book

Index 20

အပိုင်း(၂၀)

💕My lovely demon💕

                             ``အချစ်နတ်ဆိုးလေး´´



~~~~~~~~~


1:45 A.M


လက်ကနာရီကိုတစ်ချက်ပင့်ကြည့်ပြီး ကိုးလ်

ဂဏှာမငြိမ်နိုင်ဘဲခေါက်တုံ့ခေါက်ပြန်လျောက်နေမိပေမဲ့

ဝိုင်တစ်ခွက်နဲ့ ဆိုဖာပေါ်မှာရှိနေတဲ့ deရဲ့အာရုံကတော့

ပေါင်ပေါ်က laptop,ဆီမှာသာရှိနေသည်။


"de..မနက်၂နာရီထိုးတော့မယ်...."


"အင်း...."


"မက်စ် မင်းဆီmailမပို့လာသေးဘူးလား...."


"ပို့လိမ့်မယ်...ခဏစောင့်လိုက်ပါဦး...."


ပုံမှန်လေသံနဲ့ပဲပြန်ဖြေလာရင်း...deက

ကိုးလ်ကိုမော့ကြည့်သည်။


"မညောင်းဘူးလား...ဟိုလျောက်ဒီလျောက်လုပ်နေတာ

ထိုင်နေ...မထိုင်နေရင်လည်းအိပ်ချင်သွားအိပ်...."


"ငါဘယ်လိုလုပ်အိပ်နိုင်မှာလည်း ဒီမှာရင်တုန်လို့

သေတော့မယ်....."


ကိုးလ်ရဲ့စကားကြောင့်deကနူတ်ခမ်းလူပ်ရုံပြုံးရင်း....


"မင်းကငါ့ထက်ပိုပြီးစိတ်လူပ်ရှားနေသလိုပဲ...."


"မင်းကိုက ကြောက်စရာကောင်းအောင်သွေးအေးနေတာ...."


"ပြသာနာတစ်ခုကိုဖြေရှင်းနေတဲ့အချိန်မှာ

ခေါင်းအေးအေးထားနိုင်တာကအားသာချက်ပဲ..."


deရဲ့ခပ်အေးအေးအပြောကြောင့် ကိုးလ်က

ဆလံသ,သည်။


"ငါအခုချိန်မှာစိုးရိမ်တာတစ်ခုပဲရှိတယ်

အဲ့ဒါ စက် အိပ်မပျော်မှာကိုဘဲ...."


"ဝိုင်တစ်ခွက်နဲ့တစ်ညလုံးအိပ်ရမဲ့အလားအလာမရှိဘဲ

ထိုင်နေရမဲ့မင်းက သူ့ကိုလှမ်းပြီးစိတ်ပူနေသေးတယ်ပေါ့...."


"ဒါပေါ့...ငါ့အတွက်အားလုံးထက်အရေးကြီးတာသူပဲ...."


သူငယ်ချင်းနှစ်ယောက်စကားတပြောပြောရှိနေစဉ်မှာပဲ

မက်စ်ဆီကနေ mailဝင်လာခဲ့၏။


"မက်စ်...mailပို့လိုက်ပြီ...."


deပြောလိုက်တာနှင့် ကိုးလ်ကအနားကို

တိုးကပ်လာရင်း laptopကို ကပျာကယာကြည့်သည်။


deရဲ့လက်ချောင်းသွယ်သွယ်တွေက laptopထက်မှာ

ကျွမ်းကျင်သွက်လက်စွာလူပ်ရှားသွားပြီးခဏအကြာ....


မက်စ် mailပို့လာတဲ့ resultက

deခန့်မှန်းထားတဲ့အတိုင်းပင်....။


"ဒီ ဘဏ်အကောင့်က...မင်းသီဟရဲ့လျို့ဝှက်

ဘဏ်အကောင့်လား....."


"ဟုတ်တယ်.......ကိုးလ်..."


"သန်း၅၀၀၀...မင်းသီဟရဲ့လျို့ဝှက်ဘဏ်အကောင့်ထဲ

ပြီးခဲ့တဲ့လက ဝင်ထားတဲ့ငွေပမာဏက

သန်း၅၀၀၀တောင်လား...de...."


ကိုးလ် deကိုခေါ်ပြီးငဲ့ကြည့်လိုက်သည်။

deရဲ့မျက်ဝန်းတွေကတော့laptopဆီကမခွာဘဲ....


"အဲ့ဒီ့ငွေပမာဏကို သူ့ဆီတခြားလျိူ့ဝှက်အကောင့်

တစ်ခုကနေလွှဲလိုက်တာ.....အဲ့ဒီ့မင်းသီဟဆီ

ငွေလွှဲလိုက်တဲ့လျို့ဝှက်အကောင့်က blue Skyက

တစ်ယောက်ယောက်နဲ့ပတ်သတ်နေတယ်...."


"ဘယ်သူလဲ...."


ကိုးလ်အလောတကြီးပဲမေးလိုက်လျှင် deရဲ့

လက်ချောင်းတွေက နောက်တစ်ကြိမ် laptopထက်မှာ

ပြေးလွှားသွားခဲ့ရင်း....။


"ဦးကျော်ဇံအောင်...blue skyရဲ့

ဒုမန်နေဂျင်း....အခုသူတို့ကုမ္ပဏီက 

official announcementလုပ္​ခဲ့တဲ့

ထုတ်ကုန်သစ်အတွက်တာဝန်ယူထားတဲ့လူ...."


"ဒါဆို...."


"အဖြေကရှင်းသွားပြီ ကိုးလ်....ကုမ္ပဏီသူဌေးရဲ့

အတွင်းရေးလက်ထောက်ကလျို့ဝှက်အကောင့်နဲ့

ပြိုင်ဘက်ကုမ္ပဏီရဲ့ဒုမန်နေဂျင်းဆီက...5 billionဆိုတဲ့

ငွေပမာဏကိုလက်ခံခဲ့တယ်...တိုက်တိုက်ဆိုင်ဆိုင်

နှစ်ပတ်လည်ထုတ်ကုန်အတွက်တရားဝင်ရွေးချယ်မူ့

လုပ်ခဲ့ပြီးတစ်ပတ်အကြာမှာ....ဒါ့ထက်ရှင်းတဲ့အဖြေရှိဦးမလား

ပြောရရင်ထုတ်ကုန်ဒီဇိုင်းအသစ်ရဲ့ dataတွေကို

တိတိကျကျသိနိုင်တဲ့လူတွေက ကုမ္ပဏီရဲ့လူကြီးပိုင်းတွေနဲ့

ဒီဇိုင်းဌာနရဲ့ကျောက်မျက်ပညာရှင်တွေအပြင်နောက်ထပ်

ဘယ်သူတွေရှိနိုင်ဦးမှာလဲ....


"မင်းသီဟက အန်ကယ်လ်ဘုန်းဝဠာရဲ့

အတွင်းရေးလက်ထောက်ပဲ...သူ

ထုတ်ကုန်သစ်ရဲ့dataတွေကိုတိတိကျကျသိနိုင်တာ

အဆန်းမဟုတ်ဘူး...."


"တရားခံအတွက် ငါတို့ရဲ့ခန့်မှန်းချက်မှန်သွားပြီ

ကိုးလ်..."


"မင်းသီဟကတစ်ကယ်ပဲတရားခံဆိုရင် နှင်းဆီသွေးက..."


"ကျိမ်းသေတစ်နည်းနည်းနဲ့ပတ်သတ်နေတာပေါ့...

ဖြစ်နိုင်တာက နှင်းဆီသွေးကစက်ကိုတိုက်ခိုက်ဖို့အတွက်

မင်းသီဟကိုအသုံးချခဲ့တာ...."


"ဒါဆို ငါတို့အခုသူဌေးကိုအကြောင်းကြားရအောင်..."


"မလောနဲ့..နေဦး ငါတို့ဘက်က သူတို့ချောင်ပိတ်မိပြီး

ငြင်းမရတဲ့သက်သေတွေကိုထုတ်ပြရမှာ....အဲ့ဒီ့အတွက်

လောစရာမလိုဘူး ငါတို့မှာအချိန်တွေရှိပါသေးတယ်....

ပြီးတော့....."


စကားကိုချက်ချင်းမဆက်ဘဲ deရဲ့မျက်ဝန်းတွေက

အသိရခက်ခြင်းများနှင့်စူးလက်သွားခဲ့ပြီးနောက်။


"မင်းသီဟထက်နှင်းဆီသွေးပါဝင်ပတ်သတ်နေတဲ့

သက်သေကိုပါပြနိုင်မှဖြစ်မှာ...ဘာလို့လဲဆိုရင်

စက်ရဲ့အဓိကရန်သူက နှင်းဆီသွေးဖြစ်နေလို့ပဲ...."


~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


"ညကအိပ်ပျော်ရဲ့လား စက်...."


"အင်း အိပ်ပျော်တယ်...ငါညကနင့်အခန်းထဲက

ယူသွားတဲ့စာအုပ်ကိုတောင်ဆုံးအောင်မဖတ်လိုက်နိုင်ဘူး...."


ပြောရင်း ကော်ဖီဝိုင်းမှာဝင်ထိုင်လိုက်တဲ့စက်ရဲ့

ရွှင်ပြနေတဲ့မျက်နှာလေးကိုကြည့်ပြီး ယူရီ

စိတ်သက်သာရာရသလို ပြုံးလိုက်မိသည်။


ဒီလိုပြသာနာကြီးဖြစ်နေတဲ့အချိန်မှာတောင်

ပေါ့ပေါ့ပါးပါး ပြုံးနိုင်သေးတဲ့စက်ကိုမြင်ရတာက

demonဆိုတဲ့လူငယ်လေးအပေါ်ဘယ်လောက်ထိ

ယုံကြည်ချက်ထား,ထားလည်းဆိုတာသိသာနေသည်။


"နင် အားနေတာဆိုတော့ ငါတို့ဒီနေ့အပြင်ထွက်ကြမလား

စက္​...."


"ဟင့်အင်း မထွက်ချင်ဘူး ငါလုပ်စရာလေးရှိသေးတယ်"


"ဘာလုပ်မလို့...."


"စားကောင်းတာလေးတွေ ချက်ချင်လို့...."


"ဘာရယ်...."


စက်စကားကြောင့် မျက်လုံးပြူးကာ တအံ့တဩ

ဖြစ်သွားရတဲ့ယူရီ....။


"ဆယ်ခါ့ရန်တစ်ခါ မီးဖိုချောင်ထဲယောင်လို့တောင်

မဝင်တဲ့သူက စားကောင်းတာလေးတွေချက်မလို့

ဟုတ်လား...."


"အင်း...."


ချစ်စဖွယ်ခေါင်းလေးငြိမ့်ပြရင်း ယိုသုတ်ထားတဲ့

ပေါင်မုန့်ချပ်လေးကိုလှလှပပကိုက်သည်။


"ငါ demonကို ဒီနေ့ညစာချက်ကျွေးချင်လို့...."


"အွန်း...အဟွတ်...."


ဒီတစ်ခါတော့ ကော်ဖီပါသီးသွားရတဲ့ယူရီ....။


"ည.ညစာချက်ကျွေးမယ်...."


"အင်း..."


"ဒီမှာလား....."


ခေါင်းကိုနောက်တစ်ကြိမ် ဖျတ်ခနဲငြိမ့်ပြ၏။


"အခုလောက်ဆိုရင် သူကတရားခံရှာဖို့ကိစ္စနဲ့

အရမ်းပင်ပန်းနေမှာ ငါသူ့ကိုဂရုစိုက်ဖို့လိုတယ်လေ

မဟုတ်ဘူးလား...."


ထောက်ခံခိုင်းသလိုမေးလာတော့ ယောင်နနနဲ့

ခေါင်းငြိမ့်လိုက်ရပြန်၏။


"ဪ အပြင်မထွက်ဘူးဆိုပေမဲ့လည်း ညစာချက်ဖို့

လိုအပ်တာလေးတွေတော့ ထွက်ဝယ်ရဦးမယ်

နင်လိုက်ခဲ့ပေးနော်....."


သွက်သွက်လက်လက်လေးပြောရင်း

ကော်ဖီလက်ကျန်ကိုအပြတ်မော့လိုက်ကာ

တစ်ဝက်လောက်ကျန်နေတဲ့ပေါင်မုန့်ချပ်လေးကိုကိုင်ပြီး

ထသွားတဲ့စက်ကိုကြည့်လျက် ဘာမှပြန်ပြောခွင့်မရဘဲ

ကျန်နေခဲ့သူကတော့ ယူရီရယ်သာဖြစ်တော့၏။


~~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


Ring^^^^Ring


တစ်ညလုံးမအိပ်ခဲ့ရဘဲ မိုးလင်းမှမှေးခနဲ

အိပ်ပျော်သွားရတာမို့...နှစ်နှစ်ခြိုက်ခြိုက်မဖြစ်ဘဲ

ဖုန်းမြည်သံကြောင့်နိုးလာခဲ့တဲ့ de...

အိပ်ရာထက်ကနေပဲ စားပွဲပေါ်ကဖုန်းကိုလှမ်းယူ

ကြည့်လိုက်တော့ မြင်လိုက်ရတဲ့နာမည်ကြောင့်

ဖျတ်ခနဲထထိုင်မိသွားရ၏.....


"ဟဲလို..စက္​..."


"ဟဲလို..."


"မင်း ကျွန်တော့်ဆီဖုန်းဆက်မယ်မထင်လို့

အံ့ဩသွားတာ အိပ်ရာကနိုးပြီလား..."


"ဟင်..ဘယ်အချိန်ရှိနေပြီလဲ...ငါမနက်စာတောင်

စားပြီးသွားပြီ....နင်အိပ်နေတာလား...."


တစ်ဖက်က သူမရဲ့စကားကိုကြားမှ deလက်က

နာရီကိုပင့်ကြည့်လိုက်တော့ ၉နာရီပင်

ကျော်နေပြီဖြစ်၏။


"ဟုတ်သားပဲ...ကျွန်တော်ညကတစ်ညလုံးမအိပ်ရသေးလို့..."


လွှတ်ခနဲထွက်သွားမိပြီးမှ deကိုယ့်ခေါင်းကိုယ်

လက်ဖနောင့်နှင့်တစ်ချက်ထုလိုက်မိသည်။


"နင် အရမ်းပင်ပန်းနေပြီလား....."


ချက်ချင်းပင် တစ်ဖက်မှသူမအသံလေးက

တိုးဖျော့သွားသည်။


"မပင်ပန်းပါဘူး...လျောက်မတွေးနဲ့

ကျွန်တော်ဘာမှမဖြစ်ဘူး....."


နှစ်သိမ့်သလိုပြောလိုက်တော့ သူမကအသံ

ခဏတိတ်သွားပြီးမှ....


"ညနေကျရင် တိုက်ခန်းကိုလာခဲ့လို့ရမလား..."


"ဟင်..."


ထင်မထားတဲ့စကားကြောင့် deအံ့ဩသလို

ဖြစ်သွားခဲ့ရလျှင်....


"ငါဒီနေ့နင့်ကိုညစာချက်ကျွေးချင်လို့...."


"ကျွန်တော့်အတွက်..."


"အင်း....."


"အဟက်..."


"ဟင်..နင်ဘာလို့ရယ်တာလဲ...."


"ပျော်လို့...ဒါပထမဆုံးပဲလေ မင်းက

ကျွန်တော့်ကို မင်းဆီလာခဲ့ဖို့ခေါ်တာ...

မင်းပြောကြည့် ကျွန်တော်ပျော်သင့်တယ်မလား....."


"နင် မြန်မာထမင်းဟင်းစားတတ်ရဲ့လား..."


"ကျွန်တော့်ကိုအထင်မသေးပါနဲ့ ကျွန်တော်က

ပါရီမှာမွေးပါရီမှာကြီးတယ်ဆိုပေမဲ့ မြန်မာသွေး

တစ်ဝက်ပါ,ပါတယ်...."


deစကားကြောင့်သူမက သဘောကျသလိုလေး

ရယ်သည်။


"လာရင် ကိုယ်တိုင်ကားမောင်းမလာနဲ့ တက္ကစီပဲ

စီးလာ ပြန်ရင်မိုးချုပ်မှာဆိုတော့ ညဘက်ကြီး

ကားမောင်းတာအန္တာရယ်များလို့...."


စိုးရိမ်ပူပန်မူ့စေတနာတွေအထင်းသားပေါ်နေတဲ့

စကားသံလေး။


"ဒါနဲ့ ဘာလို့မမေးတာလဲ...."


"ဟင်...ဘာကိုလဲ...."


"တရားခံကိုရှာဖို့ ကျွန်တော်လူပ်ရှားနေတဲ့

အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုလေ...."


"ငါမေးစရာလိုသေးလို့လား...နင်လုပ်နိုင်မယ်ဆိုတာ

ငါယုံတယ်..."


ဒီတစ်ခါတော့ ပြုံးမိသွားရသူက de...။


ဟုတ်တယ်...မင်းကျွန်တော့်ကိုအပြည့်အဝယုံကြည်ပေးပါ

ကျွန်တော်ကမင်းကိုအပြည့်အဝကာကွယ်ပေးမှာမို့.....။


~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


"ညက အိပ်မပျော်ဘူးလား rose...."


ဦးဘုန်းဝဠာက ကုမ္ပဏီကိုစောစောထွက်သွားတာမို့

ဒေါ်ဟန်နီခင်တို့သားအမိနှစ်ယောက်ထဲ မနက်စာစားနေစဉ်

မလန်းဆန်းတဲ့မျက်နှာနှင့်မသာမယာဖြစ်နေတဲ့သမီးဖြစ်သူကို

ကြည့်ပြီးဒေါ်ဟန်နီခင်မေးလိုက်သည်။


"သမီးလေး ဘာတွေစိတ်သောကရောက်နေတာလဲ...

၄၈နာရီအတွင်း စက်ကအပြစ်ကင်းတယ်ဆိုတာ

သူတို့ဘက်ကသက်သေပြနိုင်သွားမှာ စိုးလို့လား...."


"သူတို့မလုပ်နိုင်ပါဘူး မာမီ..."


"မာမီကြားရသလောက် အဲ့ဒီdemon nineဆိုတဲ့

ကောင်လေးကသာမာန်မဟုတ်ဘူးဆို

သမီးအန်ကယ်လေးရဲ့မွေးနေ့မှာ စက်ကို

ရေထဲကကယ်ခဲ့တာလဲ အဲ့ကောင်လေးပဲ

မဟုတ်လား....."


"သူက စက်နားမှာအမြဲတမ်းအရိပ်လိုကပ်ပြီး

ကာကွယ်ပေးနေတာ...ဒါပေမဲ့အဲ့ဒါက

သူ့အတွက်အန္တာရယ်ကိုလက်ယပ်ခေါ်နေတယ်ဆိုတာ

သူသိပုံမရဘူး....."


"သမီးဘာကိုဆိုလိုတာလဲ...."


"မာမီ...သမီးစက်ကိုဘယ်လောက်ထိမုန်းလဲဆိုတာ

မာမီသိတယ်မဟုတ်လား...."


အမေးတခြားအဖြေတခြားနှင့် roseရဲ့

ငေးရီရီမျက်ဝန်းတွေကမိခင်ဖြစ်သူဆီရောက်သွားလျှင်

ဒေါ်ဟန်နီခင်က ခေါင်းငြိမ့်သည်။


"ဒီတစ်ခေါက်အခွင့်အရေးက roseဘက်က

အများကြီးရင်းထားခဲ့ရတာ...roseဒီအခွင့်အရေးကို

လုံးဝအဆုံးရူံးမခံနိုင်ဘူး...စက်ကိုနင်းခြေပစ်နိုင်ဖို့

roseဘာမဆိုလုပ်မယ်...အဲ့ဒါက

အန္တာရယ်များတဲ့လုပ်ရပ်ဆိုရင်တောင်မှပေါ့....."


~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀


"မင်္ဂလာပါရှင် ဘာများလိုအပ်ပါသလဲ...."


မှန်တွေကာရံထားတဲ့ပန်းဆိုင်ထဲကိုခြေချလိုက်တာနှင့်

ဝန်ထမ်းမိန်းကလေးတစ်ယောက်က ဖော်ရွေစွာ

မေးသည်။


de,ရဲ့မျက်ဝန်းတွေက အမျိုးအစားစုံလင်လှတဲ့

ဆိုင်ထဲကပန်းတွေဆီအကြည့်ဝေ့သွားရင်း

တနေရာကိုအရောက်မှာတိတိကျကျရပ်တန့်သွားပြီး

လက်ညိုးညွှန်ပြလိုက်တဲ့အခါ...


"forget me not flowerလားရှင့်..."


de ပြုံးပြီးခေါင်းငြိမ့်ပြလိုက်မိသည်။


"အလှဆုံးပန်းစည်းလုပ်ပေးပါ...."


သိပ်မကြာခင်အချိန်မှာဘဲ forget me not 

ပန်းစည်းလှလှလေးကိုပိုက်ပြီး ပန်းဆိုင်ထဲက

ပြန်ထွက်လာတဲ့ de ဖုန်းကိုထုတ်လျက်

သူမဆီmessageတစ်စောင်ကိုပို့လိုက်သည်။


ထို့နောက်ဖုန်းကိုအင်္ကျီအိတ်ထဲပြန်ထည့်ရင်း

ပလက်ဖောင်းဘေးထိ တိုးလျောက်သွားလျက်

လက်တစ်ဖက်ကိုဆန့်တန်းလိုက်ကာ.......။


"တက္ကစီ...."


~~~~~~~~~~~~~~~


``ကျွန်တော်အခုထွက်လာနေပြီ နောက်မိနစ်အနည်းငယ်ဆို

ရောက်မယ်....´´


ဖုန်းထဲဝင်လာတဲ့ မက်ဆေ့ခ်ျကိုကြည့်ပြီး စက်

ပြုံးလိုက်မိသည်။


မီးဖိုကိုပိတ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့

အသီးခွာနေတဲ့ယူရီကစက်ကိုစိုက်ကြည့်နေတာမို့

စက် လက်ထဲကဖုန်းကိုမြှောက်ပြလိုက်ရင်း...


"သူရောက်တော့မယ်တဲ့..ငါအောက်မှာ

သွားစောင့်နေလိုက်ဦးမယ်...."


"ဘာလဲ...သူကအပေါ်တက်မလာတတ်လို့လား..."


မချိုမချဉ်နဲ့စလာတဲ့ယူရီ့ကြောင့် စက်

လည်ပင်းလေးပွတ်ကာ မလုံမလဲရယ်မိရင်း

ထမင်းစားခန်းထဲကနေအပြေးတစ်ပိုင်းလှမ်းထွက်

လာခဲ့တာက တံခါးဝကိုဦးတည်သွားမလို့ပေမဲ့

အခန်းရှိရာကိုကြည့်လိုက်မိတဲ့အခါ စိတ်ပြောင်းပြီး

အခန်းထဲအရင်ဝင်လာတဲ့ဦးတည်ရာကမှန်တင်ခုံရှေ့သို့...


စက် ဟင်းချက်နေတာမို့စည်းထားတဲ့ဆံပင်တွေကိုဖြေချလိုက်ရင်း

ဘီးနဲ့တစ်ချက်နှစ်ချက်ဖီးကာ နူတ်ခမ်းနီခပ်ပါးပါးလေး

ဆိုးလိုက်သည်။


အိမ်နေရင်းဂါဝန်ရှည်လေးပေါ်မှာအနွေးထည်ခပ်ပါးပါးလေး

ဝတ်ထားတာက မထူးခြားတဲ့အပြင်အဆင်ပေမဲ့

မှန်ထဲမှာမြင်ရသလောက်တော့ အဆင်ပြေပါသည်။


စက် အခန်းထဲကနေပြန်ထွက်လာပြီးအောက်ကို

ရောက်လာခဲ့တော့ လက်ထဲက နာရီကိုတစ်ချက်ပင့်ကြည့်

လိုက်တော့ 6:15ရှိနေပြီမို့ မှောင်ရီပျိုးစဖြစ်နေသည်။


စက် ကားလမ်းမထက်ကိုတစ်ချက်လှမ်းမျှော်ကြည့်လိုက်

ချိန်မှာလည်းကားလမ်းတစ်ဖက် bus stopနားမှာ

အဖြူရောင် တက္ကစီတစ်စီးကထိုးရပ်သွားပြီး

ပန်းစည်းကြီးနဲ့ ကားပေါ်ကဆင်းလာတဲ့ပုံရိပ်ကို

မြင်လိုက်တဲ့ခဏ...ပြံးရိပ်ဆင်သွားရတဲ့

နူတ်ခမ်းလေးတွေဖြင့် ကားလမ်းဘေးထိ အပြေးတစ်ပိုင်း

လျောက်သွားရင်း သူ့ကိုလက်လှမ်းပြလိုက်လျှင်

သူကလည်းချက်ချင်းပဲစက်ကိုမြင်သွားပြီး လက်ပြန်

ဝှေ့ယမ်းပြကာ, ကားလမ်းကိုကူးလာဖို့ပြင်လိုက်သည်။


ထိုအချိန် လုံးဝထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုက

အရှေ့ကိုခြေလှမ်းတိုးပြီးကားလမ်းကူးလာပြီဖြစ်တဲ့

သူ့ဆီ အရှိန်ပြင်းပြင်းဦးတည်မောင်းဝင်လာတဲ့ကားတစ်စီး....။


"ဟင်...."


စက်ရဲ့မျက်လုံးတွေပြာဝေသွားခဲ့ရသည်ထင်၏


"de!!!"


သူ့နာမည်ကိုအသံကုန်အော်ဟစ်လိုက်မိတာနှင့်

သူ့ရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်သွားခဲ့ရင်း ကားလာနေတဲ့

ဘက်ကိုခေါင်းလှည့်ကြည့်လိုက်ချိန် တမင်သက်သက်

ရည်ရွယ်လာတဲ့ကားက...သူနဲ့လက်တစ်ကမ်းမျှ

အကွာအဝေးသို့ရောက်ရှိသွားခဲ့ပြီဖြစ်၏။


~~~~~~~~~~~~~~~❀◕ ‿ ◕❀


ဆက်ရန်^^^^


Writer by

#Hazel


rate now: