💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~~
Leonine 🏰
^^^^^^^^^^^
"demonက ပါရီကနေထွက်သွားပြီလား...."
"ဟုတ်ပါတယ်..boss "
ပုံမှန်ကြားနေကြလေသံနဲ့ပဲမေးလာတဲ့မေးခွန်းပေမဲ့
မက်စ် အပြစ်ရှိသူတစ်ယောက်လိုမျိုး
ခေါင်းငုံ့လျက်ပြန်ဖြေလိုက်သည်။
"ဒီကောင်လေးတစ်ကယ့်ကိုပဲ...."
ခေါင်းကိုခပ်ဖြေးဖြေးယမ်းလျက် မှန်စားပွဲရှည်ကြီးရဲ့
ရှေ့ကနေထရပ်လာတဲ့ပုံရိပ်ကငြူစူခြင်းကင်းမဲ့တဲ့ပြစ်တင်
စကားနဲ့သဲ့သဲ့ပြုံးသည်။
"ဒီလောက်ကိစ္စအကြီးကြီးကိုတောင် ငါ့မျက်စိအောက်ကနေ
လွတ်အောင်စီစဉ်နိုင်သေးတာပဲ....အဖေဖြစ်တဲ့ငါက
အဲ့ဒီ့ကလေးကို လေဆိပ်မှာတင်မိအောင်မဖမ်းနိုင်တာ
နည်းနည်းတော့ရှက်ဖို့ကောင်းနေပြီ...အဟင်း...
အေးလေ တကယ်တမ်းမသွားခင်ကြိုသိခဲ့ရင်လဲ
ငါ့သားကို ငါတားနိုင်မှာမှမဟုတ်ပဲ...."
ပြောရင်း အနားကိုလျောက်လာကာ
မက်စ်ရဲ့ပခုံးကိုတစ်ချက်ပုတ်သည်။
"ဒီတစ်ခါတော့ မင်းလဲငါ့သားအတွက်
အသုံးမဝင်တော့ဘူးပဲ မက်စ်
demonကမင်းကိုဒီလိုမျိုးကန်ထုတ်ခဲ့တာလား..."
"သူလိုချင်တဲ့အရာထက်စာရင် ကျွန်တော့်ကို
အရူပ်ထုပ်လို့မြင်သွားတဲ့ပုံပါပဲ...."
"ဟား..ဟား...ဟား..."
မက်စ်ရဲ့စကားအဆုံး သဘောကျသလို
ရယ်မောလိုက်သံက အခန်းကျယ်ကြီးထဲ
ပျံ့လွင့်သွား၏...
"အဲ့ဒီ့ကလေးက ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင်
သွေးအေးအေးနဲ့အစီအစဉ်ချပြီး အောင်မြင်အောင်
လုပ်တတ်တာ...ငယ်ငယ်လေးထဲကအကျင့်ပဲ...
မင်းရောငါရောသိပ်စိတ်ပူစရာလိုမယ် မထင်ဘူး....
ငါထင်တာမမှားဘူးဆိုရင် demonပါရီကနေ
မထွက်သွားခင်ထဲက အရာအားလုံးကို
အစီအစဉ်ချပြီးလောက်ပြီ...."
"ကျွန်တော်လဲ အဲ့လိုပဲထင်ပါတယ် boss
demonက ၇နှစ်လုံးလုံး အဲ့ဒီ့မိန်းကလေးရဲ့
အကြောင်းတွေကိုမပြတ်စုံစမ်းနေခဲ့တာ...သူ့မှာ
ကျိမ်းသေအစီအစဉ်ရှိနေမှာပါ..."
"ဒါက ငါ့သားရဲ့အရည်အချင်းကိုစောင့်ကြည့်ရမဲ့ပွဲပဲ
ငါ့သားကတစ်ကယ်ပဲ သူလိုချင်တဲ့အရာကို
ရအောင်ယူနိုင့်ပါ့မလားဆိုတာ ငါသိချင်မိတယ်
မက်စ်...."
ပြောနေရင်း နာမည်ကိုတဆတ်ထဲခေါ်လိုက်တော့
မက်စ်သတိအနေထားဖြစ်သွားရသည်၊
"အမိန့်ရှိပါ..."
"demonက မင်းကိုထားခဲ့တယ်ဆိုပေမဲ့မင်း
လူတစ်ချိူ့စီစဉ်ပြီးdemonရဲ့နောက်ကို
လိုက်သွားရလိမ့်မယ်...ဒါပေမဲ့ သူ့ကိစ္စတွေမှာ
ဝင်ပါတာတို့သူလုပ်သမျှအရာတွေကိုအနှောင့်အယှက်
ပေးတာတို့မလုပ်ရဘူး...ဒီအတိုင်း
အဝေးတစ်နေရာကနေသူ့ကိုစောင့်ကြည့်ပြီး
အန္တာရယ်မဖြစ်အောင်၊ပြသာနာတစ်စုံတစ်ရာမရှိအောင်
ကာကွယ်ပေးပါ....."
"နားလည်ပါပြီ......boss"
~~~~~~~~~~~~~~~~~🔥🔥🔥
"ဒီနေ့ကနောက်ဆုံးနေ့ပဲ...."
"ပြက္ခဒိန်ကိုကြည့်ပြီးဘာတွေပွစိပွစိပြောနေတာလဲ..."
နံရံထက်က ပြက္ခဒိန်ကိုကြည့်ကာ
လက်ပိုက်လျက်ရေရွတ်လိုက်တဲ့ စက်
အနောက်ကလှမ်းမေးလာတဲ့ ယူရီ့ကြောင့်
လှည့်ကြည့်လိုက်ကာ...
"ဪ...ဒီနေ့ကနှစ်သစ်ကူးအတွက်အထူး
ဒစ်စကောင့်နဲ့Hot စင်တာမှာစျေးရောင်းပွဲတော်
ရှိတာနောက်ဆုံးနေ့လေ...အဲ့ဒါငါတို့ညနေသွားကြရင်
မကောင်းဘူးလား..."
"အင်း ဒေါ်သံသရာစက်တို့များနော်
လျော့စျေးအသံကြားလို့ကတော့ လူတိုးခံပြီး
သွားပါဦးမယ်..."
"နင်ကလဲ...20% discountဆိုတာ
နည်းမှမနည်းတာ...ပိုက်ဆံဆိုတာခြွေတာရတယ်ဟဲ့..."
"အမလေး မီလျံနာသူဌေးသမီးရယ်
နင်ပဲပြောတော့..."
"ဘာမီလျံနာသူဌေးသမီးလဲ..ငါ့အဖေ
ချမ်းသာတာငါချမ်းသာတာမှမဟုတ်တာ...ငါ့မှာ
တစ်လ၃သိန်းပဲဝင်ငွေရှိတာ..."
"အေးပါဟယ် နင်ပဲညည်းပါတော့ ငါ
မညည်းတော့ဘူး...နင့်ရဲ့ဘဏ်ကတ်တွေ
ဘလက်ခ်ကတ်တွေကိုလဲ ဗီရိုထဲကနေ
ထုတ်ကြည့်ဦး မိူတက်နေပြီလားမသိဘူး..."
ယူရီ့ရဲ့အပြောကြောင့် စက်ရယ်လိုက်မိရင်း
"အဲ့ဒါတွေက ငါ,အိမ်ကထွက်လာထဲက
ပါပါးဆီပြန်အပ်ခဲ့သားပဲ ပါပါးကယူမှမယူတာ
အဲ့တော့ငါပဲသိမ်းထားရတာပေါ့....ငါ
အိမ်ကမထွက်လာခင်ထဲကဆုံးဖြတ်ပြီးသား
ရှေ့လျောက်ငါ့ရဲ့ကိုယ်ပိုင်ဝင်ငွေမဟုတ်တဲ့
ဘယ်ပိုက်ဆံကိုမှငါမသုံးဘူးလို့...."
Ring>>>Ring
သူငယ်ချင်းနှစ်ယောက်စကားပြောနေစဉ်မှာပဲ
စက်ရဲ့ဖုန်းက ဝင်လာသည် ကြည့်လိုက်တော့
အန်ကယ်ဂျိုးဆီကမို့
"ခဏလေး..."
စက် ယူရီ့ကိုလက်ကာပြပြီးဝရံတာဘက်ထွက်လာကာ
ဖုန်းကိုင်လိုက်သည်။
"ဟဲလို...."
"Congratulationပါမမလေး...သူဌေးကို
မမလေးပို့ပေးလိုက်တဲ့ဒီဇိုင်းသစ်တွေထဲက
serbian phoenix လို့နာမည်ပေးထားတဲ့
လည်ဆွဲဒီဇိုင်းကို gob flowerရဲ့
နှစ်၃၀ဆယ်ပြည့် အထူးထုတ်ပစ္စည်းအဖြစ်
ဘုတ်အဖွဲ့အစည်းအဝေးမှာ တရားဝင်
ရွေးချယ်ခံလိုက်ရပါပြီ...."
ဖုန်းထဲကနေကြားလိုက်ရတဲ့ အန်ကယ်ဂျိုးရဲ့.
အသံကကျေနပ်အားရနေမှန်းသိသာလွန်းလှစွာ...
မစထဲကသိပ်မမျှော်လင့်ထားပေမဲ့
တစ်ကယ်တမ်းကျတော့လဲ စက်သိပ်ပြီး
တအံ့တဩ မဖြစ်မိ....
"ကျေးဇူးတင်ပါတယ် အန်ကယ်...."
"ကျွန်တော့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး
ဒါကမမလေးရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့
အသိမှတ်ပြုခံရတာပဲလေ...သူဌေးနဲ့ဘုတ်အဖွဲ့ရဲ့
လူကြီးတွေက မမရဲ့ဒီဇိုင်း၃မျိုးလုံးကိုသဘောကျကြတယ်
ဒါပေမဲ့ special productအနေနဲ့ဆိုတော့
တစ်ခုကိုပဲ votingစနစ်နဲ့မဲခွဲဆုံးဖြတ်ခဲ့ကြတာ...
မမလေးရဲ့serbian phoenixလည်ဆွဲဒီဇိုင်းက
ကုမ္ပဏီရဲ့တခြားဒီဇိုင်နာနှစ်ယောက်ရဲ့ဒီဇိုင်းနှစ်ခုနဲ့အတူ
ရွေးချယ်ခံရတာပါ..."
"............"
"မမလေးလုပ်နိုင်မယ်ဆိုတာကျွန်တော်ရောသူဌေးပါ
အစထဲက ယုံကြည်ပြီးသားပါ မမလေးရဲ့
အရည်ချင်းတွေကဘယ်လိုမှဖုန်းကွယ်ထားလို့မရဘူး
သူဌေးက မမလေးရဲ့အရည်အချင်းကိုကုမ္ပဏီရဲ့
ဒါရိုက်တာအဖွဲ့ကလူကြီးတွေဆီကပါ
အသိအမှတ်ပြုခံရတာဆိုတော့ အရမ်းကျေနပ်နေတယ်...."
"ပါပါးကိုပြောပေးပါ..စက် ပိုပြီးကြိုးစားပေးမှာပါလို့..."
"သူဌေးကလဲ မမလေးကိုယုံကြည်ပြီးသားပါ
ဪ ဒါနဲ့ ဒီတပတ်စနေနေ့က ဘာနေ့လဲဆိုတာ
မမလေးမေ့မနေပါဘူးနော်...."
ဖုန်းထဲကနေကြားလိုက်ရတဲ့ အန်ကယ်ဂျိုးရဲ့
စကားကြောင့် ဖုန်းကိုကိုင်ထားတဲ့စက်ရဲ့
လက်ချောင်းလေးတွေ တင်းကြပ်သွားခဲ့သည်။
"စက် မမေ့ပါဘူး အဲ့ဒီ့နေကပါပါးရဲ့မွေးနေ့ပဲ...."
"ဟုတ်တယ် ဒီနှစ်တော့ အရင်နှစ်တွေကလို
မွေးနေ့ကိတ်ပဲပို့ပေးပြီး လူကိုယ်တိုင်မလာတာမျိုး
မလုပ်ပါနဲ့ သူဌေးတကယ်လိုချင်တဲ့လက်ဆောင်က
မွေးနေ့မှာ မမလေးသူနဲ့အတူရှိနေပေးမှာကိုပါ..."
"စက် နားလည်ပါတယ် ဒါပေမဲ့...."
ပြောချင်တဲ့စကားတစ်ချိူ့ကလည်ချောင်းဝမှာတင်
ပျောက်ဆုံးကုန်လျက် စက် ဘာမှ
ထပ်ပြီးပြောမထွက်တော့သလိုသက်ပြင်းချလိုက်သည်။
"ဒီနှစ်တော့ စက် လာနိုင်အောင်ကြိုးစားပါ့မယ်..."
ထိုစကားတစ်ခွန်းကိုသာဆိုပြီး အန်ကယ်ဘာမှ
ထပ်မပြောလာခင် စက်ဖုန်းချလိုက်ပြီး
နောက်လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ထဲက
အနောက်မှာရောက်နေမှန်းမသိတဲ့ ယူရီ့ကို
မြင်လိုက်ရ၏...
"ငါ့ရဲ့ဒီဇိုင်းတွေထဲကတစ်ခုကို ဘုတ်အဖွဲ့က
ရွေးလိုက်တယ်တဲ့ အန်ကယ်ဂျိုးဖုန်းဆက်တာ..."
စက် ဖုန်းကိုထောင်ပြရင်းပြောလိုက်တော့
ယူရီက တိုက်ခန်းဝရံတာမှာရပ်နေတဲ့
စက်ရဲ့ဘေးကိုရောက်လာသည်။
"အဲ့ဒါဂုဏ်ယူစရာပဲမဟုတ်လား နင့်မျက်နှာက
ဘာလို့မကောင်းဖြစ်နေတာလဲ..."
"လာမဲ့စနေနေ့က ပါပါးရဲ့မွေးနေ့လေ
အဲ့ဒါ အန်ကယ်ကငါ့ကိုပါတီလာခဲ့ဖို့ခေါ်နေတာ..."
"နင်မသွားချင်ဘူးမဟုတ်လား...."
"အင်းး...."
ပြန်ဖြေရင်း ဝရန်တာလက်ရန်းမှာ စက် မှီနွဲ့ရပ်လိုက်တော့
ယူရီက စက်ကိုစေ့စေ့ကြည့်ရင်း....
"စက္..."
"ဟင်..."
"ငါတစ်ခါတလေကျရင်နင့်ကို တစ်ကယ်
အားမရတာသိလား...နင်ဘယ်အချိန်ထိဒီလိုမျိုးနေနေဦးမှာလဲ
ဘယ်တော့မှ နင့်ရဲ့နေရာကိုနင်ပြန်ရယူဖို့ကြိုးစားမှာလဲ..."
"နင်ကပါ အဲ့လိုပြောလာပြီဆိုတော့
ငါ့ရဲ့အခြေနေကတော်တော်ဆိုးနေပြီပဲ..အဟင်း..."
စိတ်မပါပဲဟန်ဆောင်ရယ်မောလိုက်တဲ့
စက်ကိုကြည့်ပြီး ယူရီကသက်ပြင်းချမျက်နှာလွှဲသည်။
"ငါလေနှင်းဆီသွေးကိုမြင်ရင် နင့်အတွက်
တစ်ကယ်ခံပြင်းပြီးဒေါသထွက်တယ်...သူ့ရဲ့အမေက
တူမအရင်းဖြစ်တဲ့နင့်အပေါ်ဒီလောက်မတရား
လုပ်ထားတာတောင် သူကနင့်နေရာကိုဝင်ယူပြီး
မော်ကြွားနေတာကိုစိတ်အတိုဆုံးပဲ...နင်
ဒုတိယအကြိမ်လက်ထပ်ပွဲပျက်သွားခဲ့တဲ့အချိန်မှာ
သူ့ရဲ့အမေသာမဟုတ်တဲ့ကောလဟာလတွေ
မဖြန့်ခဲ့ရင် နင်အခုလိုဖြစ်နေစရာအကြောင်းမရှိဘူး...."
ပြောရင်း မျက်မှောင်ကြုတ်သွားတဲ့ယူရီက
စက်ကိုပြန်လှည့်ကြည့်လာပြန်ရင်း...
"ငါလေ ဒေါ်ဟန်နီခင်ကနင့်အဖေရဲ့
ညီမအရင်းဆိုတာယုံတောင်မယုံချင်ဘူး
စိတ်ဓာတ်ချင်းကတခြားဆီပဲမို့ roseက
အရင်ထဲက နင့်ကိုတစ်ချိန်လုံးမနာလိုဖြစ်နေတာသိလဲ
ကိုယ့်သမီးကိုမဆုံးမတဲ့အပြင်မြှောက်ထိုး
ပင့်ကော်လုပ်တယ် ဟော နင်ကံမကောင်းတဲ့
အချိန်လဲရောက်ရော နင့်အားနည်းချက်ကို
နင်းပြီး သားအမိနှစ်ယောက်လုံးအမြတ်ထုတ်သွားတာ...
တစ်ကယ်ဆို နှစ်ကြိမ်စလုံးလက်ထပ်ပွဲပျက်ခဲ့ရတာ
နင့်ရဲ့အပြစ်မှမဟုတ်တာသူတို့သာ မဟုတ်တဲ့
သတင်းတွေနဲ့နင့်ကိုသိက္ခာချခဲ့တာ....အမှန်ဆို
နင့်အဖေလဲလိုပါတယ် နင့်အပေါ်ဒီလောက်
မကောင်းကြံခဲ့တာသိသိကြီးနဲ့ အခုထိအဲ့ဒီ့
သားအမိတွေကိုနေရာပေးစောင့်ရှောက်ထားတုန်း..."
"ပြီးခဲ့တာတွေကိုပြန်ပြီးမပြောချင်တော့ဘူး
ဒါတွေကငါ့ရဲ့ဝဋ်ကြွေးတွေပါ..နင်သိလား
အန်တီဟန်နီပါပါးရဲ့ညီမအရင်းဖြစ်ရုံတင်မက
အန်တီဟန်နီရဲ့ခင်ပွန်းroseရဲ့အဖေက ငါ့ရဲ့
ပါပါးကိုကယ်ရင်းအသက်ဆုံးသွားခဲ့ရတာ...အဲ့ဒါကြောင့်
ပါပါးက roseနဲ့အန်တီဟန်နီ့ကို စောင့်ရှောက်ရမဲ့
တာဝန်ရှိတယ် ပါပါးက သူတို့သားအမိကို
ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး...ဒါပေမဲ့
ပါပါးလိုချင်တဲ့အရာက အရင်ကဖြစ်ခဲ့သမျှကို
ပြည်ဖုံးကားချပြီး မိသားစုတွေပြန်ပြီးစုစည်းတာ
ဆိုရင်တော့ ပါပါးရဲ့ဆန္ဒဖြစ်နိုင်တော့မှာမဟုတ်ဘူး
ဘာလို့လဲဆိုရင် ငါ့အတွက်roseတို့သားအမိက
မိသားစုမဟုတ်တော့လို့ပဲ...."
"..........."
"ငါ ပါပါးကိုစိတ်မဆင်းရဲစေချင်ပါဘူး
ပါပါးငါ့ကိုဘယ်လောက်ချစ်လဲဆိုတာငါသိတယ်
ငါသာ roseတို့နဲ့နေ့တိုင်းမျက်နှာချင်းဆိုင်နေရရင်
ငါ့ရင်ထဲကနာကျည်းချက်အစိုင်အခဲတွေပိုပြီး
တိုးလာရုံအပြင်မရှိဘူး အဲ့ဒီ့အခါငါ ပါပါးကို
စိတ်ဆင်းရဲအောင်လုပ်မိလိမ့်မယ်...ငါ့အတွက်
အကောင်းဆုံးကသူတို့နဲ့အဝေးဆုံးမှာရှိနေတာပဲ..."
"နင် တကယ်ပဲနင်ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးကို
ဒီအတိုင်းလက်လွတ်လိုက်တော့မှာလား...
အရင်ကလူတိုင်းအားကျခဲ့ရတဲ့ god flowerရဲ့
အမွေဆက်ခံသူ သံသရာစက်ရဲ့ဘဝကိုရော
နင့်ကိုသိပ်ချစ်တဲ့နင့်အဖေကိုရော...နင်
အဲ့ဒီ့အရာတွေကိုပြန်ယူဖို့မကြိုးစားတော့ဘူးလား
ဒီလိုပဲလူတွေရှေ့ကနေပုန်းကွယ်ရင်း..နင့်နာမည်ကို
လူတွေကတဖြေးဖြေးမေ့သွားမှာက နင်တကယ်
လိုချင်တဲ့အရာလား...နင်မေ့နေပြီလားစက်
နင်ကမှ god flowerရဲ့ တကယ့်နတ်သမီး
အစစ္ပါ..."
ယူရီ့ရဲ့စကားတွေကိုနားထောင်ပြီး
စက်ရဲ့မျက်ဝန်းအစုံကငေးရီသွားခဲ့သည်။
"god flowerရဲ့ နတ်သမီး...."
နူတ်ခမ်းလူပ်ရုံတီးတိုးရေရွတ်ရင်း
လက်ချောင်းတွေကိုဖိဆုပ်မိ၏...
တစ်ချိန်က စက်.....
ဟုတ်တယ်...တစ်ချိန်ကပဲ ကျန်ခဲ့တဲ့အချိန်တွေက....!!
အခု..တစ်ကယ်ကိုမသိနိုင်တော့ဘူး
ယူရီပြောသလို စက်, ကြိုးစားမယ်ဆိုရင်တောင်
စက္ , လုယူခံလိုက္ရတဲ့အရာအားလုံးကို
ပြန်ရယူနိုင်ပါ့မလား.....???
~~~~~~~~~~~~~~~~~🔥🔥🔥
"ဘာရယ် ကုမ္ပဏီရဲ့နှစ်၃၀ပြည့်
special productအဖြစ် သံသရာစက်ရဲ့
ဒီဇိုင်းကလဲရွေးချယ်ခံလိုက်ရတယ် ဟုတ်လား..."
"ဟုတ်ပါတယ်....ဆရာကတော်..."
"အဲ့ဒီ့ကောင်မလေး ဒီတလောငြိမ်ကုတ်နေပါတယ်
မှတ်တာ လတ်စသတ်တော့သူက
သူ့အဖေနဲ့ကုမ္ပဏီလူကြီးတွေဆီက မျက်နှာရအောင်
ကြိတ်ပြီးကြိုးစားနေတာပဲ...."
ပြောရင်းမကျေမနပ်နှင့်နူတ်ခမ်းကိုမဲ့လိုက်တဲ့
ဒေါ်ဟန်နီခင်က လက်ထဲကနီလာလည်ဆွဲကို
စားပွဲပေါ်ခပ်ကြမ်းကြမ်းပစ်တင်လိုက်သည်။
"မာမီ သမီးကိုပြောတယ်မဟုတ်လား rose
စက်,အဲ့ဒီ့ကောင်မလေးကလွယ်တာ
မဟုတ်ပါဘူးလို့..ခုကြည့်ဦး လူတောထဲ
မတိုးရဲတော့ နောက်ကွယ်ကနေသူ့ကိုယ်သူ
မျက်နှာရအောင်လုပ်နေတာ...."
အမေဖြစ်သူကသာ မဲ့ကာရွဲ့ကာနှင့်ပြောနေသော်လဲ
စန္ဒယားခုံပေါ်မှာထိုင်ပြီး သံစဉ်တစ်ခုကိုခပ်တိုးတိုး
စမ်းသပ်နေတဲ့ နှင်းဆီသွေးက အာရုံစိုက်ပုံမရ...
"rose..."
ဟန်နီခင် စိတ်မရှည်စွာပဲထိုင်ရာကထကာ
သမီးဖြစ်သူနားလျောက်သွားရင်း ပခုံးကိုပုတ်လိုက်မှ
စန္ဒယားခလုတ်တွေကို ကစားနေတာရပ်ပြီး
လှည့်ကြည့်လာတဲ့ roseက ရွှေအိုရောင်
ဂုတ်ဝဲဆံပင်လေးကိုတစ်ချက်သပ်တင်ပြီး
ပြုံးသည်။
"မာမီ..ဘာတွေဖြစ်နေတာလဲ မာမီက
စက်ကို roseထက်ပိုပြီးစိတ်ဝင်စားနေသလိုပဲ..."
"မာမီ စက်ကိုစိတ်ဝင်စားနေတယ်ဆိုတာ
roseအတွက်ပဲလေ...စက်ကအခုလို
အရည်ချင်းတွေထုတ်ပြပြီး အရင်လိုနေရာပြန်ရလာရင်
သမီးပဲ စိတ်ဆင်းရဲရမှာနော်..."
"မာမီက စက်ရဲ့အခုလက်ရှိအခြေနေကို
သိနေတာတောင် သူအရင်ကိုပြန်ဖြစ်ပါဦးမယ်လို့
ထင်နေသေးလို့လား အဟင်း..."
ဆံပင်ကိုဝဲခနဲခါသွားအောင်ခေါင်းကိုရမ်းပြီး
ရယ်မောလိုက်ပုံက လှောင်ပြောင်သရော်ဟန်
အပြည့်....
"မာမီနဲ့roseတစ်ခုလောင်းမလား
စက်ကအရင်လို god flowerရဲ့
နတ်သမီးပြန်ပြီးဖြစ်မဖြစ်ဆိုတာလေ...."
သမီးဖြစ်သူရဲ့ခိုင်မာသေချာနေတဲ့
ပုံစံကိုကြည့်ပြီး ဟန်နီခင် သဘောပေါက်သလိုပြုံးသည်။
"မာမီစောင့်ကြည့်နေလိုက် စက်
သူပြန်ထဖို့တစ်ကြိမ်ကြိုးစားရင် နောက်တစ်ကြိမ်
ပြန်ပြီးအရှိန်ပြင်းပြင်းနဲ့လဲကျအောင် rose
လုပ်ပြမယ်...သူ roseဆီက ဘာကိုမှ
ပြန်ပြီးလုယူလို့မရစေရဘူး....မာမီသိတယ်
မဟုတ်လား....ဆူးရှိတဲ့နှင်းဆီဆိုရင်တောင်
အကာအကွယ်မရှိရင်နင်းချေပစ်ဖို့ လွယ်လွယ်လေးပဲ
ဆိုတာကိုေလ...."
စက်..သူကအခုချိန်မှာ အကာကွယ်မဲ့နေတဲ့
ဆူးမဲ့နှင်းဆီတစ်ပွင့်ပဲ..... !!!
~~~~~~~~~~~~~~~~🔥🔥🔥
Yangon international airport ✈✈
လက်ဂေ့ခ်ျကိုတစ်ဖက်ကဆွဲလျက်အနက်ရောင်
ကျောပိုးအိတ်ကိုလွယ်ထားပြီး လူအများကြား
ထင်းနေတဲ့ အရပ်အမောင်း၊ကိုယ်နေဟန်ထားနှင့်
ခပ်ကျဲကျဲလှမ်းနေတဲ့ခြေလှမ်းတွေက အနီးအပါးက
ယောကျာ်းချင်းပင် လည်ပြန်မကြည့်ပဲမနေနိုင်အောင်
ဆွဲဆောင်မူ့ရှိနေတဲ့ပုံရိပ်တစ်ခု......
အနက်ရောင်လည်ကပ်ဆွယ်တာလက်ရှည်နှင့်
အဖြူရောင်စတိုင်ပန်ကို ပေါ့ပေါ့ပါးပါးဝတ်ထားတာက
ထွေထွေထူးထူးfashionမျိုးမဟုတ်ပေမဲ့
ပြောမပြတတ်တဲ့အရောင်အဝါတစ်မျိုးက
ထိုပုံရိပ်ဆီကဖြာထွက်နေသလိုပင်....
"မိုက်လိုက်တာ..."
"အရမ်းယောကျာ်းပီသတာပဲ...."
လက်ဂေ့ခ်ျကိုယ်စီဆွဲထားတဲ့လေယာဉ်မယ်လေး
နှစ်ယောက်နားကသူဖြတ်သွားတဲ့အခါ...
ပျံ့လွင့်သွားတဲ့ခပ်တိုးတိုးအသံလေးတစ်ချို့...
ဘယ်သူ့ကိုမှဂရုမပြုတဲ့သူ့ရဲ့ခြေလှမ်းတွေက
လေဆိပ်အဆောက်အဦးရဲ့အပြင်ဘက်အထိ
ခပ်မှန်မှန်ပဲလျောက်လှမ်းလာခဲ့ပြီး...ခြေစုံရပ်ကာ
ခေါင်းမော့လျက် နေဝင်ရီတရောအချိန်လှပနေတဲ့
ကောင်းကင်ကြီးကို တစ်ချက်ကြည့်သည်။
အနက်ရောင်မျက်မှန်အောက်ကသူ့ရဲ့မျက်ဝန်းတွေက
ဘယ်သို့ဘယ်ပုံရှိနေမှန်းမသိပေမဲ့
နီမလို၊ညိုမလိုအရောင်အသွေးနဲ့သူ့ရဲ့နူတ်ခမ်း
အစုံကတော့ နက်နက်ရိူင်းရိူင်းပြုံးနေခဲ့ရင်း...
စကားတစ်ခွန်းကိုခပ်တိုးတိုးရေရွတ်လိုက်၏...
"ကျွန်တော်တို့ ထပ်တွေ့ကြမယ်
သံ သ ရာ စက္....."
~~~~~~~~~~~~~~~~🔥🔥🔥
ဆက်ရန်>>>>>
#hazel