book

Index 5

Chapter(5)

💕 My lovely demon 💕

                             ^^အချစ်နတ်ဆိုးလေး^^

~~~~~~~~~~


"မင်းသတိရသေးတယ်မဟုတ်လား....

လွန်ခဲ့တဲ့၇နှစ်က ကျွန်းပေါ်မှာကျွန်တော့်ကိုပေးခဲ့တဲ့

ကတိကို မမေ့သေးဘူးမဟုတ်လား...ဒီနေ့က

၇နှစ်ပြည့်ပြီးတဲ့ ပထမဆုံးနေ့ပဲ....ကျွန်တော်

မင်းဆီကိုရောက်လာပြီ...."


စက် ခန္ဓာကိုယ်တစ်ခုလုံးကျောက်ရုပ်တစ်ခုလို

အေးစက်တောင့်တင်းသွားခဲ့ရ၏....


ဒါအိပ်မက်တစ်ခုပါ^^^


ကျေးဇူးပြုပြီးဒါဟာအိပ်မက်တစ်ခုဖြစ်လိုက်ပါတော့......


မျက်ဝန်းတွေကိုတင်းတင်းဖိပိတ်လျက်အကြောက်အကန်

ငြင်းချက်ထုတ်နေမိပေမဲ့...စက်ကိုပွေ့ဖက်ထားတဲ့

ရင်ခွင်တစ်ခုရဲ့လက်တွေ့ဆန်လွန်းတဲ့နွေးထွေးမူ့က

လိမ်ညာလို့မရခဲ့ပါပဲ.......


တစ်ကယ့်ကို စက်ရှေ့မှာရှိနေတာ

လွန်ခဲ့တဲ့၇နှစ်ကအဲ့ဒီ့ကောင်ငယ်လေးလား??


ဘုရားရေ...ရုတ်တရပ်

ဒါဘယ်လိုဖြစ်ရပ်ဆိုးကြီးလဲ???


"ခြမ္​း!!!"


ထိုအချိန် နှစ်ယောက်သားရဲ့အနောက်ဘက်ဆီမှ

ကြားလိုက်ရတဲ့တစ်စုံတစ်ခုကျကွဲသံက

ဧည့်သည်အတွက်ကော်ဖီဖျော်ပြီး ပြန်ထွက်လာသော

ယူရီ့ဆီကသာဖြစ်တော့၏......


~~~~~~~~~~~~~~~~🔥🔥🔥


"ကျွန်တော်ဒီနေ့ပဲပါရီကနေရောက်လာတာ

လေယာဉ်ဆင်းတဲ့အချိန်ကနောက်ကျပေမဲ့

မင်းကိုတွေ့ဖို့ တစ်ညထပ်ပြီးမစောင့်နိုင်တော့လို့

ချက်ချင်းပဲလာခဲ့တာ...မင်းအတွက်အနှောင့်အယှက်

မဖြစ်ဘူးမဟုတ်လား...."


စူးစူးရှရှအကြည့်တွေက စက်ဆီကနေစက္ကန့်လေးမျှ

သွေဖယ်သွားချင်းမရှိပဲ မေးလာ၏...


မျက်နှာချင်းဆိုင်မှစမတ်ကျကျခြေချိတ်ထိုင်နေတဲ့

ချောမောခန့်ညားလှသောဤယောကျာ်းပျိုနှင့်

လွန်ခဲ့တဲ့၇နှစ်က ကျွန်းပေါ်ကကောင်လေးရဲ့ပုံရိပ်ကို

စက် စိတ်ကူးထဲအသည်းအသန်နိူင်းယှဉ်ကြည့်နေမိသည်...


စက် မမှတ်မိနိုင်လောက်အောင်ကြီးပြင်းလာတဲ့

သူက အရာအားလုံးပြောင်းလဲသွားပေမဲ့

ရင်းနှီးနေဆဲမျက်ဝန်းအကြည့်တွေနဲ့

ထိုလှပစူးရှတဲ့မျက်ဝန်းအောက်ကထင်းနေတဲ့

မှဲ့နက်လေးကတော့ပြောင်းလဲမသွားခဲ့ဘူး....


သူက..တစ်ကယ့်ကိုအဲ့ကောင်လေးပဲ....??


"စက်..ဧည့်သည်အတွက် coffee..."


အံ့ဩစရာမြင်ကွင်းကြောင့်ကျကွဲသွားတဲ့ကော်ဖီအစား

အသစ်ဖျော်ပြီးအနားကိုရောက်လာတဲ့ယူရီက

ကော်ဖီခွက်ကိုမှန်စားပွဲပေါ်တင်ပေးပြီး

တစ်ဖက်မှာကျုံ့ကျုံ့လေးထိုင်နေတဲ့ စက်ကို

မသိမသာဝေ့ကြည့်လိုက်သည်။


စက်ရဲ့ပုံစံက စိုးရိမ်ထိတ်လန့်မူ့တွေအထင်းသား

မြင်နေရတဲ့မျက်ဝန်းတွေကလွဲရင် အသက်မဲ့နေတဲ့

အရုပ်လေးတစ်ရုပ်လိုပဲ...ငြိမ်သက်နေ၏...


ဘေးမှာထိုင်ပြီးပွဲကြည့်ဖို့မဖြစ်နိုင်တဲ့အခြေနေမှန်း

ယူရီသဘောပေါက်လိုက်တာမို့ အသာပြန်လှည့်လာပြီး

အထဲဝင်သလိုလိုနှင့် ထောင့်အကွယ်တစ်နေရာကနေ

ဧည့်ခန်းထဲကအခြေနေကိုစောင့်ကြည့်ဖို့ပြင်လိုက်သည်။


ထိုအချိန် ဧည့်ခန်းထဲကနှစ်ယောက်ရဲ့

အနေအထားကတော့....


"ဒီ.ဒီအထိဘယ်လိုရောက်လာတာလဲ...."


အချိန်တွေအကြာကြီး တိတ်ဆိတ်နေပြီး

စက် သူ့ကိုပထမဆုံးမေးခွန်းတစ်ခုမေးလိုက်၏..


တည်ငြိမ်ဟန်ဆောင်ထားပေမဲ့လဲ စက်ရဲ့အသံက

စိတ်လူပ်ရှားမူ့ကြောင့်သိသိသာသာပဲလူပ်ခတ်နေခဲ့သည်။


ဦးတည်ရာမပြောင်းသေးတဲ့သူ့ရဲ့မျက်ဝန်းတွေက

စက်ဆီမှာပဲလေးလေးနက်နက်ရှိနေခဲ့ဆဲ....


"မေးနေစရာလိုသေးလို့လား...မင်းကိုတွေ့ဖို့ပေါ့..."


သွယ်ဝိုက်ခြင်းမရှိပြန်ဖြေလာတဲ့အဖြေကြောင့်

စက် ပေါင်ပေါ်တင်ထားတဲ့လက်က 

ဂါဝန်စလေးကိုဆုပ်ဆွဲမိ၏...


သူက စက်ရဲ့ပုံစံကိုအကဲခတ်သလိုတစ်ချက်ဝေ့ကြည့်ပြီး

ရိပ်ခနဲပြုံးသည်။


"မင်းရဲ့တုံ့ပြန်မူ့ကကျွန်တော်ထင်ထားတာထက်

နည်းနည်းတော့ပြင်းထန်နေသလိုပဲ...."


အေးဆေးစွာပြောရင်း သူက

နှစ်ယောက်အလယ်ကမှန်စားပွဲပေါ်ရှိနေတဲ့

ပန်းစည်းကြီးကို စက်ရဲ့ဘက်ကိုတွန်းရွေ့ပေးသည်။


"မင်းအတွက်...."


သူ့ပြောလာခဲ့ပေမဲ့လဲ စက် ပန်းစည်းဆီ

အကြည့်မရွေ့ရဲခဲ့....


အံ့ဩဖို့ကောင်းအောင်ပဲ စက်သူ့ရဲ့ရှေ့မှာ

အပြစ်ရှိတဲ့သူတစ်ယောက်လိုမျိုးမလုံမလဲ

ခံစားချက်မျိုးနဲ့ရှိနေခဲ့ရတာ။


မဖြစ်ဘူး!! စက် ,အဲ့လိုဖြစ်လို့မရဘူး

စက် ရဲရင့်မှရမယ်....


ကိုယ့်ကိုကိုယ်သတိပေးလိုက်ရင်း စက်

လက်ချောင်းတွေကိုတင်းတင်းဆုပ်လျက်

သူ့ကိုတည့်တည့်ကြည့်ကာ အားယူပြုံးပြလိုက်သည်။


"ငါနင်နဲ့ထပ်တွေ့ရတာတစ်ကယ်ကို

ဝမ်းသာပါတယ်..ငါတို့ကကျွန်းပေါ်မှာခဏပဲ

သိခဲ့ရတာဆိုပေမဲ့...ငါနင့်ကိုတစ်ကယ်ခင်ခဲ့တာပါ

ဒီလောက်နှစ်တွေအကြာကြီးထိ နင်ငါ့ကို

သတိတရရှိနေလိမ့်မယ်လို့ငါတစ်ကယ်ထင်မထားဘူး

ဘာပဲဖြစ်ဖြစ်ငါနင်နဲ့အခုတိုက်တိုက်ဆိုင်ဆိုင်

ပြန်ဆုံရပြီဆိုတော့...."


"တိုက်တိုက်ဆိုင်ဆိုင် မဟုတ်ပါဘူး...."


"ဟင်!!"


စကားကိုနည်းနည်းလေးမှအတိမ်းစောင်းမခံပဲ

သူကဖြတ်ပြောသည်။


"ကျွန်တော် ဒီကိုရောက်လာတာမင်းနဲ့ပြန်ဆုံရဖို့

အကြောင်းပြချက်နဲ့ပဲလေ ပြောရရင်

ကျွန်တော်ကမင်းဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ..."


၇နှစ်အကြာမှပထမဆုံးတွေ့ဆုံမူ့ကိုသူက

နည်းနည်းလေးမှ အဓိပ္ပါယ်လွဲမှားမခံနိုင်ပုံပါပဲ...


ကိုယ့်ကိုကိုယ်ယုံကြည်မူ့အပြည့်နဲ့ရဲဝင့်နေတဲ့

မျက်ဝန်းတွေ အသက်၂၁-၂၂အရွယ်လူငယ်လေးလို့

မထင်ရလောက်တဲ့တည်ကြည်မူ့...အဲ့ဒီ့အရာတွေ

အကုန်လုံးသူ့မှာရှိနေတယ်...


ဒါပေမဲ့....စက်ကတော့!!!!


"ကျွန်တော်မင်းကိုပြောစရာတွေအများကြီးရှိနေပေမဲ့

ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်ရတော့မယ်ထင်တယ်

အပြင်မှာမှောင်နေပြီမဟုတ်လား မင်းတို့မိန်းကလေး

နှစ်ယောက်ထဲနေတဲ့တိုက်ခန်းမှာ ယောကျာ်းလေး

တစ်ယောက်ကအချိန်နောက်ကျတဲ့အထိရှိနေသင့်မယ်

မထင်ဘူး...."


မိန်းကလေးနှစ်ယောက်ထဲနေတဲ့တိုက်ခန်းတဲ့??


သူကဒီနေရာမှာစက်,ယူရီနဲ့အတူနှစ်ယောက်ထဲ

နေတာတွေကအစသိနေတယ်။


စက် မှတ်မိသလောက် လွန်ခဲ့တဲ့၇နှစ်

ကျွန်းပေါ်မှာသူနဲ့ခင်ခဲ့တုန်းက

စက်ရဲ့အဖေကဘယ်သူဆိုတာလောက်ပဲ

သူ့ကိုပြောပြဖြစ်ခဲ့တာ....


ဒါပေမဲ့..၇နှစ်ပြည့်တာနဲ့ချက်ချင်း သူ

စက်ရှေ့ကိုတန်းတန်းမတ်မတ်ရောက်လာခဲ့ရအောင်

သူ စက်ရဲ့အကြောင်းတွေကို ဘယ်လောက်ထိ

သိနေခဲ့တာလဲ??


ဧကန ္တ သူဒီနှစ်တွေမှားစက်ရဲ့အကြောင်းမှန်သမျှကို

ပါရီကနေစုံစမ်းနေခဲ့တာလား??


လား??ပေါင်းများစွာသောအတွေးများနဲ့

စက်နောက်တစ်ကြိမ်ရူပ်ထွေးသွားရချိန်မှာပဲ

သူကတည်တည်ငြိမ်ငြိမ်နဲ့ထရပ်လာသည်။


စက် သူနဲ့ဆန့်ကျင်ဘက်ပဲကပျာကယာလိုက်ရပ်

လိုက်မိတဲ့အခါ...သူက စက်နားကိုတိုးကပ်လာခဲ့၏..


သူဘာလုပ်ဦးမလို့လဲဆိုတဲ့အတွေးနဲ့

စက် ထိတ်လန့်သွားရချိန်မှာပဲ သူက

စားပွဲပေါ်က ပန်းစည်းကိုကောက်ယူပြီး

စက် ကိုအသေအချာလှမ်းပေးလာတာက

ကြည့်ကောင်းလှတဲ့အပြုံးဖြင့်....


"ကျွန်တော်အခုတည်းမဲ့နေရာကိုပြန်တော့မယ်

မနက်ဖြန်မှမင်းဆီထပ်လာခဲ့တာပေါ့...

ကျွန်တော့်ကိုကြိုဆိုပေးမယ်မဟုတ်လား...."


ပြောရင်း သူကပန်စည်းကိုလှမ်းမယူသေးတဲ့

စက်ရဲ့လက်တစ်ဖက်ကိုဆွဲပြီး ပန်းစည်းကို

အသေအချာထည့်ပေးသည်။


ထို့နောက် စက်ရင်မဆိုင်ရဲတဲ့

စူးရှလှပတဲ့သူ့ရဲ့မျက်ဝန်းတွေကပဲစက်ဆီတဖန်

ပြန်လည်ကျရောက်လာခဲ့ပြီး...


"လွန်ခဲ့တဲ့၇နှစ်ကအတိုင်းပဲ မင်းဘာမှမပြောင်းလဲ

သွားဘူး...ဒါပေမဲ့ မင်းသိလား

လွန်ခဲ့တဲ့၇နှစ်ကထက်မင်းအရမ်းပိုလှလာတယ်..."


စကားအဆုံး အပြုံးတစ်ချက်နဲ့ကျောခိုင်းသွားတဲ့

ပုံရိပ် တံခါးဝနေကလှမ်းထွက်သွားပြီး

မျက်လုံးရှေ့ကပျောက်ကွယ်သွားတာနှင့်

ပန်းစည်းကိုကိုင်ထားလျက်က နေရာမှာတင်

အရုပ်ကြိုးပြတ်ပုံကျသွားခဲ့ရသူက စက်ရယ်သာ။


~~~~~~~~~~~~~~~~🔥🔥🔥


"ယူရီ..ငါ့ကိုတစ်ချက်လောက်

နာနာလေးရိုက်ပေးစမ်းပါ..."


"ဘယ်နေရာကိုရိုက်ရမှာလဲ..."


"ရိုက်ချင်တဲ့နေရာကိုသာရိုက်ဟာ..."


"ဖြောင်း!!! "


"အာ့!! "


စကားဆုံးတာနှင့် ဇက်ပိုးပေါ်ကိုရောက်လာတဲ့

ရိုက်ချက်ကခပ်ပြင်းပြင်းကမွေ့ရာပေါ်မှာ

ခြေပစ်လက်ပစ်ထိုင်နေတဲ့စက်ရဲ့, ဦးခေါင်းလေးကို

အရှေ့ကိုစိုက်ခနဲညွတ်သွားစေသည်အထိ...


"နာလိုက်တာ...ဒါဆိုအိပ်မက်မဟုတ်ဘူးပေါ့

ဟင့်...."


ဂုတ်ပိုးကို လက်ဖဝါးနှင့်ဖွဖွအုပ်ကိုင်လျက်

ဝေဝေဝါးဝါးရေရွတ်သံနဲ့အတူ ချက်ချင်းပင်

မဲ့ကျသွားတဲ့ စက်ရဲ့မျက်နှာလေး...


ကုတင်ဘေးမှာလက်ကိုခပ်လျော့လျော့ပိုက်ပြီး

ရပ်နေတဲ့ယူရီကတော့ စက်ကိုဂရုဏာသက်သလို

ကြည့်နေရင်းမှ ခေါင်းကိုခပ်သဲ့သဲ့ယမ်းလျက်...


"လူအကောင်လိုက်ကြီး နင့်ဆီလာသွားတာတောင်

ခုထိအိပ်မက်နဲ့လက်တွေ့မခွဲနိုင်သေးဘူးလား...."


"ဟင့်...ဟင့်...ဟီး..."


ယူရီ့ရဲ့စကားကငိုချင်ရက်လက်တို့ဖြစ်နေတဲ့စက်ကို

ထပ်ပြီးရိုက်ချလိုက်သလိုမို့...စက် လက်ဖဝါးနှစ်ဖက်ထဲ

မျက်နှာလေးအပ်ပြီး ဟီးခနဲငိုချလိုက်မိရင်း......


"ငါ့ကိုကယ်ပါဦးသူငယ်ချင်းရယ်..သူ.သူ

တစ်ကယ်ပဲငါ့ဆီရောက်လာပြီ..ငါဘယ်လိုလုပ်ရမလဲ..

ဟင့်..ဟင့်..."


"အခုမှတော့ နင်ကဘယ်လိုလုပ်ချင်လို့လဲ

ဒါနင်ပေးခဲ့တဲ့ ကတိပဲလေ နင်တာဝန်ယူရမှာပေါ့..."


"ဟမ်!!"


မျက်ရည်လည်ရွဲနဲ့ခေါင်းပြန်မော့လာပေမဲ့လဲ

ယူရီ့ကိုဘာမှပြန်ပြီးမချေပနိုင်ပဲ မျက်နှာလေးသာ

ပိုပြီးမဲ့သွားရှာတဲ့စက်ရဲ့ဖြစ်ပုံကိုကြည့်လျက် 

ယူရီရယ်ချင်မိသော်လဲ မရယ်ရက် ....


စက်ရဲ့အခုပုံစံကတစ်ကယ့်ကိုကူကယ်ရာမဲ့နဲ့

သနားစရာလေးဖြစ်နေတာ....


တစ်ကယ့်ကို စိုးရိမ်မူ့အပြည့်နဲ့ထိတ်လန့်နေတဲ့ပုံလေး....


ဒါပေမဲ့ဒါဟာ စက်ရဲ့အပြစ်လို့တော့ပြောလို့မရဘူး

ယူရီသာစက်ရဲ့နေရာမှာဆိုရင်လဲအခုလိုမျိူး

ဖြစ်နေမှာလဲ ဘယ်သူကထင်မှာလဲ နှစ်တွေအကြာကြီးက

စနောက်ပြီးကတိပေးခဲ့မိတဲ့ ရေမြေခြားက

ကောင်ငယ်လေးတစ်ယောက်က...သူ့ရှေ့ကို

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာလေ။


ယူရီ စက်ဘေးမှာဝင်ထိုင်လျက်ပခုံးလေးကို

ဖွဖွပွေ့ဖက်လိုက်သည်။


"သူနင့်ကိုဘာတွေပြောသွားတာလဲ..."


ယူရီ့မေးခွန်းကြောင့် စက်ကမျက်ရည်တွေကို

လက်ခုံနှစ်ဖက်နှင့်ပွတ်သုတ်ရင်း...


"သူဒီနေ့ပဲပါရီကနေရောက်လာတာတဲ့

လေယာဉ်ဆင်းတဲ့အချိန်ကနောက်ကျပေမဲ့

ငါ့ကိုတွေ့ချင်လို့ ဒီကိုပဲအရင်ဆုံးလာခဲ့တာတဲ့...

ပြီး.ပြီးတော့..."


ပြောနေတာကိုချက်ချင်းရှေ့မဆက်နိုင်ပဲလက်ချောင်းတွေကို

ခပ်တင်းတင်းဆုပ်လျက်နူတ်ခမ်းလေးဖိကိုက်ပြီးမှ...


"ပြီးတော့..ငါ့ကိုပြောစရာတွေအများကြီးရှိနေပေမဲ့

အချိန်နောက်ကျနေလို့ မနက်ဖြန်မှသူထပ်လာခဲ့မယ်တဲ့

ဟင့်...."


စကားဆုံးတာနဲ့စိတ်ပျက်လက်ပျက်

မျက်နှာလေးဖြစ်သွားရှာတဲ့စက် ဘေးကို

အကြည့်လေးဝေ့သွားတော့ ခပ်လှမ်းလှမ်းက

မှန်တင်ခုံပေါ်မှာ ယူရီယူလာပြီးတင်ထားသည့်

forget me notပန်းစည်းကြီးကိုမြင်လိုက်ပြန်တဲ့အခါ...


"ဘာလို့..ဒါကအိပ်မက်မဟုတ်ရတာလဲ..."


မချင့်မရဲရေရွတ်သံလေးနှင့်အတူ ခဏလေးမြင်လိုက်ရပေမဲ့

စွဲထင်နေတဲ့ပုံရိပ်ကအာရုံထဲတိုးဝင်လာပြန်သည်။


လွန်ခဲ့တဲ့၇နှစ်ကကောင်ငယ်လေး....


ဟင့်အင်း!! ခုချိန်မှာကောင်ငယ်လေးလို့

ပြောလို့မရတော့ဘူးပဲ....


ယောကျာ်းတစ်ယောက်..ဟုတ်တယ်

သူက ခန့်ညားတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေပြီ။


သူက တစ်ကယ့်ကိုကောင်းကောင်းမွန်မွန်

ထက်ထက်မြတ်မြတ်နဲ့ကြီးပြင်းလာခဲ့တယ်ထင်ပါရဲ့....

စက်ရှေ့ကို ပထမဆုံးအကြိမ်ရောက်လာခဲ့တဲ့သူက

တစ်ကယ့်ကိုယုံကြည်ချက်အပြည့်နဲ့ရဲရဲဝံ့ဝံ့ပုံစံမျိုး

ဖြစ်နေခဲ့တာ....


"မင်းသတိရသေးတယ်မဟုတ်လား....

လွန်ခဲ့တဲ့၇နှစ်က ကျွန်းပေါ်မှာကျွန်တော့်ကိုပေးခဲ့တဲ့

ကတိကို မမေ့သေးဘူးမဟုတ်လား...ဒီနေ့က

၇နှစ်ပြည့်ပြီးတဲ့ ပထမဆုံးနေ့ပဲ....ကျွန်တော်

မင်းဆီကိုရောက်လာပြီ...."


စက်ကိုရင်ခွင်ထဲပွေ့ဖက်ထားပြီးလေးလေးနက်နက်နဲ့

သူပြောလာခဲ့တဲ့အဲ့ဒီ့်စကား....


စက်နဲ့သူရဲ့ကြားကကတိစကားတစ်ခွန်းအတွက်

တစ်ရက်လေးတောင်အစွန်းထွက်မခံပဲ

သူကစက်ရှေ့ကိုရောက်အောင်လာခဲ့တာ....


သူကကောင်းမွန်တဲ့အကျင့်စရိုက်နဲ့

ကတိတစ်လုံးကိုတန်ဖိုးထားတတ်တဲ့သူမျိူး

ဖြစ်လိမ့်မယ်ထင်တယ်....


ဒါပေမဲ့ စက်ကတော့!!!!


"တောင်းပန်ပါတယ် demon

ငါနင့်ကိုပေးခဲ့တဲ့ကတိကိုတည်နိုင်မှာမဟုတ်တော့ဘူး...."


~~~~~~~~~~~~~~~~🔥🔥🔥


"ဘယ်လိုလဲ...မင်းအတွက်စီစဉ်ထားတဲ့နေရာကို

သဘောကျရဲ့လား..."


မေးလိုက်သံနဲ့အတူ မှန်နံရံနားမှာရပ်ပြီး

ရန်ကုန်မြို့ကြီးရဲ့ညရူ့ခင်းတွေကို အကြောင်းမဲ့

ငေးနေတဲ့ deရဲ့အနားကိုရောက်လာတဲ့

ကိုးလ်ကလက်ထဲမှာကိုင်ထားတဲ့ ဝိုင်ခွက်ကို

လှမ်းပေးသည်။


"ဘာလို့ ဟိုတယ်မှာမတည်းပဲ

ဒီလိုသီးသန့်နေရာကိုစီစဉ်ခိုင်းတာလဲ

ဟိုတယ်ကserviceရှိတယ်လေ...

ဒီမှာကြတော့မင်းတစ်ယောက်ထဲ...ဘာလဲ

မင်းအဖေမင်းကိုခြေရာခံမိသွားမှာစိုးလို့လား..."


"ငါ့အဖေသာငါ့ကိုတစ်ကယ်ခြေရာခံချင်ရင်

ဒီလိုနေရာမှာနေလဲလွတ်မယ်ထင်လို့လား...."


"မင်းကြောက်ရင်လဲဘာလို့CEOရာထူးတရားဝင်

လွှဲပြောင်းဖို့ကြေငြာပေးမဲ့ ပါတီကနေ

ထွက်ပြေးလာခဲ့သေးလဲ...."


"ငါကြောက်တယ်လို့ပြောမိလို့လား...ပြီးတော့

ငါထွက်ပြေးလာတာမဟုတ်ဘူး ငါ့အတွက်

Leonineရဲ့ CEOရာထူးထက်အရေးကြီးတဲ့အရာကို

ရွေးချယ်လိုက်တာ..တစ်ကယ်ဆိုရင်

တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှပွဲစီစဉ်တဲ့

ငါ့အဖေရဲ့အပြစ်ပဲ...."


deရဲ့အပြောကြောင့် ကိုးလ်ကဟက်ဟက်

ပက်ပက်ရယ်သည်။


"မင်းစဉ်းစားကြည့် ဘွဲ့ရပြီးတာတစ်နှစ်ပဲရှိသေးတဲ့သားကို

ချက်ချင်းပဲ ရာထူးကြီးကြီးနဲ့ခြေချုပ်ချင်နေတဲ့

ငါ့အဖေမလွန်ဘူးလား...."


"အဲ့ဒါတွေက ငယ်ငယ်ထဲကအားလုံး

သတိထားမိအောင် ထက်မြတ်ပြီးတော်ပြခဲ့တဲ့

မင်းအပြစ်မဟုတ်ဘူးလား...."


"ငါသိပြီ...မင်းကငါ့အဖေဘက်ကပဲ..."


နှစ်ယောက်သားပြိုင်တူရယ်မိကြရင်း

ချက်ချင်းပင်တည်သွားပြန်တဲ့deက

အပြင်ဘက်ကရူခင်းတွေဆီအကြည့်ပို့လိုက်ပြန်သည်။


ကိုးလ်ကတော့deရဲ့အရိပ်အကဲကိုကြည့်နေသူမို့...


"မင်းကြည့်ရတာဘာလို့မပျော်တဲ့ပုံစံဖြစ်နေတာလဲ

ဘာလဲ သူမင်းကိုကြိုဆိုတဲ့ပုံစံက

မင်းထင်ထားသလိုလိူက်လိူက်လှဲလှဲမရှိလို့လား..."


ကိုးလ်းရဲ့အမေးကိုdeကခေါင်းယမ်းအဖြေပေးပြီး

ဝိုင်ခွက်ကိုခပ်ဖြေးဖြေးမော့သည်။


"အစထဲကသူငါ့ကိုလိူက်လိူက်လှဲလှဲကြိုဆိုမယ်လို့

ငါမျှော်လင့်မထားပါဘူး...ငါ့ကိုမြင်လိုက်တဲ့အချိန်မှာ

ရှော့ခ်ရပြီး ကြံရာမရဖြစ်သွားတဲ့သူ့ရဲ့ပုံစံက

ငါကြိုတွေးထားတဲ့အတိုင်းပဲ...."


"ဒါဆို..မင်းကဘာဖြစ်နေတာလဲ..."


"သူက သနားဖို့ကောင်းနေလို့...."


"ဘယ်လို..."


deရဲ့အဖြေက ကိုးလ်ကိုအနည်းငယ်မျှ

မျက်စိလည်သွားစေသည်။


"လွန်ခဲ့တဲ့၇နှစ် ငါသူ့ကိုကျွန်းပေါ်မှာ

စတွေ့ခဲ့တဲ့အချိန်တုန်းက အရမ်းလှတဲ့

သူ့ရဲ့မျက်လုံးတွေကိုစပြီးသတိထားခဲ့မိတာ...

သူ့ရဲ့မျက်လုံးတွေကအမြဲတမ်းတောက်ပနေပြီး

ကိုယ့်ကိုကိုယ်ယုံကြည်မူ့၊ပျော်ရွှင်မူ့အဲ့လိုအရာတွေကို

အလိုလိုခံစားမိစေတယ်...ငါသူ့ရဲ့အဲ့ဒီ့မျက်လုံးတွေကို

စပြီးသဘောကျခဲ့မိတာ..."


ပြောရင်း..စကားကိုခဏရပ်ကာdeက

ဝိုင်ခွက်ကိုမော့ပြန်သည်။ ကိုးလ်ကတော့

ငြိမ်သက်စွာပဲ deဆက်ပြောလာမှာကို

နားထောင်နေ၏...


"ဒါပေမဲ့ အခု ငါသူ့ကိုပြန်တွေ့လိုက်တဲ့အချိန်မှာ

သူ့မျက်လုံးထဲမှာအမြဲတမ်းတောက်ပနေတတ်တဲ့

အဲ့ဒီ့အရာတွေကိုရှာမတွေ့တော့ဘူး....သူက

သနားဖို့ကောင်းအောင်ပြောင်းလဲသွားတယ်..."


"မင်းကိုငါအမြဲတမ်းသူ့အကြောင်းတွေသတင်း

ပေးနေခဲ့တာပဲမဟုတ်လား..သူကဒီနှစ်တွေမှာ

ကောလာဟလမျိုးစုံနဲ့တိုက်ခိုက်ခံခဲ့ရတာ...

နောက်ဆုံးgod flowerရဲ့နတ်သမီးအဖြစ်ကနေ

လူတွေရှေ့ကနေပျောက်ကွယ်သွားပြီး

ပုန်းကွယ်နေခဲ့တဲ့အထိပဲ..သူ အိမ်ကနေထွက်လာတာလဲ

၂နှစ်ပြည့်ပြီထင်တယ်...ပြောရမယ်ဆိုရင်

သူပိုင်ဆိုင်သမျှအရာအားလုံးကိုဆုံးရူံးလိုက်ရသလိုပဲလေ

အဲ့လိုမိန်းကလေးကဘယ်လိုလုပ်ပြီးပျော်နိုင်တော့မှာလဲ..."


"သူအခုပျော်နိုင်တော့မှာပါ..."


deရဲ့စကားကြောင့် ကိုးလ်ကငဲ့ကြည့်လိုက်တဲ့အခါ

ဖန်ခွက်ထဲကလက်ကျန်ဝိုင်တွေကိုအဆုံးသတ်

မော့ချလိုက်တဲ့deက


"ငါအခုသူ့ဘေးကိုရောက်လာပြီပဲ....

ငါဆုံးရူံးလိုက်ရတဲ့ သူ့မျက်ဝန်းထဲကပျော်ရွှင်မူ့တွေကို

ငါကျိမ်းသေပြန်ယူပေးမှာ...ငါမှတ်မိနေတဲ့

သူ့ရဲအရာအားလုံးကိုပေါ့...."


~~~~~~~~~~~~~~~~~🔥🔥🔥


"ဖြစ်.ဖြစ်ပါ့မလားစက်ရယ်..."


"ဖြစ်ပါတယ်ဟာ..ငါ့ကိုဒီတစ်ခေါက်တော့

ထပ်ပြီးကူညီပါယူရီရယ်..နော်..."


ပြောလဲပြော ကုတင်ပေါ်ချထားတဲ့အဝတ်တွေကို

လက်ဂေ့ခ်ျထဲ စုပြုံထိုးထည့်နေတဲ့ စက်


"ငါ သူ့ကိုဘယ်လိုမှရင်ဆိုင်လို့မဖြစ်နိုင်ဘူး

သူရောက်လာရင်လေ ငါရုတ်တရပ်ခရီးထွက်သွားတယ်

လို့သာပြောလိုက် အရေးကြီးကိစ္စမို့အရမ်းကြာမှာလို့..."


တညလုံးမအိပ်ပဲစဉ်းစားပေမဲ့အဖြေထွက်မလာတဲ့

ပြသာနာအတွက် စက်နောက်ဆုံး

သူ့မျက်စိရှေ့ကနေရှောင်ပြေးဖို့သာ

ဆုံးဖြတ်မိသည်။


ဒီနည်းကသာလတ်တလောအကောင်းဆုံး

မဟုတ်လား??


ယူရီကတော့ တားမရမှာသိနေ၍ထင်သည်

ခေါင်းကိုတဗြင်းဗြင်းကုတ်ပြီး....


"နင်အခုဘယ်ကိုသွားမှာလဲ....."


"လောလောဆယ် ငါပြင်ဦးလွင်ကအပန်းဖြေ

စံအိမ်ကိုသွားမလို့..."


"ဟဲ့ လေယာဉ်လက်မှတ်ကရော......"


"လေယာဉ်နဲ့မဟုတ်ဘူး expressနဲ့ပဲသွားမှာ

ငါ ကားလက်မှတ်ဖြတ်ပြီးသွားပြီ..."


"နင့်အဖေကိုရောပြောပြီးပြီလား..."


"မလိုဘူးရတယ်..ငါ ဟိုရောက်မှပဲ

ဖုန်းဆက်ပြောလိုက်မယ်..."


"နင်ကတော့ ဖြစ်လိုက်ရင်အသည်းအသန်ချည်းပဲ

စက်ရယ် တစ်ကယ်ပဲ..."


"ငါလဲ တကယ်ကြံရာမရဖြစ်နေလို့ပါဟာ

နင်သိရဲ့သားနဲ့..."


ပြောလဲပြော ထည့်စရာစုံသွားတဲ့လက်ဂေ့ခ်ျကို

ကုတင်ပေါ်ကနေမနိုင်မနင်းဆွဲချသည်။


"ငါကားဂိတ်လိုက်ပို့ပေးရမလား..."


"မပို့နဲ့ ရတယ် ငါတက္ကစီနဲပဲသွားမှာ

နင်ဒီမှာပဲသူ့ကိုစောင့်နေလိုက် ငါ ကားဂိတ်

ရောက်တာနဲ့နင့်ဆီဖုန်းဆက်လိုက်မယ်.."


"မနက်စာ မစားသွားတော့ဘူးလား"


"မစားတော့ဘူး မစားတော့ဘူး

ဘိုင့်ဘိုင်နော် သူငယ်ချင်း ....."


တစ်ယောက်ထဲပြာယာခတ်နေပြီး

စက် ယူရီ့ကိုပင်သေချာမနူတ်ဆက်နိုင်ပဲ

လက်ဂေ့ခ်ျကိုမနိုင်မနင်းဆွဲလျက်

တိုက်ခန်းအောက်ရောက်လာခဲ့သည်။


ခုချိန်ကစက်အတွက်မိနစ်မလပ်အရေးကြီးနေတာ...


"တက္ကစီ..."


စက် ကားလမ်းဘေးမှာရပ်ပြီး တက္ကစီတစ်စီးကို

လှမ်းတားလိုက်သည်။


"ဘယ်သွားမလို့လဲ ညီမ..."


"(..........)ကားဂိတ်ကိုပါ..."


"၇၀၀၀ထောင်ကျမယ်...."


အလျင်လိုနေတာမို့ စျေးလဲမဆစ်နိုင်တော့ပဲ

စက် ခေါင်းငြိမ့်လျက် ကားတံခါးကို

ဖွင့်ရန်ပြင်လိုက်စဉ်....


"တီ!!!"


ရုတ်တရပ် ကြားလိုက်ရတဲ့ကျယ်လောင်လှသော

ဟွန်းသံကြောင့် စက် ချာခနဲလှည့်ကြည့်လိုက်လျှင်...


စက် တားထားတဲ့တက္ကစီရဲ့အနောက်ဘက်ခပ်လှမ်းလှမ်းမှာ

ရပ်နေတဲ့ အနက်ရောင်ဇိမ်ခံကားတစ်စီး....


စက် ကြောင်ပြီးကြည့်နေစဉ်မှာပဲ ထိုကားရဲ့

နောက်ခန်းတံခါးပွင့်သွားပြီးဆင်းလာတဲ့ ပုံရိပ်တစ်ခုကို

မြင်လိုက်ရတဲ့အခါ...


"ဟင်!!!"


အာမေဋိတ်သံနှင့်အတူ ကားတံခါးဆီလက်လှမ်းနေတဲ့

စက်ရဲ့လက်က,လေထဲမှာတွဲလောင်းပြုတ်ကျသွားခဲ့ရသည်။


"d.demon..."


စက်ရဲ့နူတ်ကထိုနာမည်ကိုတုန်လူပ်စွာခေါ်လိုက်

မိချိန်မှာပဲ မရယ်မပြုံးမျက်နှာထားနှင့်

စက်အနားကိုတစ်လှမ်းချင်းလျောက်လာနေတဲ့သူက

နီးကပ်လွန်းတဲ့အနေအထားမှာခြေစုံရပ်လာခဲ့ပြီး


"ဒါက..ဘယ်ကိုသွားမလို့လဲ..."


~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်^^^^^^


#Hazel


rate now: