book

Index 26

အပိုင်း(၂၆)

💕 My lovely demon 💕

                              ``အချစ်နတ်ဆိုးလေး´´

~~~~~~~~


"ကျွန်တော် god flowerကိုဝင်လာရတဲ့

အဓိကရည်ရွယ်ချက်ကိုအန်ကယ်မေ့သွားပြီနဲ့တူတယ်...

ကျွန်တော် god flowerကိုရောက်လာတာစက်ကြောင့်ပါ

god flowerရဲ့ဘယ်လိုရာထူးကိုမှ ကျွန်တော်

စိတ်မဝင်စားပါဘူး...ပြီးတော့ကျွန်တော်တစ်ကယ်ပဲ

တစ်ခုခုတောင်းဆိုလို့ရတယ်ဆိုရင်...ကျွန်တော်ကို

ပြောခွင့်ပေးပါ..."


"ပြောပါမောင်ရင်..."


"ကျွန်တော်စက်ကိုလိုချင်ပါတယ်..."


ခွင့်ပြုချက်ပေးလိုက်တာနှင့်တွေဝေမနေဘဲ

ရဲရင့်ပြတ်သားစွာတောင်းဆိုလာတဲ့စကား....။


"ကျွန်တော် စက်ကိုလက်ထပ်ပြီးပါရီကိုခေါ်သွားပါရစေ..."


~~~~~~~~~~~~~~~~~~💕💕💕


Ding^^^Ding


"ဟော..သူလာပြီထင်တယ်..."


လူခေါ်ဘဲလ်သံကိုကြားလိုက်တာနှင့်

ဖုန်းကြည့်နေရာကနေဖျတ်ခနဲထပြီး တံခါးဝဆီ

အပြေးတစ်ပိုင်းလှမ်းသွားတဲ့ စက်....

တံခါးကိုဆွဲဖွင့်လိုက်တာနှင့် မျှော်လင့်ထားတဲ့သူက

ပန်းစည်းကြီးကိုင်ပြီးပေါ်လာ၏....။


"နင်ရောက်လာပြီလား...."


"မင်းအတွက်..."


အပြုံးချိုချိုလေးနဲ့လောကွက်ပြုပြီးမေးလိုက်တော့

သူက အထဲကိုလှမ်းဝင်လာပြီး လက်ထဲပါလာတဲ့

forget me notပန်းစည်းကြီးကို စက်ကိုလှမ်းပေးသည်။


"ဘာလို့ထပ်ပြီး ပန်းဝယ်လာရပြန်တာလဲ...."


"ဟိုတစ်ခေါက်က ဝယ်လာပေမဲ့မင်းကိုမှ

ပေးခွင့်မရလိုက်တာ...မင်းသဘောမကျဘူးလား...."


"အဲ့လိုဖြစ်စရာလား....ကျေးဇူးပဲနော်..."


ပန်းစည်းကြီးကိုပွေ့ပိုက်ပြီးကြည်ကြည်နူးနူး

နမ်းရိူက်ပြလိုက်တော့ သူကသဘောကျသလိုပြုံး၏...


"လာလေ..အထဲဝင်ရအောင်..."


စက် သူ့လက်ကိုဆွဲပြီးခေါ်လာတော့သူက

အလိုက်သင့်ပါလာသည်။


"demonရောက်လာပြီလား..."


ထမင်းစားခန်းထဲကထွက်လာတဲ့ယူရီကလှမ်းမေးတော့

စက် ပန်းစည်းကြီးကိုစားပွဲပေါ်လှမ်းတင်လိုက်ရင်း

သူ့ကိုဆိုဖာပေါ်အရင်ထိုင်စေလိုက်ကာ....


"အင်း..သူအခုလေးတင်ရောက်တာ..."


"ဟင်းရည်အိုးအဆင်သင့်ဖြစ်သွားပြီ..ငါဂတ်စ်မီးဖို

ပိတ်ခဲ့တယ်..ရေသွားချိုးလိုက်ဦးမယ်..."


"ရေသောက်ပြီးခဏနားလိုက်ဦးလေ..အပူရှပ်နေဦးမယ်..."


"စိတ်ချ ကိုကို့ဆီစာပို့ပြီးမှချိုးမှာ...နင်တို့နှစ်ယောက်

အေးအေးဆေးဆေးနေဦးနော်...သိလား..."


မချိုမချဉ်နဲ့ စက်ကိုစပြီးယူရီကအခန်းထဲလှမ်းဝင်

သွားခဲ့တော့ စက်သူ့ကိုလှည့်ကြည့်လိုက်ရင်း....


"နင် ကော်ဖီသောက်မလား...ငါဖျော်ပေးမယ်လေ..."


စက် မေးလိုက်ပေမဲ့ သူကခေါင်းခါပြီး

စက်ရဲ့လက်ကောက်ဝတ်လေးကိုလှမ်းဆွဲလိုက်တာကြောင့်

သူ့ပေါင်ပေါ်ထိုင်လျက်သားလေးကျသွားရတဲ့စက်....


"ဘာလုပ်တာလဲ...."


"မင်းသူငယ်ချင်းကပြောသွားတယ်လေ...အေးအေးဆေးဆေး

နေလို့...."


အလန့်တကြားလေးမေးမိတာကို ခါးသိမ်သိမ်လေးအား

လက်နှစ်ဖက်နှင့်သိမ်းဖက်လျက်ပြန်ဖြေလာ၏။စက်

သူ့ရင်အုပ်ကျယ်ကြီးကိုလက်သီးဆုပ်နှင့်တစ်ချက်ထုလိုက်ရင်း..


"ဉာဏ်များဖို့မစဉ်းစားနဲ့ ဒီတစ်ခါနူတ်ခမ်းနီပျက်ရင်

ယူရီ့ရှေ့မှာတစ်ကယ်အရှက်ကွဲမှာ..."


စက်ရဲ့အပြောကြောင့်သူကခပ်သဲ့သဲ့နှင့်အသံထွက်အောင်

ရယ်သည်။


"ဘာလို့အလှတွေပြင်ထားတာလဲ.."


"နင့်မျက်လုံးထဲမှာလှနေချင်လို့ပေါ့...."


"မလိုပါဘူး...ကျွန်တော့်မျက်လုံးထဲမှာမင်းက

အချိန်ပြည့်လှနေတာပဲ..."


ပခုံးစွန်းလေးတစ်ဖက်ကိုဖွဖွနမ်းကာပြောလာရင်း

ဆံပင်ရှည်တွေကိုခပ်လျော့လျော့စည်းထားတဲ့

ခေါင်းစည်းကြိုးကိုဆွဲဖယ်ပစ်လိုက်တော့

ကျောပြင်လှလှလေးထက်ဝဲခါသွားတဲ့ဆံနွယ်တွေ....


"မင်းဆံပင်တွေဖြန့်ထားတဲ့အခါ..ကျွန်တော်

အရမ်းသ​ဘောကျတာပဲ...."


"နောက်တစ်ခါနင်နဲ့တွေ့ရင်အမြဲတမ်း

ဆံပင်ဖြန့်ထားမယ်...ရပြီလား...."


"အဟက်....မင်းကလိမ္မာလိုက်တာ..."


"ဘယ်လိုတောင်စကားပြောတာကဘဝင်မြင့်နေရတာလဲ

ငါကနင့်ထက်အကြီးနော်...."


နတ်ဆိုးလေးရဲ့နှာတံချွန်ကိုဖွဖွဆွဲပြီးပြောမိတော့

ပြန်ရုတ်လိုက်တဲ့လက်ကလေးကိုသူက တစ်ချက်

နမ်းရင်း....


"မင်းကဘယ်လိုကြည့်ကြည့်အကြီးတစ်ယောက်နဲ့မှမတူတာ...

မင်းကမရင့်ကျက်တဲ့ခလေးတစ်ယောက်လိုအမြဲတမ်း

အနားမှာထိန်သိမ်းစောင့်ရှောက်ပေးချင်အောင်ကို

ချစ်ဖို့ကောင်းတယ်..."


"အခုကချီးကျူးတာလား...ကဲ့ရဲ့တာလား..."


ဇဇေဇဝါမေးမိတော့ မေးဖျားလေးကဖျတ်ခနဲနွေးသွားရင်း...


"နှစ်ခုလုံး....."


"ဘဝင်မြင့်နေတဲ့နတ်ဆိုးလေး...မုန်းဖို့ကောင်းလိုက်တာ..."


ငြူစူခြင်းမရှိတဲ့ပြစ်တင်စကားနဲ့ စက်ရဲ့လက်အစုံက

သူ့လည်တိုင်ကိုချိတ်တွယ်လိုက်ရင်း အရောင်တင်ထားတဲ့

နူတ်ခမ်းဖူးလေးအစုံဖြင့် သူ့နဖူးပြင်ကိုဖွဖွနမ်းလိုက်တော့

သူက မျက်နှာကိုမော့ပေး၏။


"ထပ်နမ်းပါဦး..."


မျက်လုံးလေးမှိတ်ပြီးတောင်းဆိုလာတဲ့

ပြုံးယောင်သမ်းနေသောမျက်နှာချောချောလေးက

တစ်နေရာမှာပြေးပြီးဖွက်ထားချင်လောက်အောင်

အသည်းယားဖို့ကောင်းသည်။


"မရဘူး..နူတ်ခမ်းနီတွေပျက်ကုန်မယ်လို့ပြောနေတယ်လေ.."


နှားသီးဖျားလေးကိုဖွဖွနမ်းပြီးပြောလိုက်တော့

စိတ်ပျက်လက်ပျက်မျက်လုံးပြန်ဖွင့်လာရင်း...


"ကျွန်တော်သိပြီ...မင်းနူတ်ခမ်းနီကိုအကြံနဲ့

ဆိုးထားတာမဟုတ်လား..."


"အဟင်း....."


"နောက်တစ်ခါ lipstickသုံးရင်

mattဖြစ်တာကိုပဲသုံးနော်..."


"ဟင့်အင်း မကြိုက်ဘူး..."


နဖူးပြင်ချင်းခပ်ဖိဖိတိုက်ရင်းငြင်းလိုက်တော့

ရယ်သံတွေပျံ့လွင့်ကုန်၏။


"ဒါနဲ့ ပါပါးကနင့်ကိုဘာလို့ခေါ်တွေ့တာလဲ...."


"အင်းး...."


စက်ရဲ့အမေးကို ပြန်ဖြေမလိုနဲ့ အင်းး´ကိုသံရှည်

ဆွဲသွားပြီးမှသူက မျက်လုံးတစ်ဖက်ကို

ဖျပ်ခနဲမှိတ်ပြရင်း....


"အဲ့ဒါက မင်းပါပါးကိုမေးကြည့်သင့်တယ်....

ကျွန်တော်တို့တစ်ကယ်အရေးကြီးတဲ့ကိစ္စကို

ဆွေးနွေးခဲ့တာ မင်းကိုပြောပြလို့မဖြစ်ဘူး...."


"အဲ့ဒီ့်ဆွေးနွေးခဲ့တဲ့ကိစ္စကငါနဲ့မသက်ဆိုင်ဘူးလား...."


"ဆိုင်တာပေါ့ ..."


"ဒါဆို..ငါလည်းသိခွင့်ရှိတယ်လေ...."


"မရဘူး...."


ဘယ်လိုလှည့်မေးမေးမရတဲ့သူ့ကြောင့်

စက် မျက်စောင်းလေးဝင့်လိုက်မိတော့

သူကပါးပြင်လေးတစ်ဖက်ကို ဖွဖွနမ်းရင်း....


"ကျွန်တော်ရေဆာတယ်...."


"အင်း..ငါသွားယူပေးမယ်..."


ပြောပြောဆိုဆိုနဲ့သူ့ပေါင်ပေါ်ကနေထဖို့ပြင်လိုက်ပေမဲ့

သူကပြန်ဆွဲချရင်း စက်ကိုယ်လေးကို ပွေ့ယူလျက်

ထရပ်သည်။


"အတူသွားမယ်လေ.....တစ်ယောက်ထဲထားခဲ့မလို့လား.."


အကဲပိုနေသောနတ်ဆိုးလေးကြောင့် စက်

တိုးသဲ့သဲ့သာရယ်မိရင်း သူ့လက်ပေါ်ပါလာခဲ့ရလေတော့၏။


~~~~~~~~~~~~~~~~~💕💕💕


"စက္​...."


"ဟင်..."


အိပ်ရာဝင်ခါနီးမှန်တင်ခုံရှေ့မှာnight cream

လိမ်းနေတဲ့စက် အခန်းထဲလာပြီးမွေ့ရာပေါ်မှာ

ဖုန်းသုံးနေတဲ့ယူရီ့ရဲ့ခေါ်သံကိုမှန်ထဲကနေလှမ်းကြည့်

တုံ့ပြန်လိုက်သည်။


"ငါနင့်ကိုမေးစရာရှိလို့..."


"အင်း..မေးလေ ဘာလဲ..."


"နင် စံအိမ်ကိုဘယ်တော့ပြန်မှာလဲလို့...."


ယူရီ့အမေးကြောင့် စက် လူကိုယ်တိုင်အနောက်ကို

လှည့်ကြည့်လိုက်တော့ မွေ့ရာပေါ်မှောက်လျက်လှဲနေတဲ့

ယူရီကထ,ထိုင်လာပြီး စက်ကိုလှမ်းကြည့်သည်။


"အခုဆိုနှင်းဆီသွေးတို့သားအမိကလည်း

စံအိမ်မှာမရှိတော့ဘူးဆိုတော့ အန်ကယ်တစ်ယောက်ထဲ

ဖြစ်နေပြီမဟုတ်လား...."


"ငါလည်းစဉ်းတော့စဉ်းစားထားပါတယ်...

ဒါပေမဲ့ ငါစံအိမ်ကိုပြန်သွားရင် နင်ကဘယ်လိုလုပ်မလဲ..."


"ဘာလုပ်ရမလဲ...နင်စံအိမ်ကိုပြန်ရင် ငါလည်း

မေမေတို့ဆီပြန်မှာပေါ့...ငါကနင့်ကိုစိတ်မချလို့

ဒီမှာနင်နဲ့အတူလာနေပေးနေတာပဲ...ပြီးတော့ကိုကိုကလည်း

ဒီနှစ်ကုန်ရင် ပါရဂူဘွဲ့ယူပြီးပြန်လာတော့မှာ...

အစက ငါတစ်ကယ်စိတ်ထဲထင့်နေတာ...ကိုကိုသာ

ပြန်လာရင်ငါကနင်နဲ့အတူဒီလိုနေပေးလို့မရတော့ဘူးလေ

ဒါပေမဲ့...အဲ့အချိန်တောင်မရောက်လိုက်ဘူး

ပြသာနာတွေက ဒီလိုမျိုးရှင်းသွားတယ်..ငါ့သူငယ်ချင်းလေးက

အရမ်းကံကောင်းတယ်..."


ယူရီ့စကားကိုဆုံးအောင်နားထောင်ပြီး စက်ပြုံးလိုက်မိရင်း

မှန်တင်ခုံကနေထကာ အိပ်ရာကုတင်နားကို

လျောက်သွားပြီးယူရီ့ဘေးမှာဝင်ထိုက်လျက်

ယူရီ့ပခုံးလေးကိုပွေ့ဖက်လိုက်သည်။


"နင်သိလားယူရီ နင်ကငါ့အတွက်အကောင်းဆုံး

သူငယ်ချင်းပဲ နင်သာရှိမနေရင် ငါဒီခက်ခဲတဲ့အချိန်တွေကို

သည်းခံဖို့ဖြစ်နိုင်ခဲ့မှာမဟုတ်ဘူး ငါနင့်ကိုအရမ်း

ကျေးဇူးတင်တယ်....."


"အဲ့လိုမပြောပါနဲ့စက်ရယ်...ကျေးဇူးတင်တယ်ဆိုတဲ့

စကားကငါတို့ကြားမှာသူစိမ်းဆန်လွန်းပါတယ်

အဲ့လိုသာပြောကြေးဆိုရင်တစ်ကယ်တမ်းနင့်ကျေးဇူးတွေကသာ

ငါ့အပေါ်မှာအများကြီး လွန်ခဲ့တဲ့၈နှစ်

ငါ့အမေကျောက်ကပ်အစားထိုးကုသရမဲ့အချိန်တုန်းက

နင်သာ နင့်အဖေကိုတောင်းဆိုပြီးအကူအညီမပေးခဲ့ရင်

ငါ,ငါ့အမေကိုအဲ့ကထဲကဆုံးရူံးလိုက်ရမှာ...."


"အဲ့ဒီ့အကြောင်းတွေကိုကျေးဇူးတရားတစ်ခုလိုမျိုး

မှတ်မထားပါနဲ့ယူရီရယ်...အမေတွေက သားသမီးတွေအတွက်

တန်ဖိုးအရှိဆုံးပဲလေ...ငါအဲ့ဒီ့တုန်းကနင့်အမေကို

ကူညီခွင့်ရတာပဲကံကောင်းတာပါ...ငါ့အမေကို

ဆုံးရူံးလိုက်ရတုန်းကငါခံစားရသလိုနာကျင်မူ့မျိုး

နင့်ကိုမခံစားစေခဲ့ရတာမှတစ်ကယ်ကံကြမ္မာကို

ကျေးဇူးတင်ရမှာမဟုတ်လား...."


စက်ရဲ့စကားတွေကိုနားထောင်ပြီး ယူရီကကျေနပ်သလို

ပြုံးကာ စက်ကိုပွေ့ဖက်သည်။


"နင်မှတ်ထားရမယ်နော်....ငါတို့အတူမနေဖြစ်ကြရင်တောင်

ငါကနင့်အတွက်ဆိုအမြဲတမ်းအသင့်ရှိနေတယ်

ဆိုတာကိုပေါ့....ချစ်တယ် ငါ့သူငယ်ချင်းလေး...."


"ငါရောပဲ...ချစ်တယ်..."


အခန်းထဲမှာရယ်သံလေးတွေခပ်သဲ့သဲ့ပဲပျံ့လွင့်သွားသည်။


အဖြူရောင်သူငယ်ချင်းသံယောဇဉ်က လောကမှာ

နောက်ထပ်အခိုင်မြဲဆုံးကြိုးလေးတစ်ချောင်းပင်

မဟုတ်ပါလား.....။??


~~~~~~~~~~~~~~~~~~~💕💕💕


"သမီးလေးက god flowerမှာပြန်လာနေဖို့

ဆုံးဖြတ်လိုက်ပြီဆိုတော့ ပါပါးရဲ့ဝမ်းသာမူ့က

အတိုင်းထက်အလွန်ပေါ့ကွယ်....သမီးဘယ်နေ့ပြန်လာချင်လဲ

ပါပါးချက်ချင်းစီစဉ်ပေးမယ်...."


"စက်...ဒီတစ်ပတ်အတွင်းပြန်လာပါ့မယ်...."


"သမီးစံအိမ်ကိုပြန်လာရင်ယူရီကရောလိုက်လာမှာလား

ဒါမှမဟုတ် တိုက်ခန်းမှာပဲကျန်ခဲ့မှာလား..."


"ယူရီက အိမ်ပြန်နေမှာပါပါး......"


"ဟုတ်လား..ဒါဆိုလည်းသမီးလေးအဆင်ပြေတဲ့နေ့ပြောလေ

ပါပါးစီစဉ်လိုက်မယ် ဟုတ်ပြီလား..."


"ဟုတ်ကဲ့..ဒါဆိုမနက်ဖြန်မှကုမ္ပဏီမှာတွေ့မယ်နော်

ပါပါး..."


"ကောင်းပါပြီ....သမီးလေးရယ်..."


သမီးဖြစ်သူနဲ့ဖုန်းပြောပြီး စားပွဲပေါ်ဖုန်းကို

ပြန်တင်လိုက်တာနှင့် ဦးဘုန်းဝဠာရဲ့

မျက်နှာထက်ကအပြုံးတို့ကလည်းပျောက်ကွယ်သွားခဲ့ရသည်။


"အဆင်ပြေရဲ့လား...သူဌေး..."


ဘေးမှာရပ်နေတဲ့ ဂျိုးဇက်က သူဌေးဖြစ်သူရဲ့

မျက်နှာကိုအရိပ်ကြည့်ပြီးမေးလာတော့

ဦးဘုန်းဝဠာ ခေါင်းငြိမ့်ပြသည်။


"သူဌေးတို့သားအဖနှစ်ယောက် အခုမှအနှောင့်အယှက်

ကင်းကင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့အခွင့်အရေးရလာတာ

မမလေးကိုတစ်ကယ်ပဲအဝေးတစ်နေရာထည့်လိုက်မလို့လား..."


"demon nineက စက်အတွက် သင့်တော်တဲ့

ဖူးစာဖက်ဆိုတာ မင်းလည်းမြင်တယ်မဟုတ်လား...

သူ့လောက် ငါ့သမီးလေးကိုတန်ဖိုးထားချစ်ခင်ပြီး

စောင့်ရှောက်ကာကွယ်ပေးနိုင်မဲ့သူမျိုး ငါမသေခင်

နောက်တစ်ယောက်ထပ်တွေ့ဖို့ဖြစ်နိုင်ပါဦးမလား...."


"သူဌေး..."


"တစ်ကယ်တော့သူ့ရဲ့တောင်းဆိုမူ့ကလည်းမလွန်ပါဘူး

သူကအရာအားလုံးကိုနောက်ပို့ပြီးစက်အတွက်နဲ့

ဒီကိုရောက်လာခဲ့တာ...ပြောရင်ပြောတဲ့အတိုင်း

ုဖြစ်အောင်လုပ်တတ်တဲ့အရည်အချင်းရော၊

စိတ်ဓာတ်ပိုင်းရောအပြစ်ပြောစရာမရှိတဲ့လူငယ်လေး...

မင်းပြောကြည့် ဂျိုးဇက် ဒီတစ်ခေါက်သူသာ

စက်အနားမှာမရှိခဲ့ဘူးဆိုရင်...ငါကိုယ်တိုင်ကရော

ငါ့သမီးလေးကိုအပြည့်အဝကာကွယ်ပေးနိုင်ခဲ့ပါ့လား..."


ဦးဘုန်းဝဠာရဲ့အမေးကိုဂျိုးဇက်ဘာမှပြန်မဖြေနိုင်ဘဲ

မျက်လွှာတစ်ချက်ချလိုက်မိသည်။


"ဖခင်တစ်ယောက်က ကိုယ့်ရဲ့သားသမီးအတွက်

အကောင်းဆုံးဖြစ်စေချင်တာမထူးဆန်းဘူးမဟုတ်လား...

ငါလည်းငါ့သမီးလေးအတွက်အကောင်းဆုံးတွေပဲ

ဖြစ်စေချင်ခဲ့ပေမဲ့...ငါ့ရဲ့ဆုံးဖြတ်ချက်အမှားကြောင့်

နှစ်ကြိမ်တိုင်တိုင်လက်ထပ်ပွဲပျက်ခဲ့ရပြီး...စက်

ဘယ်လိုစိတ်မျိုးနဲ့ရှင်သန်ခဲ့ရလဲ..ပြီးတော့ငါက

ငါ့သမီးကိုဒုက္ခပေးခဲ့တဲ့သူတွေကိုနေရာပေးအလေးထား

ဆက်ဆံပေးခဲ့သေးတာ.တစ်ကယ့်ကိုမြွေပွေးခါးပိုက်ပိုက်မိတဲ့

အခြေနေပေါ့...."


နောင်တတို့ဖုံးလွှမ်းနေတဲ့နင့်နင့်သဲသဲစကားသံက

ဦးဘုန်းဝဠာရဲ့ရင်ထဲကနာကျင်မူ့အတိမ်အနက်ကို

ခံစားမိစေသည်။


"god flowerကိုပထမဆုံးပြန်ဝင်လာတဲ့နေ့က

စက် ငါ့ကိုပြောခဲ့တယ် ဂျိုးဇက်...သူအခုလိုပြန်ရပ်တည်

လာနိုင်ခဲ့တာ demonကြောင့်တဲ့လေ..."


ပြောရင်းသက်ပြင်းငွေ့ငွေ့ကိုချလိုက်တဲ့ဦးဘုန်းဝဠာ....


"demonက စက်အတွက်အလိုအပ်ဆုံးသူပဲ...

သူက စက်နဲ့အလိုက်ဖက်ဆုံးလက်တွဲဖော်ဆိုလည်း

ဟုတ်တယ်....ငါ့သမီးအတွက်ဒီတစ်ခါတော့

ငါဆုံးဖြတ်ချက်ထပ်မမှားချင်တော့ဘူး....ငါသာ

ငါ့သမီးလေးကိုငါ့ရဲ့အဝေးကိုမပို့ချင်တဲ့စိတ်နဲ့

ဒီလက်ထပ်ပွဲကိုကန့်ကွက်ခဲ့မယ်ဆိုရင် ငါ့လောက်

အတ္တကြီးတဲ့အဖေ ဒီကမ္ဘာမှာရှိပါဦးမလား....

ငါ...စက်ပျော်နေတာကိုပဲမြင်ချင်တယ်ဂျိုးဇက်..."


"ဒါဆိုသူဌေးရဲ့နောက်ဆုံး,ဆုံးဖြတ်ချက်က..."


"ဟုတ်တယ်...ငါ demon nineရဲ့

တောင်းဆိုချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပြီ...."


ဦးဘုန်းဝဠာရဲ့တည်ငြိမ်တဲ့စကားသံအဆုံး

ဂျိုးဇက်မျက်လွှာချခေါင်းညွှတ်လိုက်မိတာက...

ဖခင်တစ်ယောက်ရဲ့မေတ္တာကိုလေးစားစိတ်နဲ့

ဦးညွတ်လိုက်ခြင်းပင်ဖြစ်နေတော့မည်လား....။


~~~~~~~~~~~~~~~~💕💕💕


"မမလေး..."


ကုမ္ပဏီကိုသွားဖို့ပြင်ဆင်ပြီးတိုက်ခန်းအောက်ကို

ဆင်းလာခဲ့တော့ ကားတစ်စီးနဲ့စက်ကိုကြိုဆိုနေတဲ့

အန်ကယ်ဂျိုးကို အံ့ဩဖွယ်တွေ့လိုက်ရသည်။


"အန်ကယ်ဂျိုး စက်ကိုလာကြိုတာလား..."


"ဟုတ်ပါတယ် မမလေး...."


"တကူးတကကြီးဘယ်လိုဖြစ်တာလဲ..စက် ကိုယ့်ဘာသာကိုယ်

ကားမောင်းလာနေကြပဲကို..."


"သူဌေးလွှတ်လိုက်လို့ပါ ကုမ္ပဏီကိုမသွားခင်

မမလေးတစ်နေရာသွားစရာရှိပါတယ်..."


"ဘယ်ကိုလဲ..."


စက်မေးပေမဲ့ အန်ကယ်ဂျိုးကမဖြေဘဲပြုံးလျက်

ကားနောက်ခန်းတံခါးကိုတရိုတသေဖွင့်ပေးလာတော့.

စက် ဘာမှထပ်မမေးတော့ဘဲ ကားထဲဝင်ထိုင်လိုက်တော့

အန်ကယ်ဂျိုးက,ကားထဲဝင်လာပြီးမောင်းသူနေရာမှာ

ဝင်ထိုင်လျက်ကားကိုငြိမ့်ခနဲမောင်းထွက်လာခဲ့တော့သည်။


စက်,,တစ်လမ်းလုံးအလိုက်တသိနှင့်ဘာမှမမေးဘဲ

လိုက်ပါလာခဲ့တဲ့အခါ အန်ကယ်ဂျိူးမောင်းလာတဲ့ကားက

နောက်တစ်နာရီလောက်အကြာမှာပဲ အုတ်ဂူဖြူဖြူတို့ဖြင့်

ပြည့်နှက်နေတဲ့သုသာန်ဝင်းကြီးထဲကိုချိုးကွေ့မောင်းနှင်

လာခဲ့၏။


"ကျွီ..."


ထို့နောက်ကြီးမားလှတဲ့အပင်အိုကြီးအောက်မှာ

အန်ကယ်ဂျိုးက ကားကိုညင်သာစွာထိုးရပ်လိုက်သည်။


စက်နောက်ခန်းတံခါးကိုကိုယ်တိုင်ဖွင့်ပြီးကားပေါ်က

ဆင်းလိုက်သည်။ အမှန်ဆို ဒီနေရာကစက်နဲ့

အရမ်းကြီးတော့စိမ်းသက်မနေခဲ့...မာမားရဲအရိုးပြာကို

ဂူသွင်းသဂြိုလ်ထာတဲ့နေရာမို့ မကြာခဏရောက်ခဲ့ဖူးတယ်

မဟုတ်လား.....။


"သူဌေးကတော်ရဲ့အုတ်ဂူရှေ့မှာ သူဌေး

မမလေးကိုစောင့်နေပါတယ်...."


ကားပေါ်ကဆင်းလာတဲ့အန်ကယ်ဂျိုးရဲ့စကားကို

စက်ခေါင်းငြိမ့်ပြလိုက်ရင်း ခြေလှမ်းတွေကမာမားရဲ့

အုတ်ဂူရှိတဲ့နေရာဆီဆက်လှမ်းလာခဲ့မိသည်။


သိပ်မကြာခင်မှာဘဲ ခေါင်မိုးပြာပြာလေးနဲ့သီးသန့်

တည်ဆောက်ထားတဲ့မာမားရဲ့အုတ်ဂူရှေ့မှာ

စက်လျောက်လာတဲ့ဘက်ကိုကျောခိုင်းရပ်နေတဲ့

ပါပါးကိုမြင်လိုက်ရသည်။


"ပါပါး..."


အနားရောက်သွားတဲ့စက်ရဲ့ခေါ်သံကြောင့်

ပါပါးကလှည့်ကြည့်လာခဲ့သည်။ စက်လှေကားထစ်လေး

နှစ်ထစ်ကိုတက်ပြီး ပါပါးရှေ့ကိုဆက်လှမ်းသွားခဲ့၏။


"ဒီနေ့မာမားရဲ့နွေးနေ့လည်းမဟုတ်ဘူး

မာမားရဲ့နှစ်ပတ်လည်နေ့လည်းမဟုတ်ဘူး...အထိမ်းအမှတ်

နေ့တွေတစ်ခုမှမဟုတ်ဘဲ...ပါပါးဒီကိုဘာလို့ရောက်နေတာလဲ.."


စက်ရဲ့အမေးကြောင့်ပါပါးကပြုံးလျက် စက်ဦးခေါင်းလေးကို

လက်လှမ်း၍ပွတ်သပ်ရင်း.....


"ဒီနေ့ကသမီးမာမားရဲ့အထိမ်းအမှတ်နေ့တွေတစ်ခုမှ

မဟုတ်ပေမဲ့....သမီးလေးနဲ့ပတ်သတ်ပြီး

ပါပါးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရမဲ့နေ့လေ...

ဒီလိုနေ့မျိုးမှာ...ဖြူလည်းပါပါးတို့နဲ့အတူရှိနေသင့်တယ်

ထင်တယ်..."


"ပါပါး ဘာကိုဆိုလိုတာလဲဟင်...."


စက်...ပါပါးရဲ့အမူအယာကိုကြည့်ပြီးနားမလည်သလို

မေးလိုက်မိ၏။


"ပါပါးဘာမှမပြောခင် အရင်ဆုံးတစ်ယောက်ယောက်ကို

စောင့်လိုက်ရအောင် သူမကြာခင်ဒီကိုရောက်လာတော့မှာပါ..."


ပြောရင်း ပါပါးရဲ့မျက်ဝန်းတွေကစက်ကိုကျော်ပြီး

အနောက်ကိုရောက်သွားတဲ့အခါ....


"ဟော...သူရောက်လာပြီ..."


ပါပါးရဲ့စကားကြောင့် စက်အနောက်ကိုချာခနဲ

လှည့်ကြည့်လိုက်တဲ့အခါ...စက်တို့ရှိနေတဲ့နေရာကို

ခပ်မှန်မှန်ခြေလှမ်းတွေနဲ့လျောက်လှမ်းလာနေတဲ့

နက်စွေးနေသောအရောင်တွေကြားကမြင့်မားတဲ့ပုံရိပ်

တစ္​ခုက.....


"demon...."


~~~~~~~~~~~~~~~~~~💕💕💕


ဆက်ရန်^^^^^


Writer by

#Hazel


rate now: