💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~
"demon..ပါပါးစောင့်နေတဲ့လူက
demonလား..."
စက် ခေါင်းငဲ့ပြီးမေးလိုက်တာကိုပါပါးကပြုံး၍
ခေါင်းငြိမ့်ပြသည်။ ထိုအချိန်သူကလည်း စက်တို့နားကို
ရောက်လာခဲ့ပြီဖြစ်၏။
"ကျွန်တော်ရောက်ပါပြီ သူဌေး..."
ပါပါးကိုခေါင်းညွတ်နူတ်ဆက်ပြီးသူ စက်ဘက်ကို
လှည့်ကာတစ်ချက်ပြုံးပြသည်။
"ဒီနေ့ ပါပါး သမီးနဲ့demonကို ဒီနေရာကို
ခေါ်ခဲ့ရတဲ့အကြောင်းအရင်းက...ဖြူ့ရဲ့ရှေ့မှာ
သမီးလေးဘဝအတွက်အသင့်တော်ဆုံးဘဝလက်တွဲဖော်ကို
ရှာတွေ့ခဲ့ပြီဆိုတဲ့အကြောင်း ပြောပြချင်လို့ပဲ..."
"ပါပါး...."
"ဒါက ပါပါးရဲ့ဆန္ဒဖြစ်သလို ဆုံးသွားတဲ့ဖြူ့ရဲ့
ဆန္ဒပဲမဟုတ်လား...."
ပါပါးရဲ့ရည်ရွယ်ချက်ကိုစက်နည်းနည်းမျှသဘောပေါက်
သွားခဲ့ရသလိုပါပဲ...သူကတော့ဘာစကားမှမဆိုဘဲ
အကြည့်တွေကိုစက်ဆီပို့ထားရင်း တိတ်ဆိတ်နေခဲ့သည်။
ထိုစဉ်မှာပဲ ပါပါးကစက်ရဲ့လက်တစ်ဖက်နှင့်
သူ့ရဲ့လက်တစ်ဖက်ကိုဆွဲယူလျက် လက်ဖဝါးချင်း
ထပ်ပေးလျက် စက်တို့ကိုတစ်လှည့်ဆီပြုံးကြည့်ရင်း...
"ပါပါးနဲ့ သမီးရဲ့မာမားရှေ့မှာကတိပေးပါ...
demonနဲ့တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်
နေသွားမယ်လို့ပေါ့...."
ပါပါးရဲ့နူတ်ထွက်စကားကြောင့်စက် တအံ့တဩ
ဖြစ်သွားခဲ့လျှင်...ပါပါးရဲ့အကြည့်တွေက
သူ့ဆီစူးစူးစိုက်စိုက်ကျရောက်သွားခဲ့ရင်း...
"အန်ကယ်မောင်ရင့်ရဲ့ တောင်းဆိုမူ့ကိုလက်ခံပါတယ်
အန်ကယ့်ရဲ့သမီးလေးကိုတစ်သက်လုံး
ကြင်ကြင်နာနာစောင့်ရှောက်သွားပေးပါ..."
"ပါပါး...."
ပါပါးရဲ့ရည်ရွယ်ချက်ကိုပိုပြီးတိတိကျကျ
သဘောပေါက်လာပြီဖြစ်တဲ့စက်ရဲ့ငိုမဲ့မဲ့ခေါ်သံလေးကြောင့်
ပါပါးက ခပ်သဲ့သဲ့ပြုံးလျက်မျက်လွှာတစ်ချက်ချသွားရင်း...
"ပါပါး...ဒီဆုံးဖြတ်ချက်ကိုချဖို့တစ်ညလုံးမအိပ်နိုင်ဘဲ
အချိန်တွေအကြာကြီးစဉ်းစားခဲ့ရတယ်...နောက်ဆုံး
သမီးလေးအပေါ်ထားတဲ့သူ့ရဲ့နက်ရိူင်းလေးနက်တဲ့
ခံစားချက်တွေကိုပါပါးလျစ်လျူရူ့ဖို့မတတ်နိုင်ခဲ့ဘူး
ပါပါးနားလည်လိုက်တယ် demonလောက်သမီးလေးအတွက်
သင့်တော်မှန်ကန်တဲ့ဘဝလက်တွဲဖော်ဆိုတာ
ထပ်ပြီးမရှိနိုင်တော့ဘူးမဟုတ်လား...အဓိက,က
ပါပါးရဲ့သမီးလေးကသူ့ကိုချစ်တယ်လေ..."
"စက် သူနဲ့လက်ထပ်ပြီးပါရီကိုလိုက်သွားမယ်ဆို
ပါပါးကရော..ပါပါးကဘယ်လိုလုပ်မလဲ
စက် ပါပါးကိုတစ်ယောက်ထဲမထားခဲ့နိုင်ဘူး....ဟင့်..."
ရိူက်သံတစ်ဝက်နှင့်ပြောရင်း စက်,ပါပါးရဲ့ရင်ခွင်ထဲ
ခေါင်းလေးတိုးဝင်လိုက်တော့ ပါပါးကစက်ကိုယ်လေးကို
ပွေ့ဖက်သည်။
သူကတော့ မျက်ဝန်းငေးငေးတွေဖြင့်သာ
ရပ်ငေးကြည့်နေခဲ့၏။
"ပါပါးလည်းသမီးလေးကိုမခွဲနိုင်ပါဘူးကွယ်
ဒါပေမဲ့ ပါပါးတို့ demonရဲ့ဘက်ကိုလည်း
စဉ်းစားပေးရမယ်မဟုတ်လား....သူကသမီးအတွက်
အရာအားလုံးကိုစွန့်လွှတ်ပြီး ဒီနေရာကိုရောက်လာခဲ့တာ
သမီးကသူ့ရဲ့တစ်ခုထဲသောမျှော်လင့်ချက်ပဲလေ...."
"ဟင့်...ဟင့်..."
"ပါပါးအတွက်စိတ်မပူပါနဲ့ ပါပါးရဲ့ဘေးမှာ
ဂျိုးဇက်တစ်ယောက်လုံးရှိတယ်...ပြီးတော့သမီးလေးလည်း
ပါပါးဆီမကြာခဏလာတွေ့လို့ရတာပဲ....မဟုတ်ဘူးလား..."
စက် ပါပါးကိုဘာမှပြန်မပြောနိုင်ဘဲမျက်ရည်လည်ရွဲဖြင့်သာ
မော့ကြည့်လိုက်တော့ ပါပါးကစက်ရဲ့မျက်ရည်တွေကို
သုတ်ဖယ်ပေးလာခဲ့ရင်း....။
"ပါပါးကိုအမှန်တိုင်းဖြေပါ...သမီးလည်း
demon,ကိုချစ်တယ်မဟုတ်လား..."
ပါပါးရဲ့အမေးကိုစက်ချက်ချင်းမဖြေနိုင်ဘဲ
မျက်ရည်လည်ရွဲမျက်ဝန်းလေးတွေက သူ့ဘက်ကို
တစ်ချက်ငဲ့ကြည့်ပြီးမှခေါင်းလေးဖွဖွငြိမ့်လိုက်မိသည်။
"စက်.စက်သူ့ကိုချစ်တယ်ပါပါး...စက်သူ့ကို
တစ်ကယ်ပဲ စက်ဘဝရဲ့လက်တွဲဖော်ဖြစ်စေချင်ပါတယ်..."
"သူကလည်းသမီးကိုချစ်တယ်...သမီးကလည်းသူ့ကို
ချစ်တယ်...ဒါဆိုဘာလိုသေးလဲ....ပါပါးကို
ဘာမှစိတ်မပူပါနဲ့..."
ပြောရင်း စက်ရဲ့နဖူးပြင်လေးကိုဖွဖွနမ်းရိူက်လိုက်တဲ့ပါပါး...
"demonနဲ့လက်ထပ်ပြီးပါရီကိုလိုက်သွားပါ....
ပါပါးဘဝအတွက်အရေးကြီးဆုံးက သမီးလေး
ပျော်ရွှင်ဖို့ပါပဲ......"
တိုးသဲ့နင့်နဲနေတဲ့ပါပါးရဲ့စကားသံအဆုံး
လူသုံးယောက်ရှိနေတဲ့ဝန်းကျင်တစ်ခုလုံး
လေတိုးသံမှအပအရာရာတိတ်ဆိတ်သွားခဲ့လေတော့၏။
~~~~~~~~~~~~~~~~~~~💕💕💕
"ခုထိ ဝမ်းနည်းနေတုန်းလား..."
ပါပါးကိုတင်ဆောင်ပြီးသုသာန်ဝင်းထဲကနေ
အရင်ထွက်သွားတဲ့ကားကို,သူ့ရဲ့ကားထဲကနေ
ငေးကြည့်နေတဲ့စက်အား သူက ငဲ့ကြည့်ပြီးမေးလာ
ခဲ့သည်။
စက် သူ့ကိုပြန်ပြီးခေါင်းငဲ့ကြည့်လိုက်တော့
သူ့ရဲ့လက်ဖဝါးတစ်ဖက်က စက်ရဲ့ပါးပြင်လေးအား
ဖွဖွအုပ်ကိုင်လာခဲ့၏။
"ကျွန်တော်ရဲ့တောင်းဆိုမူ့က မတရားဘူးလို့
မင်းထင်လား...."
သူ့အမေးကို စက် ခေါင်းလေးယမ်းပြလိုက်မိသည်။
"ဝမ်းမနည်းပါနဲ့..."
နောက်ထပ်လက်တစ်ဖက်ကိုပါအသုံးပြုလျက်
မျက်နှာလေးကိုတယုတယပင့်မော့ယူရင်း
နူးညံ့စွာဆိုလာတဲ့စကားသံ.....
"ကျွန်တော်က မင်းအဖေရဲ့ရင်ခွင်ထဲကနေ
မင်းကိုဆွဲထုတ်ဖို့ကြိုးစားခဲ့တာမဟုတ်ပါဘူးစက်ရယ်
ကျွန်တော့်ဘဝအတွက်မင်းကအလိုအပ်ဆုံးဆိုတာ
မင်းသိတယ်မဟုတ်လား......."
သူ့စကားကိုခေါင်းလေးတဖျပ်ဖျပ်ငြိမ့်လျက်
အသံတိတ်အဖြေပေးမိတော့ မျက်ရည်စက်တို့က
လွင့်ခနဲကြွေကျလာပြန်၏။
"ကျွန်တော်ကတိပေးတယ် မင်းဆန္ဒရှိတဲ့အချိန်တိုင်း
မင်း အန်ကယ်လ်နဲ့တွေ့ရစေပါ့မယ်...ကျွန်တော်
မင်းဝမ်းနည်းအောင်ဘယ်တော့မှမလုပ်ဘူး...."
စက် မျက်ရည်တွေကြားကပြုံးလိုက်မိရင်း
သူ့လက်ဖဝါးကိုပါးပြင်လေးနဲ့တိုးဝှေ့လိုက်ကာ....
"စက် မောင့်ကိုယုံပါတယ်..."
"ဟင်...မင်းကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တယ်..."
"မေးခဲ့ဖူးတယ်မဟုတ်လား...မြန်မာလူမျိူးမိန်းကလေးတွေက
သူတို့ထက်ငယ်တဲ့ချစ်သူကိုဘယ်လိုခေါ်လဲလို့လေ...."
"..........."
"မောင်...မောင်လို့ခေါ်တယ် ယုံကြည်အားကိုးခြင်းတွေ
မြတ်နိုးတွယ်တာခြင်းတွေနဲ့ပေါ့..."
တိုးသဲ့သဲ့စကားသံလေးအဆုံး ကျေနပ်နှစ်သိမ့်သွားသလို
သူ့ရဲ့အပြုံးကိုမြင်လိုက်ရပြီး နူတ်ခမ်းဖူးလေးက
နွေးခနဲဖြစ်သွားခဲ့ရသည်။
"မောင် အရမ်းပျော်တာပဲ...မင်းသိရဲ့လား..."
သင်ပြင်ရလွယ်တဲ့နတ်ဆိုးလေးက မောင်ဆိုတဲ့
နာမ်စားကိုရင်းရင်းနှီးနှီးအသုံးပြုလာခဲ့ရင်း
အနမ်းတွေနဲ့ စက်ရင်ခုန်သံတွေကို
စိုးမိုးဖို့ကြိုးစားလာခဲ့လေ၏။
"..........."
ဒီတစ်ကြိမ်တော့ သူ့အနမ်းတွေက
တစ်ကယ့်ကိုပြင်းပြင်းရှရှိနိုင်လွန်းခဲ့ပေမဲ့
အငြူစူနိုင်တဲ့ကြည်ဖြူခြင်းများနှင့် ချစ်သူအလိုကျ
လိုက်လျောခဲ့မိတာက ထပ်တူညီတဲ့ရင်ခုန်ခြင်းများနှင့်သာ...။
~~~~~~~~~~~~~~~~~~💕💕💕
"Congratulation.....နောက်ဆုံးတော့
မင်းရဲ့၇နှစ်တာအိပ်မက်ကအမှန်တစ်ကယ်
ဖြစ်လာပြီပဲ...ငါမင်းအတွက်ဂုဏ်ယူတယ်de..."
"ချွလွမ်...."
ဂုဏ်ပြုစကားနဲ့အတူကိုးလ်ကလက်ထဲကဖန်ခွက်ကို
မြှောက်လိုက်တဲ့အခါ deဖန်ခွက်ချင်းထိတိုက်လိုက်သည်။
"အရမ်းပျော်နေလား..."
"ဒါပေါ့...ပြောစရာလိုသေးလား...."
"အန်ကယ်ဘုန်းဝဠာက...သူ့ရဲ့အချစ်ရဆုံးသမီးကို
မင်းလက်ထဲကိုကြည်ကြည်ဖြူဖြူနဲ့အပ်လိုက်ကထဲက
မင်းအပေါ်ဘယ်လောက်ယုံကြည်ထားလဲဆိုတာ
သိသာစေတယ်..."
"ဖခင်တစ်ယောက်ရဲ့ရင်ကွဲခံပြီးချခဲ့တဲ့ဆုံးဖြတ်ချက်ကို
ငါကောင်းကောင်းနားလည်နိုင်ပါတယ်...အဲ့ဒီ့အတွက်
ငါသူ့ရဲ့ယုံကြည်မူ့မမှားယွင်းခဲ့ဘူးဆိုတာ ရှေ့လျောက်
ထပ်ပြီးသက်သေပြသွားမှာ...စက်ကို
ငါ့ရဲ့ဘဝငါ့ရဲ့အသက်ထက်ပိုပြီးတန်ဖိုးထားတယ်ဆိုတာကိုပေါ့..."
"နောက်တစ်ကြိမ်လောက် ခွက်ထပ်မြောက်ကြမလား
အရမ်းကိုလှလှပပအဆုံးသတ်နိုင်ခဲ့တဲ့ မင်းရဲ့
အချစ်ဇာတ်လမ်းအတွက်...."
"Cheer..."
"ခလွမ်..."
ဖန်ခွက်သံတွေရယ်သံတွေနှင့်သူငယ်ချင်းနှစ်ယောက်
မှန်နံရံနားမှာရှိနေကြချိန်မှာပဲ မက်စ်ကလှမ်းဝင်လာ၏....
"သခင်လေး...."
"ရောက်လာပြီလား...မက်စ်.."
အနားရောက်လာတဲ့မက်စ်က deကို
ခေါင်းတစ်ချက်ညွှတ်လျက် နူတ်ဆက်ပြီး....
"သခင်လေး အစီရင်ခံခိုင်းတဲ့အတိုင်း
CEOကိုတင်ပြပြီးသွားပါပြီ...ဒီတစ်ပါတ်အတွင်း
CEOမြန်မာပြည်ကိုလိုက်လာပါလိမ့်မယ်...."
"ေက်းဇူးပဲမက္စ္...."
"မင်္ဂလာပွဲကမြန်မာပြည်မှာတစ်ပွဲ...ပါရီမှာတစ်ပွဲ
ကျင်းပဖို့လက်တလောလျာထားပေမဲ့ ပါရီမှာက
တစ်ပွဲထဲနဲ့လုံလောက်မှာမဟုတ်ဘူးထင်တယ်....
CEOက ကျေနပ်မှာမဟုတ်ဘူး..."
"အဲ့ဒီ့အတွက်နောက်မှအဖေနဲ့ကျွန်တော်ဆွေးနွေးပါ့မယ်
လောလောဆယ်အဖေပါရီကနေရောက်နေတာ
စက်ရဲ့အဖေဆီမှာ စက်ကိုကျွန်တော့်အတွက်
တရားဝင်တောင်းရမ်းဖို့အရင်စီစဉ်ရမှာ..."
"အဲ့ဒါ..မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံလား...."
"အဟင်း..အတိအကျပေါ့...ကျွန်တော့်ဇနီးလောင်းက
ချစ်စရာကောင်းတဲ့မြန်မာမလေးပဲလေ...."
deရဲ့စကားကိုနားထောင်ပြီး မက်စ်ရောကိုးလ်ပါ
သဘောကျသလိုရယ်ကြသည်။
deကတော့လက်ထဲကဝိုင်ကိုတစ်ချက်မော့လျက်
အကြည့်တွေအားမှန်နံရံအပြင်ဘက်ဆီပို့လွှတ်လိုက်ပြီး....
"နောက်ဆုံးတော့...မောင် မင်းကိုတစ်ကယ်
ပိုင်ဆိုင်ခွင့်ရတော့မှာပေါ့ စက်...."
~~~~~~~~~~~~~~~~💕💕💕
သိပ်မကြာခင်ရက်အတွင်းမှာ ဥရောပရဲ့ထိပ်တန်း
လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Leonineနဲ့
မြန်မာပြည်ရဲ့နံပါတ်တစ်လုပ်ငန်းစုကြီးဖြစ်တဲ့
god flowerရဲ့ မင်္ဂလာသတင်းက
တစ်နိုင်ငံလုံးအတွက်အံ့ဩမယုံနိုင်ဖွယ်ရာ
ထွက်ပေါ်လာခဲ့လေတော့သည်။
Leonineရဲ့ဆက်ခံသူCEOလောင်းနဲ့
god flowerရဲ့နတ်သမီးသံသရာစက်ရဲ့
လက်ထပ်ပွဲသတင်း......
ဂျာနယ်ပေါင်းစုံရဲ့ခေါင်ကြီးပိုင်းမှာတစ်ခမ်းတနားနဲ့
အကျယ်တဝင့်ဖော်ပြကြတာကသူ့ထက်ငါ
အပြိုင်အဆိုင်ပင်။
ထိုအဖိုးတန်မင်္ဂလာပွဲရဲ့သတင်းကလူတိုင်းရဲ့
နူတ်ဖျားမှာပြောမဆုံးအောင်ရေပန်းစားနေခဲ့သလိုပဲ
Leonineနဲ့ရွှေလမ်းငွေလမ်းပေါက်ခဲ့တဲ့
god flowerရဲ့ စတော့ရှယ်ယာစျေးတွေကလည်း
နေ့ချင်းညချင်းဆိုသလိုမိုးပေါ်ခုန်တက်ကုန်တာက
ပြိုင်ဘက်ကုမ္ပဏီတွေလိုက်မမှီနိုင်အောင် နောက်ကောက်
ကျကုန်တဲ့အထိပင်။
ဒီလက်ထပ်ပွဲကgod flowerအတွက် တစ်ကယ့်
ကံကောင်းမူ့ကြီးတစ်ခုပင်မဟုတ်ပါလား.....??
~~~~~~~~~~~~~~~~💕💕💕
"ဟယ်..ကံကောင်းလိုက်တာဟယ် ကြည့်ပါဦး..."
"ဘာလဲ အစ်မရဲ့ "
"ဒီမှာလေ god flower ကျောက်မျက်လုပ်ငန်းစုရဲ့
သမီးကလက်ထပ်တော့မှာလေ...ကောင်လေးက
ပြင်သစ်က CEOတဲ့ကြည့်ဦး နှစ်ယောက်သား
လိုက်ဖက်လိုက်တာ..."
"ဟုတ်ပါရဲ့ လိုက်ဖက်လိုက်တာ..."
နားထဲမှာကြားနေရတဲ့အသံတွေကြောင့်
ဧည့်သည်ဝင်ရတဲ့အချိန်မဟုတ်သေး၍
စားစရာမုန့်ထုပ်တွေကိုကိုင်ပြီး စိတ်ကျန်းမာရေး
ဆေးရုံရဲ့ထဲမှာ ထိုင်စောင့်နေတဲ့ဒေါ်ဟန်နီခင်
ခေါင်းထောင်သွားခဲ့ရ၏.....
"ဟို...ဒီကအစ်မ...ကျွန်မကိုဂျာနယ်ခဏလောက်
ပေးဖတ်လို့ရမလား...."
သူမရဲ့တောင်းဆိုမူ့ကြောင့်ထိုအမျိုးသမီးနှစ်ယောက်က
သူမကိုလှည့်ကြည့်လာခဲ့သည်။
"ခ.ခဏလေးပါနော်..."
"အင်း...ရပါတယ် ဖတ်လေ..."
ကမ်းပေးလာတဲ့ဂျာနယ်ကိုလှမ်းယူလိုက်လိုက်တာနှင့်
ဘယ်စာမျက်နှာကိုမှလှန်စရာမလိုဘဲ
မျက်နှာဖုံးခေါင်းစည်းပိုင်းမှာတင်မြင်လိုက်ရတဲ့သတင်းက
သူမကိုမှင်သက်သွားစေခဲ့၏။
"အဟင်း..."
သူမနာနာကျင်ကျင်ပဲပြုံးလိုက်မိသည်။
စက်...သူကနောက်တစ်ကြိမ် ဟိုးအမြင့်ဆုံးကို
ရောက်သွားခဲ့ပြီပဲ....ဒါပေမဲ့ သူမချစ်ရတဲ့သမီးလေး
roseကတော့.......ဒီနေရာမှာပဲ ဘဝကို
အဆုံးသတ်ရတော့များလား....??
တဖြေးဖြေးယိုယွင်းလာတဲ့သမီးဖြစ်သူရဲ့
စိတ်အခြေနေကြောင့် နောက်ဆုံးဆရာဝန်တွေနဲ့
စစ်ဆေးမူ့ပြုလုပ်ခဲ့ရပြီး စိတ်ကစဉ့်ကလျားဝေဒနာကို
ခံစားနေရမှန်းလက်မှတ်ထိုးအတည်ပြုနိုင်ကာ
အကျဉ်းထောင်ကနေ စိတ်ကျန်းမာရေးဆေးရုံကို
ပြောင်းရွေ့ပြီးသီးသန့်အခန်းပိတ်ခံထားရတာ
အခုဆိုရက်အနည်းငယ်ရှိနေခဲ့ပြီမဟုတ်ပါလား....??
ဒီအချိန်ထိအစ်ကိုကြီးကသူမတို့ကိုတစ်ချက်မှ
လှည့်မကြည့်သလို..လှည့်ကြည့်ဖို့လည်းသူမမမျော်လင့်
ရဲတော့...ဘဝမှာအကောင်းဆုံးတွေချည်းပဲ
ဖြစ်စေချင်ခဲ့တဲ့သမီးဖြစ်သူကိုအဆိုးရွားဆုံးအနေအထားမှာ
မြင်တွေ့ခဲ့ရပြီးတဲ့အချိန်မှာတော့ သူမလည်းအမှန်တစ်ကယ်
နောင်တရနေခဲ့မိပါပြီ။တစ်ကယ့်ကိုနောက်ကျခဲ့ပြီ
ဆိုပေမဲ့လည်းပေါ့...။
"Ding^^Ding"
အတွေးထဲမျောသွားခဲ့ချိန်မှာ ခပ်ကျယ်ကျယ်ကြားလိုက်ရတဲ့
ဘဲလ်သံက ဧည့်တွေ့ချိန်ရဲ့အမှတ်အသားမှန်းသိလိုက်တာမို့
ဂျာနယ်ကိုပိတ်လျက် ထိုအမျိုးသမီးတွေလက်ထဲပြန်ထည့်ပေးပြီး
လေးလံနှေးကွေးတဲ့ခြေလှမ်းတွေနဲ့ အထဲကို
လှမ်းဝင်လာခဲ့လေတော့သည်။
အရာအားလုံးဆုံးရူံးသွားခဲ့ပေမဲ့...ဆုံးရူံးမူ့အတွက်
ညည်းညူမြည်တမ်းဖို့အခွင့်အရေးမရှိတော့တာက
အပြစ်သားတစ်ယောက်ကျိန်းသေခံစားရမဲ့ လောကကြီးရဲ့
ပြစ်ဒဏ်ပဲမဟုတ်ပါလား....??
~~~~~~~~~~~~~~~~~💕💕💕
"မမလေး အဆင်သင့်ဖြစ်နေပါပြီသူဌေး....."
အနားထိရောက်လာပြီးပြောလိုက်တဲ့ဝန်ထမ်း
ကောင်မလေးစကားကြောင့် ဦးဘုန်းဝဠာ
စိတ်လူပ်ရှားစွာပဲထရပ်လိုက်တဲ့အခါ...မျက်နှာချင်းဆိုင်က
ပိုးကန့်လန့်ကာကြီးတရွေ့ရွေ့ပွင့်သွားရင်း....
အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့
သမီးဖြစ်သူရဲ့ပုံရိပ်လေးကထွက်ပေါ်လာခဲ့သည်။
ဦးဘုန်းဝဠာ ကြည်ကြည်နူးနူးပဲပြုံးလိုက်မိရင်း
သမီးလေးနားကိုလျောက်သွားကာ လက်ကမ်းပေးလိုက်တော့
စက်က ဖခင်ဖြစ်သူရဲ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်ပြီး
လှေကားနှစ်ထစ်ကိုဆင်းလိုက်၏။
"ပါပါးရဲ့ သမီးလေးကသတို့သမီးဝတ်စုံလေးနဲ့
လှလိုက်တာ...အခုချိန်ဖြူသာရှိနေရင်ဘယ်လောက်
ပျော်နေလိုက်မလဲ..."
ပြောရင်း မျက်ရည်တွေဝေ့ဝဲသွားတဲ့ပါပါးရဲ့ရင်ထဲက
ခံစားချက်ကိုနားလည်လိုက်တာမို့ စက် အလှပဆုံး
ပြုံးပြလိုက်ရင်း....
"ပါပါးလည်း ဒီနေ့အရမ်းခန့်ညားနေတယ်..."
စက်ရဲ့စကားကြောင့်ပါပါးကအားယူပြုံးသည်။
"စက်...လက်ကိုင်ပန်းစည်း..."
ထိုအချိန် ယူရီကလက်ကိုင်,ပန်းစည်းလေးကို
ယူပြီး စက်အနားကိုရောက်လာခဲ့၏။
စက် ပန်းစည်းလေးကိုလှမ်းယူလိုက်သည်။
"ငါ့သူငယ်ချင်းလေးကလှလိုက်တာ...."
သရဖူလေးနဲ့ဆက်ထားတဲ့ စက်ရဲ့ဦးခေါင်းထက်က
ပုဝါပါးလေးကို ဖြန့်ရင်း ယူရီကလည်းဝမ်းနည်းဝမ်းသာ
ခံစားချက်တို့ပြည့်နှက်နေတဲ့အသံလိူင်းဖြင့်ဆိုလာရှာ၏....
"ကဲ..ပါပါးတို့ခန်းမထဲဝင်ရအောင်လေ
သမီးရဲ့သတို့သားသမီးကိုစောင့်နေပြီမဟုတ်လား...."
စက် ပြုံးပြီးခေါင်းင်ြမ့်ပြလိုက်သည်။ထို့နောက်
ပါပါးရဲ့လက်မောင်းကိုတွဲချိတ်ပြီး ပန်းစည်းလေးကို
လက်တစ်ဖက်ကကိုင်လျက် နေရာကနေလှမ်း
ထွက်လာခဲ့လေတော့သည်။
~~~~~~~~~~~~~~~~💕💕💕
ပန်းခက်ပန်းနွယ်တွေဖြင့်အလှဆင်ထားသည့်
မင်္ဂလာခန်းမအဝင်တံခါးချပ်ကြီးနှစ်ချပ်
ပွင့်သွားခဲ့တာနှင့် အဆုံးမရှိတဲ့ခမ်းနားမူ့များနှင့်
အဖြူရောင်နှင်းဆီတို့အပြည့်လွှမ်းနေတဲ့ လှပတဲ့
ဧည့်ခံပွဲကြီးက စက်ကိုဆီးကြိုနေခဲ့၏
ငြိမ့်ညောင်းလှတဲ့အနောက်တိုင်းသံစဉ်တီးလုံးကို
နောက်ခံထားပြီး ပန်းတွေကြဲထားတဲ့ကော်ဇောနီထက်
ပါပါးရဲ့လက်ကိုတွဲချိတ်လျက်လျောက်လှမ်းလာခဲ့တာက
ကောဇောနီရဲ့တစ်ဖက်ထိပ်မှာ ရပ်လျက်စက်ကို
စောင့်ဆိုင်းနေတဲ့ခန့်ညားလှတဲ့သတို့သားဆီသို့....
တဖြေးဖြေးပိုပြီးနီးကပ်လာလေ ပိုပြီးပီပြင်လာတဲ့
သူ့မျက်နှာပေါ်ကအပြုံးရိပ်တို့က စက်နှလုံးသားကို
နွေးထွေးစေ၏။
နောက်ဆုံးသူ့ရှေ့မှာခြေစုံရပ်လိုက်မိတဲ့အခါ
ပါပါးက စက်ရဲ့လက်ကိုသူ့လက်ထဲအသေအချာ
ထည့်ပေးလိုက်သည်။
"အန်ကယ့်ရဲ့သမီးလေးကိုမင်းလက်ထဲအပ်ပါတယ်
တစ်သက်လုံးစောင့်ရှောက်ကြင်နာသွားပေးပါ...."
ပါပါးရဲ့အမှာစကားကိုသူကအပြုံးနှင့်ခေါင်းငြိမ့်ပြလျက်
စက်ရဲ့လက်လေးကိုယုယုယယဆုပ်ကိုင်ကာ
လှေကားထစ်တွေအတိုင်း လက်ထပ်ပွဲစင်မြင့်ထက်ကို
တက်လာခဲ့သည်။
ထို့နောက်လက်ထပ်လက်စွပ်ကိုအပြန်အလှန်လဲဝတ်ပေးပြီး
ဇနီးမောင်နှံအဖြစ်အသိအမှတ်ပြုပြီးချိန်မှာတော့
စက်မျက်နှာရှေ့ကဇာပုဝါပါးလေးကိုပင့်တင်လျက်
နဖုးပြင်လေးကိုဖွဖွအနမ်းပေးသည်။
"ဖြောင်း...ဖြောင်း...ဖြောင်း...."
ဧည့်ပရိတ်သတ်တွေကထိုင်ရာကနေထရပ်လျက်
မင်္ဂလာမောင်နှံကိုလက်ခုပ်သံတွေဖြင့်ချီးကျူးဂုဏ်ပြု
ပေးကြသည်။
"အရမ်းချစ်တယ်...."
ဆူညံလှတဲ့အသံတွေထဲ စက်ကြားလိုက်ရတဲ့
သူ့ရဲ့အသံကတစ်ကယ့်ကိုတိုးတိုးလေးပါပဲ....
ဒါပေမဲ့ စက်အတွက် ဟိုးပင်လယ်ပြင်ကြီးဆီက
လိူင်းပုတ်သံတွေလိုပဲ တစ်ကယ့်ကိုခမ်းနားလွန်းတယ်....။
သူသာစက်အနားကိုရောက်မလာခဲ့ဘူးဆိုရင်
တစေ ္ဆသရဲလိုမျိုးကြောက်ရွံ့ခဲ့ရတဲ့လက်ထပ်ပွဲဆိုတဲ့အရာကနေ
စက်အတွက် ဒီလိုခမ်းနားတဲ့ပြည့်စုံမူ့တွေနဲ့
တစ်သက်မမေ့နိုင်စရာနူးညံ့တဲ့အမှတ်တရတွေကို
စက်ရှာဖွေတွေ့ရှိရယူနိုင်ခဲ့မယ်လို့မထင်ဘူး....။
ကျေးဇူးတင်ပါတယ် မောင်....။
၇နှစ်လုံးလုံးစက်ကိုမမေ့ဘဲသတိရနေပေးလို့....။
၇နှစ်လုံးလုံး စက်တို့ရဲ့ကတိကိုအမှတ်ရနေပေးလို့...။
ကတိအတိုင်း စက်အနားကိုအရောက်လာပေးခဲ့လို့......။
အကြိမ်ကြိမ်တွန်းထုတ်ခဲ့ပေမဲ့ စက်ကိုလက်မလျော့ခဲ့လို့.....
ကျေးဇူးတင်ပါတယ် ပြီးတော့......။
"စက်လည်း မောင့်ကိုအရမ်းချစ်တယ်...."
~~~~~~~~~~~~~~💕💕💕
ဇာတ်သိမ်းပိုင်း မျှော်>>>
Writer by
#Hazel