်နေတာလဲ
ဒီနေ့မနက်စာကိုကျွန်တော်ဝယ်ကျွေးမှာပါ...
နောက်တစ်ခေါက်မှပဲ မင်းပြန်ဝယ်ကျွေးပေါ့..."
"အခုငါ့လက်ထဲမှာဖုန်းတောင်ပါမလာတာ
ဒီဘေလ်ကိုရှင်းနိုင်မယ်လို့ထင်နေတာလား
ငါ့ကိုအဝတ်အစားလဲခွင့်တောင်မပေးပဲ
အတင်းဆွဲခေါ်လာတာဘယ်သူလဲ...."
စက် ရွဲ့ပြောလိုက်တော့ သူကရယ်သည်။
"demon...နင့်ရဲ့နာမည်ကdemonပဲလား..."
စက်ရဲ့ အမေးကြောင့် သူက
ကိုင်ထားတဲ့ဓားနဲ့ခက်ရင်းကိုပြန်ချပြီး
စက်ကိုကြည့်လာ၏....
"တစ်ကယ်တော့ ကျွန်တော့်မှာနောက်ထပ်နာမည်
တစ်မျိူးရှိတယ် လွန်ခဲ့တဲ့၇နှစ်က မင်းနဲ့ဆုံခဲ့ပြီးတဲ့
နောက်ပိုင်း ကျွန်တော့်ကိုယ်ကျွန်တော်ပေးခဲ့တဲ့
နာမည်...."
"ဘာလို့လဲ..."
စိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့အပြောကြောင့်
စက်စဉ်းစားသလိုဖြစ်သွားရရင်းမှ
ပြန်မေးလိုက်မိလျှင် သူပြန်ဖြေလာခဲ့တာက...
"ကျွန်တော်သဘောကျတဲ့မင်းလိုပဲ
ကျွန်တော့်မှာလဲ ဆင်တူနာမည်တစ်ခုရှိသင့်
တယ်ထင်လို့...."
"..............."
"နေသက္ကရာဇ်....အဲ့ဒါမင်းအတွက်
ကျွန်တော့်ကိုယ်ကျွန်တော်ပေးထားတဲ့နာမည်ပဲ...."
ဒီတစ်ခါတော့ စက်ဘာမှပြန်မပြောနိုင်တော့ပဲ
သတိလက်လွတ်မျက်ဝန်းတွေက သူ့ကိုငေးခနဲ
ကြည့်မိသွားရ၏...
နေသက္ကရာဇ်တဲ့လား??
စက်အတွက် သူ့ကိုယ်သူပေးထားခဲ့တဲ့နာမည်တဲ့??
ထိုနာမည်လေး.တစ်ခုမှာပဲ စက်အပေါ်မှာထားတဲ့
သူ့ရဲ့စွဲလမ်းမူ့တွေကိုမြင်လိုက်ရသလိုပဲ....
ရုတ်တရပ်စူးစူးနင့်နင့်ခံစားချက်ကြီးတစ်ခုက
စက်ရဲ့ရင်ထဲကိုတိုးဝင်လာခဲ့တယ်...
စက်, သူ့ရဲ့မျက်နှာကိုလဲစေ့စေ့မကြည့်နိုင်တော့ပဲ
မျက်လွှာချလိုက်မိသည်။
တောင်းပန်ပါတယ် နင့်ရဲ့မျှော်လင့်ချက်တွေအတွက်
ငါဘာမှပြန်ပေးနိုင်တော့မှာမဟုတ်လို့....
နင်ကငါနဲ့လိုက်ဖက်တဲ့သူတစ်ယောက်
ဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူး...
နေသက္ကရာဇ်ဆိုတဲ့နာမည်ကနင်ကတစ်ကယ်ကို
လိုက်ဖက်တယ်နင်ကတစ်ကယ့်ကိုတောက်ပနေတဲ့
နေတစ်စင်းလိုပဲ...လွန်ခဲ့တဲ့၇နှစ်ကထက်
ပိုပြီးပိုပြီးလင်းလက်တောက်ပနေတာ....
ဒါပေမဲ့ ငါကတော့လွန်ခဲ့တဲ့၇နှစ်ကနင်စွဲလမ်းခဲ့တဲ့
သံသရာစက်မဖြစ်နိုင်တော့ဘူး.....
ငါကနင်သိဖူးတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့အပြည့်နဲ့
အမြဲတမ်းပျော်ရွှင်တက်ကြွနေတတ်တဲ့
မိန်းမလှလေးမဟုတ်တော့ဘူး.....
နင်သိခဲ့ဖူးတဲ့သံသရာစက်ဆိုတာ ခုချိန်မှာ
ဖမ်းဆုပ်လို့မရတော့တဲ့ပုံရိပ်ယောင်သက်သက်ပါပဲ။
ငါပျောက်ဆုံးသွားခဲ့တဲ့ငါ့ရဲ့ပုံရိပ်ပေါ့......???
"တောင်းပန်ပါတယ်...demon......"
~~~~~~~~~~~~~~~~~~🔥🔥🔥
ဆက်ရန်^^^^
#Hazel