book

Index 23

အပိုင်း(၂၃)

💕 My lovely demon 💕

                              ``အချစ်နတ်ဆိုးလေး´´

~~~~~~~~


"ကျွန်တော်အန်ကယ့်ကိုပြောစရာတစ်ခုကျန်နေပါသေးတယ်

စက်ကိုယ်တိုင်ပြောမထွက်လောက်ဘူးထင်လို့ပါ..."


"ဘာများလဲ...."


သိလိုစိတ်ဖြင့်မေးလာတဲ့ဦးဘုန်းဝဠာအား

de ကုတ်အင်္ကျီအိတ်ကပ်ထဲအသင့်ထည့်ယူလာတဲ့

ဓာတ်ပုံတစ်ချို့အားထုတ်ပြလိုက်တဲ့အခါ.....


"ဟင်...."


ဓာတ်ပုံတွေကိုကြည့်ရင်း ဦးဘုန်းဝဠာရဲ့

မျက်နှာကသိသိသာသာပျက်ယွင်းသွားခဲ့ရင်း....


"ဒါက...."


"ဟုတ်တယ် အန်ကယ် ဒီပြသာနာမှာ 

မင်းသီဟနဲ့အတူပူးပေါင်းကြံစည်ပြီး

စက်ကိုချောက်ချခဲ့တဲ့သူက....နှင်းဆီသွေးပါ...."


"ဘယ်လို....."


ထင်မှတ်မထားတဲ့စကားကြောင့်ဖြစ်မည်ထင်သည်

တအံ့တဩဖြစ်သွားတဲ့ဦးဘုန်းဝဠာရဲ့ပုံစံက

deမှန်းထားတဲ့အတိုင်းပင်။ဘေးမှာရပ်နေတဲ့

အန်ကယ်ဂျိုးဇက်မှာလည်းထိုအတိုင်းပင်။


"ဘယ်လိုဖြစ်ရတာလဲ..ဘယ်လိုဖြစ်ပြီး

roseကဒီကိစ္စမှာ....."


"အန်ကယ်ယုံဖို့ခက်ခဲနေမယ်ဆိုတာ ကျွန်တော်သိပါတယ်

ဒါပေမဲ့အမှန်ပါပဲ...ဒီကိစ္စမှာနှင်းဆီသွေးဘယ်လိုပါဝင်

ပတ်သတ်နေလည်းဆိုတာကိုတော့ မင်းသီဟကို

စစ်မေးပြီးတဲ့အခါ...ကျွန်တော်တို့သိရမှာပါ...."


deရဲ့စကားအဆုံး လူသုံးယောက်ရှိနေတဲ့ရုံးခန်းကျယ်ကြီးက

အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်

သွားခဲ့လေတော့သည်။


~~~~~~~~~~~~~~~~~🌺🌺🌺


"ဘယ်လိုလုပ်ကြမလဲ rose...မာမီတို့ဘယ်လိုလုပ်ကြမလဲ

မင်းသီဟ...အဲ့ဒီကောင်ကိုမိသွားပြီ သူက

ဒီကိစ္စမှာသမီးပါ,ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့အကြောင်း

ဖော်လိုက်ရင် မာမီတို့အားလုံးသွားပြီ....."


"သူလုပ်မှာမဟုတ်ဘူး...."


အခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်လျက်

ဆောက်တည်ရာမဲ့ ဂဏှာမငြိမ်ဖြစ်နေရင်း

ဒေါ်ဟန်နီခင်မေးလိုက်တာကို အိပ်ရာပေါ်မှာ

ငေးစီစီမျက်ဝန်းတွေနဲ့ငြိမ်သက်စွာထိုင်နေခဲ့တဲ့roseက

အေးစက်စက်ဖြေ၏။


ဒေါ်ဟန်နီခင် roseကိုဖျတ်ခနဲငဲ့ကြည့်လိုက်သည်။


"ကိုမင်း...သူroseကိုပြောခဲ့ပြီးသား

ဘာတွေပဲဖြစ်လာဖြစ်လာ...နောက်ဆုံးအချိန်ထိ

roseကို ကာကွယ်ပေးပါ့မယ်လို့လေ...."


"သူ့စကားကိုမာမီတို့ဘယ်လိုယုံလို့ရမှာလဲ

လူ့စိတ်ဆိုတာအချိန်မရွေးပြောင်းလဲနေတာrose...

အကြပ်အတည်းအခက်အခဲရောက်နေတဲ့အချိန်ဆိုပိုပြီး

ပြောင်းလဲတတ်တယ်...တစ်ကယ်လို့သူက သူ့ရဲ့အပြစ်တွေ

လျော့ပေါ့ကိုသမီးကိုပါ ပြသာနာထဲဆွဲထည့်ခဲ့ရင်

ဘယ်လိုလုပ်မလဲ...."


".............."


"စက်...သူကမာမီတို့ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး

မင်းသီဟသာနူတ်မလုံခဲ့လို့ မာမီနဲ့သမီးရဲ့လုပ်ရပ်တွေကိုသာ

အစ်ကိုဘုန်းဝဠာသိသွားရင်...မာမီတို့တစ်ကယ်အဆုံးသတ်ပြီ..."


"မဟုတ်ဘူး...."


ခပ်စူးစူးအော်ရင်း...roseထိုင်ရာကနေဝုန်းခနဲ

ထရပ်သည်။


"roseဘယ်တော့မှအဆုံးမသတ်ဘူး

roseစက်ကိုအရူံးမပေးဘူး...မပေးဘူး...."


"rose...."


နားနှစ်ဖက်ကိုခပ်တင်းတင်းပိတ်ကာစူးစူးဝါဝါးအော်ပြောရင်း

အိပ်ခန်းထဲကနေအပြေးတစ်ပိုင်းလှမ်းထွက်သွားတဲ့

roseရဲ့နောက် ဒေါ်ဟန်နီခင်ရဲ့ခေါ်သံကသာ

စိုးရိမ်တကြီးကပ်ပါသွားခဲ့တော့၏။


~~~~~~~~~~~~~~~~~~~💕💕💕


"ကျွန်တော်တို့စိတ်ပူနေသလိုတော့ ဖြစ်လာပြီစက်

မင်းသီဟ...သူကအပြစ်တွေအားလုံးကို

သူတစ်ယောက်ထဲခံယူဖို့ကြိုးစားနေတယ်...."


"ဘယ်လိုဖြစ်ရတာလဲ...."


"ကျွန်တော်အခုပဲ အန်ကယ်ဂျိုးဇက်နဲ့စခန်းကနေ

ပြန်လာတာ.....မင်းသီဟက ငွေကြောင့်လောဘတက်ပြီး

serbian phoenixဒီဇိုင်းကိုပြိုင်ဘက်ကုမ္ပဏီဆီ

ရောင်းချခဲ့တယ်ဆိုတာကိုလွယ်လွယ်ဝန်ခံခဲ့ပေမဲ့....

နှင်းဆီသွေးရဲ့နာမည်ကိုတစ်ချက်တောင်မဟခဲ့ဘူး...."


"ငါတို့ကြိုတွေးထားသလိုပဲ မင်းသီဟက

roseကိုကာကွယ်ဖို့ကြိုးစားနေတာပဲ..roseအပေါ်

မင်းသီဟရဲ့ခံစားချက်တွေကငါတို့တွေးထားတာထက်

ပိုပြီးလေးနက်နေတယ်ထင်တယ်....ဒါပေမဲ့

roseကိုအသုံးချရုံသက်သက်ပဲဆိုတာ သူမသိနိုင်ခဲ့ဘူး...."


"ကျွန်တော်တို့အခု နောက်ထပ်နည်းလမ်းတစ်ခုနဲ့

ဆက်သွားကြမလား...."


ဖုန်းထဲကသူ့စကားကြောင့် စက် ဇဝေဇဝါလေး

ဖြစ်သွားရသည်။


"နောက်ထပ်နည်းလမ်းတစ်ခု...."


"အင်း....ကျွန်တော်အခုမင်းဆီလာခဲ့မယ်

မင်းအခုတိုက်ခန်းမှာပဲမဟုတ်လား..."


"ဟုတ်တယ်...."


"Ok...ကျွန်တော့်ကိုခဏစောင့်နေနော်...."


deဖုန်းကိုချလိုက်ပြီး ကားမောင်းနေတဲ့ 

အန်ကယ်ဂျိူးဇက်ကိုလှည့်ကြည့်လိုက်သည်။


"အန်ကယ်..ကျွန်တော့်ကိုစက်ရဲ့တိုက်ခန်းကိုပဲ

ပို့ပေးပါ...."


deရဲ့တောင်းဆိုမူ့ကို အန်ကယ်ဂျိုးကပြုံးပြီး

ခေါင်းငြိမ့်ပြကာ...ကားကိုဦးတည်ရာပြောင်းလိုက်

လေတော့သည်။


~~~~~~~~~~~~~~~~~~~💕💕💕


"အဲ့ဒီ့နှင်းဆီသွေးကတစ်ကယ်မလွယ်တာဘဲ

သူမင်းသီဟကိုဘယ်လိုနည်းလမ်းတွေနဲ့များစည်းရုံးထားလို့

ဒီအခြေနေထိရောက်နေတာတောင်မင်းသီဟက

သူ့ကိုကာကွယ်ပေးနေရသေးတာလဲ.....တောက် "


မကျေမနပ်မှတ်ချက်ပေးလာရင်း တက်,တစ်ချက်ကို

ခပ်ပြင်းပြင်းခေါက်လိုက်သူက စက်နဲ့သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ

ထိုင်နေတဲ့ ယူရီ့်ဆီကဖြစ်သည်။


"စက်..နင့်ရဲ့အဓိကရန်သူကသူပဲနော်

နင်သူ့ကိုဒီအခွင့်အရေးမှာကျိမ်းသေအဆုံးသတ်ပေးမှ

ဖြစ်မှာ...သူတစ်ယောက်ထဲမဟုတ်ဘူး

သူယုတ်မာသမျှကိုနောက်ကနေ လိုက်ပြီးထောက်ခံပေးနေတဲ့

ဒေါ်ဟန်နီခင်ကိုရော..သူတို့သားအမိနှစ်ယောက်လုံးပဲ...."


မကျေနပ်သေးဟန်ဖြင့်ယူရီကထပ်ပြောလာတော့

သူကစက်ကိုငဲ့ကြည့်သည်။


"သူတို့သားအမိတွေကမင်းအပေါ်ဘာလို့ဒီလောက်ထိ

လိုက်ပြီးမကောင်းကြံနေရတာလဲ...."


"နှင်းဆီသွေးကစက်အပေါ် ငယ်ငယ်လေးထဲက

အရမ္​းမနာလိုခဲ့တာ..."


သူ့ရဲ့မေးခွန်းကိုယူရီကစက်အစား ဝင်ပြီးအဖြေပေးသည်။


"roseရဲ့အဖေမဆုံးခင်တုန်းက ပါပါး

အရမ်းအားကိုးရတဲ့လူဖြစ်ခဲ့တာ..သူဆုံးသွားခဲ့တာလဲ

ပါပါးရဲ့အသက်ကိုကယ်ပေးခဲ့တာကြောင့်လေ....

အဲ့ဒီ့တုန္​းက god flowerက

ဒီလိုအခြေခိုင်တဲ့ကုမ္ပဏီကြီးတစ်ခုမဟုတ်သေးဘူးလေ...

ထုတ်ကုန်အတွက်အရိုင်းတုံးတွေရဖို့ပါပါးက

အမြဲတမ်းနယ်စပ်ကိုဆင်းပြီးကုန်သည်တွေနဲ့

ကိုယ်တိုင်ဆက်သွယ်ခဲ့ရတာ...ကျောက်မျက်ကုန်သည်

လောက,ကသိတဲ့အတိုင်းလူပေါ်လူကြောချင်တဲ့လူတွေက

များတယ်...တစ်ခေါက်ပါပါးနယ်စပ်ကိုဆင်းတော့

ကျောက်မျက်ကုန်သည်တစ်ချို့နဲ့ငြိခဲ့တယ်...အဲ့ဒီပြသာနာ

ကြောင့်ပဲ..သူတို့ကပါပါးရဲ့အသက်ကိုရန်ရှာဖို့ကြိုးစားခဲ့တယ်

roseရဲ့အဖေက အဲ့ဒီမှာပါပါးကိုကာကွယ်ပေးရင်းနဲ့

သေနတ်နဲ့အပစ်ခံရပြီးသေသွားခဲ့တာ....."


"........"


"အဲ့ဒီ့တုန်းကroseရဲ့အသက်က၁၀နှစ်သာသာပဲ

ရှိသေးတာ...roseကငါ့ထက်လပိုင်းပဲငယ်တာလေ...

ပါပါးက roseရဲ့အဖေသေခဲ့ရတာသူ့ကြောင့်ဆိုပြီး

အပြစ်ရှိတဲ့စိတ်နဲ့ ညီမဖြစ်တဲ့အန်တီ့ဟန်နီ့ကိုရော

roseကိုပါလိုလေသေးမရှိအောင်ဆက်ပြီးစောင့်ရှောက်

ပေးခဲ့တယ်...god flowerမှာ roseတို့သားအမိက

ငါနဲ့မာမားနဲ့တန်းတူနေရာရခဲ့တာပါ...ဒါပေမဲ့

သူတို့တစ်ကယ်ကိုလောဘကြီးခဲ့တယ်...ငယ်ငယ်လေးထဲက

roseကငါနဲ့အမြဲတမ်းပြိုင်ဆိုင်ခဲ့တာ...သူ့ကြောင့်

ငါခဏခဏစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပေမဲ့

ပါပါးစိတ်မကောင်းဖြစ်မှာစိုးလို့...ငယ်ငယ်ထဲမှာ

roseနဲ့ပတ်သတ်ပြီးငါ့မှာဖြစ်ခဲ့သမျှကိစ္စတွေကို

ငါပါပါးကိုဘယ်တော့မှအသိမပေးခဲ့ဖူးဘူး...."


ပြောရင်း စက် သက်ပြင်းငွေ့ငွေ့လေးချမိ၏။

သူကတော့စက်ကိုစိတ်ဝင်တစားမျက်ဝန်းတွေဖြင့်

ငေးကြည့်နေသည်။


"အမြဲတမ်းငါ့ကိုမကောင်းကြံပြီးတိုက်ခိုက်ဖို့ပဲ

ကြံစည်နေတဲ့သူတို့အတွက် တစ်ကြိမ်မှာတော့အခွင့်အရေး

ကြီးကြီးမားမားရောက်လာတယ်ထင်တယ်...လွန်ခဲ့တဲ့

၂နှစ် ငါနဲမိုးသောက်ယံရဲ့လက်ထပ်ပွဲပျက်သွားခဲ့တဲ့

အချိန်...ဆိုးရွားတဲ့ကောလဟာလတွေကြားထဲ

ငါခေါင်းမဖော်နိုင်အောင်တိုက်ခိုက်ခံနေရတဲ့အချိန်မှာ

သူတို့ထပ်ပြီးနင်းခြေခဲ့တယ်..."


"သူတို့မင်းကိုဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့တာလဲ..."


မျက်မှောင်ကြုတ်ပြီးမေးလာတဲ့သူ့ကို စက်ဘာမှ

ပြန်မဖြေနိုင်ဘဲလက်သီးကိုဆုပ်လိုက်မိတော့....


"လွန်ခဲ့တဲ့၂နှစ်က စက်နဲ့ပတ်သတ်ပြီး

ကောလဟာလတွေပိုပြီးဆိုးရွားသွားခဲ့ရတာ

roseရဲ့အမေဒေါ်ဟန်နီခင်ကြောင့်ပဲ...."


နောက်တစ်ကြိမ် ယူရီကစက်အစားဝင်ဖြေပေးလာတော့

သူကယူရီ့်ဆီအကြည့်ရွေ့သွားခဲ့သည်။


"အဲ့ဒီ့တုန်းကမိုးသောက်ယံရဲ့စျာပနပွဲကိုသွားခဲ့တဲ့စက်ကို

မိုးသောက်ယံရဲ့အမေက ဒေါသတကြီးနဲ့ပက်ပက်စက်စက်

ပြောဆိုနှင်ထုတ်နေတဲ့ video fileနဲ့ဓာတ်ပုံတွေက

ဆိုရှယ်မီဒီယာမှာပျံ့သွားခဲ့တာ...ဒေါ်ဝင်မီဇော်က

စက်ကြောင့်သူ့သားသေရတယ်ဆိုပြီး...စက်ကိုအမုန်းကြီး

မုန်းနေတဲ့အချိန်ပေါ့...အဲ့ဒီ့videoဖိုင်နဲ့ဓာတ်ပုံတွေကြောင့်

စက်အပေါ်လူတွေရဲ့အမြင်ပိုပြီးဆိုးရွားလာခဲ့ပြီး

ကောလဟာလတွေကတောမီးလိုပဲထိန်းမရအောင်

ပျံ့နှံ့သွားခဲ့တယ်......."


"အဲ့ဒီ့videoဖိုင်ကိုဖြန့်ခဲ့တာသူတို့သားအမိလား..."


"သေချာတာပေါ့..စက်ကအဲ့ဒါကိုသက်သေရခဲ့ပေမဲ့

သူ့အတွက်နဲ့တင်အကြီးအကျယ်စိတ်ဆင်းရဲနေတဲ့သူ့အဖေ

ထပ်ပြီးစိတ်ထိခိုက်ရမှာစိုးလို့ထုတ်မပြောခဲ့ဘဲ...အရာအားလုံးကို

သူ့ကံလို့ပဲခံယူပြီးအိမ်ကနေထွက်လာခဲ့တဲ့ အဲ့ဒီ့ကထဲကပဲ

ဆိုပါတော့...သူတို့ကတော့စက်ရဲ့နေရာကိုပါအပြည့်အဝ

သိမ်းပိုက်ပြီး god flowerမှာနေရာယူနေကြတယ်...

အခုလည်း ကြိုးစားပြီးပြန်ရပ်တည်လာတဲ့စက်ကို

နောက်တစ်ကြိမ်အလဲထိုးဖို့ကြိုးစားခဲ့တာ...သူတို့လိုချင်တာ

စက် တစ်သက်လုံး ခေါင်းမဖော်နိုင်ဘဲ အထီးကျန်သိမ်ငယ်

မူ့တွေနဲ့ရှင်သန်သွားတာကိုပဲ...."

 

စကားကိုခဏရပ်ပြီး ယူရီကသူ့ကိုတစ်ချက်ကြည့်သည်။


"ဒါက သူတို့အတွက်အခွင့်အရေးတစ်ခုလိုပဲ

ဒီတစ်ကြိမ်သူတို့လွတ်မြောက်သွားရင် နောက်အကြိမ်

နောက်အကြိမ်တွေမှာစက်ကိုထပ်ပြီးတိုက်ခိုက်ဖို့

ကြိုးစားလာကြဦးမှာပဲ...သူတို့ကစက်ဘဝထဲမှာ

ရှိမနေသင့်တဲ့သူတွေ...သူတို့စက်ဘဝထဲကနေ

ပျောက်ကွယ်သွားမှ...စက်အတွက်ကောင်းနိုင်မှာ...."


"တော်ပြီ ယူရီ..."


စက် ယူရီ့ကိုလှမ်းပြီးဟန့်တားလိုက်တော့

သူကစက်ဘက်ကိုပြန်ငဲ့ကြည့်လာပြီး စက်ရဲ့လက်ဖျားလေးကို

ဆုပ်ကိုင်သည်။


"အရမ်းစိတ်ရူပ်မခံနဲ့...နှင်းဆီသွေးရဲ့အပြစ်တွေကို

ဖော်ထုတ်နိုင်ဖို့ကျွန်တော့်မှာနည်းလမ်းရှိပါသေးတယ်..."


ပြောရင်းလက်ဖျားလေးဆီမှပိုပြီးတင်းကြပ်သွားသလို

ခံစားမူ့.....။


စက် မျက်လွှာလေးပင့်ပြီးသူ့ကိုကြည့်လိုက်မိတဲ့အခါ

နှစ်သိမ့်အပြုံးတစ်ပွင့်ကိုရရှိလက်ခံလိုက်ရပြီးနောက်...။


"ကျွန်တော့်ကိုယုံပါ..မင်းဘဝထဲကပျောက်ကွယ်သွားသင့်တဲ့

လူတွေကို ကျိမ်းသေပျောက်ကွယ်သွားအောင်

ကျွန်တော်လုပ်ပေးမယ်.....စက်......"


~~~~~~~~~~~~~~~~~~💕💕💕


"မာမီ့ကို roseဘာပြောခဲ့လဲ ကိုမင်းကroseကို

အဆုံးထိကာကွယ်ပေးမှာပါလို့လေ...အခုကြည့်

သံသရာစက် ဘာတတ်နိုင်သေးလဲ ဒါသူ့တစ်ယောက်ထဲရဲ့

အကြံအစည်ပါလို့...ကိုမင်းက ဝန်ခံပြီးသွားပြီ....."


ပြောလည်းပြော....ပခုံးလေးလူပ်အောင်ရယ်မောနေတဲ့

rose,ရဲ့ပုံစံက တနေကုန်မြင်နေရတဲ့အရုပ်ကြိုးပြတ်ဟန်တွေ

ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။


"စစ်ဆေးမူ့မပြီးမချင်းဘာကိုမှပုံသေတွက်မထားသင့်ဘူး

သမီးလေး...မာမီတို့အခုထဲကိုယ့်ကိုကိုယ်ကာကွယ်ဖို့

နည်းလမ်းရှာထားရမယ်...."


"အဲ့လောက်လဲမစိုးရိမ်ပါနဲ့မာမီရယ်...ကိုမင်းရဲ့စိတ်ကို

roseကောင်းကောင်းသိတယ်.....သူroseကို

ဘယ်တော့မှဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူး...."


ယုံကြည်မူ့အပြည့်နဲ့သေချာနေသောသမီးဖြစ်သူကြောင့်

ဒေါ်ဟန်နီခင်လည်းအနည်းငယ်စိတ်အေးသွားခဲ့ရသည်။


"မိုးတောင်ချုပ်နေပြီ...အစ်ကိုကြီးဒီနေ့နောက်ကျလိုက်တာ..."


"god flowerက blue skyကိုတရားစွဲဖို့အတွက်

ပြင်ဆင်နေတာလေ..အန်ကယ်လေးအလုပ်များနေမှာပေါ့...."


"နောက်တစ်ခုမာမီစိုးရိမ်တာ စက်ကဒီအကြောင်းတွေကို

အစ်ကိုကြီးကိုပြောလိုက်မှာကိုပဲ....အစ်ကိုကြီးဆီက

သံသယအဝင်ခံရရင် မာမီတို့အတွက် ဘာကောင်းကျိုးမှ

မရှိဘူး rose......"


`Ring^^^Ring´


ဒေါ်ဟန်နီခင် ပူပန်သလိုဆိုလိုက်ချိန်မှာပဲ

roseရဲ့ဖုန်းကထမြည်လာ၏...roseက

ဖုန်းကိုယူကြည့်လိုက်ပြီး နူတ်ခမ်းတွေကခပ်မဲ့မဲ့ပြုံးသွားခဲ့ကာ

ဖုန်းကိုင်လိုက်၏။


"ဟယ်လို....."


"နင်သိပ်ပျော်နေလား...rose..."


ဖုန်းဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့ကြိတ်မနိုင်ခဲမရအသံ....။


"နင်ကကိုယ့်ကိုကိုယ်အထင်ကြီးလွန်းခဲ့တာပဲ

သံသရာစက်...နင်ကငါ့ကိုအဆုံးသတ်ပေးနိုင်မယ်လို့

သနားစရာကောင်းအောင်ထင်ယောင်ထင်မှားဖြစ်ခဲ့တာ...

နင်မသိတာတစ်ခုက...ငါကငါ့အတွက်အသုံးချလို့ရမဲ့သူကို

သေသေချာချာလေးရွေးချယ်ခဲ့တယ်ဆိုတာပဲ...."


"ငါ့ကိုတိုက်ခိုက်ဖို့အတွက်နင်ချစ်တဲ့ယောကျာ်းကို

အန္တာရယ်တွင်းထဲပို့ပြီး ကုမ္ပဏီထိခိုက်အောင်ထိလုပ်ခဲ့တာ

နင့်အတွက် ငါလဲပြိုဖို့ထက်အရေးကြီးတာဘာမှမရှိတော့ဘူးလား.."


"အဟက်...ဟား..ဟား....ဟား..."


တစ်ဖက်ကစက်ရဲ့စကားကြောင့် roseက

အသံကျယ်ကျယ်နှင့်ဟားတိုက်ရယ်မောလိုက်သည်။


"ငါချစ်တဲ့ယောကျာ်း...ဟုတ်လား...ဘယ်သူလဲ

မင်းသီဟကိုပြောတာလား..အဟွန်း....နင်က

တော်တော်ညံ့တာပဲ...မင်းသီဟကိုငါချဉ်းကပ်ခဲ့တာ

နင့်ကိုနင်းခြေပစ်ချင်လို့အသုံးချစရာလူရှာခဲ့တာ...

ငါသူ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး....ရှင်းရှင်းပြောရရင်

စိတ်ကိုမဝင်စားခဲ့တာနင်သိလား...."


"နင်ကတစ်ကယ့်ကိုကြောက်စရာကောင်းတဲ့

မိန်းမပဲrose...ငါ့ကိုနင်းခြေပစ်ဖို့ယောကျာ်းတစ်ယောက်

အပေးအယူဆက်ဆံရေးကိုတောင်ဖန်တီးခဲ့တာ...

နင်ငါ့ကိုအဲ့လောက်တောင်မုန်းလား...."


"ဟုတ်တယ် ငါမုန်းတယ် နင့်ရဲ့ဖြစ်တည်မူ့ နင့်ရဲ့

အရာအားလုံးတင်မကဘူး...နင့်ရဲ့အသက်ရူသံကိုက

အစငါမုန်းတာ....သေချာနားထောင်စက်

ဒီတစ်ခေါက်ငါ့ရဲ့အကြံအစည်တွေမအောင်မြင်ခဲ့ပေမဲ့

ငါနင့်ကိုဖျက်ဆီးပစ်ဖို့နောက်တစ်ကြိမ်,နောက်ထပ်တစ်ကြိမ်

ဆက်ပြီးကြိုးစားနေဦးမှာပဲ...ငါတို့နှစ်ယောက်ထဲမှာ

ဘယ်သူကအရင်အဆုံးသတ်မလဲဆိုတာ

စောင့်ကြည့်ကြတာပေါ့...."


"............"


"ဒီနေ့ နင်ငါ့ပါးကိုရိုက်ခဲ့တဲ့အကြွေးကိုတော့

ငါလျော်ပေးလိုက်ပါ့မယ်...တစ်ကယ့်ကို

သဘောထားကြီးစွာနဲ့ပေါ့.....ဟင်း..ဟင်း...."


စကားကိုအနိုင်ပိုင်းကာဖုန်းချလိုက်ပြီး 

ကျေနပ်အားရသလိုရယ်မောလိုက်တဲ့roseရဲ့

အသံက...အခန်းထဲသို့နောက်တစ်ကြိမ်ပျံ့လွင့်သွားခဲ့

လေတော့၏။


~~~~~~~~~~~~~~~💕💕💕


ကျသွားပြီဖြစ်တဲ့ဖုန်းကိုကြည့်ရင်း...

စက်အဓိပ္ပါယ်ဖော်ရခက်စွာပြုံးလိုက်ရင်း....

အရှေ့မှာရပ်နေတဲ့သူ့ကိုတစ်ချက်ကြည့်လိုက်သည်။


"ဒီလောက်ဆိုရပြီမဟုတ်လား....."


"သေချာတာပေါ့....."


"ငါသာသူ့ကိုစကားလုံးနည်းနည်းလောက်နဲ့ဆွပေးလိုက်ရင်

မင်းသီဟနဲ့ပတ်သတ်ပြီး သူဒီလိုဝန်ခံလာလိမ့်မယ်လို့

နင်ဘယ်လိုသိခဲ့တာလဲ...."


စက်ရဲ့အမေးကြောင့်သူကပြုံးသည်။


"သူကမင်းကိုအနိုင်လိုချင်နေတဲ့လူလေ....မင်းရူံးနိမ့်

သွားပြီလို့သူထင်လေ မင်းကိုထပ်ပြီးအနိုင်ပိုင်းချင်လေပဲ

ဖြစ်လိမ့်မယ်...."


သူ့အဖြေကြောင့်စက်သဘောကျစွာရယ်မိရင်း

သူ့လည်တိုင်ကိုခြေဖျားလေးထောက်လျက်

လက်နှစ်ဖက်နှင့်တွဲခိုသိုင်းဖက်လိုက်မိရင်း...


"ငါ့ရဲ့ကောင်လေး...နင်ဘာလို့အဲ့လောက်တောင်

အဲ့လောက်တောင်ဉာဏ်ကောင်းပြီးတော်နေရတာလဲ...."


"အဟွန်း...မင်းရဲ့ကောင်လေးမို့လို့လေ...."


မျက်နှာကိုနီးနီးကပ်ကပ်ငုံ့ချလျက်နှာသီးဖျားချင်း

တိုးတိုက်ကျီစယ်ကာ...ခပ်ထေ့ထေ့အပြံးနှင့်ပြောလာရင်း

ခါးသိမ်သိမ်လေးအားလက်နှစ်ဖက်နှင့်ပင့်သိမ်းဖက်ယူ

လိုက်တဲ့အခါ...အလိုသင့်ငဲ့စောင်းသွားတဲ့

မျက်နှာနှစ်ခုကြောင့် နူတ်ခမ်းနှစ်စုံကခပ်ဖွဖွဖိကပ်သွား၏။


စက် သူ့ရင်ဘတ်ကိုလက်ဖဝါးလေးနှင့်အသာတွန်းလိုက်သည်။


"ဒီလောက်ပဲနော်...ယူရီရှိတယ် ပြီးတော့

ငါတို့မှာအရေးကြီးကိစ္စရှိသေးတယ်လေ...."


"စုန်းမကိုနှင်ထုတ်ပြီးရင်...ကျွန်တော့်ကိုဆုအများကြီး

ပေးမှာလား...."


"အင်း....."


"ဘယ်လောက်များများလဲ...."


"ငါ့ကောင်လေးကျေနပ်တဲ့အထိ...."


ရယ်သံလေးတွေခပ်ကြိတ်ကြိတ်ပျံ့လွင့်သွားရင်း

အပြန်အလှန် ဖက်တွယ်ထားတဲ့လက်တွေကို

ဖြေလျော့လိုက်တော့...သူကစက်ရဲ့လက်ဖျားလေးကို

ထပ်ပြီးဆုပ်ကိုင်လိုက်ပြန်ရင်း ခေါင်းငဲ့မေးလာတာက....။


"အခု...သွားကြတော့မလား...."


~~~~~~~~~~~~~~~~💕💕💕


"နင်ကကိုယ့်ကိုကိုယ်အထင်ကြီးလွန်းခဲ့တာပဲ

သံသရာစက်...နင်ကငါ့ကိုအဆုံးသတ်ပေးနိုင်မယ်လို့

သနားစရာကောင်းအောင်ထင်ယောင်ထင်မှားဖြစ်ခဲ့တာ...

နင်မသိတာတစ်ခုက...ငါကငါ့အတွက်အသုံးချလို့ရမဲ့သူကို

သေသေချာချာလေးရွေးချယ်ခဲ့တယ်ဆိုတာပဲ...."


"ငါ့ကိုတိုက်ခိုက်ဖို့အတွက်နင်ချစ်တဲ့ယောကျာ်းကို

အန္တာရယ်တွင်းထဲပို့ပြီး ကုမ္ပဏီထိခိုက်အောင်ထိလုပ်ခဲ့တာ

နင့်အတွက် ငါလဲပြိုဖို့ထက်အရေးကြီးတာဘာမှမရှိတော့ဘူးလား.."


"အဟက်...ဟား..ဟား....ဟား..."


"ငါချစ်တဲ့ယောကျာ်း...ဟုတ်လား...ဘယ်သူလဲ

မင်းသီဟကိုပြောတာလား..အဟွန်း....နင်က

တော်တော်ညံ့တာပဲစက်..မင်းသီဟကိုငါချဉ်းကပ်ခဲ့တာ

နင့်ကိုနင်းခြေပစ်ချင်လို့အသုံးချစရာလူရှာခဲ့တာ...

ငါသူ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး....ရှင်းရှင်းပြောရရင်

စိတ်ကိုမဝင်စားခဲ့တာနင်သိလား...."


"နင်ကတစ်ကယ့်ကိုကြောက်စရာကောင်းတဲ့

မိန်းမပဲrose...ငါ့ကိုနင်းခြေပစ်ဖို့ယောကျာ်းတစ်ယောက်

အပေးအယူဆက်ဆံရေးကိုတောင်ဖန်တီးခဲ့တာ...

နင်ငါ့ကိုအဲ့လောက်တောင်မုန်းလား...."


"ဟုတ်တယ် ငါမုန်းတယ် နင့်ရဲ့ဖြစ်တည်မူ့ နင့်ရဲ့

အရာအားလုံးတင်မကဘူး...နင့်ရဲ့အသက်ရူသံကိုက

အစငါမုန်းတာ....သေချာနားထောင်စက်

ဒီတစ်ခေါက်ငါ့ရဲ့အကြံအစည်တွေမအောင်မြင်ခဲ့ပေမဲ့

ငါနင့်ကိုဖျက်ဆီးပစ်ဖို့နောက်တစ်ကြိမ်,နောက်ထပ်တစ်ကြိမ်

ဆက်ပြီးကြိုးစားနေဦးမှာပဲ...ငါတို့နှစ်ယောက်ထဲမှာ

ဘယ်သူကအရင်အဆုံးသတ်မလဲဆိုတာ

စောင့်ကြည့်ကြတာပေါ့...."


"............"


"ဒီနေ့ နင်ငါ့ပါးကိုရိုက်ခဲ့တဲ့အကြွေးကိုတော့

ငါလျော်ပေးလိုက်ပါ့မယ်...တစ်ကယ့်ကို

သဘောထားကြီးစွာနဲ့ပေါ့.....ဟင်း..ဟင်း...."


အမူ့စစ်ခန်းထဲစားပွဲပေါ်တင်ထားတဲ့ဖုန်းဆီက

recordလုပ်ထားတဲ့စကားသံတွေအဆုံး

ခေါင်းငိုက်စိုက်ကျသွားခဲ့တဲ့ မင်းသီဟ.....။


မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့စက်ရဲ့လက်သွယ်သွယ်လေး

တစ်ဖက်က ဖုန်းကိုအသာအယာပြန်သိမ်းလိုက်ရင်း

မင်းသီဟကိုကြည့်လိုက်သည်။


"အခုလောက်ဆို ရှင်ဘာလုပ်သင့်တယ်ဆိုတာ

ရှင်သိပြီလို့ကျွန်မထင်တယ် ကိုမင်းသီဟ...

ရှင့်ကိုအသုံးချခံတစ်ခုထက်ပိုပြီးသဘောမထားခဲ့တဲ့

မိန်းမအတွက်ဆက်ပြီးကာကွယ်ဖို့ရှင့်ကိုယ်ရှင်

အနစ်မွန်းခံမလား....ဒါမှမဟုတ် သူ့ရဲ့လုပ်ရပ်တွေကို

ဖော်ထုတ်ပြီး ရှင့်ရဲ့အပြစ်တွေကိုပေါ့လျော့အောင်

ကြိုးစားချင်လား ရှင်ဆုံးဖြတ်ပါ...."


တည်ငြိမ်ရဲ့စက်ရဲ့စကားအဆုံး ခေါင်းပြန်မော့ကြည့်လာတဲ့

မင်းသီဟရဲ့ မျက်ဝန်းအစုံကနာကျည်းကြေကွဲခြင်းများနှင့်သာ

ဖြစ်တော့၏။


~~~~~~~~~~~~~~~~~~~💕💕💕


ဆက်ရန်^^^^


Writer by

#Hazel


rate now: