💕 My lovely demon 💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~~
"အန်ကယ်လေး....ညကပြန်မလာဘူးလားမာမီ..."
"ဟုတ်တယ်သမီးလေး...မာမီအစ်ကိုကြီးဆီဖုန်းဆက်တာ
မရလို့...အန်ကယ်ဂျိုးဆီဖုန်းဆက်တော့...အစ်ကိုကြီးက
blue skyကိုတရားစွဲမဲ့ကိစ္စနဲ့ပတ်သတ်ပြီး
အလုပ်တွေများနေလို့...ဒီညပြန်မလာနိုင်ဘူးလို့ပြောတယ်..."
သမီးဖြစ်သူရဲ့အမေးကိုပြန်ဖြေရင်းမျက်ခုံးတန်းတွေ
တွန့်ချိုးသွားခဲ့တဲ့ဒေါ်ဟန်နီခင်....
"ဒါပေမဲ့တစ်ခုခုတော့ထူးဆန်းနေသလိုပဲ..
အစ်ကိုကြီးကဘယ်လောက်အလုပ်များများအိမ်ပြန်မလာတာ
မရှိပါဘူး...."
"အများကြီးမတွေးပါနဲ့ အန်ကယ်လေး
တစ်ကယ်အလုပ်များနေလို့ဖြစ်မှာပေါ့...."
ပေါ့ပေါ့ပါးပါးပြောရင်း roseကတစ်သျူးတစ်ရွက်ကို
ထုတ်ယူလျက် အရောင်တင်ထားတဲ့နူတ်ခမ်းအစုံကို
ခပ်ဖွဖွတို့သုတ်၏။
"သမီးဒီနေ့အပြင်သွားမလို့လား..."
"အင်း shoppingလေ ဝယ်စရာလေး
နည်းနည်းရှိလို့...."
"နောက်ရက်မှသွားပါလား rose..."
"ဘာဖြစ်လို့လဲမာမီရဲ့...."
"ကုမ္ပဏီမှာက ဒီလောက်ကိစ္စကြီးဖြစ်နေတာလေ
သမီးကအေးအေးဆေးဆေးshoppingထွက်ပြနေရင်
သမီးအန်ကယ်လေးတစ်မျိူးမြင်မှာပေါ့...."
"အို..မာမီကလည်း အန်ကယ်လေးကဒီလောက်
အလုပ်များနေတာ roseကိုဂရုစိုက်နိုင်မှာလား...
roseကတော့ဒီနေ့ပဲသွားမှာဘာလို့လဲဆိုတော့
roseဒီနေ့စိတ်အခြေအနေကောင်းနေတယ်လေ...
စက်ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိူးပစ်လိုက်နိုင်လို့...."
မော့မော့လေးပြုံးလျက်ပြောလိုက်တဲ့သမီးဖြစ်သူကိုကြည့်ပြီး
ဒေါ်ဟန်နီခင်ခေါင်းယမ်းလျက်ပြုံးလိုက်စဉ်.....
"မမကြီး...."
ထမင်းစားခန်းထဲကိုအလောတကြီးလှမ်းဝင်လာတဲ့
စံအိမ်ဝန်ထမ်းတစ်ယောက်...
"ဘာကိစ္စလဲ..."
"ဟို. အန်ကယ်ဂျိုးက ရဲတွေခေါ်ပြီးစံအိမ်ကို
ရောက်လာပါတယ်..."
"ဘာ...."
အာမေဋိတ်သံနှင့်အတူ ဒေါ်ဟန်နီခင်တို့သားအမိ
ဝုန်းခနဲထရပ်လိုက်မိတာက တစ်ပြိုင်နက်တည်း....
"သူကဘာကိစ္စနဲ့ ရဲတွေခေါ်ပြီးစံအိမ်ကိုရောက်လာတာလဲ..."
"မမလေးနှင်းဆီသွေးကို လာ.လာရှာတာလို့ပြောပါတယ်..."
"ဟင်...."
ထိုစကားကြောင့်roseမျက်နှာကချက်ချင်းသွေးမရှိသလို
ဖြူဆုတ်သွား၏။ဒေါ်ဟန်နီခင်ခြေလှမ်းကြဲကြီးတွေနှင့်
ထမင်းစားခန်းထဲကနေ ဝန်ထမ်းအမျိူးသမီးနဲ့အတူ
ထမင်းစားခန်းထဲကနေလှမ်းထွက်လာတော့
roseကနေရာမှာရပ်ကျန်နေခဲ့၏....
ဧည့်ခန်းဆောင်ထဲကိုရောက်တော့ အန်ကယ်ဂျိုးနဲ့အတူ
ရဲတွေကိုမြင်လိုက်တော့ ဒေါ်ဟန်နီခင်မျက်နှာပိုပျက်သွားခဲ့သည်။
"ဒါဘာသဘောလဲ အန်ကယ်ဂျိုး..အစ်ကိုကြီးမရှိတဲ့
အချိန်မှာရဲတွေကိုခေါ်ပြီး god flowerကိုဘာလာ
လုပ်တာလဲ...ကျွန်မသမီးကိုလာရှာတယ်ဆိုတာကရော
ဘာစကားလဲ...."
"ကျွန်တော်က သူဌေးအမိန့်နဲ့လုပ်နေတာပါမမကြီး..."
"ဘာ..."
"မမလေးနှင်းဆီသွေးကို ဒီဇိုင်းပေါက်ကြားမူ့အတွက်
ကြံရာပါအဖြစ်စစ်ဆေးဖို့လာခေါ်တာပါ..."
"ဟင်!!"
အာမေဋိတ်သံခပ်ကျယ်ကျယ်က အနောက်မှရောက်လာပြီ
ဖြစ်တဲ့roseဆီကဖြစ်လျက်..ဒေါ်ဟန်နီခင်သမီး
ဖြစ်သူကိုအထိတ်တလန့်လှည့်ကြည့်ပြီး တဖန်အရှေ့က
လူတွေကိုပြန်ကြည့်လိုက်တာက ခြောက်ခြောက်ချားချား....
"ရှင် ဘာတွေပြောနေတာလဲ ကျွန်မသမီးက
ဘာအဖြစ်လုပ်ထားလို့ ရဲစခန်းမှာစစ်ဆေးခံရမှာလား..."
"မင်းသီဟကဝန်ခံပြီးပါပြီ ဒီပြသာနာမှာမမလေး
နှင်းဆီသွေားပါဝင်ပတ်သတ်နေတဲ့အကြောင်း...."
"မဟုတ်တာ..."
"အို..မဟုတ်ဘူး..."
သားအမိနှစ်ယောက်တစ်ပြိုင်နက်ငြင်းချက်ထုတ်ရင်း
နှင်းဆီသွေးက ဒေါ်ဟန်နီခင်ရဲ့လက်မောင်းကို
အားကိုးတကြီးဆုပ်ကိုင်လိုက်သည်။
အန်ကယ်ဂျိူးကထိုမြင်ကွင်းကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း
"မဟုတ်ဘူး ဟုတ်တယ်ဆိုတာ စစ်ဆေးကြည့်ရင်
အဖြေပေါ်မှာပဲမဟုတ်လား...အရာရှိတို့
သူ့ကိုခေါ်သွားလို့ရပါပြီ...."
အန်ကယ်ဂျိုးရဲ့စကားဆုံးတာနှင့် အရပ်ဝတ်နဲ့ရဲအုပ်နှင့်
ယူနီဖောင်းနဲ့ရဲတစ်ယောက်က နှင်းဆီသွေးကို
တစ်ဖက်တစ်ချက်ဆီချုပ်ကိုင်ဆွဲခေါ်သွားကြ၏...။
"မာမီ..roseကိုကယ်ပါဦး မာမီ...."
"မဟုတ်ဘူး...ကျွန်မသမီးလေးကိုခေါ်မသွားကြပါနဲ့
သမီးလေး rose....သ.မီး.."
ရဲတွေလက်ထဲရုန်းရင်းကန်ရင်းပါသွားတဲ့roရဲ့အဖြစ်ကို
ကြည့်ရင်းအော်ဟစ်နေလျက်က ဒေါ်ဟန်နီခင်နေရာမှာတင်
ခွေကနဲလဲကျသွားခဲ့လေတော့၏။
~~~~~~~~~~~~~~~~~💕💕💕
"ပါပါးတောင်းပန်ပါတယ်ကွယ်....ဟန်နီတို့သားအမိ
သမီးအပေါ်ဒီလောက်ထိ ယုတ်မာကောက်ကျစ်ကြလိမ့်မယ်လို့
ပါပါးမထင်ခဲ့မိဘူး....ပါပါးကတစ်ကယ့်ကိုမြွေပွေး
ခါးပိုက်,ပိုက်မိတာ....ပါပါးရဲ့အမှားတွေကြောင့်
သမီးလေးဒီလောက်ထိဒုက္ခခံခဲ့ရတာ..ပါပါးဘယ်လိုဖြေရမလဲ
ပါပါးကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်ဘူး.."
စကားအဆုံးဆိုဖာပေါ်မှာထိုင်နေရင်းကခေါင်းငိုက်စိုက်ကျ
သွားတဲ့ပါပါးကိုကြည့်ရင်း စက်ပါပါးဘေးမှာဝင်ထိုင်လိုက်ရင်း
လက်မောင်းတစ်ဖက်ကိုနှစ်သိမ့်သလိုဆုပ်ကိုင်လိုက်တော့
ပါပါးက ခေါင်းပြန်မော့လာပြီးစက်ကိုတောင်းပန်တိုးလျိုးသလို
ကြည့်သည်။
"ပြီးခဲ့တဲ့ကိစ္စတွေအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်
မနေပါနဲ့နော်..."
"ဘာလို့အဲ့ဒီ့အကြောင်းတွေကို ပါပါးကိုတစ်ခါလေးတောင်
ထုတ်မပြောခဲ့ရတာလဲ....roseသာဒီတစ်ခေါက်
သမီးကိုထပ်ပြီးချောက်ချဖို့မကြိုးစားခဲ့ရင်း သမီး
ဒီအကြောင်းတွေကိုဘယ်အချိန်ထိဖုန်းကွယ်ထားဦးမှာလဲ..."
"လွန်ခဲ့တဲ့၂နှစ်က အန်တီဟန်နီနဲ့roseရဲ့လုပ်ရပ်တွေကို
စက်ထုတ်မပြောနိုင်ခဲ့တာပါပါးကြောင့်ပါ..."
"သမီးလေးရယ်....."
မချိတင်ကဲရေရွတ်ရင်း ပါပါးကစက်ကိုပွေ့ဖက်လိုက်သည်။
"ပါပါးခွင့်မလွှတ်ဘူး....ပါပါးသူတို့ရဲ့လုပ်ရပ်တွေကို
လုံးဝခွင့်မလွတ်ဘူး...."
အံကြိတ်သံနဲ့ပြောလာတဲ့ပါပါးရဲ့စကားက
စိတ်ပိုင်းဖြတ်ထားပြီးမှန်းသိသာစေ၏...။
ထိုစဉ်....
"ကျွီ..."
ပါပါးရဲ့ရုံးခန်းတံခါးကဖျတ်ခနဲပွင့်သွားခဲ့ပြီး...
"အစ်ကိုကြီးဘယ်မှာလဲ...အစ်ကိုကြီး..."
"မမကြီးအဲ့လိုမလုပ်ပါနဲ့ သူဌေးက..."
ရုံးခန်းထဲကိုဝရုန်းသုန်းကားလှမ်းဝင်လာတဲ့ဒေါ်ဟန်နီခင်နဲ့
သူမကိုလိုက်လံတားမြစ်ဖို့ကြိုးစားနေတဲ့ အတွင်းရေးမှူးဌာနက
ဝန်ထမ်းတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါ
ပါပါးရောစက်ပါ..ထိုင်ရာကနေထရပ်လိုက်ကြသည်။
ထိုအခါ..စက်တို့ကိုမြင်သွားတဲ့ဒေါ်ဟန်နီခင်က
အနားကိုအပြေးတစ်ပိုင်းလှမ်းလာခဲ့ပြီး...
"အစ်ကိုကြီး..."
ပါပါးရှေ့မှာဒူးပစ်ထောက်လျက် ပါပါးခြေအစုံကို
ဆုပ်ကိုင်လိုက်ရင်း
"rose.roseကိုကယ်ပါဦးအစ်ကိုကြီးရယ်
ဟန်နီ့သမီးလေးကိုကယ်ပါဦး roseကို
ရဲတွေခေါ်သွားကြပြီ....အီး..ဟီး..."
စက် ထိုမြင်ကွင်းကိုမျက်နှာလွှဲလျက်ဝန်ထမ်းမိန်းကလေးကို
ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
ဆံပင်ဖရိုဖရဲနှင့်ဒေါ်ဟန်နီခင်ရဲ့ပုံစံက ငိုထားတဲ့
မျက်ရည်တွေကြောင့်အိုင်းလိုင်နာတွေကပျက်နေပြီး
ဝတ်ထားတဲ့အဖိုးတန်ပစ္စည်းတွေနဲ့အဝတ်အစားတွေနဲ့သာ
မဟုတ်ရင်...စိတ်မနှံ့တဲ့မိန်းမတစ်ယောက်နှင့်
တူနေမှာမလွဲပေ....။
"roseရဲ့အပြစ်ကလုံးဝခွင့်လွှတ်ပေးလို့မရဘူးဟန်နီ..
roseတင်မဟုတ်ဘူး...ကိုယ့်သမီးကိုယ်ထိန်းဖို့
မကြိုးစားဘဲ...အမြဲတမ်းနောက်ကနေမြှောက်ထိုး
ပင့်ကော်လုပ်ခဲ့တဲ့နင့်ရဲ့အပြစ်ကိုလည်းခွင့်လွှတ်ပေးလို့
မရဘူး...."
"အ.အကိုကြီး...."
"နင်တို့သားအမိအပေါ်ဒီလောက်ထိကောင်းခဲ့တဲ့
ငါဘယ်လိုသဘောထားပြီးမျက်နှာသာပေးခဲ့လဲ..
ဒါတောင်များဘာလို့ငါ့သမီးအပေါ်ဒီလိုလုပ်ရက်ရတာလဲ
စက်က. စက်ကရောနင်တို့နဲ့သွေးသားတော်စပ်တာပဲ
မဟုတ်ဘူးလား...."
"မှားပါတယ်..အစ်ကိုကြီးရယ် ဟန်နီမှားပါတယ်
ဟန်နီ့ကိုကြိုက်သလိုအပြစ်ပေးပါ..roseလေး ဟင့်
ဟန်နီ့ရဲ့သမီးလေးကိုတော့ခွင့်လွတ်ပေးပါ...
ဟင့်...ဟီး...စက် "
နူတ်ဖျားကတောင်းပန်စကားတွေနဲ့ငိုရိူက်ရင်း
ပါပါးရဲ့ခြေထောက်တွေကိုဖြေလွှတ်လိုက်တဲ့
ဒေါ်ဟန်နီခင်ရဲ့လက်တွေကစက်ရဲ့ခြေအစုံကို
ထိကိုင်လာခဲ့ပြန်၏။
"အန်တီတောင်းပါတယ်စက်ရယ် အန်တီမှားပါတယ်
အန်တီ့ကိုကြိုက်သလိုအပြစ်ပေးပါ...rose,ကိုတော့
ထောင်ထဲမထည့်ပါနဲ့...."
"ရင်ထဲကမပါတဲ့တောင်းပန်စကားတွေကို
ထပ်တလဲလဲပြောမနေပါနဲ့အန်တီ....ကိုယ့်သားသမီးမှ
လူထင်တဲ့ အန်တီရဲ့စိတ်နဲ့ ကိုယ့်အမှားကိုယ် ဒီလောက်
မြန်မြန်မြင်သွားတာလား.....အန်တီတို့သာ
အဲ့လောက်အသိတရားရှိခဲ့ရင် ဒီနေ့လိုအချိန်မျိုး
ရှိလာမှာမဟုတ်ဘူး..."
စက်ရဲ့စကားကြောင့် ရိူက်သံတွေနဲ့ဒေါ်ဟန်နီခင်က
မျက်ရည်လည်ရွဲမော့ကြည့်လာသည်။
ထိုအချိန် ခုနကထွက်သွားတဲ့ဝန်ထမ်းမိန်းကလေးက
လုံခြုံရေးတစ်ချို့ကိုခေါ်ပြီးရုံးခန်းထဲပြန်ဝင်လာခဲ့၏။
"သူ့ကိုဆွဲထုတ်သွားလိုက်...."
ပါပါးရဲ့ပြတ်သားလှတဲ့အမိန့်သံအဆုံး
လုံခြုံရေးနှစ်ယောက်ကဒေါ်ဟန်နီခင်ကိုဆွဲထူမလိုက်ကြ၏..
"အစ်ကိုကြီး ..."
ညီမဖြစ်သူရဲ့အသနားခံတောင်းပန်သံကိုလျစ်လျူရူ့ပြီး
ဦးဘုန်းဝဠာကျောခိုင်းလိုက်တဲ့အခါ....လုံခြုံရေးတွေက
တောင်းပန်စကားသံတွေနဲ့ရုန်းကန်နေတဲ့ဒေါ်ဟန်နီခင့်ကို
ရုံးခန်းထဲကဆွဲထုတ်သွားခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~💕💕💕
"ကျွန်မမလုပ်ခဲ့ဘူး...မလုပ်ခဲ့ပါဘူးလို့
ဘယ်နှစ်ခါပြောရမလဲ...မင်းသီဟသူက
ကျွန်မကိုကြိုက်နေတာ...သူကျွန်မကို propose
လုပ်တာကိုငြင်းခဲ့ဖူးလို့ ..သူ့ပြသာထဲ ကျွန်မကို
ဆွဲထည့်ပြီးကလဲ့စားချေဖို့ကြိုးစားနေတာလို့...."
"ဒီထက်ကောင်းတဲ့အကြောင်းပြချက်ပေးလို့မရဘူးလား
မင်းရဲ့ဆင်ခြေကအရမ်းကိုကလေးကလားနိုင်နေတယ်...."
အမူ့စစ်ထဲမှာရဲအရာရှိတစ်ယောက်နဲ့မျက်နှာချင်းဆိုင်
စားပွဲတစ်လုံးခြားပြီးစစ်မေးခံနေရတဲ့ rose....
ရုတ်တရပ် အခြေနေကြီးမှာကြောက်ရွံ့သွေးပျက်သွားခဲ့ရတာ
မှန်ပေမဲ့...ယခုချိန်မှာတော့ ကိုယ့်ကိုကိုယ်
အစွမ်းကုန်ကာကွယ်ဖို့ကြိုးစားနေခဲ့ရပြီဖြစ်သည်။
"ကျွန်မအမှန်တွေပဲပြောနေတာကျွန်မ,မလိမ်ဘူး
ကျွန်မကgod flowerရဲ့သမီးပါ...ကျွန်မကဘာလို့
ကိုယ့်ရဲ့ကုမ္ပဏီကိုထိခိုက်အောင်လုပ်ရမှာလဲ...ကျွန်မက
အပြစ်ကင်းတယ်...မင်းသီဟကသာ
ကျွန်မကို ချောက်ချဖို့ကြိုးစားနေတာ...."
"ကောင်းပါပြီမင်းပြောသလိုဆိုရင်...မင်းသီဟက
သူချစ်ခွင့်ပန်တာကိုမင်းကငြင်းခဲ့ဖူးလို့ မင်းကို
အငြိုးထားပြီးချောက်ချခဲ့တာဆိုရင်..မင်းနဲ့သူနဲ့
ဆက်ဆံရေးကတစ်ကယ့်ကိုဆိုးရွားမှာပဲ အသေအချာပေါ့..."
roseရဲ့စကားကြောင့်ရဲအရာရှိကပြုံးကာ
အရှေ့စားပွဲပေါ်ရှိlaptopမှာအနည်းငယ်အာရုံစိုက်လိုက်ပြီး..
"ဒါဆို..ဒီပုံတွေကဘယ်လိုအဓိပ္ပါယ်လဲဆိုတာ
ကျွန်တော့်ကိုရှင်းပြပါဦး...."
ပြောရင်း laptopကို roseဘက်လှည့်ပေးလိုက်တဲ့
ရဲအရာရှိ....
"ဟင်..."
Laptopစက္ကရင်မှာပေါ်နေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး
roseမျက်နှာဂယောင်ချောက်ခြားဖြစ်သွားခဲ့ရ၏...။
ဓာတ်ပုံတွေ..သူမနဲ့မင်းသီဟလက်ချင်းတွဲပြီး
စားသောက်ဆိုင်ထဲကနေရယ်ရယ်မောမောနဲ့
ထွက်လာတဲ့ပုံတွေ....။
"မင်းပြောသလိုမင်းနဲ့မင်းသီဟရဲ့ဆက်ဆံရေးက
မကောင်းဘူးဆိုရင်...ဒီပြုံးပြုံးရယ်ရယ်နဲ့လက်ချင်းတွဲထားတဲ့
အခြေအနေကိုရောဘယ်လိုရှင်းပြမှာလဲ.....ပြီးတော့
မင်းသီဟရဲ့လက်ကိုင်ဖုန်းကိုကျွန်တော်တို့သိမ်းဆည်းထားတယ်
အဲ့ဒီမှာ..သူထွက်ပြေးဖို့လေဆိပ်ကိုသွားတဲ့အချိန်
သူ့ရဲ့ဖုန်းကိုနောက်ဆုံးခေါ်ခဲ့တာမင်းပဲ...အဲ့ဒါကိုရော
မင်းထပ်ပြီးဘယ်လိုရှင်းပြမှာလဲ..."
"အဲ့.အဲ့ဒါက..."
"ဘုန္း!!"
roseရှင်းပြစရာစကားလုံးတွေကင်းမဲ့သွားချိန်
စားပွဲကိုလက်နှင့်ခပ်ကြမ်းကြမ်းထုလိုက်ရင်း ဝုန်းခနဲ
ထရပ်လိုက်တဲ့ရဲအရာရှိကြောင့် လူတစ်ကိုယ်လုံး
တုန်တက်သွားခဲ့ရသည်။
"မင်းရောက်နေတာအမူ့စစ်ခန်းနော်...မင်းထပ်ပြီး
လိမ်ညာဖို့မကြိုးစားနဲ့အမူ့ပိုကြီးသွားမယ်...."
"ကျွန်မ,မဟုတ်ဘူး..."
"က်စ္..."
roseလက်သီးကိုတင်းတင်းဆုပ်ကာ...စိတ်ကိုတင်းပစ်ပြီး
ငြင်းဆန်လိုက်တော့ရဲအရာရှိကစိတ်ပျက်သွားသလို
စိတ်ပျက်မျက်နှာလွှဲသွား၏။
"ကျွန်မလုပ်ခဲ့တာမဟုတ်လို့ကျွန်မဝန်မခံနိုင်ဘူး...
တစ်ကယ်လို့ကျွန်မကိုစွပ်စွဲချင်ရင် သက်သေပြပါ...."
~~~~~~~~~~~~~~
အမူ့စစ်ခန်းထဲကအဖြစ်အပျက်ကိုအပြင်ဘက်ကနေ
ကွန်ပြူတာနှင့်ကြည့်နေကြရင်း လက်ထိပ်တန်းလန်းနှင့်
မင်းသီဟကို deနဲ့ကိုးလ်ငဲ့ကြည့်လိုက်တဲ့အခါ...
မင်းသီဟရဲ့မျက်ဝန်းတွေက စက္ကရင်ထက်ကပုံရိပ်တွေမှာ
စူးစိုက်နေရင်း နူတ်ခမ်းအစုံကနာနာကျင်ကျင်မဲ့ပြုံးနေတာကို
မြင်လိုက်ရလေတော့၏
ထို့နောက် သူက deတို့ဘက်ကိုလှည့်လာပြီး
တောင်းဆိုလိုက်တာက....
"ကျွန်တော်အထဲကိုခဏဝင်သွားလို့ရမလား...."??
~~~~~~~~~~~~~~~~~
"ဒီဓာတ်ပုံတွေလောက်နဲ့ အရူးလိုမျိုးကျွန်မက
ကိုယ်မလုပ်ခဲ့တာကိုဝန်ခံစရာလား...ကျွန်မအရူးမဟုတ်ဘူး
ကျွန်မကိုစွပ်စွဲချင်ရင်...မင်းသီဟကိုကျွန်မကခိုင်းခဲ့တယ်
ဆိုတဲ့ သက်သေကိုရှာလာခဲ့ပါ...."
"မင်းပြောတဲ့အဲ့ဒီ့သက်သေ ငါ့ဆီမှာရှိတယ်ဆိုရင်ရော
rose..."
"ဟင်..."
ရင်းနှီးနေတဲ့အသံကရဲအရာရှိဆီကမဟုတ်ဘဲ
ကျောဘက်ဆီကမို့ rose,အနောက်ကိုချာခနဲလှည့်ကြည့်
လိုက်တဲ့အခါ လက်ထပ်တန်းလန်းနဲ့အမူ့စစ်ခန်းထဲကို
ဝင်လာတဲ့မင်းသီဟကိုမြင်လိုက်သည်။
roseချက်ချင်းပဲထိုင်ရာကနေထရပ်လိုက်မိ၏။
တစ်ညလုံးမအိပ်မနေစစ်မေးခံထားရပုံရသည့်
ခပ်နွမ်းနွမ်းပုံစံနှင့်မင်းသီဟကတော့ roseနားကို
တစ်လှမ်းခြင်းလျောက်လာပြီး အရှေ့မှာခြေစုံရပ်လိုက်သည်။
"မင်းကအဆုံးထိ ငါ့ကိုချနင်းဖို့အပြင်ဘာမှမစဉ်းစားခဲ့ဘူးပဲ
မင်းကတစ်ကယ်ကြောက်စရာကောင်းတယ်..."
"ရှင်.ရှင်ဘာတွေပြောနေတာလဲ...."
"ငါဘာတွေပြောနေလဲဆိုတာမင်းသိပါတယ်....
မင်းမှတ်မိလား...သံသရာစက်ကိုနောက်တစ်ကြိမ်
ချောက်ချဖို့ serbian phoenixဒီဇိုင်းကို
ပြိုင်ဘက်ကုမ္ပဏီဆီရောင်းဖို့ မင်းငါ့ကိုစည်းရုံးခဲ့တာ
ဘယ်အချိန်၊ဘယ်နေရာ၊ဘယ်လိုအခြေနေမှာလဲ..."
မင်းသီဟရဲ့စကားကြောင့်roseမျက်နှာချက်ချင်းပဲ
ရဲတက်သွားခဲ့၏။
"မင်းမှတ်မိမှာပါနော်...."
သတိပေးသလိုထပ်ဆိုရင်း မင်းသီဟက
ရဲအရာရှိဘက်လှည့်လိုက်သည်။
"အဲ့ဒီ့ညကကျွန်တော်တို့ပထမဆုံးအတူနေခဲ့ကြတာပါ...
တစ်ခြားဘာရည်ရွယ်ချက်မှမပါပေမဲ့...ကျွန်တော်တို့ကြားက
ပထမဆုံးအမှတ်တရအနေနဲ့ အဲ့ဒီချစ်တင်းနှောတဲ့
videoကိုကျွန်တော်သူမသိအောင်ခိုးရိုက်ထားခဲ့ပါတယ်..."
"ဘာ.ဘာပြောတယ်နင်.နင်လူယုတ်မာ..."
roseချက်ချင်းပင်ဒေါသတကြီးဖြစ်သွားရင်း
မင်းသီဟကိုထုရိုက်ဖို့ကြိုးစားလိုက်တာမို့
ရဲအရာရှိက သူမနားကိုတိုးကပ်သွားပြီးဟန့်တားလိုက်၏။
မင်းသီဟသူ့ကိုစူစူးဝါးဝါးကြည့်နေတဲ့roseကို
တန်ပြန်စူးစိုက်ကြည့်လိုက်ပြီး....။
"ငါကလူယုတ်မာဆို...မင်းကမိန်းမယုတ်ပဲrose...
ငါအဲ့ဒီ့videoကိုမင်းမသိအောင်ရိုက်ခဲ့တာမှန်ပေမဲ့
မင်းအပေါ်မကောင်းကြံချင်တဲ့စိတ်လုံးဝမရှိတာ
ငါကျိန်ရဲတယ်...မင်းအိပ်ရာပေါ်ကငါ့ရင်ခွင်ထဲမှာ
အနားယူနေပြီး သံသရာစက်ရဲ့ serbian phoenix
လည်ဆွဲဒီဇိုင်းနဲ့ပတ်သတ်တဲ့မင်းရဲ့အကြံအစည်ကို
ပြောပြခဲ့တာလေ...မင်းမေ့နေပြီလား...."
"မပြောနဲ့...အား...ဆက်မပြောနဲ့...."
roseစူးစူးဝါးဝါးအော်ဟစ်ပြီးရဲအရာရှိလက်ထဲက
ရုန်းထွက်ဖို့ကြိုးစားနေသည်။
"ငါမင်းကိုတစ်ကယ်ချစ်ခဲ့တာ..အဲ့ဒါကြောင့်လည်း
နောက်ဆုံးအချိန်ထိအပြစ်တွေအားလုံးကို
ငါတစ်ယောက်ထဲခံယူပြီး မင်းကိုကာကွယ်ပေးဖို့
ကြိုးစားခဲ့တာ...ဒါပေမဲ့မင်းကတော့...ငါ့ကိုနွားတစ်ကောင်လိုပဲ
သတ်မှတ်တယ်..ငါ့ရဲ့ခံစားချက်တွေကိုပြက်ရယ်ပြုပြီး
ငါ့ကိုအသုံးချခဲ့တယ်....ငါဒီထက်ပိုပြီးမင်းကို
သည်းမခံနိုင်တော့ဘူး မင်းလည်းပဲငါ့လို
ထိုက်တန်တဲ့အပြစ်ဒဏ်ကိုခံယူစေရမယ်...."
"..........."
"အခုမင်းပြော..မင်းကိုယ်တိုင်မင်းလုပ်ခဲ့တဲ့အပြစ်တွေကို
ဝန်ခံမလား...ဒါမှမဟုတ်..ငါအဲ့ဒီ့videoကိုသက်သေအဖြစ်
တင်သွင်းပြီးမင်းရဲ့အပြစ်တွေကိုသက်သေပြရမလား..."
roseဘာမှထပ်မပြောနိုင်တော့ဘဲအောက်နူတ်ခမ်းကိုသာ
ပြတ်ထွက်လုမတတ်ဖိကိုက်သည်။
"ဘယ်သူ့ကိုမှအပြစ်မတင်နဲ့ roseမင်းကိုဒီနေ့
ဒီအခြေအနေထိရောက်စေခဲ့တာ သံသရာစက်အပေါ်
ထားတဲ့ မင်းရဲ့မနာလိုစိတ်တွေပဲ...."
~~~~~~~~~~~~~~~~~💕💕💕
ဆက်ရန်>>>>
Writer by
#Hazel