book

Index 6

Chapter(6)

💕 My lovely demon 💕

                           ``အချစ်နတ်ဆိုးလေး´´


~~~~~~~~~~~


"ဒါက ဘယ်ကိုသွားမလို့လဲ....."


မေးခွန်းနဲ့အတူ ခပ်စူးစူးမျက်ဝန်းတွေက

စက်ကိုခြေဆုံးခေါင်းဆုံးဝေ့ကြည့်လာပြီး

လက်ဂေ့ခ်ျဆီကိုအရောက်မှာ အကြည့်တွေ

ရပ်တန့်၏....


"တစ်နေရာရာကိုသွားမလို့လား..."


စက်ရဲ့မျက်နှာဆီအကြည့်ပြန်ရွေ့ပြီးသူကထပ်မေး

လာသည်။ စက် ထိုအချိန်ထိ သူ့ကိုဘာမှ

ပြန်မပြောနိုင်သေး....


အစောကြီးမို့သူရောက်မလာနိုင်သေးပါဘူးလို့

စက် ထင်ထားမိတာ....


အခုတော့ ဒီလိုတည့်တည့်တိုးပြီတဲ့လား??


"အင်းး..ငါ.ဒါလေ.ငါက...အို..."


တစ်ခုခုချေပဖို့ပြင်လိုက်တဲ့စကားတွေ

အစီအစဉ်မကျသေးခင်မှာပဲ သူက

စက်ရဲ့ လက်ဂေ့ခ်ျကိုလက်ပြောင်းယူလိုက်ပြီး

နောက်ထပ် လက်တစ်ဖက်ကိုပါဆွဲကာ

ခေါ်လာ၏...


"ဘာလုပ်တာလဲ..နင်.ငါ့ကိုလွတ်ပေး..."


လက်ဂေ့ခ်ျနဲ့အတူ သူဆွဲခေါ်ရာနောက်ကို

ယက်ကန်ကန်ပါလာတဲ့စက်အား

သူက အသင့်ဖွင့်ထားတဲ့ကားထဲတွန်းထည့်၏...


"နင်..."


"ဘုတ်!!"


ထို့နောက်ခရီးဆောင်သေတ္တာနဲ့အတူ

ကားထဲဝင်လာတဲ့သူက တစ်ဖက်တံခါးပေါက်ကနေ

ဆင်းပြေးဖို့ပြင်နေတဲ့ စက်ရဲ့လက်ကိုလှမ်းပြီးချုပ်ကိုင်

ပြန်ရင်း...ကားရှေ့ခန်းမောင်းသူနေရာမှာရှိနေတဲ့

တယောက်ယောက်ကိုလှမ်းကြည့်ကာ....


"လော့ခ်ချလိုက်...."


နောက်တစ်ကြိမ် စက် ကားတံခါးလက်ကိုင်ဆီ

လက်လှမ်းမိပေမဲ့ ဖွင့်လို့မရတော့....


"နင် ဘာလုပ်တာလဲ..."


"အဲ့ဒီ့စကားကို ကျွန်တော်ကမေးရမှာမဟုတ်ဘူးလား

မင်းကမှအခုဘာလုပ်နေတာလဲ...အိတ်တွေတောင်

အဆင်သင့်ပြင်ပြီးထွက်လာတာဆိုတော့

ဘာလဲ ထွက်ပြေးမလို့လား...."


"ဘာ.ဘာလို့ထွက်ပြေးရမှာလဲ

ငါအရေးကြီးအလုပ်ကိစ္စနဲ့ခရီးသွားရမှာမို့...."


"အိမ်မှာထိုင်ပြီး jewelleryဒီဇိုင်းဆွဲတဲ့သူက

ဘယ်အရေးကြီးအလုပ်ကိစ္စနဲ့ခရီးသွားမလို့လဲ..."


"ဟမ်!!"


စက်, မျက်လုံးပြူးကာ`ဟမ်´ခနဲဖြစ်သွားရ၏

သူက အဲ့ဒါတွေကအစသိနေပြန်တာလား??


သူကတော့ စက်ဖြစ်သွားတဲ့ပုံစံကိုကြည့်ပြီး

နူတ်ခမ်းလူပ်ရုံပြုံးလျက်...


"ဘာလို့အဲ့လောက်အံ့ဩနေတာလဲ ကျွန်တော်က

အဲ့လောက်မှမသိထားပဲ မင်းနားကိုရောက်လာမယ်လို့

ထင်နေတာလား...."


စက်, သူ့ကိုဘာမှပြန်မပြောပဲ ခေါင်းငုံ့လျက်

မျက်လုံးလွှဲမိရင်း....


"တံခါးဖွင့်ခိုင်းပေးပါ ငါသွားစရာရှိတယ်..."


တောင်းဆိုသလိုပြောလိုက်မိပေမဲ့သူက

စက်ကိုဘာမှအဖြေပြန်ပေးမလာခဲ့ပဲ 

ကားရှေ့ခန်းကတယောက်ယောက်ကိုလက်အသာ

မြှောက်ပြလိုက်လျှင် ကားကနေရာမှ

ဝေါခနဲမောင်းထွက်သွားခဲ့လေတော့၏...


~~~~~~~~~~~~~~~🔥🔥🔥


"ဝေါ...ကျွီ !! "


မနက်အစောကြီးမို့လူသူကင်းရှင်းနေတဲ့

မြစ်ကမ်းနံဘေးတစ်နေရာမှာ ကားက

ခပ်ငြိမ့်ငြိမ့်ပဲထိုးရပ်သွားသည်။


"ဆင်း...."


ကားပေါ်ကနေအရင်ဆင်းသွားတဲ့သူက

ကားထဲမှာကျန်နေခဲ့တဲ့စက်ကို ခေါင်းငုံ့ကြည့်လျက်

လက်ကမ်းပေး၏....


စက် တမင်မသိချင်ယောင်ဆောင်ပြီး

မျက်နှာကိုတစ်ဖက်လှည့်လိုက်ပေမဲ့

သူကအလျော့မပေးပါ....


"အို!!"


လက်ကောက်ဝတ်လေးကနေကိုင်ပြီးအတင်းဆွဲကာ

ခေါ်တော့ စက် ကို့ရို့ကားယားနှင့်ကားပေါ်က

ဆင်းလိုက်ရသည်။


စက်..သူ့ဆုပ်ကိုင်ထားတဲ့လက်ကိုအတင်းရုန်းပေမဲ့

သူကလွတ်မပေးပဲ ပိုပြီးမြဲမြံအောင်ပင်

ဆုပ်ကိုင်ထားပြန်၏...


အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့်အဖြူရောင်

ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့သူက

ဆောင်းမနက်ခင်းရဲ့အဖြူရောင်မြူခိုးတွေနဲ့အပြိုင်

အေးစက်စက်နိုင်လွန်းနေသလိုပင်...


စက် သူ့ကိုရဲရဲမကြည့်ပဲ သူဆုပ်ကိုင်ထားတဲ့

လက်ကိုသာ လွတ်လိုလွတ်ငြားထပ်ရုန်းကြည့်ပေမဲ့

အရာမထင်....


တစ်ချိန်က စက်ခါးလေးညွတ်ခေါင်းလေးငုံ့ပြီး

ကြည့်ခဲ့ရတဲ့ကောင်ငယ်လေးက အခု

စက်ထက် ခေါင်းတစ်လုံးစာမကမြင့်မားတဲ့

အရပ်အမောင်းနဲ့ စက်ကိုခပ်စူးစူးပြန်ပြီး

ငုံ့ကြည့်နေတာလေ.......


သူ့အကြည့်တွေကအပြစ်လုပ်ထားတဲ့

အငယ်တစ်ယောက်ကို အပြစ်ပေးမလို့ကြည့်နေတဲ့

အကြည့်မျိုး....အေးစက်စက်နဲ့တည်ငြိမ်ပြီး

သူ့မျက်ဝန်းတွေကစူးလက်နေတယ်...

သူက တစ်ကယ်ပဲ စက်ထက်၇နှစ်ငယ်တာမှ

ဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်ပြီးမေးခွန်းထုတ်မိတဲ့အထိ...


"နင်.နင်ဘာလို့ငါ့ကိုအဲ့လိုကြည့်နေတာလဲ..."


"ပြန်ဆန်းစစ်နေတာ..."


စက်ရဲ့အမေးကို သူကခပ်အေးအေးအဖြေပေးသည်။


"ခင်ဗျားက လွန်ခဲ့တဲ့၇နှစ်က ကျွန်တော်သိခဲ့တဲ့

သံသရာစက်မှဟုတ်ရဲ့လားလို့ ပြန်ပြီး

ဆန်းစစ်နေတာ..."


"ဘာ..."


"ပြသာနာတစ်ခုကို ဒီလိုမျိုးထွက်ပြေးတိမ်းရှောင်တဲ့

နည်းလမ်းနဲ့ပဲဖြေရှင်းနေကြလား..."


"နင်ဘာကိုဆိုလိုတာလဲ...."


"ခင်ဗျားအခုထွက်ပြေးဖို့ကြိုးစားနေတာကို

ပြောနေတာလေ...ကျွန်တော့်ကိုခင်ဗျားအတွက်

ပြသာနာတစ်ခုလိုသဘောထားတယ်ဆိုရင်

ဒီလိုမျိုးထွက်ပြေးတိမ်းရှောင်တဲ့နည်းလမ်းကလွဲရင်

ထပ်ပြီးမဖြေရှင်းတတ်တော့ဘူးလား..."


စက် သူ့အမေးကိုဘာမှပြန်မဖြေနိုင်ပဲ

မျက်နှာလွှဲလိုက်မိတော့ သူက

ဟက်´´ခနဲအသံထွက်အောင်တစ်ချက်ရယ်၏...


"ကျွန်တော့်ကိုကြည့်ပါ...."


သူပြောတာကိုကြားပေမဲ့ စက်ဒီအတိုင်း

မျက်နှာဆက်လွှဲနေမိတော့ သူက

လက်မြန်ခြေမြန်နှင့် စက်ရဲ့မေးဖျားလေးကိုကိုင်ကာ

မျက်နှာကိုဆတ်ခနဲဆွဲလှည့်ပြန်သည်။


စက်, သူ့လက်ကိုအကြောက်အကန်ပဲ

ဖျတ်ခနဲပုတ်ချတော့ သူကနောက်တစ်ကြိမ်

မေးဖျားလေးကိုပဲအမိအရကိုင်ပြီး

မျက်နှာလေးကိုဆွဲမော့ပြန်၏...


"နင်ဘာလို့ငါ့ကိုမလေးမစားလုပ်နေတာလဲ

ငါနင့်ထက်အကြီးနော်...."


"ခင်ဗျားနဲ့ကျွန်တော့်ရဲ့ကြားမှာ

အသက်အရွယ်နဲ့ပါတ်သတ်တဲ့ကန့်သတ်ချက်

မရှိဘူး...."


ဘုရားရေ!!!


သူဘာလို့အဲ့လောက်ထိ လက်ရဲ၊ဇက်ရဲနိုင်နေရုံမက

စကားပြောတာကအစရဲတင်းလွန်းနေတာလဲ??


နောက်တစ်ကြိမ်စူးစူးရှရှမျက်ဝန်းတွေနှင့်

သူကစက်ကို ခပ်စိုက်စိုက်ငုံ့မိုးကြည့်သည်။


"ဘာလို့ထွက်ပြေးဖို့ကြိုးစားနေတာလဲ

လွန်ခဲ့တဲ့၇နှစ်က ခင်ဗျားပေးခဲ့တဲ့ကတိကို

မတည်ချင်တော့လို့လား...."


"ငါနင့်ကိုလက်ထပ်ဖို့မဖြစ်နိုင်ဘူး demon..."


အတတ်နိုင်ဆုံးတည်ငြိမ်ဖို့ကြိုးစားရင်း

စက် ပထမဆုံးသူ့ကိုပြန်ချေပလိုက်မိ၏...


ဒါပေမဲ့ သူ့ရဲ့မျက်ဝန်းတွေကစက်တွေးထင်ထားသလိုမျိူး

လူပ်ခတ်မူ့နည်းနည်းလေးတောင်ရှိမသွားခဲ့ဘူး။


စက်ရဲ့လက်တစ်ဖက်နဲ့ မေးဖျားလေးမှာရှိနေတဲ့

သူ့ရဲ့လက်တွေကလဲ နဂိုအတိုင်းမြဲမြံနေတုန်းပဲ။

ဒါ့အပြင် စက်ထက်ပိုတဲ့တည်ငြိမ်မူ့မျိုးနဲ့သူက

ုပြန်ပြီးမေးခွန်းထုတ်လာခဲ့သေးတယ်....


"အကြောင်းပြချက်က ဘာလဲ..."


"နင်ကငါ့ထက်အများကြီးအသက်ငယ်လို့...."


စက်, ပါးစပ်ထဲတွေ့ရာဆင်ခြေပေးလိုက်သည်။


"ငါ, ငါ့ထက်အသက်ငယ်တဲ့လူမျိုးကိုသဘောမကျဘူး..."


"ခင်ဗျားရဲ့အကြောင်းပြချက်ကပိုပြီးကလေးဆန်နေတာ

သိရဲ့လား..."


"ဘာပြောတယ်..."


ဒီတစ်ခါတော့စက်ဆီကနေသူ့ရဲ့လက်တွေ

ပြန်ဖယ်သွားရင်း ခပ်သဲ့သဲ့ရယ်သည်။


"နင်ဘာလို့ရယ်နေတာလဲ..."


စက် မျက်မှောင်လေးကြုတ်ပြီးမေးလိုက်တော့

သူက ရယ်မြူးရိပ်စွန်းနေတဲ့မျက်ဝန်းတွေနဲ့

စက်ကိုပြန်ကြည့်သည်။


"ကျွန်တော်၇နှစ်လုံးလုံး သဘောကျခဲ့ရတဲ့ခင်ဗျားက

ဒီလိုကတိတစ်လုံးကိုတန်ဖိုးမထားတတ်တဲ့လူမျိူးလား..."


စက်, သူ့ကိုရုတ်တရပ်ဘာမှပြန်မပြောနိုင်ခဲ့ပဲ

စက္ကန့်ပိုင်းမျှမော့ငေးမိသွားရတဲ့အခါ...

စက် အငိုက်မိသွားအောင် ဖျတ်ခနဲငုံ့ကျလာတဲ့

သူ့မျက်နှာက နှာသီးဖျားချင်းထိလုထိခင်

အနေအထားလေးမှာရပ်တန့်သွားခဲ့ပြီး

အလွန်တရာမှအေးစက်တည်ကြည်နေသောအသံနဲ့

လေးလေးနက်နက်ပြောလာခဲ့တယ်.. 


"ခင်ဗျားသိလား...ကတိစကားတစ်ခွန်းက

အလေးနက်ထားရင်ထားနိုင်သလောက်တန်ဖိုးရှိတယ်

ကျွန်တော့်အတွက်ကတော့ လွန်ခဲ့တဲ့၇နှစ်ထဲက

ခင်ဗျားကို ကျွန်တော့်မိန်းမအဖြစ်သတ်မှတ်ပြီးသား

ခင်ဗျား ကျွန်တော့်ကိုပဲလက်ထပ်ရမယ်...သံသရာစက်..."


~~~~~~~~~~~~~~~~🔥🔥🔥


"ဟယ်..စက် "


လက်ဂေ့ခ်ျကိုဆွဲပြီး လေးလံသောခြေလှမ်းတွေနှင့်

ဧည့်ခန်းထဲကိုလှမ်းဝင်လာချိန်မှာပဲ ယူရီ့်ရဲ့

အံ့ဩတကြီးအော်သံကိုအရင်ဆုံးကြားလိုက်ရသည်။


"စက်...စက် နင်ဘယ်လိုဖြစ်ပြီးပြန်လှည့်လာတာလဲ

နင်ဒီအချိန် ကားဂိတ်ကိုရောက်နေရမှာ မဟုတ်ဘူးလား

ငါတောင်အခုပဲနင့်ဆီဖုန်းဆက်တော့မလို့...."


ကပျာကယာအနားကိုပြေးလာတဲ့ယူရီက

စက်ရဲ့လက်မောင်းကိုဆုပ်ကိုင်ပြီးမေးသည်။


စက် ယူရီ့ကိုဘာမှပြန်မဖြေနိုင်ပဲ လက်ဂေ့ခ်ျကို

လွှတ်ချလျက် ဆိုဖာပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိ

ပြီးနောက်.....


"စက်...နင်ဘာဖြစ်လာတာလဲ ငါ့ကိုလန့်အောင်

မလုပ်နဲ့နော်...."


ဘေးမှာပါဝင်ထိုင်ပြီး ပခုံးလေးကိုအားမလိုအားမရ

လူပ်ယမ်းလျက်ယူရီထပ်မေးလာမှ စက် သက်ပြင်း

အရှည်ကြီးကိုချလိုက်ပြီး....


"ယူရီ...ငါထွက်ပြေးလို့မရတော့ဘူး

သူငါ့ကိုမိသွားပြီ...."


"ဟုတ်တယ်...သူငါ့ကိုမိသွားပြီ 

အား!!!"


စိတ်ရူပ်စွာအော်ဟစ်လိုက်ရင်း စက်

ခြေထောက်နှစ်ချောင်းလုံးကိုဆိုဖာပေါ်

ျတင်လိုက်ပြီး ယူရီ့်ဘက်ကိုအားကိုးတကြီး

လှည့်ကြည့်မိ၏...


"နင်လဲငါ့ကိုမကယ်နိုင်တော့ဘူးလား

ငါဘယ်လိုလုပ်ရမလဲ...ဟင့်..."


"အစကထဲရှောင်ပြေးတာကအကောင်းဆုံး

နည်းလမ်းမဟုတ်ပါဘူးလို့ ငါနင့်ကိုမပြောခဲ့ဘူးလား..."


"ငါအခုဘာလုပ်ရမလဲဆိုတာငါမသိတော့ဘူး

ဒီလိုပုံစံမျိုးနဲ့ငါသူ့ကိုတစ်ကယ်ရင်မဆိုင်ချင်ဘူး....

ပြီးတော့နင်သိတယ်မဟုတ်လား..ငါသူ့ကို

ပေးခဲ့မိတဲ့ကတိကိုဘယ်လိုမှတည်နိုင်မှာမဟုတ်ဘူး..."


"နင်စဉ်းစားကြည့်မိရဲ့လားစက်...သူက

၇နှစ်ပြည့်တာနဲ့တစ်ရက်လေးတောင်အစွန်းမခံပဲ

နင့်ရှေ့ကိုရောက်လာခဲ့တာတော် သူနင့်အပေါ်

စွဲလမ်းမူ့ကတော်ရုံတန်ရုံမဖြစ်နိုင်ဘူး...အဲ့လိုလူမျိုးက

နင်ကလက်မထပ်နိုင်ပါဘူးလို့ပြောတာနဲ့

အလွယ်တကူလက်လျော့ပြီးလာရာလမ်းအတိုင်း

ပြန်လှည့်သွားမယ်လို့ထင်နေလို့လား...."


"ဒါဆို..ငါကဘာလုပ်ရမှာလဲ..."


စက် အမှန်တစ်ကယ်ပဲကြံရာမရစွာမေးမိသည်။


"နင်သူ့ကိုလက်မထပ်နိုင်ဘူး သူ့ကိုပေးထားတဲ့

ကတိကိုလဲမတည်ပေးနိုင်တော့တာသေချာတယ်ဆိုရင်

နင်လုပ်ရမှာတစ်ခုပဲရှိတယ်..."


"ဘာ.ဘာလုပ်ရမှာလဲ..."


စက် ယူရ်ီကိုကြည့်ကာအားကိုးတကြီးမေးမိလျှင်

ယူရီက စက် မျက်နှာနားကိုတိုးကပ်ကာ 

နှစ်ကိုယ်တည်းကြားရုံလေသံခပ်တိုးတိုးဖြင့်ပြောလာခဲ့တာက...


"နင်လုပ်ရမှာက...သူနင့်ကိုစိတ်ပျက်သွားအောင်ပဲ

သူမသိသေးတဲ့နင့်ရဲ့လျို့ဝှက်ချက်ကို

ထုတ်ပြပြီး သူ့စိတ်နဲ့သူနင့်နားကနေစိတ်ပျက်လက်ပျက်

ပါရီကိုပြန်သွားအောင်ပေါ့...."


~~~~~~~~~~~~~~~~~🔥🔥🔥


တိုက်ခန်းလှေကားထစ်တွေအတိုင်း

ဆင်းလာခဲ့ပြီး အောက်ကိုရောက်တာနှင့်

ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ကားကို လှမ်းမြင်လိုက်သည်။


အကြိမ်ကြိမ်အခါခါစိတ်ကိုတင်းထားပြီးပြီမို့

စက် မျက်နှာလေးကိုမော့ချီလျက် 

ထိုကားနားကိုလျောက်သွားလျက်

ကားနောက်ခန်းမှန်ကိုလက်ဆစ်နဲ့ခေါက်လိုက်တော့

ကားမှန်ကလျှောခနဲကျသွားပြီး ပေါ်လာတဲ့မျက်နှာ

ချောချော...


"တစ်ချိန်လုံးတိုက်ခန်းအောက်မှာ ဒီလိုပဲ

စောင့်နေမလို့လား...."


"မင်းဘယ်အချိန်စိတ်ကူးပေါက်ပြီး ထပ်ထွက်ပြေးဖို့

ကြိုးစားမလဲဆိုတာ..ကျွန်တော်မှမသိနိုင်တာ..."


သူ့စကားကြောင့် စက် ခေါင်းစည်းမလာခဲ့တဲ့

ဆံပင်ရှည်တွေကိုလက်နှင့်တစ်ချက်သပ်လိုက်ရင်း


"ဆင်းခဲ့ဦး..."


မျက်လုံးအမူအယာနဲ့သူ့ကိုခေါ်လိုက်တော့

သူကနာခံစွာပဲဆင်းလာ၏...


"ငါနင့်ကိုပြောစရာရှိတယ် ငါ့နောက်လိုက်ခဲ့..."


ပြောပြီးတာနှင့်စက်နေရာကနေလှည့်ထွက်လိုက်ပေမဲ့

သူကနေရာမှာရပ်နေဆဲ...


"ဘာရပ်လုပ်နေတာလဲ...လာလေ..."


နောက်တစ်ကြိမ်ထပ်ခေါ်လိုက်မှ 

ဘောင်းဘီအိတ်ထဲလက်ထည့်လျက်

စမတ်ကျကျသူ့ခြေလှမ်းတွေကစက်ရဲ့အနောက်ကနေ

ပါလာ၏....


စက် သူနဲ့လုံးဝယှဉ်မလျောက်ဖို့ကြိုးစားပေမဲ့လဲ

သူ့ခြေတံရှည်တွေဆီကနေမလွတ်မြောက်နိုင်ရှာ...


အပြေးတစ်ပိုင်းလှမ်းနေတဲ့ စက်ရဲ့နောက်ကို

သူကခဏချင်းပင်မှီလာပြီး ယှဉ်လျောက်သည်။


သူက လူတိုင်းသတိထားမိအောင်တောက်ပနေတာကတော့

စက်ငြင်းမရတဲ့အချက်ပါပဲ...စက်နဲ့သူနဲ့

လျောက်လာခဲ့တဲ့လမ်းတလျောက် ဖြတ်သွားဖြတ်လာ

မိန်းကလေးကြီးကြီး၊ငယ်ငယ်တွေကအစ

နောက်ဆုံးယောကျာ်းချင်းပင် သူ့ကိုသိသိသာသာရော

မသိမသာပါ ကြည့်သွားကြတာ....


နောက်ဆုံး စက်သူ့ကိုခေါ်လာဖို့ရည်ရွယ်ထားတဲ့

လူရှင်းတဲ့ ကစားကွင်းအဟောင်းလေးထဲကိုရောက်တော့

တစ်ယောက်စီးဒန်းလေးတွေရှိတဲ့နေရာမှာ

ခြေစုံရပ်ပြီး စက် သူ့ကိုလှည့်ကြည့်လိုက်၏...


သူကတော့ စက်ကိုတစ်လှည့် ဝန်းကျင်ကိုတစ်လှည့်

မျက်လုံးဝေ့ကြည့်ပြီး....


"စကားပြောဖို့ကို ကျွန်တော့်ကိုလမ်းအကြာကြီး

လျောက်ခိုင်းပြီး ဒီနေရာအထိလာဖို့လိုလို့လား...."


"လိုတယ်..နှစ်ယောက်တည်းသေသေချာချာ

ပြောရမဲ့စကားမို့လို့...."


"မင်းတစ်ကယ်အလေးအနက်ကြီးဖြစ်နေတာပဲ

ပြောပါဦး...နှစ်ယောက်တည်းသေသေချာချာ

ပြောရမဲ့စကားကဘာများလဲ..."


မေးဆတ်ပြ၍ခပ်အေးအေးမေးလာပုံက

အသည်းထဲအေးခနဲဖြစ်သွားစေ၏...


စက် လက်သီးနှစ်ဖက်ကိုခပ်တင်းတင်း

ဆုပ်လိုက်ပြီး သူ့ကိုစေ့စေ့ကြည့်လိုက်သည်။


"ငါအခုပြောမဲ့စကားကိုနားထောင်ပြီးရင်

နင်အရမ်းဒေါသထွက်သွားလိမ့်မယ် ပြီးတော့

နင်ငါ့ကိုမုန်းရင်လဲမုန်းသွားန်ိုင်တယ်

ဒါမှမဟုတ် နင်ငါ့ကိုစိတ်ပျက်သွားတာလဲ

ဖြစ်နိုင်တယ် demon..."


စက်စကားတွေအများကြီးပလ္လင်ခံလိုက်ပေမဲ့

သူကမျက်နှာအမူအယာတစ်ချက်ပြောင်းမသွားခဲ့...


စက် အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရူသွင်းလိုက်ပြီး

နောက်....


"ငါ ဒီ၇နှစ်အတွင်းမှာ၂ကြိမ်တိတိလက်ထပ်ဖို့

ပြင်ဆင်ခဲ့ဖူးတယ်....အကြောင်းအမျိူးမျိုးကြောင့်

ငါ့ရဲ့မင်္ဂလာပွဲတွေပျက်သွားခဲ့ပေမဲ့ ငါ

နင်မဟုတ်တဲ့ တခြားယောကျာ်းနှစ်ယောက်နဲ့

လက်ထပ်ဖို့သဘောတူခဲ့ဖူးတာတော့အမှန်တရားပဲ..."


စကားအဆုံးမျက်လွှာကိုတစ်ပြိုင်တည်းချလိုက်သည်။

ဒီနေရာမှာ စက် အော်စကာဆုရအောင်

သရုပ်ဆောင်နိုင်ရမယ် သူစက်ကိုတစ်ခါထဲ

စိတ်ပျက်သွားအောင်ပေါ့....


ကိုယ့်အတွေးနဲ့ကိုယ်ကြိတ်ပြုံးလိုက်ပြီး

သက်ပြင်းငွေ့ငွေ့လေးရိူက်ပြကာ

အင်္ကျီရင်ဘတ်စလေးကိုခပ်ဖွဖွဆုပ်ဆွဲလိုက်သည်။


"ငါ ဝန်ခံပါတယ် လွန်ခဲ့တဲ့၇နှစ်ကကျွန်းပေါ်မှာ

နင့်ကိုပေးခဲ့မိတဲ့ကတိကအပျော်သက်သက်ပဲ

ငါ့စိတ်ထဲမှာတစ်ကယ်ကိုအလေးအနက်မရှိဘူး

အဲ့လိုပဲ နင်လဲအဲ့ဒီ့ကတိကိုအလေးအနက်ထားနေလိမ့်မယ်လို့

ငါမထင်ခဲ့ဘူး...."


အဆုံးသတ်စကားသံမှာဝမ်းနည်းနောင်တရနေတဲ့

ပုံစံမျိုးနှင့်ရိူက်သံလေးပင်ထည့်ပေးလိုက်သည်။


သူကတော့အခုထိ တိတ်ဆိတ်နေဆဲ...


"နင်အခုဘယ်လိုခံစားနေရမလဲဆိုတာ

ငါနားလည်ပါတယ် ၇နှစ်လုံးလုံးနင်စောင့်မျှော်နေခဲ့တဲ့သူက

နင့်အပေါ်သစ္စာမရှိပဲ အခုလိုမျိုးတခြားယောကျာ်း

နှစ်ယောက်နဲ့လက်ထပ်ဖို့ကြိုးစားခဲ့ဖူးတာသိတော့

နင် စိတ်ပျက်ပြီး ဒေါသထွက်.ထွက်....."


ပြောနေရင်းမျက်လွှာလေးပြန်ပင့်လျက်

အားတုံ့အားနာအကြည့်မျိုးနဲ့ဆက်ပြီး

သရုပ်ဆောင်ဖို့ပြင်လိုက်ပေမဲ့ စကားကိုဆုံးအောင်

ဆက်မပြောနိုင်တော့တာက ပြုံးယောင်သမ်းနေတဲ့

နူတ်ခမ်းအစုံဖြင့်စက်ကိုခပ်အေးအေးကြည့်နေတဲ့

သူ့ကြောင့်သာ....


"နင်ဘာလို့ရယ်နေတာလဲ...."


ပြောချင်တဲ့စကားတွေကသွေဖယ်ကုန်ပြီး

သိချင်စိတ်ပြင်းပြစွာမေးမိသည်။


စက် ပြောတာတွေသူဘာမှမခံစားရဘူးလား

အနည်းဆုံးတော့သူဒေါသထွက်သွားဖို့ကို

စက်အကြီးကြီးမျှော်လင့်ခဲ့တာ..ဒါမှ

စက် ရှေ့ဆက်လို့ရမှာလေ...အခုတော့....


"မင်းပြောတဲ့..နှစ်ယောက်ထဲသေသေချာချာပြောရမဲ့

စကားတွေဆိုတာ ဒီအကြောင်းလား..."


"ဟုတ်.ဟုတ်တယ်လေ နင်စိတ်မတိုဘူးလား..."


စက် အူလည်လည်နှင့်ပြန်မေးမိတော့ သူက

ပခုံးတွန့်ပြရင်း....


"ကျွန်တော်သိပြီးသားတွေပဲ "


"ဟင်!!"


"မင်းကိုကျွန်တော်ပြောခဲ့တယ်မဟုတ်လား

ကျွန်တော်မင်းအနားကိုရောက်လာဖို့ အချိန်တွေ

အကြာကြီးပြင်ဆင်ခဲ့တာပါလို့ ကျွန်တော်

ဒီအကြောင်းတွေကိုမသိဘူးဆိုမှထူးဆန်းနေမှာ

မဟုတ်ဘူး...."


"ဒီလောက်အရာအားလုံးကိုသိပြီး ငါကနင်အပေါ်

သစ္စာမရှိခဲ့တာတောင် နင်ဘာလို့ငါ့ဆီကို

ရောက်လာခဲ့သေးတာလဲ..."


နားမလည်နိုင်ခြင်းများစွာနဲ့စက်ထပ်ပြီးမေးလိုက်လျှင်

သူကချက်ချင်းအဖြေမပေးပဲ စက်အနားကို

တစ်လှမ်းချင်းတိုးကပ်လာခဲ့တော့ စက်

အထိတ်တလန့်နဲ့ပဲတစ်လှမ်းချင်းနောက်ဆုတ်မိ၏..


"အ..."


နောက်ဆုံးစီးဒန်းလေးနဲ့တိုက်မိပြီး စက်

ဒန်းပေါ်ထိုင်လျက်လေးကျသွားခဲ့သည်။


ချက်ချင်းပြန်ထဖို့ပြင်လိုက်ပေမဲ့ အနားကို

ရောက်နေပြီဖြစ်တဲ့သူက ဒန်းကြိုးန်ှဖက်ကို

လှမ်းကိုင်လိုက်တာကြောင့် ဖျတ်ခနဲပြန်ထိုင်ကျ

သွားရပြန်၏...


ဒန်းပေါ်ကနေမော့ကြည့်နေတဲ့စက်နဲ့

ဒန်းကြိုးကိုကိုင်ထားပြီးငုံ့ကြည့်နေတဲ့သူ့ရဲ့

မျက်နှာနှစ်ခုကမပြောပလောက်တဲ့အကွာအဝေး

တစ်ခုမှာရှိနေ၏...


စတွေ့စဉ်ကထဲကအထိတ်တလန့်နဲ့ရင်ခုန်ခဲ့ရတဲ့

သူ့ရဲ့မျက်ဝန်းတွေက စက်ရဲ့မျက်ဝန်းတွေထဲထိ

ထွင်းဖောက်စူးစိုက်ကြည့်လာခဲ့ပြီးစက်ရဲ့မေးခွန်းကို

အဖြေပေးလာခဲ့တယ်...


"မင်းကိုလိုချင်လို့....မင်းကိုကျွန်တော့်ရဲ့

မိန်းကလေးဖြစ်လာစေချင်တယ်...ဒါ

ကျွန်တော် မင်းနားကိုရောက်လာရတဲ့အကြောင်းပြချက်ပဲ"


[~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>


#Hazel


rate now: