book

Index 4

Chapter(4)

💕 My lovely demon 💕

                             ``အချစ်နတ်ဆိုးလေး´´

~~~~~~~~~


"Hey!!! demon "


လှမ်းခေါ်လိုက်တဲ့အသံလာရာကို

လှမ်းကြည့်လိုက်တဲ့အခါ အနက်ရောင်

ဇိမ်ခံကားတစ်စီးရဲ့ဘေးမှာရပ်နေတဲ့တစ်စုံတစ်ယောက်ကို

မြင်သည်။


deရပ်နေရာကပဲ လက်လှမ်းပြလိုက်တော့

ကိုးလ်က deရှိရာကိုလျောက်လာပြီး

ပွေ့ဖက်နူတ်ဆက်၏....


"မြန်မာပြည်ကကြိုဆိုပါတယ်..သူငယ်ချင်း"


"​ကျေးဇူးပဲ ကိုးလ်​..."


"လက်ဂေ့ခ်ျငါ့ကိုပေး...လာ "


လက်ဂေ့ခ်ျကိုဆွဲသွားပြီး ကိုးလ်ကအရှေ့က

ဦးဆောင်ကာသွားသည်။


မကြာခင်မှာပဲ ကိုးလ်မောင်းနှင်လာတဲ့ကားက

လေဆိပ်ထဲကနေထွက်ခွာလာခဲ့တော့၏...


"လေယာဉ်စီးလာရတာပင်ပန်းနေပြီလား

မင်းအတွက်စီစဉ်ထားတဲ့ ကွန်ဒိုကိုပဲ

အရင်ဆုံးမောင်းပေးရမလား...."


ကားမောင်းနေရင်း ငဲ့ကြည့်မေးလာတဲ့

ကိုးလ်းကို deခေါင်းယမ်းပြလိုက်သည်။


"ဘယ်ကိုမှမသွားဘူး...ငါသူနဲ့ပဲအရင်ဆုံး

သွားတွေ့မယ်..."


"အဟွန်း..ဒီအထိတောင်ရောက်လာပြီးပြီပဲ

တညလေးတောင်ထပ်မစောင့်နိုင်တော့ဘူးလား...."


"မရဘူး..ဒီနေ့က၇နှစ်ပြည့်ပြီးတဲ့ပထမဆုံးနေ့မို့လို့..."


အေးဆေးစွာပြောလျက် မျက်မှန်ကိုဆွဲချွတ်လိုက်တဲ့

deကိုကြည့်ပြီး အကြောင်းသိနေတဲ့ ကိုးလ်ကပြုံးသည်။


"မင်းစိတ်လူပ်ရှားနေတာလား...."


"အင်း...."


ကိုးလ် deမျက်နှာကိုအသေအချာကြည့်ရင်း

စသလိုမေးလိုက်ပေမဲ့ deကအတည်ပေါက်ကြီး

ဖြေ၏...


"သူ မင်းတို့ရဲ့ကတိကိုမှတ်မိနေဦးမယ်လို့

မင်းထင်လား....မင်းတစ်ခုတော့မမေ့နဲ့နော်

သူက ဒီ၇နှစ်အတွင်းမှာနှစ်ကြိမ်တိတိလက်ထပ်ဖို့

ပြင်ဆင်ခဲ့ဖူးတယ် အကြောင်းအမျိုးမျိုးကြောင့်

နှစ်ကြိမ်စလုံးသူ့ရဲ့လက်ထပ်ပွဲတွေပျက်သွားခဲ့ပေမဲ့

တခြားတစ်ယောက်နဲ့လက်ထပ်ဖို့သဘောတူခဲ့တာက

သူမင်းကိုပေးခဲ့တဲ့ကတိကိုအလေးအနက်မရှိခဲ့တာပဲ

မဟုတ်လား...."


"သူကစပြီးကတိပေးခဲ့တာမဟုတ်ဘူး

ငါကစပြီးကတိတောင်းခဲ့တာက ဒီနှစ်တွေမှာ

သူငါ့ကိုမေ့လျော့နေခဲ့တယ်ဆိုရင်တောင်

အခုသတိရအောင်လုပ်ဖို့နောက်မကျသေးပါဘူး..."


"မင်းမှာယုံကြည်ချက်ရှိတယ်ပေါ့...."


"ငါ့မှာသာယုံကြည်ချက်မရှိရင် ၇နှစ်ပြည့်တဲ့အထိ

စောင့်ပြီး ဒီနေရာကိုရောက်အောင်မလာခဲ့ဘူး..."


"မင်းကထင်ထားတာထက်ပိုပြီး 

အစွဲလမ်းကြီးတာပဲ...."


"ငါ့လိုပဲ တစ်စုံတစ်ယောက်နဲ့တွေ့ရဖို့

၇နှစ်လောက်လက်ချိုးရေပြီးစောင့်ခဲ့ဖူးရင်

မင်းငါ့ရဲ့ခံစားချက်တွေကိုနားလည်လိမ့်မယ်..."


deရဲ့စကားကြောင့် ကိုးလ်းကခေါင်းတငြိမ့်ငြိမ့်နဲ့

ပြုံးရင်း....


"ငါတစ်ခုတော့တစ်ကယ်သိချင်တယ်

မင်းလိုလူမျိူးကို၇နှစ်လုံးလုံး တသသနဲ့

စွဲလမ်းမေ့မရဖြစ်နေအောင် သူကအရမ်း

ထူးခြားနေလို့လား..."


ကိုးလ်ရဲ့မေးခွန်းကိုနားထောင်ပြီးdeက

မျက်နှာမလှည့်ပဲမျက်ဝန်းတွေနဲ့ပဲ

ကိုးလ်ကိုငဲ့ကြည့်ကာ နူတ်ခမ်းလူပ်ရုံလေး

ပြုံးလျက်....


"သူကထူးခြားလို့ဆိုတာထက် ငါက

သူ့ကိုမှရူးမိသွားလို့ဆိုရင်ရော မင်းသိချင်တဲ့

အဖြေကိုရပြီလား..."


"အဟား...de မင်းကတစ်ကယ့်ကိုပဲ..."


သဘောကျသလိုခေါင်းမော့ရယ်လိုက်တဲ့ကိုးလ်က

deနဲ့လက်သီးချင်းခပ်ဖွဖွတိုက်၏...


"ပါရီတစ်မြို့လုံးကိုလက်ခုပ်ထဲထည့်ထားတဲ့မင်းရဲ့အဖေ

မင်းကိုဘာလို့လေဆိပ်မှာတင်မိအောင်

မဖမ်းနိုင်တာလဲဆိုတာငါမအံ့ဩတော့ဘူး

မင်းဒီလောက်ထိ စိတ်အားထက်သန်နေတာ

ဘယ်လိုလူကမင်းကိုတားနိုင်မှာတဲ့လဲ.....

ဟား..ဟား...ဟား..."


ရယ်မောသံတွေနဲ့အတူ....

ကားလေးကတော့ ဦးတည်ရာတစ်ခုဆီသို့

အရှိန်မှန်မှန်ဖြင့်မောင်းနှင်ပြေးလွှားနေလျက်.....


~~~~~~~~~~~~~~~~~~🔥🔥🔥


"အား..သေပါပြီ"


လူထက်အရင်ရောက်လာတဲ့အသံကြောင့်

ယူရီ ဟင်းအိုးကိုမွှေနေရာမှလှည့်ကြည့်လိုက်တော့

ထမင်းစားပွဲဘေးမှာ ခြေတစ်ပေါင်ကျိုးနဲ့

မျက်နှာရူံမဲ့နေတဲ့ စက်...


"ဘာဖြစ်တာလဲ..."


"ခ.ခလုတ်တိုက်တာဟေ့

အလွတ်ကြီးကိုတစ်ကယ်ပဲ ငါ့အကြောင်း

ဘယ်သူပြောနေမှန်းမသိဘူး...."


"အမလေး ကိုယ့်ဘာသာပျာယာခတ်နေလို့

ခလုတ်တိုက်တာကို လျောက်ပြောနေပြန်ပြီ..."


ယူရီ့အပြောကြောင့် စက် မျက်နှာလေး

ပိုပြီးရူံ့မဲ့သွားရသည်။


"လာ..ဒီမှာဟင်းလာမြည်းဦး..."


"ရပြီလား...မွှေးနေတာပဲ..."


အနာမပြေသေးတဲ့ခြေထောက်ကို

ထော့နဲ့နဲ့လျောက်ရင်း စက် ယူရီဟင်းချက်နေတဲ့နားကို

လျောက်သွားလိုက်သည်။


"ရော့..မြည်းကြည့် ဘယ်လိုလဲ

အရသာအတော်ပဲလား..."


"အင်း..အရသာရှိလိုက်တာ နင်ကလေ

ဟင်းချက်အရမ်းတော်တယ်သိလား

ဟိုတယ်မှာစားဖိုမှူးလုပ်ရမှာ..."


စက် ဇွန်းကိုပြန်ပေးပြီးပြောလိုက်တော့

ယူရီကမဲ့ပြ၏...


"လာမြှောက်မနေနဲ့ မဟုတ်လဲအမြဲတမ်း

ငါပဲနင့်ကိုချက်ကျွေးနေရတာ ငါလဲလေ

အရင်ဘဝကနင့်အကြွေးတွေပါလာတာနေမယ်

ငါ့ယောကျာ်းကိုတောင်နင့်လောက်ဂရုတစိုက်

ချက်ပြုတ်မကျွေးရဘူး..."


"ဪ..ငါ့သူငယ်ချင်းလေးကယောကျာ်းကို

သတိရနေတာလား...သိပ်လဲလွမ်းမနေပါနဲ့ဟာ

နောက်တစ်နှစ်လောက်ပဲသည်းခံပြီးစောင့်ရမှာပါ

ဟုတ်တယ်မလား..."

"အပိုတွေလျောက်ပြောမနေနဲ့ သွား

ရေသွားချိူးတော့ ပြီးရင်ညစာစားကြမယ်..."


"yes!!!"


ပြောင်ချော်ချော်မျက်နှာပေးနှင့်ခေါင်းငြိမ့်နာခံရင်း

ထမင်းစားခန်းထဲကနေပြန်ထွက်သွားတဲ့စက်ကိုကြည့်ကာ

ယူရီ ပြုံးလိုက်မိသည်။


မနက်ကကိစ္စကြောင့် စက်,တနေကုန်မျက်နှာ

မကောင်းပဲ ခုမှနည်းနည်းပုံမှန်ပြန်ဖြစ်လာတာ...


သူငယ်ချင်းဆိုပေမဲ့ တစ်ခါတလေညီမတစ်ယောက်လိုမျိုး

စောင့်ရှောက်ရင်းနှီးလာခဲ့ရတာမဟုတ်ပါလား??


~~~~~~~~~~~~~~


Ding^^^^Ding


ယူရီညစာပြင်နေတဲ့ အချိန်မှာပဲ

ကြားလိုက်ရတဲ့လူခေါ်ဘဲလ်သံကြောင့်

ထမင်းစားခန်းထဲကနေထွက်လာခဲ့ရပြန်သည်။


စက်က ခုနလေးတင်မှရေချိုးခန်းထဲဝင်သွားတာ

ဆိုတော့ကြားမယ်မထင်။


Ding^^^Ding


"လာပြီ..လာပြီ...."


နောက်တစ်ကြိမ်ဘဲလ်သံကထပ်ပေါ်လာတော့

ယူရီစိတ်မရှည်သလိုလှမ်းအော်လိုက်၏...


"ဘာလို့ဘဲလ်ကိုအဲ့လောက်တောင်

တီးနေရတာလဲမသိဘူး တစ်ကယ်ပဲ..."


နူတ်ကနေပွစိပွစိပြောရင်း ယူရီ

တံခါးကိုဆွဲဖွင့်လိုက်တာနှင့်....


"ဟင်..."


နူတ်ကနေအာမေဋိတ်သံခပ်သဲ့သဲ့ထွက်သွား

ခဲ့ရအောင်ပင် ယူရီ တံခါးရှေ့မှာမြင်လိုက်ရတာ

ယောကျာ်းတစ်ယောက်။တိတိကျကျ ပြောရရင်

ခန့်ညားချောမောတဲ့ယောကျာ်းတစ်ယောက်....


မြင့်မားတဲ့အရပ်အမောင်း၊တောင့်တင်းတဲ့

ကိုယ်နေဟန်ထား၊အပြစ်ဆိုစရာမရှိတဲ့

ထိပ်တန်းရုပ်ရည်မျိုးနှင့် တစ်ချက်မြင်လိုက်တာနှင့်

မျက်လုံးထဲစွဲထင်သွားနိုင်တဲ့ ဆွဲဆောင်မူ့....


"............."


ယူရီရုတ်တရပ် ကြောင်ငေးမိသွားရစဉ်မှာပဲ

ပန်းစည်းအကြီးကြီးကိုလက်တစ်ဖက်ကပိုက်ထားတဲ့

ထိုယောကျာ်းက သူ့ရဲ့ပခုံးလောက်ပင်

အရပ်အမောင်းမရှိတဲ့ယူရီ့ကိုငုံ့ကြည့်ကာ

နှစ်လိုဖွယ်ပြုံးပြလာခဲ့တဲ့အခါ ယူရီ့် 

မျက်ခုံးတန်းလေးတွေအလိုလိုပြေကျ

သွားခဲ့ရရင်း...


"ဟို..ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူးရှင့်...."


"ဒါက..သံသရာစက်ရဲ့အိမ်မဟုတ်လားခင်ဗျ...."


ပထမဆုံး ထိုယောကျာ်းဆီကနေကြားလိုက်ရတဲ့

စကားသံကလဲ သတိထားမိလောက်အောင်

မပီမသဖြစ်နေတာမျိုးမဟုတ်ပေမဲ့ အနည်းငယ်

ခပ်ဝဲဝဲဖြစ်နေပြီး မြန်မာလူမျိုးတစ်ယောက်ရဲ့

လေယူလေသိမ်းမျိုးမဟုတ်ခဲ့...ဒါပေမဲ့

သူစကားပြောလိုက်သံကတော်တော်တော့

နားထောင်လို့ကောင်း၏.....


သူက စက်ကိုလာမေးနေတာ...

သူက စက်နဲ့သိတဲ့တယောက်ယောက်များလား??


"ဒီမှာခင်ဗျ...."


"ရှ.ရှင်..."


သူ့အမေးကိုချက်ချင်းမဖြေပေးနိုင်ပဲ

စဉ်းစားခန်းဝင်မိသွားရတဲ့ယူရီ သူထပ်ပြီး

ခေါ်လိုက်တဲ့အသံကိုကြားမှ သတိပြန်ဝင်လာခဲ့ရရင်း...


"ဪ.ဟုတ်...ဟုတ်တယ်

သံသရာစက်.စက်ကကျွန်မသူငယ်ချင်းပါ

ဒါကသူ့ရဲ့တိုက်ခန်းဟုတ်ပါတယ်..."


ယူရီ့ရဲ့အဖြေကြောင့် ထိုသူက

ကြည့်ကောင်းလှတဲ့အပြုံးနှင့်ထပ်ပြီးပြုံးသည်။


"ဒါနဲ့..ဒီက ဘယ်သူလဲမသိဘူး..."


ယူရီ့ရဲ့အမေးအဆုံး သူက လက်တစ်ဖက်ကို

တည်တည်ကြည်ကြည်နဲ့ပဲယူရီ့ဆီကမ်းပေးလာခဲ့ကာ...


"မင်းက သံသရာစက်ရဲ့သူငယ်ချင်းလား

တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာ့မည်က

demon...ကျွန်တော်ကသံသရာစက်နဲ့

လက်ထပ်မဲ့သူပါ..."


"ရှင်!!!!!"


ဒီတစ်ခါတော့ ယူရီ့ရဲ့အာမေဋိတ်သံက

တော်တော်လေးကိုကျယ်ကျယ်လောင်လောင်

ထွက်ပေါ်သွားခဲ့ပြီးနောက်....


~~~~~~~~~~~~~~🔥🔥🔥


"ဒါ.ဒါ ဒီ.ဒီ ....."


"ဒုန်း..ဒုန်း..."


"စက်ရေ..စက်......"


သံစဉ်တစ်ခုကိုတိုးဖွဖွညည်းရင်း တဖွားဖွားကျနေတဲ့

ရေပန်းတွေအောက်မှာရှိနေတဲ့စက် ရေချိူးခန်းတံခါးကို

တဒုန်းဒုန်းလာထုရင်းအပြင်ဘက်ကအော်ခေါ်နေတဲ့

ယူရီ့အသံကြောင့် ရေပန်းခလုတ်ကိုလှမ်းပိတ်လိုက်သည်။


"ဟေ..ဘာလဲ ငါဒီမှာရေချိုးနေတယ်လေ..."


စက် အထဲကနေပြန်အော်လိုက်တော့...


"ငါသိတယ်..ဒါပေမဲ့ နင်မြန်မြန်ထွက်ခဲ့ပါဦး

မြန်မြန်..."


အပြင်ကနေကြားနေရတဲ့ယူရီ့ရဲ့အသံက

သေရေးရှင်ရေးတမျှအရေးကြီးနေသလိုပင်...

စက် ဇဝေဇဝါဖြစ်သွားရရင်း တန်းပေါ်က

ကိုယ်သုတ်တဘက်ကိုလှမ်းယူလျက် ကိုယ်မှာ

ပတ်လိုက်ပြီး ရေချိူးခန်းတံခါးကိုဖွင့်လိုက်တော့

တံခါးဝမှာမြင်လိုက်ရတဲ့ ယူရီ့ရဲ့မျက်နှာက

ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကိုလောလောလတ်လတ်

ကြုံထားရတဲ့သူတစ်ယောက်လိုရူပ်ထွေးဝေဝါးနေလျက်..


စက် ယူရီ့ကိုကြည့်ပြီးစိတ်ထဲထိတ်ခနဲဖြစ်သွားရ၏..


"ဘာဖြစ်တာလာတာလဲ..နင်..."


"ငါဘာမှမဖြစ်ဘူး..နင်သာမြန်မြန်အဝတ်အစားလဲပြီး

အရှေ့ကိုထွက်လာခဲ့ဦး...."


"ဘာလို့လဲ..ငါရေချိူးလို့မပြီးသေးဘူးလေ...."


"ရေကနောက်မှချိူးပါစက်ရယ်..အရှေ့.

အရှေ့မှာနင့်ဧည့်သည်ရောက်နေတယ်..."


"ဟမ်..ဧည့်သည်ဟုတ်လား..ဘယ်ကဧည့်သည်လဲ..

ဘယ်သူလဲ..."


"အဲ့ဒါက..."


ယူရီကတစ်ခုခုကိုပြောမလို့ပြင်လိုက်ပြန်ပြီးမှ

စက်ကိုကြည့်ကာ ခေါင်းကုတ်ပြန်၏...


"ငါလဲမသိဘူး...နင်ထွက်ကြည့်မှသိမှာပေါ့..

သွား အဝတ်အစားမြန်မြန်သွားလဲ..."


ပါးစပ်ကလဲပြောရင်း ယူရီကစက်ကို

ရေချိုးခန်းထဲကနေအတင်းဆွဲထုတ်ကာ

ကပ်ရပ်ကအဝတ်လဲခန်းထဲတွန်းထည့်၏...


"ဟဲ့..ဟဲ့..."


"မြန်မြန်လဲပြီး မြန်မြန်ထွက်လာခဲ့နော်..."


ပြောလဲပြောတံခါးကိုဒုန်းခနဲပြန်ပိတ်သွားတဲ့ယူရီ...


"ဪ ဒေါ်ယူရီတို့များ ဘယ်လိုဖြစ်လို့

ပျာယာခတ်နေမှန်းမသိဘူး...တစ်ကယ်ပဲ.."


မကျေမနပ်ရေရွတ်ရင်း မျက်လုံးထဲတွေ့တဲ့

ဂါဝန်တစ်ထည်ကိုပဲရွေးယူကာ ရေသုတ်ပြီး

ခပ်မြန်မြန်ပဲလဲဝတ်လိုက်၏..ပြီးတော့ရေစိုမှာစိုး၍

ခပ်မြင့်မြင့်ထုံးထားတဲ့ဆံပင်တွေကိုဖြေချလျက်

တစ်ချက်နှစ်ချက်ဖြီးပြီး တွေ့ရာခေါင်းစည်းကြိုးနှင့်

ခပ်လျော့လျော့ပဲစည်းကာ ထွက်လာခဲ့လိုက်သည်။


"ဘယ်ဧည့်သည်ကဒီအချိန်ကြီး သူများအိမ်ကို

လာလည်တာလဲ မိုးပဲချုပ်တော့မှာကိုအလိုက်ကန်းဆိုး

မသိ...."


နူတ်ကနေပွစိပွစိပြောရင်းဘောက်ဆတ်ဘောက်ဆတ်

လှမ်းလာတဲ့ခြေလှမ်းတွေက ဧည့်ခန်းထဲအရောက်မှာ

ခြေစုံရပ်၏...


"ဟင်!!!"


စက်မြင်လိုက်ရတာက ဧည့်ခန်းရဲ့နံရံတစ်နေရာမှာ

ချိတ်ဆွဲထားတဲ့ စက်ရဲ့မိသားစုဓာတ်ပုံရှေ့မှာ

စက်,ထွက်လာတဲ့ဘက်ကိုကျောခိုင်းလျက်

ရပ်နေတဲ့ယောကျာ်းတစ်ယောက်....


ကျယ်ပြန့်တဲ့ကျောပြင်၊မြင့်မားတဲ့အရပ်အမောင်း

အနောက်ကမြင်လိုက်ရတာတောင်

ကြည့်ကောင်းနေတဲ့ ထိုပုံရိပ်က ယူရီပြောတဲ့

စက်ကိုလာရှာတယ်ဆိုတဲ့ဧည့်သည်လား..??


ဒါပေမဲ့ သေချာတာတစ်ခုမှာ စက်မှာရင်းနှီးတဲ့

ယောကျာ်းလေးမိတ်ဆွေမရှိဘူး။


"ယူရီ..ဘယ်ရောက်သွားတာလဲ..

ဧည့်သည်အတွက်ကော်ဖီဖျော်နေတာလားမသိဘူး"


နူတ်ကနေခပ်တိုးတိုးရေရွတ်ရင်း

အနီးအနားကိုဝေ့ဝဲလိုက်တဲ့မျက်ဝန်းတွေက

ဧည့်ခန်းထဲမှန်စားပွဲပေါ်မှာတင်ထားတဲ့ပန်းစည်းကြီး...


"Forget me not...."


အပြာရောင်ပန်းပွင့်သေးသေးလေးတွေနဲ့

လှပတဲ့ forget me notပန်းစည်းကြီးကိုကြည့်ပြီး

စက်ရေရွတ်လိုက်မိသလို စိတ်ထဲလဲတစ်မျိုး

ဖြစ်သွားရ၏...


စက် ခြေလှမ်းတွေကိုအရှေ့သို့ဆက်လှမ်းပြီး

ကျောခိုင်းရပ်နေတဲ့သူ့အနားကိုလျောက်သွားလိုက်သည်။

ညင်ညင်သာသာမဟုတ်တဲ့စက်ကိုခြေသံကို

သူကြားနိုင်မှန်းသိနေပေမဲ့ သူကထိုအနေအထားတိုင်း

နည်းနည်းလေးမှလူပ်ရှားမူ့မရှိခဲ့...


စက်...သူနဲ့ခြေ၂လှမ်းမျှအကွာအဝေးမှာပဲ

နောက်တစ်ကြိမ်ခြေစုံရပ်လိုက်သည်။


"အဟမ်း...ဒီမှာရှင့်"


ချောင်းတစ်ချက်ကိုဟန့်ပြီးအသံပေးလိုက်တော့

ကျောခိုင်းထားတဲ့ပုံရိပ်ကချက်ချင်းပဲလှည့်ကြည့်လာခဲ့တယ်...


".............."


နုရွယ်ပျိုမြစ်ချောမောခန့်ညားခြင်းတွေစုစည်းထားတဲ့

မျက်နှာတစ်ခုကိုရုတ်တရပ်မြင်လိုက်ရချိန်မှာ

စက် ခဏတော့သတိလွတ်သွားခဲ့ရသလိုပဲ...


"ရှင်က ဘယ်သူလဲ..."


သူက စက်ရဲ့အမေးကို ချက်ချင်းမဖြေပဲ

ငေးရီနေတဲ့အကြည့်နဲ့အရှေ့ကိုခြေတစ်လှမ်းတိုးလာခဲ့တော့

သူနဲ့စက်ရဲ့အနေအထားက မျက်နှာချင်းဆိုင်

ပိုပြီးနီးကပ်သွားခဲ့၏...


စက်ကိုကြည့်နေတဲ့သူ့ရဲ့မျက်ဝန်းတွေက

ရင်းနှီးမူ့တွေနဲ့နွေးထွေးနေတယ်...ပြီးတော့

အချိန်တွေအကြာကြီးဝေးကွာနေတဲ့အရင်းနှီးဆုံး

သူတစ်ယောက်ကိုပြန်တွေ့လိုက်ရသလို

ခန့်ခန့်ညားညားပြုံးပြလာခဲ့ရင်း...


"နောက်ဆုံးတော့ ကျွန်တော်မင်းနဲ့ပြန်တွေ့ရပြီပဲ

သံသရာစက်..."


"အို!!!"


လျှပ်တစ်ပြတ်အချိန်ခဏလေးမှာပဲ

စက်ရဲ့ခန္ဓာကိုယ်လေးတစ်ခုလုံး သူ့ရဲ့ရင်ခွင်ကျယ်ထဲ

နစ်မြှပ်သွားရခဲ့၏...


"ဟင်..ရှင်.ရှင် ဘာလုပ်တာလဲ

လွှတ်..."


စက် ချက်ချင်းပဲပူထူသွားပြီး အတင်းရုန်းကန်လိုက်ပေမဲ့

သူ့ရဲ့လက်တံရှည်တွေရဲ့ရစ်နှောင်မူ့ကမြဲမြံလွန်းနေ၏...


"ကျွန်တော်ပါ demon...."


ရှက်ရွံ့ထိတ်လန့်မူ့တွေနှင့်သူ့ရင်ခွင်ထဲက

ရုန်းထွက်ဖို့ကြိုးစားနေတဲ့စက်, နား,နားကပ်ပြီး

ခပ်တိုးတိုးပြောလိုက်တဲ့အသံလိူင်းကြောင့်

လူပ်ရှားမူ့တွေအားလုံးတုံ့ခနဲရပ်တန့်သွားခဲ့ရသည်။


"d.demon..."


နူတ်ကနေသံယောင်လိုက်ရွတ်မိလိုက်တဲ့

အသံကလဲ အံ့ဩမယုံကြည်နိုင်ခြင်းများနဲ့

အဖျားခတ်တုန်ယင်နေခဲ့စဉ်မှာပဲ...


စက်ရဲ့ခန္ဓာကိုယ်ကိုရစ်နှောင်ထားတဲ့သူ့ရဲ့လက်အစုံက

ပိုပြီးတင်းကြပ်သွားခဲ့ပြီး...


"မင်းသတိရသေးတယ်မဟုတ်လား....

လွန်ခဲ့တဲ့၇နှစ်က ကျွန်းပေါ်မှာကျွန်တော့်ကိုပေးခဲ့တဲ့

ကတိကို မမေ့သေးဘူးမဟုတ်လား...ဒီနေ့က

၇နှစ်ပြည့်ပြီးတဲ့ ပထမဆုံးနေ့ပဲ....ကျွန်တော်

မင်းဆီကိုရောက်လာပြီ...."


စက် ခန္ဓာကိုယ်တစ်ခုလုံးကျောက်ရုပ်တစ်ခုလို

အေးစက်တောင့်တင်းသွားခဲ့ရ၏....


ဒါအိပ်မက်တစ်ခုပါ.....


ကျေးဇူးပြုပြီးဒါဟာအိပ်မက်တစ်ခုဖြစ်လိုက်ပါတော့......


မျက်ဝန်းတွေကိုတင်းတင်းဖိပိတ်လျက်အကြောက်အကန်

ငြင်းချက်ထုတ်နေမိပေမဲ့...စက်ကိုပွေ့ဖက်ထားတဲ့

ရင်ခွင်တစ်ခုရဲ့လက်တွေ့ဆန်လွန်းတဲ့နွေးထွေးမူ့က

လိမ်ညာလို့မရခဲ့ပါပဲ.......


တစ်ကယ့်ကို စက်ရှေ့မှာရှိနေတာ

လွန်ခဲ့တဲ့၇နှစ်ကအဲ့ဒီ့ကောင်ငယ်လေးလား??


ဘုရားရေ...ရုတ်တရပ်

ဒါဘယ်လိုဖြစ်ရပ်ဆိုးကြီးလဲ???


~~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>>>


#Hazel


rate now: