book

Index 28

အပိုင်း(၂၈)ဇာတ်သိမ်း

💕 My lovely demon 💕

                              ``အချစ်နတ်ဆိုးလေး´´

~~~~~~~~


၇နှစ်တာdeရဲ့အိပ်မက်တွေက ဒီနေ့ ဒီနေရာမှာ

အဆုံးမရှိတဲ့ခမ်းနားမူ့တို့ဖြင့် အကောင်ထည်ပေါ်လာခဲ့ပါပြီ။


ပန်းခက်ပန်းနွယ်တွေဖြင့်အလှဆင်ထားသည့်

မင်္ဂလာခန်းမအဝင်တံခါးချပ်ကြီးနှစ်ချပ်

ပွင့်သွားခဲ့တာနှင့်အဖြူရောင်နှင်းဆီတို့အပြည့်လွှမ်းနေတဲ့

လှပတဲ့ဧည့်ခံပွဲကြီးထဲ deရဲ့၇နှစ်တာ

အိပ်မက်ထဲက သတို့သမီးလေးသူမက အဖြူရောင်

ဂါဝန်လေးနဲ့ ကော်ဇောနီထက်ကနေ တစ်လှမ်းချင်း

လှမ်းဝင်လာခဲ့တယ်.....။


သူမဖခင်ရဲ့လက်မောင်းကိုတွဲချိတ်ပြီးတော့ပေါ့။


ကော်ဇောနီထက်ကသိမ်မွေ့တဲ့သူမခြေလှမ်းတွေရဲ့

လှပမူ့ကို deစာမဖွဲ့တတ်ပေမဲ့ တစ်လှမ်းချင်းနဲ့

နီးကပ်လာတဲ့သူမကိုစောင့်ဆိုင်းနေရတဲ့အခိုက်အတန့်မှာ

deရဲ့ရင်ခုန်သံတွေအတိုင်းအဆမဲ့ အခုန်မြန်

နေခဲ့တာကိုတော့ ကျွန်တော်ဝန်ခံပါရစေ။


တဖြေးဖြေးပိုပြီးနီးကပ်လာလေ ပိုပြီးပီပြင်လာတဲ့

သူမမျက်နှာပေါ်က ရှက်သွေးလွှမ်းတဲ့အပြုံးရိပ်တို့က

de့နှလုံးသားကိုအတိုင်းအဆမဲ့

နွေးထွေးစေတယ်။


ငြိမ့်ညောင်းလှတဲ့အနောက်တိုင်းသံစဉ်တီးလုံးကို

နောက်ခံထားပြီး လျောက်လှမ်းလာတဲ့သူမရဲ့ခြေလှမ်းတွေက

ပန်းတွေကြဲထားတဲ့ကော်ဇောနီအဆုံးတစ်ဖက်မှာ

ရှိနေတဲ့deရှေ့မှာခြေစုံရပ်သွားတဲ့အခိုက်အတန့်....


အေးစက်စက်သူမလက်ဖဝါးလေးကိုယုယုယယ

ဆုပ်ကိုင်လျက်လက်ထပ်ပွဲစင်မြင့်ထက်ကိုလှမ်းတက်

လာခဲ့တဲ့အခိုက်အတန့်.....


တစ်ယောက်လက်မှာတစ်ယောက်လက်ထပ်လက်စွပ်ကို

အပြန်အလှန်လဲဝတ်ပေးခဲ့တဲ့အခိုက်အတန့်....


ထိုအခိုက်အတန့်တွေမှာ...deဟာကမ္ဘာကြီး

တစ်ခုလုံးကိုပိုင်ဆိုင်လိုက်ရသလိုပါပဲ....။


ကြည်နူးမျက်ရည်တွေဝေ့သီနေတဲ့သူမရဲ့မျက်လုံး

လှလှလေးတွေကိုငေးစိုက်ကြည့်ရင်း

မျက်နှာရှေ့ကဇာပုဝါပါးလေးကိုပင့်တင်လျက်

မြတ်နိုးမူ့များစွာနဲ့ နဖူးပြင်လေးကိုဖွဖွအနမ်းပေးလိုက်တဲ့အခါ...


"ဖြောင်း...ဖြောင်း...ဖြောင်း...."


ထိုင်ရာကနေထရပ်လာလျက်မင်္ဂလာမောင်နှံကိုလက်ခုပ်သံ

တွေဖြင့်ချီးကျူးဂုဏ်ပြုပေးကြတဲ့ဧည့်ခံပွဲထဲကပရိတ်သတ်တွေ။


"အရမ်းချစ်တယ်...."


ဆူညံလှတဲ့အသံတွေထဲ တိုးသဲ့သွားတဲ့deရဲ့

ချစ်စကားသံကိုသူမတိတိကျကျကြားလိုက်မှာပါပဲ။


ွတွယ်တာမြတ်နိုးခြင်းများနဲ့ချစ်ရိပ်ချစ်ငွေ့တို့

ယှက်သန်းနေတဲ့သူမရဲ့မျက်ဝန်းလှလှလေးတွေက

deကို ငေးရီစွာကြည့်လာခဲ့တယ်....။


deသေချာခံစားမိနေပါတယ် သူမရဲ့

မျက်လုံးလှလှလေးတွေက ကျွန်တော့်ကို

အသံတိတ်စကားတွေပြောနေခဲ့တယ်ဆိုတာကိုပေါ့....။


အဆုံးသတ်မှာအရောင်တင်ထားတဲ့သူမရဲ့နူတ်ခမ်း

လှလှလေးတွေက ခမ်းနားစွာပွင့်ဟလာခဲ့ပြီး

deအတွက်ကြားလိုက်ရတဲ့ဝန်ခံစကားသံလေးက...


"စက်လည်း မောင့်ကိုအရမ်းချစ်တယ်...."


တဲ့လေ.......။


~~~~~~~~~~~~~~~💕💕💕


မနက်ပိုင်းလက်ထပ်ဧည့်ခံပွဲလုပ်ခဲ့တဲ့ ဟိုတယ်မှာပဲ

ဒင်နာညစာစားပွဲကိုပါတစ်နေရာထဲကျင်းပခဲ့တာမို့

နှစ်ပွဲဆက်နှာနားချိန်မရှိဘဲ စက် တော်တော်ပင်ပန်း

ခဲ့ရသည်။


ညစာစားပွဲအပြီးကျတော့ ပါပါးရယ် ပါရီကနေ

မင်္ဂလာပွဲကိုတက်ဖို့ရောက်လာတဲ့သူ့ရဲ့အဖေရယ်က

စက်နဲ့သူ့ကိုခေါ်ပြီး ဟိုတယ်ရဲ့သီးသန့်ခန်းထဲမှာ

မိသားစုစကားအနည်းငယ်ပြောခဲ့ကြကာ...မနက်ဖြန်

ပါရီကိုပြန်မဲ့ကိစ္စအတွက်လည်းဆွေးနွေးဖြစ်ခဲ့ကြသည်။


ပါပါးနဲ့ သူ့ရဲ့အဖေ Mr.Soleil nineက

စီးပွားနယ်ပယ်ကလူချင်းမို့ထင်သည်

စက်ထင်တာထက်မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားခဲ့ကြတာလေ။


ပြင်သစ်နိုင်ငံသားခံယူထားတဲ့ဥရောပရဲ့

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမဲ့

မြန်မာလူမျိုးဖြစ်တဲ့ Mr.Soleil nineက

စက်တို့အပေါ်ဆက်ဆံပုံကလည်း တစ်ကယ့်ကို

နွေးနွေးထွေးထွေးရှိလွန်းသည်မဟုတ်ပါလား....။


ကိစ္စအားလုံးပြီးတော့ စက်တို့ဟိုတယ်ကနေ

သူ့ရဲ့ကွန်ဒိုရှိရာကိုပြန်လာကြတဲ့အချိန်က

၁၀နာရီနီးနေပြီဖြစ်သည်။


သူ့ရဲ့အဖေက တည်းနေတဲ့ဟိုတယ်ကိုပဲ

ပြန်သွားသလို...ပါပါးကလည်းအန်ကယ်ဂျိုးနဲ့အတူ

စံအိမ်ကိုပြန်သွားပြီမို့ စက်နဲ့သူ့ကိုအိမ်ပြန်ပို့ပေးသူက

သူ့ရဲ့သူငယ်ချင်း ကိုးလ်... 


"မနက်ဖြန်လေယာဉ်ချိန်က ဘယ်တော့လဲ

de...."


ကားမောင်းနေရင်း နောက်ခန်းမှာစက်နဲ့အတူထိုင်နေတဲ့

သူ့ကို, ကိုးလ်ကနောက်ကြည့်မှန်ထဲကတစ်ချက်

လှမ်းကြည့်ကာမေးသည်။


"ညနေ၄နာရီ...."


"Private flightနဲ့ပဲစီစဉ်ထားတာမဟုတ်လား...."


"အင်း....မင်းငါတို့ကိုလေဆိပ်လိုက်ပို့ဦးမှာမဟုတ်လား...."


"ပို့ရမှာပေါ့...မင်းငါတို့god flowerရဲ့နတ်သမီးလေးကို

Leonineဆီခေါ်သွားပြီး သေချာလေးပျော်အောင်

ထားရမယ်နော်..."


ကိုးလ်ရဲ့အပြောကြောင့် စက်ရယ်မိသွားရတော့

သူကလည်းလိုက်ရယ်ကာ စက်ရဲ့ပခုံးလေးကို

ဆွဲဖက်သည်။


မကြာခင်မှာပဲ condoကိုရောက်လာခဲ့တော့

ကိုးလ်က လိုက်မဝင်တော့ဘဲ စက်တို့ကို

နူတ်ဆက်ပြီးပြန်သွား၏....။


"ပင်ပန်းနေပြီလား...."


ဓာတ်လှေကားထဲရောက်တော့ စက်ရဲ့မျက်နှာလေးကို

ငုံ့မိုးကြည့်ပြီးသူကမေးသည်။


"နည်းနည်းပါ..."


ဟန်ကိုယ်ဖို့ဖြေလိုက်ရသော်လည်း လူကတစ်ကယ်

နွမ်းနယ်နေသည်။ ဟိုတယ်မှာအဝတ်အစားပဲလဲခဲ့တာမို့

တနေကုန် ထပ်ခါထပ်ခါပြင်ထားရတဲ့မိတ်ကပ်က

မျက်နှာပေါ် ဒီအတိုင်းပဲရှိနေသေးတာက လူကိုပိုပြီး

ငြီးစီစီဖြစ်စေ၏။


တစ်ချိန်လုံးစက်မျက်နှာကိုအရိပ်လိုကြည့်နေတဲ့သူကလည်း

ဒါကိုရိပ်မိသည်ထင်သည် စက်ကိုယ်လေးကို

စွေ့ခနဲပွေ့ချီလိုက်သည်။


"အို...."


စက် ကယောင်ကတမ်းနှင့်သူ့လည်တိုင်ကိုသိုင်းဖက်

လိုက်ရသည်။ထိုအချိန်မှာပဲ ဓာတ်လှေကားကအချိန်ကိုက်

ပွင့်သွားခဲ့ပြီမို့ သူက စက်ကိုယ်လေးကို

ပွေ့ထားလျက်ကအထဲကိုလှမ်းဝင်သည်။


"အရင်ရေချိုးလိုက်မလား...မင်းလန်းဆန်းသွားအောင်လေ.."


"ဟင်..."


နောက်တစ်ကြိမ်အာမေဋိတ်သံလေးထွက်သွားရချိန်မှာပဲ

စက်ရဲ့အဖြေကိုတောင်မစောင့်ဘဲ သူကအိပ်ခန်းရှိရာကို

ဦးတည်သွားကာ တံခါးကိုခြေဖြင့်ကန်ဖွင့်လျက်

အထဲကိုလှမ်းဝင်လိုက်လျှင်....


ခမ်းနားကျယ်ဝန်းလှတဲ့အခန်းထဲက ဖြူစွတ်နေတဲ့

အိပ်ရာထက်မှာ အနီရောင်နှင်းဆီပွင့်ဖက်တို့ဖြင့်

ကြဲဖြန့်အလှဆင်ထားတာက မင်္ဂလာဦးအိပ်ခန်းရဲ့

အင်္ဂါရပ်နဲ့အညီ...။


သူ ခြေလှမ်းရပ်လိုက်တဲ့အရှေ့မှာရှိနေတဲ့

အိပ်ရာကုတင်ကြီးကိုကြည့်ပြီး စက် မျက်နှာလေး

အရောင်ရင့်သွားရသည်။


"ဒါ.ဒါတွေကဘယ်သူလာပြီးပြင်ဆင်ပေးသွားတာလဲ..."


"ဘာလို့လဲ...ကြည့်မကောင်းလို့လား

ကျွန်တော်သဘောကျတယ်....ဒါကဆွဲဆောင်မူ့ရှိတဲ့

အပြင်အဆင်ပဲလေ....လက်ထပ်ပြီးကာစချစ်သူစုံတွဲရဲ့

ပထမဆုံးညအတွက်ပေါ့...."


အဆုံးသတ်မှာသူ့စကားသံကတိုးဝင်သွားရင်း

နားရွက်ဖျားလေးကပါဖွဖွအနမ်းခံလိုက်ရတဲ့အခါ

စက် ကြက်သီးထသွားရ၏။


စက် မီးရောင်ဖျော့ဖျော့အောက်ကသူ့မျက်နှာချောချောကို

ငေးကြည့်ပြီး အောက်နူတ်ခမ်းလေးကိုဖိကိုက်မိသည်။


ဝန်ခံဖို့ရှက်ရွံ့နေမိပေမဲ့ သူက ဒီညမှာ

တစ်ကယ့်ကိုဆွဲဆောင်မူ့ရှိတယ်....။


သူကကျန်တဲ့အချိန်တွေမှာရင့်ကျက်ပြီးလူကြီးဆန်သလောက်

ဒီလိုအချိန်မှာလည်းအပြည့်အဝယောကျာ်းပီသနေပြန်၏။


သူကတစ်ကယ်ပဲ စက်ထက်၇နှစ်ငယ်တာမှဟုတ်ရဲ့လား??


"အရင်အောက်ချပေးလေ...လူတစ်ကိုယ်လုံးပွေ့ထားရတာ

မညောင်းဘူးလား...."


ပခုံးကိုခပ်ဖွဖွပုတ်ပြီးပြောလိုက်တော့ မထိတရိအပြုံးနှင့်သူက

မျက်ခုံးပင့်ပြလာခဲ့ရင်း...


"မင်းကိုယ်ကတစ်ကယ်ပေါ့ပေါ့လေးဆိုတာရော

သိရဲ့လား...မင်းရဲ့ယောကျာ်းကမင်းကိုဒီ့ထက်အကြာကြီး

ချီထားနိုင်တယ်...."


"စကားပြောတာဘဝင်မြင့်လိုက်တာ....ရှင့်ကိုယ်ရှင်

စက်ထက်အသက်၇နှစ်ငယ်တယ်ဆိုတာရော

သိရဲ့လား..."


"အသက်အရွယ်ကိုဂရုစိုက်စရာမလိုပါဘူး...

တစ်ကယ်တမ်းအရေးကြီးတာ ဦးဆောင်နိုင်တဲ့

အရည်အချင်းပဲလေ...ကျွန်တော်ဘယ်လောက်

အရည်အချင်းရှိလဲဆိုတာ မင်းသိပါတယ်...."


"အဟွန်း ဦးဆောင်နိုင်တဲ့အရည်အချင်း...."


"ဟုတ်တယ်လေ ကျွန်တော်ကအရာရာကို

ဦးဆောင်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ

မင်းကောင်းကောင်းသိတာပဲ....မေ့ချင်ယောင်

ဆောင်နေရင်အခုချက်ချင်းသက်သေပြမယ်..."


"အ​ေမ့...."


"!!!!"


အထိတ်တလန့်အသံလေးနှင့်အတူစက်ကိုယ်လေး

မွေ့ရာထက်ကိုဘုတ်ခနဲနေအောင်ပစ်ချခံလိုက်ရရင်း

တဆတ်ထဲ သူ့ကိုယ်ကြီးကအုပ်မိုးကျလာခဲ့၏။


"ဟင့်အင်း...ခဏလေး..ရေချိုးရ......"


အဆုံးမသတ်နိုင်ခင်စကားသံလေးကတိခနဲ

တိတ်ကျသွားခဲ့ရလေသည်။


ဘာကိုမှပြင်ဆင်ခွင့်မရလိုက်ဘဲ မက်မက်မောမော

ကြဲဖြန့်လာတဲ့အနမ်းတွေကြား ခဏတာသတိလွတ်

သွားခဲ့ရရင်း.......။


".................."


ကိုယ့်စိတ်ကိုယ်အတိအကျပြန်စုစည်းလိုက်နိုင်ချိန်မှာတော့

သတိထားလိုက်မိတာကပြင်းပြင်းရှရှနိုင်လွန်းနေတဲ့သူ့ရဲ့

ဦးဆောင်မူ့တွေအောက်စက်ကိုယ်တိုင်ကအလိုတူ

အလိုပါရင်ခုန်သံတွေနဲ့ လိုက်ပါနေခဲ့မိပြီဆိုတာပါပဲ...။


ထပ်တူညီနေတဲ့ရင်ခုန်သံတွေနဲ့ရှည်လျားချိုမြိန်တဲ့

ညတစ်ညပါပဲ။🌙


~~~~~~~~~~~~~~~~~~💕💕💕


လေယာဉ်ပြေးလမ်းဆီကနေကောင်းကင်ထက်သို့

တရွေ့ရွေ့ပျံတက်လာခဲ့ပြီဖြစ်တဲ့ leonineရဲ့

အမှတ်တံဆိပ်နဲ့ privateလေယာဉ်ကြီး....။


"စက္​..."


ခေါ်သံနဲ့အတူ ပခုံးလေးကိုနူးနူးညံ့ညံ့ပွေ့ဖက်လိုက်မူ့က

လေယာဉ်ပြတင်းပေါက်ငယ်လေးကတဆင့်မြင်နေတဲ့

တိမ်တွေကိုအကြောင်းမဲ့ငေးမောနေခဲ့မိသော

စက်ကို အသိဝင်လာစေခဲ့သည်။


စက်..ခေါင်းလေးငဲ့ပြီးကြည့်လိုက်မိတော့

ဘေးမှာထိုင်နေတဲ့ အသစ်စက်စက်ခင်ပွန်းချောက

စက်ကို နှစ်သိမ့်သလိုပြုံးပြနေခဲ့၏။


"ဘာတွေစဉ်စားနေတာလဲ...."


"ဟင့်အင်း ဘာမှမဟုတ်ပါဘူးမောင်...."


ခေါင်းခါလျက် ခံစားချက်အတွေးစတို့ကိုဖုန်းကွယ်ဖို့

ကြိုစားလိုက်ပေမဲ့ စက်ထက်ပိုပြီးစက်ကိုနားလည်နိုင်တဲ့

သူ့ကိုတော့လိမ်ညာလို့မရခဲ့ဘူးထင်၏။


စက်ကိုယ်လေးကို ရင်ခွင်ထဲသို့ပိုပြီးနစ်ဝင်သွားအောင်

ပွေ့ဖက်လိုက်တဲ့သူက နဖူးပြေပြေလေးကိုဖွဖွနမ်းရင်း....


"စိတ်မကောင်းမဖြစ်ပါနဲ့ မောင်ကတိပေးတယ်

မောင့်ကြောင့် မင်းဘယ်တော့မှမျက်ရည်မကျစေရဘူး

မင်းဆန္ဒရှိတဲ့ဘယ်အရာမဆို မောင်ဘယ်တော့မှမငြင်းပယ်ဘူး

မောင့်ဘဝရဲ့အရာအားလုံးက မင်းစိတ်တိုင်းကျ

ဖြစ်စေရမှာပါ..."


"စက် မောင့်ကိုယုံပါတယ် မောင်ရယ်...."


တစ်သက်စာအတွက်ယုံကြည်အားကိုးခြင်းများနှင့်

စက် သူ့ရင်ခွင်ထဲခေါင်းလေးနွဲ့မှီလျက်ဆိုလိုက်မိသည်။


ဤလူသားရဲ့ရင်ခွင်မှာတစ်သက်စာခိုလူံဖို့အတွက်

စက် စိတ်ဆုံးဖြတ်ခဲ့ပြီးပြီပဲမဟုတ်ပါလား??


စက်ရဲ့ရွေးချယ်မူ့ ဘယ်တော့မှမမှားနိုင်ဘူးလို့

စက်ယုံတယ်.......??


ဘာလို့လဲဆိုရင် ဤလူသားလောက်စက်အပေါ်

ချစ်နိုင်မဲ့သူက ပါပါးလွဲရင် ဒီကမ္ဘာမှာနောက်ထပ်

တစ်ယောက်မရှိနိုင်တော့ဘူးမဟုတ်ပါလား....??


တဖြေးဖြေးကောင်းကင်ခရီးမှာပို၍ဝေးကွာလာတဲ့

လေယာဉ်ကြီး.....၂၉နှစ်တိုင်တိုင်ရှင်သန်နေထိုင်ခဲ့တဲ့

အမိမြေနဲ့ ချစ်ရတဲ့ပါပါး......


အရာအားလုံးကို စက် ခဏတာနူတ်ဆက်ခဲ့ပါတယ်။


တစ်ကယ့်ကို ခဏတာပေါ့....။


"ပါရီကိုရောက်ရင် မောင် မင်းကိုပထမဆုံး

ခေါ်သွားချင်တဲ့နေရာတစ်ခုရှိတယ် ...."


"ဘယ်ကိုလဲဟင်...."


ဆံနွယ်တွေကိုလက်ချောင်းတွေနဲ့ပွတ်သပ်

ဆော့ကစားရင်း ဆိုလာတဲ့သူ့ကို စက်ခေါင်းမော့

မေးလိုက်တော့ သူကနူတ်ခမ်းဖူးလေးကိုဖွဖွနမ်းရင်း...


"ဟိုရောက်ရင် စက်သိရမှာပေါ့...."


ပဟေဠိဆန်နေတဲ့သူ့ကြောင့်စက်ရယ်လိုက်မိရင်း

သူ့ရင်ခွင်ထဲသို့သာခေါင်းလေးပြန်တိုးဝှေ့လိုက်မိတော့သည်။


~~~~~~~~~~~~~~💕💕💕


မျက်စိတစ်ဆုံး မိုးကုတ်စက်ဝန်းနဲ့ထိစပ်နေသယောင်

ထင်ရသည့် ပင်လယ်ပြာပြာကြီး....။


Fe'e island🌊🌊(နတ်သမီးကျွန်း)


ဖြူလွလွသဲသောင်ကမ်းခြေထက် လက်ချင်းတွဲလျက်

အတူလျောက်လှမ်းလာနေတဲ့ စက်နဲ့သူ....


ပါရီရဲ့လေဆိပ်ကိုရောက်ရောက်ချင်းစံအိမ်ကိုချက်ချင်း

မပြန်ဘဲ ရဟတ်ယာဉ်နဲ့စက်ကိုခေါ်လာခဲ့တဲ့နေရာက

စက်နဲ့သူနဲ့ပထမဆုံးဆုံတွေ့ခဲ့တဲ့ ကျွန်းလေးဆီကို

ဖြစ်နေခဲ့၏။


"ဒီနေရာလေးကိုမင်းမှတ်မိသေးလား...."


"မှတ်မိတာပေါ့...လွန်ခဲ့တဲ့၇နှစ်ကစက်တို့

စတွေ့ခဲ့တဲ့နေရာလေးလေ.....အဟွန်း..."


သူ့အမေးကိုပြန်ဖြေရင်းစက်ရယ်လိုက်မိတော့

သူကငဲ့ကြည့်သည်။


"ဘာလို့ရယ်တာလဲ...."


"အင်း...ဒီနေရာမှာ၁၄နှစ်အရွယ်ကောင်လေး

တစ်ယောက်က နောက်၇နှစ်နေရင် စက်ကိုသူနဲ့

လက်ထပ်ရပါမယ်ဆိုပြီး ကတိတောင်းခဲ့တာကို

မှတ်မိလို့...."


"အခုရော အဲ့ကောင်လေးက, ကတိတည်ပြီးရောက်လာလား.."


"အင်း...ဒီမှာလေ..."


ပြုံးစစနဲ့သူမေးလာတော့ စက် လက်ချင်းဆုပ်ထားတာကို

မြှောက်ပြလိုက်တဲ့အခါ သူကသဘောကျသလိုရယ်သည်။


"စက္​..."


ခေါ်သံနဲ့အတူ, သူခြေလှမ်းရပ်သွားတော့

စက်လည်းလိုက်ရပ်မိသွားရသည်။


"မောင် မင်းကိုပထမဆုံးတွေ့ခဲ့ဖူးတဲ့

လွန်ခဲ့တဲ့ခုနှစ်နှစ်ကအဲ့ဒီ့ညနခင်းလေးကိုအခုထိ

အမှတ်ရနေတုန်းပဲ.. ဒီသဲသောင်ပြင်ပေါ်မှာ

မင်းက အရုပ်လေးတွေရေးခြစ်ပြီးဆော့ကစားနေတာ

မင်း အဲ့ဒီ့နေ့ကဝတ်ထားတာအဖြူရောင်ဂါဝန်လေး...

ပြီးတော့ဆံပင်တွေကိုဒီအတိုင်းဖြန့်ချထားတယ်...မင်းရဲ့

ဆံပင်တွေက လေအဝှေ့မှာမျောလွင့်နေတာ....

ကျွန်တော့်အတွက်မင်းရဲ့ပုံရိပ်လေးက..သက်ရှိ

ပန်းချီကားတစ်ချပ်လိုပဲ......ဟိုးပင်လယ်ပြင်ကြီးဆီက

ဝင်လုဆဲဆဲနေမင်းကြီးထက်ပိုပြီးလှတယ်..."


စက် သူပြောသမျှကိုကြည်နူးစွာပဲနားထောင်နေမိတော့

သူ့ရဲ့မျက်နှာကငုံ့ကျလာပြီးနှာသီးဖျားလေးကို

ဖွဖွနမ်းသည်။ 


"မောင် မင်းကိုအဲ့ဒီ့အချိန်ထဲကသဘောကျခဲ့ရတာ...."


".............."


"လွန်ခဲ့တဲ့၇နှစ်က ဒီနေရာမှာ နောက်၇နှစ်ကြာရင်

မင်းကိုလက်ထပ်ဖို့ကတိတောင်းခဲ့သလို မောင့်ရဲ့

အိပ်မက်တွေတစ်ကယ်ဖြစ်လာတဲ့အချိန်...ဒီနေရာမှာ

မင်းကိုကတိတစ်ခုထပ်ပြီးတောင်းချင်တယ်....


စကားကိုချက်ချင်းမဆက်ဘဲ သူ့စကားကိုငံ့လင့်နေတဲ့

စက်ရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နှင့် တယုတယ

ပင့်မော့ယူလိုက်ပြီးမှ မြတ်နိုးမဝတဲ့မျက်ဝန်းတွေဖြင့်

စီးမိုးကြည့်လာခဲ့ရသည်။


"အခုကစပြီး နောက်နှစ်ပေါင်းများစွာကြာပြီး

အသက်တွေကြီးလာတဲ့အထိ...မောင့်ဘေးမှာရှိနေပေးပါ့

မယ်လို့လေ....ကတိပေးမယ်မဟုတ်လား...."


"စက် ကတိပေးစရာလိုသေးလို့လား မောင်ရယ်

စက်က နောက်နှစ်ပေါင်းများစွာကြာပြီးအသက်တွေ

ကြီးလာလို့စက်ဘဝရဲ့နေဝင်ချိန်ကိုရောက်ရင်တောင်

မောင့်ရင်ခွင်မှာပဲခေါင်းချသွားမှာပါ..."


"မောင်ရောပဲ...မင်းနဲ့အတူအိုမင်းသွားမယ်လို့

ကတိပေးတယ်..."


အပြန်အလှန်အကြင်နာကတိတွေနဲ့ ပို၍

ပူးကပ်သွားတဲ့ပုံရိပ်လေးနှစ်ခုက ညနေဆည်းဆာချိန်

ပင်လယ်ကြီးရဲ့ အလှအပကိုပို၍ အားဖြည့်

ထားခဲ့ပါလေတော့သည်။


~~~~~~~~~~~~~~~~~💕💕💕


"ကျွန်တော် အရွယ်ရောက်လာရင်

ခင်ဗျားကိုပဲလက်ထပ်မှာ...."


"............"


"မရယ်ပါနဲ့...ခင်ဗျားကမယုံဘူးလား

အခုကစပြီး နောက်ထပ်၇နှစ်ပြည့်တဲ့နေ့....

အဲ့ဒီ့နေ့ကိုရောက်ရင် ကျွန်တော်ခင်ဗျားရှေ့ကို

ရောက်အောင်လာပြီးခင်ဗျားကိုလက်ထပ်ခွင့်တောင်းမယ်...

အဲ့ဒီ့အခါကျရင် ခင်ဗျားကျွန်တော့်ကို လက်ထပ်မယ်

မဟုတ်လား...."


အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးကိုမေးတင်ထားတဲ့

ကမ်းခြေလှလှလေးရဲ့ဖြူလွလွသဲသောင်ပြင်ထက်က

ချစ်စဖွယ်မြင်ကွင်းလေးတစ်ခု....


အဖြူရောင်အသားပျော့ပျော့ ဂါဝန်ရှည်လေးနဲ့

သဲသောင်ပြင်မှာခြေစုံရပ်နေတဲ့ မိန်းမပျိုလေးက

လေထဲမှာလွင့်နေသောသူမရဲ့ဆံပင်ရှည်တွေကို

တစ်ချက်ပင့်သိမ်းပြီး သူမရှေ့မှာရှိနေတဲ့

ကောင်ငယ်လေးကို ခါးလေးကိုင်းညွတ်ပြီးငုံ့ကြည့်ကာ

ထပ်ပြီးပြုံးသည်။


"နင် ငါ့ကိုဘာလို့သဘောကျတာလဲ...."


"ခင်ဗျားကလှလို့...ခင်ဗျားမှာကျွန်တော်အရမ်းကြိုက်တဲ့

မျက်လုံးလှလှလေးတွေရှိတယ် ပြီးတော့

ခင်ဗျားရဲ့ဆံပင်ရှည်တွေကိုရောပဲ..."


ကောင်လေးရဲ့အဖြေကြောင့်မိန်းမပျိုလေးကသူမရဲ့

မျက်ဝန်းလှလှလေးတွေလခြမ်းကွေးပုံသဏ္ဍာန်လေး

ဖြစ်သွားသည်အထိနှစ်ခြိုက်စွာပြုံး၏...


"ငါ့ရဲ့အသက်ကအခု၂၁နှစ်ရှိနေပြီ

နင့်ကိုနောက်ထပ်၇နှစ်ထပ်စောင့်ရမယ်ဆိုရင်

ငါလက်ထပ်ဖို့အရမ်းကိုနောက်ကျသွားမှာပေါ့..."


"ဒါပေမဲ့ ကျွန်တော်ကလက်ထပ်လို့ရတဲ့အရွယ်

ရောက်တာနဲ့ခင်ဗျားကိုပဲ ယူမှာ...."


"ခစ်..ခစ်..."


ကောင်လေးပြောလိုက်တဲ့စကားအဆုံး

မိန်းမပျိုလေးရဲ့ရယ်သံလွင်လွင်လေးက

ပင်လယ်ပြင်ကြီးဆီပျံ့လွင့်သွားခဲ့တယ်....


သူမဟာ သူမရှေ့မှာရှိနေတဲ့၁၄နှစ်အရွယ်

ကောင်ငယ်လေးရဲ့ပြောစကားတွေကို

အလေးအနက်မရှိလှဘူး သူမရဲ့ပုံစံက

စကားတတ်လွန်းတဲ့မောင်ငယ်လေးကိုသဘောကျစွာ

စနောက်ပြုံးကြည့်နေတဲ့အစ်မကြီးလိုပဲ... 


ဒါပေမဲ့ သူမရှေ့ကကောင်ငယ်လေးကတော့

အရွယ်နဲ့မလိုက်အောင်တည်ကြည်လေးနက်လွန်းတဲ့

မျက်ဝန်းအကြည့်တွေနဲ့......


ထိုမျက်ဝန်းအကြည့်တွေထဲမှာ ပြတ်သားမူ့

တစ်ချို့လဲရှိနေသေးတယ်...


"ကောင်းပြီလေ ငါစောင့်နေမယ်

နောက်၇နှစ်နေလို့ နင် ဒီကတိကို

သတိရသေးတယ်ဆိုရင် ငါ့ရှေ့ကိုရောက်အောင်

လာခဲ့ ငါနင့်ကိုလက်ထပ်မယ်...."


စကားအဆုံး ချစ်စဖွယ်အပြုံးလေးနှင့်

ဆံနွယ်ရှည်တွေဝဲခနဲခါရမ်းသွားအောင်

လှည့်ပြေးသွားတဲ့ မိန်းမပျိုလေးကို

ရပ်ငေးကြည့်ပြီးကျန်နေခဲ့တဲ့ ကောင်ငယ်လေးက

မိန်းမပျိုလေး သူ့ရဲ့မြင်ကွင်းထဲကပျောက်သွားတဲ့

အချိန်ကျမှ ပင်လယ်ပြင်ကြီးဆီအကြည့်တစ်ချက်ပို့ပြီး

အရွယ်နဲ့မလိုက်အောင် ခန့်ခန့်ညားညား

ပြုံးလိုက်သည်။


"ကျွန်တော်ဘယ်တော့မှမမေ့ဘူး ကျွန်တော်

နောက်၇နှစ်နေရင်ခင်ဗျားကို ကျိမ်းသေလက်ထပ်မှာ..."


~~~~~~~~~~~~~~~~


တစ်ချိန်က ထိုသဲသောင်ကမ်းခြေလေးပေါ်က

၁၄နှစ်အရွယ်ကောင်ငယ်လေးက ၇နှစ်အကြာမှာ

သူ့ရဲ့ကတိအတိုင်း သူ့ဘဝရဲ့အချစ်ရဆုံးသူကို

အရယူနိုင်ခဲ့တယ်။


ချစ်ခြင်းမေတ္တာသာစစ်မှန်ခဲ့ရင် အိပ်မက်တွေက

အမှန်တစ်ကယ်ဖြစ်လာနိုင်ပါတယ်။


တစ်ကယ့်ကိုလှပခမ်းနားစွာနဲ့ပေါ့......။


~~~~~~~~~~~~~~~~~~~~💕💕


ပြီးပါပြီ။


#Hazel


rate now: