book

Index 2

Chapter(2)

💕My lovely demon💕

                          ``အချစ်နတ်ဆိုးလေး´´

~~~~~~~~~


"ဘာရယ် နင်ရဲ့အိပ်မက်ထဲမှာနင့်ကိုလက်ထပ်ခွင့်

တောင်းတဲ့လူက...လွန်ခဲ့တဲ့၇နှစ်ကနင်နဲ့

ဆုံခဲ့ဖူးတဲ့ကောင်လေး ဟုတ်လား..."


"အင်း...."


"စက်..ငါနင့်ကိုတစ်ယောက်ထဲထားခဲ့တာ

ညမကူးသေးဘူး...နင်စိတ်လွတ်သွားပြီလား"


တစ်ဖက်မှ ယူရီရဲ့တုံ့ပြန်စကားကြောင့်

စက် ဖုန်းကိုင်ထားရင်းမှမျက်နှာလေးရူံ့မဲ့သွားရ၏....


"ငါ့မှာတော့ အိပ်ခါနီးအချိန်ကြီးနင့်ဆီက

ဖုန်းဝင်လာတော့လန့်ဖျတ်သွားတာ...ကဲ

ပြောပါဦး နင်ပြောတော့ နင့်အိပ်မက်ထဲကလူရဲ့

မျက်နှာကိုမမှတ်မိလိုက်ပါဘူးဆို..."


"အေးလေ..လူကိုမမှတ်မိဘူး

ငါသူ့မျက်လုံးအောက်ကမှဲ့ကိုပဲမှတ်မိလိုက်တာ

အခု ငါအရင်ကဓာတ်ပုံအယ်လ်ဘမ်အဟောင်းတွေကို

ပြန်ကြည့်နေတုန်းဓာတ်ပုံတစ်ပုံထွက်လာတယ်

အဲ့ဒီ့ဓာတ်ပုံကလေ မာမားမဆုံးခင်တစ်နှစ်က

ငါတို့ပါရီကိုသွားတော့ သွားလည်ခဲ့တဲ့ကျွန်းတစ်ခုပေါ်မှာ

ငါနဲ့ကောင်လေးတစ်ယောက်ရိုက်ထားတာ..."


"နင်လွန်ခဲ့တဲ့၇နှစ်လောက်က, ပါရီကိုသွားလည်ရင်း

ရိုက်ထားတဲ့ဓာတ်ပုံနဲ့ နင့်အိပ်မက်ကဘယ်လို

ပတ်သတ်သွားရပြန်တာလဲ..."


"ပတ်သတ်တာပေါ့ ဓာတ်ပုံထဲကကောင်လေးရဲ့

မျက်လုံးအောက်မှာလဲ ငါအိပ်မက်ထဲကလူလိုမျိုး

မှဲ့လေးရှိတယ် တစ်ကယ့်ကိုတစ်နေရာထဲ

တစ်ထပ်ထဲပဲ..."


"ဟမ်!!!"


စက်ရဲ့ရှင်းပြချက်ကယူရီ့ကိုပိုပြီးရူပ်ထွေး

သွားစေသည်ထင်၏...


"စက်ရယ် နင်ပြောတာတွေနားထောင်ပြီး

ငါရူးတော့မှာပဲ နင်အိပ်ရေးပျက်တာတွေများပြီး

ကြောင်နေပြီလား..."


"နင်ကလဲ သဘောပေါက်မလွယ်လိုက်တာ..."


"အံမယ် နင်ကပဲငါ့ကိုပြောရတယ်ရှိသေး

နင်ပြောတာကိုနင်ရောရှင်းရဲ့လား ငါဒီမှာ

အရမ်းအိပ်ချင်နေပြီ..."


"ငါအိပ်ချင်ဖို့လဲထားပါဦး..တစ်ပတ်လုံးလုံး

အိပ်ရေးပျက်ထားတာငါပါနော်..."


"အင်းလေ..အဲ့ဒါကြောင့်နင်လဲစောစောအိပ်သင့်တယ်

အိပ်မက်ကအိပ်မက်ပါပဲစက်ရယ် အရမ်းကြီး

စိတ်ထဲမထားနေနဲ့နော်..goodnight

သူငယ်ချင်းလေး..."


"ဟဲ့..ခဏ ခဏနေပါဦး ဖုန်းမချနဲ့ဦး

နင်ငါ့သူငယ်ချင်းမဟုတ်ဘူးလား...ငါဒီမှာအရမ်းကြောက်နေပြီး

ဘယ်လိုမှအိပ်မရလို့ပါ..."


"ဟမ်..နင်ကဘာလို့ကြောက်တာလဲ.."


ဖုန်းထဲကယူရီ့အမေးကြောင့် စက်ရဲ့အကြည့်က

မွေ့ရာပေါ်မှာရှိနေတဲ့ဓာတ်ပုံဆီမရဲတရဲရောက်သွားရင်း...


"ငါ.ငါ အဲ့ဒီ့အိပ်မက်က,နမိတ်တစ်ခုလိုမျိုး

ဖြစ်လာမှာကြောက်လို့....အမှန်တိုင်းပြောရရင်

ငါလေ လွန်ခဲ့တဲ့၇နှစ်က အဲ့ဒီ့ကောင်လေးကို

ကတိတစ်ခုပေးခဲ့ဖူးတယ်..."


"ဘာကတိလဲ...."


စက် ယူရီ့ကိုချက်ချင်းပြန်မဖြေနိုင်ပဲ

လက်တစ်ဖက်ကပေါင်ပေါ်တင်ထားတဲ့ခေါင်းဦးကို

လက်ချောင်းလေးတွေနှင့်ဆုပ်ဆွဲလိုက်မိပြီးမှ...


"ငါလေ...အဲ့ကောင်လေးကို သူအရွယ်ရောက်လာတဲ့အခါ

လက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်..."


"ဘာ!!!..."


ဖုန်းထဲကယူရီ့ရဲ့`ဘာ´သံကြောင့်

စက်,ပခုံးလေးတုန်တက်သွားရ၏...


"လန့်လိုက်တာဟာ..ဘာလို့အဲ့လောက်တောင်

အော်ရတာလဲ..."


"မထင်ရဘူး စက်,နင်ကလွန်ခဲ့တဲ့၇နှစ်ထဲက

အဲ့လိုဇာတ်လမ်းတွေရှိခဲ့တာလား...ဟား..ဟား..."


ယူရီကသဘောကျသလို အသံအကျယ်ကြီးနဲ့

ရယ်တော့ စက်, အနားမှာဘယ်သူမှမရှိပေမဲ့လဲ

မလုံမလဲဖြစ်မိသလိုနှင့် လည်တိုင်သွယ်သွယ်လေးကို

လက်ဖဝါးတစ်ဖက်နှင့်ပွတ်သပ်လိုက်မိရင်း.....


"ဇာတ်လမ်းမဟုတ်ပါဘူးဟာ..အဲ့ဒီ့တုန်းက

သူက,၁၄နှစ်အရွယ်ကလေးသာသာပဲရှိသေးတာ...

ငါကဒီအတိုင်းသူ့ကိုစနောက်ပြီးပြောခဲ့မိတာပါ..."


"စက်ရယ် ဒါလွန်ခဲ့တဲ့၇နှစ်ကကိစ္စပဲ

နင်တောင်,အခုအကြောင်းတိုက်ဆိုင်မှသတိရတဲ့ဟာ

အဲ့ဒီ့ကလေး တစ်ချိန်လုံးနင့်ရဲ့ကတိကိုတသသနဲ့

အမှတ်ရနေမယ်လို့ထင်လို့လား..."


"အေးနော်...ငါတောင်သတိမရတာ

သူလဲမေ့နေလောက်ပါပြီဟုတ်တယ်မလား..."


"ဒါပေါ့..ဘာမှမကြောက်နဲ့ နင့်ရဲ့အိပ်မက်နဲ့

အဲ့ဒီ့ကောင်လေးကအကြောင်းတိုက်ဆိုင်ရုံ

သက်သက်ပဲ..."


ယူရီ့ရဲ့နှစ်သိမ့်စကားကိုနားထောင်ပြီးမှ

စက်,နည်းနည်းစိတ်သက်သာရာရသွားခဲ့သလိုပင်။


"ကဲပါဟာ....အဲ့လောက်ထိလိုက်တွေးပြီး

ဆိုက်ကိုဝင်မနေနဲ့...စောစောအနားယူတော့

ငါမနက်ဖြန်ကျရင်ပြန်လာခဲ့မယ် နော်..."


"ကျေးဇူးပဲသူငယ်ချင်း...."


"ဒါဆို..ငါဖုန်းချလိုက်တော့မယ်

ဟုတ်ပြီလား..."


"အင်း...."


ယူရီနဲ့ဖုန်းပြောပြီးတော့ စက် သက်ပြင်းတစ်ချက်ကို

ခပ်ငွေ့ငွေ့ချလိုက်မိသည်။


"ဟုတ်တယ် ဒါကအကြောင်းတိုက်ဆိုင်တဲ့

အိပ်မက်သက်သက်ပဲ အခုလောက်ဆို

နင်လဲငါ့ကိုမေ့နေလောက်ပါပြီ...ဟုတ်တယ်မလား..."


ခပ်တိုးတိုးရေရွတ်မိရင်း ဓာတ်ပုံကို

အယ်လ်ဘမ်ထဲနေရာတကျပြန်ထည့်လိုက်၏...


နောက်တစ်ကြိမ်ဓာတ်ပုံကိုပြန်စူးစိုက်ကြည့်လိုက်ပေမဲ့

မကြာသေးခင်ကခံစားခဲ့ရသလို စိုးရိမ်ထိတ်လန့်

မူ့များရှိမနေတော့...


အရင်ကမော့လျော့နေခဲ့မိပေမဲ့ ဒီဓာတ်ပုံကို

မြင်လိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့၇နှစ်

ဒီကောင်ငယ်လေးနဲ့ဆုံခဲ့စဉ်ကအဖြစ်အပျက်တွေက

ခေါင်းထဲကိုတစ်ခုချင်းဝင်ရောက်လာခဲ့တယ်...

စက်က,မှတ်ညဏ်ကောင်းတဲ့မိန်းကလေး

တစ်ယောက်ပဲမဟုတ်လား......


အဲ့ဒီ့ကျွန်းမှာ စက်,ရက်အနည်းငယ်ပဲနေခဲ့တာဆိုပေမဲ့

demonဆိုတဲ့ကောင်ငယ်လေးနဲ့အမှတ်တရတစ်ချို့

ရှိခဲ့တာပဲ....


အဲ့ဒီ့အမှတ်တရတွေထဲကမှ ပိုပြီးထင်ထင်ရှားရှား

ရှိနေခဲ့တဲ့အမှတ်တရတစ်ခု...အဲ့ဒီ့အမှတ်တရက

စက်..အဲ့ဒီ့ကျွန်းကနေ ပါရီကိုပြန်မဲ့ညနေခင်း

ဖြစ်မယ်ထင်တယ်...................... ???


အဲ့ဒီ့နေ့ကပေါ့.............


~~~~~~~~~~~~~~~🔥🔥🔥


"ငါ ဒီညနေကျွန်းကနေပြန်တော့မယ်

ပြီးရင်ပါရီမှာတညဆက်နေပြီးတာနဲ့ငါတို့မိသားစုတွေ

အိမ်ကိုပြန်ရမှာ..ငါနင့်ကိုနူတ်ဆက်ခဲ့ပါတယ်နော်..."


"ဒါဆို..ကျွန်တော်ကခင်ဗျားကိုထပ်မတွေ့ရတော့ဘူးပေါ့..."


ချက်ချင်းပင်ညိုးနွမ်းသွားတဲ့မျက်ဝန်းတွေနဲ့

ပြန်မေးလာတဲ့ကောင်လေးကို စက် ပြုံးပြီး

ခေါင်းငြိမ့်ပြလိုက်သည်။


"ငါကဒီကိုလာလည်တဲ့ဧည့်သည်ပဲလေ

အချိန်တန်ရင် အိမ်ကိုပြန်ရမှာပေါ့

နင်ရောဘယ်တော့ပြန်မှာလဲ...."


"ကျွန်တော်က ဒီနေရာရဲ့ဧည့်သည်မဟုတ်ဘူး....

ဒီကျွန်းပေါ်မှာကျွန်တော့်ရဲ့အိမ်ရှိတယ်...."


"ဒါဆို နင်ကဒီမှာအမြဲနေမှာလား..."


"မဟုတ်ဘူး ကျွန်တော်က နေရာအနှံ့ကို

လျောက်သွားနေတာ ဒီကျွန်းပေါ်ကအိမ်လိုမျိုးပဲ

နောက်ထပ်နေရာတွေအများကြီးပေါ်မှာလဲ

ကျွန်တော့်ရဲ့အိမ်တွေရှိတယ်..."


"ဘာပဲဖြစ်ဖြစ်ပါ..ဒီကျွန်းပေါ်မှာနင်နဲ့သိခွင့်ရလို့

ငါအရမ်းကျေးဇူးတင်ပါတယ် နင့်ကြောင့်

ဒီကျွန်းပေါ်ကလှပတဲ့နေရာတွေအများကြီးကို

ငါရောက်ဖူးခဲ့ပြီ...ငါတို့ကံမကုန်ရင်ပြန်ဆုံကြတာပေါ့..."


"ခင်ဗျားမပြန်ခင် ကျွန်တော်ခင်ဗျားကို

လက်ဆောင်လာပေးမယ်..ခင်ဗျားကျွန်တော့်ကို

စောင့်နေပါ..."


ကောင်လေးရဲ့အမေးကြောင့် စက်ရယ်လိုက်မိရင်း

ခါးလေးညွတ်လျက် ချစ်စရာကောင်ငယ်လေးရဲ့

ဦးခေါင်းကိုတစ်ချက်ပွတ်သပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


"ငါသွားတော့မယ်...."


အပြုံးမပျက်နူတ်ဆက်ပြီး စက် လှမ်းထွက်လာခဲ့လျှင်

နေရာမှာတင်ခြေစုံရပ်ကျန်နေခဲ့တဲ့ကောင်ငယ်လေးရဲ့

ပုံရိပ်ကကမ်းခြေမှာအရိပ်ထင်ကျန်နေခဲ့တယ်....


အဲ့ဒီ့နေ့ညနေက စက်တို့မိသားစု

တည်းခိုနေတဲ့ဟိုတယ်ကနေ ကျွန်းပေါ်ကနေပြန်ဖို့

ဌားထားတဲ့ရဟတ်ယာဉ်,ကွင်းရှိရာကိုမထွက်ခွာမှီ

သူရောက်အလာကိုစောင့်နေခဲ့သေးပေမဲ့

မိနစ်ပိုင်းအလိုထိရောက်မလာခဲ့တာမို့...

ဟိုတယ်ကစီစဉ်ပေးတဲ့ကားနဲ့ထွက်ခွာလာခဲ့ကြ၏...


ဒါပေမဲ့ သိပ်ဝေးဝေးမရောက်သေးခင်မှာပဲ....


"ဧည့်သည်..ကောင်လေးတစ်ယောက် ကျွန်တော်တို့

ကားနောက်ကိုပြေးလိုက်လာနေတယ်ခင်ဗျ...."


ပါပါးကိုလှမ်းပြောလိုက်တဲ့ကားဒရိုင်ဘာရဲ့စကားကြောင့်

ကားနောက်ခန်းမှာမာမားနဲ့အတူထိုင်နေတဲ့ စက်

ကိုယ်လေးကြွပြီး ကားမှန်ကနေအနောက်ကို

လှည့်ကြည့်လိုက်တော့ လက်ထဲမှပန်းစည်းလေးကိုပိုက်ပြီး

ကားနောက်ကိုမောကြီးပန်းကြီးပြေးလိုက်လာနေတဲ့

ကောင်လေးdemon....


"အဲ့ဒါ စက်ရဲ့သူငယ်ချင်း ပါပါး 

ကားရပ်ခိုင်းပေးပါ..."


"ကျွီ....."


ကားရပ်သွားတာနှင့် စက် ကားတံခါးကိုဖွင့်ပြီး

ဆင်းလိုက်သည်။


သူက,ကားရပ်တာကိုမြင်မှပြေးနေတာကိုရပ်ပြီး

အသက်ကိုလုရူနေပုံရ၏...


စက်, ကောင်လေးရပ်နေတဲ့နားကိုပြန်ပြေးသွား

လိုက်သည်။


"ခင်ဗျားဘာလို့ကျွန်တော့ကိုမစောင့်တာလဲ

ကျွန်တော်ခင်ဗျားကိုလက်ဆောင်လာပေးမယ်လို့

ပြောထားတယ်လေ..."


စက် အနားကိုရောက်သွားတာနဲ့မောဟိုက်နေတဲ့

အသံလေးနဲ့ပြောလာတဲ့ကောင်လေးကို

စက်,မယုံနိုင်သလိုငေးကြည့်မိသွားရတယ်...


"နင် ဟိုတယ်ကနေဒီအထိငါတို့ကားနောက်ကနေ

လိုက္​လာတာလား..."


"အင်းး...."


နဖူးပြင်မှာစီးကျနေတဲ့ချွေးစတွေနဲ့မျက်နှာလေးနှင့်

ခေါင်းငြိမ့်ပြလာတဲ့ကောင်လေးကိုကြည့်ပြီး

စက် ဘာထပ်ပြောရမှန်းမသိဖြစ်သွားရစဉ်မှာပဲ

ကောင်လေးက သူလက်ထဲကပန်းစည်းလေးကို

စက်ဆီလှမ်းပေးလာခဲ့တယ်...


"ခင်ဗျားအတွက်..."


"forget me not....."


အဝါရောင်ဝတ်ဆံ၊အပြာရောင်ပွင့်ဖတ်သေးသေးတွေနဲ့

ချစ်စရာကောင်းတဲ့ပန်းလေးတွေနဲ့ဖန်တီးထားတဲ့

ပန်းစည်းလှလှလေးကိုကြည့်ပြီး စက်ရေရွတ်လိုက်မိတော့


"ဟုတ်တယ်..ဒါ forget me notပန်းလေ

ခင်ဗျားဒါကိုသိတယ်မဟုတ်လား....ဒီပန်းတွေက

ကျွန်းပေါ်မှာမရှိဘူး ကျွန်တော်ခင်ဗျားအတွက်

လက်ဆောင်ပေးချင်လို့ တခြားနေရာကမရရအောင်

ရှာလာခဲ့ရတာ..."


"ဘာလို့...ဒီပန်းတွေကိုမှ ငါ့ကိုလက်ဆောင်

ပေးချင်ရတာလဲ...."


ချစ်စရာပန်းပွင့်လေးတွေကိုလက်ချောင်းတွေနဲ့

ဖွဖွတို့ထိပြီး စက်မေးလိုက်လျှင် သူပြန်ဖြေလာခဲ့တာက..


"ခင်ဗျားကျွန်တော့်ကိုအမြဲတမ်းသတိရနေအောင်လို့...." တဲ့


စက် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်ထင်၏...


"စိတ်ချပါ ငါနင့်ကိုအမြဲတမ်းသတိရနေပါ့မယ်...."


ခပ်သဲ့သဲ့ရေရွတ်ရင်း ထုံးစံအတိုင်း 

သူ့ရဲ့ဦးခေါင်းလေးကိုပွတ်သပ်ဖို့ ခါးလေး

ညွတ်လိုက်ချိန်မှာ စက်ရဲ့ပါးပြင်တစ်ဖက်ဆီက

နွေးခနဲအထိအတွေ့တစ်ခုက....

ထိုကောင်ငယ်လေးဆီကအနမ်းတစ်ပွင့်နဲ့

ကျူးကျော်ခံလိုက်ရခြင်းသာ။


ထင်မထားတဲ့ မပြုအမူကြောင့်

အံ့ဩသလိုဖြစ်သွားရတဲ့စက်ကို

demonဆိုတဲ့ကောင်ငယ်လေး

တည်တည်ငြိမ်ငြိမ်ပြုံးပြလာခဲ့တယ်။


"ခင်ဗျားပေးထားတဲ့ကတိကိုတည်မယ်မဟုတ်လား

ခင်ဗျား ကျွန်တော့်ကိုကျိမ်းသေစောင့်နေရမယ်နော်..."


"နင်သာ ၇နှစ်ပြည့်တဲ့နေ့အထိ အဲ့ဒီ့ကတိကို

သတိရသေးတယ်ဆိုရင်ပေါ့...."


စကားအဆုံး ပန်းစည်းလေးကိုပွေ့ပိုက်လျက်

စက် အပြုံးနဲ့ပဲထိုကောင်ငယ်လေးကို

ကျောခိုင်းလာခဲ့၏....


နောက်ဆုံး စက်တို့ရဲ့ကားထွက်သွားသည်အထိ

အဲ့ဒီနေရာမှာ လက်ပြကျန်နေခဲ့တဲ့ကောင်ငယ်လေးရဲ့

ပုံရိပ္​....


စက် ကားပေါ်မှာ ပန်းစည်းလေးကိုအရိပ်တကြည့်ကြည့်နဲ့

ပြုံးနေခဲ့မိသည်။


ဘယ်တော့မှမသေဆုံးတဲ့အချစ်၊ခိုင်မြဲတဲ့သစ္စာတရား

အတူရှိခဲ့ဖူးတဲ့အမှတ်တရများစွာကိုကိုယ်စားပြုတဲ့

အဓိပ္ပါယ်တွေအပြင်သတိရခြင်းလို့လဲ

အဓိပ္ပါယ်ဖွင့်ဆိုနိုင်သေးတဲ့ ဒီကဗျာဆန်ဆန်

forget me notပန်းစည်းလေးကို...

demonဆိုတဲ့ကောင်ငယ်လေးက

စက်ကိုလက်ဆောင်ပေးခဲ့တာလေ။


"ငါတို့ကံမကုန်ခဲ့ဘူးဆိုရင် တစ်နေ့ကျရင်

ပြန်ဆုံကြရမှာပါ...."


~~~~~~~~~~~~~~~~


အတိတ်ကဖြစ်ရပ်တစ်ချို့ဆီလွင့်မျောသွားတဲ့

စိတ်အစဉ်နဲ့ အဆုံးသတ်မှာ စက် မောလျစွာနဲ့ပဲ

အိပ်ရာထက်မှာခွေခေါက်ခေါက်လှဲလျောင်းလိုက်သည်။


အမြဲတမ်းသတိရနေပါ့မယ်လို့ ကတိပေးခဲ့မိပေမဲ့

demonဆိုတဲ့ကောင်ငယ်လေးကို စက်

ဒီနှစ်တွေမှာတစ်ကယ်ပဲမေ့လျော့နေခဲ့မိတယ်...


ဒါပေမဲ့ဒါတွေကစက်ရဲ့အပြစ်လို့လဲပြောလို့မရပြန်ဘူး

ဘာလို့လဲဆိုရင် ဒီ၇နှစ်ဆိုတဲ့အချိန်အတွင်းမှာ

စက်ရဲ့ဘဝထဲရင်နာစရာကိစ္စအများကြီးကိုဖြစ်ပျက်

ကြုံတွေ့ခဲ့ရတာမို့လို့လေ...


ပါရီ အဲ့ဒီ့ခရီးစဉ်ကနေပြန်လာပြီး သိပ်မကြာခင်မှာပဲ

စက်ရဲ့မာမားဆုံးသွားခဲ့တယ်...ပြီးတော့ဆက်တိုက်ဆိုသလို

စက်အတွက်မကောင်းတဲ့ဖြစ်ရပ်တွေအများကြီး

ဖြစ်ပျက်သွားခဲ့တာ......


အမှန်တိုင်းဆိုပြောရရင်ခုချိန်မှာ သံသရာစက်ဆိုတဲ့

မိန်းကလေးက ဘဝမှာပိုင်ဆိုင်ခဲ့ဖူးသမျှအရာ

အားလုံးကိုလက်လွတ်ဆုံးရူံးထားရတဲ့

သူတစ်ယောက်ပေါ့....


ဒါပေမဲ့ စက်,ဆုံးရူံးခဲ့ရတဲ့အရာတွေကိုပြန်ပြီး

ရယူဖို့မကြိုးစားချင်တော့တာက....စက်အတွက်

အခုလက်ရှိအနေအထားက အငြိမ်းချမ်းဆုံးလို့

မှတ်ယူထားလို့ပါပဲ။


"ငါနင့်ကိုမေ့လျော့နေခဲ့မိသလို နင်လဲ

ငါ့ကိုသတိရမနေစေချင်ဘူး ဘာလို့လဲဆိုရင်

နင့်ကိုပေးခဲ့မိတဲ့ကတိကို ငါဘယ်တော့မှ

တည်နိုင်တော့မှာမဟုတ်လို့ပဲ...ဒီအတိုင်းငါ့ကို

နင့်ငယ်ဘဝရဲ့ကောင်းမွန်တဲ့အမှတ်တရတစ်ခုလို

သတ်မှတ်ထားလိုက်ပါတော့ demon"


~~~~~~~~~~~~~~~~~🔥🔥🔥


(27.12.2020) ပြင်သစ်နိုင်ငံ ပါရီမြို့(paris)


Leonine🏰


ပါရီမြို့လယ်ခေါင်ရှိလူကုံတန်ရပ်ကွက်တစ်ခုအတွင်းမှာ

တည်ရှိနေသောခမ်းနားလှသောအဆောက်အဦးကြီး

တစ္​ခု....


မြင်းစီးကွင်းတွေ၊ဂေါ့ဖ်ကွင်းတွေအပြင်

အရောင်အသွေးစုံလင်လှတဲ့ပန်းဥယျာဉ်ကြီးနှင့်

သီးသန့်ကမ္ဘာတစ်ခုလို ခမ်းခမ်းနားနား

တည်ဆောက်ထားတဲ့ အဆိုပါအဆောက်အဦးရဲ့

ဝင်းကြီးထဲမှာတော့ ဆည်းဆာရောင်တောက်နေတဲ့

ညနေခင်းတစ်ခုမှာ ဝတ်ကောင်းစားလှတွေနဲ့လူပေါင်းများစွာ

စည်ကားနေခဲ့တဲ့မြင်ကွင်း....


ငြိမ့်ညောင်းတဲ့အနောက်တိုင်းတီးလုံးသံစဉ်

ရှန်ပိန်အကောင်းစားတွေနဲ့စားကောင်းသောက်ဖွယ်များ

တဖြေးဖြေးနဲ့စုံလင်လာပြီဖြစ်တဲ့လှပတဲ့

ရောင်စုံမီးရောင်တွေ....


အရာအားလုံးကိုခြုံပြီးတော့ကြည့်လိုက်ရင်

အထက်တန်းလွှာလူကုံတန်တွေရဲ့ငွေဖြုန်းတီးတဲ့

ပါတီပွဲတစ်ခုပါပဲ...


ခြံဝင်းကြီးထဲမှာ လှပတဲ့သီးသန့်ကမ္ဘာတစ်ခု

ဖြစ်တည်နေသလို...ဆန့်ကျင်ဘက်အနေနဲ့

အဆောက်အဦးကြီးရဲ့အတွင်းထဲမှာတော့..

တူညီဝတ်စုံတွေကိုဝတ်ဆင်ထားတဲ့ဝန်ထမ်းတစ်ချို့

တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို

ဆူညံပျာယာခတ်နေကြတဲ့မြင်ကွင်း....


ထိုအချိန် အနောက်တိုင်းဝတ်စုံပြည့်ကို

ဝတ်ဆင်ထားတဲ့လူရွယ်တစ်ယောက်

အိမ်ထဲကိုခြေလှမ်းကျဲကြီးတွေနဲ့လှမ်းဝင်လာသည်

ဝန်ထမ်းတွေကိုလှမ်းမေးလိုက်တယ်....


"သူ့ကိုတွေ့ပြီလား...ပွဲကစဖို့နောက်ကျနေပြီ.."


"မတွေ့သေးပါဘူးSir..ကျွန်တော်တို့ရှာတာနှံ့နေပါပြီ.."


"demon...de "


ဝန်ထမ်းတစ်ယောက်ပြန်ဖြေလာတဲ့စကားအဆုံး

ထိုလူရွယ်က နာမည်တစ်ခုကိုခေါ်ပြီး

နှစ်ဖက်ဖွင့်လှေကားကြီးရဲ့တစ်ဖက်ကနေ

လှေကားထစ်တွေအတိုင်းပြေးတက်သွားတော့

ဝန်ထမ်းတစ်ချို့ကအနောက်ကနေပြေးလိုက်သွားကြသည်။


ဒုတိယထပ်ကအခန်းပေါင်းမြောက်မြားစွာကို

ဖြတ်ကျော်ခဲ့ပြီး အခန်းတစ်ခုရှေ့မှာခြေစုံရပ်လိုက်တဲ့

ထိုလူရွယ် အခန်းတံခါးကိုအလောတကြီးပဲ

တွန်းဖွင့်လိုက်တဲ့အခါ...ခပ်သွက်သွက်ပဲ

လှမ်းဝင်သွားခဲ့သည်။


ဒါပေမဲ့ကျယ်ဝန်းခမ်းနားတဲ့ထိုအခန်းထဲမှာလဲ

လူရိပ်လူယောင်ရှိမနေခဲ့ဘူး....


လူရွယ်ကအခန်းထဲကိုလှည့်ပတ်ကြည့်ပြီး

နံရံထက်ကတစ်နေရာကိုအရောက်မှာ

မျက်ဝန်းတွေရပ်တန့်သွားခဲ့၏...


ထိုနံရံထက်မှာတော့ ၁၄နှစ်အရွယ်ကောင်လေး

တစ်ယောက်နှင့်လှပတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့

ဓာတ်ပုံက နံရံနဲ့အပြည့်နေရာယူနေခဲ့သည်။


ထိုလူရွယ်ကဓာတ်ပုံကိုစိုက်ကြည့်နေရင်းက

တစ်ခုခုကိုတွေးမိသွားသလို သူ့ရဲ့ဖုန်းကို

ကပျာကယာပဲထုတ်ယူလိုက်ပြီး ဖွင့်ကြည့်၏..

ပြီးတော့အဖြေရသွားသလို မျက်ဝန်းတွေတစ်ချက်

ဖိပိတ်သက်ပြင်းချလျက် အနောက်ကဝန်ထမ်းတွေကို

လှည့်ကြည့်လိုက်သည်။


"bossကိုအကြောင်းကြားလိုက် ဒီည

ပါတီပွဲကအထမမြောက်နိုင်တော့ဘူး demon

သူပါရီကနေထွက်သွားပြီ...."


"ဟင်...."


"ဟာ..."


ဝန်ထမ်းတွေဆီကအာမေဋိတ်သံတွေကိုယ်စီ

ထွက်လာခဲ့သည်။ လူရွယ်ကတော့

နောက်တစ်ကြိမ်နံရံထက်ကပုံကိုလှမ်းကြည့်ပြီး

ခေါင်းကိုခပ်သဲ့သဲ့ယမ်းလျက် ပြုံးလိုက်ရင်း

စကားတစ်ခွန်းကိုဆိုလိုက်သည်။


"ဒီနေ့က ၇နှစ်ပြည့်တဲ့နောက်ဆုံးရက်ပဲ...."


~~~~~~~~~~~~~~~🔥🔥🔥


ဆက်ရန်>>>>


#Hazel


rate now: