💕My lovely demon💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~
"de!!!"
သူ့နာမည်ကိုအသံကုန်အော်ဟစ်လိုက်မိတာနှင့်
သူ့ရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်သွားခဲ့ရင်း ကားလာနေတဲ့
ဘက်ကိုခေါင်းလှည့်ကြည့်လိုက်ချိန် တမင်သက်သက်
ရည်ရွယ်လာတဲ့ကားက...သူနဲ့လက်တစ်ကမ်းမျှ
အကွာအဝေးသို့ရောက်ရှိသွားခဲ့ပြီဖြစ်၏။
"ကျွီ!!..."
"အမလေး....."
အချိန်အားဖြင့်တစ်ကယ့်ကိုစက္ကန့်ပိုင်းလေးပင်...
လက်တစ်ကမ်းမျှရောက်နေပြီဖြစ်တဲ့ကားကိုမြင်ပြီး
ကြောင်ငေးမသွားတဲ့သူက သွက်လက်မြန်ဆန်လွန်းစွာပဲ
ကိုယ်ကိုလှည့်ပြီးခုန်ရှောင်လိုက်တဲ့အခါ ကားနဲ့သီသီလေး
လွှဲသွားခဲ့ပြီး တစ်ပတ်လည်သွားကာ ခန္ဓာကိုယ်က
ကတ္တရာလမ်းမပေါ်ပစ်စလတ်ခတ်ပြုတ်ကျသွားခဲ့ပြီး
ပန်းစည်းတခြားလူတစ်ခြားဖြစ်သွားသည်။
ပစ်မှတ်ကိုလွဲသွားတဲ့ကားကတော့ အရှေ့တစ်လံလောက်မှာ
တန့်ခနဲရပ်သွားခဲ့ပေမဲ့ ချက်ချင်းပဲဝေါခနဲပြန်မောင်း
ထွက်သွားခဲ့၏။
"de..."
စက် မျက်လုံးထဲဘာမှမမြင်နိုင်တော့ဘဲ
လမ်းမအလယ်မှာလဲကျနေတဲ့ သူ့အနားကို
ပြေးလာခဲ့မိတော့ သူကလဲကျနေရာကနေ
အားယူထထိုင်လာခဲ့သည်။
"က်စ္!! အာ့...."
"de ဘာဖြစ်သွားသေးလဲ...နင်ဘာဖြစ်သွားသေးလဲ..."
ပခုံးတစ်ဖက်ကိုဖိဆုပ်ပြီးညည်းညူနေတဲ့
သူ့အနားမှာစက်ဒူးထောက်ထိုင်ကျသွားခဲ့ရင်း
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားခဲ့ရလျှင်...
ခဏချင်းပင် စက်တို့ရှိရာကိုဝိုင်းအုံလာတဲ့ အနီးအပါးက
လူများ.....။
~~~~~~~~~~~~~~~~~💕💕💕
"နင် သက်သာရဲ့လားဟင်...ဆေး..ဆေးရုံမသွားလို့
ဖြစ်ပါတယ်နော်...."
အခုထိ ထိတ်လန့်စိတ်မပြယ်သေးတာကြောင့်
တုန်ရီနေတဲ့လက်ချောင်းလေးတွေနှင့် သူ့ပခုံးကို
ဆေးလိမ်းပေးဖို့ကြိုးစားနေရင်း မေးလိုက်မိတဲ့
စက်ရဲ့ပုံစံက မျက်ရည်တွေရစ်ဝဲနေတဲ့မျက်ဝန်းတွေနှင့်
ဖြစ်သည်။
"ကျွန်တော်ဘာမှမဖြစ်ပါဘူး လဲကျတဲ့အရှိန်ကြောင့်
နည်းနည်းပါးပါးထိခိုက်သွားတာ...."
အပြုံးမပျက်ပြောလာတာက တမင်သက်သက်
စက်ကို စိတ်မပူစေချင်လို့မှန်းသိနေသည်။
ဖြူဝင်းနေတဲ့ပခုံးတစ်ဖက်လုံးချက်ချင်းပဲ
နီရဲယောင်ယမ်းလာခဲ့တာကနည်းနည်းပါးပါး
ထိခိုက်တာဖြစ်နိုင်ပါ့မလား....။
"ဂွိုင်းတွေဘာတွေမထိခိုက်သွားလောက်ပါဘူးနော်..."
"မထိခိုက်ပါဘူး...ဒီမှာကြည့်လေ ကျွန်တော်
့ပြမယ်...."
ပါးစပ်ကလည်းပြောရင်း ပခုံးကိုအားစိုက်ပြီး
လက်ကိုလှည့်ပြတော့ ဖျတ်ခနဲမျက်ခုံးတန်းတွေ
တွန့်ချိုးကျသွားတာက နာကျင်မူ့ကြောင့်ဖြစ်မယ်ထင်၏။
စက် သူ့လက်မောင်းကိုဖွဖွလေးဆုပ်ကိုင်လိုက်သည်။
"ငါစိတ်မပူအောင် ဟန်ဆောင်ပြနေတာ တော်လောက်ပြီ..."
ဝမ်းနည်းစွာဆိုလိုက်မိတော့ သူကမျက်ရည်ကျလုလု
ဖြစ်နေတဲ့စက်ကိုကြည့်ပြီးငေးခနဲဖြစ်သွားခဲ့၏။
စက်..အင်္ကျီဗလာနဲ့သူ့ရင်ခွင်ထဲတိုးဝင်လိုက်ရင်း
သူ့ကျောပြင်ကိုဖက်တွယ်လိုက်သည်။
"ငါဘယ်လောက်တောင်လန့်သွားရလဲ သိရဲ့လား
အဲ့ဒီ့ကားက နင့်ကိုတစ်ကယ်တိုက်မိပြီထင်နေတာ...."
ငိုချင်စိတ်ကိုမရမက ထိန်းချုပ်ထားရတာမို့
စက်ရဲ့အသံလေးကအက်ရှတုန်ရီနေခဲ့၏။ သူက
လက်တံရှည်တွေနှင့် စက်ကိုယ်လေးကိုနှစ်သိမ့်သလို
ပြန်ပြီးထွေးဖက်ရင်း...။
"မစိုးရိမ်ပါနဲ့ ကျွန်တော်ကလွယ်လွယ်မထိခိုက်နိုင်ပါဘူး
ဘာလို့လဲဆိုရင် ကျွန်တော်ကအမြဲကံကောင်းတယ်လေ...."
စက် သူ့ရင်ခွင်ထဲကပြန်ပြီးရုန်းထွက်လိုက်တော့
သူကစီးကျလုလုမျက်ရည်စတွေကိုညင်ညင်သာသာ
သုတ်ဖယ်ပေးသည်။
"စက်..ရေနွေးအိတ်ရပြီ..."
ထိုအချိန် ရေနွေးအိတ်ကိုစတီးဗန်းထဲထည့်ယူလာပြီး
ယူရီက...ဧည့်ခန်းထဲကဆိုဖာပေါ်မှာရှိနေတဲ့
စက်နဲ့သူ့ရဲ့နားကိုရောက်လာသည်။
"ရှင်...သက်သာရဲ့လား...."
စတီးဗန်းကိုစက်ရှေ့မှာချပေးရင်းယူရီကမေးတော့
သူကခေါင်းငြိမ့်ပြရင်း အင်္ကျီဝတ်ဖို့ကြိုးစားနေတာမို့
စက် သူ့ကိုကူညီပေးလိုက်၏။
"ငါနင့်ကိုရေနွေးအိတ်ကပ်ပေးမယ်...."
စက် ပြောလိုက်တော့ သူကကိုယ်ကိုအနည်းငယ်
စောင်းလှည့်ပေး၏။
"အဲ့ဒီ့ကားက နင့်ဆီတမင်သက်သက်ဝင်လာတာအရှင်းကြီးပဲ
အစထဲကနင့်ကိုထိခိုက်အောင်လုပ်ဖို့ရည်ရွယ်ခဲ့တာ...."
"ကျွန်တော်သိတယ်...အခုချိန်မှာတရားခံအစစ်က
ကျွန်တော့်ကိုဟန့်တားနိုင်ဖို့ ဘာမဆိုလုပ်ဖို့
ဆုံးဖြတ်ထားတဲ့ပုံပဲ....ဒါပေမဲ့ သူတို့ရဲ့ဆန္ဒတွေပြည့်နိုင်မှာ
မဟုတ်ဘူး...မနက်ဖြန်ဆိုအရာအားလုံးပြီးပြီ...."
စက်ရဲ့စကားကိုသူကတည်ငြိမ်စွာပဲတုံ့ပြန်သည်။
"ရှင် ဒီဇိုင်းပေါက်ကြားမူ့နဲ့ပတ်သတ်တဲ့သက်သေတွေကို
ရှာတွေ့ပြီလား...."
ယူရီကမျှော်လင့်တကြီးဝင်မေးသည်။
"မနက်ဖြန်ကျရင် အားလုံးသိရမှာပါ..."
ပြောရင်းသူက စက်ကိုငဲ့ကြည့်သည်။
"နင့်ကိုသူတို့ထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့တဲ့အကြောင်း
ငါတို့ပါပါးကိုအသိပေးရမယ် demon...ငါကားနံပါတ်ကို
သေချာမမြင်လိုက်ရတာ နာတယ်..."
"သေချာမြင်လိုက်လည်းဘာမှထူးမှာမဟုတ်ပါဘူး
ကားနံပါတ်ပြားကအစစ်ဖြစ်ချင်မှဖြစ်မှာလေ...
ဒီလိုကိစ္စကြီးကိုလုပ်ဖို့အတွက် သူတို့ဘက်ကလည်း
အနည်းနဲ့အများတော့ပြင်ဆင်ထားမှာပဲ..."
"ပြသာနာကငါထင်တာထက်ပိုပြီးအန္တာရယ်များနေတာပဲ
စက်..သူတို့ကဒီအခွင့်အရေးကိုသုံးပြီးနင့်ကိုဖယ်ထုတ်နိုင်ဖို့ကို
လက်လွှတ်မခံနိုင်ပုံဘဲ...."
ယူရီ့ရဲ့စကားကို စက် ခေါင်းငြိမ့်ထောက်ခံလိုက်၏။
"လောလောဆယ်ဒီနေ့ညကိစ္စကို ကျွန်တော်တို့သုံးယောက်ပဲ
သိထားရအောင် စက်ချောက်ချခံရတာကိုသက်သေပြနိုင်တဲ့
အခါကျမှ...ဒါကိုစာရင်းထည်းပေါင်းပြီးရှင်းကြတာပေါ့...."
ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြသာနာကိုသွေးအေး
တည်ငြိမ်စွာဖြေရှင်းတတ်တဲ့သူ့ရဲ့ရင့်ကျက်မူ့ကို
စက် ချီးကျူးအသိအမှတ်မပြုဘဲမနေနိုင်ခဲ့....။
တစ်ကယ့်ကိုခုနကအခိုက်အတန့်ကစက်အတွက်
ကမ္ဘာပြိုမတတ်သွေးပျက်ချောက်ချားစရာပါပဲ...။
သူသာတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတာမျိူး စက် ထပ်ပြီးတောင်
တွေးမကြည့်ရဲပေ။
"၇နာရီတောင်ကျော်တော့မယ်....demon
ဗိုက်ဆာရောပေါ့..ငါညစာသွားပြင်လိုက်မယ်...."
ယူရီထိုင်ရာကနေထပြီးမီးဖိုခန်းဘက်ဝင်သွားတော့
စက်လည်းသူ့ကိုရေနွေးအိတ်ကပ်ပေးနေတာကို
လက်စသတ်လိုက်သည်။
"သက်သာတယ်မဟုတ်လားဟင်..."
"အင်း..."
ပြံး၍ခေါင်းငြိမ်ပြလာရင်း စက်ဘက်ကိုတည့်တည့်
လှည့်လာတဲ့ သူ့ရဲ့အကျင်္ီကော်လံကို စက်သေချာပြုပြင်
ပေးလိုက်သည်။
"အပြန်ကျရင် ငါနင့်ကိုလိုက်ပို့ပေးမယ်
တက္ကစီနဲ့မပြန်နဲ့တော့...."
"ကျွန်တော့်ကိုစိတ်မချလို့လား......"
"အဲ့ဒါကပြောဖို့လိုသေးလို့လား...."
အပြန်အလှန်မေးခွန်းတွေနှင့်တောက်ပတဲ့မျက်ဝန်းနှစ်စုံက
ဆုံမှတ်တစ်ခုထဲမှာစက္ကပေါင်းများစွာဆုံမိကြတဲ့အခါ...
သက်ဝင်လာတဲ့ရင်ခုန်ခြင်းသံစဉ်ဆီမှ မြစ်ဖျားခံလာတဲ့
အပြုံးတို့ကလည်းထပ်တူညီစွာဖြင့်.....။
~~~~~~~~~~~~~~~~~~💕💕💕
"ဘာပြောတယ်...လွဲသွားတယ်ဟုတ်လား
ကိုမင်းရဲ့လူတွေကအလုပ်ကိုဘယ်လိုလုပ်နေတာလဲ
ဒီလောက်ကိစ္စအကြီးကြီးကို ဟား...."
"သူကိုက အရမ်းကံကောင်းလွန်းနေတာ rose...."
"အခုမှ ကံကိုလွှဲချမနေပါနဲ့...ကိုမင်းကို rose
ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးသား ဒါက အန္တာရယ်များတဲ့
ကိစ္စမို့ လုပ်ရင်လည်းသေသေချာချာ ပိပိရိရိလုပ်ပါလို့
အခုအိပ်နေတဲ့ကျားကိုခေါင်းသွားပုတ်ပြီး
ဘယ်လိုဆက်လုပ်မှာလဲ...."
ဖုန်းထဲကနေကြားနေရတဲ့ roseရဲ့ဒေါသတကြီး
ပြစ်တင်စကားသံတွေကြောင့် မင်းသီဟ
မျက်လုံးကိုတစ်ချက်ဖိပိတ်လျက် ဆိုဖာပေါ်
အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။
"ဒီနေ့ကိစ္စမအောင်မြင်ခဲ့ပေမဲ့..ကိုယ့်ဘက်က
ဘာသဲလွန်စကိုမှ မချန်ထားခဲ့ဘူး ကားနံပါတ်ကိုသူတို့
မှတ်နိုင်လိုက်ရင်တောင် နံပါတ်ပြားအတုမို့ဘာမှအသုံး
မဝင်ဘူး...."
"roseနားထောင်ချင်တာဖြစ်နိုင်၏...မဖြစ်နိုင်၏
အခြေအနေတွေမဟုတ်ဘူး...ကိုမင်းအခုဘာဆက်လုပ်မှာလဲ..."
"............."
"rose ကိုမင်းကိုတစ်ခါထဲပြောလိုက်မယ်
အကယ်၍မနက်ဖြန်မှာရလာဒ်က တစ်ခုခုချွတ်ချော်သွားရင်
roseကို ပြသာနာထဲဆွဲမထည့်မိပါစေနဲ့...."
ထိုစကားကမိမိအပေါ်တစ်စက်လေးမှငဲ့ညှာခြင်းမရှိမှန်း
သိသာနေပေမဲ့ မင်းသီဟ roseကိုအပြစ်မတင်နိုင်ခဲ့။
"rose စိတ်ပူမနေပါနဲ့...ကိုယ်ဆိုတဲ့ကောင်ကလည်း
ကိုယ်ချစ်တဲ့မိန်းကလေးကို နောက်ဆုံးအချိန်ထိ
အတတ်နိုင်ဆုံးကာကွယ်ပေးမဲ့ကောင်ပါ......"
ဒေါသသံအနည်းငယ်ပါသွားတဲ့သူ့ကြောင့်
တစ်ဖက်မှ roseခဏမျှငြိမ်သက်သွားသည်။
"ပြီးတော့ မနက်ဖြန်ကတစ်ကယ့်အဆုံးသတ်
ဟုတ်မဟုတ်ဘယ်သူမှကြိုမသိနိုင်ဘူး..."
"ကိုမင်းမနက်ဖြန်ကုမ္ပဏီမသွားနဲ့...အခုထဲကရှောင်ဖို့
တိမ်းဖို့စီစဉ်ထား...တစ်ကယ်လို့မနက်ဖြန်
Meetingမှာရလာဒ်က roseတို့ထင်ထားသလို
မဟုတ်ခဲ့ရင်...ကိုမင်းတစ်ခါထဲရှောင်သွားလိုက်တော့...
အရေးကြီးတာ..ကိုမင်းသူတို့လက်ထဲလုံးဝမိသွားလို့
မဖြစ်ဘူးဆိုတာပဲ...."
"ကိုယ်နားလည်တယ်...."
"roseဖုန်းချလိုက်တော့မယ်..."
စကားအဆုံး သူပြန်ဖြေလာတာကိုတောင်မစောင့်ဘဲ
ဖုန်းကိုချက်ချင်းချသွားတဲ့ rose...။
မင်းသီဟ စိတ်ပျက်လက်ပျက်နဲ့ပဲ ဖုန်းကို
အရှေ့ကစားပွဲပေါ်ပစ်တင်လိုက်ရင်း ခေါင်းငိုက်စိုက်ကျ
သွားခဲ့ရတော့သည်။
"မင်းကိုချစ်ခဲ့မိတာ..ကိုယ်တစ်ကယ်ပဲ
မှားခဲ့ပြီလား rose..."
~~~~~~~~~~~~~~~~~💕💕💕
"ကျွီ!!!"
အဆင့်မြင့်ကွန်ဒိုတွဲကြီးရဲ့ရှေ့တစ်နေရာမှာ စက်ရဲ့
ကားလေးကညင်သာစွာထိုးရပ်သွားသည်။
ဘယ်လောက်ပဲမစိုးရိမ်ပါနဲ့လို့သူပြောပြော
ပြင်းပြင်းထန်ထန်ထိခိုက်ထားမှန်းသိသာနေတဲ့ပခုံးကြောင့်
သူ့ရဲ့ညာဘက်လက်ကကောင်းကောင်းလူပ်ရှားလို့
မရေးသေးတာကိုသိနေတာမို့ စက် သူ့ကိုထိုင်ခုံခါးပတ်
ဖြုတ်ပေးဖို့ကြိုးစားလိုက်ပြန်တော့ သူကစက်ကို
ပြုံးပြီးငုံ့မိုးကြည့်နေတာက ကားထွက်လာတုန်းက
ထိုင်ခုံခါးပတ် ပါတ်ဖို့ကူညီပေးခဲ့စဉ်ကအတိုင်းပင်....။
"ကျွန်တော့်ကိုလိုက်ပို့ပေးလို့ကျေးဇူးပဲ....
အထဲကိုလိုက္ဦးမလား...."
"ဟင်..."
"ဪ..ကျွန်တော်ပြောတာ ဒီအထိရောက်လာပြီးမှ
ကျွန်တော်နေတဲ့နေရာကိုလိုက်မကြည့်ချင်ဘူးလားလို့....."
အပြုံးချိုချိုလေးနဲ့ စက်ကိုသွေးဆောင်ဖို့ကြိုးစားနေတဲ့
နတ်ဆိုးလေးကြောင့် စက်ရယ်မိသွားရတော့....။
"ဘာလို့ရယ်တာလဲ...မင်းကကျွန်တော့်ကိုမယုံလို့လား...
ကျွန်တော်မင်းကိုဒီလိုလက်ဖျားလေးနဲ့တောင်ထိဖို့
မကြိုးစားပါဘူး...."
ပြောရင်း သူ့ကလက်ညိုးနဲ့စက် နှာသီးဖျားလေးကို
တို့ထိပြီး စသည်။
"ဆင်းလေ..."
"လိုက်မှာလား..."
"အင်း...."
"Yess!!"
ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပုံနှင့်ကားပေါ်ကနေ
ခပ်သွက်သွက်ဆင်းပြီး စက်ဘက်က
ကားတံခါးကိုလာဖွင့်ပေးကာ...လက်လှမ်းလာတော့
စက် အသာတကြည်ပဲ သူ့လက်ကိုဆုပ်ကိုင်ကာ
ဆင်းလိုက်သည်။
ကွန်ဒိုထဲကိုရောက်တော့ သူကစက်ရဲ့လက်ကိုဆွဲလျက်
ဓာတ်လှေကားထဲလှမ်းဝင်လာပြီး လျို့ဝှက်နံပါတ်ကို
ရိုက်ထည့်လိုက်၏....
`1992´
ရင်းနှီးနေတဲ့ဂဏန်းတွေမို့ စက်သူ့ကိုခေါင်းငဲ့မော့ကြည့်
လိုက်တော့ သူကစက်ကိုအပြုံးနှင့်ငုံ့မိုးကြည့်သည်။
"နင့်ရဲ့passwordက ဘာအဓိပ္ပါယ်လဲ..."
"မင်းရဲ့မွေးသက္ကရာဇ်..."
သူပြန်ဖြေချိန်မှာပဲ ဓာတ်လှေကားကအပေါ်ကို
တက်လာခဲ့ပြီဖြစ်သည်။
"လွန်ခဲ့တဲ့၇နှစ်ထဲက...ဘယ်အရာကိုပဲဖြစ်ဖြစ်
ကျွန်တော်ဒီဂဏန်းလေးလုံးကိုပဲ လျိူ့ဝှက်နံပါတ်အဖြစ်
ထားတတ်တာအကျင့်ဖြစ်နေပြီလေ...."
သူဆက်ပြောလာတဲ့စကားကြောင့် စက် သူ့ကို
ထပ်ပြီးငေးကြည့်မိသွားရသည်။
"မင်းသိလား...ဒီနှစ်တွေမှာမင်းကကျွန်တော့်အိပ်မက်တွေကို
ဘယ်လောက်ထိစိုးမိုးနိုင်ခဲ့လဲဆိုတာကိုလေ...."
စကားနဲ့အတူ သူဆုပ်ကိုင်ထားတဲ့စက်ရဲ့လက်ဖဝါးလေး
ပိုပြီးတင်းကြပ်သွားခဲ့ရသည်။ စက် သဘောကျစွာပဲ
လှလှပပလေးပြုံးလိုက်မိ၏။
ထိုအချိန် သူနေတဲ့အထပ်ကိုရောက်လာပြီမို့
ဓာတ်လှေကားက လျှောခနဲပွင့်သွားသည်။
ဓာတ်လှေကားထဲကနေလှမ်းထွက်လိုက်တာနဲ့
ခမ်းနားတဲ့အပြင်အဆင်တွေနှင့်ကျယ်ဝန်းလှတဲ့
နေရာတစ်ခုကစက်ကိုဆီးကြိုနေ၏..။
စက် သူနဲ့အတူလျောက်လှမ်းလာရင်း
မျက်ဝန်းတွေက အနီးအပါးကိုဝေ့ဝဲသွားခဲ့ရကာ....
"နင်က ဒီမှာတစ်ယောက်ထဲနေတာလား...."
"အင်း...ဟိုတယ်မှာထက် ဒီလိုနေရာက
ကျွန်တော့်အတွက်သီးသန့်ဆန်ပြီး အဆင်ပြေလို့လေ...."
ပြောရင်း သူကစက်ကို ဧည့်ခန်းလိုပြင်ဆင်ထားတဲ့
နေရာရဲ့ဆိုဖာရှည်ကြီးပေါ်မှာထိုင်စေလိုက်သည်။
"မင်းဘာသောက်မလဲ...ကျွန်တော်ပြင်ပေးမယ်လေ..."
ှ
"ဟင့်အင်း...မသောက်တော့ပါဘူး..."
စက် ခေါင်းခါပြီးငြင်းလိုက်ပေမဲ့ သူက
တစ်ခုခုကိုသတိရသွားဟန်ဖြင့်.....။
"ကျွန်တော့်မှာ ဝိုင်တွေအများကြီးရှိတယ်
ကျွန်တော်တို့ကညစာစားထားတာမကြာသေးဘူးဆိုတော့
အစာကြေပြီးသောက်လို့ကောင်းမဲ့ဝိုင်သွားယူလာခဲ့မယ်..။
ပြောရင်းသူက ဝတ်ထားတဲ့အပေါ်ထပ်အင်္ကျီကို
ချွတ်ကာဆိုဖာပေါ်ပစ်တင်ရင်း ခပ်လှမ်းလှမ်းမှာရှိနေတဲ့
ဘားတစ်ခုလိုပြင်ဆင်ထားတဲ့နေရာကိုလျောက်သွားသည်။
စက် သူ့ရဲ့လူပ်ရှားမူ့တွေကိုလိုက်ငေးကြည့်နေရင်းမှ
မျက်ဝန်းတွေက မှန်နံရံဆီရောက်သွားရတော့
ထိုင်ရာကနေ ထပြီးထိုအနားကိုလျောက်သွားလိုက်သည်။
ရန်ကုန်မြို့လယ်ခေါင်ရှိအဆောက်အဦးရဲ့အထပ်၂၀ကျော်ကနေ
စီးမိုးမြင်နေရတဲ့ရန်ကုန်မြို့ကြီးရဲ့ညရူ့ခင်းက
မီးရောင်စုံတွေနဲ့သက်ဝင်လှပနေခဲ့၏။
"စက္...."
ထိုအချိန် ဝိုင်ဖန်ခွက်နှစ်ခွက်ကိုကိုင်ပြီးစက်အနားကို
ရောက်လာတဲ့သူက ဖန်ခွက်တစ်ခွက်ကိုစက်ကို
လှမ်းပေး၏။
"ငါ ဝိုင်သိပ်မကြိုက်ဘူး...."
"ဒီဝိုင်က ပျော့ပါတယ်...သောက်ကြည့်...."
စက် သူ့စကားအတိုင်း ဝိုင်ခွက်ကိုနူတ်ခမ်းဖျားနဲ့တေ့ပြီး
အနည်းငယ်သောက်လိုက်တော့ သူကစက်ကို
ပြုံးကြည့်နေသည်။
"ဘာလဲ..ဘာလို့အဲ့လိုကြည့်နေတာလဲ..."
မေးဆတ်ပြကာမလုံမလဲမေးမိတော့ သူကရယ်ပြီး
ခေါင်းခါသည်။
"ဒီနေရာမှာ မင်းနဲ့အတူဝိုင်သောက်နေရတာ
ကျွန်တော့်အတွက် အိပ်မက်တစ်ခုလိုပဲ...."
ချက်ချင်းပင်တည်ကြည်သွားတဲ့ မျက်ဝန်းတွေနှင့်
သူကစက်အနားကိုတိုးကပ်လာကာ လက်ဖဝါးလေး
တစ်ဖက်ကိုဆွဲယူလျက် လက်ချောင်းချင်းယှက်ကာ
ခပ်တင်းတင်းဆုပ်ကိုင်၏။
"အခု ကျွန်တော်မင်းလက်ကိုဒီလိုမျိူးတစ်သက်လုံး
ဆုပ်ကိုင်ထားဖို့အခွင့်အရေးရှိနေပြီမဟုတ်လား...."
ညမီးရောင်အောက်မှာ ခန့်ညားတည်ကြည်လွန်းနေတဲ့
မျက်နှာချောချောဆီမှ မျက်ဝန်းအစုံက ချစ်ခြင်းရဲ့
အငွေ့အသက်တို့ဖြင့်ရီဝေနေခဲ့သည်။
စက် သူ့ကိုပြန်ပြီးမော့ငေးကြည့်မေမိရင်းမှ နူတ်ခမ်းဖူးလေး
အစုံက ခပ်သဲ့သဲ့ပြုံးသွားခဲ့ရင်း....
"ငါနင့်ကိုအကြိမ်ကြိမ်တွန်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့
နင်ကတော့ငါ့ကိုဘယ်တော့မှလက်မလျော့ခဲ့ဘူး...
နင်သာငါ့အနားကိုရောက်မလာခဲ့ဘူးဆိုရင်ငါအခုထိ
အတိတ်ရဲ့အမှောင်ရိပ်တွေထဲမှာလမ်းပျောက်နေခဲ့ဦးမယ်
ထင်တယ်...ကျေးဇူးတင်ပါတယ် အဆုံးထိ
ငါ့ကိုလက်မလျော့ခဲ့လို့....အခု ငါလည်းပဲနင့်လို
လွန်ခဲ့တဲ့၇နှစ်က,ကတိကိုတည်ချင်တယ် ငါတို့ကြားမှာ
ဘယ်လိုအခက်အခဲတွေပဲရှိရှိပေါ့...."
စက်ရဲ့အဖြေကသူ့မေးခွန်းအတွက်လုံလောက်တာထက်
ကျော်လွန်ခဲ့သည်ထင်၏။စက် သဘောကျရတဲ့
နတ်ဆိုးလေးရဲ့ဖြူညီညာသွားတန်းလေးတွေပေါ်နေတဲ့
အပြုံးချိုချိုလေးကိုနောက်ထပ်မြင်လိုက်ရရင်း
စက္ကန့်ပိုင်းအတွင်းမှာပဲ နဖူးပြင်လေးကနွေးခနဲခံစား
လိုက်ရချိန်မှာ စက် မျက်ဝန်းတွေကိုဖွဖွ ပိတ်လိုက်မိ၏။
ထို့နောက် မျက်နှာနုနုလေးအနှံ့ခပ်စိပ်စိပ်ရွေ့လျားသွားတဲ့
ထိုနွေးထွေးမူ့တွေက ဖူးကြွနေတဲ့နူတ်ခမ်းလွှာလေးတွေထက်
ရောက်ရှိလာတဲ့ခါ...လိုက်လျောညီထွေဖွင့်ဟပေးလိုက်မိတဲ့
နူတ်ခမ်းနှစ်လွှာ........။
နူးညံ့နွေးထွေးတဲ့အနမ်းတွေရဲ့ခမ်းနားမူ့ကို
စက် စာဖွဲ့မပြတတ်ပေမဲ့...ချုပ်ထိန်းဖို့မဖြစ်နိုင်တော့တဲ့
ရင်ခုန်သံတွေနဲ့ သူ့နူတ်ခမ်းလွှာတွေရဲ့လူပ်ရှားမူ့ကို
ကြည်ဖြူစွာတုံ့ပြန်ပေးနေခဲ့မိတာက အဆုံးမရှိတဲ့
စက္ကန့်ပေါင်းများစွာ.....။
နောက်ဆုံး နောက်ဆုံးမှာတော့ လက်တွေ့ကိုမေ့လျော့
နေခဲ့ရအောင်ရီဝေချိူမြိန်တဲ့ရင်ခုန်သံတွေကြား
နှစ်ယောက်သားမျောပါနေခဲ့ကြရင်းမှ....ကြားလိုက်ရတဲ့
နင့်နင့်သဲသဲသူ့စကားသံက..........
"Je t' aime....."(ကျွန်တော်မင်းကိုချစ်တယ်)
~~~~~~~~~~~~~~~~~~💕💕💕
ဆက်ရန်^^^^^
Writer by
#Hazel