💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~
ငါမင်းကိုတစ်ကယ်ချစ်ခဲ့တာ..အဲ့ဒါကြောင့်လည်း
နောက်ဆုံးအချိန်ထိအပြစ်တွေအားလုံးကို
ငါတစ်ယောက်ထဲခံယူပြီး မင်းကိုကာကွယ်ပေးဖို့
ကြိုးစားခဲ့တာ...ဒါပေမဲ့မင်းကတော့...ငါ့ကိုနွားတစ်ကောင်လိုပဲ
သတ်မှတ်တယ်..ငါ့ရဲ့ခံစားချက်တွေကိုပြက်ရယ်ပြုပြီး
ငါ့ကိုအသုံးချခဲ့တယ်....ငါဒီထက်ပိုပြီးမင်းကို
သည်းမခံနိုင်တော့ဘူး မင်းလည်းပဲငါ့လို
ထိုက်တန်တဲ့အပြစ်ဒဏ်ကိုခံယူစေရမယ်...."
"..........."
"အခုမင်းပြော..မင်းကိုယ်တိုင်မင်းလုပ်ခဲ့တဲ့အပြစ်တွေကို
ဝန်ခံမလား...ဒါမှမဟုတ်..ငါအဲ့ဒီ့videoကိုသက်သေအဖြစ်
တင်သွင်းပြီးမင်းရဲ့အပြစ်တွေကိုသက်သေပြရမလား..."
roseဘာမှထပ်မပြောနိုင်တော့ဘဲအောက်နူတ်ခမ်းကိုသာ
ပြတ်ထွက်လုမတတ်ဖိကိုက်သည်။
"ဘယ်သူ့ကိုမှအပြစ်မတင်နဲ့ roseမင်းကိုဒီနေ့
ဒီအခြေအနေထိရောက်စေခဲ့တာ သံသရာစက်အပေါ်
ထားတဲ့ မင်းရဲ့မနာလိုစိတ်တွေပဲ...."
~~~~~~~~~~~~~~~~💕💕💕
"စက္...."
ကွန်ဒိုရှေ့တစ်နေရာမှာရပ်နေတဲ့စက်ရဲ့ခပ်လှမ်းလှမ်းမှာ
သူ့ရဲ့ကားကထိုးရပ်သွားပြီး...ချက်ချင်းပင်ကားပေါ်က
ဆင်းလာတဲ့သူက ခေါ်သံနဲ့အတူစက်ကိုလက်လှမ်းပြလျက်
အနားကိုအပြေးတစ်ပိုင်းလျောက်လာပြီးအနားကို
ရောက်လာတဲ့အခါ...စက် ဘာစကားမှမဆိုဘဲ
သူ့ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လိုက်မိသည်။
"အဟက်..."
အမြဲတမ်းစက်နဲ့ပတ်သတ်ရင် ဘယ်အရာကိုမဆို
တုံ့ပြန်ဖို့အသင့်ရှိနေလေ့ရှိသည့်သူက ဒီတစ်ခါမှာလည်း
အငိုက်မိမသွားဘဲ...ဟက်´´ခနဲတစ်ချက်ရယ်လျက်
စက်ကိုယ်လေးကိုပြန်ပြီးပွေ့ဖက်လာခဲ့၏။
"နှင်းဆီသွေးက မင်းသီဟနဲ့ကြံရာပါဆိုတာကို
သူကိုယ်တိုင်ရဲစခန်းမှာထွက်ဆိုလိုက်ပြီ..စက်...."
"အင်း...ငါကြားပြီးပြီ...."
"မင်းကိုဘယ်သူပြောတာလဲ...."
"အန်ကယ်ဂျိုးဖုန်းဆက်ပြောတာ...ပါပါးကငါ့ဆီဆက်ခိုင်း
လို့တဲ့...."
အပြန်အလှန်မေးဖြေနေကြပေမဲ့...တစ်ယောက်နဲ့
တစ်ယောက်ဖက်တွယ်ထားတဲ့လက်တွေက
မလွှတ်နိုင်ကြသေး....။
အတန်ကြာမှ...စက်သူ့ရင်ခွင်ထဲကနေ
လွန့်လွန့်လေးရုန်းဖယ်ဟန်ပြုတော့မှ
သူကစက်ကိုဖက်ထားရာကလွှတ်ပေးလိုက်သည့်တိုင်
လက်ကောက်ဝတ်လေးနှစ်ဖက်ကိုဆုပ်ကိုင်ထားရင်း
မျက်နှာလှလှလေးကိုအပြုံးနှင်ငုံ့မိုးကြည့်သည်။
"ဒီကိုဘာလို့ရောက်လာတာလဲ......"
"နင့်ကိုတွေ့ချင်လို့......"
"ကျွန်တော်လာတွေ့မှာပေါ့...."
"ဟင့်အင်း...ဒီနေ့တော့ငါကနင့်ကိုလာတွေ့သင့်တယ်လို့
ထင်လို့....."
"ဘာလို့လဲ...ကျေးဇူးတင်လို့လား...."
"အဲ့ဒီ့စကားထက်ပိုပြီးနားထောင်ကောင်းတဲ့စကား
ရှိသေးလား....ရှိရင်ငါနင့်ကိုပြောချင်တယ်..."
စက် စကားကြောင့်သူကသွားတန်းတွေပေါ်အောင်
ပြုံးရယ်လိုက်ရင်း.....။
"မင်းဘာလို့ဒီနေ့စကားပြောတာအရမ်းကို
ချစ်ဖို့ကောင်းနေရတာလဲ....လာ အထဲကိုဝင်ရအောင်
ဒီနေရာမှာရပ်ပြီးစကားပြောနေရတာမကောင်းဘူးလေ..."
ပြောရင်း သူကစက်ရဲ့လက်လေးတစ်ဖက်ကိုဆွဲကာ
ခြေလှမ်းပြင်တော့ စက် သူ့နောက်ကနေ
အလိုက်သင့်လေးလိုက်လာခဲ့ရသည်။
ဒုတိယအကြိမ်သူ့ရဲ့အခန်းမှာခြေချမိတော့
ပထမအကြိမ်တုန်းကလိုစိမ်းသက်မနေတော့.....။
"မင်း ကျွန်တော့်ကွန်ဒိုရှေ့ရောက်နေတယ်လို့
ဖုန်းဆက်တော့ကျွန်တော်တစ်ကယ်အံ့ဩသွားတာ...
မဟုတ်ရင်လည်း ကျွန်တော်ကမင်းဆီလာတွေ့တော့မလို့...."
"ဘယ်သူကဘယ်သူ့ဆီလာတွေ့,လာတွေ့ နှစ်ယောက်
တွေ့ရဖို့ကအဓိကပဲမဟုတ်လား...."
ပြောရင်းခြေလှမ်းတွေကိုမှန်နံရံနားမှာ စက်ခြေစုံ
ရပ်လိုက်တော့ သူက စက်ကို အနောက်ကနေ
ပွေ့ဖက်လာခဲ့သည်။
စက် သူ့လက်ဖျံကိုခပ်ဖွဖွတစ်ချက်ရိုက်လိုက်ရင်း.....
"ငါအကြာကြီးနေလို့မရဘူး...အရမ်းမမှောင်ခင်
ပြန်ရမှာ...."
"ကိုယ်တိုင်ကားမောင်းလာတာလား...."
"အင်း...."
"ကျွန်တော်ပြန်ပို့ပေးမယ်...."
"ဟင့်အင်း ရတယ်...နင့်ကိုပြန်လိုက်ပို့ခိုင်းမှ
တစ်ခါနင့်အတွက်ထပ်ပြီးစိတ်ပူနေရမှာမဖြစ်ဘူး...."
စက်ရဲ့ပူပန်စကားကြောင့်သူကခပ်သဲ့သဲ့ရယ်ပြီး
စက်ရဲ့ဆံပင်တွေကိုပါးပြင်နှင့်တိုးဝှေ့ပွတ်သပ်ရင်း....
"သူတို့နှစ်ယောက်လုံးကအခုအချုပ်ထဲမှာလေ...မင်းက
ဘာတွေထပ်ပြီးပူပန်နေရတာလဲ...."
"ဘယ်သူ့ကြောင့်ဆိုတာကအဓိကမဟုတ်ဘူး
အဓိက,ကနင့်ကိုစိတ်မချနိုင်တဲ့ငါ့ရဲ့စိတ်ပဲလေ...."
"အဟွန်း..."
"ဘာရယ်တာလဲ....ထပ်ပြီးတော့..."
"ဒီနေ့မင်းရဲ့စကားတွေကအရမ်းကိုနားထောင်လို့
ကောင်းနေလို့...."
သူ့စကားကြောင့် စက်သူ့ကိုလည်ပင်းလေးလိမ်ပြီး
ငဲ့ကြည့်ဖို့ပြင်လိုက်တော့ သူ့ရဲ့နှာတံချွန်ချွန်က
စက်ပါးပြင်လေးတစ်ဖက်ထဲနစ်ဝင်လာခဲ့၏။
"ဘာလို့လှည့်လာတာလဲ..ဒီမှာနမ်းမိကုန်ပြီ...."
ပါးပြင်ထဲကိုနှာခေါင်းချွန်ချွန်ကပိုပြီးနစ်ဝင်သွားအောင်
တိုးတိုက်ဖိနှစ်ရင်းသူကစတော့ စက် သူ့ဗိုက်ကို
နောက်ပြန်တံတောင်နဲ့မနာအောင်တွတ်လိုက်မိတာက
ရှက်ဝဲဝဲမျက်နှာလေးဖြင့်သာ။
စက် မျက်နှာလေးအရှေ့ကိုပြန်လှည့်သွားရတော့
သူကစက်ကိုပိုပြီးတင်းကြပ်သွားအောင်ပွေ့ဖက်လာလျက်
စကားဆက်၏။
"အခု စိတ်ထဲပေါ့ပါးသွားပြီလား....မင်းအပေါ်
မကောင်းကြံခဲ့တဲ့သူတွေကသူတို့နဲ့ထိုက်တန်တဲ့
အပြစ်ဒဏ်ကိုကျိမ်းသေခံယူရတော့မှာ...."
စက်ပြုံးလိုက်မိသည်ထင်၏...စက်ကိုယ်လေးကို
ပွေ့ဖက်ထားတဲ့ သူ့ရဲ့လက်အစုံကိုလက်ဖဝါးလေးတစ်ဖက်နှင့်
ထပ်လျက်အုပ်ကိုင်လိုက်ရင်း....
"နင်သာငါ့အနားကိုရောက်မလာခဲ့ဘူးဆိုရင်
ငါ့အတွက် ဒီလိုအဆုံးသတ်မျိုးရှိမလာလောက်ဘူးထင်တယ်
နင်လည်းပဲငါ့လို လွန်ခဲ့တဲ့၇နှစ်က,ကတိကို
မေ့လျော့နေခဲ့မယ်ဆိုရင် ငါတို့အခုလိုဆုံတွေ့ခွင့်ရခဲ့မှာ
မဟုတ်ဘူးနော်..."
"ကျွန်တော်ကဘာလို့ အဲ့ဒီ့ကတိကိုမေ့ရမှာလဲ...
ကျွန်တော်က အဲ့ဒီကတိပေးခဲ့တဲ့နေ့ကစပြီး
၇နှစ်ပြည့်တဲ့အချိန်ကိုရောက်ဖို့လက်ချိုးရေပြီး
စောင့်ခဲ့ရတဲ့သူပါ..."
"ငါ့ကိုအဲ့လောက်တောင်သဘောကျတာလား...."
"မေးခွန်းပြောင်းပေးပါ....အဲ့လောက်တောင်
ချစ်တာလားလို့မေးမှမှန်မှာလေ....
စက် အသံလေးခပ်သဲ့သဲ့ထွက်အောင်ရယ်လိုက်မိ၏...
ရင်ထဲကခံစားချက်တွေကိုစကားလုံးတွေနဲ့ဖော်ပြနိုင်တဲ့သူက
ထပ်ပြီးနည်းနည်းလေးတောင်အတိမ်းစောင်းမခံခဲ့....။
"ခဏလေးပဲ...ခဏလေးပဲမင်းကိုဒီလိုမျိုးဖက်ထားမယ်
အရမ်းအကြာကြီးမဟုတ်ပါဘူး...ကျွန်တော်မင်းကို
ပြန်ခွင့်ပေးမှာပါ...ရတယ်မဟုတ်လား...."
တိုးရှရှသူ့ရဲ့တောင်းဆိုစကားသံအဆုံး ချိုမြိန်သော
စက္ကန့်များစွာဖြင့် နှစ်ယောက်ကြားအရာရာက
တိတိဆိတ်သွားခဲ့တဲ့အခါ...နွေးထွေးလုံခြုံလွန်းနေတဲ့
ရင်ခွင်ကျယ်ကြီးထဲ စက်ကျောပြင်လေးပိုပြီးနွဲ့မှီလိုက်
မိလေတော့၏။
~~~~~~~~~~~~~~~~~💕💕💕
တစ်ပတ်ခန့်ကြာပြီးနောက်^^^^
"ဒေါ်ဟန်နီခင်ကို ဒီနေ့မနက်ပဲ သူဌေးကစံအိမ်ကနေ
မောင်းထုတ်လိုက်ပါတယ်မမလေး...."
"ဒါဆို ပါပါးက အခုစံအိမ်ကိုပြန်ရောက်နေပြီပေါ့..."
"ပြန်ရောက်နေပါပြီမမလေး...ရောက်ရောက်ချင်း
ဒေါ်ဟန်နီခင်ကိုစံအိမ်ကနေမောင်းထုတ်ဖို့ချက်ချင်း
အမိန့်ပေးခဲ့တာ..."
ဒီရက်တွေမှာအိမ်မပြန်ဘဲ...ဟိုတယ်မှာပဲနေနေတဲ့
ပါပါးက အလေးထားအရေးပေးခဲ့တဲ့ညီမဖြစ်သူနဲ့
သေခန်းဖြတ်နိုင်ဖို့စိတ်ကိုပြင်ဆင်နေမှန်းစက်ရိပ်မိခဲ့ပါ၏။
"သူဌေး..ဒီတစ်ခေါက်လုပ်ရပ်အတွက်သူတို့သားအမိကို
လုံးဝခွင့်မလွှတ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့ပုံပါပဲ...
အခုဆိုရင်သူတို့ရဲ့ ဘဏ်ကတ်တွေ credit card
တွေကိုလဲအကုန်ပိတ်လိုက်ပြီ...သူဌေးကကျွန်တော့်ကို
ပြောခဲ့ပါတယ်...သူတို့သားအမိနှစ်ယောက်လုံး
မမလေးရှေ့ကိုနောက်တစ်ကြိမ်ပြန်မရောက်လာစေရဘူးတဲ့...."
အန်ကယ်ဂျိုးရဲ့စကားကိုနားထောင်နေရင်းက
စက် သက်ပြင်းလေးခပ်ငွေ့ငွေ့ချလိုက်သည်။
"roseရောအခြေနေဘယ်လိုရှိလဲ...."
"နှင်းဆီသွေးနဲ့မင်းသီဟရဲ့အမူ့ကိုရုံးတင်စစ်ဆေးဖို့
ပြင်ဆင်ပြီးသွားပါပြီ...ပထမဆုံးရုံးချိန်းကနောက်တစ်ပတ်
ဖြစ်ပါလိမ့်မယ်...ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲအန်ကယ်..."
ချက်ချင်းစကားမဆက်နိုင်တဲ့အန်ကယ်ဂျိုးကို
စက် စကားထောက်ပေးလိုက်တော့....
"အကျဉ်းထောင်ထဲမှာနှင်းဆီသွေးရဲ့
စိတ်အခြေနေကပုံမှန်မဟုတ်ဘူးလို့သတင်းရပါတယ်
မမလေး...."
"ဟင်..."
"ဟုတ်တယ်မမလေး...နှင်းဆီသွေးကဒီရက်ပိုင်း
ကောင်းကောင်းမစား၊ကောင်းကောင်းမအိပ်ပဲ
စိတ်ဂယောင်ခြောက်ခြားဖြစ်နေတဲ့လူတစ်ယောက်လိုမျိုး
ဖြစ်နေပါတယ်တဲ့...."
ထင်မထားတဲ့သတင်းကြောင့် စက်တအံ့တဩ
ဖြစ်သွားခဲ့ရပြီးနောက်.....။
~~~~~~~~~~~~~~~~~💕💕💕
"မာမီ...စံအိမ်ကနေထွက်လာရပြီ...rose...."
"ဟင်!!..."
"အခု god flowerက မာမီတို့နဲ့မသက်ဆိုင်တော့ဘူး..."
"ဒါဆို roseကရော...roseကဘယ်လိုလုပ်မလဲ
roseထောင်မကျချင်ဘူးနော်မာမီ...roseဒီထဲမှာ
မနေချင်ဘူး...roseကိုဒီထဲကရအောင်ထုတ်ပေး
ထုတ်ပေးနော်..."
god flowerရဲ့နတ်သမီးနှင်းဆီသွေးပါလို့
ထင်ရက်စရာမရှိတော့အောင် ညိုးချုန်းနွမ်းလျနေတဲ့
အသွင်သဏ္ဌာန်နှင့် မျှော်လင့်တကြီးတောင်းဆိုလာတဲ့
သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ဟန်နီခင် စီးကျလာတဲ့
မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်သုတ်လိုက်သည်။
တစ်ပတ်လုံးလုံးကောင်းကောင်းဖြီးသင်ခဲ့ပုံမရတဲ့
ရွှေရောင်ဆံပင်တိုတွေကဖရိုဖရဲ...ညိုမည်းနေတဲ့
မျက်ကွင်းတို့နဲ့ချောင်ကျနေတဲ့မျက်နှာ...ဒေါ်ဟန်နီခင်အတွက်
ပိုပြီးမြင်ရက်စရာမရှိတာက သမီးဖြစ်သူကိုယ်ပေါ်က
အကျဉ်းသားဝတ်စုံ.....
ရင်နာရပါသည်။သူမအမှန်တစ်ကယ်ရင်နာရပေမဲ့
ခုချိန်မှာသူမလုပ်ပေးနိုင်တာကြီးကြီးမားမားမရှိတော့...
ကိုယ်တိုင်ကပင် စံအိမ်ကနေခေါင်းနဲ့ဆင်းလာခဲ့ပြီ
မဟုတ်ပါလား...??
ဒီတစ်ကြိမ်တော့သူမတို့ရဲ့လုပ်ရပ်တွေအတွက်
နာကျည်းသွားပုံရသည့်အစ်ကိုဖြစ်သူက
သူမဘယ်လိုပဲမျက်ရည်ခံထိုးထိုး...လှည့်မကြည့်ခဲ့ပေ။
"သမီးလေးရယ်...မာမီတောင်းပန်ပါတယ်ကွယ်...
ဟင့်...ဟင့်..."
"မငိုနဲ့...မာမီဘာလို့ငိုနေတာလဲ roseဘာမှမဖြစ်ဘူးလေ
မာမီသာroseကိုဒီနေရာကရအောင်ထုတ်ပေးရင်
roseဘာမှမဖြစ်ဘူး...."
"........."
"roseကိုဒီနေရာကထုတ်ပေးပါနော် rose
ဒီမှာမနေချင်ဘူး...အီး...ဟီး..."
ပြောရင်းရိူက်ကြီးတငင်ငိုချလိုက်ပြီးမှ ချက်ချင်းပင်
မျက်ရည်တွေနဲ့ခေါင်းပြန်မော့လာရင်း မှန်တစ်ချပ်ခြားမှာ
ရှိနေတဲ့မိခင်ဖြစ်သူကို စူးစူးဝါးဝါး ကြည့်လိုက်ပြန်တဲ့
rose.....
"မာမီ roseကိုဒီကမထုတ်ပေးရင် rose
ကိုယ့်ကိုကိုယ်တစ်ခုခုလုပ်ပစ်လိုက်မှာ...."
"အို..ဘာတွေပြောနေတာလဲ...သမီးလေး..."
ဒေါ်ဟန်နီခင်ထိတ်လန့်တကြားထိုင်ရာကနေထရပ်တော့
တစ်ဖက်မှ roseကလည်းဝုန်းခနဲထရပ်၏။
ယောက်ယတ်ခတ်နေတဲ့ဂဏှာမငြိမ်မျက်ဝန်းတွေနဲ့
roseရဲ့ပုံစံကိုကြည့်ပြီး ဒေါ်ဟန်နီခင်မယုံနိုင်သလို
စိုးရိမ်ပူပန်သွားခဲ့ရသည်။
"roseကိုဒီကနေထုတ်ပေး ထုတ်ပေး...
ဝက်ခြံလိုကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့ညစ်ပတ်တဲ့နေရာမှာ
roseမနေနိုင်ဘူး rose god flowerကိုပြန်မယ်
roseကိုအပြင်ရအောင်ထုတ်ပေး....အား..."
"rose သမီးလေး သတိထားဦးလေ rose..."
သောင်းကျန်းအော်ဟစ်နေသောroseကြောင့်
ရဲမေနှစ်ယောက်ထောင်ဝင်စာတွေ့တဲ့အခန်းထဲလှမ်းဝင်
လာပြီး roseကိုချုပ်ကိုင်ခေါ်သွားကြ၏။
"သမီး...rose....သမီးလေး..."
ဒေါ်ဟန်နီခင်ထိုမြင်ကွင်းကိုကြည့်ပြီး ခုံပေါ်မှာပင်
ပြန်မထိုင်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ပုံကျသွားခဲ့ရ၏...
"ငါ့သမီးလေး...ဘုရား...ဘုရား ဘာတွေဖြစ်ကုန်ပြီလဲ....
ငါ့ကြောင့် အီး ဟီး...ငါ့သမီးလေးအခုလိုဖြစ်ရတာငါ့ကြောင့်..."
ကိုယ့်ခေါင်းကိုမညှာမတာထုရိုက်ရင်း ရိူက်ကြီးတငင်
ငိုကြွေးနေခဲ့ပေမဲ့ နောင်တမျက်ရည်တွေကတစ်ကယ့်ကို
အချိန်လွန်ခဲ့ပြီဆိုတာကိုတော့...သေချာသိနေပါတော့သည်။
~~~~~~~~~~~~~~~💕💕💕
"စက္..."
"ဟင်..."
ဝရန်တာမှာရပ်ပြီးအပြင်ဘက်ကိုငေးနေတဲ့စက်
အနားကိုရောက်လာတဲ့ယူရီ့ရဲ့ခေါ်သံကိုကြားမှ
အသိဝင်လာရသည်။
"နင်ဘာတွေစဉ်းစားနေတာလဲ....နင်နေ့လယ်
ဖုန်းပြောပြီးကထဲက ဒီပုံစံဖြစ်သွားတာ
အန်ကယ်ဂျိုးက နင့်ကိုဒေါ်ဟန်နီခင်စံအိမ်ကနေ
မောင်းထုတ်ခံလိုက်ရတဲ့သတင်းအပြင်ဘာထပ်ပြောခဲ့
သေးလို့လဲ..."
"roseအကြောင်းပါ..."
စက် အန်ကယ့်ဆီကကြားခဲ့ရတဲ့roseရဲ့အခြေနေကို
ယူရီ့အားအမှန်တိုင်းပြောပြလိုက်သည်။
"နှင်းဆီသွေးကစိတ်ဂယောင်ခြောက်ခြားဖြစ်ရုံတင်မကဘူး
သွက်သွက်ခါအောင်ပါရူးသွားသင့်တဲ့မိန်းမ...
သူနင့်အပေါ်ဒီလောက်ထိမလိုမုန်းတီးစိတ်တွေနဲ့
တစ်ချိန်လုံးဒုက္ခပေးဖို့ကြံစည်နေတာ...သူ
သွက်သွက်ခါအောင်ရူးသွားရင်တောင် နင်သနားဖို့
မလိုဘူးနော်စက်....နင်စိတ်ကောင်းရှိတာငါသိပေမဲ့
အဲ့ဒီ့စိတ်ကောင်းကို ဒီလိုမိန်းမတွေအတွက်အသုံးချစရာမလိုဘူး..."
"မပူပါနဲ့ဟာ..ငါကအဲ့လောက်စိတ်ဓာတ်ပျော့ညံ့တဲ့လူလား..."
"ဟုတ်တယ် နင်စိတ်မပျော့နဲ့သူတို့ကိုသနားစိတ်ဝင်လာရင်
သူတို့နင့်ကိုဘယ်လို ယုတ်မာကောက်ကျစ်ခဲ့လဲဆိုတာ
သေချာအထပ်ထပ်ပြန်စဉ်းစားဟုတ်ပြီလား....လောကမှာ
အဲ့လိုလူတွေရှိတယ် စေတနာထားဖို့တစ်ကယ့်ကိုမထိုက်တန်တဲ့
လူတွေပေါ့...."
ယူရီ့စကားကြောင့်စက်အသံတိတ်ရယ်လိုက်မိရင်း....
"ငါစဉ်းစားနေတယ်ဆိုတာ သူတို့ကိုခွင့်လွတ်ပေးဖို့
မဟုတ်ဘူး...သူတို့ရဲ့ဖြစ်ရပ်အတွက်ငါ သံဝေဂ
ရမိလို့ပါ...ပြီးတော့ ငါဘယ်လိုပဲစဉ်းစားစဉ်းစား
အခုထိအဖြေမရခဲ့ဘူး...ငါ့ကိုသူတို့သားအမိ
ဒီလောက်ထိမုန်းတီးခဲ့ရအောင် ငါသူတို့အပေါ်
ဘာတွေများလုပ်ခဲ့မိလို့လဲဆိုတာပေါ့..."
"အများကြီးမတွေးပါနဲ့ ဘာပဲဖြစ်ဖြစ်နင်အမှားမလုပ်ခဲ့ဘူး
ဆိုတာငါသိတယ်...လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပဲ
စက်ရဲ့...တစ်ချို့လူတွေရဲ့ကြောက်စရာကောင်းတဲ့
မနာလိုဝန်တိုမူ့က မွေးရာပါဗီဇလိုပဲပါလာကြတာလေ...
ဘယ်လိုချွတ်ချွတ်...ချွတ်လို့မရတဲ့ဗီဇဆိုးတွေပေါ့...."
ယူရီ့ရဲ့စကားကစက်ကို ထပ်ပြီးအတွေးများနဲ့
ငြိမ်ကျသွားစေခဲ့၏။
"ကလောင်!!"
ထိုအချိန်အပေါ်ထပ်အနွေးထည်အင်္ကျီအိတ်ကပ်ထဲ
ထည့်ထားတဲ့ ဖုန်းဆီကမက်ဆေ့ခ်ျဝင်သံကြောင့်
စက် ထုတ်ယူကြည့်လိုက်တဲ့အခါ...demonဆီက
ုဖြစ်နေသည်။
"ဘယ်သူ့ဆီကလဲ...."
"demon..."
,ယူရီ့ကိုပြန်ဖြေလိုက်ရင်း စက် မက်ဆေ့ခ်ျကို
သေချာဖတ်ကြည့်လိုက်တော့....သူပို့ထားတဲ့
စာကြောင်းလေးက....။
"မင်းအဖေက ကျွန်တော့်ကိုသီးသန့်လာတွေ့ဖို့
ချိန်းခဲ့တယ်စက် ကျွန်တော်အခုသူဌေးကိုတွေ့ဖို့
သွားနေတာမို့ မင်းဆီလာဖို့နည်းနည်းနောက်ကျမယ်..."တဲ့
မက်ဆေ့ခ်ျကိုအဆုံးထိဖတ်ပြီး စက်ရဲ့မျက်ခုံးလေး
တစ်ချက်ပင့်သွားခဲ့ရသည်။
"ပါပါးက ရုတ်တရပ်ကြီးသူ့ကိုသီးသန့်တွေ့ဖို့
ခေါ်ရတာလဲ...."
~~~~~~~~~~~~~~~~~~~💕💕💕
"ဒီတစ်ခေါက်မောင်ရင့်ရဲ့စွမ်းဆောင်မူ့ကို
အန်ကယ် တစ်ကယ်အသိအမှတ်မပြုဘဲမနေနိုင်ဘူး
ဒီရက်ပိုင်းမိသားစုပြသာနာလေးတွေရှိနေလို့...မောင်ရင်နဲ့
ခုမှသီးသန့်စကားပြောဖို့စီစဉ်ဖြစ်ခဲ့တယ်..."
"ရပါတယ် အန်ကယ် ကျွန်တော်က
ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတိုင်းစက်ကို
ကာကွယ်ပေးဖို့ကြိုးစားခဲ့တာပါ...ကျန်တဲ့အရာတွေအတွက်
ကျွန်တော့်ကိုချီးကျူးပေးဖို့လည်းမလိုသလို ကျေးဇူးတင်ဖို့လည်း
မလိုပါဘူး...."
စကားပြောပြတ်သားလှတဲ့လူငယ်လေးကိုကြည့်ပြီး
ဦးဘုန်းဝဠာသဘောကျသလိုပြုံးကာ...
စားပွဲပေါ်ကကော်ဖီကိုတစ်ငုံယူသောက်ရင်း
ဆက်ပြီးစကားပြောဖို့အရှိန်ယူလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်မောင်ရင့်ကြောင့်သာမဟုတ်ရင်
god flowerရော သမီးစက်ရောထိခိုက်ရမှာပဲ...
မောင်ရင်ကအမှန်တရားကိုအချိန်တိုအတွင်း
တွေ့အောင်ရှာပြီး ကုမ္ပဏီကိုရောသမီးစက်ကိုပါ
ကာကွယ်ပေးခဲ့တာ...အန်ကယ်မောင်ရင့်ရဲ့
ွစွမ်းဆောင်မူ့ကိုဘယ်လိုမျက်ကွယ်ပြုနိုင်ပါ့မလဲ
အန်ကယ်မောင်ရင့်ကိုစီမံဌာနရဲ့ဌာနမှူးအဖြစ်ရာထူးတိုးပေးဖို့
စီစဉ်ပြီးပြီ..."
ဦးဘုန်းဝဠာ အားတက်သရောပြောလိုက်ပေမဲ့
deကတည်တည်ငြိမ်ငြိမ်နဲ့ပဲခေါင်းယမ်းလိုက်၏။
"ကျွန်တော် god flowerကိုဝင်လာရတဲ့
အဓိကရည်ရွယ်ချက်ကိုအန်ကယ်မေ့သွားပြီနဲ့တူတယ်...
ကျွန်တော် god flowerကိုရောက်လာတာစက်ကြောင့်ပါ
god flowerရဲ့ဘယ်လိုရာထူးကိုမှ ကျွန်တော်
စိတ်မဝင်စားပါဘူး...ပြီးတော့ကျွန်တော်တစ်ကယ်ပဲ
တစ်ခုခုတောင်းဆိုလို့ရတယ်ဆိုရင်...ကျွန်တော်ကို
ပြောခွင့်ပေးပါ..."
"ပြောပါမောင်ရင်..."
"ကျွန်တော်စက်ကိုလိုချင်ပါတယ်..."
ခွင့်ပြုချက်ပေးလိုက်တာနှင့်တွေဝေမနေဘဲ
ရဲရင့်ပြတ်သားစွာတောင်းဆိုလာတဲ့စကား....။
"ကျွန်တော် စက်ကိုလက်ထပ်ပြီးပါရီကိုခေါ်သွားပါရစေ..."
~~~~~~~~~~~~💕💕💕
ဆက်ရန်>>>>>
Writer by
#Hazel