💕My lovely demon💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~~
"ငါနင့်ကိုအကြိမ်ကြိမ်တွန်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့
နင်ကတော့ငါ့ကိုဘယ်တော့မှလက်မလျော့ခဲ့ဘူး...
နင်သာငါ့အနားကိုရောက်မလာခဲ့ဘူးဆိုရင်ငါအခုထိ
အတိတ်ရဲ့အမှောင်ရိပ်တွေထဲမှာလမ်းပျောက်နေခဲ့ဦးမယ်
ထင်တယ်...ကျေးဇူးတင်ပါတယ် အဆုံးထိ
ငါ့ကိုလက်မလျော့ခဲ့လို့....အခု ငါလည်းပဲနင့်လို
လွန်ခဲ့တဲ့၇နှစ်က,ကတိကိုတည်ချင်တယ် ငါတို့ကြားမှာ
ဘယ်လိုအခက်အခဲတွေပဲရှိရှိပေါ့...."
စက်ရဲ့အဖြေကသူ့မေးခွန်းအတွက်လုံလောက်တာထက်
ကျော်လွန်ခဲ့သည်ထင်၏။စက် သဘောကျရတဲ့
နတ်ဆိုးလေးရဲ့ဖြူညီညာသွားတန်းလေးတွေပေါ်နေတဲ့
အပြုံးချိုချိုလေးကိုနောက်ထပ်မြင်လိုက်ရရင်း
စက္ကန့်ပိုင်းအတွင်းမှာပဲ နဖူးပြင်လေးကနွေးခနဲခံစား
လိုက်ရချိန်မှာ စက် မျက်ဝန်းတွေကိုဖွဖွ ပိတ်လိုက်မိ၏။
ထို့နောက် မျက်နှာနုနုလေးအနှံ့ခပ်စိပ်စိပ်ရွေ့လျားသွားတဲ့
ထိုနွေးထွေးမူ့တွေက ဖူးကြွနေတဲ့နူတ်ခမ်းလွှာလေးတွေထက်
ရောက်ရှိလာတဲ့ခါ...လိုက်လျောညီထွေဖွင့်ဟပေးလိုက်မိတဲ့
နူတ်ခမ်းနှစ်လွှာ........။
နူးညံ့နွေးထွေးတဲ့အနမ်းတွေရဲ့ခမ်းနားမူ့ကို
စက် စာဖွဲ့မပြတတ်ပေမဲ့...ချုပ်ထိန်းဖို့မဖြစ်နိုင်တော့တဲ့
ရင်ခုန်သံတွေနဲ့ သူ့နူတ်ခမ်းလွှာတွေရဲ့လူပ်ရှားမူ့ကို
ကြည်ဖြူစွာတုံ့ပြန်ပေးနေခဲ့မိတာက အဆုံးမရှိတဲ့
စက္ကန့်ပေါင်းများစွာ.....။
နောက်ဆုံး နောက်ဆုံးမှာတော့ လက်တွေ့ကိုမေ့လျော့
နေခဲ့ရအောင်ရီဝေချိူမြိန်တဲ့ရင်ခုန်သံတွေကြား
နှစ်ယောက်သားမျောပါနေခဲ့ကြရင်းမှ....ကြားလိုက်ရတဲ့
နင့်နင့်သဲသဲသူ့စကားသံက..........
"Je t' aime....."(ကျွန်တော်မင်းကိုချစ်တယ်)
~~~~~~~~~~~~~~~~~~~💕💕💕
"ပြန်လာပြီလား...စက်...."
အိမ်ကိုပြန်ရောက်တာနှင့်အိပ်ခန်းထဲမဝင်သေးဘဲ
စက်ကိုစောင့်နေသည့်ယူရီကိုမြင်လိုက်ရသည်။
"နင်တို့နှစ်ယောက်အနှောင့်အယှက်ဖြစ်မှာစိုးလို့သာ
ငါနင်နဲ့မလိုက်ခဲ့တာ...တစ်ယောက်တည်းကားမောင်းသွားတာ
စိတ်ကသိပ်ချတာမဟုတ်ဘူး....."
ပြောရင်းထိုင်ရာကနေထလာတဲ့ယူရီက စက်နားကို
လျောက်လာကာစက်ကိုခြေဆုံးခေါင်းဆုံးကြည့်သည်။
"ဘာလဲ...ဘာကြည့်နေတာလဲ..."
"စက်...နင့်ရဲ့နူတ်ခမ်းနီတွေရော..."
"ဟင်...အင်..."
ယူရီ့်စကားကြောင့် စက် ယောင်ယမ်းပြီး
နူတ်ခမ်းကိုလက်ခုံနဲ့ဖိကပ်လိုက်မိ၏...။
"ငါ..နူတ်ခမ်းနီမဆိုးပါဘူး...ဘယ်မှာဆိုးလို့လဲ..."
"အမယ် ငါ့ကိုမလိမ်နဲ့နော်...နင်မထွက်သွားခင်တုန်းက
ငါသေချာကြည့်လိုက်တာနင်နူတ်ခမ်းနီပါပါးလေး
ဆိုးထားတယ်လေ...အခုဘာလို့မရှိတော့တာလဲ...."
မျက်နှာလေးကိုစေ့စေ့စပ်စပ်ကြည့်ပြီး
တရားခံစစ်သလို စစ်နေတဲ့ယူရီ့ကြောင့်
စက် ပါးပြင်မို့လေးတွေသာမက နားရွက်ဖျားလေးတွေပါ
ရဲတက်လာခဲ့ရ၏။
"ကြည့်စမ်း ကြည့်စမ်း နားရွက်တွေတောင်
ရဲလာပြီ...စက် မဟုတ်မှလွဲရော နင်တစ်ကယ်ပဲ...."
"ဟင့်အင်း..ငါဘာမှမလုပ်ဘူးနော် နင်လျောက်မတွေးနဲ့
ငါ....ငါအခန်းထဲဝင်တော့မယ်...နင်လည်းအိပ်တော့...."
စက် ယူရီ့ရှေ့မှာဆက်ပြီးနေလို့မဖြစ်နိုင်တော့ဘဲ
ရှက်ရမ်းရမ်းပြီးအိပ်ခန်းထဲကိုပြေးဝင်လာတဲ့အခါ
သဘောကျသလိုရယ်မောလိုက်တဲ့ယူရီ့ရဲ့အသံက
အနောက်မှာကပ်ပါလာခဲ့လေတော့၏.....။
~~~~~~~~~~~~~~~~💕💕💕
မီးတွေလင်းနေတဲ့သူမရှိနေတဲ့တိုက်ခန်းအလွှာကို
ရပ်ထားတဲ့ကားနားကနေရပ်ငေးကြည့်နေရင်းက
deနာရီကိုတစ်ချက်ကြည့်လိုက်သည်။
deရဲ့ကွန်ဒိုကနေတစ်ယောက်ထဲပြန်သွားတဲ့သူမကို
စိတ်မချတာမို့ အနောက်ကနေကားနဲ့ထပ်ကြပ်မကွာ
လိုက်ပါစောင့်ရှောက်ခဲ့တာကိုသူမကတော့သိနိုင်မည်
မဟုတ်ပေ။
"ကောင်းသောညပါ...ဒီညမှာမင်းရဲ့အိပ်မက်တွေ
လှပဖို့ကျွန်တော်မျှော်လင့်နေတယ်...စက်..."
ခပ်သဲ့သဲ့အပြုံးနှင့်တီးတိုးရေရွတ်ရင်းပြန်ဖို့ဆုံးဖြတ်လိုက်ကာ
deကားတံခါးဆီလက်လှမ်းလိုက်ချိန်မှာပဲ
မက်စ်ဆီကဖုန်းဝင်လာတာမို့...ဖုန်းအရင်ကိုင်လိုက်သည်။
"ဟယ်လို...မက်စ်.."
"သခင်လေး...မင်းသီဟဘက်ကတစ်ခုခုလူပ်ရှားနေပါတယ်
သူ့ကြည့်ရတာထွက်ပြေးဖို့စီစဉ်နေတဲ့ပုံပါပဲ..."
ကြိုတင်ခန့်မှန်းမိပြီးသားမို့ deနူတ်ခမ်းလူပ်ရုံပြုံးလိုက်မိရင်း....
"သူ့ကိုသေချာစောင့်ကြည့်ထားပါ...သူထွက်ပြေးဖို့
အခွင့်အရေးရစေနဲ့....မနက်ဖြန်ကတစ်ကယ့်အဆုံးသတ်ပဲ..."
"နားလည်ပါပြီ..သခင်လေး....."
~~~~~~~~~~~~~~~~💕💕💕
god flower🏢
ထည်ဝါခမ်းနားလှတဲ့ကုမ္ပဏီအဆောက်အဦးကြီးရဲ့
အပေါ်ဆုံးထပ်ရှိ Meeting roomထဲ၌....
Hallကြီးအလယ်ကကျွန်းစားပွဲရှည်ကြီးနဲ့အပြည့်
နေရာယူထားကြတဲ့ ဘုတ်အဖွဲ့ဝင်လူကြီးတွေရဲ့
တစ်ယောက်တစ်ပေါက်စကားသံတွေက hallထဲမှာ
တီးတိုးပျံ့လွင့်နေခဲ့သည်။
စားပွဲရဲ့ထိပ်ဆုံးနေရာမှာထိုင်နေတဲ့ ဦးဘုန်းဝဠာကတော့
ထိုစကားသံတွေကိုမသိကျိူးကျွံပြုထားရင်း
လက်ကနာရီကိုမသိမသာကြည့်ကာ တဖန်ဘေးမှာ
ရပ်နေတဲ့ ဂျိူးဇက်ကိုငဲ့ကြည့်လိုက်သည်။
"သူမလာသေးဘူး...."
"မလာသေးပါဘူး...."
ူနူတ်ခမ်းလူပ်ရုံပြန်ဖြေလာတဲ့ဂျိုးဇက်ကြောင့်
ဦးဘုန်းဝဠာ မျက်နှာအနည်းငယ်ပျက်သွားသည်။
"အချိန်ကမိနစ်ပိုင်းပဲလိုတော့တယ် အချိန်စေ့လို့မှ
သူရောက်မလာရင်ရှင်းပြရခက်လိမ့်မယ်...
အပြင်ထွက်ပြီးသူ့ကိုဆက်သွယ်ကြည့်လိုက်......"
"ဟုတ်ကဲ့..."
သူဌေးဖြစ်သူရဲ့အမိန့်ကိုခေါင်းငြိမ့်နာခံလျက်
ဂျိုးဇက်နေရာကနေလှမ်းထွက်ဖို့ပြင်လိုက်ချိန်မှာပဲ
ထိုင်ရာကနေဖျတ်ခနဲထရပ်လိုက်သူက ဦးစံသာရောင်....
"အချိန်၄၈နာရီပြည့်သွားပါပြီသူဌေး...meetingခန်းထဲမှာ
ကျွန်တော်တို့ရှိနေတာနာရီဝက်မကတော့ပါဘူး
ဒီဇိုင်းပေါက်ကြားမူ့အတွက်တာဝန်ယူထားပြီး
သက်သေပြပေးမယ်ဆိုတဲ့ စီမံဌာနရဲ့ဝန်ထမ်းသစ်က
ဘာလို့ရောက်မလာရသေးတာပါလဲ...."
"အခုထိ မိနစ်ပိုင်းလိုပါသေးတယ်ဦးစံသာရောင်
အားလုံးအလျင်လိုပြီးစိတ်လူပ်ရှားနေတာသိပေမဲ့
ဆက်ပြီးစောင့်ကြည့်ပါဦး...."
ဦးဘုန်းဝဠာစကားကြောင့် ဦးစံသာရောင်
မကျေမနပ်အမူအယာနှင့်ပြန်ထိုင်သွားသည်။
ထိုအချိန်မှာပဲ meetingခန်းရဲ့တံခါးချပ်က
ပွင့်သွားခဲ့ပြီးအထဲကိုလှမ်းဝင်လာတဲ့ မြင့်မားတဲ့
ပုံရိပ္......
"သူဌေး သူလာပြီ..."
ဂျိုးဇက် ဝမ်းသာအားရပဲဦးဘုန်းဝဠာကို
လှည့်ပြောလိုက်သည်။
ထိုအချိန်တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ထိုပုံရိပ်က
ဘေးဘီကိုဂရုမစိုက်ဘဲ ဦးဘုန်းဝဠာရှိရာကိုသာ
တန်းတန်းမတ်မတ်လျောက်လာရင်းအရှေ့မှာခြေစုံရပ်ကာ
ခေါင်းညွှတ်နူတ်ဆက်သည်။
"နည်းနည်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်
သူဌေး...."
"မဟုတ်တာ..မောင်ရင်နောက်မကျပါဘူး
အချိန်အတိအကျရောက်လာတာပါ...."
ခုမှဦးဘုန်းဝဠာစိတ်သက်သာရာရသွားသလို
ပြုံးနိုင်တော့၏။
de ဦးဘုန်းဝဠာရဲ့ဘေးမှာတည့်တည့်ရပ်လိုက်ရင်း
ကျွန်းစားပွဲရှည်ကြီးတစ်လျောက်ကိုခြုံကြည့်လိုက်တော့
အားလုံးရဲ့စိတ်ဝင်တစားမျက်ဝန်းတွေက deဆီကနေ
ရွေ့လျားမသွားခဲ့....။
de အပေါ်ထပ်ကုတ်အင်္ကျီထဲက
Memory stickတစ်ခုကိုထုတ်ယူပြီး
အားလုံးမြင်သာအောင်မြှောက်ပြလိုက်သည်။
"အခု ကျွန်တော်တောင်းထားတဲ့အချိန်၄၈နာရီပြည့်ပါပြီ
အဲ့ဒီ့အတွက် ကျွန်တော့်ဘက်က ကတိပေးထားအတိုင်း
ဒီဇိုင်းပေါက်ကြားမူ့ဆိုတဲ့သက်သေနဲ့တရားခံကို
အားလုံးရှေ့မှာချပြသွားမှာပါ......."
deရဲ့စကားအဆုံး ဒါရိုက်တာအဖွဲ့ဝင်တွေလူပ်လူပ်ရှားရှား
ဖြစ်ကုန်ကြ၏။
de memory stickကို အန်ကယ်ဂျိုးဇက်ဆီ
လှမ်းပေးလိုက်သည်။
ထို့နောက်သိပ်မကြာခင်အချိန် meeting ခန်းရဲ့
ပရိုဂျက်တာထက်မှာပေါ်လာတဲ့အချက်အလက်တွေက
အားလုံးရဲ့အာရုံကိုဖမ်းစားသွားခဲ့ပြီးနောက်......။
~~~~~~~~~~~~~~~~~~💕💕💕
"ဝေါ..ကျွီ..."
အနက်ရောင်တက္ကစီတစ်စီးကလေဆိပ်ပေါ်တီကိုမှာ
ထိုးရပ်သွားတဲ့....လက်ဂေ့ခ်ျမပြီးကပျာကယာ
ဆင်းလာတဲ့ မင်းသီဟ ဘေးဘီကိုမကြည့်နိုင်ဘဲ
ခပ်သွက်သွက်ခြေလှမ်းတွေနှင့်လေဆိပ်အဆောက်အဦးထဲကို
လှမ်းဝင်လာခဲ့သည်။
Ring^^^Ring
ထိုအချိန်မှာပဲ ဘောင်းဘီအိတ်ထဲထည့်ထားတဲ့
ဖုန်းကမြည်လာတာမို့ခြေလှမ်းခဏရပ်လိုက်ပြီး
ဖုန်းကိုကပျာကယာထုတ်ယူကြည့်လိုက်တော့
စက္ကရင်ထက်မှာပေါ်နေတဲ့နာမည်က.....rose။
"ဟယ်လို...rose...."
"ကိုမင်းအခုဘယ်မှာလဲ...."
တစ်ဖက်ကကြားလိုက်ရတဲ့roseရဲ့အလောတကြီး
အသံကိုနားထောင်လိုက်ရတာက ယနေ့
meetingရဲ့ resultကိုသူ့လိုပဲသိသွားပြီးမှန်း
ခန့်မှန်းလိုက်မိသည်။
"ကိုယ်အခုလေဆိပ်ထဲရောက်နေပြီမို့
နောက်နာရီဝက်နေရင်ထွက်မဲ့ flightနဲ့
ဘန်ကောက်ကိုသွားမှာ....ကိုယ်ဟိုရောက်တာနဲ့
roseဆီဆက်သွယ်လိုက်မယ်....rose
စိတ်မပူနဲ့..."
ပြောရင်းသူ့ခြေလှမ်းတွေရှေ့ဆက်ဖို့ပြင်လိုက်ချိန်မှာပဲ
ရုတ်တရပ် သူ့ရှေ့ကနေ ပိတ်ရပ်ကာလိုက်တဲ့
လူသုံးယောက်.....။
"ခွပ်!!"
ခွပ်´´ခနဲပင်သူ့လက်ထဲကဖုန်းကကြမ်းပြင်ပေါ်
လွတ်ကျသွားခဲ့ရ၏....။ ထိုအချိန်မှာပဲ သူ့ရှေ့မှာရှိနေတဲ့
အနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ဆင်ထားကြတဲ့
နိုင်ငံခြားသားသုံးယောက်ထဲက နှစ်ယောက်က
သူ့နားကိုဖျတ်ခနဲတိုးကပ်လာရင်း သူ့ကို
တစ်ဖက်တစ်ချက်ဆီချုပ်ကိုင်လိုက်ကြ၏....
"ခင်ဗျားတို့ကဘယ်သူတွေလဲ...လွှတ် ကျုပ်ကို
လွှတ်စမ်း....."
ချက်ချင်းပင်လေဆိပ်ထဲမှာ ဝရုန်းသုန်းကားအခြေအနေ
တစ်ခုဖြစ်သွားခဲ့တော့ရင်း.....။
~~~~~~~~~~~~~~~~~💕💕💕
"ဟယ်လို...ကိုမင်း ဟယ်လို
ဟာ..ဘာလို့ဖုန်းချသွားတာလဲ...."
ဒေါသတကြီးအော်ဟစ်ရင်း roseဖုန်းကို
အကြိမ်ကြိမ်ပြန်ခေါ်ဖို့ကြိုးစားပေမဲ့မရတော့။
roseဖုန်းကိုဒေါသတကြီး မွေ့ရာပေါ်ပစ်ပေါက်လိုက်ပြီး
ဆောက်တည်ရာမဲ့အမူအယာနှင့် မွေ့ရာပေါ်ထိုင်ချလိုက်သည်။
"ရှင် လွတ်မြောက်မှဖြစ်မယ်ကိုမင်း...
ရှင် သူတို့လက်ထဲမှာအမိခံလို့မဖြစ်ဘူး....."
အေးစက်နေတဲ့လက်ဖဝါးတွေကိုအချင်းချင်းဆုတ်ယှက်ပြီး
မျက်ဝန်းတွေကမတည်ငြိမ်ဖြစ်နေတဲ့rose....
နောက်ဆုံးတစ်စုံတစ်ခုကိုစိတ်ပိုင်းဖြတ်လိုက်သလို
ဖုန်းနဲ့ကားသော့ကိုယူပြီးအခန်းထဲကထွက်လာခဲ့သည်။
နှစ်ဖက်ဖွင့်လှေကားကြီးရဲ့တစ်ဖက်ခြမ်းကနေ
ဝရုန်းသုန်းကား ခြေလှမ်းတွေနဲ့ပြေးဆင်းလာခဲ့ရင်း
လှေကားအောက်ကိုအရောက် ရှေ့မှာမြင်လိုက်ရတဲ့
ပုံရိပ်ကြောင့်ခြေလှမ်းတွေကတုံ့ခနဲဖြစ်သွားသည်။
"ဒါက အလောတကြီးနဲ့ဘယ်ကိုသွားမလို့လဲ
နင့်ကိုကြည့်ရတာအလျင်လိုနေပုံပဲ...."
"သံသရာစက်...နင်ဒီနေရာကိုဘာလာလုပ်တာလဲ..."
"ဘာလဲ ငါ့အိမ်ငါပြန်လာတာ ဘယ်သူ့ဆီကခွင့်ပြုချက်
တောင်းနေရဦးမှာလဲ...."
"ငါနင်နဲ့စကားနိုင်လုဖို့အချိန်မရှိဘူး ငါ့ရှေ့ကနေဖယ်..."
ပါးစပ်ကလည်းပြောရင်း စက်ကိုတိုးတိုက်ပြီး
ထွက်သွားဖို့ပြင်နေတဲ့ roseရဲ့လက်မောင်းကို
စက် ခပ်ကြမ်းကြမ်းပြန်ဆွဲလိုက်ရင်း အရှေ့ကိုပြန်
တွန်းလိုက်တော့ roseရဲ့ခန္ဓာကိုယ်ယိုင်နဲ့သွားခဲ့၏။
"နင်...."
"ဖြန်း!!"
စက်ကိုဒေါသတကြီးပြန်ကြည့်လာတဲ့roseရဲ့
ပါးပြင်တစ်ဖက်ကို စက် ခပ်ပြင်းပြင်းလွှဲရိုက်လိုက်တဲ့အခါ
အငိုက်မိသွားတဲ့roseရဲ့မျက်နှာလည်ထွက်သွားတာနှင့်...
"ဖြန်း!!"
အသံကျယ်ကျယ်နှင့်နောက်တစ်ကြိမ်ကျရောက်သွားတဲ့
ရိုက်ချက်ကြောင့် ဒီတစ်ကြိမ်မှာတော့
roseသူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ
ကြမ်းပြင်ပေါ်ပုံကျသွား၏။
"နင်.နင်ငါ့ပါးကိုရိုက်တယ်...."
နီရဲသွားတဲ့ပါးနှစ်ဖက်နှင့်ကြမ်းပြင်ပေါ်ကနေ
စက်ကိုမော့ကြည့်ရင်း မခံချိမခံသာမေးလာ၏...
"ဟုတ်တယ်ရိုက်တယ် နင့်လိုမိန်းမမျိုးအတွက်
အထိုက်တန်ဆုံးကဒါပဲလေ...ပထမတစ်ချက်က
ငါ့အပေါ်မကောင်းကြံခဲ့တာတွေအတွက်ပဲ
နောက်တစ်ချက်ကတော့ နင်တို့ရဲ့ယုတ်မာတဲ့
အကြံအစည်တွေနဲ့ သူ့ကိုထိခိုက်အောင်လုပ်ဖို့
ကြိုးစားခဲ့လို့ပဲ...ငါနင့်ကိုလုံးဝခွင့်မလွှတ်ဘူး rose..."
"နင်.နင်..."
"သံသရာစက်!!..."
ထိုအချိန်ဟိန်းခနဲအော်သံနဲ့အတူ လှေကားကနေ
တဝုန်းဝုန်းပြေးဆင်းလာတဲ့ဒေါ်ဟန်နီခင်....
"နင် ငါ့သမီးကိုဘာလုပ်တာလဲ..."
ကြမ်းပြင်ပေါ်ကသမီးဖြစ်သူကိုဆွဲထူရင်း
စက်ကို ဝါးစားမတတ်ကြည့်ကာမေးလာသည်။
"ရိုက်လိုက်တာလေ..အန်တီမမြင်ဘူးလား..."
"အရိုင်းအစိုင်းမ နင်ကများငါ့သမီးကို..."
တုံ့ပြန်ရိုက်ဖို့ကြိုးစားလာတဲ့လက်ကိုလေထဲမှာပဲ
ဖမ်းဆုပ်ပစ်လိုက်သည်။
"အန်တီ့မှာ ကျွန်မကိုလက်နဲ့ရွယ်ဖို့တောင်အခွင့်အရေး
မရှိဘူး ....."
စကားအဆုံး စက် ဒေါ်ဟန်နီခင်ရဲ့လက်ကို
ဆောင့်လွှတ်လိုက်ရင်း မျက်ဝန်းစူးစူးတွေနဲ့
သားအမိနှစ်ယောက်လုံးကိုဝေ့ကြည့်လိုက်သည်။
"ဘာမှလုပ်ဖို့ကြိုးစားမနေနဲ့နှင်းဆီသွေး အားလုံး
ပြီးသွားပြီဒီထက်ပိုပြီး god flowerမှာနင်တို့သားအမိ
အတွက်နေရာမရှိတော့ဘူး.....အခုကနင်တို့ငါ့အပေါ်
လုပ်ခဲ့တာတွေအတွက်ပြန်ပြီးပေးဆပ်ရမဲ့အချိန်ပဲ...."
ဒေါ်ဟန်နီခင် သမီးဖြစ်သူကိုဖက်ထိန်းထားရင်း
မီးဝင်းဝင်းတောက်မျက်ဝန်းတွေနှင့်စက်ကိုကြည့်သည်။
"တစ်ကယ်တော့ နင့်အတွက်သတင်းဆိုးတစ်ခုကိုငါ
ယူလာတာ...မင်းသီဟ...သူထွက်ပြေးလို့
မလွတ်လိုက်ဘူး...သူ့ကိုလေဆိပ်မှာပဲဖမ့်းမိလိုက်ပြီ..."
"ဘာ...."
စက်ရဲ့စကားကြောင့် roseတို့သားအမိ
နှစ်ယောက်လုံးသိသိသာသာသွေးပျက်သွားခဲ့ကြသည်။
စက် ထိုပုံစံကိုကြည့်ပြီးခပ်မဲ့မဲ့လေးပြုံးလိုက်သည်။
"အခုနားလည်ပြီလား...ဒါနင့်ရဲ့အဆုံးသတ်ချိန်ဆိုတာကိုလေ..."
"သံသရာစက်...နင်..."
"နင်ပြန်ပေးရမယ် rose....ငါဆုံးရူံးခဲ့ရသမျှအရာ
အားလုံးအတွက်...ထပ်တူညီတဲ့တန်ဖိုးအတိုင်း
နင်ပြန်ပြီးပေးဆပ်စေရမယ်...ငါ နင်တို့ကို
လုံးဝခွင့်မလွှတ်ဘူး..."
စကားအဆုံးအနိုင်ပိုင်းသွားတဲ့မျက်ဝန်းတွေဖြင့်
ဆံနွယ်ရှည်တွေဝေ့ခနဲခါယမ်းသွားအောင်
ကျော့ကျော့လေးကျောခိုင်းလှမ်းထွက်သွားတဲ့ပုံရိပ်ကို
ကြည့်ပြီး သွေးပျက်ခြောက်ခြားခြင်းများနှင့်
ကျန်နေခဲ့သူတွေက ဒေါ်ဟန်နီခင်နဲ့ နှင်းဆီသွေး....။
~~~~~~~~~~~~~~~~💕💕💕
"မင်းသီဟကို...ကျွန်တော့်ရဲ့လူတွေလေဆိပ်မှာပဲ
တားဆီးနိုင်ခဲ့ပါတယ်...အခုသူ့ကို ရဲစခန်းပို့လိုက်ပါပြီ..."
"မင်းသီဟထွက်ပြေးမယ်ဆိုတာ မောင်ရင်ကြိုသိ
နေခဲ့တာလား....."
"48နာရီပြည့်တဲ့အချိန်မှာဘယ်လိုresultပဲ
ထွက်လာပါစေ တရားခံသာဆိုရင် အစွန်းနှစ်ဖက်မှာ
ရင်ဆိုင်လာရနိုင်တဲ့အခြေနေတွေအတွက် ကြိုတင်
ပြင်ဆင်ထားမှာပါပဲ....ကျွန်တော်မင်းသီဟကို
တရားခံလို့သိလိုက်ရတဲ့အချိန်ထဲက ကျွန်တော့်ရဲ့
လူတစ်ချိူ့ကိုသူ့ပတ်ဝန်းကျင်မှာစောင့်ကြည့်
ခိုင်းထားခဲ့တာပါ....."
"မောင်ရင်အလုပ်လုပ်တာတစ်ကယ့်ကိုထောင့်စေ့လွန်းတယ်.."
ဦးဘုန်းဝဠာ deရဲ့ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး
အားရကျေနပ်သလိုချီးကျူးသည်။
"ဒေါက်..ဒေါက်.."
ထိုအချိန်တံခါးခေါက်အသံပေးသံနှင့်
အခန်းထဲကိုအန်ကယ်ဂျိုးဇက်လှမ်းဝင်လာ၏။
"သူဌေး..ကုမ္ပဏီရဲ့ဥပဒေအကြံပေးရှေ့နေအဖွဲ့နဲ့
ဆက်သွယ်ပြီးပါပြီ....blue skyကို
တရားစွဲဖို့ကျွန်တော်တို့ဘက်က အချက်အလက်တွေ
ပို့ပေးလိုက်ပြီ...."
"ကောင်းတယ်...Serbian phoenixနဲ့
ပတ်သတ်တဲ့dataတွေရော websiteမှာ
official announcementလုပ်လိုက်ပြီလား"
"လုပ်လိုက်ပါပြီ...."
ဦးဘုန်းဝဠာ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း deကိုပြန်ကြည့်ပြီး
deရဲ့ပခုံးနှစ်ဖက်ကိုနောက်တစ်ကြိမ်ဆုပ်ကိုင်ရင်း..
"ကျေးဇူးပါပဲမောင်ရင်...ပြောခဲ့တဲ့အတိုင်း
အန်ကယ့်သမီးလေးကိုရော..ကုမ္ပဏီကိုပါ
ကာကွယ်ပေးခဲ့တဲ့အတွက်ပါ...."
"ကျွန်တော့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး အန်ကယ်
ပြောခဲ့တဲ့အတိုင်း စက်ကိုကာကွယ်ပေးဖို့က
ကျွန်တော့်ရဲ့ဆန္ဒပါ...."
deရဲ့စကားကြောင့်ဦးဘုန်းဝဠာက
သဘောကျသလိုပြုံးသည်။
"ကျွန်တော်အန်ကယ့်ကိုပြောစရာတစ်ခုကျန်နေပါသေးတယ်
စက်ကိုယ်တိုင်ပြောမထွက်လောက်ဘူးထင်လို့ပါ..."
"ဘာများလဲ...."
သိလိုစိတ်ဖြင့်မေးလာတဲ့ဦးဘုန်းဝဠာအား
de ကုတ်အင်္ကျီအိတ်ကပ်ထဲအသင့်ထည့်ယူလာတဲ့
ဓာတ်ပုံတစ်ချို့အားထုတ်ပြလိုက်တဲ့အခါ.....
"ဟင်...."
ဓာတ်ပုံတွေကိုကြည့်ရင်း ဦးဘုန်းဝဠာရဲ့
မျက်နှာကသိသိသာသာပျက်ယွင်းသွားခဲ့ရင်း....
"ဒါက...."
"ဟုတ်တယ် အန်ကယ် ဒီပြသာနာမှာ
မင်းသီဟနဲ့အတူပူးပေါင်းကြံစည်ပြီး
စက်ကိုချောက်ချခဲ့တဲ့သူက....နှင်းဆီသွေးပါ...."
~~~~~~~~~~~~~~~~💕💕💕
ဆက်ရန်^^^^
Writer by
#Hazel