💕My lovely demon💕
``အချစ်နတ်ဆိုးလေး´´
~~~~~~~~
"လွန်ခဲ့တဲ့၂နှစ်က ကျွန်တော်မင်းကိုကာကွယ်ပေးဖို့
အခွင့်အရေးမရှိခဲ့ပေမဲ့...မင်းအတွက်ဒုတိယအကြိမ်
တူညီတဲ့ဖြစ်ရပ်မျိုးရှိမလာစေရဘူး...နောက်ထပ်
မင်းရဲ့ဘယ်အရာကိုမှ မဆုံးရူံးစေရဘူး စက်
မင်းရဲ့နာမည်၊မင်းရဲ့ဂုဏ်သိက္ခာ၊မင်းရဲ့ပုံရိပ်
အရာအားလုံးကို ကျွန်တော်ကာကွယ်ပေးမယ်
အဲ့ဒါကြောင့် ကျွန်တော့်ကိုပဲယုံပေးပါ..."
စက် သူ့ကိုရီဝေစွာငေးကြည့်နေခဲ့မိရင်းက
နူတ်ခမ်းလေးတွေကပြုံးသွားခဲ့ရသည်။
"ငါမကြောက်ပါဘူး..အခုငါ့ဘေးမှာ နင်ရှိနေပြီပဲ..."
စက်ရဲ့ဝန်ခံစကားကြောင့်သူကလည်းပြုံးသည်။
"ဟုတ်တယ် မင်းဘာကိုမှမကြောက်နဲ့
မင်းနားမှာကျွန်တော်ရှိတယ်...."
"ကျေးဇူးတင်ပါတယ် demon..."
တိုးသဲ့စကားသံနဲ့အတူ သူဆုပ်ကိုင်တဲ့
လက်တွေကိုရုန်းထွက်လိုက်ရင်း ချောမောခန့်ညားနေတဲ့
သူ့ရဲ့မျက်နှာကိုလက်နှစ်ဖက်နှင့်ခပ်ဖွဖွညှပ်ကိုင်လိုက်တော့
သူက စက်ကိုမျက်လုံးတစ်ချက်ပင့်ကြည့်သည်။
စက် ထပ်ပြီးပြုံးလိုက်မိသည်ထင်၏..
တဖြေးဖြေးမျက်နှာလေးကသူ့ဆီတိုးကပ်သွားခဲ့ရင်း
နှင်းဆီရောင်နူတ်ခမ်းဖူးလေးက သူ့ရဲ့နဖူးပြင်ကို
ခပ်ဖွဖွထိကပ်လိုက်မိပြီးနောက်.......။
"ထပ်ပြီးကျေးဇူးတင်ပါတယ် ငါ့ရဲ့ကောင်လေး...."
စက္ကန့်ပိုင်းမျှထိကပ်ထားတဲ့ နူတ်ခမ်းဖူးလေးက
သူ့ရဲ့နဖူးပြင်ထက်မှ ပြန်လည်ဖယ်ခွာလိုက်တဲ့အခါ
အံ့ဩမယုံနိုင်သလိုသူ့ရဲ့မျက်ဝန်းတွေနဲ့ရင်ဆိုင်လိုက်ရသည်။
"အခု ကျွန်တော်နားကြားမှားလိုက်တာမဟုတ်ပါဘူးနော်
မင်း ကျွန်တော့်ကိုလက်ခံလိုက်တာလား...."
လက်မောင်းလေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး
မျှော်လင့်တကြီးမေးခွန်းထုတ်လာတဲ့ မျက်နှာချောချောကို
ကြည့်ပြီး စက်ပြုံးလိုက်မိသည်။
"နင်နိုင်ပါတယ် ငါနင့်ကိုအရူံးပေးလိုက်ပြီ...."
"စက္...."
နင့်နင့်သဲသဲခေါ်ရင်း သူကစက်ကိုယ်လေးကို
တင်းကြပ်စွာပွေ့ဖက်လိုက်တော့ စက် အလိုက်သင့်လေးပဲ
သူ့လည်တိုင်ကိုပြန်လည်ဖက်တွယ်လိုက်မိသည်။
စက်ထပ်ပြီးဟန်မဆောင်ချင်တော့သလို
ဟန်လည်းမဆောင်နိုင်တော့ဘူး.....သူ့ဆီမှာ
ပျော်ဝင်နေခဲ့ရပြီဖြစ်တဲ့စက်ရဲ့နှလုံးသားကိုပေါ့......။
~~~~~~~~~~~~~~~~~~🌺🌺🌺
"သမီးဒီနေ့ရုံးစောစောဆင်းလိုက်စက်...ပြီးတော့
ဒီ၂ရက်အတွင်းကုမ္ပဏီကိုမလာဘဲအိမ်မှာပဲ
အေးအေးဆေးဆေးအနားယူပါ..."
"စက် ကုမ္ပဏီကိုမလာဘဲတော့မနေချင်ဘူး ပါပါး
စက်က ဒီပြသာနာရဲ့အဓိကလမ်းကြောင်းပေါ်ကလူပဲလေ...
စက်ကို တမင်သက်သက်ခေါင်းရှောင်သွားတယ်လို့
တခြားသူတွေပြောမှာကို စက်မခံနိုင်ဘူး..."
"ပါပါးပြောတာကိုနားထောင်ပါသမီးလေး
demonက ဒီပြသာနာကိုဖြေရှင်းမယ်လို့ကတိပေးပြီး
သွားပြီပဲ...ပြီးတော့သူလုပ်နိုင်မယ်ဆိုတာလည်း
ပါပါးယုံတယ်...အဲ့ဒါကြောင့် ပြသာနာကို
အဖြူအမည်းမသဲကွဲသေးတဲ့အချိန်မှာ..သမီးကိုကြည့်ပြီး
နောက်ကွယ်မှာ..တခြားသူတွေအတင်းအဖျင်းပြောကြမှာကို
ပါပါးမလိုချင်ဘူး...."
ပြောရင်း ပါပါးက စက်ရဲ့လက်ဖဝါးလေးနှစ်ဖက်ကို
ဆွဲယူထွေးဆုပ်သည်။
"ပါပါးပြောတာ နားလည်တယ်မဟုတ်လား သမီးလေး..."
စက် ပါပါးကိုခေါင်းမော့ပြီးကြည့်လိုက်တော့...
ပါပါး မျက်ဝန်းထဲကစက်အတွက်စိုးရိမ်ပူပန်ခြင်း
အရိပ်အယောင်တွေကိုတိတိကျကျခံစားလိုက်ရတာမို့
ထပ်ပြီးစောဒကမတက်နိုင်တော့ဘဲ ခေါင်းငြိမ့်နာခံလိုက်ရသည်။
"လိမ္မာတယ်...ဒါဆိုသမီးခဏနေကုမ္ပဏီကနေ
ပြန်လိုက်တော့....ဒီ၂ရက်အတွင်းအိမ်မှာပဲ
ကောင်းကောင်းအနားယူပါ...blue skyရဲ့
websiteထဲကိုလည်းဝင်မကြည့်နဲ့...ဒီဘက်က
တစ်ခုခုအကြောင်းထူးတာနဲ့...ပါပါးသမီးလေးဆီ
သတင်းပို့ပေးမယ်..."
"ဟုတ်ကဲ့..."
စက် ပါပါးရဲ့ရုံးခန်းကနေပြန်ထွက်လာခဲ့တော့
ဓာတ်လှေကားနားအရောက်မှာပဲ rose,နဲ့တိုးသည်။
စက်ကို မြင်တာနှင့်ခြေလှမ်းတစ်ချက်တုံ့သွားတဲ့ roseက
ချက်ချင်းပဲ စက်ဆီကအကြည့်လွှဲပြီး ဘေးကနေ
ကျော်ထွက်သွားဖို့ပြင်၏....
"နင်မဟုတ်လား....."??
ရုတ်တရပ်စက်ရဲ့မေးခွန်းကြောင့် ဆန့်ကျင်ဘက်အရပ်ကို
မျက်နှာမူလျောက်လှမ်းနေရင်းက ဘေးချင်းတိတိကျကျ
ယှဉ်ရပ်မိသွားချိန်မှာ...roseကခြေလှမ်းရပ်သွားခဲ့၏။
စက်...roseရှိရာကိုအသာအယာပဲခေါင်းငဲ့ကြည့်လိုက်သည်။
"ငါ့ကိုနောက်တစ်ကြိမ်god flowerကနေ
ခေါင်းမဖော်နိုင်တဲ့အရှက်ကွဲခြင်းမျိုးနဲ့ထွက်သွားစေရမယ်လို့
ကြုံးဝါးခဲ့တဲ့နင်...ဒီပြသာနာကတစ်ကယ်ပဲ
နင့်ရဲ့စနက်ကင်းရဲ့လား နှင်းဆီသွေး...."
စက်ရဲ့နူတ်ဖျားက သူမရဲ့နာမည်အရင်းကိုအေးစက်စွာ
ခေါ်လိုက်သံကိုကြားလိုက်တဲ့ခဏ...roseရဲ့
မျက်ခုံးတန်းတွေတွန့်ချိုးကျသွားခဲ့သည်။
"နင်ရူးနေပြီလားသံသရာစက်...အခုနင်က နင့်ရဲ့
အသုံးမကျမူ့ကြောင့်ဖြစ်လာတဲ့ကိစ္စတွေကို
ဘယ်သူ့ကိုလွှဲချဖို့ကြိုးစားနေတာလဲ...ငါအခု
အန်ကယ်လေးကိုတွေ့ဖို့ရောက်လာတာ...ဒီနေ့
နင်ရှာလိုက်တဲ့ပြသာနာကြောင့် စိတ်ရူပ်နေမဲ့
အန်ကယ်လေးကိုနှစ်သိမ့်ပေးမလို့....အခုလို
နင့်ဆီကသွေးရူးသွေးတန်းစကားတွေကိုနားထောင်ဖို့
အချိန်မရှိဘူး...."
"ခွင့်မလွှတ်ဘူး....."
"ဘာ...."
"အကယ်၍ ဒီပြသာနာမှာတစ်ကယ်ပဲနင်ပါဝင်ပတ်သတ်
နေခဲ့ရင် ငါနင့်ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး...နင်ငါ့အပေါ်
လုပ်ခဲ့သမျှအရာအားလုံးအတွက်ပြန်ပြီးပေးဆပ်ရလိမ့်မယ်..."
"နင်က ဘယ်သူ့အားကိုးနဲ့ငါ့ကိုအခုလိုတွေလာပြီး
ခြိမ်းခြောက်နေရတာလဲ...ဘာလဲ...
၂ရက်အတွင်းတရားခံရှာပေးမယ်ဆိုတဲ့ leonineရဲ့
CEOလောင်းဆိုတဲ့ အဲ့ဒီ့်ပြင်သစ်ကလူစကားကို
နင်ယုံနေတာလား...သူ့မှာတစ်ကယ်ပဲအစွမ်းအစရှိမယ်လို့
နင်ကထင်လို့လား...."
"ထင်မြင်ချက်မလိုဘူး...ငါသူ့ကိုအကြွင်းမဲ့
ယုံကြည်ပြီးသား...."
"အဲ့ဒါဆိုလည်း အပိုတွေပြောမနေဘဲ၂ရက်ပြည့်အောင်
စောင့်ကြည့်လိုက်လေ နင်မတရားအနိုင်ကျင့်ခံရတာပါ
ဆိုတဲ့သက်သေကိုရမလားဆိုတာကိုပေါ့..."
စကားအဆုံး လှောင်ပြုံးတစ်ချက်နှင့်ရှေ့ဆက်လှမ်းလျက်
စက်ကိုကျောခိုင်းသွားတဲ့ roseကိုလည်ပြန်လှည့်ကြည့်
လိုက်ရင်း....နူတ်ခမ်းနှစ်လွှာကတင်းတင်းစေ့သွားခဲ့သည်။
"စောင့်ကြည့်နေလိုက်...ဒီတစ်ခါတော့
အရင်တစ်ကြိမ်အကြွေးအတွက်ပါနင်ငါ့ကိုထပ်ပေါင်းပြီး
ပေးဆပ်ရမယ် နှင်း ဆီ သွေး...."
~~~~~~~~~~~~~~~~~~🌺🌺🌺
"စက္...."
ခပ်လေးလေးခြေလှမ်းတွေဖြင့်ကားပါကင်ထိ
ဆင်းလာခဲ့ပြီး ရပ်ထားတဲ့ကားနားကိုရောက်ခဲ့ချိန်မှာပဲ
ကြားလိုက်ရတဲ့သူ့ခဲ့ခေါ်သံကြောင့် စက်လှည့်ကြည့်လိုက်
ချိန်မှာပဲ အပြေးတစ်ပိုင်းခြေလှမ်းတွေနှင့်သူက
စက်အနားကိုရောက်လာပြီဖြစ်သည်။
"အိမ်ပြန်တော့မှာလား...."
"အင်း...ဘယ်လိုသိသွားပြန်တာလဲ...
ငါနင့်ကိုအိမ်ရောက်မှဖုန်းဆက်မလို့ဟာ...."
"ကျွန်တော် အခုပဲမင်းရဲ့ရုံးခန်းကဆင်းလာတာ..."
ပြန်ဖြေရင်း ဂရုတစိုက်သူ့မျက်ဝန်းတွေက
စက်ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ဝေ့ဝဲလာကာ....
"ကားမောင်းလို့အဆင်ပြေရဲ့လား....."
"ပြေပါတယ်...ဘာမှမဖြစ်ဘူး...."
စက် အပြုံးနဲ့သူ့ကိုပြန်ပြောလိုက်တော့သူက
စက်ကိုယ်လေးကိုဖွဖွပွေ့ဖက်လာသည်။
"ဘာမှမတွေးဘဲ ကောင်းကောင်းအနားယူလိုက်ပါ
ကျွန်တော့်ကိုယုံတယ်မဟုတ်လား...."
"အင်း...."
သူကစက်ကိုလွှတ်ပေးပြီး ဆံပင်တွေကို
တစ်ချက်နှစ်ချက်သပ်ပေးသည်။
"ကားကိုဂရုစိုက်ပြီးမောင်း အိမ်ပြန်ရောက်ရင်
ကျွန်တော့်ကိုဖုန်းဆက်ဖို့မမေ့နဲ့......"
စက် ထပ်ပြီးခေါင်းငြိမ့်ပြလိုက်သည်။စက်
ကားသော့ကိုနှိပ်လိုက်တော့ သူကအလိုက်တသိနှင့်
တံခါးကိုဖွင့်ပေးပြီးစက်ကို ကားထဲဝင်စေ၏။
"သွားတော့မယ်..."
စက် သူ့ကိုနူတ်ဆက်ပြီးကားကိုမောင်းထွက်လာခဲ့တဲ့အထိ
သူကနေရာမှာတင်ရပ်ကြည့်ကျန်နေခဲ့ဆဲ။
~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀
"rose..."
စားသောက်ဆိုင်တစ်ခုရဲ့သီးသန့်ခန်းထဲသို့
ပုံမှန်မဟုတ်တဲ့ခြေလှမ်းတွေနဲ့လှမ်းဝင်လာတဲ့
မင်းသီဟကို...သီးသန့်ခန်းထဲမှာအရင်ရောက်နှင့်နေတဲ့
နှင်းဆီသွေးကတစ်ချက်ပဲလှမ်းကြည့်သည်။
မင်းသီဟ စားပွဲဝိုင်းနားကိုလျောက်သွားပြီး
roseနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်၏...။
"အကြာကြီးစောင့်လိုက်ရလား....ကိုယ်လမ်းမှာ
ကားနည်းနည်းပိတ်နေလို့...."
"ရပါတယ်..roseလည်းအခုမှရောက်တာ..."
"roseဒီနေ့ကုမ္ပဏီကိုလာသွားသေးတယ်ဆို...."
"အင်း...အန်ကယ်လေးဆီခဏပါ...စကားအကြာကြီးလည်း
ပြောဖို့အချိန်မရှိဘူး...ဒီနေ့ကုမ္ပဏီတစ်ခုလုံးပွက်လော
ရိုက်နေတာမဟုတ်လား....ပြီးတော့ အန်ကယ်လေးက
roseကိုသူ့ရှေ့မှာ အဲ့ဒီ့အကြောင်းကိုအဟတောင်မခံဘူး
ပေါ့ပေါ့ပါးပါးနဲ့အရေးမကြီးသလိုလုပ်ပြနေတယ်...
အန်ကယ်လေးစိတ်ထဲမှာ စက်ကိုကာကွယ်ဖို့ပဲ
အပြည့်အဝအာရုံစိုက်ထားသလိုပဲ.... "
"demon nineက အားလုံးရဲ့ရှေ့မှာ
အချိန်၂ရက်အတွင်းတရားခံနဲ့သက်သေကိုရှာပေးမယ်လို့
ကတိပေးသွားတာrose...အဲ့ဒါကြောင့်သူဌေးက
သံသရာစက်နဲ့ပတ်သတ်ပြီးလတ်တလောအခြေအနေကို
ထိန်းလိုက်နိုင်တာ...."
ပြောရင်းမျက်နှာပျက်သွားတဲ့မင်းသီဟ....
"ဘာလဲ...ကိုမင်းကအခုကြောက်နေတာလား...."
"ကိုယ်စိုးရိမ်တယ်rose...ကိုယ်ဒီကိစ္စကို
ဘယ်လောက်ပဲပိပိရိရိစီစဉ်ထားတယ်ပြောပြော....
သူဒီပြသာနာနဲ့ပတ်သတ်ပြီးဘယ်လိုပုံစံမျိုးနဲ့လူပ်ရှား
လာမလဲဆိုတာ..ကိုယ်မသိနိုင်ဘူး...."
"ကိုမင်း သူ့ကိုဒီလောက်ထိသတိထားနေတာ
သူက leonine,ရဲ့ CEOလောင်းဖြစ်နေလို့လား....."
"rose...."
"roseကတော့သူ့ကိုဂရုမစိုက်ဘူး...."
"စကားကိုပေါ့ပေါ့လေးပြောလို့မရဘူးrose
Leonineရဲ့ဆက်ခံသူအကြောင်း roseမသိသေးတာတွေ
အများကြီးရှိသေးတယ်...."
"သူကဘယ်လောက်ပဲကြီးကျယ်ခမ်းနားတဲ့ဖြစ်ဖြစ်
ပါရီမှာပဲအသုံးဝင်လိမ့်မယ် ဒီနေရာမှာတော့မဟုတ်ဘူး..."
မင်းသီဟပြောရခက်နေတဲ့roseကိုကြည့်ကာ
ခေါင်းကိုမသိမသာခါယမ်းလိုက်မိသည်။
မင်းသီဟကိုယ်တိုင်ရုတ်တရပ်ပြောင်းလဲသွားတဲ့
အခြေအနေကြောင့်ကျီးလန့်စာစားဖြစ်နေရပေမဲ့
သူမကတော့ဘာမှအရေးမကြီးသလိုပင်။
"ကိုယ်တို့ဘက်က demon nineကို
ဟန့်တားနိုင်ဖို့လိုတယ် rose...အဲ့ဒီ့အတွက်
ကိုယ်စဉ်းစားထားတဲ့အကြံတစ်ခုရှိတယ်..ပြီးတော့
အဲ့ဒါကအန္တာရယ်လည်းများတယ်...ဒါပေမဲ့
ကိုယ်တို့မှာအခု နည်းလမ်းကိုရွေးနေဖို့အချိန်မရှိဘူး
၄၈နာရီအတွင်းသူတို့မျှော်လင့်ထားတဲ့အဖြေကိုမရဖို့
ကိုယ်တို့ demon nineကို ကျိမ်းသေဟန့်တားနိုင်မှ
ဖြစ်မှာ......."
"ကိုမင်းရဲ့အကြံကဘာလဲ...."
roseစိတ်ဝင်စားသလိုမေးလိုက်လျှင်...
မင်းသီဟဆက်ပြောလာတဲ့စကားက.....။
".................."
~~~~~~~~~~~~~~~~~~~❀◕ ‿ ◕❀
"ဂင်ချီထမင်းသုတ်ကအရမ်းစားကောင်းတာပဲ
ူယူရီ ငါနောက်ထပ်,ထပ်ရဦးမလား...."
ပြင်ပေးထားတဲ့ထမင်းသုတ်ကိုအားရပါးရစားနေရင်း
နောက်ထပ်,ထပ်ရဦးမလားမေးနေတဲ့စက်ကို
ယူရီ စိတ်မသက်မသာငေးကြည့်နေမိရင်း....
"စက္.."
"အင်..."
"နင်တစ်ကယ်ပဲအဆင်ပြေပါတယ်နော်...
ငါ့ရှေ့မှာတော့ဟန်မဆောင်လည်းရပါတယ်သူငယ်ချင်းရယ်
နင်အခုအရမ်းစိတ်ပင်ပန်းနေမယ်ဆိုတာငါသိပါတယ်..."
"နင်ဘာတွေပြောနေတာလဲ...ငါကဘာလို့
စိတ်ပင်ပန်းရမှာလဲ...ငါကဒီပြသာနာရဲ့
တရားခံမှမဟုတ်တာ..ငါကမတရားခံရတာ
အဲ့ဒါကြောင့်မို့ သူကငါ့အတွက်အမှန်တရားကိုရှာပေးဖို့
ကြိုးစားနေတယ်လေ...."
စက်ပေါ့ပေါ့ပါးပါးပဲပြောလိုက်ရင်း...ရေဖန်ခွက်ဆီ
လက်လှမ်းလိုက်တော့ ယူရီကစက်ကို
လိုက်ကြည့်နေခဲ့ရင်း....
"နင်တစ်ကယ်ပဲအဲ့လိုတွေးတာလား...."
"အင်း....."
"ဒီ၄၈နာရီအတွင်းသူတရားခံနဲ့သက်သေကို
ရှာနိုင်မယ်လို့နင်ယုံတယ်ပေါ့...."
"ငါယုံတယ်...."
စက်, မဆိုင်းမတွဘဲ ခေါင်းငြိမ့်လိုက်မိသည်။
"သူကငါ့ကိုပြောခဲ့တယ်..ငါ့ရဲ့နာမည်၊ငါ့ရဲ့ဂုဏ်သိက္ခာ
ငါ့ရဲ့ပုံရိပ်..အရာအားလုံးကိုသူကာကွယ်ပေးမယ်
သူ့ကိုပဲယုံပေးပါတဲ့လေ.....နင်သိလား
ဒါကအရမ်းကိုလုံခြုံနွေးထွေးတဲ့ခံစားချက်မျိုးပဲ
သူကငါ့စိတ်ကိုတစ်ကယ်ပဲလုံခြုံစေတယ်...."
ပြောနေရင်းစက်ရဲ့မျက်ဝန်းတွေကအလေးအနက်နဲ့
ရီဝေသွားတဲ့အခါ..ယူရီငြိမ်သက်သွားခဲ့၏....
"ဒါကလွန်ခဲ့တဲ့၂နှစ်ကလိုဒုတိယအကြိမ်တူညီတဲ့
အခြေနေမျိုးပဲ...ဒါပေမဲ့လွန်ခဲ့တဲ့၂နှစ်ကလို
အဆုံးသတ်မျိုးငါ့အတွက်ရှိလာမှာမဟုတ်ဘူးလို့
ငါယုံတယ်...ဘာလို့လဲဆိုရင် အခု ငါ့ဘေးမှာ
သူရှိနေပြီမို့လေ...."
~~~~~~~~~~~~~~~~~❀◕ ‿ ◕❀
"ဓာတ်ပုံတွေရလာပါပြီ သခင်လေး...."
မက်စ်ရဲ့လက်ထဲကဓာတ်ပုံတစ်ထပ်က deရှေ့က
မှန်စားပွဲပေါ်ရောက်လာလျှင် ကိုးလ်ကအရင်
ဆွဲယူကြည့်လိုက်သည်။
"ဒါဘယ်လိုအခြေအနေလဲ...အန်ကယ်လ်ဘုန်းဝဠာရဲ့
အတွင်းရေးလက်ထောက်ကဘယ်လိုဖြစ်ပြီး
နှင်းဆီသွေးနဲ့ရင်းနှီးနေရတာလဲ...."
ပုံတွေကိုတစ်ပုံချင်းကြည့်နေရင်းအံ့ဩသလိုဆိုလာတဲ့
ကိုးလ်.....
"ဒီမှာကြည့်ဦး သူတို့စားသောက်ဆိုင်ထဲကထွက်လာတာ
လက်ချင်းတောင်တွဲထားကြသေးတယ်....ဒါ
တော်ရုံပတ်သတ်မူ့မဖြစ်နိုင်ဘူး.....ဒါပေမဲ့ကုမ္ပဏီမှာကျ
သူတို့ကလုံးဝမရင်းနှီးတဲ့လူတွေလိုပဲ...ဒါအရမ်း
ထူးဆန်းတယ်မဟုတ်လား...."
စကားအဆုံးကိုးလ်ကဓာတ်ပုံတွေကိုdeထံလှမ်းပေးတော့
deကလှမ်းယူပြီးတစ်ပုံချင်းကြည့်သည်။
"မက်စ်..ကျွန်တော်ကျွမ်းကျင်တဲ့ ဟက်ကာတစ်ယောက်
လိုချင်တယ်...ပါရီကတစ်ယောက်ယောက်ကိုပဲ
ရှာလိုက်ပါ..."
"ကောင်းပါပြီသခင်လေး..ကျွန်တော်အခုချက်ချင်းစီစဉ်လိုက်မယ်"
မက်စ်ကဖုန်းကိုကိုင်ပြီးအနားကနေချက်ချင်း
လှည့်ထွက်သွားသည်။
"ဟက်ကာက ဘာအတွက်လိုတာလဲde..."
ကိုးလ်က လှမ်းမေးတော့ deကစားပွဲပေါ်သို့
ဓာတ်ပုံတွေကိုပြန်ပစ်တင်လိုက်ရင်း....
"မင်းသီဟရဲ့ဘဏ်အကောင့်ထဲကအချက်အလက်တွေကို
သိရဖို့...ပြီးတော့သူ့မှာတခြားလျို့ဝှက်ဘဏ်အကောင့်တွေ
ရှိမရှိဆိုတာကိုပေါ့..."
"မင်းသီဟကို...မင်းသံသယရှိသူအဖြစ်သတ်မှတ်လိုက်ပြီလား..."
"ငါသူ့ကိုဒီလိုမျိုးသံသယရှိသူအဖြစ်သတ်မှတ်လိုက်တာ
သူကနှင်းဆီသွေးနဲ့လျို့ဝှက်ပတ်သတ်နေလို့ပဲ..."
"ဒါဆို..မင်းအဓိကသံသယရှိတာနှင်းဆီသွေးကိုပေါ့...."
"ဟုတ်တယ်...."
"ဘာလို့လဲ...နှင်းဆီသွေးနဲ့မင်းရဲ့စက်နဲ့က
ဟိုးအရင်ထဲကမတည့်ကြတာလူတိုင်းသိပေမဲ့
ဒါကကုမ္ပဏီကိုပါထိခိုက်စေမဲ့ကိစ္စကြီးပဲ
နှင်းဆီသွေးကိုယ်တိုင်ကလည်း god flowerရဲ့
မိသားစုဝင်ပဲကို..သူဒီလောက်ထိလုပ်ပါ့မလား...."
သိလိုစိတ်ဖြင့်မေးလာတဲ့ကိုးလ်ကို deချက်ချင်း
အဖြေမပေးမိဘဲ...လွန်ခဲ့တဲ့ရက်အနည်းငယ်က
ဓာတ်လှေကားထဲ deနဲ့သူမ နှင်းဆီသွေးနဲ့ဆုံခဲ့စဉ်က
အဖြစ်အပျက်ကိုပြန်မြင်ယောင်လိုက်မိ၏။
အဲ့ဒီ့တုန်းကနှင်းဆီသွေးသူမကိုပြောခဲ့တဲ့စကားတွေအရ
သူမကိုဒုက္ခပေးဖို့ ပိုင်နိုင်တဲ့အကြံအစည်တွေရှိနေသလိုမျိုး
deအတိအကျခံစားမိနေ၏။
ထိုဖြစ်ရပ်အပြီးရက်ပိုင်းမျှအကြာမှာပဲ
ဒီပြသာနာကပေါ်လာခဲ့တာ..ဒါကတိုက်ဆိုင်မူ့မဟုတ်ဘဲ
စက်ကိုရည်ရွယ်တိုက်ခိုက်လာခြင်းလို့deအတိအကျ
ယူဆသည်။
"မိန်းကလေးတွေရဲ့မနာလိုစိတ်ကိုလျော့မတွက်နဲ့...ကိုးလ်
ငါမြင်သလောက်တော့ နှင်းဆီသွေးကစက်အပေါ်
တခြားသူတွေသိထားတာထက်ပိုပြီးမနာလိုမုန်းတီးနေတယ်
ဆိုတာပဲ..."
"မင်းအရမ်းညဏ်ကောင်းတယ်ဆိုတာငါသိတယ်de
အခုလည်းအခြေနေနဲ့အချိန်ခါပေါ်သုံးသပ်ပြီး
မင်းတရားခံကိုသေသေချာချာသတ်မှတ်လိုက်တယ်ဆိုတာ
သိပေမဲ့...တစ်ခုခုလွဲမှားသွားဖို့အချိန်မရှိတော့ဘူးနော်
ငါတို့မှာအချိန်၂ရက်ပဲရှိတာမမေ့နဲ့....."
"မစိုးရိမ်ပါနဲ့ ငါကမင်းထက်ပိုပြီးအဲ့ဒီ့တစ်ခုခုကို
လွှဲမှားမခံနိုင်ပါဘူး....ဘာလို့လဲဆိုရင်
ဒါကစက်နဲ့သက်ဆိုင်နေလို့ပဲ...."
"ငါဒီညအိမ်မပြန်တော့ဘူး မင်းကိုကူညီဖို့ရှိနေပေးမယ်..."
"ကျေးဇူးပဲကိုးလ်...ငါတို့အခုအရင်ဆုံး
မင်းသီဟရဲ့IDကိုရဖို့လိုတယ်...."
"ဒီကိစ္စငါ့တာဝန်ထားလိုက်...ငါအခုဒယ်ဒီ့ကို
လှမ်းဆက်သွယ်လိုက်မယ်..."
စကားအဆုံးကိုးလ်ကထိုင်ရာကနေထရပ်လျက်
ဖုန်းကိုထုတ်ယူပြီး မှန်နံရံနားကိုလျောက်သွားသည်။
နောက်တစ်ကြိမ်deရဲ့မျက်ဝန်းတွေကမှန်စားပွဲပေါ်က
ဓာတ်ပုံတွေဆီစူးစူးစိုက်စိုက်ကျရောက်သွား၏။
"မင်းကိုနင်းချေဖို့ကြိုးစားနေတဲ့သူမှန်သမျှ
ကျွန်တော်တစ်ယောက်မှအလွတ်မပေးဘူး...စက်...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဆက်ရန်^^^
Writer by
#Hazel